← Chapters

သေနတ်နှင့် ကစားခြင်း

Vol. 131 Ch. 1964

သေနတ်နှင့် ကစားခြင်း

Vol. 131 Ch. 1964

သုံးယောက်သား တစ်ဦးပြီး တစ်ဦး ထွက်ခွာသွားခဲ့ကြပြီး လင်းရီမှာ ကုတင်ပေါ်တွင် ဖုန်းဆော့ရင်း ကျန်နေရစ်ခဲ့၏။

တစ်ဖက်တွင် လျန်ရူရွှယ်နှင့် စကားပြောနေရင်း ကျန်တစ်ဖက်တွင် လေးယောက်တစ်အုပ်စု ဝီချက်ဂရုတွင် စာပို့နေခဲ့သည်။

ကျီချင်းရန် မည်သို့ အခြေအနေရှိလဲဆိုတာကို လင်းရီ ပိုသိချင်သော်လည်း ဘော်ဒါကောင်းကြီး ကောင်းကျုံးယွမ်၏ သူရဲဘောကြောင်မှုကြောင့် သူ့မှာ ဘာတစ်ခုမျှ သိရှိနိုင်ခြင်း မရှိချေ။

ခေတ္တကြာ စကားပြောပြီးနောက် လင်းရီ မျက်လုံးမှိတ်ကာ ကုတင်ပေါ်တွင် လဲနေလိုက်သည်။

ယခုဆို ညသန်းခေါင်ယံ အချိန်သို့ ကျော်လွန်လာခဲ့ပြီး ဖြစ်ပြီး အကယ်၍ တစ်ဖက်ကသာ လှုပ်ရှားလာခဲ့မည်ဆိုပါက သိပ်မကြာခင်အချိန်တွင် ဖြစ်လောက်၏။

ချလပ် ..

နာရီဝက်ကြာပြီးနောက် ICU လူနာအခန်းတံခါး တွန်းပွင့်လာခဲ့ကာ ယူနီဖောင်းနှင့် ငယ်ရွယ်သည့် နာ့စ်တစ်ဦး အခန်းထဲသို့ ဝင်လာသည်။

စစချင်းတုန်းကတော့ လင်းရီများများစားစား စဉ်းစားမနေခဲ့ချေ။ သို့သော် သေချာ အနီးကပ်ကြည့်လိုက်တော့ သူနာပြု၏ ကိုယ်လုံးကိုယ်ပေါက်က ပေါက်ကွဲထွက်ချင်စရာ ကြီးမားနေကြောင်း သတိပြုမိလိုက်လေသည်။

ထိုအခါမှပဲ ဝင်ရောက်လာသည့်လူက နင်ချဲ့ ဖြစ်ကြောင်းကို လင်းရီ သတိထားမိသွားခဲ့တော့သည်။

“ မင်း ဘာလို့ ဒီလိုကြီး ဝတ်ထားတာ ….”

“ သရုပ်ဆောင်ဖို့လေ …” နင်ချဲ့ သူမကိုယ်ပေါ်ရှိ အဝတ်များအား ကြည့်ရင်း အထင်တသေး ပြောလိုက်သည်။ “ ပုံမှန် နာ့စ်တွေဝတ်တာ တစ်စက်လေးမှ ကြည့်လို့လည်း မကောင်းဘူး … ဝတ်စုံက ရှည်ပြီး ပွယောင်းယောင်းနဲ့… ဆွဲဆောင်မှုကို မရှိဘူး …”

“ ဒါက ဆေးရုံလေကွာ … မင်းနှယ် ရုပ်ရှင်တွေထဲကလိုသာ ဝတ်စားရလို့ကတော့ အကုန်လုံး ကမှောက်ကမတွေ ဖြစ်ကုန်မှာပေါ့ဟ ….”

“ နင် ပြောတာ စီ အဆင့် သွေးရည်ကြည်က နင့်ကို စူပါမန်းလို သန်မာသွားစေတယ်လို့ ပြောတယ်နော်… ငါ အခု စမ်းကြည့်ချင်လို့ ….”

လင်းရီ “ …. “

“ အစ်မကြီး …. မင်း ရေဆာတယ်ဆိုလည်း ရေများများပိုသောက် … ငါ့ဆေးပိုက်တွေတောင် ဖြုတ်ရသေးတာ မဟုတ်ဘူး … ပြီးတော့ လက်မောင်းနဲ့ ခြေထောက်တွေလည်း နည်းနည်း ထုံထိုင်းနေသေးတယ်….”

“ဒီက ရေတွေ ကန်လိုက်ကြီး ထုတ်ပေးတော့မလို့ပါဆို ဘာကိစ္စ ငါက ရေသောက်ရမှာ …” နင်ချဲ့ နှုတ်ခမ်းကိုက်လျက် ပြောလိုက်သည်။

“ ဒါပေမယ့်မစ်ရှင်ရှိသေးတာက နှမြောစရာပဲ … ငါတို့ပြီးမှပဲ တစ်နေရာမှာ ကြိုးစားကြည့်ကြတာပေါ့ …”

“ အဲ့ကိစ္စ နောက်မှ ဆွေးနွေးကြမယ်…”

“ ကောင်းပြီလေ… နင် အခုတော့ ဒီမှာ နေလိုက်ဦး …” နင်ချဲ့ သူမ၏ ဆံပင်အား သပ်၍ လေးနက်စွာ ပြောဆိုလိုက်ပြီ “ အခု မနက် တစ်နာရီရှိပြီ … အောက်ထပ်မှာ လူတွေ အားလုံး နေရာချထားပြီးပြီ … တကယ်လို့ တစ်ခုခု ဖြစ်လာမယ်ဆိုရင် သိပ်မကြာခင်မှာ ဖြစ်လာလောက်တယ်….”

လင်းရီ စက္ကန့်အနည်းငယ်ကြာအောင် စဉ်းစားပြီးနောက် စိုးရိမ်ပူပန်စွာ စကားဆိုလိုက်သည်။

“ တစ်ဖက်အဖွဲ့ရဲ့ သင်္ဘောပေါ်က အင်အားစုတောင် အတော်လေး သန်မာတယ်… တကယ်လို့ သူတို့သာ ထပ်ပြီး ရောက်လာမယ်ဆိုရင် သူတို့ လွှတ်လိုက်တဲ့လူတွေကလည်း ကျိန်းသေပေါက် သန်မာမှာပဲ…. မင်း ဂရုစိုက်ရမယ်….”

“ အသင်း ၁ နဲ့ ၂ က လူတွေ အကုန်လုံးကို ဒီခေါ်ထားတယ်… အရေအတွက်နဲ့ ကြည့်မယ်ဆိုရင် ငါတို့ဘက်က အသာစီးပဲ ….”

“ ဒုတိယ တစ်ချက်က ငါနဲ့ ယွီလော့တို့ နှစ်ယောက်လုံး စီ အဆင့်ကို ရောက်သွားပြီ … ဘော့စ်လျိုကလည်း ဘီ အဆင့်ကို ရောက်တော့မှာ … အဲ့တာအပြင်ကို အုပ်စုနှစ်ခုမှာ အကြီးအကဲ ဆယ်ယောက်ကျော်ပါတယ်… သူတို့အကုန်လုံးက ဒီ အဆင့်တွေချည်းပဲ .. ငါတို့သာ စုန့်ကျင်းမင်လို လူမဟုတ်တဲ့ သတ္တဝါနဲ့ မကြုံသရွေ့ ပြဿနာ ရှိမှာ မဟုတ်ဘူး …”

ဤစကား ကြားတော့ လင်းရီ စိတ်သက်သာရာ ရသွားခဲ့သည်။

“ ဒါဆိုလည်း ငါ စိတ်မပူတော့ဘူး ….”

နင်ချဲ့ ခေါင်းညိတ်ပြီး သူမ၏ စကတ်ကို မ,ကာ ပေါင်တွင် ချည်ထားသည့် သေနတ်နှစ်လက်ကို လင်းရီထံ ကမ်းပေးလာသည်။

“ ယူလိုက် … ကိုယ့်ကိုယ်ကို ကာကွယ်….”

နင်ချဲ့ ကမ်းပေးလာသည့် သေနတ်ကို လက်ထဲတွင် သေချာ ကိုင်ကြည့်ရင်း “ ဘရက်တာ 92 F …. ဟင် မဆိုးဘူးပဲ … မင်း ရသားပဲဟ …”

“ ငါ မြို့စောင့်တပ်ကနေ ငှားလာခဲ့တာလေ…” နင်ချဲ့ ပြောလိုက်ပြီး “ မစ်ရှင်ပြီးသွားတဲ့အခါကျရင် မြို့စောင့်တပ်ခေါင်းဆောင်နဲ့ စကားပြောကြည့်ပြီး ငါတို့ကို နှစ်လက်လောက် လက်ဆောင်ပေးလိုက်ဖို့ တောင်းရမယ်…. ငါ လိုချင်တယ်…”

“ မင်းလိုချင်တာက ရတယ်… ဒါပေမယ့် မင်းလို အမျိုးသမီး တစ်ယောက်က နေ့တိုင်း တုတ်တွေ သေနတ်တွေ ကိုင်ပြီး ဘာလဲလုပ်မှာ ….”

“ နင် အဲ့တာ ဘယ်လိုစကားမျိုး ပြောလိုက်တာလဲ … အမျိုးသမီးတွေက သေနတ်တွေ တုတ်တွေ ကိုင်ဖို့ မွေးဖွားလာတာပဲ မဟုတ်ဘူးလား …”

လင်းရီ “ ….”

“ မစ်ရှင်ပြီးရင် သေနတ်ကို ယူသွားလိုက် … ငါ အကြီးအကဲကို ပြောပြလိုက်မယ်…”

“ မွ …”

လင်းရီ၏ ပါးပြင်ထက်သို့ နင်ချဲ့ မွှေးကြူလိုက်ပြီး “ အိုကေ … လူသေယောင်ဆောင်ရင်း အလုပ်ရှုပ်နေလိုက်ဦး … ငါတော့ လစ်နှင့်ပြီ …”

ရိုးရှင်းသည့် ညွှန်ကြားချက် တစ်ချက် ပေးပြီးနောက် နင်ချဲ့ ထွက်ခွာသွားခဲ့ကာ လူနာခန်းထဲတွင် လင်းရီ တစ်ဦးတည်းသာ ကျန်ရစ်ခဲ့တော့သည်။

လူနာခန်းမှာ အလွန်အမင်း တိတ်ဆိတ်ငြိမ်သက်နေပြီး အပြင်ဘက်ခြမ်းတွင်လည်း မည်သည့် လှုပ်ရှားမှုကိုမျှ မတွေ့ရချေ။ ပုစဉ်းရင်ကွဲသံများ၏ အော်မြည်သံကို ပြတင်းပေါက်မှနေ၍ ကြားနေရပြီး မနက်ဖြန်က ကောင်းမွန်သည့် နေ့တစ်နေ့ ဖြစ်တော့မည် ဖြစ်ကြောင်းကို ပြောပြနေသည်။

မနက်ခင်း နှစ်ချက်ထိုး အချိန်တွင် ကားသုံးစင်းက ဟွာရှန်းဆေးရုံ ရှိရာဘက်သို့ အမြန်နှုန်း အပြည့်ဖြင့် ဦးတည်လာနေသည်။

အရှေ့တွင် ဦးဆောင်လာသည့် ကားက ဗော့ဒ်ဆွာဂန်ဖြစ်ပြီး ကားထဲတွင် အဖြူရောင် ဆေးလိပ်မီးခိုးငွေ့တို့ဖြင့် ပြည့်နှက်နေသည်။ ကားထဲတွင် လူလေးယောက်ရှိနေပြီး အအကုန်လုံးက လေးနက်တည်ကြည်သည့် အမူအရာကိုယ်စီဖြင့် တိတ်ဆိတ်စွာ ရှိနေကြသည်။

သူတို့ လေးယောက်လုံးက ဟုန်မန်ဂိုဏ်း၏ ကျွမ်းကျင်သူမျာ ဖြစ်ကြပြီး အရေးအကြီးဆုံးကတော့ သူတို့အားလုံးမှာ စီအဆင့် ကျွမ်းကျင်သူများ ဖြစ်နေကြခြင်းပင်။

နှစ်ယောက်က ဟုန်မန်ဂိုဏ်း၏ လက်သပ်တပည့်ဖြစ်ပြီး ကျန်နှစ်ယောက်ကိုတော့ သူတို့၏ သီးသန့်လမ်းကြောင်းများမှ ငှားရမ်းထားကြခြင်းပင်။

နှစ်ဦးလုံးက နိုင်ငံခြားသားများဖြစ်၏။

အကြောင်းပြချက်ကတော့ ဟုန်မန်ဂိုဏ်းက ပိုင်ဆိုင်သည့် စီအဆင့် ကျွမ်းကျင်သူများမှာ သင်္ဘောထက်တွင် သေဆုံးသွားခဲ့ကြပြီး ဂိုဏ်း၏ ခွန်အားအပေါ် ကြီးစွာ ထိခိုက်မှု ဖြစ်ပေါ်လာစေသည်။

ယခုဆိုလျှင် စီ အဆင့်ကျွမ်းကျင်သူကား နှစ်ယောက်သာလျှင် ကျန်ရစ်တော့၏။

၎င်းတို့အပြင် အနောက်ဘက်ရှိ မာဂိုထန်နှင့် ကမ်မရီကားများထဲတွင် အသီးသီး ထိုင်နေကြသည့် လူလေးယောက်လည်း ရှိသေးသည်။

အဆိုပါ လူ ရှစ်ဦးထဲတွင် အမျိုးသား ခြောက်ယောက်နှင့် အမျိုးသမီး နှစ်ဦး ပါဝင်ပြီး သူတို့အားလုံး၏ ခွန်အားက ဒီ အဆင့်သို့ ရောက်ရှိနေခဲ့ပြီးဖြစ်ကာ ဟုန်မန်ဂိုဏ်း၏ အလယ်အလတ် တပ်အင်အားစုပင်။

စုစုပေါင်း လူ ၁၂ ယောက်။ ခြောက်ယောက်က စီ အဆင့် ၊ ကျန် ရှစ်ယောက်က ဒီ အဆင့် ။ ဟုန်မန်ဂိုဏ်းက ဤတစ်ကြိမ် မစ်ရှင်ကို သူတို့ မည်မျှ အလေးအနက်ထားကြောင်းကို ဖော်ပြလာခဲ့ခြင်းပင်။

ကားပေါ်တွင် အမေရိကန်နှင့် အာဖရိကန်မျိုးနွယ်ဝင် ဘက်ကလာက စကားစလိုက်၏။

“ မင်းတို့ ပေးထားတဲ့ သတင်းအချက်အလက်က မမှားယွင်းဘူးမလား…. အဲ့လူက ဟွာရှန်းဆေးရုံမှာ ရှိတယ်ဆိုတာ မင်းတို့ သေချာလား …”

“ မပူနဲ့ … သတင်းအရင်းအမြစ်က ခိုင်မာတယ်….”

ပြောလိုက်သူက ကားမောင်းနေသူဖြစ်ပြီး နာမည်က ကျန်းယောင်မင် ဖြစ်ကာ ဟုန်မန်ဂိုဏ်း၏ အဖွဲ့သား တစ်ဦး ဖြစ်သည်။

နေ့ခင်းဘက် အချိန်တုန်းက အပျော်စီး သင်္ဘောပေါ်ကနေ လွတ်မြောက်လာခဲ့ပြီးသည့်နောက် ချိန်ချန်းရုံသည် ဖန်းရှစ်ဟုန်ထံ ဖုန်းဖြင့် ဆက်သွယ်၍ အခြေအနေအား တင်ပြခဲ့သည်။

ကျဆုံးသွားခဲ့သည်ဟူသည့် ရလဒ်ကြောင့် အံ့အားသင့်သွားခဲ့သော်လ်းပဲ ဖန်းရှစ်ဟုန်က အလွန်လျင်မြန်စွာ လှုပ်ရှားလာခဲ့လေသည်။

သူ့ဘက်က ဟုန်မန်ဂိုဏ်းက မွေးထားသည့် သူလျှိုများအားလုံးကို ပြည်မကြီးထဲရှိ ရန်ကျင်းနှင့် ကျိုးဟိုင်သို့ အခြေအနေအား စုံစမ်းရန် စေလွှတ်လိုက်သည်။

တစ်ဖက်သူက ကျုံးဝေ့တပ်ဖွဲ့က ဖြစ်သည့်အတွက် ဖန်ရှစ်ဟုန်သည် သာမန်ရိုးရှင်းသည့် ချဉ်းကပ်နည်းလမ်းကို အသုံးမပြုဘဲ လေဆိပ်နှင့် နာမည်ကြီး ဆေးရုံများအားစောင့်ကြည့်ရန်သာ ပြောဆိုခဲ့သည်။

သီးသန့်လေယာဉ်ဖြင့် ပျံသန်းလာခဲ့မှာ ဖြစ်သောကြောင့် လေဆိပ်တွင် စောင့်ဆိုင်းရမည်မှာ ကျိန်းသေပေါက်ပင်။

သို့သော် သူတို့ မည်သူမည်ဝါ ဖြစ်သည်ကို မပေါ်လွင်စေရေးအတွက် လေဆိပ်တွင်တွေ့လိုက်ရပြီးနောက် နောက်မှ ဆက်လိုက်ရန် မကြိုးစားတော့ချေ။

အကယ်၍ တစ်စုံတစ်ယောက် ဒဏ်ရာရထားပါက နောက်ထပ် ပြုလုပ်မည်မှာ ဆေးရုံသို့ ပို့ဆောင်ဖို့ပင်။ ၎င်းကြောင့်ပဲ နာမည်ကြီး ဆေးရုံများ၌ စောင့်ကြည့်နေကြသူ အသီးသီးမှာ လင်းရီ၏ ခြေရာလမ်းကြောင်းများကို မြင်တွေ့သွားခဲ့ကြလေသည်။

ထို့ကြောင့် ဟွာရှန့်ဆေးရုံသို့ လင်းရီ ရောက်ရှိနေသည့် သတင်းကို သူတို့ အခိုင်အမာ ယုံကြည်နေခြင်းပင်။

သို့ပေမယ့်လည်း ၎င်းတို့က ဖန်းရှစ်ဟုန်ရထားသည့် သတင်းအချက်အကုန်ဖြစ်၏။

အဘယ်ကြောင့်ဆိုသော် ဆေးရုံတစ်ခုလုံးကို လော့ဒေါင်းချထားပြီး သူတို့အဖို့ အထဲသို့ဝင်ပြီး သတင်းအချက်ရယူရန်က အတော်လေး မလွယ်ကူသည့် ကိစ္စရပ်ဖြစ်၏။

“ အဲ့ဒီ ကျုံးဝေ့တပ်ဖွဲ့က ကောင်တွေက အတော်လေး ကလိမ်ကကျစ် ကျတဲ့ကောင်တွေ … သူတို့နဲ့ ရင်ဆိုင်တဲ့ အခါကျရင် မင်းတို့ သေချာပေါက် ဂရုစိုက်ရမယ် …”

အခြားသော ငှားရမ်းထားသည့် စီအဆင့် ကျွမ်းကျင်သူ အမ်ဘာနီက ပြောလာသည်။ “ ဆေးရုံမှာ လုံခြုံရေးတွေ တင်းကြပ်ထားမှာက သေချာတယ် … ငါတို့သာ အမှားအယွင်း တစ်ခုခု လုပ်မိရင် ချက်ချင်း အဝိုင်းခံလိုက်ရမှာပဲ…”

“ ကျုံးဝေ့တပ်ဖွဲ့က အဲ့ဒီလူကို ကာကွယ်ထားမှာ သေချာတယ်… တာဝန်ရဲ့ခက်ခဲမှုက တိုးမြင်လာတယ်ဆိုပေမယ့် မအောင်မြင်နိုင်တဲ့အထိတော့ မဟုတ်သေးပါဘူး ….”

ပြောလိုက်သူက ဟုန်မန်ဂိုဏ်း အဖွဲ့ဝင် ဖြစသည့် ဖုန်းဝေ့ဟောက်ပင်။

သူက လက်ရှိ အော်ပရေးရှင်း၏ ကွန်မန်ဒါ ဖြစ်ပြီး နောက်ကွယ်က အမိန့်ပေးစေခိုင်းနေသူကတော့ ဟောင်ကောင်မှ ညွှန်ကြားနေသည့် ဖန်းရှစ်ဟုန်သာ ဖြစ်၏။

မကြာမီ ကားသုံးစင်းက ဟွာရှန့်ဆေးရုံအနီးနားတွင် ရပ်တန့်သွားခဲ့သည်။

သူတို့ ဆေးရုံထဲသို့ ဝင်မသွားဘဲ တောင်ဘက်ဂိတ် မီတာ တစ်ရာအကွာကျော်ခန့်တွင် ရပ်တန့်လိုက်သည်။ မည်သို့ပင်ဆိုစေ တစ်ဖက်ပြိုင်ဘက်က ကျုံးဝေ့တပ်ဖွဲ့က ဖြစ်ပြီး သတိထားသည်က မမှားချေ။

ဖုန်းဝေ့ဟောက်သည် ကားပြတင်းပေါက်မှန်ကို အောက်သို့ ချ၍ အပြင်ဘက်သို့ တစ်ချက် ကြ့်လိုက်သည်။ လူနာတင်ယာဉ်များနှင့် တက္ကစီများ ဆေးရုံအတွင်းသို့ ဝင်ရောက်နေသည်ကလွဲ၍ ဟွာရှန်းဆေးရုံမှာ ယခုအချိန်၌ အလွန်အမင်း တိတ်ဆိတ်ငြိမ်သက်နေသည်။

သူ့ဖုန်းကို ထုတ်ယူ၍ ဖုန်းဝေ့ဟောက်သည် ဖန်းရှစ်ဟောက် နံပါတ်ကို ဆက်သွယ်လိုက်သည်။

“ သခင်လေး .. ကျုပ်တို့ ပစ်မှတ်တည်နေရာကို ရောက်ပြီ … လှုပ်ရှားဖို့ အဆင်သင့်ပဲ …”

All Chapters