အိမ်ဟောင်းထဲက အမျိုးသမီး (အပိုင်း ၄)
Vol. 6 Ch. 87
အကွာအဝေးတစ်ခုထိ လျှောက်ပြီးနောက် ယန်ကျွင်းဇဲက မြေအောက်ခန်း လှေကားဘက်ကို နောက်လှည့်ကြည့်လိုက်ပေမယ့် အဖြူရောင်ဝတ်စုံနဲ့ အမျိုးသမီးရဲ့ အရိပ်အယောင်ကို မတွေ့ရပေ။
တွဲလောင်းကျနေတဲ့ အရာဆီကို ချဉ်းကပ်ရင်း ယန်ကျွင်းဇဲက ကြမ်းပြင်ပေါ်က သစ်သားပုံးတစ်ခုပေါ်ကို တက်လိုက်ပြီး လက်လှမ်း၍ ထိလိုက်ရာ ဒါဟာ အလောင်းဖြစ်ကြောင်း အတည်ပြုလိုက်နိုင်သည်။
အလောင်းက ပုပ်သိုးမှုနေပြီဖြစ်ပြီး အရိုးစုသာ ကျန်ရှိတော့ပေမယ့် အဖြူရောင်ဝတ်စုံကတော့ နည်းနည်းလေးသာ စုတ်ပြဲနေသည်။ ဒါပေမယ့် ဝတ်စုံရဲ့ မျက်နှာပြင်ပေါ်မှာ ဖုန်အထူကြီး ကပ်နေတာကြောင့် သာမန်အဝတ်အစားနဲ့ခွဲခြားရခက်နေ
သည်။
ဒီလောက်တောင် ပုပ်သိုးနေပေမယ့် ရှည်လျားနေတဲ့လျှာက ဘယ်လိုလုပ် အကောင်းပကတိအတိုင်း ရှိနေနိုင်တာလဲလို့ ယန်ကျွင်းဇဲက တွေးမိလိုက်သည်။
အခုဆို အဲ့ဒီလျှာက ပုပ်သွားပြီး ဘာမှမကျန်သင့်တော့ပေ။
သစ်သားပုံးကမလုံလောက်လောက်
အောင် မြင့်မားခြင်းမရှိပေ။ အံ့သြခြင်းစိတ်နဲ့အတူ သူက ပုံးပေါ်ကို ဂရုတစိုက် တက်လိုက်ပြီး တွဲလောင်းကျနေတဲ့ အမျိုးသမီးရဲ့ ရှေ့ကို ရောက်သွားသည်။
ပုံးက သူ့ကိုယ်အလေးချိန်ကြောင့် ဘယ်အချိန်မဆို ကျိုးသွားနိုင်သလို စိတ်ပူစရာကောင်းလောက်အောင် အသံမြည်နေသည်။
ယန်ကျွင်းဇဲက ဂရုတစိုက်နဲ့ သူ့ကိုယ်သူ တည်ငြိမ်အောင်ထားပြီး အပေါ်ကို မော့ကြည့်လိုက်ရာ လန့်သွားသည်။
ရှုပ်ပွနေတဲ့ အရိုးစုမျက်နှာမှာ ပျော့အိအိနဲ့ လျော့ရဲနေတဲ့လျှာတစ်ခု တွဲလောင်းကျနေသည်၊အံ့အားသင့်စရာကောင်းတာက ဒီလျှာနဲ့ ဆံပင်တွေသာ အကောင်းပကတိအတိုင်းကျန်နေခဲ့
သည်။
ယန်ကျွင်းဇဲက မြေအောက်ခန်းလှေကားဘက်ကို လှမ်းကြည့်လိုက်သည်၊ ဓာတ်မီးရောင်အောက်မှာ ယဲကျဲနန်ရဲ့ ဝိညာဉ်ကို သူ မတွေ့ရပေ။
အချိန်ရှိနေသေးသည်။
သူ ခဏလောက် တွေးလိုက်ပြီး ရွံရှာစိတ်ကို ဖယ်ရှားလိုက်ကာ ခြေဖျားထောက်ပြီးလက်လှမ်းလိုက်
သည်။
လျှာက ဆယ်စင်တီမီတာလောက် တွဲလောင်းကျနေတာကြောင့် ပုံးပေါ်မှာ ရပ်နေရုံနဲ့တင် လှမ်းထိနိုင်သည်။
အဲ့ဒီအထိအတွေ့က ယန်ကျွင်းဇဲ တွေးထားသလို မဟုတ်ပေ၊ ကြေမွသွားတာမျိုး ဒါမှမဟုတ် အမှုန့်ဖြစ်သွားတာမျိုး မရှိပေ။
တကယ်တမ်းမှာ လျှာက နူးညံ့နေပြီး ခုမှ သတ်ထားတဲ့ ဝက်တစ်ကောင်ရဲ့ လျှာလို လတ်ဆတ်နေသလို ဖြစ်နေကာ ခြားနားမှုသိပ်မရှိချေ။
ပျို့အန်ချင်စိတ်တစ်ခု သူ့အပေါ် လွှမ်းခြုံလာသည်။ ယန်ကျွင်းဇဲ တုန်သွားပြီး အပေါ်ကို တက်ဖို့အတွက် တခြားရပ်စရာတစ်ခုခု ရှိမရှိ ကြည့်ဖို့ အောက်ကို ငုံ့ကြည့်လိုက်သည်။
ဒီအမြင့်မှာ သူက လျှာကိုပဲ ထိနိုင်ပြီး အရိုးစုရဲ့ ပါးစပ်ထဲကို ပြန်ထည့်လို့ မရနိုင်တာကြောင့်ဖြစ်သည်။
ဓာတ်မီးရောင်အောက်မှာ သူက ကြမ်းပြင်ပေါ်မှာ လဲနေတဲ့ ခေါက်လှေကားတစ်ခုကို အမြန်တွေ့လိုက်ရသည်၊ဖုန်တွေအောက်
မှာ မြှုပ်လုနီးပါး ဖြစ်နေသည်။ သေချာဂရုတစိုက် မကြည့်ရင် သူ ဒါကို လွဲချော်သွားနိုင်လေသည်။
ယန်ကျွင်းဇဲက လှေကားကို ထောင်ပြီး တက်ဖို့အတွက် ပုံးပေါ်ကနေ ခုန်ဆင်းဖို့ ပြင်လိုက်သည်။ သူက တွဲလောင်းကျနေတဲ့ ခန္ဓာကိုယ်နဲ့ တစ်ပြေးညီ အမြင့်ကို ရောက်တာနဲ့ ယဲကျဲနန်ရဲ့ ပါးစပ်ထဲကို လျှာကို ပြန်ထည့်ဖို့ နည်းလမ်းရှာဖို့ စီစဉ်ထား လေသည်။
ဒါပေမယ့် ပုံးပေါ်ကနေ မခုန်ဆင်းခင်မှာ သတိထားမ်လိုက်ပြီး သူက မြေအောက်ခန်း လှေကားကို နောက်တစ်ကြိမ် ပြန်ကြည့်လိုက်မိသည်။
သူက အဖြူရောင်ဝတ်စုံနဲ့ ခြေထောက်တစ်စုံကို လှေကားပေါ်မှာ ပေါ်လာတာကို မြင်လိုက်ရသည်၊ မြေအောက်ခန်းထဲကို မဆင်းခင် နောက်ဆုံးလှေကားထစ်ပေါ်မှာ ရပ်နေပြီး မြေအောက်ခန်း ကြမ်းပြင်ကို ရောက်ဖို့ သုံးလှမ်းသာ လိုတော့သည်။
သူ့ဓာတ်မီးရောင် ထိုးထားတဲ့ အဲ့ဒီခြေထောက်တွေက ထင်ရှားနေသည်။
"သူမ ရောက်နေပြီပဲ။"
ယန်ကျွင်းဇဲက အချိန်မဆိုင်းရဲတော့ဘဲ ပုံးပေါ်ကနေ ခုန်ဆင်းလိုက်ပြီး ခေါက်လှေကားကိုအမြန်ဆွဲတင်လိုက်
သည်၊ ဒါက ဖုန်အများကြီး ဖုံးနေသည်။ ဖုန်တွေက လေထဲကို ပျံ့လွင့်သွားတာကြောင့် သူ အကြိမ်အတော်များများ သီးတော့မလို ဖြစ်သွားသည်။
လှေကားက တည်ငြိမ်သွားတာနဲ့ သူ အချိန်မဖြုန်းဘဲ ချက်ချင်း တက်လိုက်သည်။
လှေကားကစိတ်ပူစရာကောင်းလောက်အောင် အသံမြည်နေပြီနည်းနည်းလောက် အားစိုက်နင်းလိုက်တာနဲ့ကျိုးသွားတော့မလို ဖြစ်နေသည်။
သူက အရှိန်ကို နှေးလိုက်ပြီး နောက်လှမ်းမယ့်ခြေလှမ်းအတွက် အရင်လှမ်းတဲ့ခြေလှမ်းက ခိုင်မြဲနေအောင် သေချာလုပ်လိုက်သည်။
ခေါက်လှေကားရဲ့ အပေါ်ဆုံးကနေ ဒုတိယမြောက်လှေကားထစ်ကို တက်ပြီး ခွလိုက်တာနဲ့ သူ့ခန္ဓာကိုယ်က လုံလောက်စွာ တည်ငြိမ်သွားသည်။ သူက ယဲကျဲနန်ရဲ့ အရိုးစုပါးစပ်ထဲကို လျှာထည့်နိုင်မယ့် အမြင့်မှာ ရှိနေပြီဖြစ် လေသည်။
လျှာကို မကိုင်ခင် ယန်ကျွင်းဇဲက မြေအောက်ခန်းလှေကားဘက်ကို တစ်ကြိမ်ထပ်ကြည့်လိုက်ရာ အဖြူရောင်ဖိနပ်တစ်စုံက အဲ့ဒီနေရာမှာပဲ ရှိနေတုန်းဖြစ်သည်။
ယန်ကျွင်းဇဲက စိတ်သက်သာရာရမှု သူ့စိတ်တွင်းထဲမှာ ခံစားလိုက်ရမိပြီး ယဲကျဲနန်ရဲ့ ဝိညာဉ်က သူ့တာဝန်ကို မပြီးမချင်း အဲ့ဒီမှာပဲ ဆက်ရပ်နေဖို့ မျှော်လင့်နေမိသည်။
ဘာပဲဖြစ်ဖြစ် သူမရဲ့ အလှအပအတွက် သူ ရုန်းကန်နေရတာပဲ!
သူက သူ့ညာဘက်လက်ကို ဆန့်ထုတ်ပြီး တွဲလောင်းကျနေတဲ့ လျှာကို ညင်သာစွာ ဆုပ်ကိုင်လိုက်သည်၊ ဒါက ပျော့အိနေပြီး အသက်မဲ့နေသည်၊ တံတွေးမရှိတာကြောင့် ချောမွတ်တဲ့ ခံစားချက်မရှိပေ။
ယန်ကျွင်းဇဲရဲ့ လက်မောင်းပေါ်မှာ ကြက်သီးတွေအကြိမ်ကြိမ်ထသွား
သည်...
သူက တစ်ဖက်တည်းနဲ့ လျှာကို ပြန်ထည့်လို့မရတာကြောင့် တခြားရွေးချယ်စရာမရှိဘဲ ယန်ကျွင်းဇဲက ဓာတ်မီးကို ပါးစပ်ထဲထည့်လိုက်ပြီး လက်နှစ်ဖက်စလုံးကို အသုံးပြု၍ ပျော့အိနေတဲ့လျှာကို အရိုးစုရဲ့ ပါးစပ်ထဲကို အတင်းအကျပ် ထိုးထည့်လိုက်သည်။
ဒါပေမယ့် မကြာခင်မှာပဲ သူ သိလိုက်ရတာက အရိုးစုရဲ့ အပေါ်သွားနဲ့ အောက်သွားက လျော့ရဲနေပြီး မပိတ်နိုင်တာကြောင့် လျှာရဲ့တစ်ဝက်ကို ထည့်ပြီးနောက်မှာ ချက်ချင်း ပြန်ထွက်လာသည်။
"ဒီနည်းနဲ့တော့ အဆင်မပြေဘူး။"
ယန်ကျွင်းဇဲက ခေါင်းခါလိုက်ပြီး လျှာကို လက်နှစ်ဖက်နဲ့ ကိုင်ကာ မြေအောက်ခန်းလှေကားကို အလိုအလျောက် လှမ်းကြည့်လိုက်သည်။
ရုတ်တရက် သူ တုန်လှုပ်သွားမိသည်၊ လှေကားထစ်တွေပေါ်မှာ ခုလေးတင် ရပ်နေတဲ့ ခြေထောက်တစ်စုံက အရိပ်အယောင်မကျန်ဘဲ ပျောက်ကွယ်သွားပြီ ဖြစ်လေသည်။
လှေကားအဝင်ဝမှာရှိတဲ့သူ့ဓာတ်မီးရောင်အောက်မှာ နေရာလွတ်သာ ရှိတော့သည်။
"သူမ အပေါ်ထပ်ကို ပြန်တက်သွားတာလား၊ ဒါမှမဟုတ် မြေအောက်ခန်းထဲကို ရောက်လာတာလား" ယန်ကျွင်းဇဲရဲ့ နှလုံးသားက စည်တီးသလို တဒုတ်ဒုတ်ခုန်နေသည်။
သူက သူ့ခေါင်းကို အမြန်လှည့်လိုက်သည်၊ သူ့ပါးစပ်ထဲက ဓာတ်မီးရဲ့ အလင်းရောင်က ပတ်ဝန်းကျင်ကို အမြန်ဝေ့ကြည့်လိုက်ပေမယ့် ယဲကျဲနန်ရဲ့ ဝိညာဉ် အရိပ်အယောင်ကို မမြင်ရပေ။
အပေါ်ကို ပြန်တက်သွားတာ မဖြစ်နိုင်ပေ၊ အဲ့ဒီအမျိုးသမီးရဲ့ ဝိညာဉ်က မြေအောက်ခန်းထဲကို ရောက်နှင့်နေပြီ ဖြစ်ရမည်။
ယန်ကျွင်းဇဲက သူ့အလုပ်ကို မြန်မြန်လုပ်ရမယ်ဆိုတာ သိပေသည်။ သူက သူ့ကိုယ်သူ လျှာရှည်ကြီးအပေါ်မှာ အာရုံစိုက်ဖို့ အတင်းအကျပ်စေခိုင်းပြီး ဒါကို ပြန်ကိုင်ကာ အရိုးစုရဲ့ ပါးစပ်ထဲကို အတင်းအကျပ် ထိုးထည့်လိုက်သည်။
တစ်ချိန်တည်းမှာပဲ ဒီတစ်ကြိမ်မှာ ယဲကျဲနန်ရဲ့ အလောင်းပါးစပ်ထဲက အရာက တကယ်တမ်း ဘာလဲဆိုတာကို သူ ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။
သူက လျှာရဲ့ အဆုံးမှာ၊ ပါးစပ်အတွင်းထဲမှာ ပင့်ကူမျှင်လိုမျိုး အစုအဝေးတစ်ခုကို မြင်လိုက်ရသည်၊ လျှာကို ခိုင်မြဲစွာ ထိန်းထားနိုင်ပြီး လုံးဝလျှောထွက်မသွားအောင် တားဆီးပေးတဲ့ စေးကပ်တဲ့အရာ ဖြစ်သည်။
သူသာ လျှာရဲ့ ချွန်ထက်တဲ့အဖျားကို ထိုးသွင်းပြီး အဲ့ဒီစေးကပ်တဲ့အရာနဲ့ ကပ်နိုင်မယ်ဆိုရင် လျှာတစ်ခုလုံးကို အပြည့်ထည့်လိုက်ရင်တောင် ပြန်လျှောထွက်လာတော့မည် မဟုတ်ပေ။
ယန်ကျွင်းဇဲမှာ အကြံတစ်ခု ရလာသည်။
သူက လျှာကို လက်နှစ်ဖက်နဲ့ ထိုးထည့်ဖို့ ပြင်လိုက်ချိန်မှာ ရုတ်တရက် သူ့နောက်ကနေ တိုးတိုးနဲ့ မပီမသ အသံတစ်ခု ထွက်လာသည်၊ ပါးစပ်ထဲမှာ တစ်ခုခု ထည့်ထားပြီး စကားပြောနေသလိုမျိုး ဝေါဟာရတွေက မပီမသဖြစ်နေသည်။
အချိန်ပြန်မရစ်ခင်ကလိုမျိုး ဒီတစ်ကြိမ်မှာလည်း ဥာဏ်ကောင်းတဲ့ ယန်ကျွင်းဇဲက ဒီဝါကျရဲ့အဓိပ္ပာယ်က "မင်း ဘာလုပ်နေတာလဲ" ဆိုတာကို ထပ်ပြီး နားလည်သွားသည်။
အဲ့ဒီအသံက သူ့ခေါင်းရဲ့ နောက်ကနေ ထွက်ပေါ်လာတာကြောင့် သူ လှည့်ကြည့်ဖို့ မရဲပေ၊ ဘာလို့လဲဆိုတော့ လှည့်ကြည့်ရင် သူမနဲ့ မျက်နှာချင်းဆိုင် ဖြစ်သွားမှာကြောင့် ဖြစ်သည်။
ယင်ယန်ကျွမ်းကျင်သူ လင်းယီရှန်က တစ်ချိန်က ယဲကျဲနန်နဲ့ အကြည့်ချင်းမဆုံမိစေရဘူးလို့ ပြောခဲ့ဖူးသည်၊ ဒါကြောင့် အသံထွက်လာတဲ့အခါ ယန်ကျွင်းဇဲက မရည်ရွယ်ဘဲ တုန်ယင်သွားပြီးနောက် လျှာကို ဆက်လက်ထိုးထည့်နေသည်။
ဒီအချိန်မှာ ယဲကျဲနန်ရဲ့ ဝိညာဉ်က ခေါက်လှေကားပေါ်မှာ ရပ်နေတဲ့ သူ့နဲ့တစ်ပြေးညီ လေထဲမှာ ပျံဝဲနေတယ်ဆိုတာကို စဉ်းစားကြည့်နိုင် လေသည်။
"လွှတ်လိုက်!"
သူမရဲ့ ကိုယ်ပိုင်ခန္ဓာကိုယ်ကို ကာကွယ်ဖို့အတွက် ဗီဇက လှုံ့ဆော်ခံလိုက်ရပြီး သူ့နောက်က အမျိုးသမီးက မပီမသနဲ့ အက်ကွဲနေတဲ့အသံနဲ့ အမိန့်ပေးလိုက်သည်။
"ငါ မင်းကို ကူညီနေတာ!"
ဒါပေမယ့် ယန်ကျွင်းဇဲက လွှတ်ပေးမယ့်အစား အဆီတွေနဲ့ ပြည့်နေတဲ့လျှာကို ပိုပြီး အားအင်ပြင်းပြင်းနဲ့ ဆုပ်ကိုင်လိုက်ပြီး အဖျားကို အထဲဆုံးက စေးကပ်တဲ့အရာနဲ့ ကပ်ဖို့ ကြိုးစားနေသည်။
ဝှစ်!
ယန်ကျွင်းဇဲက သူ့လည်ပင်းပေါ်မှာ အေးစိမ့်သွားတာကို ရုတ်တရက် ခံစားလိုက်ရသည်၊ ဝိညာဉ်ရဲ့ လက်တွေက သူ့လည်ပင်းကို ရစ်ပတ်လိုက်သည်။ သူ့ပါးစပ်ထဲက ဓာတ်မီးက ပြုတ်ကျသွားပြီး ခေါက်လှေကားရဲ့ အပေါ်ဆုံးက သစ်သားပြားပေါ်ကို အံဝင်ခွင်ကျ ကျရောက်သွားသည်။
အလိုအလျောက်လိုလို ယန်ကျွင်းဇဲက အချိန်ပြန်ရစ်ဖို့ ပြင်လိုက်သည်။
ဒါပေမယ့် ဒီအချိန်မှာ သူက အချိန်နဲ့ အပြေးပြိုင်နေတယ်ဆိုတာကို သိသည်။ သူသာ ဝိညာဉ်က အရေးယူမှုမလုပ်ခင် လျှာကို ကပ်နိုင်မယ်ဆိုရင် သူ့ရဲ့ ကြီးမားတဲ့တာဝန်က ပြီးမြောက်သွားလိမ့်မည်။
အရေးကြီးတဲ့ ပြဿနာကတော့ သူ့ရဲ့အသက်ရှူနှုန်းကို အမြဲတမ်းဂရုစိုက်ဖို့ လိုအပ်နေခြင်းဖြစ်သည်။ သူ အသက်ရှူရခက်လာပြီး အသက်ရှူကြပ်လုနီးပါး ဖြစ်လာပြီဆိုရင် သူက အချိန်ပြန်ရစ်ဖို့မှတစ်ပါး တခြားရွေးချယ်စရာ မရှိတော့ပေ။
ကံကောင်းစွာနဲ့ပဲ အဲ့ဒီအမျိုးသမီးရဲ့ ခွန်အားက သူ့လည်ပင်းကို ဆုပ်ကိုင်လိုက်တဲ့အချိန်မှာ အထွတ်အထိပ်ကို မရောက်သေးပေ၊ မဟုတ်ရင် ယန်ကျွင်းဇဲရဲ့ မျက်လုံးတွေက ပြူးထွက်လာပြီး ဖြစ်မည်။
သူမရဲ့ လက်တွေရဲ့အားက တဖြည်းဖြည်း တိုးလာသည်၊ ဒါက ယန်ကျွင်းဇဲကို လျှာကို ပြင်းပြင်းထန်ထန်နဲ့ တစ်ချက်တည်း ထိုးထည့်ဖို့ အခွင့်အရေး ပေးလိုက်သည်။
ဒီလိုဖြစ်နေပေမယ့် အဲ့ဒီအချိန်မှာ သူ့ခေါင်းက ကြီးလာပြီး အသက်ရှူရခက်လာတယ်၊
သူ့လည်ပင်းကို သံကွင်းတစ်ခုက တင်းကျပ်နေသလိုခံစားလိုက်ရသေး
သည်။
သူ့ဘယ်ဘက်လက်နဲ့ လျှာရှည်ရဲ့ အဖျားကို ဆုပ်ကိုင်ပြီး စေးကပ်တဲ့အရာရှိတဲ့နေရာကို အတင်းအကျပ် ထိုးသွင်းကာ အဲ့ဒီနေရာကို အားပြင်းပြင်းနဲ့ ဖိထားလိုက်ပြီးမှ နောက်ဆုံးတော့ ယန်ကျွင်းဇဲက လွှတ်ပေးလိုက်သည်။
ဒီတစ်ကြိမ်မှာ လျှာက အဲ့ဒီနေရာမှာပဲ ရှိနေပြီး ပါးစပ်ထဲကနေ လျှောထွက်လာတော့ခြင်း မရှိပေ။
[လျှာ၊ စိုးရိမ်စရာ (အလယ်အလတ်)၊ ပြီးမြောက်ပြီးစီး၊ မတူညီသော စွမ်းအင် ၃၀၀မှတ် ။]