အခန်း (၃၁၄)
Vol. 11 Ch. 314
ယဲ့ယွီပင်လယ်ကို ငေးကြည့်နေခဲ့သည်။
ရင်းနှီးသလိုလိုဖြစ်နေသော ဝိညာဉ်ဖိအားတစ်ခုသည် ခေတ္တမျှသာ ရှိနေပြီးနောက် လုံးဝပျောက်ကွယ်သွားခဲ့သည်။ မည်သည့်နေရာမှလာသည်ကိုပင် သူ မသိလိုက်ချေ။
သူ့၏ ဝိညာဉ်အာရုံဖြင့် ချက်ချင်း ပတ်ဝန်းကျင်ကို လှည့်ပတ်ရှာဖွေကြည့်သော်လည်း ဘာမှ မရှိပေ။
ဝိညာဉ်ဖိအား၏ အစအနပင်လျှင် ခေတ္တမျှသာ ပေါ်လာသော အရိပ်တစ်ခုလို ပျောက်ကွယ်သွားခဲ့သည်။
ဘာဖြစ်နေတာလဲ။
ထိုစဉ် ဝေးလံသောနေရာမှ ပြင်းထန်သောအင်အားများရှိသော နဂါးဟိန်းသံတစ်ခု ပဲ့တင်ထပ်လာသောအခါ စုရုံးနေကြသော ကျင့်ကြံသူများသည် စိတ်လှုပ်ရှားစွာဖြင့် ထိုအသံလာရာဆီသို့ အပြေးအလွှား သွားခဲ့ကြသည်။
ယင်ဖေးကျင်းသည်လည်း အလိုလိုလိုက်ရန် ပြင်လိုက်သော်လည်း ယဲ့ယွီကို မလှုပ်မယှက် ရပ်နေသည်ကို မြင်သောအခါ ရပ်တန့်သွားခဲ့သည်။
သူမ မျက်နှာတွင် ရှုပ်ထွေးသောအမူအရာတစ်ခု ပေါ်လာပြီး မေးရန်ပြင်လိုက်စဉ်တွင် ငွေရောင် အရိပ်တစ်ခုသည် လျှပ်စီးကဲ့သို့ ယဲ့ယွီဆီသို့ ဦးတည်ကာ လာခဲ့သည်။
ယဲ့ယွီသည် တည်ငြိမ်စွာပင် သူ့ညာလက်ကို မြှောက်ကာ ကာကွယ်လိုက်သည်။
“ဗုန်း!”
အသံတိုးတိုးတစ်သံ ထွက်ပေါ်လာပြီး ငွေရောင်ပုံရိပ်သည် နောက်ဆုံးတွင် ရပ်တန့်သွားခဲ့သည်။
ထိုအခါမှ ယင်ဖေးကျင်းသည် ထိုသူမှာ မည်သူဖြစ်သည်ကို မြင်လိုက်ရသည်။ ယဲ့ယွီ၏ရှေ့တွင် ရပ်နေသော ဖြူဖျော့သော ဆံပင်နှင့် အထူးပင် ချစ်စဖွယ်ကောင်းသော မျက်နှာရှိသည့် မိန်းကလေးတစ်ဦး ဖြစ်သည်။
သူမသည် စိတ်လှုပ်ရှားနေပုံရပြီး ယဲ့ယွီ၏ အင်္ကျီကို ကိုင်စွဲရန် ကြိုးစားနေသဖြင့် နဖူးကို ယဲ့ယွီ၏ လက်ဖြင့် ဖိကာတွန်းထားရသည်။
သူမ၏ လက်များမှာ တိုလွန်းနေပြီး ယဲ့ယွီ၏ လက်မှာ ပို၍ ရှည်လျားသဖြင့်
သူမ မည်မျှပင် ကြိုးစားသော်လည်း သူ၏ကိုယ်ခန္ဓာကို မမီနိုင်ပေ။
သို့သော် သူမသည် လက်မလျှော့ဘဲ သူမ၏ အကြည့်တွင် ပြင်းပြသော စိတ်ပိုင်းဖြတ်မှုများဖြင့် လောင်ကျွမ်းနေသည်။
ယဲ့ယွီသည် စိတ်ပျက်အားငယ်စွာဖြင့် သက်ပြင်းချလိုက်သည်။
“စီနီယာအမရေ၊ ရပ်လိုက်တော့။ ကျွန်တော့်ကို ဒီလိုပဲ အမြဲ နှုတ်ဆက်နေဖို့ တကယ်ပဲ လိုအပ်သလား။ လူတွေ ကြည့်နေကြတယ်!”
ဟုတ်ပါတယ်။ ထိုဆံပင်ဖြူဖြူ မိန်းကလေးသည် ယဲ့ယွီ၏ ဒုတိယစီနီယာအမဖြစ်သူ ရှဲ့မူလင်ပင် ဖြစ်သည်။
ယဲ့ယွီအစောပိုင်းက ခံစားခဲ့ရသော ဝိညာဉ်ဖိအားသည် သူမထံမှ လာခဲ့ခြင်း ဖြစ်သည်။
ယင်ဖေးကျင်း၏ မျက်နှာသည် လုံးဝ ရှုပ်ထွေးတုန်လှုပ်နေသည်။
ယဲ့ယွီ၏ စီနီယာအမက ဘာကြောင့် ဒီလိုမျိုး လုပ်နေရတာလဲ။
“ဂျူနီယာမောင်လေး၊ ငါ့ကို လွှတ်ပေးပါဦး။ ငါ မင်းကို မထိဘူးလို့ ကတိပေးတယ်” ဟု ရှဲ့မူလင်က သူ့လက်ထဲကနေ ရုန်းရင်းပြောသည်။
ယဲ့ယွီသည် မသင်္ကာသောအမူအရာဖြင့် မျက်လုံးများကို ကျဉ်းလိုက်သည်။
ကိုယ်မင်းလက်ကလေးကိုင်တာကလွဲပီး ဘာမှ မလုပ်ပါဘူးကွာ ဟု ပြောသော ယောက်ျားတစ်ယောက်နဲ့ မတူဘူးလား။ ဘယ်သူက ယုံမှာလဲ။
သူသည် သူ့လက်ကို ခိုင်မြဲစွာ ထားရင်း “စီနီယာအမ၊ ဒီကို ဘာလုပ်ဖို့ လာတာလဲ” ဟု မေးလိုက်သည်။
“ငါကတော့…”
ရှဲ့မူလင်သည် ပါးစပ်ကို ဖွင့်လိုက်သော်လည်း သူမ၏ အကြည့်က ယင်ဖေးကျင်းဆီသို့ ရောက်သွားသောအခါ တုံ့ဆိုင်းသွားခဲ့သည်။
ခေတ္တရပ်တန့်မှုက များစွာ အဓိပ္ပာယ်ရှိနေသည်။
သူမ၏ အဓိပ္ပာယ်မှာ ရှင်းနေသည်။ မင်းက သူစိမ်း။ ဒီကိစ္စက မင်းနဲ့ ဆွေးနွေးစရာ မဟုတ်ဘူး။ ထွက်သွား။
ယင်ဖေးကျင်းသည် ထိုသဘောကို နားလည်နိုင်လောက်အောင် ဉာဏ်ရည်ထက်မြက်သည်။ ရှင်းရှင်းလင်းလင်း ပြောဆိုခြင်းကို မစောင့်ဘဲ သူမသည် သိမ်မွေ့စွာ ထွက်ခွာသွားခဲ့သည်။
“ဟိုဘက်ဆီက နဂါးဟိန်းသံ ကြားတယ်။ ငါ သွားကြည့်လိုက်ဦးမယ်။ မင်းတို့ နှစ်ယောက် အေးဆေးပြောကြ”
ထိုသို့ပြောပြီးနောက် သူမသည် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ ထွက်ခွာသွားခဲ့သည်။
ယင်ဖေးကျင်း ထွက်သွားပြီးနောက် ရှဲ့မူလင်သည် တစ်လှမ်းမျှ နောက်ဆုတ်လိုက်ကာ ယဲ့ယွီ၏ လက်ထဲမှ လွတ်ထွက်သွားခဲ့သည်။
သူမ၏ နဖူးကို ဖိတွန်းခံထားရခြင်းသည် နှစ်လိုဖွယ်မရှိသော်လည်း သူမက မညည်းညူခဲ့ချေ။
အစားထိုးအနေဖြင့် သူမသည် ယဲ့ယွီကို တိုက်ရိုက်ကြည့်ပြီး “ဂျူနီယာမောင်လေး၊ မင်း ဒီလို မိန်းကလေးမျိုးကို ကြိုက်သလား” ဟု ရိုးရိုးသားသား မေးလိုက်သည်။
သူမ၏ မေးခွန်းသည် ပွင့်လင်းလွန်းပြီး တိုက်ရိုက်ဆန်သည်။
ယဲ့ယွီသည် အနည်းငယ် ခေါင်းညိတ်ကာ ရယ်မောလိုက်သည်။
ယင်ဖေးကျင်းသည် သူမ၏ စင်ကြယ်မှုနှင့် ဆွဲဆောင်မှုတို့ ပေါင်းစပ်နေမှုကြောင့် မည်သူမဆို မကြိုက်ဘဲ မနေနိုင်သည်မှာ ငြင်းမရချေ။
ထို့အပြင် ချင်ချောင်းမှ နတ်မြေခွေးတစ်ဦးဖြစ်သည့်အတွက် သူမ၏ အမြီးသည် အပိုဆုတစ်ခုပင် ဖြစ်သည်။
မည်သည့်ယောက်ျားက ဆွဲဆောင်မှုမရှိဘဲ နေနိုင်မည်နည်း။
“ပြီးတော့ သူမက မင်းရဲ့ဘေးမှာ နေ့တိုင်းနေပြီး မင်းနဲ့ ပွေ့ဖက်ပီးနမ်းနေလို့ရသလား” ဟု ရှဲ့မူလင်က ထပ်မံ၍ ဖိအားပေးကာမေးလိုက်သည်။
ဤဒုတိယမေးခွန်းက ယဲ့ယွီကို အံ့အားသင့်စေခဲ့သည်။
သူမက ဘာကြောင့် ပွေ့ဖက်ခြင်းနဲ့ပတ်သက်ပြီး ဒီလောက်တောင် စွဲလမ်းနေရတာလဲ။
သူမ၏ ဆံပင်ဖြူများနှင့် anime ဂျပန်ကာတွန်းကားထဲမှကောင်မလေး ပုံစံမျိုးရှိသော ရှဲ့မူလင်သည် ချစ်စဖွယ်ကောင်းပြီး ဆွဲဆောင်မှုရှိပြီးသားပင်။ အကယ်၍ သူမသည် သာမန်အားဖြင့် တာအိုလက်တွဲဖော်လိုကြောင်း အရိပ်အမြွက်ပြရုံဆိုလျှင် ချင်ယွမ်ဂိုဏ်းအထိ တန်းစီနေမည့် ကျင့်ကြံသူများ ရှိပေမည်။
ဘာကြောင့် ဒီလို ကလေးဆန်တဲ့ မေးခွန်းကို မေးနေရတာလဲ။
ယဲ့ယွီသည် သက်ပြင်းချလိုက်ပြီး အလေးအနက်ထား၍ ပြန်ဖြေလိုက်သည်။ “ပထမဆုံးအနေနဲ့ စီနီယာအမ၊ သူမက ကျွန်တော့်ရဲ့ တာအိုလက်တွဲဖော်မဟုတ်ဘူး။ ဒုတိယအနေနဲ့ တာအိုလက်တွဲဖော်တွေပဲ နေ့တိုင်း ပွေ့ဖက်လို့ရတယ်။ တတိယအနေနဲ့ စီနီယာအမသာ တာအိုလက်တွဲဖော်ရှာနေတယ်ဆိုရင် စီနီယာအမကြိုက်တဲ့ ပုံစံကို ပြောပြပါ။ ကျွန်တော် ကူရှာပေးမယ်”
ယဲ့ယွီသည် ကျေးဇူးဆပ်တတ်သူတစ်ဦး ဖြစ်သည်။
ရှဲ့မူလင်၏ အမူအရာများသည် သူ့ကို စကားမပြောနိုင်အောင် မကြာခဏဆိုသလို ဖြစ်စေခဲ့သော်လည်း အတိတ်က သူ့ကို အများကြီး ကူညီခဲ့သည်ကို သူ မငြင်းနိုင်ပေ။
ချင်ယွမ်ဂိုဏ်းသို့ ပထမဆုံးရောက်သည့်နေ့က သူ့နေအိမ်ကို စီစဉ်ပေးခဲ့ခြင်းမှ စ၍ ဆောက်လုပ်ရေးဆောင်မှ တပည့်များကို သူ့အတွက် တဲလေး ဆောက်ခိုင်းသည်အထိ သူမသည် သူ့အတွက် အမြဲတမ်း ကူညီပေးခဲ့သည်။
သူ အခုအသုံးပြုနေသော ထိုးဖောက်ဝင်ရောက်နည်းကိုပင် သူမက သင်ပေးခဲ့ခြင်း ဖြစ်သည်။
သူမကသာ တောင်းဆိုခဲ့လျှင် ယဲ့ယွီသည် မငြင်းဆန်ခဲ့ချေ။
သို့သော် သူမျှော်လင့်မထားသည်မှာ နောက်ဆက်တွဲ ဖြစ်လာသော အရာပင်ဖြစ်သည်။
“ငါ ဆုံးဖြတ်လိုက်ပြီ” ဟု ရှဲ့မူလင်က သူ့မျက်နှာနှင့် လက်မအနည်းငယ်အကွာတွင် ထား၍ ကြေညာလိုက်သည်။ “ဒီကစပြီး ငါက မင်းရဲ့ တာအိုလက်တွဲဖော်ပဲ။ အဲဒီလိုဆိုရင် ငါတို့ နေ့တိုင်း ပွေ့ဖက်လို့ရတယ်။ ပြီးတော့ မင်းကလည်း ငါ့ကို ထပ်ပြီး တွန်းထုတ်စရာ မလိုတော့ဘူး!”
ယဲ့ယွီသည် သူ့ဆံပင်များကို ဆွဲနုတ်ချင်လာလုနီးနီး ဖြစ်သွားခဲ့သည်။
ဘာကြောင့်လဲ။ သူမရဲ့ စကားတွေက ဘာကြောင့် ဒီလောက်တောင် ထူးဆန်းနေရတာလဲ။
ရှဲ့မူလင်သည် သူ့တိတ်ဆိတ်မှုကို သဘောတူညီသည်ဟု အဓိပ္ပာယ်ကောက်ခဲ့သည်။
“မငြင်းဘူးဆိုတော့ သဘောတူတယ်လို့ ယူဆရမှာပဲ။ လာ”
သူ တဒင်္ဂ ငြိမ်သက်သွားသည်ကို အခွင့်ကောင်းယူ၍ သူမသည် သူ့ထံသို့ ခုန်တက်ကာ သူ့လည်ပင်းကို မျက်နှာဖြင့် ဖိပွတ်ပြီး စိတ်ကျေနပ်စွာဖြင့် အသက်ပြင်းပြင်း ရှူသွင်းလိုက်သည်။
ယဲ့ယွီသည် သူမကို တွန်းထုတ်ရန် ကြိုးစားလိုက်သော်လည်း ရုတ်တရက်ဆိုသလို ကောင်းကင်တစ်ခွင်လုံးတွင် တိမ်မဲများ လှိမ့်ကာ ပေါ်လာခဲ့သည်။
ဖိနှိပ်သော လေထုတစ်မျိုးက ပတ်ဝန်းကျင်ကို လွှမ်းခြုံလာပြီး သူ့ကျောရိုးတစ်လျှောက် အေးစိမ့်သွားစေသည်။
အပေါ်ကို မော့ကြည့်လိုက်သောအခါ တိမ်ထူထပ်ထဲတွင် ခရမ်းရောင် လျှပ်စီးကြောင်းများ လင်းလက်နေသည်ကို သူ မြင်လိုက်ရသည်။
တစ်စုံတစ်ယောက်က ကောင်းကင်ကပ်ဘေးကို ရင်ဆိုင်နေရတာပဲ။
သို့သော် ယဲ့ယွီအိပ်မက်လောကတွင် ကြုံတွေ့ခဲ့ရသော နတ်ဘုရားဘေးနှင့် မတူပေ။ တစ်စုံတစ်ရာက မတူညီနေသည်။ သို့သော် အတိအကျပြောရန် ခက်ခဲနေသည်။
ဘယ်သူက ဒီနေရာမှာ ကောင်းကင်ကပ်ဘေးကို ရင်ဆိုင်နေတာလဲ။
ယဲ့ယွီသည် ရှဲ့မူလင်ကို အန္တရာယ်ရှိသော နေရာမှ ဆွဲထုတ်ရန် ရည်ရွယ်ချက်ဖြင့် လက်ကို ဆန့်ထုတ်လိုက်သည်။
သို့သော် သူ့လက်က လမ်းတစ်ဝက်တွင် ရပ်တန့်သွားခဲ့သည်။
သူ ခံစားမိသည်မှာ အေးစက်ပြီးမာကျောသော… အကြေးခွံများ ဖြစ်သည်။
နောက်ထပ် စမ်းသပ်ကြည့်ရာတွင် သူ့လက်ချောင်းများသည် အမြီးတစ်ခုကို ထိမိခဲ့သည်။
ယဲ့ယွီသည် အောက်သို့ ကြည့်လိုက်သောအခါ မျက်နှာက ဖြူဖျော့သွားခဲ့သည်။
ရှဲ့မူလင်၏ အင်္ကျီသည် တောက်ပသော ငွေရောင်အကြေးခွံများအဖြစ် ပြောင်းလဲသွားပြီး နောက်တွင် အမြီးတစ်ချောင်း ညင်သာစွာ ယိမ်းထိုးနေသည်။
နဂါးတစ်ကောင်!
ယဲ့ယွီသည် ရင်သပ်ရှုမောသွားပြီး သူ့စိတ်ထဲတွင် ပြင်းထန်စွာ တွေးတောနေသည်။
သူမ၏ ခေါင်းမှ ပေါက်နေသော ချိုနှစ်ချောင်းကို မြင်သောအခါ သူ၏ သံသယများက အတည်ပြုသွားခဲ့ပြီး အလွန်အမင်း ပြင်းထန်သန်မာလှသော တန်ခိုးအရှိန်အဝါများ ထွက်ပေါ်လာခဲ့သည်။
ကြိုးခြောက်လုံးတောင်တန်း၊ ငွေရောင်နဂါး၊ ရှဲ့မူလင်…
“စီနီယာအမ” ဟု ယဲ့ယွီက တုန်လှုပ်စွာဖြင့် မေးလိုက်သည်။ “စီနီယာအမက ငွေရောင်နဂါးလား”
ရှဲ့မူလင်သည် အသက်ပြင်းပြင်း ရှူသွင်းနေဆဲဖြစ်ပြီး “မောင်လေးက အံ့သြနေပုံရတယ်နော်။ ငါတို့ ဆရာက ငါ့ရဲ့ အချက်အလက်ကို မင်းကို မပြောခဲ့ဘူးလား” ဟု ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်သည်။
ယဲ့ယွီသည် အသည်းအသန် ခေါင်းခါလိုက်သည်။
အမြဲတမ်း အရက်သောက်ပြီး လောင်းကစားပဲ လုပ်နေတတ်တဲ့ ဟုန်လွမ်းက ဒီလို အရေးကြီးတဲ့ ကိစ္စမျိုးကို ပြောဖို့ ဘယ်လိုများ မှတ်မိနိုင်မှာလဲ။
“ဒီ့ထက် ပိုမြန်ရမယ်။ ငါတို့ ပိုမြန်ဖို့ လိုတယ်” ဟု သူမ၏ စကားကို ဂရုမစိုက်ဘဲ ရှဲ့မူလင်က ပြောလိုက်သည်။
ထိုသို့ပြောပြီးနောက် သူမသည် ယဲ့ယွီ၏ ခြေထောက်ကို နဂါးအမြီးဖြင့် တင်းတင်းကျပ်ကျပ် ပတ်လိုက်ပြီး သူ့ဘက်သို့ ပို၍ ဆွဲလိုက်သည်။
အကွာအဝေးမှာ သုည ဖြစ်သွားခဲ့သည်။
ယဲ့ယွီသည် ရူးမတက် ဖြစ်သွားခဲ့သည်။
ဒါက ရှဲ့မူလင်ပဲလား၊ ဒါမှမဟုတ် နဂါးတွေအားလုံးက ဒီလောက်ပဲ ကပ်တွယ်တတ်ကြတာလား။ ပြီးတော့ ဘာကြောင့်
၃၁၅ ဆက်ရန်