ရေခဲနှင့်နှင်းအား ဖြတ်သန်း၍
Vol. 131 Ch. 1951
ဂျိုဝီ သူ့အရှေ့တွင် သေဆုံးသွားခဲ့သည်ကိုမြင်တာ့ ခန်ဂျိ နာခါတာသည် တဒင်္ဂမျှ ငူငူငိုင်ငိုင်ကြီး ဖြစ်သွားခဲ့သည်။
လက်ရှိ အခြေအနေက သူ ထင်မှတ်ထားသည်ထက်ပင် ကျော်လွန်နေခဲ့လေသည်။
လင်းရီနှင့် ညှိနှိုင်းဆွေးနွေးပြီးနောက်တွင် သူ့မစ်ရှင် ပစ်မှတ်က အများဆုံး ရှိလှ E အဆင့် ဟု တွေးထင်ထားခဲ့သည်။
သူ၏ ဒီ - အဆင့် စွမ်းရည်ဖြင့် လက်ရှိ စစ်ဆင်ရေးကို ဦးဆောင်နိုင်မည်ဟု ယုံကြည်လေသည်။
သို့သော် ဂျိုဝီနှင့် ခဏမျှ ထိတွေ့ဆက်ဆံမိပြီးနောက်တွင် သူ၏ အယူအဆတို့က ကြောက်မက်ဖွယ်ရာ ကောင်းသည်အထိ လွဲမှားနေခဲ့ကြောင်းကို သတိပြုမိလိုက်သည်။
သူတို့ ရင်ဆိုင်နေရသည့် ပြိုင်ဘက် နှစ်ဦးလုံးက စီ အဆင့်များပင်။
၎င်းတို့၏ အစွမ်းအစများက သူတို့ထက်ကို အဆင့်ကြီးတစ်ဆင့်မျှ သာလွန်နေခဲ့၏။ မဟုတ်ပါက ယခုလို အငိုက်ဖမ်းတိုက်ခိုက်သည်တွင် တန်ပြန် တိုက်ခိုက်နိုင်မှာ မဟုတ်ချေ။
လင်းရီ၏ အကူအညီသာ မပါခဲ့ဘူးဆိုပါက အင်မတန် ခက်ခဲသည့် တိုက်ပွဲ တစ်ခု ဖြစ်သွားလိမ့်မည်။
မသိစိတ်အလျောက် ခန်ဂျိ နာခါတာသည် အသက်ကို မောဟိုက်စွာ ရှူသွင်းရှူထုတ်ပြုနေသည့် လင်းရီကို လှမ်းကြည့်လိုက်မိ၏။
ယခုအခါမှပဲ အနှီ လင်းရီအမည်ရသည့် ဟွာရှန့်သားသည် သူ ထင်ထားသည်ထက် ပိုမို သန်မာနေပြီး မဆင်မခြင်လည်း နိုင်လှကြောင်းကို သတိထားမိသွားခဲ့တော့သည်။ အကယ်၍ သူသာ လင်းရီ နေရာတွင် ဆိုပါက ယခုလို သူ့ထက် အဆင့် တစ်ခုမြင့်မားနေသည့် ပစ်မှတ်အပေါ် လှုပ်ရှားဝံ့သည့် သတ္တိရှိမှာ မဟုတ်ချေ။
စက္ကန့်အနည်းငယ်ကြာ တိတ်ဆိတ်ပြီးနောက် ခန်ဂျိနာခါတာသည် သူ၏ နဂိုကိုယ်ဟန်ကို ပြန်လည် ရရှိသွားခဲ့လေသည်။
“ နောက်ထပ် ဘာဆက်လုပ်ကြမှာ… အခန်း ၁၄၀၈ ကို သွားမှာလား ….”
လင်းရီ ခေါင်းညိတ်လိုက်သည်။ “ အရည်အချင်းရှိတဲ့ လူတချို့နဲ့ လက်နက်တွေ သယ်လာပြီး ကျုပ်နောက်လိုက်ခဲ့ ….”
ထိုသို့ ပြောပြီးနောက် လင်းရီသည် အသင့် ပြင်ဆင်လာခဲ့သည့် မာ့စ်ကို ထုတ်၍ သူ့မျက်နှာအား ဖုံးအုပ်လိုက်သည်။
စောင့်ကြည့်ရေး ကင်မရာမြင်ကွင်းထဲ၌ သူ မြင်တွေ့ခဲ့ရသည်မှာတော့ လက်ရှိ သင်္ဘောပေါ်ရှိ ကိစ္စရပ်များအား နောက်ကွယ်မှ ကြိုးကိုင်နေသူသည် အခန်း ၁၄၀၈ ထဲတွင် ရှိနေလေသည်။
အကယ်၍ သူသာ မျက်နှာကို တစ်ခုခုဖြင့် မဖုံးအုပ်ထားပါက ချက်ချင်း ဖော်ထုတ်ခံလိုက်ရမည် ဖြစ်ပြီး နောက်ဆက်တွဲ အစီအစဉ်များပါ အကုန် ကမှောက်ကမ ဖြစ်ကုန်လိမ့်မည်။
“ သူတို့နဲ့ ထိပ်တိုက်ရင်ဆိုင်တော့မှာလား …”
“ အင်း … တိုက်ခိုက်ဖို့ အဆင်သင့်လုပ်ထားကြ …” လင်းရီ လေးနက်တည်ကြည်စွာ ပြောလိုက်ပြီး “ အရည်အချင်းရှိတဲ့ နင်ဂျာတွေအပြင် အပြင်ကနေ ထောက်ပို့တွေကို တားမြစ်ဖို့လည်း အသင့် ပြင်ဆင်ထား .. ပြီးတော့ တကယ့် ကမ်းရိုးတန်း အစောင့်တပ်ဆီလည်း ဆက်သွယ်ထားလိုက် … ထင်မှတ်မထားတာတွေ ဖြစ်လာရင် သူတို့က အကူအညီ ဖြစ်လာနိုင်တယ်….”
“ နားလည်ပြီ … ငါ အခုချက်ချင်း သူတို့ကို အသိပေးလိုက်မယ်….”
ခန်ဂျိ နာခါတာသည် သူ၏ အင်္ကျီကော်လံတွင် ညှပ်ထားသည့် ဝေါ်ကီတော်ကီ အသေးစားလေးသို့ စကားပြောလိုက်ပြီး လူတိုင်းအား စုဝေးလိုကသ်ည။
ဖြစ်စဉ်တစ်ရပ်လုံးက နှစ်မိနစ်ခန့်မျှသာ ကြာညောင်းပြီး ကမ်းရိုးတန်းအစောင့်တပ်ဖွဲ့ဝင် ၃၀ကျော်တို့မှာ ၁၄ လွှာ ဝင်ပေါက်ဝ၌ စောင့်ကြပ်နေခဲ့ကြ၏။
ကျန်သည့် အခြားလူများကတော့ လာရာလမ်းတွင် ရှိနေကြပြီ ဖြစ်သည်။
“ လူကြီးမင်းလင်း … တပ်သားတွေ အကုန်လုံးကို နေရာချထားပြီးပြီ …ကျန်တဲ့လူတွေကလည်း ငါးမိနစ် အတွင်းရောက်လာလိမ့်မယ်… နောက်ခြေလှမ်းတွေ ထပ်ရှိသေးတယ်ဆိုရင် အခုပဲ စလို့ရပြီ …” ခန်ဂျိ နာခါတာ ပြောဆိုလိုက်၏။
သူ၏ အရည်အချင်းတို့က လင်းရီကဲ့သို့ မထက်မြက်သော်လည်းပဲ တိုက်ပွဲအပေါ် သိနားလည်မှု စွမ်းရည်ကတော့ အထင်ကြီးလောက်စရာ ဖြစ်သည်။ မဟုတ်ပါက အာယာနဲ မစ်ဆူသည် သူ့ကို ဤနေရာသို့ စေလွှတ်လာခဲ့မှာ မဟုတ်ချေ။
“ ကောင်းပြီ …” လင်းရီ တည်ကြည်စွာ တုံ့ပြန်၍ “ ကျုပ်ရဲ့ အမိန့်ကို တစ်သွေမတိမ်း လိုက်နာဖို့ လူတိုင်းကို ပြောထား … ရင်ဆိုင်ထိတွေ့တဲ့ အခါကျရင် ဘာမှ တုံ့ဆိုင်းနေစရာ မလိုဘူး … မတ်တပ်ရပ်နေတဲ့ ပစ်မှတ်တွေ ကျန်နေတာ မလိုချင်ဘူး …”
“ နားလည်ပြီ …"
ခန်ဂျိ နာခါတာသည် အပြင်သို့ ထွက်သွားခဲ့ပြီး လူခြောက်ယောက်ကို စုစည်းကာ လင်းရီအနောက်သို့ လိုက်ရန် ဟန်ပြင်သည်။ ကျန်သူများကတော့ ၎င်းတို့ကို ချမှတ်ပေးထားသည့် နေရာ၌သာ တည်ရှိနေခဲ့သည်။
လူအုပ်စုကို လင်းရီ တစ်ချက် အမြန် သိမ်းကျုံးကြည့်လိုက်ရာ သူအပါအဝင် ဒီ အဆင့် နှစ်ယောက်နှင့် E အဆင့်က လေးယောက် ပါဝင်ကြောင်း သတိထားမိလိုက်သည်။
ရန်သူ၏ အင်အားနှင့် နှိုင်းယှဉ်ကြည့်လိုက်မည်ဆိုပါက မပြောပလောက်သော်လည်းပဲ ယခုကဲ့သို့ အသင်းမျိုးမှာ ဂျပန်နှင့် ဟွာရှ၌ အတော်လေး ဖြုံလောက်စရာ အင်အားစု တစ်ခု ဖြစ်နေချေပြီ။
“ လက်နက်တွေ ရယ်ဒီ ဖြစ်ပြီလား ….”
ခန်ဂျိ နာခါတာ ခေါင်းညိတ်လိုက်သည်။ “ အားလုံး အသင့်ပဲ ..”
လင်းရီ လက်ဝှေ့ယမ်းလိုက်ပြီး “ အကုန် ငါ့နောက်လိုက်ခဲ့ …”
အုပ်စုမှ အခန်းထဲကထွက်လာခဲ့ကြပြီး ကျန်သည့် မစ်ဆူမိသားစု၏ အခြားလူများကတော့ ဗလာကျင်းနေသည့် တခြား အခန်းများထံ ကင်းလှည့်နေခဲ့ကြပြီး အရာအားလုံးကို အစီအစဉ်တကျ အတိုင်းသာ ဆက်ရှိနေစေရန် ဖန်တီးထားခဲ့သည်။
လင်းရီကတော့ အလေးအနက် ဖြစ်နေသည့် လူတစ်စုကို အခန်း ၁၄၀၈ ထံသို့ ဦးဆောင်လာခဲ့လေသည်။
ဒုန်း ဒုန်း ဒုန်း ..
တံခါးကို ကန်ကျောက်လိုက်ပြီး မည်သည့် ဧည့်ဝတ်ပျူငှာမှုကိုမျှ လင်းရီ ပြသမနေခဲ့ချေ။
ယခုလို အခြေအနေမျိုး၌ ယဉ်ကျေးပြနေမည်ဆိုပါက မှောင်ခိုပစ္စည်း ရှာဖွေနေသည်ဟု ခေါ်ဆိုနိုင်မှာ မဟုတ်တော့ပေ။
ဘန်း ဘန်း ဘန်း …
နောက်ထပ် သုံးချက်မျှ ကန်ကျောက်လိုက်ပြီးနာက် မကြာမီ တံခါးပွင့်ဟလာခဲ့သည်။
“ ဘယ်သူလဲ … မင်းတို့ ဘာလိုချင်လို့လဲ …”
အာရှသား မျက်နှာပေါက်နှင့် အမျိုးသားတစ်ယောက်က မေးမြန်းလာခဲ့၏။
ထိုလူ၏ နာမည်က ရွှီကျားဟောင် ဖြစ်ပြီး ကိုယ်လုံးကိုယ်ထည်က လင်းရီနှင့် အတူတူလောက် ရှိသည်။ ဆံပင်မှာတော့ အနည်းငယ် ရှည်ပြီး နှုတ်ခမ်းတွင် စီးကရက်တစ်လိပ်ကို ခဲထားလျက် ရှိလေသည်။
ဟဲရစ်ကဲ့သို့ပင် ရွှီကျားဟောင်သည်လည်း ဟုန်မန်ဂိုဏ်း၏ လေ့ကျင့်ပေးမှုကို ခံထားရကာ ယခုဆို စီ အဆင့်သို့တိုင် ရောက်ရှိနေပြီး ဖြစ်သည်။
ရွှီကျားဟောင်ကို ဖြတ်ကျော်၍ ကြည့်ရှုလိုက်သောအခါ စောင့်ကြည့်ရေး ကင်မရာတွင် မြင်တွေ့လိုက်ရသည့် မျက်နှာဖုံးနှင့်လူက အခြား သူ မသိသည့် တစ်စုံတစ်ဦးနှင့် မာကျောက် စားပွဲတွင် ထိုင်ပြီး ဆော့ကစားနေခဲ့လေသည်။ ကစားပွဲက ပွဲအလယ်၌ ရောက်ရှိနေသည်မှာ သိသာလှသည်။
သို့သော် ကျီချင်းရန်၏ အရိပ်အယောင်ကိုတော့ သူ မြင်တွေ့ရခြင်း မရှိပေ။
“ ငါတို့က ဂျပန် ကမ်းရိုးတန်းအစောင့်တပ်ဖွဲ့တွေပဲ … သင်္ဘောပေါ်မှာ တရားမဝင် မှောင်ခိုပစ္စည်းတွေ တင်ဆောင်လာတယ်ဆိုပြီး သတင်းရထားတယ်… ပြီးတော့ ဒီက လူတွေ အကုန်လုံးကို ရှာဖွေ စစ်ဆေးကြည့်ဖို့ လိုတယ်….”
လင်းရီသည် ဂျပန်စကားကို တိုကျိုလေသံဖြင့် ပြီးပြည့်စုံစွာ ပြောဆိုလိုက်၏။
ဘာသာစကား မတူညီသော်လည်းပဲ အခန်းထဲရှိ နားလည်တတ်ကျွမ်းသည့် တစ်စုံတစ်ယောက်က ဘာသာပြန်ပေးသဖြင့် ပြောဆိုဆက်သွယ်ရာ၌ ပြဿနာ တစ်စုံတစ်ရာတော့ မရှိခဲ့ပေ။
“ မင်း လာနောက်နေတာလား … ငါတို့က ဂျပန်ကို လာလည်တဲ့ ခရီးသွား ဧည့်သည်တွေကွ … အဲ့လို ပစ္စည်းတွေကို ဘာဆိုင်လို့ သယ်လာရမှာ …”
“ အဲ့ကိစ္စကို မင်းဆုံးဖြတ်ရမှာ မဟုတ်ဘူး … ငါတို့နဲ့ ပူးပေါင်းဆောင်ရွက်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်…”
လင်းရီသည် ရွှီကျားဟောင်ကို တွန်းဖယ်ကာ အခန်းထဲသို့ ဝင်လိုက်၏။
ရွှီကျားဟောင် အနည်းငယ် မျက်မှောင်ကြုတ်မိသွားခဲ့ပြီး တစ်ခုခု မူမမှန်သည့်ရနံ့အား ရရှိလိုက်သည်။
ဤသည်က လင်းရီ၏ လုပ်ရပ် အပြုအမူကြောင့် မဟုတ်ဘဲ ၎င်းထံမှ စူးရှသည့် သွေးအနံ့ကို ရရှိလိုက်သောကြောင့် ဖြစ်သည်။
သူ့အမြင်၌ ဤသည်က လုံးဝ ပုံမှန် ဟုတ်မနေချေ။
လူခြောက်ယောက်မှာ အခန်း၏ ထောင့်စုံ ၊ နေရာစုံသို့ စတင် ရှာဖွေကြတော့၏။ လင်းရီနှင့် ခန်ဂျိနာခါတာတို့သည်လည်း ဘာမျှ မဖြစ်သည့် သယောင် ဟန်ဆောင်ထားကာ အခန်းအား စစ်ဆေးနေခဲ့ကြသည်။
သို့သော် လင်းရီ၏ ပစ်မှတ်က အခန်းထဲတွင် လူတစ်ယောက်ကို ကောင်းစွာ ဝှက်ထားနိုင်မည့် နေရာများကို ဖြစ်၏။
သူ ခန့်မှန်းထားသည့်အတိုင်းဆိုပါက ကျီချင်းရန်သည် ယခုအခန်းထဲတွင် ရှိနေဖို့ ရာခိုင်နှုန်း များလေသည်။
အကယ်၍ သူမကို ဤနေရာတွင် ရှာမတွေ့ဘူးဆိုပါက သူ့အစီအစဉ်များကိုလည်း ဆက်လက် အကောင်အထည်ဖော်နိုင်မှာ မဟုတ်ချေ။
ဖြည်းညင်းစွာဖြင့် လင်းရီသည် အခန်း၏ တစ်ခုသော တံခါးချပ်ထံ လျှောက်သွားခဲ့ပြီး တံခါးဘုလုံးကို လှည့်လိုက်ရာ ဂျောက်ခနဲ အသံမြည်ပြီး သော့ပွင့်သွားခဲ့၏။
တံခါးက သော့ခတ်ထားခြင်း မရှိပေ။
လင်းရီ အထဲဝင်တော့မည့် အချိန်မှာပဲ ရုတ်ချည်းဆိုသလို ရွှီကျားဟောင်၏ အသံကို အနောက်မှ နေ၍ ကြားလိုက်ရ၏။
“ အရာရှိကြီး … ငါ မင်းရဲ့ အိုင်ဒီကို တစ်ချက်ကြည့်ချင်တယ်….”
လင်းရီ၏ လက်က တံခါးဘုလုံးထံ၌သာ ရှိနေဆဲ ဖြစ်ပြီး တံခါးကို ချက်ချင်းဖွင့်၍ မဝင်သွားသေးချေ။
အဘယ်ကြောင့်ဆိုသော် ရွှီကျားဟောင်၏ အမူအရာ သဘောထားက သူ့အတွက် အန္တရာယ်ရှိသည့် လက္ခဏာများ စတင်ပြသလာသောကြောင့် ဖြစ်၏။ တစ်ဖက်က သူ မည်သူမည်ဝါ ဖြစ်ကြောင်းကို စတင်ပြီး သံသယ ရှိနေပြီ ဖြစ်သည်။
“ ကျေးဇူးပြုပြီး ကိုယ့်နေရာကိုယ် သိပေးပါ … မင်းတို့က အခု ဂျပန်ရေပိုင်နက်ထဲမှာနော်… ဒီနေရာမှာ ငါတို့ လုပ်ချင်တာ လုပ်ပိုင်ခွင့် ရှိတယ်…” လင်းရီ အေးစက်စက် ပြန်ဖြေလိုက်၏။
“ နောက်ဒုတိယ တစ်ချက်က မင်းရဲ့ အပြုအမူတွေက မှောင်ခိုပစ္စည်းတွေ သယ်ထားတယ်လို့ ငါ့ကို ပိုပြီး သံသယ ရှိစေတယ်… အားလုံးပဲ … နေရာထောင့် တစ်လက်မ မကျန်အောင် ပိုက်စိပ်တိုက် ရှာကြ …”
ပြောပြီးနောက် လင်းရီ တံခါးကို ဖွင့်ကာ အခြားတစ်ဖက်ရှိ ဧည့်ခန်းထဲသို့ ရောက်သွားခဲ့၏။
ဤနေရာတွင် ကျီချင်းရန်ကို လင်းရီ မြင်တွေ့လိုက်ရလေသည်။
တစ်ချိန်တည်းတွင် ကျီချင်းရန်လည်း လင်းရီကို မြင်တွေ့သွားခဲ့၏။
လင်းရီ ဝင်လာစဉ်ကပင် အပြင်ဘက်ရှိ အသံဗလံများကို သူမ ကြားနေရ၏။ သို့သော် ဂျပန်စကားကို နားမလည်သည့်အတွက်ကြောင့် ထိုလူများ ဘာတွေ ပြောနေကြလဲဆိုတာကို နားမလည်နိုင်ခဲ့ချေ။
သို့ပေမယ့်လည်း အသံက သူမအတွက် အတော်လေး ရင်းနှီးနေသည်ကိုတော့ ခံစားနေမိ၏။ သို့သော် တစ်ဖက်သူ ပြောနေသည်က ဂျပန်ဘာသာစကားဖြစ်နေသဖြင့် သူမ များများစားစားတော့ မတွေးတောမိခဲ့ချေ။
ထိုအချိန်မှာပဲ ကျီချင်းရန်၏ ကိုယ်မှာ သွေးလန့်သွားသကဲ့သို့ ရုတ်ချည်း အေးခဲသွားခဲ့သည်။
သူမ အရှေ့တွင် ရှိနေသူက မာ့စ်တပ်ထားသော်လည်းပဲ အနှီပုဂ္ဂိုလ်၏ ပုံရိပ်အား သူမ အဘယ်၌ မေ့လျော့နိုင်ပါမည်နည်း။
ကျီချင်းရန်၏ ခန္ဓာကိုယ်မှာ ထိန်းချုပ်မရနိုင်စွာ တုန်ယင်လာခဲ့၏။
လင်းရီ ရုတ်တရက်ချည်း ထွက်ပေါ်လာ၍ သူမကို ပြန်ခေါ်သွားပေးလိမ့်မည်ဟု မတွေးတောဖူးခဲ့တာတော့ မဟုတ်ချေ။ သို့ပေမယ့်လည်း ထိုအတွေးက သူမ၏ စိတ်ကူးယဥ် သပ်သပ်မျှသာဖြစ်ကြောင်းလည်း ကိုယ့်ကိုယ်ကို သိပေသည်။
သို့သော် ယခုအခါ၌ လင်းရီမှာ သူမရှေ့တွင် အမှန်တကယ် ထွက်ပေါ်လာခဲ့သည်။
သူမကို အိမ်သို့ ပြန်ခေါ်သွားရန်တွက် သူသည် နှင်းနှင့် ရေခဲတို့အား တုံ့ဆိုင်းခြင်း မရှိ ဖြတ်ကျော်လာခဲ့သည်။