← Chapters

မျက်တောင်မခတ် သတ်ဖြတ်ခြင်း

Vol. 131 Ch. 1952

မျက်တောင်မခတ် သတ်ဖြတ်ခြင်း

Vol. 131 Ch. 1952

အကြည့်နှစ်ခုမှာ ချက်ချင်း ဆုံတွေ့သွားခဲ့၏။ သို့သော် အချင်းချင်း နားလည်မှု ရှိရှိနှင့် မည်သူကမျှ စကားမပြောခဲ့ကြချေ။

အဘယ်ကြောင့်ဆိုသော် သူမ နံဘေးတွင် အာရှသားမျက်နှာပေါက်နှင့် အမျိုးသမီး တစ်ဦး ရှိ၏။ ထိုအမျိုးသမီးက လင်းရီကို သတိထားသည့် အကြည့်မျက်ဝန်းတို့ဖြင့် ကြည့်ရှုနေခဲ့လေသည်။

သူမ၏ အခြားလက်တစ်ဖက်က ကျီချင်းရန်၏ ခါးအောက်ပိုင်းသို့ ပွေ့ဖက်ထားပြီး ပုံစံကြည့်ရသည်မှာတော့ ဓားတစ်ချောင်ဖြင့် ထောက်ထားသည့်ဟန်ပင်။ ဤသည်က ကျီချင်းရန်ကို မလိုအပ်သည့် စကားများအား လျှောက်ပြောပြီး အစီအစဉ်များ ပျက်စီးသွားခြင်းမှ ကာကွယ်ရန်အတွက် ဖြစ်၏။

“ ငါက ခြိမ်းခြောက်ခံရတာကို စောက်ရမ်း မုန်းတဲ့ကောင် … မင်းရဲ့ အဆင့်အတန်းဆိုတဲ့ ဂုဏ်ပုဒ်နဲ့ ငါ့ကိုလာပြီး ဖိအားပေးဖို့ မကြိုးစားနဲ့ …. “ ရွှီကျားဟောင် ပြောလိုက်သည်။ “ ဘယ်လိုပဲဖြစ်ဖြစ် ငါ မင်းရဲ့ အိုင်ဒီကို အခု ကြည့်ချင်တယ်… မဟုတ်ရင် ရိုင်းတယ်လို့ မဆိုနဲ့ပေါ့…”

လင်းရီ မျက်မှောင်ကြုတ်လိုက်မိသည်။ ရွှီကျားဟောင်၏ သံသယက သူ့ကို အတော်လေး ဘေးကြပ်နံကြပ် ဖြစ်နေစေသည်။

ယခုမတိုင်မီက လင်းရီသည် အခန်း ၁၄၀၈ တွင် အသုံးပြုခဲ့သည့် နည်းလမ်းကို ဆက်ပြီး အသုံးပြုဖို့ စီစဉ်ထားခဲ့၏။

ကျီချင်းရန်၏ ဘေးကင်းလုံခြုံမှုကို အတည်ပြုပြီးသည်နှင့် အဆိုပါ နည်းလမ်းအတိုင်း အခန်းထဲရှိ လူတိုင်းကို ရှင်းလင်းဖို့ စီစဉ်ထားသည်။ သို့သော် အနှီလူက သူထင်ထားတာထက်ပိုပြီး သံသယ များနေခဲ့လိမ့်မည်လို့တော့ မျှော်လင့်မထားခဲ့ပါချေ။

ကြည့်ရသည်မှာ ယခင်အစီအစဉ်အတိုင်း ဆောင်ရွက်ရန်က ခက်ခဲတော့မည့်ဟန်ပင်။

“ မင်းမှာ အဲ့လို အခွင့်အရေးမျိုး မရှိဘူးလို့ ငါပြောပြီးပြီ… ငါ့ကို လာမစမ်းနဲ့ ….”

အေးစက်စက် တုံ့ပြန်ပြီးနောက် လင်းရီသည် ရွှီကျားဟောင်ကို လျစ်လျူရှုကာ ကျီချင်းရန်ထံသို့ အာရုံပြန်ပို့လိုက်သည်။

သူ့အတွက်ကတော့ ကျီချင်းရန်၏ လုံခြုံရေးအား အတည်ပြုမည့် စစ်ဆင်ရေးက အောင်မြင်ပြီး ဖြစ်၏။ သွေးထွက်သံယို ကိစ္စများအား မလွှဲရှောင်နိုင်ပေမယ့်လည်း ထိုမျှအထိ အတွေးလွန်နေရန်တော့ မလိုချေ။

ထိုအခိုက်အတန့်တွင် လင်းရီ မျက်လုံး စုံမှိတ်လိုက်၏။ တစ်စက္ကန့်မျှ ကြာပြီးနောက်တွင် ကျီချင်းရန်မှာ လင်းရီဆိုလိုချင်သည့် အဓိပ္ပာယ်အား နားလည်သဘောပေါက်သွားခဲ့လေသည်။

ဘန်း …

ကျီချင်းရန် မျက်လုံးမှိတ်လိုက်သည့် အခိုက်အတန့်မှာပဲ လင်းရီသည် အိတ်ထောင်ထဲက သေနတ်ကိုထုတ်၍ ဘေးရှိ အမျိုးသမီးအား ချိန်ရွယ်ကာ ခလုတ်မောင်းကို ဆွဲလိုက်သည်။

တစ်ဖက်သူ၏ နဖူးအလယ်တည့်တည့်၌ သွေးရာအပေါက်တစ်ခု ဖြစ်ပေါ်လာခဲ့ပြီး နေရာ၌ပင် ချက်ချင်း သေဆုံးသွားခဲ့သည်။

ရုတ်ချည်းထွက်ပေါ်လာသည့် သေနတ်သံက နေရာတစ်ခုလုံးကို ရုတ်ရုတ်သဲသဲ ဖြစ်သွားစေသည်။

အေးအေးဆေးဆေး မာကျောက်ဆော့ကစားနေသည့် ချိန်ချန်းရုံလည်း ယခုလို မြင်ကွင်းမျိုးက ရုတ်တရက်ကြီး ဖြစ်ပေါ်လာလိမ့်မည်လို့ မျှော်လင့်မထားခဲ့ချေ။

“ ချီးပဲ … လှုပ်ရှားကြတော့ …”

ထိုအချိန်မှာပဲ ချိန်ချန်းရုံသည် သူ လှည့်စားခံလိုက်ရပြီဆိုတာကို သတိပြုမိသွားခဲ့တော့၏။

လင်းရီ၏ သေနတ်သံက အမိန့်တစ်ခု ဖြစ်ပြီး ခန်ဂျိနာခါတာနှင့် အပြင်တွင် ရှိနေကြသည့် ကျန်သူများအားလုံး သူတို့၏ သေနတ်ခလုတ်များကို ချက်ချင်း ဆွဲလိုက်ကြသည်။

ဘန်း ဘန်း ဘန်း ဘန်း ဘန်း …..

ချက်ချင်း ဆိုသလို နားပင်းမတတ် ဆူညံသံတို့က စင်္ကြံလမ်းတစ်လျှောက်သို့ မြည်ဟည်းသွားခဲ့သည်။

လင်းရီသည် နောက်သို့လှည့်၍ တံခါးကို သော့ခတ်လိုက်သည်။ ကျီချင်းရန်ထံသို့ ချက်ချင်း ပြေးသွား၍ သူမကို မင်းသမီးပွေ့ချီချီကာ အဝတ်ဗီရိုထဲ ထည့်ထားလိုက်သည်။ ထို့နောက် မျက်လုံးတည့်တည့်သို့ ကြည့်၍ တည်ငြိမ်သည့် လေသံဖြင့် ပြောဆိုလိုက်၏။

“ ငါတစ်ယောက်လုံး ရှိတယ်နော်… ဘာမှ မကြောက်နဲ့ … မင်းကို သေချာပေါက် ပြန်ခေါ်သွားပေးမယ်…”

“ လင်းရီ …”

လင်းရီ အနောက်သို့ လှည့်သွားစဉ်မှာပဲ ကျီချင်းရန်သည် အနောက်မှနေ၍ သူ၏ လက်ကို တင်းကြပ်စွာ လှမ်းဆွဲလာခဲ့သည်။

သူမ၏ မျက်လုံးများတွင် မျက်ရည်တို့က ပြည့်လွှမ်းနေခဲ့၏။ သို့သော် အသိစိတ်ရှိစွာဖြင့် တီဗွီဇာတ်ကားများထဲရှိ ဇာတ်လိုက်မင်းသမီးများကဲ့သို့ ဒရာမာဆန်ဆန် ‘ သွားတော့ ... သွား... ဒီမှာ အန္တရာယ်များတယ်... ငါ့ကိုထားခဲ့...… မြန်မြန်လေး ... ’ စသဖြင့် စောက်ဦးနှောက်မရှိသည့် စကားလုံးများကိုတော့ နှုတ်က မပြောဆိုခဲ့ချေ။

ထိုအတိုင်းလေးပဲ လင်းရီကို ငေးကြည့်နေခဲ့ရင်း

မျက်လုံးနှစ်ဖက်ရှိ မျက်ရည်တို့က ဖြည်းညင်းစွာ စီးကျလာခဲ့၏။

“ နင် တစ်ခုခု ထပ်ဖြစ်တာကို ငါမလိုချင်တော့ဘူး … နင် အဲ့လိုမျိုး နောက်တစ်ကြိမ် ထပ်ဖြစ်လာရင် ငါတကယ် အသက်ဆက်ရှင်နိုင်တော့မှာ မဟုတ်ဘူး …”

“ ငါ ဂရုစိုက်ပါ့မယ်…”

လင်းရီ ပြန်လည်တုံ့ပြန်၍ ဗီရိုတံခါးကို ပိတ်လိုက်သည်။ ထိုအချိန်မှာပဲ တံခါးမှာ အကြမ်းပတမ်း ကန်ကျောက်ခံလိုက်ရပြီး ပွင့်ဟလာသည်။ ဟဲရစ်၊ ရွှီကျားဟောင်နှင့် လီချန်ရှန်းတို့အားလုံး အတွင်းသို့ ပြေးဝင်လာခဲ့ကြ၏။

တံခါးပေါက်ဝမှတဆင့် အပြင်၌ လူတော်တော်များမှာ ကြမ်းပြင်သို့ လဲလျောင်းနေသည်ကို လင်းရီ မြင်တွေ့လိုက်ရသည်။

သူတို့ တွေးထင်ထားခဲ့သည်မှာ လူအင်အားနှင့် လက်နက်အင်အား အသာစီးဖြင့် အစစအရာရာ အဆင်ပြေလိမ့်မည်ဟု ထင်မှတ်ထားခဲ့သော်လည်းပဲ ကြည့်ရသည်မှာ ရန်သူက ကောင်းစွာ ကြိုတင်ပြင်ဆင်ထားခဲ့ဟန်ပင်။ နှစ်ဖက် အပြန်အလှန် ပစ်ခတ်မှုက လက်ရည်တူညီသည့် အဆင့်သို့တိုင် ရောက်ရှိနေခဲ့ပြီး ဖြစ်သည်။

ထို့နောက် လင်းရီ၏ အကြည့်က ဟဲရစ်နှင့် ကျန်သူတို့ထံ ကျရောက်သွားခဲ့သည်။ သူတို့ သုံးယောက်လုံးတွင် ဒဏ်ရာအနည်းငယ်စီသာ ရရှိထားကြောင်း လင်းရီ သတိပြုမိလိုက်လေသည်။

အထူးသဖြင့် ရွှီကျားဟောင် ဖြစ်၏။ သူ၏ ဝမ်းဗိုက်အောက်ပိုင်းတွင်သာ ကျည်ရာတစ်ချက် ထိမှန်ခံထားရပြီး ၎င်း၏ သန်မာသည့် ကိုယ်ခံအားဖြင့် ပြင်းထန်သည့် အနာတရတစ်ခုတော့ မဟုတ်ခဲ့ချေ။

အဆိုပါ အသေးစိတ် အချက်အလက်များမှတဆင့် ဤလူသုံးယောက်လုံးက စီအဆင့် သို့မဟုတ် ဘီအဆင့်နှင့် နီးကပ်နေသူများဖြစ်ရမည်ဟု ချက်ချင်းလက်ငင်း ကောက်ချက်ချလိုက်သည်။

မဟုတ်ပါက ၎င်းတို့အဖွဲ့၏ ရုတ်တရက် စီးနင်းဝင်ရောက် တိုက်ခိုက်မှုအောက်တွင် ပေါ့ပေါ့ပါးပါး ဒဏ်ရာဒဏ်ချက်များနှင့် အခြေအနေကို ထိန်းသိမ်းထားနိုင်မှာ မဟုတ်ချေ။

“ မင်းက ကျုံးဝေ့တပ်ဖွဲ့ကပဲ …” ဟဲရစ် မဲမှောင်နေသည့် အမူအရာဖြင့် လင်းရီကို ကြည့်ပြီး ပြောဆိုလိုက်သည်။

လင်းရီ စကေဘာကို ထုတ်ယူလိုက်၏။ “ အခုချိန်မှတော့ ဒါတွေ ပြောနေဖို့ လိုသေးလို့လား …”

“ ဒီကလည်း မင်းနဲ့ အပိုစကားတွေ မပြောချင်တော့တာ အတော်ပဲပေါ့ …”

သုံးယောက်လုံး တစ်နေရာစီ နေရာယူ၍ တိုက်ခိုက်ရန် ဟန်ပြင်လိုက်သည်။

ဟဲရစ် အရင်ဆုံး ရှေ့သို့ ပြေးဝင်လာသည်။

ရှိနေသည့် လူသုံးဦးထဲတွင် သူက အတော်ဆုံးဖြစ်ပြီး လင်းရီ သတ်ဖြတ်ခဲ့သည့် ဂျိုဝီနှင့် မာတင်တို့ထက်ပင် သန်မာသေးသည်။

သို့သော် လင်းရီကတော့ သူနှင့် ထိပ်တိုက်ရင်ဆိုင်ခြင်းကို ရှောင်ဖယ်ကာ တိုက်ခိုက်လာမှုအား ရှောင်တိမ်းလိုက်သည်။

တစ်ဖက်သူက စီအဆင့်သို့တိုင် ရောက်ရှိထားပြီး သူ့ထက် အဆင့်ကြီးတစ်ခု သာလွန်နေသူပင်။ ထို့အပြင် သုံးယောက် တစ်ယောက် အနေအထား၌ ထိပ်တိုက်ရင်ဆိုင်သည်က ဆင်ခြင်ဉာဏ်ရှိသည့် ရွေးချယ်မှု တစ်ခုမဟုတ်ချေ။

ဟဲရစ်၏ တိုက်ခိုက်မှုကို ရှောင်တိမ်း၍ ဒဏ်ရာရနေသည့် ရွှီကျားဟောင်ထံ လင်းရီ ဦးတည်လိုက်သည်။

“ အိပ်မက်မက်နေလိုက် …”

လင်းရီ၏ အစီအစဉ်ကို လီချန်ရှန်းက ထွင်းဖောက်မြင်နေပြီး သူ့အား ခြေထောက်ဖြင့် တိုက်ခိုက်လာခဲ့သည်။

ရွှီကျားဟောင်လည်း မိမိ၏ အခြေအနေကို ကောင်းစွာ နားလည်သဘောပေါက်ထားသည်။ ဒဏ်ရာက မပြင်းထန်သော်လည်းပဲ သူ၏ လှုပ်ရှားမှုအပေါ်တွင်တော့ အကျိုးသက်ရောက်မှု တချို့ ရှိလေသည်။

အကယ်၍ သူ့ရှေ့ရှိ ဟွာရှန့်လူမျိုးကသာ ပစ်မှတ်ထားလာခဲ့မည်ဆိုပါက သူ့မှာ အသက်အန္တရာယ်နှင့် ရင်ဆိုင်ရကိန်း ရှိသည်။

လီချန်းရှန်၏ တိုက်ခိုက်မှုနှင့် ရင်ဆိုင်ရသည်တွင် လင်းရီ တိုက်ရိုက်တုံ့ပြန်ခြင်းကို ရှောင်ရှား၍ ထိုအစား သေနတ်ထုတ်ကာ လီချန်းရှန်ထံ နှစ်ချက် ဆက်တိုက် ပစ်ခတ်လိုက်၏။

အခြေ အနေမဟန်သည်ကို မြင်တော့ လီချန်းရှန်သည် ခန္ဓာကိုယ်ကို ချက်ချင်း တစ်ပတ်လှိမ့်ကာ ကျည်ဆံများအား ရှောင်တိမ်းလိုက်သည်။

“ သေစမ်း … ငါ့ကို ဒဏ်ရာရထားတယ်ဆိုတာနဲ့ပဲ အထင်သေးချင်နေတယ်ပေါ့ …”

လင်းရီ သူ့အား ပစ်မှတ်ထားလာသည်ကို မြင်တော့ ရွှီကျားဟောင်သည် စော်ကားခံလိုက်ရသည့်သဖွယ် ခံစားလိုက်ရပြီး ယမ်းပုံမီးကျ ဒေါသထွက်သွားခဲ့၏။

သူ့အမြင်၌ ဒီ အဆင့် ရှိသည့် ကောင်စုတ်လေးက သူကဲ့သို့ စီအဆင့် ရှိသူတစ်ဦးအား ပစ်မှတ်ထားလာသည်ကို သူ၏ မာနက လုံးဝ လက်သင့်မခံနိုင်ခဲ့ချေ။

လက်ဖဝါး နှစ်ခုကို ရင်ဘက်ရှေ့စုစည်းလျက် ရွှီကျားဟောင်သည် လင်းရီနှင့် ထိပ်တိုက်ရင်ဆိုင်ကာ သူ၏ မာနအား ပြန်လည် အသက်သွင်းရန် ကြိုးပမ်းလိုက်သည်။

“ ဒီနေ့ … ငါတို့နဲ့ မင်းလို ဒီ အဆင့် အမှိုက်ကြား ကွာဟမှုက ဘာလဲဆိုတာ ပြပေးမယ်…”

ဝှစ် …

လင်းရီ၏ ဒူးက ရွှီကျားဟောင်၏ ရင်ဘက်နှင့် ထိပ်တိုက်တွေ့သွားခဲ့၏။

ချက်ချင်းဆိုသလို ရွှီကျားဟောင်သည် အရှိန်ပြင်းသည့် ထရပ်ကားကြီး တစ်စင်းက သူ့အား ဝင်တိုက်လာသည့်နှယ် ခံစားလိုက်ရကာ လက်ဖဝါးရှိ အရိုးများလည်း ကျိုးကြေသွားခဲ့တော့၏။

“ အားးးးးးး “

အော်မြည်သံတစ်ခုနှင့်အတူ အောက်သို့လဲကျသွားခဲ့ပြီး လင်းရီ၏ ဒူးဖြင့် အပေါ်က တက်ဖိထားခြင်းကို ခံလိုက်ရသည်။

“ မဖြစ်နိုင်တာ …”

ဟဲရစ်နှင့် လီချန်းရှန်တို့ ပြိုင်တူ မြည်တမ်းမိသွားခဲ့ကြသည်။

ရွှီကျားဟောင်က ဒဏ်ရာရထား၍ သူ၏ လှုပ်ရှားနိုင်စွမ်းအပေါ်တွင် သက်ရောက်မှု တချို့ ရှိပါသော်လည်း ဒီ အဆင့် ရှိသည့် လူတစ်ယောက်၏ ခွန်အားကြောင့် အမှောက်သိပ်ခံလိုက်ရသည်မှာတော့ လုံးဝ မဖြစ်နိုင်ပေ။

အဘယ်ကြောင့် ဤသို့ ဖြစ်လာရသလဲဆိုတာကို သူတို့နှစ်ဦးလုံး နားမလည်နိုင်ခဲ့ကြချေ။ အလားတူ ရွှီကျားဟောင်လည်း နားမလည်နိုင်ဘဲ ရှိနေခဲ့၏။

သူ့အမြင်တွင်တော့ လင်းရီ၏ ခွန်အားနှင့် တိုက်ခိုက်မှုစွမ်းအားက စီအဆင့်သို့တိုင် ရောက်ရှိနေခဲ့ပြီး ဖြစ်သည်။

“ မင်း …. ရန်လုံအသင်းကပဲ …”

ရွှီကျားဟောင် ကျယ်လောင်စွာ အော်မြည်လိုက်ပြီး သူ၏ မျက်ဝန်းအစုံက အံ့အားသင့်မှုတို့ဖြင့် ပြည့်လျှံနေခဲ့သည်။

“ အမှန်တရားက မင်းနဲ့ မဆိုင်ဘူး … မင်းသွားရမယ့် လမ်းကိုသာ ဖြောင့်ဖြောင့်ရောက်အောင် ပို့ပေးလိုက်မယ်…”

ပြောပြီးသည်နှင့် လင်းရီ၏ စကေဘာက အလင်းတန်းတစ်ချက် လက်သွားခဲ့ပြီး ရွှီကျားဟောင်၏ လည်ပင်းတစ်လျှောက် ပြတ်ရှသွားခဲ့၏။ သူ၏ မျက်လုံးနှင့် ပါးစပ်တို့မှာ မယုံကြည်နိုင်ဟန်ဖြင့် ပြူးကျယ်ပွင့်အာနေခဲ့ကာ မိနစ်ဝက်အတွင်းမှာပဲ အသက်ငင်၍ သေဆုံးသွားခဲ့တော့သည်။

“ ငိုးမသား သေလိုက်စမ်းကွာ …”

လင်းရီ အောင်မြင်သွားသည်နှင့်တစ်ပြိုင်နက် အလှမ်းသိပ်မဝေးသည့်နေရာတွင်ရှိ လီချန်ရှန်းက ဝင်ရောက် တိုက်ခိုက်လာသည်။

ဤတစ်ကြိမ်တွင်တော့ တစ်ဖက်သူမှာ လက်ဦးမှုရယူ၍ လင်းရီကို တုံ့ပြန်ရန်ပင် အခွင့်အရေးမပေးဘဲ ခြေထောက်ဖြင့် ဆောင့်ကန်ပစ်လိုက်သည်။

ဝှစ် …

ခန္ဓာကိုယ်တစ်ခုလုံး ထိန်းချုပ်နိုင်စွမ်းမှ လွတ်ကင်းသွားခဲ့ပြီး တစ်ဖက်သို့ လွင့်ပျံသွားခဲ့ကာ ကျီချင်းရန် ပုန်းအောင်းနေသည့် ဗီရိုအနီးနားသို့ ရောက်ရှိသွားခဲ့၏။

All Chapters