← Chapters

ညတာရှည်လျားခြင်း။

Vol. 37 Ch. 442

ညတာရှည်လျားခြင်း။

Vol. 37 Ch. 442

ကောချင်သည် မေ့မြောနေဆဲဖြစ်ပြီး သူ့လည်ပင်းကို ဟဲချန်ရင်မှ ဆုပ်ကိုင်လျက် လေထဲမြှောက်ထားသည်။

သူသည် ဝိညာဉ်ထင်ရှားခြင်းအဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်သောကြောင့် အနည်းငယ် အားစိုက်ရုံဖြင့် အလွယ်တကူ သတ်နိုင်၏။

အဖိုးကြီးက စုရီကို ထိတ်လန့်တကြား ပြန်ကြည့်သည်။ သခင်၏ စိတ်နေစိတ်ထားအရ ခြိမ်းခြောက်မှုများအပေါ် အလျှော့ပေးညှိနှိုင်းရန် ဆန္ဒမရှိချေ။

ဆန့်ကျင်ဘက်အနေနှင့် တစ်ဖက်လူသည် ကောချင်ကိုသတ်ဝံ့သော် သူ့မျိုးရိုးအပေါ် ပြန်၍ သုတ်သင်မည်ဖြစ်သည်။

“ ဆရာ ဒီကောင်လေးက ... ။ ”

အဖိုးအိုက တောင်းဆိုလိုသော်လည်း ဆက်မပြောဝံ့တော့ချေ။

“ စိတ်မပူပါနဲ့ သူသေမှာ မဟုတ်ဘူး။ ”

စုရီက ပြောသည်။

“ မှန်တယ် ... စုရီ မင်းအဲဒီမှာ ရပ်နေသရွေ့ ဒီကောင်လေး မသေဘူး။ ”

ဟဲချန်ရင်က သတိကြီးစွာဖြင့် တုန့်ပြန်လေသည်။ သူ့ဘေးတွင် ချူဟန်သည် လှောင်ပြုံးများ ရပ်နေ၏။

“ မဟုတ်ဘူး၊ မင်းသေရမယ်။ ”

စုရီမျက်ဝန်းများတွင် နဂါးငွေ့တန်းကြီး ပေါ်လာသကဲ့သို့ ကြယ်တာရာအလင်းများက စုပ်ဝဲအသွင် ရစ်ဝဲလာသည်။

ရုတ်တရက် ဟဲချန်ရင်တစ်ယောက် အသိစိတ်ပင်လယ်အတွင်း၌ စူးရှလွန်းသော နာကျင်မှုကို ခံစားလိုက်ရ၏။

ဖော်မပြနိုင်သော အားငယ်မှု၊ အားကိုးရာမဲ့မှုနှင့် ကြောက်ရွံ့မှုတို့ ရုတ်တရက် လွှမ်းခြုံသွားသည်။

“ မကောင်းတော့ဘူး။ ”

နှစ်ပေါင်းများစွာ ကျင့်ကြံထားသော ဗီဇအသိအရ လျှာဖျားကိုကိုက်ကာ သူ့ကိုယ်သူ လှုပ်နှိုးပြီး မဆိုင်းမတွဘဲ ကောချင်လည်ပင်းထံ ညှစ်သတ်ပစ်လိုက်သည်။

သို့သော် ထိုအချိန်တွင် အမြင်အာရုံသည် ရုတ်တရက်မြင့်မားလာပြီး လေထဲပျံတက်ကာ မြေပြင်၌ ဦးခေါင်းမပါသော ခန္ဓာကိုယ်ကြီး ကျန်နေခဲ့သည်ကို မြင်လိုက်ရ၏။

လည်ပင်းထံမှ သွေးများပန်းထွက်ကာ လက်တစ်ဖက်ဖြင့် ကောချင်၏လည်ပင်းထံ ကိုင်ထားနေဆဲပေပင်။

ဤသည်မှာ နောက်ဆုံးအသိဖြစ်သည်။ ဦးခေါင်းကြီးက မြေပြင်ပေါ် ပြန်ကျလိမ့်ဆင်းပြီး ချူဟန်ခြေထောက်နား ရောက်ရှိသွား၏။

တုန်လှုပ်ချောက်ချားမှုများနှင့် ပြည့်နှက်နေသော မျက်ဝန်းတစ်စုံသည် ချူဟန်ထံ မော့ကြည့်နေခဲ့သည်။

“ ဝုန်း ... ။ ”

ထိုအချိန်တွင် ဦးခေါင်းမဲ့ခန္ဓာကိုယ်သည် နောက်သို့ လှန်ကျသွားသည်။ ဤမြင်ကွင်းက ချူဟန်ကို နောက်တစ်လှမ်း ဆုတ်မိသွားစေ၏။

“ ဒါ ... ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ။ ”

အကြည့်တစ်ချက်ဖြင့် ဝိညာဉ်ထင်ရှားခြင်းအဆင့်ကို ခေါင်းပြတ်စေ သည်လော။ မည်သို့သော နည်းလမ်းများနည်း။

“ စိတ်ဝိညာဉ် တိုက်ခိုက်ခြင်း လျှို့ဝှက်နည်းစနစ် ... ဝိညာဉ်ချည်နှောင်ခြင်း။ ”

အဖိုးအိုက တိုးညှင်းစွာ ရေရွတ်လိုက်သည်။

“ ဟားဟားဟား ... လိပ်မိုက်လေး မင်းရဲ့မှတ်ဉာဏ်တွေ ကောင်းသေးတာပဲ။ ”

စုရီမှ ရယ်သည်။

“ ဟုတ်ကဲ့ ... မှတ်မိပါတယ်ဆရာ ဒီလျှို့ဝှက်နည်းစနစ်ကို သင်ပေးပြီးတဲ့နောက်မှာ အဲဒီတုန်းက ညီမချင်ရဲ့ ညှဉ်းပန်းနှိပ်စက်မှုကို ဆိုးရွားစွာ ခံစားခဲ့ရပါသေးတယ်။ ”

“ ချင်းတန်လား ... ။ ”

စုရီ၏ အပြုံးများ မှိန်သွားသည်။ သို့သော် အာရုံထွေပြားနေသော အတွေးများကို ဖယ်ပြီး ချူဟန်ထံ ကြည့်လိုက်၏။

“ မလာနဲ့ ... ။ ”

ချူဟန်ခမျာ တုန်လှုပ်သွားပြီး ချက်ချင်း လှည့်ပြေးသည်။ တိုက်ပွဲဝင်ဆန္ဒများ ဆုံးရှုံးသွား သဖြင့် ရွေးချယ်စရာ မရှိတော့ချေ။

စုရီတစ်ယောက် ခေါင်းယမ်းလိုက်သည်။ မူလက ဤလူ၏ဓားနှလုံးသားကို ထိုးခွဲပစ်ချင် သော်လည်း ယခုလုပ်စရာမလိုတော့ချေ။

အကြောက်တရားသည် ထိုသူ၏ ဓားနှလုံးသားအပေါ် ဖျက်ဆီးပစ်လိုက်ပြီ ဖြစ်သည်။

“ ရွှပ် ... ။ ”

မနှောင့်နှေးတော့ဘဲ ဓားဖြင့် ပိုင်းချလိုက်သည်။ ပေရာနှင့်ချီအကွာတွင် ချူဟန်၏ ခန္ဓာကိုယ်ကြီး ပြိုကျသွားကာ သူ့ဦးခေါင်းလွင့်ပျံသွားတော့သည်။

ထိုအဖိုးအိုသည် ထိုမြင်ကွင်းထံ ငေးကြည့်နေရာမှ ရုတ်တရက် သတိရလာပြီး အလောင်းများ ရှင်းလင်းရေးလုပ်ရန် စတင်လိုက်သည်။

စုရီက အဖိုးအိုကို လှမ်းကြည့်၏။ တပည့်ကိုးဦးအနက် ဤလိပ်မိုက်လေးရွှမ်နင်မှာ သတ္တမမြောက်တပည့်ဖြစ်ပြီး တောင်တံခါးကို စောင့်ခဲ့ရသည်။

ရွှမ်ဝူသားရဲ၏ မျိုးဆက်ဖြစ်ပြီး အရည်အချင်းများနှင့် သွေးသန့်စင်မှုသည် မယုံနိုင်လောက်စရာပေပင်။ သို့သော် နားလည်မှုအရ အခြားသော တပည့်များထက် ညံဖျင်းသည်။

ထို့ကြောင့် ခြေလှမ်းတိုင်းကို ဂရုတစိုက်လုပ်ဆောင်စေခြင်းဖြင့် နောက်ကျ ပန်းတစ်ပွင့်အဖြစ်သာ ရည်မှန်းနိုင်သည်။

မိုးပြာတိုက်ကြီးတွင် ဤသို့ပြန်လည် တွေ့ဆုံရန် မမျှော်လင့်ထားချေ။ ဤကာလများ အတွင်း အပြောင်းအလဲများ မည်မျှဖြစ်ပွား ခဲ့မည်ကို သိချင်လာသည်။

အဖိုးအိုက အလောင်းများ ရှင်းလင်းရေး လုပ်ပြီးနောက် ကောချင်ကို ပြန်သယ်လာသည်။ စုရီနှင့်ရင်ဆိုင်ရသောအခါ ကောချင်ရှေ့တွင် အမြဲကြွားလုံးထုတ်လေ့ရှိသော သူသည် ရိုကျိုးစွာရှိနေသည်။

ဤသည်မှာ အတိတ်၌ ရရှိခဲ့သော အကြောက်တရားဖြစ်ပြီး ပြုပြင်ပြောင်းလဲ၍ မရချေ။

“ သူ့ကို မနှိုးနဲ့ဦး ... ။ ”

စုရီက ကောချင်ကို ကြည့်ကာ ပြောလိုက်သည်။

“ ဟုတ်ကဲ့ ... ။ ”

“ မင်းကိုကိုင်တွယ်ဖို့ နတ်ဆိုးဟွမ်မျိုးနွယ်က သူတို့ကိုစေလွှတ်ခဲ့တာလား။ ”

စုရီမှ မေးသည်။

“ ဟုတ်ကဲ့ ... ။ ”

ရွှမ်နင်က ခေါင်းညိတ်ပြန်၏။

“ သူ့ကိုခေါ်ပြီး ငါနောက်လိုက်ခဲ့ ... မင်းဒဏ်ရာတွေကို ငါကုပေးမယ်။ ”

စုရီမှ ဆက်မပြောတော့ဘဲ လှည့်ထွက်သွားလေသည်။ ရွှမ်နင်တစ်ယောက် နွေးထွေးသောခံစားချက် တိုးဝင်လာ၏။

ယခင်ဘဝတွင် ဂိုဏ်း၏အမွေခံများ အနိုင်ကျင့်ခံရသည့် အချိန်တိုင်း သခင်သည် မည်မျှပင် အလုပ်ရှုပ်နေပါစေ ကျင့်ကြံရာမှပင် ထွက်လာတတ်သူပေပင်။

ထို့ကြောင့် အရိုင်းမြေကိုးပါးတွင် ဂိုဏ်းချုပ်များသည် သခင်နောက်ကွယ်အချိန်၌ စုရွှမ်ကြွယ်ဟူသည် သူ့တပည့်များအပေါ် အရူး တစ်ယောက်လို ကာကွယ်သည်ဟု ဆို၏။

“ ဝှစ် ... ။ ”

အတွေးများ လွင့်မျောနေစဉ် ရှေ့မှလျှောက်လှမ်းနေသော စုရီကလက်ကို ဝှေ့ယမ်းပြီး ဖုံးအုပ်ထားသည့် အတားအဆီး ဖယ်ရှားလိုက်သည်။

များမကြာမီ အပြေးအလွှား ရောက်ရှိလာသော ဝမ်လျူဦးဆောင်သည့် အစောင့်များသည် စုရီကိုတွေ့ချိန်၌ အံ့ဩသွားတော့၏။

“ သခင်လေးစု ... တစ်ခုခုဖြစ်ခဲ့လား။ ”

ဝမ်လျူက မေးမြန်းနေစဉ် စုရီနောက်ပါးမှလိုက်ပါလာသော အဖိုးအိုထံ တစ်ချက်ကြည့်သည်။

မြို့တော်၌ မည်သို့သော် တိုက်ပွဲမဆို တော်ဝင်မိသားစုမှ ချက်ချင်းသတိပြုမိချေပြီ။ သို့သော် ယခုမူ နတ်ဆိုးဟွမ်မျိုးရိုး၏ အဖွဲ့ဝင်များ သေဆုံးနေပြီဖြစ်၏။

“ ပြီးသွားပါပြီ လောလောဆယ် မမေးနဲ့ဦး နတ်ဆိုးဟွမ်မျိုးနွယ်က အခုဘယ်မှာနေထိုင်လဲ အရင်ပြောပါ။ ”

စုရီက ပေါ့ပေါ့ပါးပါး တုန့်ပြန်သည်။ ဤလူများကိုသတ်ရန် ကြံရွယ်နေမှန်း သိလိုက်ရ သဖြင့် ဝမ်လျူတစ်ယောက် နှလုံးသားများ တုန်ယင်လာ၏။

“ သခင်လေးစု ... ။ ”

ထို့ကြောင့် တစ်ခုခုပြောရန် ပြင်လိုက်သော်လည်း စုရီမျက်ဝန်းများကို မြင်လိုက်ရသောအခါ မပြောဝံ့တော့ဘဲ ပြောပြလိုက်ရသည်။

“ ကောင်းတယ် ... အလောင်းတွေက နောက်မှာ သိပ်မဝေးဘူး ... စစ်ဆေးစရာရှိရင် အခုသွားလို့ရပြီ။ ”

စုရီက ခေါင်းညိတ်လျက် ဆက်လျှောက် သွားတော့သည်။ အဖိုးအိုက တိတ်ဆိတ်စွာဖြင့် လိုက်ပါသွား၏။ ထိုမြင်ကွင်းကိုကြည့်ကာ ဝမ်လျူတစ်ယောက် သက်ပြင်းချသည်။

“ ဒီည... တစ်ခုခုဖြစ်တော့မှာကို ငါကြောက်မိတယ်။ ”

***

မြို့တော်တစ်နေရာရှိ အဆောက်အဦးတစ်ခု၏ ပင်မခန်းတောင်တွင် မီးအိမ်များ ထွန်းလင်းနေသည်။

“ ကူချန်လင်ကို ဖမ်းပြီးတာနဲ့ ... သူ့ဝိညာဉ်ကို ချည်နှောင်ပြီး သူ့ကိုနာခံမှုရှိရှိ ခေါ်လာဖို့ပြောလိုက်ရဲ့လား။ ”

ဖီးနစ်ဝတ်ရုံဝတ် အမျိုးသမီးသည် အလယ်ခုံတွင်ထိုင်ကာ အဖော်များထံပြော၏။ ဖီးနစ်ချည်ထိုး၀တ်စုံနှင့် ဆံပင်ရှည်များကို ဘေးတိုက်ချည်နှောင်ထားသည်။

“ စိတ်မပူပါနဲ့ မိန်းကလေးရွှမ်ဝမ် ... ။ ”

ဘေးတစ်ဖက်တွင် ထိုင်နေသော ငွေရောင်ဆိတ်မုတ်ဆိတ်နှင့် အဘိုးအိုတစ်ဦးက ပြုံးလျက်ခေါင်းညိတ်၏။

တစ်ဆက်တည်းမှာပင် ဖီးနစ်ဝတ်ရုံဝတ် အမျိုးသမီး၏ သွယ်လျသော ခန္ဓာကိုယ်အပေါ် တပ်မက်စွာခိုးကြည့်တော့သည်။

ဤအမျိုးသမီးသည် ယောကျ်ားများကို ရူးသွပ်စေပြီး ရုန်းမထွက်နိုင်လောက်အောင် အံ့သြဖွယ် နှစ်မွှာကျင့်ကြံခြင်း နည်းစနစ်ကို ကျွမ်းကျင်ထား၏။

သို့သော် ဟွမ်ရှောင်ယု၏ အစေခံဖြစ်သောကြောင့် ဆိတ်မုတ်ဆိတ်ရှိသော အဘိုးအိုခမျာ စမ်းကြည့်ရန် အခွင့်မရှိခဲ့ချေ။

( ဒီအရွယ်က ... ရမ္မက်သွေး တောက်လောင်နေတဲ့ အချိန်ပဲ အခွင့်အရေးရရင် သေချာပေါက် အရယူမယ်။ )

အဖိုးအိုက ကြုံးဝါးလိုက်သည်။

“ မိန်းကလေးရွှမ်ဝမ် ... ကူချန်လင်က တကယ်ပဲ အရေးကြီးသလား ... ဟဲချန်ရင်တို့ သုံးယောက် အတူတူလက်တွဲရအောင် ထိုက်တန်ရဲ့လား ။ ”

တစ်ဖက်တွင် ခရမ်းရောင်ဝတ် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက်က စိတ်ဝင်စားစွာမေးသည်။

“ သူ့ရဲ့ ကျင့်ကြံမှု နည်းစနစ်က စုရီရဲ့ အစေခံယွမ်ဟမ်နဲ့အတူတူပဲ ငါထင်တာမမှားရင် အဲဒီကူချန်လင်နဲ့ စုရီကြားမှာ ဆက်စပ်မှုတစ်ခု ရှိနေရမယ် ...

... ဒါကြောင့် ... စုရီရဲ့ဝှက်ဖဲကို ရှာပြီး စကြာဝဠာကျွန်းကိုရောက်တာနဲ့ သတ်ပစ်ဖို့ ကောချန်လင် အကူအညီယူရမယ်။ ”

သို့မှသာ အဖိုးအိုနှင့် ခရမ်းရောင်ဝတ် လူလတ်ပိုင်းအရွယ် အမျိုးသားတို့ နားလည် သဘောပေါက်သွားသည်။

“ ငါသာ သခင်ငယ်ဖြစ်ခဲ့ရင် မနေ့က အရှက်တကွဲခံစားလိုက်ရတဲ့ အရာအားလုံးကို ကလဲ့စားချေဖို့ သေချာပေါက်ကြိုးစားမယ်။ ”

အဖိုးအိုမှ ကြိမ်းဝါးလိုက်တော့၏။ ခရမ်းရောင်ဝတ်လုံဝတ် လူလတ်ပိုင်းအရွယ် အမျိုးသားက၊

“ စုရီဟာ မယုံနိုင်လောက်အောင် အစွမ်းထက်ပေမယ့် နတ်ဆိုးဟွမ်မျိုးနွယ်အပေါ် စော်ကားလိုက်တာကြောင့် သူ သေရလိမ့်မယ် တော်ဝင်မိသားစုတောင် သူ့ကို မကယ်တင်နိုင်ဘူး။ ”

-ဟု ဝင်ရောက်ပြောကြားသည်။

“ ထူးဆန်းတယ် ... ဟဲချန်ရင်နဲ့ သူ့လူတွေ ဘာလို့ ပြန်မလာသေးတာလဲ။ ”

“ စိတ်မပူပါနဲ့ ... ဒါက တော်ဝင်မြို့တော်ပဲ တော်ဝင်မိသားစုရဲ့အာရုံကို မဆွဲဆောင်ချင်ဘူး ဆိုရင်တော့ အချိန်ပေးရလိမ့်မယ်။ ”

ဖီးနစ်ဝတ်ရုံဝတ် အမျိုးသမီးက ယုံကြည်မှုအပြည့်နှင့် ရှင်းပြလိုက်လေသည်။

“ မှန်တယ် ... သူတို့ အကောင်းဆုံး လုပ်နိုင်မှာပါ။”

အဖိုးအိုက ပြုံးကာ ပြောလျက် ဖီးနစ်ဝတ်ရုံဝတ် အမျိုးသမီး၏ ကျက်သရေ ရှိသော ရုပ်သွင်ထံ ခိုးကြည့်ပြန်၏။

“ ဟွမ်ရှောင်ယု ငါရောက်ပြီ ... ။ ”

ထိုအချိန်တွင် ခြံဝင်းအပြင်ဘက်မှ တည်ငြိမ်လွှမ်းမိုးလွန်းသော အသံတစ်သံ ထွက်ပေါ်လာတော့သည် ။

***

All Chapters