ရဲဝံ့တဲ့ လီချူးဟန်
Vol. 131 Ch. 1957
အနက်ရောင်ဝတ်စုံနှင့်လူ၏ စကားကို ကြားတော့ ချိန်ချန်းရုံ အလျင်အမြန်ပဲ သတိပြန်ဝင်လာခဲ့သည်။
ယခုလေးတင် သူ စိတ်လိုက်မာန်ပါ လုပ်မိသွားခဲ့ကြောင်း သူ့ကိုယ်သူ ဝန်ခံသည်။
ရှေ့ရှိ အခြေအနေက သူ့အတွက် အလွန်အရေးမသာသည့် အခြေအနေသို့တိုင် ကျရောက်နေခဲ့ပြီး သူ့ ပတ်ပတ်လည်ရှိ အစောင့်တော်တော်များလည်း သေသွားခဲ့ကြပြီ ဖြစ်သည်။
ကျန်ရစ်သည့် ဒီ အဆင့် အစောင့်များလည်း မုန်းချင်စရာ ဂျပန်ကောင်များ၏ ဖိနှိပ်ထားခြင်းကို ခံနေရသည်။
အကယ်၍ သူသာ ယခု အချိန် မထွက်သွားဘူးဆိုပါက နောက်ပိုင်းတွင် ပြန်လည် ဆုတ်ခွာဖို့ နောက်ကျသွားနိုင်သည်။
“ ပြန်ဆုတ်မယ်….”
ချိန်ချန်းရုံ ပြတ်သားသည့် ဆုံးဖြတ်ချက် တစ်ခု ချမှတ်လိုက်၏။ ဟဲရစ်နှင့် ကျန်သူများ သေသွားခဲ့တော့လည်း သေသွားသည့်အတိုင်းသာ ချန်ထားရစ်ရန် သူ ရည်ရွယ်ထားသည်။ ယခုအချိန်တွင် အရေးကြီးဆုံးက ကိုယ့်အသက်ကိုယ် ကယ်တင်ဖို့ပဲ ဖြစ်၏။
ဘန်း ဘန်း ဘန်း ဘန်း …
သေနတ်ပစ်ခတ်သံတို့ ဆက်လက် ထွက်ပေါ်နေလျက် ရှိပြီး
သို့သော် ဤတစ်ကြိမ်တွင်တော့ ချိန်ချန်းရုံနှင့် အခြားသူများက ခန်ဂျိနာခါတာတို့ အုပ်စုကို ပစ်မှတ်ထားခဲ့ခြင်းပင်။
“ သူတို့ကို လွှတ်ပေးလိုက် …”
လင်းရီ မောဟိုက်စွာ အသက်ရှူရှိုက်နေပြီး “ ငါတို့ လိုချင်တာ ရပြီးပြီ … ဆက်ဖိအားပေးနေရင် မလိုလားတဲ့ ပြဿနာတွေ ထပ်ပေါ်လာနိုင်တယ်… လူတိုင်းပဲ ရပ်ကြ ….”
လင်းရီ စကားပြောလာသည်ကို မြင်တော့ နှစ်ဘက်လုံးက အပစ်ခတ် ရပ်စဲလိုက်ကြသည်။
ခန်ဂျိ နာခါတာလည်း တစ်ဖက်သူက လုံးဝ အားမနည်းကြောင်းကို သိထားသည်။ အကယ်၍ သူတို့သာ အချင်းချင်း ဆက်လက် ပစ်ခတ်နေဦးမည် ဆိုပါက သူတို့ဘက်ကလည်း အကျအဆုံး မလျော့နည်းမှာကို စိုးရိမ်မိလေသည်။
နှမြောဖို့ ကောင်းပေမယ့်လည်း သူနှင့် သူ့လူများကို ကာကွယ်ဖို့ ဆိုပါက ဤနည်းလမ်းက အကောင်းဆုံးပင်။
ချိန်ချန်းရုံသည် လင်းရီကို ကြည့်လိုက်ပြီး အေးစက်စွာ ပြောဆိုလိုက်၏။
“ ဒီကိစ္စ မပြီးသေးဘူးမှတ် …”
ပြောပြီးသည်နှင့် ချိန်ချန်းရုံသည် အနက်ရောင်ဝတ်နှင့် လူ၏ လိုက်ပါပို့ဆောင်မှုအောက်၌ အခန်းထဲမှ ထွက်ခွာသွားခဲ့သည်။ ထို့နောက် ခန်ဂျိနာခါတာ အခန်းတွင်းသို့ ချက်ချင်း ဝင်ရောက်လာသည်။
“ လူကြီးမင်းလင်း …. မင်း ဘယ်လိုနေသေးလဲ … မင်း ခန္ဓာကိုယ်က အဆင်ပြေတယ်မလား ….”
“ အင်း … ရသေးတယ်….” လင်းရီ တစ်ဖက်သူ ကြားနိုင်ရုံမျှ ပြန်ပြောလိုက်၏။
“ ဒါပေမယ့် မင်းကိုယ်က အတော်လေးနီနေတယ်… အခြေအနေက နည်းနည်းတော့ ထူးဆန်းနေတယ်နော်…”
ခန်ဂျိနာခါတာသည် သူ့လက်ဖဝါးကို လင်းရီ၏ နဖူးထက်သို့ တင်၍ စမ်းကြည့်လိုက်ရာ မီးပြင်းဖို အသေးစားလေး တစ်ခုအား ထိတွေ့လိုက်ရသည့်နှယ် ခံစားလိုက်ရသည်။
ထို့ပြင် သူ့ခန္ဓာကိုယ် နီရဲနေသည်မှာလည်း အတော်လေး ပုံမှန် ဟုတ်မနေချေ။ ယင်းက အရက်နှင့် ဓာတ်မတည့်သည့် တစ်စုံတစ်ယောက်က အရက်ပါသည့် အရာတစ်ခုခုကို သောက်မိလိုက်သကဲ့သို့ပင်။
“ လင်းရီ … နင် တစ်ခုခု ပြောဦးလေ … ငါ့ကို လန့်အောင် မလုပ်နဲ့ …..”
“ ငါ … ဝေါ့ …”
လင်းရီ စကားမဆုံးသေးခင်မှာပဲ ရုတ်ချည်းဆိုသလို သွေးအန်လာခဲ့ကာ ကျီချင်းရန်၏ လက်မောင်းတို့ စိုရွှဲသွားခဲ့၏။
“ လင်းရီ ….”
ကျီချင်းရန်သည် လင်းရီ၏ လက်မောင်းကို တင်းကြပ်စွာ ဖျစ်ညှစ်ထားရင်း သူ့အား အသိစိတ်ကပ်စေရန် အတန်တန် လှုပ်နှိုးနေလျက် ရှိသည်။
သို့သော် လင်းရီ၏ မျက်လုံးတို့က ဖြည်းဖြည်းချင်း စင်းလာခဲ့ပြီး သေလူနှယ် လုံးဝ လှုပ်ယှက်ခြင်း မရှိတော့ချေ။
“ လင်းရီ ……”
“ မဒမ် ….”
ခန်ဂျိ နာခါတာသည် ကျီချင်းရန်ကို ဟန့်တားလိုက်ပြီး “ လူကြီးမင်းလင်းရဲ့ နှလုံးက ခုန်နေသေးတုန်းပဲ … သူ့ကို သင်္ဘောပေါ်က အရေးပေါ်ဆေးခန်းထဲ ပို့ထားကြတာပေါ့ … ပြီးရင် သင်္ဘောကို ဂျပန်ရေပိုင်နက်ထဲ ပြန်မောင်းပြီး လူကြီးမင်းလင်းကို ကုသကြတာပေါ့ ….”
“ ဟုတ်တယ် ဟုတ်တယ်… သူ့ကို မြန်မြန် ပို့ရမယ်……”
ခန်ဂျိနာခါတာသည် လင်းရီကို ကုန်းပိုး၍ သင်္ဘောပေါ်ရှိ အရေးပေါ် ဆေးကုစင်တာသို့ ပို့ဆောင်လိုက်သည်။ ကျန်သည်ကတော့ ဆရာဝန်များ၏ တာဝန်ဖြစ်သွားပြီ ဖြစ်၏။
ပြီးသည့်နောက် … အာယာနဲ မစ်ဆူထံသို့ ဖုန်းဖြင့် ဆက်သွယ်ပြီး ဖြစ်ခဲ့သည့် ကိစ္စများအား အကြမ်းဖျင်း ရှင်းပြလိုက်သည်။
လင်းရီ ထိခိုက်ထားသည့် သတင်းကို ရသည်နှင့် အာယာနဲ မစ်ဆူသည် တုံ့ဆိုင်းခြင်း မရှိ၊ ဆေးအဖွဲ့ကို ချက်ချင်း စုစည်းကာ ဆိပ်ကမ်းတွင် တွေ့ဆုံဖို့ ညွှန်ကြားလိုက်သည်။
အခြားတစ်ဖက်ခြမ်းတွင်တော့ ကျီချင်းရန်မှာ ဖုန်းထဲတွင် လျိုဟုန် အမည်ရသည့် လူတစ်ဦးနှင့် စကားပြောနေခဲ့လေသည်။
လျိုဟုန်က မည်သူမှန်း မသိပေမယ့်လည်း သူမ၏ စိတ်ထဲတွင် ထင်မြင်ချက် တချို့တော့ ရှိထားသည်။
ထိုလူကို ရန်ကျင်းရှိ လင်းရီ၏ ဈာပနာ အခမ်းအနားတွင် သူမ တစ်ခါ တွေ့ခဲ့ဖူးလေသည်။ ထိုလူက လင်းရီ၏ အထက်အကြီးအကဲ ဖြစ်သည်ကိုလည်း သူမ သိထားခဲ့၏။
ခန်ဂျိနာခါတာကဲ့သို့ သူမလည်း ဖုန်းခေါ်ကာ လျိုဟုန်အား ဖြစ်ခဲ့သမျှကို ရှင်းပြလိုက်သည်။
လျိုဟုန် ချက်ချင်း တုံ့ပြန်၍ ကျိုးဟိုင် မြို့စောင့်တပ်နှင့် ချိတ်ဆက်ပြီး လူအင်အားနှင့် ဆေးအကူအဖွဲ့များ စုစည်း၍ လင်းရီကို ဟွာရှသို့ ပြန်ခေါ်လာခဲ့ရန် ညွှန်ကြားလိုက်သည်။
ကျုံးဝေ့တပ်ဖွဲ့ဝင်တစ်ယောက်ကို ဂျပန်ဘက်က ဆေးကုသမည်အား သူတို့ ခွင့်ပြု၍ မဖြစ်ပေ။
ဤသည်က လူမျိုးရေး ခွဲခြာခြင်း မဟုတ်ဘဲ လင်းရီ၏ အခြေအနေက အနည်းငယ် ထူးခြားပြီး အရေးကြီးနေသောကြောင့်ပင်။
လင်းရီမှာ စီအဆင့် သွေးရည်ကြည်ကို သူ့ကိုယ်သူ ထိုးသွင်းထားပြီး အကယ်၍ ဂျပန်အစိုးရဘက်က သူ၏ သွေးနမူနာ ဖြစ်စေ သို့မဟုတ် ဆီးနမူနာကို ဖြစ်စေ ရရှိသွားခဲ့မည်ဆိုပါက နောက်ဆက်တွဲ မည်သည့် အရာတို့ ဖြစ်ပျက်လာနိုင်မလဲဆိုတာ မည်သူမျှ ကြိုတင် ခန့်မှန်းနိုင်မည် မဟုတ်ချေ။
ခန်ဂျိနာခါတာ၏ အမိန့်ပေးမှု အောက်၌ ဗစ်တိုးရီးယား သင်္ဘောမှာ အရှိန်အပြည့်ဖြင့် တိုကျိုဆိပ်ကမ်းထံသို့ တစ်နာရီအတွင်းမှာပဲ ဆိုက်ကပ်လာသည်။
သင်္ဘောကမ်းကပ်ပြီးသည်တွင် လျိုဟုန်၏ အမိန့်ကြောင့် လင်းရီကို သင်္ဘောပေါ်မှ ခေါ်ဆောင်သွားခြင်း မရှိဘဲ ဗစ်တိုးရီးယား သင်္ဘောထဲတွင်သာ ဆေးကုသမှုကို ဆက်ပြီး လုပ်ဆောင်သည်။
နောက်ထပ် နာရီဝက်ကျော်ကြာတော့ လျိုဟုန် စေလွှတ်လိုက်သည့် လေယာဉ်က ဂျပန်သို့ ဆိုက်ရောက်လာခဲ့သည်။ သို့သော် ဂျပန်၏ လေပိုင်နက်ထဲသို့ သူတို့ ဟွာရှစစ်လေယာဉ်ကို ပျံသန်းဖို့က မဖြစ်နိုင်ပေ။ ထို့ကြောင့် မိုဒီဖိုင်း ပြုလုပ်ထားသည့် သီးသန့်ဂျက်လေယာဉ် တစ်စင်း စေလွှတ်ကာ ဆေးကိရိယာအစုံအလင်ကိုလည်း ထည့်ပေးလာခဲ့သည်။ ၎င်းတို့ကို ထင်မှတ်မထားသည့် အခြေအနေ၌ ဖြစ်ပေါ်လာသည့် အရေးပေါ် ကိစ္စရပ်များအတွက် အသုံးချ၍ ရလေသည်။
နှစ်နာရီခန့် ကြာပြီးနောက် လင်းရီမှာ ကျိုးဟိုင် ဟွာရှန်းဆေးရုံသို့ ပို့ဆောင်ခြင်း ခံလိုက်ရ၏။
တစ်ချိန်တည်းတွင် ကျုံးဝေ့တပ်ဖွဲ့၏ ကျွမ်းကျင်သူများကလည်း ရန်ကျင်းမှ ခရီးနှင်လာသည်။ မတူညီသည့် ကဏ္ဍရပ်အသီးသီးက ဆေးဘက်ဆိုင်ရာ ထိပ်တန်း ကျွမ်းကျင်သူ ဆယ်ဦး၏ ပူးပေါင်းဆောင်ရွက်မှုအောက်တွင် လင်းရီကို အတူတကွ ဆေးကုသပေးကြသည်။
ထိုအချိန်မှာပဲ လီချူးဟန်မှာ လင်းရီ၏ အခြေအနေကို ကြားသိသွားခဲ့လေသည်။
မကြာသေးခင်ကမှ တည်ငြိမ်နေခဲ့သည့် သူမ၏ စိတ်နှလုံးမှာလည်း ယခုတစ်ဖန် ပြန်ပြီး မြင့်တက်လာခဲ့ရ၏။
လင်းရီကို ICU သို့ ပို့နှံထားပြီး ကျီချင်းရန်မှာ လူသွားစင်္ကြံလမ်းနံဘေးရှိ ခုံတန်းရှည်ပေါ်တွင် မျက်ရည်အပ်လျက် အသည်းအထန် ငိုကြွေးနေခဲ့၏။
စကားတစ်ခွန်းတစ်လေမျှလည်း ပြောဆိုခြင်း မရှိဘဲ ဆက်တိုက် ငိုကြွေးနေခဲ့သည်။
“ အစ်မကျီ …”
ထိုအချိန်မှာပဲ ဓာတ်လှေကား တံခါး ပွင့်ဟလာခဲ့ပြီး ဟော်ယွမ်ယွမ်နှင့် အခြားသူတို့ ခပ်သွက်သွက် ပြေးလာခဲ့ကြ၏။
ဟော်ယွမ်ယွမ်ကို မြင်တွေ့သည်တွင် ကျီချင်းရန်သည် သူမအား ပွေ့ဖက်၍ အပြင်းအထန် ငိုကြွေးလေတော့သည်။
“ အစ်မကျီ … ဘာတွေ ဖြစ်နေတာလဲ … အခြေအနေတွေက အားလုံး အဆင်ပြေနေခဲ့တာ မဟုတ်ဘူးလား … ဘာလို့ ရုတ်တရက်ကြီး ဒီလိုမျိုးတွေ ဖြစ်လာခဲ့တာလဲ ….” ဟော်ယွမ်ယွမ် အလျင်စလို မေးမြန်းလာခဲ့၏။
စိတ်တည်ငြိမ်အောင် ပြုလုပ်ပြီးသည့်နောက် ကျီချင်းရန်သည် ဟော်ယွမ်ယွမ်နှင့် ကျန်သူများအား သူမ ပြန်ပေးဆွဲခံရသည့် ဖြစ်စဉ်ကို အကြမ်းဖျင်း ရှင်းပြလိုက်သည်။
ဤသည်ကို ကြားတော့ ဟော်ယွမ်ယွမ်နှင့် ကျန်သုံးယောက်မှာ အံ့ဩဘနန်းတွေ ဖြစ်ကုန်ကြ၏။
တစ်စုံတစ်ယောက်က အစ်မကျီကို တကယ်ကြီး ပြန်ပေးဆွဲဝံ့နေတယ်….
“ အဲ့ကောင်တွေ ဘယ်သူတွေလဲ … သတ္တိသိပ်ကောင်းနေတယ်ပေါ့ ….”
“ အဲ့ကိစ္စ ထပ်မပြောနဲ့တော့ …”
ကျီချင်းရန် သူမ၏ မျက်နှာကို အုပ်၍ နှာတရှုံ့ရှုံ့ ဖြစ်နေခဲ့သည်။ “ အကုန်လုံး ငါ့ကြောင့်ချည်းပဲ …”
“ ဥက္ကဌကျီ .. ခုက ဒီအကြောင်းတွေ ပြောနေရမယ့် အချိန် မဟုတ်သေးဘူး … လင်းကြီးရဲ့ အခြေအနေ ဘယ်လို ရှိလဲ … သူ အသက်အန္တရာယ် စိုးရိမ်ရလား ….” ချင်းဟန် အဓိက ကျသည့် မေးခွန်းကို မေးမြန်းလိုက်သည်။
“ ငါ မသိဘူး … သူ ဒီကို ရောက်လာတာ နာရီဝက်ကျော် ကြာနေပြီ … အခုထိ ဘာသတင်းမှ မသိရသေးဘူး ….”
ဟော်ယွမ်ယွမ်နှင့် ကျန်သုံးယောက်မှာလည်း ကိုယ်စီ လေးနက်တည်ကြည်သည့် အမူအရာများဖြင့် ဖြစ်နေခဲ့ကာ မေးခွန်းသင်္ကေတတစ်ခုက ဦးခေါင်းထက်တွင် ဖြစ်တည်နေခဲ့၏။
လင်းရီ ရှိနေတဲ့ တပ်ဖွဲ့က ဘယ်လို တပ်ဖွဲ့မျိုးမို့လဲ …
သံမဏိနဲ့ လုပ်ထားတဲ့လူသား ဖြစ်စေဦးတော့ ဘယ်သူမှ ဒီလောက် ပြင်းထန်တဲ့ အတက်အကျကို ခံစားနိုင်မှာ မဟုတ်ဘူး….
…………..
ICU အခန်းထဲရှိ အသက်ကယ်ဆယ်ရေး အခန်းထဲတွင် လင်းရီ၏ ခန္ဓာကိုယ်သို့ စက်ပစ္စည်းကိရိယာမျိုးစုံကို သွယ်တန်း ချိတ်ဆက်ထားလျက် ရှိသည်။ ထို့ပြင် သတိပေး အချက်ပြမြည်သံတို့ကလည်း ဆက်တိုက်ဆိုသလို ကျယ်လောင်စွာ ထွက်ပေါ်နေသည်။
သူ၏ နှလုံခုန်နှုန်းက 300 bpm/min ဖြစ်ပြီး သွေးဖိအားက 198 mmhg ဖြစ်၏။
အချက်ပြပစ္စည်း ကိရိယာများအားလုံးက အကန့်အသတ်သို့တိုင် ရောက်ရှိနေကြပြီး ဖြစ်လေသည်.
“ အခု အခြေအနေ ဘယ်လိုရှိလဲ …” လျိုဟုန် အသံနိမ့်ပြီး မေးမြန်းလိုက်၏။
“ အန္တရာယ်ကြိုးတန်းပေါ်မှာပဲ ရှိသေးတယ်….” မြောင်ကော်ဖုန်း ပြောလိုက်ပြီး “ သူ့ရဲ့ လက်ရှိ အခြေအနေက အကန့်အသတ်ထိရောက်အောင် လေထိုးခံထားရတဲ့ ပူဖောင်းလိုမျိုးပဲ … အချိန်မရွေး ပေါက်ကွဲသွားနိုင်တယ်…. ဦးနှောက်သွေးယိုတာ ဒါမှမဟုတ် နှလုံး အလုပ်မတော့တာမျိုးက အချိန်မရွေး ဖြစ်သွားနိုင်တယ်… ဒါ အန္တရာယ် သိပ်များတဲ့ အခြေအနေပဲ …”
“ တခြားနည်းလမ်းတွေ မရှိတော့ဘူးလား ….” လျိုဟုန် စိုးရိမ်ပူပန်စွာ မေးခွန်းထုတ်လိုက်သည်။
“ ပြဿနာက သူ့ကိုယ်ထဲ ဘာဆေးထိုးသွင်းလိုက်လဲ မသိရတာပဲ … အဲ့တာကြောင့်မို့ သေချာလေး ကုသပေးဖို့က အတော်လေး ခက်ခဲနေတာ ….”
“ ချီးလိုပဲကွာ ….”
လျိုဟုန် ကျိန်ဆဲလိုက်ပြီး ဒေါသထောင်းခနဲ ဖြစ်ပေါ်လာကာ စိတ်တည်ငြိမ်အောင် ပြုလုပ်ရ ခက်ခဲနေခဲ့၏။
“ ကိုယ်ခန္ဓာပြင်ပ သွေးလည်ပတ်စက်ကို သုံးမယ်….” လီချူးဟန် အကြံပြုလိုက်၏။
ဒါဇင်ကျော်သည့် ဒေါက်တာများအားလုံး အံ့အားသင့်သွားခဲ့ကြလေသည်။ ဤသည်က အမှန်ပင် သတ္တိကောင်းလှသည့် အဆိုပြုမှု တစ်ခု ဖြစ်၏။
“ အခု အဓိက ပြဿနာက နှလုံး အလွန်အကျွံ ခုန်နေတာက သူ့ခန္ဓာကိုယ်ရဲ့ လည်ပတ်မှု စနစ်ကို ဝန်ပိစေတယ်… ကိုယ်ခန္ဓာပြင်ပ သွေးလည်ပတ်စက်ကို အသုံးပြုတာက နှလုံးအပေါ် သက်ရောက်နေတဲ့ ဖိအားတချို့ကို သက်သာသွားစေမှာပဲ …” လီချူးဟန် ရှင်းပြလိုက်သည်။
“ ကျွန်မတို့ ဆက်ပြီး အချိန်ဆွဲနေမယ်ဆိုရင် သူ့ရဲ့ တခြား အင်္ဂါအစိတ်အပိုင်းတွေလည်း အလွန်အကျွံ အလုပ်လုပ်ရတာကြောင့် စပြီး ယိုယွင်းလာတော့မှာ … သူ့ကို နောက်ပိုင်း ကယ်တင်နိုင်ရင်တောင် အသက်အန္တရာယ် စိုးရိမ်ရမှာပဲ …”
“ ဒါပေမယ့် သူ့ရဲ့ အခြေအနေနဲ့ အဲ့လို လုပ်ဆောင်မှုမျိုး လုပ်ဖို့က အဆင်မပြေဘူး … တကယ်လို့ သူ့ရဲ့ သွေးကြောမျှင်တွေကို ထိုးဖောက်လိုက်မယ်ဆိုရင် ချက်ချင်း ပေါက်ကွဲထွက်လာမှာပဲ …” ပြည်ထောင်စု ဆေးရုံ၏ ဒါရိုက်တာ မာရန်ပေါ်က ပြောဆိုလာခဲ့၏။