အခန်း (၃၂၃)
Vol. 11 Ch. 323
လူမှုဆက်ဆံရေး မှာ ကောင်းမွန်တဲ့ စကားပြောကောင်းမှုနှဲ့ သိမ်မွေ့တဲ့ အလိုက်တသိ ဆက်သွယ်မှု လိုအပ်တယ်။
နတ်ဆိုးမျိုးနွယ်စု အတွက်လည်း ဒီအတိုင်းပါပဲ။
ယဲ့ယွီ ပြောတဲ့ စကားတိုင်းက ပူဟောက်ယန် ရဲ့ နှလုံးသားကို အရှိန်ဟုန်ကြီးမားစွာ ထိမှန်တယ်။
အထူးသဖြင့် နောက်ဆုံးစကား: “ငါတို့ တိုက်တော့မယ်ဆိုရင် အပြင်းထန်ဆုံး နဲ့ အကြမ်းတမ်းဆုံး တစ်ယောက်ကို တိုက်ရအောင်။”
အံ့သြစရာ ပဲ! တကယ်ကို အံ့သြစရာပဲ! ပူဟောက်ယန် ရဲ့ သွေးတွေက ဆူပွက်လာပြီး လွှမ်းမိုးတဲ့ စွမ်းအင် တစ်ခုက ထွက်ပေါ်လာလို့ အရာအားလုံး ကို လွှတ်ထုတ်ပစ်ချင်စိတ် ပေါ်လာတယ်။
သူက စိတ်အားထက်သန်စွာ မေးလိုက်တယ်၊ " အကြီးအကဲ ယဲ့ ၊ ငါတို့ ဘယ်သူ့ကို တိုက်ရမလဲ? ပစ်မှတ်ကို အမည်ပေးလိုက်ပါ၊ ငါ အခုပဲ အမိန့်ထုတ်ပေးပါ့မယ်! မတွန့်ဆုတ်ပါနဲ့ !”
ယဲ့ယွီ က လှည့်လိုက်ပြီး နံရံပေါ်က မြေပုံ ကို လက်ညှိုးထိုးကာ ခိုင်မာပြတ်သားစွာ ပြောလိုက်တယ်၊ " ကျောက်မိုဂိတ် !”
“အိုကေ၊ ကျောက်မိုဂိတ် ကို တိုက်ကြ—”
ပူဟောက်ယန် က စိတ်အားထက်သန်စွာ စပြောပေမဲ့ သူ့စကားအဆုံးမှာ တုံ့သွားတယ်။
ကျောက်မိုဂိတ် ကို မိုင် တစ်သန်း ပတ်လည်မှာ အခိုင်မာဆုံးဂိုဏ်းအဖြစ် ကမ္ဘာအနှံ့က အသိအမှတ်ပြုထားကြတယ်။
သူ့ရဲ့ ဂိုဏ်းခေါင်းဆောင်ရဲ့ စွမ်းအားနဲ့ သူ့ရဲ့ အခြေခံခွန်အားနှစ်ခုစလုံးက ကောင်းကင်နဂါးချောက် ထက် အများကြီး သာလွန်တယ်။
ပူဟောက်ယန် က သူ့ဂိုဏ်းအတွက် နာမည်တစ်ခု ရချင်တဲ့ တိုက်ပွဲရူးတစ်ယောက် ဖြစ်ပေမဲ့ သူဟာ လူအ မဟုတ်ဘူး။
ဂိုဏ်းနှစ်ခုကြားက ကြီးမားတဲ့ ကွာဟချက်ကို သူ နားလည်တယ်။
ဒါက ကြိုတင်ဆုံးဖြတ်ထားတဲ့ ရလဒ် ရှိတဲ့ မျှော်လင့်ချက်မဲ့တဲ့ တစ်ဖက်သတ်တိုက်ပွဲ တစ်ခုပဲ။
ဒါကြောင့် သူဟာ ချိနဲ့စွာ ပြုံးပြီး ပြောလိုက်တယ်၊ " အကြီးအကဲ ယဲ့ ၊ ငါတို့ တခြားပစ်မှတ်တစ်ခုကို ရွေးကြည့်ရင် ဘယ်လိုလဲ? ခင်ဗျားမှာ ရည်မှန်းချက်တွေ ပြည့်နေပြီး ကြီးကျယ်တဲ့အရာတွေ လုပ်ချင်မှန်း ကျွန်တော် သိပါတယ်၊ ဒါပေမဲ့ ကောင်းကင်နဂါးချောက် က သူတို့နဲ့ ယှဉ်လို့ မရဘူး။"
သူ ပြောနေရင်း ပူဟောက်ယန် ဟာ သူ့ရဲ့ မျက်နှာက ပူလာတယ်လို့ ခံစားရတယ်။
သူ့ရဲ့ အစောပိုင်း ရဲရင့်တဲ့ ကြေညာချက်တွေ က သူ့မျက်နှာကို ရိုက်လိုက်သလို ခံစားရတယ်။
လက်ညှိုးထိုးပြရင် ငါတို့ တိုက်မယ်တဲ့လား? ပထမပစ်မှတ်မှာတင် သူက နောက်ဆုတ် နေပြီ။
တကယ်ကို ရှက်စရာ ကောင်းတယ်။
ယဲ့ယွီ က ဒေါသထွက်ပြီး သူတို့ရဲ့ အသစ်တွေ့ရှိခဲ့တဲ့ ချစ်ကြည်ရင်းနှီးမှု ကို ဖြတ်တောက်ပစ်မှာကို ကြောက်တဲ့အတွက် ပူဟောက်ယန် က လျင်မြန်စွာ ထပ်ပြောလိုက်တယ်၊ “တကယ်တော့ သူတို့ကို ငါတို့ တိုက်လို့ မရတာမဟုတ်ပါဘူး။ ငါတို့ မှန်ကန်တဲ့ အချိန် ကို စောင့်ဖို့ လိုအပ်တာပဲ! တစ်နေ့နေ့ကျရင် အခိုင်မာဆုံးဆိုတဲ့ ဘွဲ့ကို ငါတို့ ယူချင်တယ်ဆိုရင် ကျောက်မိုဂိတ် ကို ရင်ဆိုင်ရမှာက သေချာပေါက်ပဲ။"
ယဲ့ယွီ က စကားတစ်ခွန်းမှ မပြောဘဲ စိတ်ပျက် တဲ့ အကြည့်နဲ့ ပူဟောက်ယန် ကိုပဲ ကြည့်နေတယ်။
ဂိုဏ်းခေါင်းဆောင်ရဲ့ အသံက တဖြည်းဖြည်း တိုးလာပြီး မကြားရလုနီးပါး ဖြစ်သွားတယ်။
ကောင်းကင်နတ်ဆိုး အဆင့် ကျင့်ကြံမှုရှိတဲ့ ဂုဏ်သိက္ခာရှိတဲ့ ဂိုဏ်းဆရာ ပူဟောက်ယန် ဟာ တစ်ခုခု မှားနေတာ လုပ်မိတဲ့ ကလေးတစ်ယောက်လို ခေါင်းကို နှိမ့်ချပြီး လုံးဝ အရှက်ရ သွားတယ်။
နတ်ဘုံသို့ တက်လှမ်းခြင်း အဆင့်အပြီး နတ်ဆိုးကျင့်ကြံမှုအဆင့်များ၊ အစီအစဉ်အတိုင်း: မြေနတ်ဆိုး ၊ ကောင်းကင်နတ်ဆိုး ၊ ဆန်းကျယ်နတ်ဆိုး ၊ နတ်ဆိုးဘုရင် ၊ နတ်ဆိုးသခင် ၊ နတ်ဆိုးဧကရာဇ် ၊ နတ်ဆိုးဘိုးဘေး၊ နတ်ဆိုးမဟာဧကရာဇ်။
ဒါကို မြင်တော့ ယဲ့ယွီ က သူ့စိတ်ဓာတ်ကို မီးထိုးဖို့ ဆုံးဖြတ်လိုက်တယ်။
သူက စိတ်ပျက် တဲ့ သက်ပြင်းတစ်ချက်ချပြီး ရိုးသားစွာ ပြောလိုက်တယ်၊ “ဂိုဏ်းဆရာ၊ ကျွန်တော်က ကျောက်မိုဂိတ် နဲ့ ကျွန်တော်တို့ကြားက ကွာဟချက်ကို မသိဘူးလို့ သင်ထင်နေတာလား?"
ဒါပေမဲ့ သူတို့ကို ပထမဆုံး ပစ်မှတ်ထားဖို့ ကျွန်တော် အကြံပြုတဲ့ အကြောင်းရင်းက ခင်ဗျားကို ခက်ခဲစေဖို့ မဟုတ်ပါဘူး။
ဒါကသင့်ကို ကျွန်တော်တို့ရဲ့ အစီအစဉ်ရဲ့ ပထမဆုံး ခြေလှမ်း ကို လှမ်းဖို့ ကူညီဖို့ပါ။
လွယ်ကူတဲ့ ပစ်မှတ်တွေ ကို ချေမှုန်းတာက အဘွားအိုကြီးတွေလိုပျော့ညံ့တဲ့စိတ်ရှိသူတွေအတွက်ပါ။
နတ်ဆိုးသခင် ပိုင်ရှီချူ ရဲ့ နယ်မြေမှာ ကျောက်မိုဂိတ် က အခိုင်မာဆုံးဖြစ်မှန်း လူတိုင်း သိကြတယ်။
ဒါပေမဲ့ ဘာဖြစ်လဲ?
ငါတို့ အခိုင်မာဆုံး ကို တိုက်မယ်!
ဒါက ကောင်းကင်နဂါးချောက် ရဲ့ လမ်းစဉ်ပဲ!
တခြားသူတွေ မဖြစ်နိုင်ဘူးလို့ ယူဆတဲ့အရာကို လုပ်ရဲတာ!
ပြောပါဦး၊ ကမ္ဘာပေါ်မှာ ဒီလို သတ္တိ ရှိတဲ့ တခြားသူ ဘယ်သူ ရှိသေးလဲ?
ကျွန်တော် အာမခံပါတယ်၊ ငါတို့ လှပတဲ့အံ့မခန်းကစားကွက်ကို ရွေ့လိုက်တာနဲ့ ကောင်းကင်နဂါးချောက် ကနေရာတိုင်းလူတိုင်းအိမ်တိုင်းမှာ ပြောနေတဲ့ နာမည်တစ်ခု ဖြစ်လာပါလိမ့်မယ်။
ကျောက်မိုဂိတ် ကို မဖျက်ဆီးနိုင်ရင်တောင် ဒုတိယ အခိုင်မာဆုံး ဆိုတဲ့ ဘွဲ့ကို ယူနိုင်ဖို့က ကိစ္စမရှိဘူး။"
ပူဟောက်ယန် ရဲ့ မျက်လုံးတွေက တောက်ပလာတယ်။
ပိုင်ရှီချူ ရဲ့ နယ်ပယ်မှာ ကောင်းကင်နဂါးချောက် ဟာ ထိပ်ဆုံးဂိုဏ်း ငါးခု ထဲတောင် မပါဘူး။
ဒါပေမဲ့ ဒုတိယ အခိုင်မာဆုံး ဆိုတဲ့ ဘွဲ့လား? ဒါက သူတို့ရဲ့ ဂုဏ်သိက္ခာကို မယုံနိုင်လောက်အောင် တိုးတက်စေလိမ့်မယ်။
ဒီနောက်မှာတော့ ဂိုဏ်းထဲမှာ ဘယ်သူကမှ သူက သူ့ဖခင်ထက် နိမ့်ကျတယ်လို့ ပြောရဲတော့မှာ မဟုတ်ဘူး!
ပူဟောက်ယန် ဟာ သေချာပေါက်ကို သွေးဆောင်ခံနေရတယ်။
ယဲ့ယွီ က သူ့ကို အသက်ရှူဖို့ အချိန်မပေးဘဲ ဆက်တိုက် တိုက်ခိုက်နေတယ်။
“ဒုတိယ အခိုင်မာဆုံးက အစ ပဲ!
နတ်ဆိုးလောကမှာ မွေးဖွားလာတဲ့ လူတစ်ယောက်ဟာ သာမန် ဘဝနဲ့ နေလို့မရဘူး။
ငါတို့ရဲ့ ရည်မှန်းချက်က အခိုင်မာဆုံး ဖြစ်ဖို့ပဲ!
ငါတို့ တိုက်ပွဲတွေကနေ စွမ်းအားကြီးသူတွေကို ထူထောင်မယ်!
ကျောက်မိုဂိတ် ကို တိုက်နေရင်းနဲ့ ဒုတိယ အခိုင်မာဆုံး ဆိုတဲ့ ငါတို့ရဲ့ ဘွဲ့ကို အသုံးပြုပြီး တခြားကျင့်ကြံသူတွေကို ငါတို့နဲ့ ပူးပေါင်းဖို့ ဆွဲဆောင်မယ်၊ လတ်ဆတ်တဲ့ သွေး ကို အဆက်မပြတ် ဖြည့်တင်းမယ်။
ငါတို့က မဆုတ်မနစ် တိုက်ခိုက်နေမယ်၊ ကျောက်မိုဂိတ် က ငါတို့ကို ကြောက်ရွံ့ပြီး လက်နက်ချတဲ့အထိ တိုက်ခိုက်နေမယ်!
ဂိုဏ်းဆရာ၊ မတွန့်ဆုတ်ပါနဲ့တော့။
မင်း ကြောက်ရင် တစ်သက်လုံး ရှုံးလိမ့်မယ် !
ယဲ့ယွီ ရဲ့ မဆုတ်မနစ် စည်းရုံးမှု အောက်မှာ ပူဟောက်ယန် ဟာ နောက်ဆုံးတော့ စိတ်ပြောင်းသွားတယ်။
သူတို့နှစ်ယောက်ဟာ ပြီးပြည့်စုံတဲ့ တိုက်ပွဲအစီအစဉ် တစ်ခုကို ဆွဲဖို့ နာရီပေါင်းများစွာ အချိန်ကုန်ဆုံးခဲ့ကြတယ်။
နောက်တစ်နေ့ ။
ယဲ့ယွီ နဲ့ ပူဟောက်ယန် ဟာ ကျောက်မိုဂိတ် အနီးကို ရောက်လာတယ်။
မိုးထိမတတ်မြင့်မားတဲ့ ထူထဲလွန်းတဲ့ ဂိုဏ်းတံခါးတွေကို ကြည့်ရင်း ယဲ့ယွီ က ပူဟောက်ယန် ကို အားပေးတဲ့ အကြည့်တစ်ချက် ပေးလိုက်တယ်။
ပူဟောက်ယန် က ခေါင်းအနည်းငယ် ညိတ်လိုက်ပြီး သူ့ခါးက ဝိုင်ဘူး ကို ထုတ်ကာ တစ်ငုံသောက်လိုက်ပြီး တစ်ယောက်တည်း ရှေ့ကို ပျံသန်းသွားတယ်။
သူ့ရဲ့ မမြင့်မားတဲ့ ခန္ဓာကိုယ်က ဝမ်းနည်းစရာကောင်းတဲ့ သူရဲကောင်း အရှိန်ဝါ တစ်ခု ထွက်ပေါ်လာတယ်၊ သူက သူ့ရဲ့ နောက်ဆုံးအသေခံရတော့မယ့်တိုက်ပွဲ ဆီကို လျှောက်သွားနေတဲ့ စစ်သည်တော်တစ်ဦးနဲ့ တူတယ်။
ဒါက သူတို့ရဲ့ အစီအစဉ်ရဲ့ အစ ပဲ။
ကောင်းကင်နဂါးချောက် နဲ့ ကျောက်မိုဂိတ် ကြားမှာ ရေရှည်ရန်ငြိုး ဒါမှမဟုတ် မကြာသေးမီက အငြင်းပွားမှုတွေ မရှိခဲ့ဘူး။
ပူဟောက်ယန် က တိုက်ရိုက် စစ်ကြေညာမယ်ဆိုရင် အကြောင်းပြချက် မရှိတာအပြင် ဂိုဏ်းရဲ့ အကြီးအကဲတွေတောင် သဘောတူကြမှာ မဟုတ်ဘူး။
သူက သူတို့ကို အမိန့်ပေးပီး တိုက်ခိုင်းရင်တောင် သူတို့က အစွမ်းကုန် တိုက်ခိုက်ကြမှာ မဟုတ်ဘူး။
ဒါကြောင့် သူတို့အတွက် နာမည်တစ်ခုရဖို့နဲ့ ကျောက်မိုဂိတ် နဲ့ ပြည့်စုံတဲ့ စစ်ပွဲ တစ်ခု စတင်ဖို့အတွက် မှန်ကန်တဲ့ အကြောင်းပြချက် တစ်ခု လိုအပ်တယ်။
ယဲ့ယွီ က ပြီးပြည့်စုံတဲ့ ဖြေရှင်းချက် ကို ရှာတွေ့ခဲ့တယ်။
ကောင်းကင်နဂါးချောက် က အဆင့်မြင့် ပုဂ္ဂိုလ်တစ်ဦးဟာ ကျောက်မိုဂိတ် ကို ရန်စမယ်၊ ဖြစ်နိုင်ရင် လုံးဝ မမှတ်မိလောက်အောင် အရိုက်ခံရ ဖို့ လိုအပ်တယ်။
ဒါက ကျောက်မိုဂိတ် ကို အားနည်းသူတွေကို ဖိနှိပ်တဲ့ ရိုင်းစိုင်းသူတွေ အဖြစ် ပုံဖော်လိမ့်မယ်။
ဒီအကြောင်းပြချက်နဲ့ သူတို့က ကောင်းကင်နဂါးချောက် ရဲ့ အဖွဲ့ဝင်တွေရဲ့ စိတ်ခံစားမှုတွေကို လှုံ့ဆော်ပေးနိုင်တယ်၊ ပဋိပက္ခကို ရန်ငြိုး အဖြစ် ပြောင်းလဲပစ်နိုင်တယ်။
သေသည်အထိ တိုက်ပွဲ က ကောင်းကင်နဂါးချောက် ရဲ့ ခွန်အားကို ပြသလိမ့်မယ်။
ဟုတ်ပါတယ်၊ ဒီအခန်းကဏ္ဍအတွက် သင့်တော်တဲ့ တစ်ဦးတည်းသော ပုဂ္ဂိုလ်က ပူဟောက်ယန် ပဲ ဖြစ်ပါတယ်။
အစပိုင်းမှာတော့ ပူဟောက်ယန် ဟာ သူ့ရဲ့ ဂုဏ်သိက္ခာ ကို နှိမ့်ချပြီး တစ်စုံတစ်ယောက်ကို ရန်စဖို့ တွန့်ဆုတ်ခဲ့တယ်။
ဒါပေမဲ့ ယဲ့ယွီ ရဲ့ မဆုတ်မနစ် စည်းရုံးမှု အောက်မှာ သူဟာ ပိုကြီးမားတဲ့ အရာအတွက် သူ့ရဲ့ မာနကို ဘေးဖယ် ထားလိုက်တယ်။
ယဲ့ယွီ ရဲ့ စောင့်ကြည့်မှုအောက်မှာ ပူဟောက်ယန် ဟာ ကျောက်မိုဂိတ် ရဲ့ တံခါးဝကို ချဉ်းကပ်သွားတယ်။
သူက ဂိုဏ်းကို စောင့်နေတဲ့ တပည့်တွေကို အသံကျယ်ကျယ်နဲ့ ကြေညာလိုက်တယ်၊ “ငါက ကောင်းကင်နဂါးချောက် ရဲ့ ဂိုဏ်းခေါင်းဆောင် ပူဟောက်ယန် ပဲ။ မင်းတို့ ဂိုဏ်းရဲ့ အကြီးအကဲ ဘယ်မှာလဲလို့ ငါ မေးချင်ပါတယ်။"
မကြာခင်မှာပဲ ကျောက်မိုဂိတ် ရဲ့ အုပ်ထိန်းသူ အကြီးအကဲ ကျဲန်ချီဘေး ထွက်လာပြီး လေးစားစွာ အရိုအသေပေးလိုက်တယ်။
“ဂုဏ်သရေရှိ ဂိုဏ်းဆရာ ပူ လာရောက်လည်ပတ်မယ်လို့ ကျွန်တော် မမျှော်လင့်ခဲ့မိဘူး။ ဘာကိစ္စနဲ့ လာရောက်တာလဲလို့ မေးခွင့်ပြုပါ?"
ပူဟောက်ယန် က ပြုံးလိုက်ပြီး ကျဲန်ချီဘေး ဆီကို ကိုယ်ပိုင်အသံ တစ်ခု ပေးပို့လိုက်တယ်: “ငါ မင်းရဲ့ အမေကို အဓ္ဓမကျင့် စော်ကားဖို့ လာတာ!"
ကျဲန်ချီဘေး က တောင့်တင်းသွားတယ်၊ ဒီလို စကားမျိုးကို သူ သေချာပေါက် မမျှော်လင့်ထားခဲ့ဘူး။
သူ မသိတာက နောက်အမွှေးတိုင်တစ်တိုင်ရဲ့ အချိန်အတွက် ပူဟောက်ယန် ဟာ ကျဲန်ချီဘေး ရဲ့ ဘိုးဘွားတွေနဲ့ သူ့ရဲ့ လက်ရှိ တာအို အဖော်ရဲ့ ဘိုးဘွားတွေကို စိတ်ချင်းဆက်သွယ်ကာ အသံပေးပို့မှုကနေတစ်ဆင့် ဆက်တိုက် ယုတ်မာတဲ့စကားလုံးတွေနဲ့ မကြားဝံ့မနာသာတွေပြောကာ စော်ကားနေခဲ့တယ်။
၃၂၄ ဆက်ရန်