ဝိညာဉ်သုံးကောင်ရဲ့ အကူအညီ
Vol. 7 Ch. 100
ထူးဆန်းမှုတွေမရှိတဲ့အခါ အရာရာတိုင်းကို ကိုင်တွယ်ရလွယ်ကူပေမဲ့ ထူးဆန်းမှုတွေရောက်လာတဲ့အခါမှာတော့ သာမန်လို့ထင်ရတဲ့ လူအချို့က မယုံနိုင်လောက်အောင် လျင်မြန်တဲ့ တုံ့ပြန်မှုတွေကို ပြသကြသည်။
ဥပမာအားဖြင့် ငါတို့ရဲ့ ဘတ်စ်ကားမောင်းသူကို ကြည့်လိုက်ပါ။
တံခါးဖွင့်ပြီးနောက် သူက ယန်ကျွင်းဇဲကို ကျော်တက်နိုင်ခဲ့ပြီး ဘတ်စ်ကားပေါ်ကနေ ပထမဆုံးအပြေးအလွှားဆင်းခဲ့သည်။
သို့သော်လည်း အပြင်ရောက်တာနဲ့ သူက ဘတ်စ်ကားအတွင်းထဲကို ချက်ချင်းပြန်လှည့်ကြည့်လိုက်ရာ ရှေ့ဆုံးတန်းမှာ ထိုင်နေတဲ့ ခရီးသည်လူငယ်က လုံးဝပျောက်ကွယ်သွားပြီဆိုတာကို တွေ့လိုက်ရလေသည်။
ထူးဆန်းမှုနဲ့ပတ်သက်ပြီး သူ့ကို သတိပေးခဲ့တဲ့ ကျောပိုးအိတ်လွယ်ထားတဲ့ လူငယ်က အံ့ဩတုန်လှုပ်စွာနဲ့ အဲ့ဒီမှာ ရပ်နေတုန်းပဲဖြစ်ပြီး ဘတ်စ်ကားပေါ်ကနေ မဆင်းသလို တခြားလှုပ်ရှားမှုတွေကိုလည်း မလုပ်ခဲ့ပေ။
“ဘာတွေဖြစ်နေတာလဲ”။ ယာဉ်မောင်းက သူ့ရဲ့ကျောရိုးထဲကနေ ချမ်းစိမ့်သွားတာကို ခံစားလိုက်ရသည်။
ဒီနေ့က နေရောင်မရှိ၊ တိမ်တွေဖုံးလွှမ်းနေပြီး အုံ့မှိုင်းနေတာကြောင့် မနက်ခင်းဖြစ်နေပေမဲ့ အေးစက်တဲ့ ခံစားချက်ကို ဖြစ်ပေါ်စေသည်။
“ဆရာ၊ ဆက်လျှောက်သွားပါ၊ နောက်ကို လှည့်မကြည့်နဲ့” လို့ ယန်ကျွင်းဇဲရဲ့ အသံက ဘတ်စ်ကားရဲ့နောက်ဘက်ကနေ ထွက်ပေါ်လာသည်။
ဒါပေမဲ့ သူက အချိန်ပြည့် ရပ်နေပြီး ဘတ်စ်ကားမောင်းသူကို စိုက်ကြည့်နေသည်။
မဟုတ်ဘူး၊ သူက ဘတ်စ်ကားမောင်းသူရဲ့ နောက်မှာရှိတဲ့ တစ်စုံတစ်ခုကို စိုက်ကြည့်နေတာ ဖြစ်သည်။
ဒီအချိန်မှာတော့ ဘတ်စ်ကားမောင်းသူရဲ့ နှလုံးခုန်နှုန်းက ပိုမြန်လာပြီး သူ့ရဲ့ခြေထောက်တွေက ထုံကျင်လာကာ ယန်ကျွင်းဇဲက ဘာလို့ သူ့နောက်ကို ကြည့်နေတာလဲဆိုတာနဲ့ ပထမတန်းမှာ ထိုင်နေတဲ့လူက ဘယ်ရောက်သွားတာလဲဆိုတာကို ခန့်မှန်းနေမိသည်။
“နောက်လှည့်လို့မရဘူး၊ သူ နောက်လှည့်မကြည့်နဲ့လို့ ပြောခဲ့တယ်၊ ဒါက… ”
ယာဉ်မောင်းက သူ့ရဲ့ခန္ဓာကိုယ်က စပြီး တုန်ယင်လာတာကို သဘောပေါက်လိုက်သည်၊ ဆီးသွားချင်စိတ်က ထိန်းမနိုင်သိမ်းမရဖြစ်လာပြီး သူက မသိစိတ်ကနေ ရှေ့ကိုရွေ့လျားနေပေမဲ့ ပက်ကျိတစ်ကောင်ထက်ကို ပိုနှေးနေသည်။
“ငါ့… ငါ့နောက်မှာ ဘာရှိလဲ။ အဲ့ဒီလူငယ်က ငါ့နောက်ကို လိုက်နေတာလား”
ယာဉ်မောင်းရဲ့ စိတ်ကူးစိတ်သန်းတွေက တက်ကြွနေပြီး အဲ့ဒီလူငယ်က သူ့ရဲ့ပခုံးပေါ်မှာ ထိုင်နေတာ ဒါမှမဟုတ် သူ့ရဲ့နောက်ကျောကို တွယ်ကပ်နေတာမျိုး ဖြစ်နိုင်တယ်လို့ တွေးနေမိလေသည်။
သူက ပိုတွေးမိလေလေ ပိုကြောက်လာလေလေဖြစ်ပြီး မလှုပ်ရှားနိုင်တော့သည်အထိ သူ့ရဲ့ခြေထောက်တွေက အားပျော့သွားပြီး ဒူးထောက်လဲကျသွားသည်။
အဲ့ဒီအချိန်မှာပဲ သူ့ရဲ့နောက်ဘက်ကနေ အေးစက်တဲ့ ခံစားချက်တစ်ခု ရောက်ရှိလာသည်။
ဒီလိုနှိပ်စက်မှုကို မခံနိုင်တော့တာကြောင့် ယာဉ်မောင်းက တုန်ယင်စွာနဲ့ သူ့ရဲ့ခေါင်းကို လှည့်လိုက်သည်။
ထို့နောက် လက်နှစ်ဖက်က သူ့ရဲ့မျက်နှာကို တင်းတင်းဖိထားတာကို ခံစားလိုက်ရပြီး သူ့ရဲ့ခေါင်းကပြင်းပြင်းထန်ထန်နောက်ကို
ဆောင့်လိုက်ရာ အသံတစ်သံထွက်ပေါ်လာပြီး သူ့ရဲ့အသိစိတ်က လွင့်ပျံသွားလေသည်။
လွီရှင်းက ခံစားချက်မဲ့စွာနဲ့ ထရပ်လိုက်ပြီး ယာဉ်မောင်းရဲ့နှာခေါင်းပေါက်ကနေ အသက်ရှူထုတ်လိုက်တဲ့ အငွေ့က သူ့ဆီကို တိုးဝင်လာနေသည်။
လွီရှင်းရဲ့ခန္ဓာကိုယ်က သက်သောင့်သက်သာရှိသလိုမျိုး မထိန်းနိုင်ဘဲ နှစ်ချက်တုန်ယင်သွားပြီးနောက် သူက ဘတ်စ်ကားဆီကို ခေါင်းလှည့်လိုက်သည်။
ပျောက်ကွယ်သွားချေပြီ။
လွန်ခဲ့တဲ့မိနစ်ပိုင်းလောက်က ရပ်နေခဲ့တဲ့ ဘတ်စ်ကားက အခုတော့ လုံးဝပျောက်ကွယ်သွားခဲ့လေသည်။
လမ်းရဲ့အဆုံးက အဝေးမှာတော့ ဘတ်စ်ကားရဲ့အိတ်ဇောကနေ ထွက်လာတဲ့ မီးခိုးငွေ့ပါးပါးလေးကို မြင်နိုင်သေးပြီး တောင်ပေါ်လမ်းတစ်လျှောက်လိမ်ကောက်နေတာကို အနည်းငယ်မှတ်မိနိုင်သေးသည်။ ပြီးနောက် အမြင်အာရုံကနေ ပျောက်ကွယ်သွားလေသည်။
အခုမဟုတ်ရင် ဘယ်တော့လဲ။
ယာဉ်မောင်းဆင်းသွားပြီးနောက် လွီရှင်းက သူ့နောက်ကို အနီးကပ်လိုက်လာလိမ့်မယ်လို့ ယန်ကျွင်းဇဲ မထင်ထားခဲ့ပေ။ သူက ယာဉ်မောင်းကို နောက်လှည့်မကြည့်ဖို့ ပြောခဲ့တဲ့အခါမှာတော့ ယာဉ်မောင်းကြောက်သွားမှာကိုသာ ကြောက်ခဲ့တာဖြစ်ပြီး ယာဉ်မောင်းကို လွီရှင်းကို ခေါ်သွားဖို့အတွက် ရည်ရွယ်ခဲ့တာ မဟုတ်ပေ။
တကယ်တော့ သူက လွီရှင်းက အဲ့ဒီလူကို ဘာလို့လိုက်နေတာလဲဆိုတာကို မသိခဲ့ပေ။
ဒါပေမဲ့ ဒါက အခွင့်အရေးကောင်းတစ်ခု ဖြစ် ပေသည်။ သူတို့ဆင်းသွားတာကြောင့် သူက ဘတ်စ်ကားနဲ့တစ်ယောက်တည်းကျန်ခဲ့သည်။
သော့ကလည်း စက်နိုးတဲ့နေရာမှာ ရှိနေတုန်းပဲဖြစ်သည်။
ယန်ကျွင်းဇဲကချွေးတွေအများကြီးထွက်နေပြီး ဘတ်စ်ကားရဲ့ စတီယာရင်ကို ဆုပ်ကိုင်ထားသည်၊ သူ့ရဲ့မျက်နှာက အာရုံစိုက်နေပြီး ရှေ့ကလမ်းကို သေသေချာချာစိုက်ကြည့်နေသည်၊ တစ်စက္ကန့်လေးတောင်မှ ပေါ့ပေါ့ဆဆနေဖို့ မဝံရဲပေ။
ဟုတ်ပေသည်။ သူက သူ့ရဲ့အရင်ဘဝကနေ ကားမောင်းတတ်တာကို သိပေမဲ့ သူ့ရဲ့လိုင်စင်ရပြီးနောက်မှာတော့ အော်တိုကားတွေကိုပဲ အများအားဖြင့် မောင်းခဲ့သည်။ မန်နူရယ်ကားတွေကိုတော့ တစ်ခါတစ်ရံမှသာ မောင်းဖူးပြီး ကျွမ်းကျင်မှုမရှိပေ။
ဒီလိုဘတ်စ်ကားမျိုးကတော့ သူ တစ်ခါမှ မ မောင်းဖူးပေ။
သို့သော်လည်း ယန်ကျွင်းဇဲက ဂီယာနှစ်ခုနဲ့ စတင်တာကို သိထားပြီး ဘတ်စ်ကားမှာ ဂီယာအပြောင်းအလဲတွေ ရှုပ်ထွေးတယ်ဆိုတာကို သိထားသည်၊ သူက တစ်ချိန်တုန်းက စူးစမ်းလိုစိတ်နဲ့ လေ့လာခဲ့ဖူးသည်။
ဘတ်စ်ကားကို မောင်းနှင်ဖို့ အတော်လေးအခက်အခဲတွေနဲ့ ရင်ဆိုင်ခဲ့ရပြီးနောက်မှာတော့ ဒီအချိန်က နောက်ဆုံးမှာ ရောက်ရှိလာခဲ့ပြီး သူ့ရဲ့စိတ်ခံစားချက်က အတော်လေးရှုပ်ထွေးနေပေသည်။
ပထမဆုံးအနေနဲ့က လမ်းက မတ်စောက်ပြီး ကွေ့ကောက်နေသည်၊ ဒုတိယအနေနဲ့က ကလပ်ချ်ကို ကောင်းကောင်းမထိန်းနိုင်တာကြောင့် အချိန်ပြည့် အာရုံစိုက်နေရပြီး မျက်တောင်တောင် မခတ်ရဲပေ။
သူ ပိုမြန်ချင်ပေမဲ့ အရှိန်ကို မြှင့်လို့မရနိုင်!
မကြာခင်မှာပဲ ဘတ်စ်ကားက ဘယ်ဘက်မှာ မီတာ ၃၀ ရှိတဲ့ မတ်စောက်တဲ့ တောင်စောင်းနဲ့အတူ ကွေ့ကောက်နေတဲ့ တောင်ပေါ်လမ်းပေါ်ကို ရောက်လာသည်။ လမ်းမျက်နှာပြင် မညီညာတာကြောင့် သူက ကလပ်ချ်ကို ကောင်းကောင်းမထိန်းနိုင်ဘဲ တက်ပြီး မကြာခင်မှာပဲ ဘတ်စ်ကားက ရပ်တန့်သွားသည်။
ယန်ကျွင်းဇဲရဲ့နှလုံးသားက အလျင်စလိုနဲ့ခုန်နေပြီး သူက နောက်ကိုလှည့်ကြည့်လိုက်သည်၊ ထို့နောက် ရုတ်တရက် အေးခဲသွားပြီး သူ့ရဲ့လက်တွေက စတီယာရင်ကို လွှတ်လိုက်မိလေသည်။
လွီရှင်းက ဘတ်စ်ကားရဲ့ ပထမတန်းမှာ ထိုင်နေပြီး သူ့ကို တည်ငြိမ်စွာ ကြည့်နေတာကို သူတွေ့လိုက်ရသည်။
“ဪ၊ ရောက်ပြီလား” လို့ ယန်ကျွင်းဇဲက ထရပ်လိုက်ပြီး သူ့ရဲ့ကျောပိုးအိတ်ကို ချလိုက်သည်၊ “မင်းကိုကြည့်လိုက်စမ်း၊ ရောက်တာကို နှုတ်ဆက်တောင် မလုပ်ဘူး”။
သူက ဘတ်စ်ကားမောင်းထွက်လာတာက တစ်ခဏတာ အားထုတ်မှုဖြစ်ပြီး လမ်းတစ်လျှောက် ဘာအမှားအယွင်းမဆို နောက်ဆုံးထွက်ပြေးဖို့ အခွင့်အရေးကို ဆုံးရှုံးရမှာဖြစ်တယ်ဆိုတာကို သိနေသည်။
လွီရှင်းက ရုပ်သေးရုပ်တစ်ရုပ်လိုပဲ အနည်းငယ်ရှေ့ကို ကိုင်းလိုက်ပြီး ယန်ကျွင်းဇဲဆီကို ခြေဖျားထောက်ပြီး လျင်မြန်စွာ ချဉ်းကပ်လာသည်၊ အရင်က ဘတ်စ်ကားမောင်းသူနောက်ကို လိုက်ခဲ့သလိုပင်။
နောက်တစ်စက္ကန့်မှာတော့ တွားသွားမကောင်းဆိုးရွား၊ ခေးအာနဲ့ လျှာရှည်ကျန်းကျန်းတို့က ယန်ကျွင်းဇဲရဲ့ရှေ့မှာ တစ်ယောက်ပြီးတစ်ယောက် ပေါ်လာသည်။
ယန်ကျွင်းဇဲက “သူ့ကို တိုက်ခိုက်လိုက်” လို့ ပြင်းပြင်းထန်ထန်အော်လိုက်သည်။
သူက နောက်ဆုံးရလဒ်က ဘာဖြစ်လာမယ်ဆိုတာကို သိပေမဲ့ အခုတော့ အဆိုးရွားဆုံးအခြေအနေမှာ ရောက်နေတာကြောင့် ဘာပဲဖြစ်ဖြစ် ပေါ်ပေါက်လာတဲ့အခွင့်အရေးတိုင်းကို အမိအရဖမ်းဆုပ်ရလိမ့်မည်။
သူက အားနည်းချက်တစ်ခုကို တွေ့ခဲ့မယ်ဆိုရင် ယန်ကျွင်းဇဲက ချက်ချင်းပြန်ရစ်ပြီး အခွင့်အရေးကို ရှာဖွေရလိမ့်မည်။
ဝိညာဉ်သုံးကောင်က လွီရှင်းဆီကို တစ်ချိန်တည်းမှာ တိုက်ခိုက်လာသည်။
ဒီတစ်ကြိမ်မှာတော့ တွားသွားမကောင်းဆိုးရွားက မိန်းကလေးလိုဝတ်ဆင်ထားတဲ့ ကျန့်တုန်းနဲ့ ရင်ဆိုင်ရတဲ့အခါလိုပဲ အသိဉာဏ်မဲ့ပြီး အကူအညီမဲ့တာမျိုး မဟုတ်တော့ပေ။ အဲ့ဒီအစား သူက ပြင်းပြင်းထန်ထန်နဲ့ ရှေ့ကိုတိုက်ခိုက်နေပေမဲ့ ခေးအာလောက်တော့ မမြန်ဆန်ပေ။
လွီရှင်းကို မြင်တာနဲ့ လျှာရှည်ကျန်းကျန်းက ယန်ကျွင်းဇဲကို “မင်းပြေးသင့်တယ်၊ သူက အရမ်းသန်မာတယ်၊ ငါတို့ သူ့ကို အကြာကြီး ထိန်းထားနိုင်မှာ မဟုတ်ဘူး” လို့ ချက်ချင်းပြောလိုက်လေသည်။
ဒိုင်း!
တွားသွားမကောင်းဆိုးရွားရဲ့ ခေါင်းက လွီရှင်းရဲ့ခြေထောက်အောက်မှာ ပြားသွားခဲ့သည်။
ခေးအာက အဲ့ဒီအချိန်မှာ လွီရှင်းရဲ့ပခုံးပေါ်ကို ခုန်တက်သွားပြီး ခြေလက်တွေက ရှည်ထွက်လာကာ ပါးစပ်က ဟထားပြီး လွီရှင်းရဲ့နဖူးကို ကိုက်လိုက်သည်။
“အာ!”
ထူးဆန်းတဲ့ အော်သံတစ်ခုက လွီရှင်းရဲ့ပါးစပ်ကနေ ထွက်ပေါ်လာပြီး သူ့ရဲ့ခန္ဓာကိုယ်က ပြင်းပြင်းထန်ထန်တုန်ယင်သွားကာ ခေးအာက ချက်ချင်းလွင့်ထွက်သွားပြီး ဘတ်စ်ကားရဲ့ခေါင်မိုးကို ထိမှန်ပြီး ထိုင်ခုံတွေပေါ်ကို လှိမ့်ကျလာသည်။
ကျန်းကျန်းက ရှေ့ကိုခြေလှမ်းလှမ်းလိုက်ပြီး သူမရဲ့နီညိုရောင်လျှာက လွီရှင်းရဲ့မျက်နှာကို လျင်မြန်စွာ ရိုက်ခတ်လိုက်သည်။
လွီရှင်းက မရှောင်ဘဲ သူ့ရဲ့လက်နဲ့ ဆွဲကိုင်လိုက်ပြီး လျှာရဲ့တစ်ပိုင်းကို ကိုက်ချလိုက်ကာ မြိုချလိုက်သည်။
ကျန်းကျန်းကလည်း နောက်မဆုတ်သွားဘဲ ပိုနီးအောင် ခြေလှမ်းလှမ်းလိုက်သည်၊ သူမရဲ့လျှာက အလယ်အပိုင်းမှာ လျင်မြန်စွာ လိမ်သွားပြီး စက်ဝိုင်းနှစ်ခု ဖြစ်ပေါ်လာကာ အဆုံးတစ်ဖက်ကတော့ ပြိုင်ဘက်က ကိုင်ထားတုန်းပဲဖြစ်ပြီး ကျန်တာကတော့ လွီရှင်းရဲ့လည်ပင်းကို ပတ်ထားသည်။
ဒီအချိန်မှာတော့ ခေးအာက ထိုင်ခုံပေါ်ကနေ တက်လာပြီး သူမရဲ့သွားတွေကို ဖွင့်ပြကာ “ယား ယား ယား” သတိပေးသံပေးလိုက်ပြီး သူမရဲ့ခြေထောက်တွေကို တွန်းလိုက်ကာ လွီရှင်းဆီကို ထပ်ပြီး ခုန်သွားသည်။
ဒါပေမဲ့ သူမက လေထဲမှာ ရှိနေတုန်းမှာပဲ လွီရှင်းက သူ့ရဲ့တခြားလက်နဲ့ လှမ်းထုတ်လိုက်ပြီး ခေးအာက သူ့ဆီကို မရောက်ခင် လည်ပင်းကို ဆုပ်ကိုင်လိုက်သည်၊ သူမကို လေထဲမှာ တားဆီးလိုက်ပြီး အောက်ကိုဖိချလိုက်ရာ သူမရဲ့ကုတ်ခြစ်တာနဲ့ ကန်တာတွေက အချည်းနှီးဖြစ်သွားသည်။
လွီရှင်းက ကျန်းကျန်းရဲ့ ဆွဲကိုင်ထားတဲ့လျှာထဲကို သူ့ရဲ့လက်ချောင်းတွေကို ထိုးသွင်းလိုက်ရာ သူမရဲ့ခန္ဓာကိုယ်က ပြင်းပြင်းထန်ထန်တုန်ယင်သွားပြီး ဘယ်အချိန်မဆို ပြိုကွဲသွားတော့မလို ဖြစ်နေသည်။
တွားသွားမကောင်းဆိုးရွားကတော့ သူ့ရဲ့ခေါင်းခွံကွဲအက်လျက်နဲ့ လွီရှင်းရဲ့ခြေဖဝါးအောက်မှာလဲကျနေသည်။ သူက ကျန်နေတဲ့သူ့ရဲ့လျှာနဲ့ ရှုပ်ထွေးနေတဲ့သူ့ရဲ့ ဆံပင်ကို လျှာနဲ့လျက်လိုက်သည်၊ သူ့ရဲ့လက်သီးသေးသေးလေးတွေကို အားနည်းစွာနဲ့ဆန့်ထုတ်လိုက်ပြီး လွီရှင်းရဲ့ခြေကျင်းဝတ်ကို ထိုးဖို့ တုန်ယင်စွာနဲ့ လျှောက်သွားပြီး မြေပြင်ပေါ်မှာ လှဲနေလိုက်သည်။
ဘယ်လိုပဲဖြစ်ဖြစ် သူက သူ့ရဲ့အစွမ်းအစအကုန်လုံး ထုတ်သုံးလိုက်ပြီဖြစ်သည်။
ဝိညာဉ်သုံးကောင်က သူတို့ရဲ့နှလုံးသားအောက်ခြေကနေ ကိုယ်ကျိုးမဖက်တဲ့အကူအညီကို ပေးခဲ့ပြီး ယန်ကျွင်းဇဲကို အံ့အားသင့်စေခဲ့ပေသည်။ ထို့နောက် နောက်တစ်စက္ကန့်မှာတော့…
အချိန်ပြန်ရစ်!