← Chapters

သူ့ကို အရှင်ဖမ်း

Vol. 131 Ch. 1953

သူ့ကို အရှင်ဖမ်း

Vol. 131 Ch. 1953

ခရက်… ဝုန်း

“ အားးးး “

သစ်သားဗီရိုမှာ အစိပ်စိပ်အမြွှာမြွှာ ဖြစ်သွားခဲ့ပြီး အတွင်းတွင် ပုန်းအောင်းနေသည့် ကျီချင်းရန်မှာ ဝိဉာဏ်လွင့်လုမတတ် ထိတ်လန့်သွားခဲ့ပြီး သူမ၏ ခန္ဓာကိုယ်မှာလည်း ထိန်းချုပ်မရနိုင်စွာ တုန်ယင်လာသည်။

“ လင်းရီ …”

လင်းရီ၏ စို့နင့်ဖွယ်ရာ မြင်ကွင်းကို မြင်တွေ့လိုက်ရတော့ ကျီချင်းရန်မှာ အော်ဟစ်ပြီး သူ့အနားသို့ ပြေးလွှားရောက်လာခဲ့၏။

“ ငါ အဆင်ပြေပါတယ်…”

လင်းရီ အပြုံးတစ်ခုဖြင့် စိတ်မပူရန် ပြန်ပြောလိုက်သည်။

သူက တစ်ချက်သာ အကန်ခံလိုက်ရသည်ဆိုသော်လည်း လီချန်ရှန်း၏ ခွန်အားက စီအဆင့်ပင်။ ထိုအဆင့်ရှိသည့် လူ၏ ခွန်အားပြည့် တိုက်ခိုက်လာမှုကို လင်းရီ တောင့်ခံနိုင်သည်ကပင် အံ့ဖွယ်တစ်ပါး ဖြစ်နေခဲ့ချေပြီ။

နှုတ်ခမ်းထောင့်စွန်းတွင် စီးကျနေသည့် သွေးများအား လက်ဖြင့်သုတ်ပြီး လင်းရီ မတ်တပ်ပြန်ရပ်လိုက်သည်။ ထို့နောက် ၎င်းတို့နှစ်ဦးထံ ပြန်လည် ဦးတည်လိုက်၏။

ဟဲရစ်လည်း အပိုစာသားများရွတ်ရင်း လေကုန်ခံမနေတော့ဘဲ လီချန်ရှန်းနှင့်အတူ ပူးပေါင်းကာ လင်းရီထံသို့ ပြေးဝင်လာခဲ့၏။

နှစ်ဦးလုံး တစ်ပြိုင်နက် လှုပ်ရှားလာခဲ့ပြီး လင်းရီ၏ ပြေးပေါက်အလုံးစုံကို ပိတ်ဆို့ထားခဲ့သည်။

အရေးတကြီး ဖြစ်နေသည့် အခြေအနေ၌ လင်းရီသည် သေနတ်ထုတ်၍ ဟဲရစ်ထံသို့ ပစ်ခတ်လိုက်သည်။

ဤသို့သော နည်းလမ်းဖြင့် ဟဲရစ်ကို ဖယ်ရှားဖို့တော့ လင်းရီ မရည်ရွယ်ထားပေ။ ဤအတိုင်း ၎င်းတို့၏ တိုက်ခိုက်မှုပုံစံကို နှောင့်ယှက်ချင်ရုံမျှ ဖြစ်ပြီး သူ့ကိုယ်သူအတွက် လွတ်လမ်းတစ်ခု ဖန်တီးချင်၍ ဖြစ်၏။

သေနတ်ပြောင်းဝမှနေ၍ နီဝါရောင် မီးတောက်တစ်ခု ထွက်ပေါ်လာခဲ့ပြီး ဟဲရစ် ချက်ချင်း ဘေးသို့ ကပ်ကာ ရှောင်တိမ်းလိုက်သည်။ ဤသည်ကပဲ လင်းရီအတွက် အခွင့်အရေးတစ်ခုကို ဖန်တီးပေးသွားခဲ့လေသည်။

အဟုန်အပြည့်ဖြင့် သူ့ထံပြေးလာနေသည့် လီချန်ရှန်းကို လင်းရီ ထိပ်တိုက်ရင်ဆိုင်လိုက်သည်။

“ မင်း .. မျိုးမစစ် … မင်းကိုယ်မင်း ငါနဲ့ ယှဉ်နိုင်တယ် ထင်လား …”

လီချန်ရှန်း ဒေါသတကြီး ကျိန်ဆဲလိုက်၏။ ထိုအခိုက်အတန့်တွင် သူ၏ ဒေါသသံက သူ့ခွန်အားထက်ပင် ပိုပြီး သာလွန်နေပုံ ပေါက်နေသည်။

ဘန်း …

ခြေထောက်နှစ်ခုက ထိပ်တိုက်ဆုံတွေ့သွားခဲ့ပြီး စူးအောင့်သည့် နာကျင်မှုက ရုတ်ချည်း ထွက်ပေါ်လာသည်။

လီချန်ရှန်း၏ စိတ်ထဲ အတွေးပေါင်းများစွာ ဖြတ်ပြေးသွားခဲ့သည်။ လင်းရီ၏ အောက်ပိုင်း သန်မာမှုက သူ့ကို ကြောက်လန့်စေသည်အထိပင်။

သူကိုယ်၌က စီအဆင့် တိုက်ခိုက်ရေးသမား တစ်ဦးဖြစ်သော်လည်းပဲ နာကျင်မှုကို ခံစားလိုက်ရ၏။

ဒီကောင်က ဘာကောင်လား … သူ့အရိုးတွေက သံမဏိနဲ့ လုပ်ထားတာလား …

လီချန်ရှန်း ခံစားရ ကောင်းမွန်မနေသကဲ့သို့ လင်းရီလည်း သာယာမနေခဲ့ချေ။ သူ့ခြေထောက်တစ်ချောင်းလုံး ၁၂ ပေါင်တူဖြင့် ထုနှက်ခံလိုက်ရသည့်နှယ် ခံစားသွားခဲ့ရသည်။

ယခင်ကလည်း စီ အဆင့်ရှိသည့် စွန်းမန်လုံကို သူ အနိုင်ယူခဲ့ဖူးပေမယ့် ထိုကောင်က လက်ရှိ လီချန်ရှန်းနှင့် မည်သို့မျှ နှိုင်းယှဉ်နိုင်စွမ်း မရှိပေ။ နှစ်ယောက်က လုံးဝကို မတူညီသည့် လယ်ဗယ်တစ်ခု၌ ရှိနေသည်။

ဤအတောအတွင်း သူ့အဆင့်က အနည်းငယ် တိုးတက်လာသည် ဆိုသော်လည်းပဲ လီရှန်ချန်းကဲ့သို့ လူများနှင့် ထိပ်တိုက်ရင်ဆိုင်ရာတွင်တော့ အမြဲတမ်း ကူကယ်ရာမဲ့ရစမြဲပင်။

“ အားးး … ဒီကို မလာခဲ့နဲ့ ….”

တိုက်ကွက်ဖလှယ်ပြီးသည့်နောက် လင်းရီ ထပ်မံ လှုပ်ရှားတော့မည့် အချိန်မှာပဲ အနောက်ရှိ ကျီချင်းရန်၏ အလန့်တကြား အော်ဟစ်သံကို ကြားလိုက်ရလေသည်။

လင်းရီ ရင်တစ်ချက် ထိတ်သွားခဲ့ပြီး အလျင်အမြန် လှည့်ကြည့်လိုက်ရာ စောနက သူ ခြောက်လှန့်သည့် ဟဲရစ်သည် သူ့အား ဆက်လက် တိုက်ခိုက်ခြင်း မပြုဘဲ ထိုအစား ကျီချင်းရန်ထံသို့ ပစ်မှတ်ထားနေသည်ကို ဒေါသဖြစ်ဖွယ် မြင်တွေ့လိုက်ရသည်။

“ ငါ -ိုးပဲ …”

ဘန်း ဘန်း ဘန်း …

လင်းရီ ကျိန်ဆဲပြီး ဟဲရစ်ထံသို့ ကျည်ဆံ ဆက်တိုက် ပစ်ခတ်လိုက်၏။

ဟဲရစ်၏ တုံပြန်မှုက အင်မတန် မြန်ဆန်သည်။ လင်းရီ ခလုတ်ဆွဲလိုက်သည့် အချိန်မှာပဲ သူ့ဘက်က အသင့် လှုပ်ရှားထားပြီး ဖြစ်၏။

တစ်ဖက်ခြမ်းသို့ ကျွမ်းထိုးလိုက်ကာ ကျည်ဆံများအား ကျင်လည်စွာ ရှောင်ရှားပြသွားခဲ့သည်။

ထိုအခြေအနေကို အခွင့်ကောင်းယူ၍ လင်းရီသည် ကျီချင်းရန်ထံ ပြေးလာကာ သူမအား ရှေ့မှနေ၍ လူသားဒိုင်းသဖွယ် ကာကွယ်ပေးထားလိုက်သည်။ ထိုအချိန်မှာပဲ လီချန်ရှန်း ပြေးဝင်လာသည်။

လင်းရီ ညာဘက်လက်မောင်းကို ဆန့်တန်းကာ တိုက်ခိုက်လာမှုအား ကာကွယ်လိုက်၏။ သို့သော် အင်အားပြင်းထန်သည့် ခြေကန်ချက်က သူ့ကို လွင့်ထွက်သွားစေခဲ့ပြီး အနောက်ရှိ ကျီချင်းရန်ပင် သက်ရောက်ခံလိုက်ရလေသည်။

“ လင်းရီ …”

လင်းရီ၏ ရင်နင့်ဖွယ် အခြေအနေကို ကြည့်ရှုရင်း ကျီချင်းရန်မှာ မျက်ရည်လည်ရွဲနှင့် ဖြစ်နေခဲ့ကာ သူမ၏ အသည်းနှလုံးကို ခြေထောက်ဖြင့် နင်းချေနေသကဲ့သို့ ခံစားနေခဲ့ရ၏။

“ သူတို့ လိုချင်တာကို ပေးလိုက်ပါတော့လားဟင် .. နင် အသက်ရင်းပြီး တိုက်ခိုက်ဖို့ မလိုပါဘူး …”

ခက်ခက်ခဲခဲဖြင့် လင်းရီ ပြန်ထလိုက်၏။

“ ငါတို့ ပေးလိုက်လို့မရဘူး … မဟုတ်ရင် ပေးဆပ်လိုက်ရမှာက ကမ္ဘာပေါ်က အပြစ်မဲ့သူတွေရဲ့ အသက်အိုးအိမ်တွေ ဖြစ်သွားလိမ့်မယ်…”

လင်းရီ ဖျော့တော့စွာ ပြောလိုက်ပြီး သူ၏ စူးရဲသည့် အကြည့်တို့ဖြင့် လီချန်ရှန်းတို့ တိုက်ခိုက်လာမှာကို ရဲဝံ့စွာ စောင့်ဆိုင်းနေလျက် ရှိသည်။

“ လူကြီးမင်းလင်း .. မင်း အဆင်ပြေရဲ့လား … တောင့်ထားဦး … အကူတပ်ဖွဲ့တွေ ခဏဆို ရောက်လာတော့မယ်…”

ပြောလိုက်သူက ခန်ဂျိတာခါယာမ ဖြစ်ပြီး အခန်းတွင်းရှိ အခြေအနေကို သူ့ဘက်က အလွန်အမင်း စိုးရိမ်ကြောင့်ကြနေလျက် ရှိ၏။

စစ်ဆင်ရေး စတင်စဉ်ကတည်းက သူသည် မစ်ဆူမိသားစု၏ နင်ဂျာတို့နှင့်သာမက ဂျပန် ကမ်းရိုးတန်းစောင့်တပ်ဖွဲ့ဝင်များ၏ အကူအညီကိုပါ ယူ၍ ချိန်ချန်းရုံနှင့် ကျန်သူတို့အား ကြံ့ကြံ့ခံ ရင်ဆိုင်နေခဲ့သည်။

သူတို့ဘက်က လူ ရာကျော် ရှိပေမယ့်လည်း ချိန်ချန်းရုံမှာ သင်္ဘောပေါ်တွင် သူ၏ လူ အယောက်ငါးဆယ်ကို ဖြန့်ကျက်ထားကာ ဖောက်ခွဲရေး ပစ္စည်းများလည်း ရှိနေခဲ့၏။

ပေါက်ကွဲမှုထဲတွင် သူတို့ဘက်ရှိ လူတို့ အများအပြား ဆုံးရှုံးလိုက်ရသည်။ ထို့ပြင် ၎င်းတို့ တစ်ဦးချင်းစီ၏ တိုက်ပွဲစွမ်းရည်များက ခန်းဂျိတာခါယာမတို့ထက် သာလွန်နေလေသည်။ ရလဒ်အနေဖြင့် နှစ်ဘက်မှာ မတိုးမဆုတ်သာ အခြေအနေနှင့် ရင်ဆိုင်နေရတော့၏။

၎င်းတို့ကြောင့်ပဲ လင်းရီထံသို့ သွား၍ ကူညီပေးရန် အခက်တွေ့နေခဲ့သည်။ အကယ်၍ သူသာ မဆင်မခြင် လှုပ်ရှားလိုက်မည်ဆိုပါက ချိန်ချန်းရုံတို့၏ ရူးသွပ်ဖွယ် ပစ်ခတ်မှုများကြား၌ အခြေအနေတစ်ရပ်လုံး ပရမ်းပတာ ဖြစ်သွားပေလိမ့်မည်။

“ ကျုပ်ကို စိုးရိမ်ဖို့ မလိုဘူး … ဒီက အခြေအနေကို ကိုင်တွယ်နိုင်တယ်…”

လင်းရီ ဖျော့တော့သည့် လေသံဖြင့် အသံနိမ့်ပြီး ပြောလိုက်၏။

“ လူကြီးမင်းလင်း … တောင့်ခံထားဦး .. ငါ ဒီလူတွေကို သေချာထိန်းထားတယ်…’

ထိုအချိန်တွင် အပြင်၌ ရှိနေသည့် ချန်ချန်းရုံသည် ပျာယာခတ်ခြင်းမျိုး လုံးဝ ရှိမနေခဲ့ချေ။

ခန်းဂျိနာခါတာက အကူတပ်ဖွဲ့များ မကြာမီ ရောက်လာတော့မည်ဟု ပြောဆိုနေသည့်တိုင် သူ့ဘက်က အခြေအနေအား ဆင်ခြင်သုံးသပ်ထားပြီး ဖြစ်၏။ သူ့ရှေ့ရှိ ဤလူအား သတ်ဖြတ်ရန် ရည်ရွယ်ပါက အနည်းငယ် အခက်တွေ့နိုင်သော်လည်းပဲ ထွက်ပြေးဖို့ဆိုပါက လုံးဝ ပြဿနာ မရှိချေ။

သူ့ဘက်က အရေးသာသည့် အနေအထား၌ ရှိနေသည်။

အဆုံးစွန်ဆုံး … ၊ သူ့ဘက်က ဂျပန်အရာရှိများ၏ လက်ထဲ၌ ဖမ်းဆီးခံလိုက်ရသည့်တိုင် ဖရီးမေဆင် နှင့် ဟုန်မန်ဂိုဏ်း၏ အကူအညီဖြင့် သူ့အသက်အန္တရာယ်ကတော့ လုံးဝ ပြဿနာ ရှိမှာ မဟုတ်ချေ။

ထို့ကြောင့် သူ၏ လက်ရှိ ရည်ရွယ်ချက်က အခန်းတွင်းရှိ လူနှစ်ယောက်အား ကိုင်တွယ်ရန်ပင်။

“ မင်းတို့ အဲ့မိန်းမကို အရှင်ထားစရာ မလိုဘူး … ဒါပေမယ့် ဟိုကောင်ကိုတော့ မသတ်နဲ့ … သူက ငါတို့အတွက် အရေးကြီးတဲ့ ဖလှယ်ပစ္စည်းပဲ …” ချိန်ချန်းရုံ မျက်နှာအမူအရာမပျက် ပြောဆိုလိုက်၏။

“ ပြီးတော့ ဂျိုဝီနဲ့ မာတင်လည်း သေသွားခဲ့ပြီ .. သူတို့ရဲ့ အကူအညီကိုတော့ ရမှာ မဟုတ်တော့ဘူး .. ဒီတော့ ဂရုစိုက်ကြ ….”

“ ဂျိုဝီနဲ့ မာတင်တို့ သေပြီ …”

နှစ်ယောက်လုံး အနည်းငယ် အံ့အားသင့်သွားခဲ့ကြသည်။ ယခုလေးတင်ပဲ ဤမျှ ရုန်းရင်းဆန်ခတ် ဖြစ်နေသည့် အခြေအနေ၌ အဘယ်ကြောင့် ထိုနှစ်ယောက် ပေါ်မလာလဲဆိုတာကို စိတ်ထဲ ထူးဆန်းနေခဲ့သည်။ လက်စသတ်တော့ သူတို့နှစ်ယောက်က တစ်ခုခု ဖြစ်သွားခဲ့တာကိုး။

ဟဲရစ်သည် လင်းရီကို ရုန့်ရင်းကြမ်းတမ်းစွာ စိုက်ကြည့်လိုက်ပြီး သူ၏ မျက်ဝန်းတို့က မီးထတောက်တော့မတတ်ပင်။

“ ငါ ကတိပေးတယ်… ဒီနေ့ မင်း ဒီကနေ အသက်ရှင်လျက် မထွက်သွားနိုင်စေရဘူး …”

သူ့စကားဆုံးသည်နှင့် နှစ်ဦးလုံး ပြိုင်တူ လှုပ်ရှားလာကြသည်။ သို့သော် လင်းရီမှာ ယခင်အတိုင်း သေနတ်ဖြင့် ပစ်ခတ်၍ လမ်းကြောင်းလွှဲ၍ မရတော့ချေ။ အကြောင်းမှာ နှစ်ယောက်လုံးက သေချာပြင်ဆင်ထားသောကြောင့် ဖြစ်၏။

သူတို့က လက်ရှိ ဂျပန်ရေပိုင်နက်ထဲတွင် ရောက်ရှိနေကြောင်းကို နှစ်ယောက်လုံး နားလည်ထားသည်။ အကယ်၍ အချိန်ထပ်ဆွဲနေမည်ဆိုပါက ဂျပန်အာဏာပိုင်များ ရောက်ရှိလာသည့်အခါ အခြေအနေက သူတို့အတွက် ပိုပြီး ဆိုးရွားနိုင်သည်။

ထို့ကြောင့် လျင်မြန်စွာ ဖြေရှင်းဖို့ လိုအပ်၏။

လင်းရီသည် ကျီချင်းရန်ကို ဘေးသို့ တွန်းထုတ်လိုက်ကာ သူမအား လွတ်မြောက်စေလိုက်သည်။

ထိုအချိန်မှာပဲ ဟဲရစ်နှင့် လီချန်ရှန်းတို့၏ တိုက်ခိုက်မှုများက လင်းရီကိုယ်ပေါ်သို့ ကျရောက်လာသည်။

တစ်ဦးတစ်ယောက်တည်းကို ရင်ဆိုင်ရသည်ကပင် လင်းရီအတွက် ခဲယဉ်းနေပြီးဖြစ်ရာ ယခုကဲ့သို့ နှစ်ယောက် ပူးပေါင်းလိုက်သည့် အချိန်၌ သူ့အပေါ် ဖိနှိပ်လာသည့် ဖိအားကလည်း တိုင်းတာမရအောင် များပြားလာသည်။

စတင် တိုက်ခိုက်သည့် အချိန်မှစ၍ လင်းရီမှာ တောက်လျှောက် အရေးနိမ့်နေခဲ့ကာ ခုခံရန်ပင် အနိုင်နိုင် ဖြစ်နေခဲ့ရသည်။ ရံဖန်ရံခါ တစ်ချက်တစ်လေမျှ ပြန်လည် တိုက်ခိုက်နိုင်သည့် အခွင့်အရေး ရှိသော်လည်းပဲ တစ်ဖက်၏ တားမြစ်ပိတ်ဆို့မှုနှင့်သာ ကြုံလိုက်ရလေသည်။ ထို့ကြောင့် သူ၏ တိုက်ခိုက်မှုသည်လည်း အရာမရောက်ဘဲ ဖြစ်နေခဲ့၏။

ဘန်း …

လင်းရီ၏ ခုခံကာကွယ်မှု၌ ယိုပေါက်တစ်ခုကို ဟဲရစ် တွေ့ရှိသွားကာ အင်အားပြင်းထန်သည့် လက်သီးချက်က လင်းရီ၏ ဝမ်းဗိုက်သို့ တိုးဝင်လာခဲ့သည်။

လင်းရီ၏ မျက်ဝန်းတို့ ပြူးကျယ်သွားခဲ့ပြီး သူ၏ အတွင်းအင်္ဂါအစိတ်အပိုင်းတို့ ကပြောင်းကပြန် ဖြစ်သွားခဲ့ပြီဟုပင် ခံစားလိုက်ရသည်။ မခံမရပ်နိုင်အောင် စူးအောင့်နာကျင်လာခဲ့ပြီး အစာအိမ်ထဲရှိ အစာချေရည်များပင် ပြန်အန်ထွက်လာခဲ့၏။

“ မင်း ဘေးဖယ်နေလိုက်တော့ ငါ့ကောင်ကြီး …”

နာကျင်မှုကြောင့် လင်းရီ တစ်ကိုယ်လုံး ထုံထိုင်းနေစဉ် လီချန်ရှန်း၏ ကျယ်လောင်သည့် အသံက ထွက်ပေါ်လာသည်။

ဟဲရစ် ခပ်ထေ့ထေ့ပြုံးလိုက်ကာ လှမ်းအနည်းငယ် နောက်ဆုတ်ပေးလိုက်သည်။

လီချန်ရှန်းသည် ဖန်နှင့် ပြုလုပ်ထားသည့် စားပွဲဝိုင်းတစ်ခုအား လက်တွင် သယ်မထားပြီး လင်းရီ၏ ဦးခေါင်းသို့ အရှိန်ပြင်းပြင်းနှင့် ရိုက်ခွဲပစ်လိုက်သည်။

“ မဖြစ်ဘူး … လင်းရီ ရှောင် ….”

ကျီချင်းရန် ကျယ်လောင်စွာ အော်ဟစ်၍ သတိပေးလိုက်၏။

All Chapters