← Chapters

လက်ကိုင်ပဝါချ (အပိုင်း ၄)

Vol. 7 Ch. 94

လက်ကိုင်ပဝါချ (အပိုင်း ၄)

Vol. 7 Ch. 94

အရေးကြီးတဲ့ကိစ္စက ယဲကျဲနန်နဲ့ ပတ်သက်နေသည်။

ယဲကျဲနန်ရဲ့ အလောင်းက မြေမြှုပ်ခံရဖို့ သဘောမတူပေ- သူမကို ခေါင်းတလားထဲထည့်လိုက်တိုင်း လျှာရှည်ကြီး ထွက်လာပြီး ကိုယ်တိုင် ထွက်ပြေးလာကာ အိမ်ရဲ့တန်းအောက်မှာ တစ်ခါထပ်ပြီး ကိုယ့်ကိုယ်ကို ကြိုးဆွဲချသည်။

ဒါက သူမရဲ့ မသိစိတ်ကနေ ပြုမူနေတဲ့အပြုအမူဖြစ်

သည်။

သို့တိုင် ယဲကျဲနန်က သူမရဲ့သား ရေနစ်ပြီး ဖူးရောင်နေတဲ့ အလောင်းကို မြင်ခဲ့ပြီးသား ဖြစ်သည်။ သို့ဆိုလျှင် အဘယ်ကြောင့် သူမက အေးချမ်းစွာ မရှိနိုင်ရတာလဲ။

ဒါကရေနစ်သေဆုံးသွားတဲ့ကလေးက ယဲကျဲနန်ရဲ့သား လုံလုံးဝမဟုတ်ဘူးဆိုတာကို ညွှန်ပြနေသည်။

ဒီပြဿနာက ယဲကျဲနန် ထူးဆန်းမှုတစ်ခု ဖြစ်လာပြီးမှသာ ပေါ်ပေါက်လာနိုင်သည်။

သူမက ကလေးရဲ့ ဖူးရောင်နေတဲ့အလောင်းကို ပထမဆုံးမြင်လိုက်ရတဲ့အ

ခါ မျက်နှာကို လုံးဝ မှတ်မိနိုင်မှာ မဟုတ်ဘဲ အဝတ်အစားကိုသာ အားကိုးပြီး ခွဲခြားနိုင်သည်။

ရေနစ်သေဆုံးသွားတဲ့ကလေးက လုံ မဟုတ်ခဲ့ရင် ဒီကလေးတွေ ပြောတဲ့ နင် ဖြစ်နိုင်မလား၊ နင်က ကလေးခေါင်းဆောင်ဆီကနေ ပစ္စည်းတစ်ခုခုကို ခိုးယူသွားတာလား။ ဒါပေမဲ့ ဘာလို့ နင်က လုံရဲ့အဝတ်အစားကို ဝတ်ထားရတာလဲ။

ထို့အပြင် လုံက အဲ့ဒီအချိန်ကတည်းက ပေါ်မလာတော့တာကြောင့် သူ သေသွားပြီဆိုတာကို သေချာပေါက် ဆိုလိုနေသည်။

လုံက ဘယ်တုန်းကမှ မထွက်ခွာသွားခဲ့ဘဲ တခြားကလေးတွေလိုပဲ ဒီခြံဝန်းထဲမှာပဲ မီးလောင်သေဆုံးခဲ့တာ ဖြစ်နိုင်သလား။

ဒီလိုတွေးမိတော့ ယန်ကျွင်းဇဲက တခြားကလေးတွေကို မော့ကြည့်လိုက်မိသည်။

အခုချိန်မှာ စက်ဝိုင်းတစ်ခုထဲ ထိုင်နေတဲ့ကလေးတွေထဲမှာ ကလေးခေါင်းဆောင်ကိုယ်တိုင်က သူ့ပစ္စည်းတွေကို ခိုးယူသွားတာကြောင့် ပယ်ချနိုင်ပေသည်။

ပြီးတော့ သူမရဲ့ခေါင်းမှာ လိပ်ပြာညှပ်တပ်ထားတဲ့ ရိုလည်း ရှိနေသည်- သူမကိုလည်း ပယ်ချနိုင်သည်။

သူက ဒိုဂီပါလို့ ပြောပြီး ကလေးခေါင်းဆောင်ရဲ့မေးခွန်းတွေကို ဖြေခဲ့တဲ့ လက်တစ်ဖက်တည်း ကောင်လေးကိုလည်း ပယ်ချနိုင်သည်။

အဲ့ဒါဆို ခေါင်းတစ်ဝက်နဲ့ကလေး၊ ရင်ဘတ်က ဟောင်းလောင်းပေါက်နေတဲ့တစ်ယောက်နဲ့ ခြေထောက်တစ်ချောင်းတည်းနဲ့တစ်ယောက်ပဲ ကျန်တော့သည်။

တကယ်တော့ ယန်ကျွင်းဇဲအတွက် ခေါင်းတစ်ဝက်နဲ့ကလေးက ကလေးခေါင်းဆောင်နဲ့ အတော်လေး ရင်းနှီးပုံရသည်၊ ကလေးခေါင်းဆောင်ဆီကနေ ခိုးသွားတာက လုံ ဖြစ်ခဲ့ရင် သူက ဒီလောက် ရင်းနှီးမှုကို ပြသနိုင်မည် မဟုတ်ပေ။

ဒါက ခေါင်းတစ်ဝက်နဲ့ကလေးက လုံ မဟုတ်ဖို့ အခွင့်အရေးများတယ်ဆို

တာကို ဆိုလိုနေသည်။

ထို့ကြောင့် ပစ်မှတ်က ရင်ဘတ်က ဟောင်းလောင်းပေါက်နေတဲ့ကောင်လေးနဲ့ ခြေထောက်တစ်ချောင်း

တည်းနဲ့ ကောင်လေးဆီကို ကျဉ်းမြောင်းသွားခဲ့သည်။

အခုချိန်ထိ ဒီနှစ်ယောက်ထဲက တစ်ယောက်မှ စကားတစ်ခွန်းမှ မပြောသေးပေ၊ ဟုတ်ပေသည်၊ သူတို့မှာ အခွင့်အရေး မရသေးတာလည်း ပါသည်။

ဒီတစ်ကြိမ်မှာတော့ "လက်ကိုင်ပဝါချ"ဖို့ ရိုရဲ့အလှည့် ဖြစ်သည်။

ကျန်တဲ့ကလေးတွေက သီချင်းစဆိုလာကြတော့ ရိုက ပျော်ရွှင်စွာနဲ့ စက်ဝိုင်းတစ်ဝိုက်ကို စတင်ပြေးလွှားလာသည်။

ယန်ကျွင်းဇဲက သူမရဲ့လက်ထဲက လက်ကိုင်ပဝါက ဘယ်အချိန် ပျောက်ကွယ်သွားမလဲဆို

တာကို အနီးကပ်အာရုံစိုက်နေခဲ့

သည်၊ ဒါပေမဲ့ ရိုက ဒါကို တင်းတင်းဆုပ်ကိုင်ထားပြီး မကြာခင်မှာပဲ သူမက နှစ်ပတ်ပြေးပြီးသွားခဲ့

သည်။

ရိုက ပြေးနေရင်း ခြေချော်သွားပုံရပြီး မလဲဘဲ ရှေ့ကို တိုက်မိသွားခဲ့ပြီး ပြီးတော့ သူမက ဆက်ပြီးပြေးသည်။

ဒီအချိန်မှာပဲ ယန်ကျွင်းဇဲက လက်ကိုင်ပဝါက သူမရဲ့လက်ထဲမှာ မရှိတော့ဘူးဆိုတာကို သတိပြုမိလိုက်သည်။

ချက်ချင်းပဲ သူ့ရဲ့ခေါင်းကို လှည့်လိုက်တော့ လက်ကိုင်ပဝါက သူ့ရဲ့နောက်မှာ ကျနေတာကို တွေ့လိုက်ရသည်။

ယန်ကျွင်းဇဲက လက်ကိုင်ပဝါကို ဆွဲယူလိုက်ပြီး ထရပ်လိုက်ကာ သူမနောက်ကို လိုက်သွားသည်။

သူ့ရဲ့ခြေလှမ်းတွေနဲ့ဆို ရိုကို လိုက်ဖမ်းဖို့ လွယ်ပေမယ့် သူက တမင်တကာ သူ့ရဲ့ခြေလှမ်းကို နှေးကွေးလိုက်ပြီး ရိုက တစ်ပတ်အမြန် ပြေးပြီး သူမရဲ့နေရာမှာ ပြန်ထိုင်တဲ့အထိ စောင့်နေလိုက်လေသည်။

ပြီးတော့မှ ယန်ကျွင်းဇဲက ရပ်လိုက်သည်၊ သူ့ရဲ့လက်ထဲမှာရှိတဲ့ မီးခိုးရောင်လက်ကိုင်ပဝါကို လှုပ်ယမ်းလိုက်ပြီး လက်လျှော့လိုက်တဲ့အပြုံးကို ပြုံးလိုက်သည်။

သူက ကလေးတွေ ပြုလုပ်ထားတဲ့ စက်ဝိုင်းရဲ့အလယ်ကို လမ်းလျှောက်ဝင်လာပြီး ရပ်နေလိုက်သည်။

ကလေးခေါင်းဆောင်က ရိုကို ကြည့်လိုက်သည်၊ ပြီးတော့ ရိုက ယန်ကျွင်းဇဲကို စတင်မေးမြန်းလိုက်သည်၊ "မင်း နင် ဒါမှမဟုတ် လုံကို သိလား"။

ယန်ကျွင်းဇဲက ခေါင်းခါလိုက်သည်၊ "ငါ ဘယ်သူ့ကိုမှ မသိဘူး"။

"အဲ့ဒါဆို မင်း ဒီကို ဘာလို့ လာတာလဲ" လို့ ရိုက ဆက်မေးသည်။

"တစ်ခုခုကို ရှာဖို့" လို့ ယန်ကျွင်းဇဲက ဖြေလိုက် လေသည်။

ခြံဝန်းရဲ့ "ရတနာ"ကို ရှာဖွေနေတာလည်း ဖြစ်နိုင်တာကြောင့် ပြောတာက မမှားပေ။

ဟုတ်ပေသည်၊ယန်ကျွင်းဇဲက အခုချိန်မှာ ရှင်းရှင်းလင်းလင်း လိမ်ဖို့ မရဲသေးပေ၊ သူက သူ့ရဲ့စကားတွေထဲက ဘယ်ဟာက အမှန်နဲ့ ဘယ်ဟာက အမှားလဲဆိုတာကို ခွဲခြားနိုင်တဲ့စွမ်းရည် ဒီကလေးတွေမှာ ရှိမရှိကို မသေချာသေးပေ။

သို့သော်လည်း အနည်းဆုံးတော့ အခုချိန်အထိ သူက ဘယ်လိမ်ညာမှုမှ မလုပ်ရသေးပေ။

မေးခွန်းနှစ်ခု ပြီးဆုံးပြီးနောက် ရိုက တတိယမေးခွန်းကို အမြန်မေးလိုက်သည်၊ "အဲ့ဒါဆို မင်း ဟူဂန်ဆီက ခိုးသွားတဲ့အရာကို မြင်ဖူးလား"။

"ဟူဂန်က ဘယ်သူလဲ" လို့ ယန်ကျွင်းဇဲက ခဏတာ အံ့အားသင့်သွားမိခဲ့သည်။

"ငါပဲ"။ ကလေးခေါင်းဆောင်က ရုတ်တရက် စကားပြောလိုက်သည်။

ရိုက ရည်ညွှန်းနေတဲ့အရာက နင် ဒါမှမဟုတ် လုံ ခိုးယူသွားတယ်လို့ သူတို့ သတ်မှတ်ထားတဲ့အရာ ဖြစ် လေသည်။

ဟုတ်‌ပေသည်၊ ရိုက ခိုးယူသွားတာ လုံပဲလို့ မယုံကြည်ပေ။

သို့သော်လည်း ဒီမေးခွန်းက ယန်ကျွင်းဇဲအတွက် ပြဿနာနည်းနည်း ရှိသည်။

ခုလေးတင် သူက အလောင်းပုံကြီး မြေပြင်ကနေ ပေါ်ထွက်လာတာကို မြင်လိုက်ရတဲ့အခါ အပုံရဲ့နောက်က လက်တစ်ဖက်က သစ်သားအရုပ်အနဲ့ ဆင်တူတဲ့တစ်ခုခုကို အိပ်ရာခြေရင်းက တွင်းထဲကို ပစ်ချလိုက်တာကို သူက ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။

သူတို့ ပြောနေတဲ့အရာက အဲ့ဒီသစ်သား အရုပ် ဖြစ်နိုင်မလား။

ယန်ကျွင်းဇဲက မသေချာပေ။

သူ မသေချာတဲ့အတွက် ယန်ကျွင်းဇဲက ခဏတာ စဉ်းစားပြီးမှ ပြန်ဖြေလိုက်သည်၊ "ငါ မသိဘူး"။

သစ်သားပန်းပုက ဟူဂန် ခိုးယူသွားတဲ့အရာ ဖြစ်မဖြစ်ကို မသိတာကြောင့် သူက မသိဘူးလို့ ပုံမှန်အတိုင်းပဲ ပြောနိုင်သည်။ သူ့ရဲ့အဖြေထဲမှာ လိမ်လည်မှု မရှိပေ။

ယန်ကျွင်းဇဲ စကားပြောပြီးသွားတာနဲ့ ကလေးခေါင်းဆောင် ဟူဂန်က ရုတ်တရက် မေးလိုက်သည်၊ "မင်း ခုနက တုံ့ဆိုင်းနေတာလား"။

"မဟုတ်ဘူး၊ ငါ စဉ်းစားနေတာ" လို့ ယန်ကျွင်းဇဲက ပြန်ဖြေလိုက်သည်။

ဟူဂန်က ဖြည်းဖြည်းချင်း ထရပ်လိုက်သည်၊ "မင်းက သိတာ ဒါမှမဟုတ် မသိတာပဲ၊ ဘာလို့ စဉ်းစားရတာလဲ"။

"ခေါင်းဆောင်၊ အဲ့ဒါက မင်းရဲ့ ပဉ္စမမြောက်မေးခွန်းလား" လို့ ခေါင်းတစ်ဝက်နဲ့ ကောင်လေးက ရုတ်တရက် မေးလိုက်လေသည်။

"ဟုတ်တယ်၊ ငါ ဖြေမှာ မဟုတ်ဘူး" လို့ ယန်ကျွင်းဇဲက ခေါင်းညိတ်လိုက်ပြီး ခေါင်းတစ်ဝက်နဲ့ ကောင်လေးရဲ့ ပုန်ကန်မှုကို တိတ်တဆိတ် လက်ခုပ်တီးလိုက်သည်။

"ထိုင်"။

ဟူဂန်က ခေါင်းတစ်ဝက်နဲ့ကောင်

လေးကိုစူးစိုက်ကြည့်လိုက်ပြီး ဒေါသတကြီး အော်ဟစ်လိုက်သော်လည်း နောက်ထပ်မေးခွန်းတွေကို ဆက်ပြီး မမေးတော့ပေ။

ဘယ်လိုပဲဖြစ်ဖြစ် ဒီကလေးတွေက ဂိမ်းရဲ့စည်းကမ်းတွေကို လိုက်နာနေကြသေးပုံရ

လေသည်။

"ဒါဆို အခု... လက်ကိုင်ပဝါချဖို့ ငါ့အလှည့်ပဲ" လို့ ယန်ကျွင်းဇဲက သူ့ဘာသာသူ ရေရွတ်လိုက်မိသည်။

သူ့ရဲ့လက်ထဲမှာ မီးခိုးရောင်လက်ကိုင်ပဝါကို ကိုင်ထားပြီး သူက သရဲတွေရဲ့ စက်ဝိုင်းအပြင်ဘက်ကို သွားပြီး အဲ့ဒါကို လှည့်ပတ်လမ်းလျှောက်

နေသည်။

သူ့ရဲ့ခြေလှမ်းတွေက ကြီးတာကြောင့် သူက ပြေးဖို့ မလိုအပ်ပေ၊ ဒီအချိန်မှာပဲ ကျန်တဲ့ကလေးတွေက လက်ကိုင်ပဝါချတဲ့ သီချင်းကို စတင်ဆိုကြသည်။

သို့သော်လည်း တစ်ပတ်ကြာပြီးနောက် ယန်ကျွင်းဇဲက ခြေထောက်တစ်ချောင်း

တည်းနဲ့ ကောင်လေးရဲ့နောက်မှာ လက်ကိုင်ပဝါကို ချထားခဲ့သည်။

လက်ကိုင်ပဝါကို မချခင်မှာ သူက ဂရုတစိုက် စဉ်းစားခဲ့သည်၊ ရင်ဘတ်က ဟောင်းလောင်းပေါက်နေတဲ့ကောင်လေးနဲ့ ဒီခြေထောက်တစ်ချောင်းတည်းနဲ့ ကောင်လေးက တခြားတိတ်ဆိတ်နေတဲ့ကလေးတွေနဲ့ မကွာခြားပေ။

ဆံပင်၊ အရပ်၊ ကိုယ်လုံးကိုယ်ထည်နဲ့ အသွင်အပြင်တွေလို အရာတွေအားလုံးက မီးလောင်မှုကြီးပြီးနောက် ကျုံ့သွားပြီး ကောက်ကောက်ကွေးကွေး ဖြစ်နေသည်။

ဒီအချိန်မှာ သူတို့က သူတို့ရဲ့အရင်ပုံစံတွေထက် မီးသွေးလို ပိုတူနေသည်ဟု ပြောနိုင်သည်။

ထို့ကြောင့် ရုပ်ရည်ကို အခြေခံပြီး သူတို့ရဲ့ မူလပုံစံကို ခန့်မှန်းဖို့က မဖြစ်နိုင်ပေ။

သို့သော်လည်း သူတို့ရဲ့ထိုင်နေတဲ့ပုံစံတွေက ကွဲပြားသည်၊ ရင်ဘတ်က ဟောင်းလောင်းပေါက်နေတဲ့ကောင်လေးက သူ့ရဲ့ခေါင်းကို မတ်ထားပြီး ဂိမ်းတစ်ခုလုံးကို အမြဲတမ်း စောင့်ကြည့်နေသလို ခြေထောက်တစ်ချောင်းတည်းနဲ့ ကောင်လေးကတော့ သူ့ရဲ့ခေါင်းကို ရံဖန်ရံခါ မော့ကြည့်သော်လည်း အချိန်အများစုမှာတော့ ခေါင်းကို ငုံ့ထားသည်၊ ရို စကားပြောတဲ့အခါမှ နည်းနည်း ပိုပြီး မော့ကြည့် လေသည်။

ဒီအသေးစိတ်အချက်အ

လက်တွေကို ယန်ကျွင်းဇဲကသာ ကောက်ယူနိုင်သည်၊ တခြားဝိညာဉ်တွေက ကလေးဘဝတုန်းက ဘယ်လိုပဲရှိခဲ့ပါစေ ဒီအဆင့်ရဲ့ စဉ်းစားတွေးခေါ်မှု ဒါမှမဟုတ် စူးစမ်းလေ့လာမှုအဆင့်ကို လုံးဝရောက်နိုင်မှာ မဟုတ်ပေ။

ဒါ့အပြင် ထူးဆန်းမှုတွေ ဖြစ်လာပြီးနောက် သူတို့ကို အစွဲအလမ်းကနေ ထိန်းချုပ်ထားပြီး လူသားတွေ ပိုင်ဆိုင်တဲ့ အလိုလိုသိစိတ်တောင် ဆုံးရှုံးသွား လေသည်။

မေးခွန်းထုတ်စရာဖြစ်နေတဲ့ ထူးဆန်းမှုက မြင့်မားတဲ့အဆင့်ကို ပြောင်းလဲသွားရင်တော့ မတူပေ!

နာကျည်းမှုတွေပြည့်နေတဲ့ အဖွားကြီးလိုမျိုးပေါ့။

ခြေထောက်တစ်ချောင်း

တည်းနဲ့ ကောင်လေးက သူ့ရဲ့နောက်မှာရှိတဲ့ လက်ကိုင်ပဝါကို သတိပြုမိသွားသည်၊ ဒါကို ကောက်ယူလိုက်ပြီး ချက်ချင်းပဲ ခြေတစ်ဖက်ပေါ်မှာ ရပ်နေသည်၊ ယန်ကျွင်းဇဲနောက်ကို "ဒုန်း၊ ဒုန်း၊ ဒုန်း" ဆိုတဲ့အသံနဲ့ ခုန်လိုက်သည်။

ပထမတော့ ယန်ကျွင်းဇဲက ကောင်လေးက ဒိုဂီရဲ့ တွားသွားတဲ့ကျွမ်းကျင်မှု

မျိုး ရှိနိုင်တယ်လို့ ထင်ခဲ့တာကြောင့် သူ ပြေးဖို့ အဆင်သင့် ဖြစ်နေခဲ့သည်၊ ဒါပေမဲ့ ကောင်လေးက ရွှေရောင်ကြက်ဖတစ်ကောင်လို ခြေတစ်ဖက်နဲ့ ခုန်လိမ့်မယ်လို့ ဘယ်သူသိမှာလဲ၊ ဒါက သူ့ကို လိုက်ဖမ်းဖို့ လုံးဝ မဖြစ်နိုင်တော့အောင် လုပ်နေသည်။

ဒါကြောင့် ယန်ကျွင်းဇဲက သူ့ရဲ့ခြေလှမ်းကို ရိုးရိုးလေး မြန်လိုက်ပြီး တစ်ပတ်ကို အမြန်ဆုံးပြီးအောင်လုပ်

ကာခြေထောက်တစ်ချောင်း

တည်းနဲ့ကောင်လေးရဲ့နေရာကို ခိုးယူလိုက်ပြီး "ဖုတ်"ဆိုတဲ့အသံနဲ့ အတူထိုင်ချလိုက်သည်။

ခြေထောက်တစ်ချောင်းတည်းနဲ့ ကောင်လေးက လက်ကိုင်ပဝါကို ကိုင်ထားပြီးစက်ဝိုင်းရဲ့အလယ်ကို ခုန်လာသည်၊ ယန်ကျွင်းဇဲကို မျက်နှာချင်းဆိုင်လိုက်ပြီး စကားတစ်ခွန်းမှ မပြောပေ။

ယန်ကျွင်းဇဲကလည်း ခဏတာ စကားမပြောပေ။

ကျန်တဲ့သရဲကလေးတွေ

အားလုံးကလည်း ယန်ကျွင်းဇဲကို စိုက်ကြည့်နေပြီး သူတို့ကလည်း တိတ်ဆိတ်နေသည်။

ခြေထောက်တစ်ချောင်း

တည်းနဲ့ ကောင်လေးကို ခဏကြာစိုက်ကြည့်ပြီး

နောက် ယန်ကျွင်းဇဲက နောက်ဆုံးမှာ မေးလိုက် လေသည်၊ "မင်း ဘာလို့ နင်နဲ့ အဝတ်အစား လဲလိုက်တာလဲ"။

All Chapters