← Chapters

ကံကြမ္မာရဲ့ မျက်နှာသာပေးမှု

Vol. 131 Ch. 1959

ကံကြမ္မာရဲ့ မျက်နှာသာပေးမှု

Vol. 131 Ch. 1959

“ ကျုပ်လည်း သေချာ မသိဘူး … အဲ့ကိစ္စကို စစ်တပ်ဘက်က သေချာလျှို့ဝှက်ထားတာ … ဘာစကားမှလည်း များများစားစား ထုတ်မပြောပြဘူး … ကျုပ်တော့ ကောင်းတဲ့အရာဖြစ်မယ်လို့ မထင်ဘူး …” မြောင်ကော်ဖုန်း ပြောလိုက်သည်။ “ လွန်ခဲ့တဲ့ ၃ နှစ်လောက်တုန်းက မတော်တဆ ဆေးလွန်သွားတဲ့ လူတစ်ယောက်ကို ကျုပ် ကုသဖူးတယ်… အဲ့လူရဲ့ အခြအနေကလည်း ခုလိုမျိုးလဲ … သူ့ရဲ့ သွေးခုန်နှုန်းနဲ့ နှလုံး အမြန်နှုန်းက လုံးဝ လျော့ကျမသွားဘူး … နောက်ဆုံးတော့ သွေးကြောတွေ ပေါက်ပြဲပြီး သေသွားခဲ့တာပဲ …”

ထိုသို့‌ ပြောဆိုပြီးနောက် မြောင်ကော်ဖုန်း ခေတ္တမျှ တုံ့ဆိုင်းသွားခဲ့သည်။ “ လူတိုင်း … အဆင်သင့် ပြင်ထားကြ …”

ခွဲစိတ်ခန်းထဲရှိ လူတိုင်း စကားပြောဆိုနေခြင်းအား ရပ်တန့်လိုက်ကြသည်။ ယခုကဲ့သို့ အခြေအနေမျိုးနှင့် ရင်ဆိုင်တိုက်ခိုက်ရာတွင် သူတို့ဘက်က တတ်နိုင်သည့် နည်းလမ်းလည်း မရှိတော့ချေ။

အကယ်၍ စီ အဆင့် သွေးရည်ကြည်၏ သုတေသန မှတ်တမ်းသာ ရှိခဲ့မည်ဆိုပါက ကုသမည့် အစီအစဉ်အား ရှာတွေ့ကောင်း ရှာတွေ့နိုင်သည်။

သို့သော် ယခုမူကား … လင်းရီ၏ ကိုယ်ခန္ဓာ တစ်ခုလုံးက ဂမ္ဘီရဆန်နေပြီး မည်သည့် ပြဿနာ ဖြစ်ပေါ်နေလဲဆိုတာကို မည်သူကမျှ အဖြေရှာမရနိုင်ကြချေ။ ထို့ပြင် မည်သည့်နေရာမှ စတင်ကုသသင့်တယ်ဆိုတာလည်း သူတို့တွေ မသိကြချေ။

အရေးကြီးဆုံးကတော့ သူတို့ဘက်က အခြားသော ဖြစ်နိုင်ချေရှိသည့် နည်းလမ်းများစွာကို လက်ပမ်းကြသည့်တိုင် ကြိုးစားပြီးသော်လည်းပဲ အရာမထင် ဖြစ်နေခြင်း ဖြစ်လေသည်။

ဤသည်က ခွဲစိတ်ခန်းတစ်ခုလုံးကို စိတ်ပျက်အားလျော့သည့် လေထုအငွေ့အသက်များဖြင့် ပြည့်နှက်သွားစေသည်။

ဖြည်းညင်းစွာဖြင့် … အချိန် နောက်တစ်နာရီ ကုန်ဆုံးသွားခဲ့သည်။

လင်းရီ၏ အခြေအနေက တိုးတက်မည့် လက္ခဏာ မပြသလာဘဲ ထိုအစား ပိုမိုယိုယွင်းစ ပြုလာသည်။ ယင်းက လူတိုင်း၏ နှလုံးကို လည်ချောင်းဝသို့တိုင် တစ်ဆို့လာစေတော့၏။

သို့ဖြစ်သည့်တိုင်အောင် ဒါဇင်ချီသည့် ဒေါက်တာများက ဖြစ်နိုင်ချေရှိသည့် နည်းစနစ်များကို စဉ်းစားနေကြပြီး ဖြေရှင်းနည်းလမ်းတစ်ခုကို ရှာတွေ့နိုင်ရန်အတွက် မျှော်လင့်နေကြဆဲပင်။

သို့သော် လီချူးဟန်မှာတော့ ဘေးတွင် တစ်ကိုယ်တည်း ရပ်နေရင်း ငူငူငိုင်ငိုင်ကြီး ဖြစ်နေသည်။ သူမ၏ ခန္ဓာကိုယ်မှာ စိတ်ဝိဉာဏ်ကို ဆုံးရှုံးထားသကဲ့သို့ ကနေဦးက ရှိခဲ့သည့် တက်ကြွမှုအဟုန်သည်လည်း ပျောက်ဆုံးသွားခဲ့တော့သည်။

အမှန်စင်စစ်တွင်မူကား သူမမှာ အခြားသော ဒေါက်တာများကဲ့သို့ စိတ်အား ထက်သန်နေခြင်း မရှိခဲ့ချေ။

လင်းရီ ဒဏ်ရာရထားသည် ဟူသည့် သတင်းကို ကြားစဉ်ကတည်းက တစ်ချိန်လုံး သူမ၏ ဒေါသကို အနိုင်နိုင် ချုပ်တည်းထားခဲ့ရသည်။

လင်းရီကို မည်သို့သော နည်းလမ်းနှင့်ပဲ ဖြစ်ဖြစ် သူမ ကယ်တင်ချင်သည်။

အဆိုပါ စိတ်ဝိဉာဏ်ကြောင့်ပဲ လီချူးဟန်မှာ ဖြစ်နိုင်သည့် ဖြေရှင်းနည်းလမ်းများကို စိတ်အားတက်ကြွစွာဖြင့် စဉ်းစား အဖြေရှာခဲ့၏။

သို့သော်လည်းပဲ ယခုအချိန်တွင်တော့ အဆိုပါ စိတ်ဝိဉာဏ်သည်လည်း မောပမ်းနွမ်းနယ်ကာ အားအင် ကုန်ခမ်းသွားသည့်နှယ်ပင်။

သူမဘက်က တတ်နိုင်သည့် နည်းလမ်းပေါင်းစုံကို ကြိုးစားကြည့်ပြီးတိုင် အလုပ်ဖြစ်သည့် နည်းလမ်းက တစ်ခုမျှ ရှိမနေချေ။

သူမ အရှုံးပေးလိုက်ရတော့မည်လော။

အရှုံးမပေးတော့‌ရော …..

လက်လျော့လိုက်ရန်မှတပါး အခြား ဖြစ်နိုင်သည့် နည်းလမ်းကို သူမ မစဉ်းစားတတ်တော့ချေ။

ခွဲစိတ်ခန်းထဲတွင်တော့ စက်ကိရိယာများ၏ သတိပေး အချက်ပြသံတို့က ဆက်တိုက် မြည်ဟည်းနေသည်။

ကနေဦးပိုင်းတွင် လျော့ကျခဲ့သည့် သွေးဖိအားနှင့် နှလုံးခုန်နှုန်းက ယခုအခိုက်အတန့်တွင် တစ်ဖန်ပြန်ပြီး မြင့်တက်လာခဲ့သည်။

ကြောက်ဖွယ် အကောင်းဆုံး အရာကတော့ သူ၏ သွေးဖိအားမှာ ၃၁၀ သို့တိုင် ရောက်ရှိနေပြီး နှလုံးခုန်နှုန်းက ၂၃၀ ကို ကျော်လွန်သွားခဲ့လေပြီ။

ဤဒေတာကို မြင်တော့ ကျွမ်းကျင်ပါသည်ဆိုသည့် နာမည်ကြီး ဒေါက်တာများအားလုံး စိတ်ထဲတွင် တုန်လှုပ်ခြောက်ခြားသွားခဲ့ကြသည်။

ဤသည်က လူတစ်ဦးတွင် ရှိနေသင့်သည့် လက္ခဏာရပ်တစ်ခု ဟုတ်မနေချေ။

သူတို့၏ မျက်လုံးထဲ၌ လင်းရီမှာ လူတစ်ဦး မဟုတ်တော့ဘဲ အချိန်ကိုက် ဗုံးတစ်လုံးသာ ဖြစ်၏။

ထို့ပြင် နှုတ်ခေါင်းမှလည်း သွေးတို့လျှံလာနေခဲ့သည်။ သူတို့ဘက်က ရပ်တန့်စေရန် အလျင်အမြန် ဆောင်ရွက်ခဲ့သော်လည်းပဲ ကောင်းသည့် လက္ခဏာရပ်တစ်ခုတော့ ဟုတ်မနေချေ။

ယင်းက ဆိုလိုချင်နေသည်မှာ သူ၏ သွေးကြောများက ထိုမျှပြင်းထန်သည့် ဧရာမ သွေးဖိအားကို လက်မခံနိုင်တော့ကြောင်း ဖြစ်ပြီး ပေါက်ပြဲတော့မည့် လက္ခဏာရပ်တို့ ဖြစ်၏။ သူတို့ ခန့်မှန်းသည့်အတိုင်းဆိုပါက လင်းရီမှာ နောက်ထပ် နာရီဝက်မျှပင် ဆက်လက်တောင့်ခံနိုင်မှာ မဟုတ်တော့ချေ။

“ ငါတို့ အခု ဘာဆက်လုပ်သင့်လဲ …”

မာရန်ပေါ် ငေးကြောင်ကြောင် အမူအရာဖြင့် မေးမြန်းလိုက်သည်။

ကျန်သူများလည်း တိတ်ဆိတ်နေသည်။ သူတို့အားလုံး ကူကယ်ရာမဲ့နေခဲ့ကြ၏။

မြောင်ကော်ဖုန်းမှာ လီချူးဟန်ကို ကြည့်ပြီး လေးပင်စွာ သက်ပြင်းချလိုက်မိသည်။

“ အခြေအနေက မင်းလည်း မြင်တဲ့အတိုင်းပဲ … ငါတော့ ထွေထူး ပြောစရာ လိုမယ်မထင်ဘူး … မင်းတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးအရဆိုရင် သူ့မှာ အခု အသိစိတ် နည်းနည်း ရှိနေလောက်သေးတယ်… သူ့ကို နောက်ဆုံးအကြိမ် စကားပြောလိုက်ပါ …. ငါတို့ အရင် ထွက်သွားနှင့်ပြီ … မိသားစုဝင်တွေကို ငါးမိနစ်နေရင် ဒီထဲ ဝင်လာခိုင်းလိုက်မယ်… ငါတို့တတ်နိုင်တာ ဒါအကုန်ပဲ …”

ယခုလို ပြုလုပ်ရသည့် အကြောင်းအရင်းကတော့ မြောင်ကော်ဖုန်းသည် လင်းရီနှင့် လီချူးဟန်တို့၏ ရင်းနှီးပတ်သက်မှုကို သိရှိထားသောကြောင့် ဖြစ်ပြီး မဟုတ်ပါက ယခုလိုမျိုး စီစဉ်ပေးမှာ မဟုတ်ချေ။

“ ဟုတ်... ဟုတ်ကဲ့…”

လီချူးဟန် တုန်ခါနေသည့် အသံဖြင့် ပြန်ဖြေလိုက်၏။

အခြားသူများဘက်သို့ လှည့်ရင်း … မြောင်ကော်ဖုန်း အကြည့်တစ်ချက် ပေးလိုက်ကာ အခန်းထဲမှ တစ်ယောက်ပြီး တစ်ယောက် ထွက်လာခဲ့ကြ၏။ လင်းရီနှင့် လီချူးဟန်တို့ကို သီးသန့်အချိန်ပေးထားလိုက်သည်။

မြောင်ကော်ဖုန်းနှင့် အခြားသူများ ခွဲစိတ်ခန်းထဲက ထွက်လာသည်ကို မြင်တော့ ကျီချင်းရန်နှင့် အခြားသူများမှာ သူတို့နှင့် ချက်ချင်းလက်ငင်း သွားရောက်တွေ့ဆုံသည်။

“ လင်းရီ ဘယ်လိုနေသေးလဲ ဒေါက်တာ … သူ သက်သာလာပြီမလားဟင် …”

မြောင်ကော်ဖုန်း စိတ်မကောင်းသည့် အမူအရာဖြင့် သက်ပြင်းချလိုက်၏။ “ နောက်ငါးမိနစ် နေရင် ခွဲစိတ်ခန်းထဲဝင်ပြီး သူ့ကို သွားကြည့်လိုက် … အခြေအနေက မဟန်ဘူး … ငါတို့မှာလည်း တခြား ရွေးချယ်စရာတွေ မရှိတော့ဘူး ….”

BOOM ….

မြောင်ကော်ဖုန်း၏ စကားက ကျီချင်းရန်၏ နားအတွင်းသို့ မိုးကြိုးပစ်ခွင်းလာသည့်နှယ် ကျယ်လောင်စွာ မြည်ဟည်းသွားပြီး ဦးခေါင်းတစ်ခုလုံး စီဝေသွားခဲ့သည်။

တစ်ဖက်သူက တိတိကျကျ မပြောဆိုခဲ့သော်လည်း ဆိုလိုချင်နေသည့် သဘောတရားကို သူမတို့ အားလုံး နားလည်ကြ၏။

လင်းရီကို ကယ်တင်ရန် မျှော်လင့်ချက်ကား မရှိတော့ချေ။

“ ဒါ နားလည်မှု လွဲသွားတာ ဟုတ်တယ်မလား …” ကျီချင်းရန်သည် မြောင်ကော်ဖုန်းအား ဆွဲပြီး အလျင်စလို မေးမြန်းလိုက်၏။ “ ရှင်တို့ အရင်ကလည်း ဒီလိုစကားမျိုးပဲ ပြောခဲ့တယ်လေ.. အဲ့တာကို သူဘာလို့ အသက်ပြန်ရှင်လာခဲ့သေးလဲ ….”

လူတိုင်း၏ အကြည့်က လျိုဟုန်ထံသို့ ကျရောက်သွားခဲ့၏။

ဤနေရာတွင် သူ၏ ရာထူးအဆင့်အတန်းက အမြင့်ဆုံး ဖြစ်၏။ အကယ်၍ အတွင်းသတင်း တစ်ခုခု ရှိမည်ဆိုပါက ထိုလူ ကျိန်းသေပေါက် သိထားရမည်။

လျိုဟုန် တိတ်တဆိတ်သာ ခေါင်းခါယမ်းလိုက်ပြီး ဤကိစ္စက ကျုံးဝေ့တပ်ဖွဲ့နှင့် သက်ဆိုင်ခြင်း လုံးဝ မရှိကြောင်း ပြောပြလိုက်သည်။ ထို့ပြင် ဤတစ်ကြိမ်၌ မည်သည့် အယောင်ပြ သေဆုံးမှုတို့ မရှိတော့ချေ။

ယခုအချိန်ထိတိုင် လျိုဟုန်သည် လင်းရီ အဘယ်ကြောင့် အံ့ဩဘနန်းဖြစ်စွာ အသက်ပြန်ရှင်လာခဲ့ရသလဲဆိုတာကို နားမလည်နိုင် ဖြစ်နေဆဲပင်။

လင်းရီ ပြန်ပြီး အသက်ရှင်လာသည်ဟူသည့် သတင်းကို သိရပြီးကတည်းက သူ့ကိုယ်သူ မေးမြန်းနေမိသည့် မေးခွန်းတစ်ခု ဖြစ်လေသည်။

“ ဒါက ….”

လူတိုင်း ထပ်မံ၍ တိတ်ဆိတ်သွားခဲ့ပြန်သည်။ မည်သို့ပဲ ကြည့်ကြည့် လက်တွေ့ အမှန်တရားကို မည်သူကမျှ လက်သင့်မခံလိုကြချေ။

လင်းရီ အသက်ပြန်ရှင်လာသည့် သတင်းကို သူတို့ကြားသိရသည်က အချိန် ဘယ်လောက်မျှ မကြာသေးသော်လည်းပဲ ယခုလို အဖြစ်အပျက်မျိုး ဖြစ်ပျက်လာခဲ့ရလေသည်။

ကျီချင်းရန်၏ နှလုံးသားလေးမှာ ထိုကဲ့သို့ ညှင်းပန်းနှိပ်စက်မှုမျိုးအား လုံးဝ တောင့်ခံနိုင်ခြင်း မရှိခဲ့ပေ။

“ ကျွန်မအထဲကို သွားမယ်… လင်းရီနဲ့ တွေ့ချင်တယ်….” ကျီချင်းရန် အော်ဟစ်တောင်းဆိုလိုက်သည်။

“ ဒါရိုက်တာကျီ … ကျေးဇူးပြုပြီး စိတ်ငြိမ်ငြိမ်ထားပေးပါ …” မြောင်ကော်ဖုန်း ပြောလိုက်ပြီး သူမ၏ လမ်းကို ပိတ်ဆို့ထားကာ လီချူးဟန်ကို အချိန်ပိုပေးနိုင်ရေးအတွက် ကြိုးပမ်းနေသည်။

“ ကျုပ်တို့ အသင်းက အထဲမှာ အခြေအနေကို ကိုင်တွယ်နေလို့ နောက်ထပ် နည်းနည်းလောက်စောင့်ပြီးမှပဲ အထဲဝင်သွားပေးပါ ….”

“ ငါတို့ နည်းနည်း ထပ်စောင့်ကြမယ်လေနော် အစ်မကျီ … ဒေါက်တာတွေ ပြောတဲ့စကားပဲ … နားထောင်ရမှာပေါ့ ….” ဟော်ယွမ်ယွမ် ပြောလိုက်ပြီး ရှေ့သို့ တက်လာခဲ့ကာ ကျီချင်းရန်ကို ဖေးမထားပေးလိုက်သည်။

လူပြတ်လပ်သည့် စင်္ကြံလမ်းတစ်လျှောက်တွင် ကျီချင်းရန်၏ ငိုညည်းရှိုက်သံတို့ကသာ ဆက်လက် ထွက်ပေါ်နေတော့၏။

…………….

ကြီးမားသည့် ခွဲစိတ်ခန်းကြီးထဲတွင် အခြားမည်သူ တစ်ဦးတစ်ယောက်မျှ ရှိမနေချေ။ ကုတင်နှင့် တစ်မီတာအကွာတွင် ရှိနေသည့် လီချူးဟန်မှာ ရုတ်ချည်း တည်ငြိမ်သွားခဲ့သည်။

ယင်းက သူမတို့နှစ်ဦး ခွဲစိတ်ခန်းထဲ ရောက်နေတာ မဟုတ်ဘဲ အိမ်ပြန်ရောက်နေသည်ဟု ခံစားနေရလေသည်။

ညင်သာသည့် ခြေလှမ်းတို့ဖြင့် .. လင်းရီအနားသို့ လျှောက်လှမ်းလာခဲ့ကာ ကြမ်းပြင်တွင် ဒူးထောက်လိုက်သည်။ ထို့နောက် လင်းရီ၏ လက်ကို ဆုပ်ကိုင်၍ သူမ၏ ပါးပြင်နှင့် ထိတွေ့လိုက်၏။

ဤသည်က လီချူးဟန်၏ ချစ်ခြင်းမေတ္တာဖြစ်၏။

ချစ်ခြင်း မေတ္တာဆိုသည်မှာ ရယူပိုင်ဆိုင်ခြင်း မမည်ပေ။

ဘိ ဘိ ဘိ ဘိ ….

ဘိ ဘိ ဘိ ဘိ ….

အချက်ပြ စက်ကိရိယာများ၏ သတိပေး အချက်ပြသံတို့က ကျယ်လောင်စွာ မြည်ဟည်းနေပြီး ထိုအခိုက်အတန့်၌ လင်းရီ၏ သွေးဖိအားနှင့် နှလုံးခုန်နှုန်းက ကြောက်မက်ဖွယ်ကောင်းလောက်အောင် ၃၅၀ ၊ ၂၄၀ သို့တိုင် ရောက်ရှိလာချေသည်။

ယခု အချိန်ထိတိုင် အဘယ်ကြောင့် ယခုလို အရာမျိုးတွေ ဖြစ်လာခဲ့မှန်း လီချူးဟန် အမှန်တကယ်ကို နားမလည်နိုင်ခဲ့ချေ။

သို့သော် သူမအဖို့ … မသိရလည်း ပြဿနာ မရှိတော့ချေ။ ဤအတိုင်းလေးပဲ လင်းရီ၏ ဘေးနားတွင် သူမ ခပ်ကြာကြာလေး တည်ရှိချင်သည်။

ထိုအချိန် အခိုက်အတန့်၌ လင်းရီ၏ ခန္ဓာကိုယ်မှာ အမည်မသိ ပြောင်းလဲမှုတို့ကို စတင်ကြုံတွေ့နေခဲ့၇၏။

ယင်းကပဲ သူ၏ ခန္ဓာကိုယ် အစိတ်အပိုင်း လုပ်ဆောင်မှုများကို ဝန်ပိသွားစေခဲ့လေသည်။

[မစ်ရှင် ပြီးမြောက်သွားပါပြီ ]

[ ဆုလဒ် : အတွေ့အကြုံမှတ် နှစ်သိန်း ]

[ အလုပ်အကိုင် ပြီးမြောက်မှု : ၃၀ ရာခိုင်နှုန်း ]

[ ဆုလဒ် : စီအဆင့် တိုက်ပွဲဝင် ခွန်အား ]

စနစ်၏ ဆုလဒ်က လင်းရီ၏ ခန္ဓာကိုယ်အပေါ်သို့ ချက်ချင်း အကျိုးသက်ရောက်လာသည်။

တိတိကျကျ ပြောပြရမည်ဆိုပါက ယင်းက ခန္ဓာကိုယ်ကို ပြန်လည် မွမ်းမံပြင်ဆင်လိုက်ခြင်း ဖြစ်၏။

ခန္ဓာကိုယ်အစိတ်အပိုင်း လုပ်ဆောင်မှုများ အားလုံးကို စီ အဆင့်သို့ တိုးမြင့်ပေးလိုက်ပြီး ယင်းက သူ့ခန္ဓာကိုယ်၏ ခံနိုင်ရည်စွမ်းအားကို တိုးမြင့်လာစေသည်။

၎င်းကြောင့်ပဲ စီ အဆင့် သွေးရည်ကြောင့် ဖြစ်ပေါ်နေသည့် ဘေးထွက်ဆိုးကျိုးများမှာ ၃၀ ရာခိုင်နှုန်းမျှ လျှော့ချခံလိုက်ရသည်။

မူလက သန်မာသည့် လင်းရီ၏ ခန္ဓာကိုယ်ဖြင့် ဆိုပါက ဆေးကို လွယ်လင့်တကူ တောင့်ခံနိုင်သွားပြီ ဖြစ်၏။

နောက်တစ်ဆင့်က သွေးရည်ကြည်တွင် ပါဝင်သည့် ဆေးပစ္စည်းများ သူ၏ ခန္ဓာကိုယ်နှင့် အပြည့်အဝ ပေါင်းစပ်ပြီး တည်ငြိမ်သွားဖို့ကို စောင့်ဆိုင်းရန်ပင်။

အခြား မည်သည့် ထွေထူး ပြဿနာမျှ ရှိတော့မှာ မဟုတ်ချေ။

မစ်ရှင် ယခုလို အချိန်၌ ပြီးမြှောက်သွားခဲ့သည်က သူ ယခင် ကိုင်တွယ်ဖြေရှင်းခဲ့သည့် ကျောင်းတွင် အနိုင်ကျင့်သည့် အမှုက ယနေ့တွင် အမှုပိတ်သိမ်းလိုက်နိုင်သောကြောင့် ဖြစ်သည်။

ဤသည်က စနစ်၏ မစ်ရှင် ဆယ်ခုလုံးကို ပြီးမြှောက်သွားစေသည်။

မသိစိတ် အနေအထားတွင် ရှိသည့် လင်းရီမှာ စိတ်ထဲမှ အလိုအလျောက် ရေရွတ်လိုက်မိ၏။

“ ငိုးမ စနစ် … မြေနိုးမသား….”

All Chapters