အလှည့်အပြောင်း
Vol. 018 Ch. 1788
နန်းတော်သခင်က ထိုစကားများပြော၍ ပြီးသွားသည့်နောက် သူ၏ အာရုံကို ရီဖူရှင်းဘက်သို့ ပြန်လှည့်ကာ ပြောလိုက်သည်။ “ဖူရှင်း ဘိုးဘေး နယ်မြေကိုသွားပြီး အဲဒီပစ္စည်းကို ယူသွားလိုက်။ ပြီးရင် မင်းရဲ့ လူတွေကို ကောင်းကင် အာဏာစက် ကျောင်းတော်ကို ပြန်ခေါ်သွားတော့။”
ရီဖူရှင်းသည် နန်းတော်သခင်၏ စကားကိုကြားသည့်အခါ မှင်တက်သွားခဲ့သည်။ နန်းတော်သခင်က သူ့အား ယုံကြည်၍ နောက်ဆုံးဆန္ဒနှင့် သက်သေအထောက်ထားတို့ကို ပေးအပ်လိုခဲ့သည်လား။
နတ်နန်းတော်၏ နန်းတော်သခင်သည် မဟာလမ်းစဥ် ဘုံသုံးထောင်၌ ထိပ်သီး ပုဂ္ဂိုလ်တစ်ဦးအဖြစ် ရပ်တည်နေပြီ ဖြစ်သည်။ သူနှင့် အဆင့်တူသော တန်ခိုးရှင်များပင်လျှင် သူ့ကို ထိခိုက်အောင် လုပ်နိုင်ရန် ခက်ခဲလှသည်။ သို့သော် ယခု၌ သူသည်အဆိုးအမြင် ဝါဒကို လက်ကိုင်ထားနေသည်။ အကြောင်းရင်းမှာ သူသည် သူတို့ အရှေ့၌ ရှိနေသည့် အခြေအနေက မည်မျှ ခက်ခဲမည်ကို ရှင်းရှင်းလင်းလင်း သတိပြုမိသောကြောင့် ဖြစ်သည်။
ရီဖူရှင်းကို ပိုမို ထိတ်လန့်သွားစေသည့်အရာမှာ နန်းတော်သခင်က သူ့ကို ဘိုးဘေးနယ်မြေသို့ သွား၍ ပစ္စည်းကို ယူသွားစေလိုခြင်းဖြစ်သည်။
သိသာထင်ရှားစွာပင် သူသည် မည်သည့်အရာကို ယူသွားခိုင်းခြင်းဖြစ်ကြောင်း နားလည်ပေသည်။ ထိုသည်မှာ ရှန်ကလန်က ဘိုးဘေးနယ်မြေတွင် ထားရှိခဲ့သည့် နတ်ရတနာ ဖြစ်လေသည်။ သူ ဘိုးဘေးနယ်မြေ၌ ကျင့်ကြံခဲ့စဥ်က သူသည် ထိုမြေအတွင်းရှိ ထူးခြားဆန်းကြယ်သော တန်ခိုးရှင်တစ်ဦးနှင့် ထိုအကြောင်းကို ပြောဆိုဖူးသည်။ နတ်ရတနာသည် အခြားသူများ၏ လောဘကို ဆွဲဆောင်နိုင်သည့် ပစ္စည်းတစ်ခု ဖြစ်ပြီး ရက်စက်ယုတ်မာမှုများ၏ အရင်းခံအကြောင်းတရား ဖြစ်လာနိုင်သည်။ ယနေ့အခြေအနေတွင် လူအများက ထိုအရာကြောင့် လာကြခြင်းလည်း ဖြစ်နိုင်ပေသည်။
နတ်နန်းတော်၏ နန်းတော်သခင်သည် ရီဖူရှင်းက အကောင်းဆုံးအခွင့်အရေးဖြစ်သည်ကို ကောင်းစွာသိသည်။ ကောင်းကင်အာဏာစက်ကျောင်းတော်မှလွဲ၍ အခြားမည်သူမျှ ဘိုးဘေးနယ်မြေရှိ နတ်ရတနာကို ထိန်းသိမ်းပေးနိုင်မည် မဟုတ်ပေ။ ထို့ကြောင့် သူသည် သူ၏ မျှော်လင့်ချက်များကို ကောင်းကင်အာဏာစက်ကျောင်းတော်အပေါ် ထားရှိလိုက်ပြီး ရီဖူရှင်းက သူ၏ လူများနှင့်အတူ ထွက်ခွာသွားကာ နတ်နန်းတော်၏ ရတနာကို ယူဆောင်သွားရန် မျှော်လင့်မိသည်။
ဤနေရာတွင် နတ်နန်းတော်နှင့် ရွှေရောင်နတ်ပြည်ထောင်တို့အကြား ဖြစ်ပွားသည့် အငြင်းပွားမှုဖြစ်သည်။ ရီဖူရှင်း ဝင်ပါလျှင်ပင် အခြေအနေကို အများကြီး ပြောင်းလဲသွားစေနိုင်မည် မဟုတ်ပေ။
သူသည် တစ်ဖက်မှ အစွမ်းထက်ပုဂ္ဂိုလ်များစွာကို စေလွှတ်မည်ဖြစ်ကြောင်း သူ သဘောပေါက်ပြီး ထိုအထဲ၌ ကောင်းကင်ဒေသမှ တန်ခိုးရှင်အချို့ပင် ပါလာနိုင်သေးသည်။ ထိုသို့သော အခြေအနေအောက်တွင် သူတို့သည် အနိုင်ရရှိရန် အခွင့်အရေး မရှိနိုင်ပေ။
ရီဖူရှင်းက ထွက်သွားမသွားဘဲ မေးခွန်းထုတ်လိုက်သည်။ သူက နန်းတော်သခင်ကို ကြည့်ကာ ခပ်တိုးတိုး ပြောလိုက်သည်။ “နန်းတော်သခင် တကယ်ပဲ ဒီကိစ္စက နတ်နန်းတော်နှင့် ဆိုင်တယ်လို့ တကယ်ပဲ ထင်နေတာလား။”
“ဖြစ်လာမယ့်အရာတွေက ဖြစ်ကိုဖြစ်လာမှာပဲ။ ရှောင်လွှဲလို့ မရဘူး။”
ရွှေရောင်နတ်ပြည်ထောင်က နတ်နန်းတော်ကို ဖြိုခွဲချင်နေသည်။ ယနေ့တွင် အင်အားစုများအားလုံး ဤနေရာသို့ ရောက်ရှိနေကြပြီး ဘုံကိုးဘုံအတွင်းမှ အခြားသော ဘုံများအတွင်း သူတို့၏ မဟာမိတ်များကို ဖိအားပေးဝန်းရံထားကြသည့်အတွက် စစ်ကူများရောက်ရှိလာရန် မဖြစ်နိုင်တော့ပေ။ သူတို့၏ လှုပ်ရှားမှုသည် နတ်နန်းတော်ကိုသာလျှင် ပစ်မှတ်ထားနေသည်ဟု ထင်မှတ်ရသော်လည်း ကောင်းကင်အာဏာစက်ကျောင်းတော်၏ မဟာမိတ်အဖွဲ့ကို ဆန့်ကျင်နေခြင်းလည်း ဖြစ်ပေသည်။
“နန်းတော်သခင် ရှုံးသည်ဖြစ်စေ နိုင်သည်ဖြစ်စေ ကျွန်တော်တို့ ကောင်းကင်အာဏာစက်ကျောင်းတော်နဲ့ မဟာမိတ်တွေက နန်းတော်သခင်တို့နဲ့အတူ ရှိနေမှာပါ။” ရီဖူရှင်းက ပြောလိုက်သည်။ သူတို့ထဲက မည်သူကမှ လက်ရှောင်သွားရန် စိတ်ကူးမရှိပေ။
ဤသို့သော ကသောင်းကနင်းဖြစ်မှုများနှင့် ရင်ဆိုင်နေရစဥ် သူတို့က နတ်နန်းတော်အား စွန့်ပစ်ခဲ့ပြီး မိမိဘာသာ ရှင်သန်ရန် ကြိုးစားပါက နောက်ထပ်ပစ်မှတ်က သူတို့ ဖြစ်လာနိုင်သည်။
စစ်ပွဲဖြစ်ရန်အတွက် အကြောင်းပြချက်ရှာခြင်းမှာ အလွန်ရိုးရှင်းသည်။ ယင်းသည် ယနေ့ နတ်နန်းတော်တွင် ဖြစ်ပေါ်နေသော တိုက်ခိုက်မှုကဲ့သို့ပင် လုပ်ကြံထားသော စွပ်စွဲချက်မျှသာ ဖြစ်သည်။ နတ်နန်းတော်က ရီဖူရှင်းအား ပံ့ပိုးပေးပြီး အခြားသော တန်ခိုးရှင်များအတွက် ကျင့်ကြံရန် ဘိုးဘေးနယ်မြေ ဖွင့်ပေးရန် ငြင်းဆန်ခြင်းကြောင့်ဟု ဆိုခြင်းမှာ ရယ်စရာကောင်းသော စွပ်စွဲချက် ဖြစ်သည်။
ကောင်းကင်အာဏာစက်ကျောင်းတော်နှင့် နတ်နန်းတော်တို့၏ ကံကြမ္မာက ချည်နှောင်ခဲ့ပြီးဖြစ်သည်။ ဤမဟာမိတ်တပ်ပေါင်းစုအတွင်း မည်သူတစ်ဦးတစ်ယောက်ကမှ တစ်ကိုယ်တည်း မရှင်သန်နိုင်ကြပေ။
“နန်းတော်သခင်၊ လက်ရှိအခြေအနေက ဆက်ပြီး ရှောင်လွှဲနေလို့မရတော့ဘူး။ မဟာမိတ်တပ်တစ်ခုလုံးရဲ့ ကံကြမ္မာက ကျွန်တော်တို့ လက်ထဲမှာရှိတယ်။အခြေအနေက ဆိုးဝါးနေရင်တောင် ရှေ့ဆက်တိုးဖို့အပြင် တခြားနည်းလမ်းမရှိဘူး” ဟု ရီဖူရှင်းက ဆက်ပြောလိုက်သည်။
နန်းတော်သခင်က သူပြောတာကို ကြားပြီးနောက် ခေါင်းညိတ်လိုက်သည်။ သူက ဤအရာအားလုံးကို နားလည်သော်လည်း နတ်နန်းတော်က သန့်စင်မြင့်မြတ်နယ်မြေဖြစ်ပြီး နန်းတောိ၌ ကျင့်ကြံသောသူများသည် အကြင်နာတရားကြီးမားကာ ကမ္ဘာလောကအပေါ် မေတ္တာထားကြရမည် ဖြစ်သည်။ နန်းတော်သခင်၏ စိတ်ကူးမှာ နတ်နန်းတော်ကို သူတစ်ယောက်တည်းက ကာကွယ်ပြီး တခြားသူများအားလုံးကို အသက်ရှင်ကျန်ရစ်စေလိုသည်။
သို့ပေမယ့် လူအများ၏ အတွေးအမြင်တို့က မတူညီကြပေ။ အခြေအနေကို အကဲဖြတ်ရန် သူ့ကိုယ်ပိုင်အတွေးနှင့် လုပ်ဆောင်ခဲ့သော်လည်း တစ်ဖက်လူ၏ အမြင်များကို လျစ်လျူရှုခဲ့သည်။
ရှန်မျိုးနွယ်ဖြစ်စေ ရွှေရောင်နတ်ပြည်ထောင်ဖြစ်စေ အင်အားချိနဲ့နေခြင်းမရှိကြပေ။
“နန်းတော်သခင်.. ဒီတိုက်ပွဲက ရှောင်လွှဲလို့ မရပါဘူး။” အရှင်ထိုက်ရွှမ်ကလည်း ပြောခဲ့သည်။ သူတို့ရင်ဆိုင်နေရသည့် အခြေအနေက ပိုမိုရှင်းလင်းလာသော်လည်း ယခုချိန်တွင် သေဆုံးမှုနှင့် ဒဏ်ရာရရှိမှုများကို ရှောင်လွှဲနိုင်ရန် နည်းလမ်း မရှိသေးပေ။ အားလုံး အတူတကွ ပူးပေါင်းတိုက်ခိုက်မှသာ ရှင်သန်ရန် အခွင့်အရေး ရှိလာနိုင်ပေလိမ့်မည်။
နန်းတော်သခင်သည် အဝေးသို့ လှမ်းမျှော်ကြည့်လိုက်ပြီး လေထဲကို တက်သွားခဲ့သည်။ သူ၏ နတ်အာရုံက ထိုနယ်မြေတစ်ခုလုံးကို ဖုံးလွှမ်းထားလေသည်။ လမ်းစဥ်ပင်လယ်အထက် ပင်လယ်မျက်နှာပြင်တွင် မျောလွင့်နေသည့် လှေငယ်များက သူ၏ အသံကို ရှင်းလင်းပြတ်သားစွာ ကြားကြရသည်။ “ကိုက်ချိန်၊ မဟာဧကရာဇ်လက်အောက်က တန်ခိုးရှင်တစ်ယောက်အနေနဲ့ မင်းက အထက်ကောင်းကင်ဘုံကို မုန်တိုင်းထန်စေခဲ့တယ်။ လီနတ်ဓားမိသားစုကို ဖျက်ဆီးပြီး တိုင်းတစ်ပါးတပ်တွေကိုတောင်မှ အထက်ကောင်းကင်ဘုံထိ ခေါ်လာခဲ့သေးတယ်။ အုပ်ချုပ်သူတွေကိုလည်း မင်းနဲ့ ပူးပေါင်းဖို့ ခြိမ်းခြောက်ခဲ့တယ်။ အခု မင်းက တပ်ဖွဲ့ကို ဦးဆောင်ပြီး ရှန့်ရှောင်းနတ်နန်းတော်ကို အကျပ်အတည်းဖြစ်စေခဲ့တယ်။ တကယ်လို့ တစ်နေ့မှာ မဟာအင်ပါယာက မင်းကို မေးခွန်းထုတ်လာမယ်ဆို ဘယ်လိုပြောမလဲ။”
ကိုက်ချိန်သည် ကိုက်ထန်၏ လက်အောက်တွင် နေကာ တိုက်ပွဲကို ကိုက်ထန်က ဦးဆောင်မည်ဖြစ်သည်။ မဟာဧကရာဇ် လက်အောက်မှ တန်ခိုးရှင်တစ်ဦးအနေနှင့် ရှေ့တန်း၌နေရန်မှာ သူ့အတွက် ကိုးရို့ကားယားနိုင်လှသည်။ ထို့အတွက်ကြောင့်လည်း နတ်နန်းတော်ကို ကျူးကျော်ရန် အကြောင်းပြချက်ကာင်းကောင်းရှာခဲ့ကြခြင်း ဖြစ်သည်။ သင့်တော်သော အကြောင်းပြချက် ရှိနေသရွေ့ အနာဂတ်တွင် မဟာဧကရာဇ်၏ ဝင်ရောက်စွက်ဖက်မှုမှန်သမျှကို ကာကွယ်ပြောဆိုနိုင်စွမ်း ရှိပေလိမ့်မည်။
ထို့ပြင် မဟာဧကရာဇ်သည် လေဟာနယ်ဘုံအတွင်းမှ အဖြစ်အပျက်များကို အာရုံစိုက်သည်မှာ ရှားပါးလှကြောင်း သူ သိရှိထားသည်။ ကောင်းကင်ဒေသ အရေးများပင်လျှင် မဟာဧကရာဇ်၏ အာရုံကို ဖမ်းစားနိုင်စွမ်း သိပ်မရှိပေ။
“အဓိပ္ပါယ်မရှိတာ။ နတ်နန်းတော်က သန့်စင်မြင့်မြတ်နယ်မြေဆိုတဲ့ နာမည်ကို စွန်းထင်းစေတာမို့ အထက်ကောင်းကင်ဘုံမှာ ပိုပြီး ကောင်းမွန်တဲ့ သန့်စင်မြင့်မြတ်နယ်မြေ ရှိလာအောင် အစားထိုးသင့်နေတာ ကြာပြီပဲ။ အဲဒါက မဟာဧကရာဇ်ရဲ့ ဆန္ဒဆိုလည်း မမှားဘူး။ အထက်ကောင်းကင်ဘုံရဲ့ အနာဂတ်က ပိုပြီးကျော်ကြားလာဖို့ပဲ ရှိတယ်။ အဲဒီလိုပဲ အနာဂတ် သန့်စင်မြင့်မြတ်နယ်မြေကလည်း နတ်နန်းတော်လိုမျိုး ကိုယ်ကျိုးဖက်ပြီး တစ်ကိုယ်ကောင်းဆန်တာမျိုး လုပ်တော့မှာ မဟုတ်ဘူး။” ကိုက်ချိန်က ကျယ်လောင်စွာ ပြောလိုက်သည်။ သူက အဆုံးမဲ့လေဟာနယ် တစ်ခုလုံးကို ဖုံးလွှမ်းသွားစေလောက်သည့် အသံအားသုံးကာ ပြောခဲ့သည်။
“နှစ်များစွာကြာအောင် ရှန့်ရှောင်းနတ်နန်းတော်က ပြင်ပလောကရဲ့ ပဋိပက္ခတွေကို ဝင်မစွက်ခဲ့သလို ပြင်ပအရေးအခင်းတွေမှာလည်း ဝင်မပါခဲ့ဘူး။ မှော်နက်စစ်တပ် ရောက်လာတဲ့အခါကျမှ ဘုံကိုးဘုံရဲ့ ကတိကို ထိန်းသိမ်းဖို့ ကောင်းကင်အာဏာစက်ကျောင်းတော်နဲ့ ပူးပေါင်းခဲ့တယ်။ အဲဒါကိုလည်း လူတိုင်း မျက်မြင်သက်သေပြုပေးနိုင်တယ်။” နန်းတော်သခင်က ဆက်ပြောခဲ့သည်။ “ဒါပေမယ့် ဒီနေ့မှာတော့ နတ်နန်းတော်က ငြင်းချက်ထုတ်ရတော့မယ် ထင်တယ်။”
“နှစ်ပေါင်းများစွာ လိုက်နာကျင့်သုံးခဲ့သော စည်းကမ်းများသည် ယနေ့ခေတ်တွင် ပျက်ပြားသွားမည်ဖြစ်သည်။ ကျန်နေသေးတဲ့လူတိုင်း အတူတူ တိုက်ပွဲဝင်လိုစိတ်ရှိလို့ ဘုရားနန်းတော်ဟာ တရားဟော ဓမ္မနယ်မြေ မဟုတ်တော့ဘဲ ရိုးရှင်းတဲ့ ကျောင်းတော်ကြီးပဲ ဖြစ်ပါတယ်။ နတ်နန်းတော်ရဲ့ ဘေးကင်းစေဖို့ အစွမ်းကုန် အစွမ်းကုန် လုပ်မယ်။ ထို့ကြောင့် ဤအချိန်မှစ၍ မြတ်စွာဘုရား နန်းတော်အတွင်းသို့ ဝင်ရောက်လာသူတိုင်းသည် ကရုဏာကင်းစွာ သတ်ဖြတ်ခြင်းခံရလိမ့်မည်”
“ကျုပ်တို့ နှစ်ပေါင်းများစွာ လိုက်နာခဲ့တဲ့ စည်းမျဥ်းတွေက ဒီနေ့မှာ ကျိုးပြတ်သွားခဲ့ပြီ။ လူတိုင်းက ကျုပ်တို့နဲ့အတူ တိုက်ခိုက်ဖို့ ဆန္ဒရှိမှတော့ နတ်နန်းတော်က ဘာသန့်စင်မြင့်မြတ်နယ်မြေမှ မဟုတ်တော့ဘဲ ရိုးရိုးကျောင်းတော်တစ်ခုပဲ ဖြစ်သွားပါစေ ကျုပ်က အစွမ်းရှိသမျှနဲ့ နတ်နန်းတော်ရဲ့ လုံခြုံရေးကို ကာကွယ်သွားမယ်။ အဲဒါကြောင့် အခုချိန်ကစပြီး နတ်နန်းတော်ကို ခြေချလာတဲ့ ဘယ်သူမဆို အညှာအတာမရှိ သတိဖြတ်ခြင်း ခံရမယ်။”
နန်းတော်သခင်၏ အသံသည် ကြည်လင်ပြတ်သားလှသည်။ သူ၏ စကားသံက ဝန်းကျင်တစ်ခွင်ကို ပျံ့နှံ့သွား၏။ ထိုအချိန်၌ သူ၏ အဝတ်စများက လေတိုက်ခတ်မှုကြောင့် တဖျတ်ဖျတ် လွင့်နေခဲ့သည်။ သူ့တစ်ကိုယ်လုံးတွင် ကြမ်းကြုတ်ရက်စက်သော ရောင်ဝါတို့ဖြင့် ဖုံးလွှမ်းထားသည်။
ယနေ့တွင် သူသည် သာမန်လူများအတွက် ဂရုစိုက်ပေးမနေတော့ဘဲ သင်ကြားပြသရန်နှင့် လောကကို ကာကွယ်ရန်အတွက်လည်း စိုးရိမ်နေတော့မည်မဟုတ်ပေ။ အခုချိန်၌ သူ၏ တစ်ခုတည်းသော ပူပန်မှုမှာ နတ်နန်းတော်ကို ကာကွယ်စောင့်ရှောက်ရန်သာ ဖြစ်၏။ နတ်နန်းတော်ကို ဖျက်ဆီးလိုသူ မည်သူမဆို ခြွင်းချက်မရှိ သတ်ပစ်ရမည့် သူ၏ ရန်သူများပင် ဖြစ်သည်။
အနာဂတ်တွင် မည်သို့ပင်ဖြစ်လာပါစေ ဤတိုက်ပွဲသည် အထက်ကောင်းကင်ဘုံကို ဆုတ်ယုတ်မှုများ ဖြစ်ပေါ်လာစေလျှင်ပင် ယနေ့တွင် သူ၏ ရွေးချယ်မှုက နတ်နန်းတော်သာ ဖြစ်လေသည်။
“နတ်နန်းတော်နဲ့ မိုင်တစ်ထောင်အကွာအတွင်း ရှိနေတဲ့သူတွေ အခုပဲ ထွက်သွားပေးပါ။ မဟုတ်ရင် ခင်ဗျားတို့ကို ခြိမ်းခြောက်မှုတစ်ခုလို့ မှတ်ယူလိုက်မယ်။ တစ်ခုခုလှုပ်ရှားမယ်ဆိုတာ ဘာသနားညှာတာမှုမှ ပြနေမှာ မဟုတ်ဘူး။” နန်းတော်သခင်က ဆက်ပြောလိုက်သည်။ “အခု သွားကြတော့။”
လမ်းစဥ်ပင်လယ်အထက် ရေပေါ်တွင် မျောလွင့်နေသည့် လှေများထက်မှ လူတို့သည် နန်းတော်သခင်၏ စကားများကို ကြားလိုက်သောအခါ သူတို့၏ နှလုံးသားများက တုန်လှုပ်သွားလေသည်။
လက်ရှိနန်းတော်သခင်က ရန်မူလွန်းပြီး သာမန်နှင့် ကွဲပြားနေသည်။
မည်သူ့ကိုမှ နတ်နန်းတော်နှင့် မိုင်တစ်ထောင်အကွာအတွင်း ခြေလှမ်းခွင့်မပြုပေ။ မဟုတ်ပါက သူတို့က အသတ်ခံရပြီး စစ်ပွဲစတင်ပေလိမ့်မည်။
“ထွက်သွားပါ။ စစ်ပွဲစတင်ရင် အပြစ်မဲ့တဲ့သူတွေ ထိခိုက်သွားနိုင်တယ်။ နေရစ်ခဲ့တဲ့သူတွေကိုတော့ စစ်ပွဲမှာ ပါဝင်မယ့်သူတွေလို့ ဆုံးဖြတ်လိုက်ပါမယ်။” ဂီတနတ်နန်းတော်၏ နန်းတော်သခင်ကလည်း ဝင် ပြောလိုက်ပြီးနောက် ရုတ်တရက် လူတစ်စုက အလွန်လျင်မြန်လှသော အရှိန်နှင့် လှည့်ထွက်သွားသည်။ သူတို့က အထက်ကောင်းကင်ဘုံ၏ ကံကြမ္မာကို အဆုံးအဖြတ်ပေးမည့် တိုက်ပွဲအား မျက်မြင်တွေ့လိုကြလျှင်ပင် နတ်နန်းတော်မှ ထွက်သွားရုံအပြင် ရွေးချယ်စရာမရှိပေ။
ဤတိုက်ပွဲက နတ်နန်းတော်၏ သေရေးရှင်ရေးဖြစ်သည်။ နတ်နန်းတော်မှ တန်ခိုးရှင်အားလုံးသည် ယနေ့တွင် မည်သူတစ်ဦးတစ်ယောက်ကိုမှ သက်ညှာပေးရန် စိတ်ကူးမရှိချေ။
ထို့ကြောင့် ယင်းအရေးအခင်းနှင့် မဆိုင်သောသူများက တိုက်ပွဲနှင့် မိုင်ထောင်ချီဝေးသည့်နေရာသို့ ဆုတ်ခွာသွားရန်သာ တတ်နိုင်သည်။
ဤတိုက်ပွဲ၌ မရေတွက်နိုင်သော တန်ခိုးရှင်များ သေကြေကြမည်မှာ မလွဲဧကန်ပင် ဖြစ်သည်။
လမ်းစဥ်ပင်လယ်အထက်မှ လှေငယ်များက လျင်မြန်လှသော အရှိန်နှင့် ရွက်လွှင့်သွားကြသည်။ ယနေ့ လာရောက်သော လူများထဲမီ လူနည်းစုသာလျှင် တိုက်ပွဲ၌ ဝင်ပါလိုကြသည်။
“ကောင်းကင်သင်္ချိုင်းကလန်ကလည်း ဒီတိုက်ပွဲမှာ ပါဝင်မှာလား။” ဂီတနတ်နန်းတော်၏ နန်းတော်သခင်က လှမ်းကြည့်ကာ မေးလိုက်သည်။ သူ၏ နတ်အာရုံက ထိုနေရာတွင် ဖြန့်ကျက်နေပြီး သူ့အသံက အေးစက်နေသည်။
အထက်ကောင်းကင်ဘုံ၏ ထိပ်သီးကလန်တစ်ခုဖြစ်သော ကောင်းကင်သင်္ချိုင်းကလန်သည် တစ်ချိန်က လီနတ်ဓားကလန်နှင့် ပြိုင်ဘက်များ ဖြစ်ခဲ့သည်။
ယခုတွင် လီနတ်ဓားမိသားစုက ချေမှုန်းခံလိုက်ရပြီး ကောင်းကင်သင်္ချိုင်းကလန်က နတ်နန်းတော်ကို ဝန်းရံရန် ဤနေရာ၌ ရှိနေသည်။
“ကောင်းကင်သင်္ချိုင်းကလန်ကနေ နတ်နန်းတော်မှာ လမ်းစဥ်ရှာဖွေ ကျင့်ကြံခဲ့တဲ့သူတွေ အများကြီးရှိတယ်။ အဲဒါကြောင့် ဒီနေ့ ကျုပ်တို့ ဒီနေရာမှာ ရှိနေတာက တရားမမျှတဘူး။ ဒါပေမယ့် အခုအခြေအနေမှာ ကျုပ်တို့ဘက်က ဘာမှလုပ်နိုင်တာမရှိလို့ အခုလိုလိုက်လာရတာ။ ဒီနေ့မှာ နတ်နန်းတော်က ရှုံးနိမ့်သွားရင် ကောင်းကင်သင်္ချိုင်းကလန်က အထက်ကောင်းကင်ဘုံမှာ သင်ကြားဖို့နဲ့ သန့်စင်မြင့်မြတ်နယ်မြေ အသစ်ထူထောင်ဖို့ ကူညီပေးမယ်။” ကောင်းကင်သင်္ချိုင်းကလန် ခေါင်းဆောင်က ကျယ်လောင်စွာ ပြောလိုက်သည်။ သူက ဘက်မှားပြီးရပ်တည်နေသည်ကို ကောင်းစွာ သိရှိသော်လည်း သူ့တွင် ရွေးချယ်စရာမရှိပေ။
သူတို့က ဤမုန်တိုင်းအတွင်း ကြားမညပ်လိုပေမယ့် ရွေးချယ်ရန်အခွင့်မရှိချေ။ ရွှေရောင်နတ်ပြည်ထောင်က သူတို့ကို ရှာဖွေကာ အခြေအနေအား လာရောက်ဆွေးနွေးခဲ့သည်။ သို့ပေမယ့် ပို၍ အရေးကြီးသည်မှာ ရွှေရောင်နတ်ပြည်ထောင်မှ ပြောခဲ့သမျှ အရာအားလုံးက အမှန်ဖြစ်လာခြင်း ဖြစ်သည်။
ကလန်ခေါင်းဆောင်က ရွှေရောင်နတ်ပြည်ထောင်မှ ပြောသမျှ အမှန်ဖြစ်လာသည့်အတွက် တိုက်ပွဲ၌ ပါဝင်မည်ဟု ကတိပေးခဲ့ရသည်။
ဤလှိုင်းလုံးအောက်တွင် သူပါအတူ လိုက်ဝင်သွားရန်သာ တတ်နိုင်ပြီး တိုက်ပွဲတွင် ဘေးထွက်နေရန် မဖြစ်နိုင်ပေ။
အမှန်တွင် အထက်ကောင်းကင်ဘုံမှ အအင်အားစုအများအပြားက ဘေးထွက်ရပ်ကာ စူးစမ်းလိုခြင်းသာ ရှိသော်လည်း တစ်ဖက်က သူတို့အား ထိုအခွင့်အရေး မပေးခဲ့ပေ။
“နားလည်ပြီ။” ဂီတနတ်နန်းတော်၏ နန်းတော်သခင်က ခေါင်းညိတ်ကာ ပြောလိုက်ပြီး နောက်ထပ် ထပ်မပြောတော့ပေ။ သူက တစ်ဖက်လူ၏ ရင်ဆိုင်ရ ခက်ခဲမှုကို နားလည်ပေသည်။ သို့ပေမယ့် ယခု သူက မှားယွင်းသည့်ဘက်၌ ရပ်ရန် ရွေးချယ်လိုက်ပြီးဖြစ်ကာ မည်သည့်အရာပဲဖြစ်လာပါစေ ပုဂ္ဂိုလ်ရေးမပါသည်ကို သူ နားလည်ပေလိမ့်မည်။
ယခုချိန်တွင် အမှန်အမှားဟူ၍ မရှိတော့ဘဲ သူတို့၏ ရပ်တည်မှုက ကွဲပြားသွားပြီဖြစ်ရာ သေခြင်းရှင်ခြင်းတရားသာ ရှိကြပေတော့မည်။
“နတ်နန်းတော်က တရားမမျှတတာမို့ အထက်ကောင်းကင်ဘုံက အင်အားစုတွေ စုစည်းပြီး သန့်စင်မြင့်မြတ်နယ်မြေအသစ်ကို ထူထောင်ကြရမယ်။” ကိုက်ချိန်က ပြောလိုက်သည်။ “ကောင်းကင်အာဏာစက်ကျောင်းတော်က ဘုံကို ကျူးကျော်ပြီး ကျုပ်တို့ အထက်ကောင်းကင်ဘုံ အင်အားစုတွေနဲ့ ထိပ်တိုက်တွေ့ သွေးလွှမ်းတိုက်ပွဲ ဆင်နွှဲခဲ့တယ်။ အခု မင်းတို့က အထက်ကောင်းကင်ဘုံကို ကြီးစိုးဖို့ ကြံစည်နေတာလား။ မင်းတို့ဘက်က ဖြေရှင်းချက်ပေးပြီး တိုက်ပွဲ ထွက်သွားမယ်ဆိုရင် အချိန်မီသေးတယ်နော်။”
“ခင်ဗျား ပါးစပ်ကို ပိတ်ထားလို့ရမလား။” ရီဖူရှင်းက လေထဲရှိ ရွှေပလ္လင်ထက်မှ မောက်မာလှသည့် ကိုက်ထန်ကို ကြည့်လိုက်သည်။
ကိုက်ထန်သည် ရီဖူရှင်း၏ စကားကို ကြားသည့်အခါ သူ၏ ရွှေရောင်မျက်လုံးများဖြင့် လေဟာနယ်ကို ဖြတ်ကာ ကြည့်ရှုလိုက်သည်။ သူ့မျက်လုံးများမှ ထက်ရှမှုတို့က ရီဖူရှင်းကို ထွင်းဖောက်သွားနိုင်သည်။
သူက ရွှေရောင်ပလ္လင်ပေါ်မှ ထရပ်လိုက်သည်။ ကောင်းကင်ထက်မှ ရွှေရောင်နတ်အလင်းတို့က ကျဆင်းလာပြီး နတ်နန်းတော်တစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။ ရွှေရောင်နတ်ပြည်ထောင်သည် ထက်ရှသော လှံများကဲ့သို့ မြေပေါ်သို့ ဆင်းသက်လာကြသည်။
ကိုက်ထန်က သူ၏ လက်ကို ဆန့်ထုတ်လိုက်သည့်အခါ တုန်ခါနေသော အသံတစ်ခုထွက်ပေါ်လာသည်။ အဆုံးမဲ့ ရွှေရောင်အလင်းတို့က သူ့လက်ထဲတွင်စုစည်းလာကာ နှိုင်းယှဥ်မရသော တောက်ပမှုတို့က လေထုထဲကို ထိုးဖောက်သွားပြီး ပြိုင်ဘက်ကင်း နတ်လှံတစ်လက်ဖြစ်ပေါ်လာသည်။
သူက လက်ကို ရှေ့သို့ ဆန့်ထုတ်ကာ နတ်နန်းတော်ဘက်သို့ လှံထိပ်ဖြင့် ညွှန်လိုက်ရင်း ကြေညာလိုက်သည်။ “ဒီနေ့ရဲ့ တိုက်ပွဲက အထက်ကောင်းကင်ဘုံရဲ့ အနာဂတ်အတွက်ပဲ။”
***