← Chapters

သူမရဲ့မျက်နှာကိုကြည့်ပါ (အပိုင်း ၇)

Vol. 8 Ch. 109

သူမရဲ့မျက်နှာကိုကြည့်ပါ (အပိုင်း ၇)

Vol. 8 Ch. 109

စိတ်ဝင်တစား ကြည့်ရှုနေခဲ့တဲ့ယန်ကျွင်းဇဲက သူ့ရဲ့ကိုယ်ခန္ဓာပေါ်မှာရှိတဲ့အမွှေးနက်တွေရဲ့ကြီးထွားမှုက ရပ်တန့်သွားခဲ့တဲ့အတွက် ယားယံပြီးနာကျင်တဲ့ခံစားမှုကနေ ခဏတာ သက်သာရာရသွားခဲ့သည်၊ သူ့ရဲ့အာရုံက လွဲချော်သွားခဲ့ပြီး သူ့ရဲ့ခန္ဓာကိုယ်မှာ ဖြစ်ပျက်နေတဲ့ပြောင်းလဲမှုတွေအကြောင်းကို ခဏတာ မေ့သွားစေခဲ့သည်။

သို့သော်လည်း မကြာခင်မှာပဲ သူက ဧည့်ခန်းဘက်ကို သူ့ရဲ့အာရုံကို ပြောင်းလိုက်ပြီး ဝမ်းနည်းတဲ့မျက်နှာဖြစ်သွားသည်။

“ပြီးပြီ၊ တီဗီနဲ့ပရိဘောဂတွေ အားလုံးက ဘာမှ အသုံးမဝင်တော့ဘူး!”

ယန်ကျွင်းဇဲက ထူးဆန်းတဲ့အရာနှစ်ခုက ပြင်းပြင်းထန်ထန် တိုက်ခိုက်နေစဥ်မှာ သူက ထမင်းစားပွဲရဲ့အောက်ကနေ မြန်မြန်ဆန်ဆန် တွားသွားရလိမ့်မယ်ဆိုတာကို သဘောပေါက်လိုက်သည်။

သူ တွားသွားစဥ်မှာ ယားယံပြီးနာကျင်တဲ့ခံစားမှုက ပြန်ပေါ်လာခဲ့ပေမယ့် သူက အဲဒါကို သည်းခံခဲ့ပြီး တံခါးဘက်ကို အလျင်အမြန် လျှောသွားခဲ့သည်။

လှိမ့်နေတဲ့မြူခိုးတွေက ဧည့်ခန်းရဲ့အလယ်ကို ရောက်နေခဲ့သည်။

ဒီမြူခိုးတွေရဲ့အလယ်ဗဟိုမှာရှိတဲ့ငါးမီတာအချင်းဝက်အတွင်းမှာ အကောင်းပကတိကျန်ရှိနေတဲ့ပရိဘောဂတွေ မရှိတော့ပေ။

ယန်ကျွင်းဇဲက အဲဒီအချိန်ကတည်းက ဂရုမစိုက်နိုင်တော့ပေ၊ တံခါးကို ရောက်တဲ့အခါ သူက လက်ကိုင်ကို ညင်သာစွာ လှည့်လိုက်ပြီး ဖွင့်ကာ ပြေးထွက်လာခဲ့သည်။

အဲဒီအခိုက်အတန့်မှာ လှိမ့်နေတဲ့မြူခိုးတွေအတွင်းမှာ ပြောင်းလဲမှုတစ်ခု ဖြစ်ပေါ်ခဲ့သည်၊

လွီရှင်းရဲ့ခေါင်းက ရန်ငြိုးကြီးအဖွားအိုရဲ့ခေါင်းအဖြစ်ကို လုံးဝပြောင်းလဲသွားခဲ့ပြီး မြူခိုးတွေထဲကနေ ထိုးထွက်လာခဲ့သည်၊ သူမရဲ့လည်ပင်းကို နောက်ပြန်လှည့်မျက်နှာအမျိုးသမီးရဲ့ပွန်းပဲ့နေတဲ့လက်မောင်းတွေက ဆွဲကိုင်ထားခဲ့သည်။

ရန်ငြိုးကြီးအဖွားအိုက အားနည်းနေသလို ပုံပေါ်နေပေမယ့် သူမ ရဲ့ခြေထောက်အောက်မှာ မြူခိုးတွေက စဥ်ဆက်မပြတ် မွှေနှောက်နေလျက် ပြင်းပြင်းထန်ထန် ခုခံနေဆဲဖြစ်သည်။

သူမက ရုန်းကန်နေသလို ပုံပေါ်နေခဲ့သည်!

နောက်တစ်စက္ကန့်မှာ ရန်ငြိုးကြီးအဖွားအိုက လက်တစ်ဖက်ကို လွှတ်လိုက်ပြီး လက်ဖဝါးရိုက်ချက်တစ်ခုနဲ့ နောက်ပြန်လှည့်မျက်နှာအမျိုးသမီးရဲ့ခေါင်းကို ပြင်းပြင်းထန်ထန် ရိုက်ချလိုက်သည်။

နောက်ပြန်လှည့်မျက်နှာအမျိုးသမီးက မြူခိုးတွေထဲကို ပျောက်ကွယ်သွားခဲ့ပြီး ချက်ချင်းဆိုသလို ရန်ငြိုးကြီးအဖွားအိုက စူးရှတဲ့အော်သံတစ်ခုကို ထုတ်လွှတ်လိုက်ပြီး သူမရဲ့ခေါင်းက မြူခိုးတွေထဲကို ပြန်လည်နစ်မြုပ်သွားခဲ့သည်။

ဒါပေမယ့် နှစ်စက္ကန့် သုံးစက္ကန့်အကြာမှာ မြူခိုးတွေက အလျင်အမြန်ကျုံ့သွားပြီး ပြန်ပြီး အလျင်အမြန် ပြန်ကျယ်လာခဲ့သည်။ ဗုန်းကနဲဆိုတဲ့အသံနဲ့အတူ ရန်ငြိုးကြီးအဖွားအိုက ပြတင်းပေါက်ကနေ တွန်းပစ်ခံလိုက်ရပြီး စင်္ကြန်လမ်းအပြင်ကို ပြုတ်ကျသွားခဲ့သည်။

အဲဒီအချိန်မှာ ယန်ကျွင်းဇဲက စင်္ကြန်လမ်းအပြင်ဘက်မှာ ခြေဖျားထောက်ပြီး သွားနေခဲ့သည်။ သူက ဒူးထောက်ထားလျက် လမ်းလျှောက်နေခဲ့ပြီး ကြောက်မက်ဖွယ်ကောင်းတဲ့မကောင်းဆိုးဝါးဝိညာဉ်နှစ်ကောင်က သူ့ကို မြင်မှာကို သတိထားနေခဲ့သည်။

သို့သော်လည်း နောက်တစ်စက္ကန့်မှာ သူ့ရဲ့ခေါင်းပေါ်ကပြတင်းပေါက်က ကွဲအက်သွားခဲ့ပြီး လွီရှင်းရဲ့ပုံသဏ္ဍာန်က အပြင်ကို ပြုတ်ကျနေတာကို သူ မြင်လိုက်ရသည်၊ အဲဒါက ယန်ကျွင်းဇဲရဲ့ရှေ့ကို တည့်တည့်ကျသွားခဲ့သည်။

လူတစ်ယောက်နဲ့ ထူးဆန်းမှုတစ်ခု၊ မီတာဝက်ထက် ပိုပြီးနီးကပ်နေခဲ့ကြသည်။

လွီရှင်းက ရုတ်တရက် သူ့ရဲ့ခေါင်းကို မြှောက်လိုက်ပြီး ပေါ်လာတဲ့မျက်နှာက ရန်ငြိုးကြီးအဖွားအိုရဲ့အရေးအကြောင်းတွေရှိတဲ့မျက်နှာဖြစ်ပေသည်။

သူမရဲ့မီးခိုးရောင်မျက်ဆံတွေက ယန်ကျွင်းဇဲကို စိုက်ကြည့်နေခဲ့သည်။

ယန်ကျွင်းဇဲက အံ့အားသင့်သွားပြီးနောက် သူက သူ့ရဲ့စိတ်ရင်းအမှန်ဆုံးအပြုံးလို့ သူ ထင်တဲ့အရာကို ညှစ်ထုတ်လိုက်သည်၊ “အဖွား၊ အဖွားက ပုံမှန်လမ်းကြောင်းအတိုင်း ဘာလို့မသွားတာလဲ”

“အား!”

ရန်ငြိုးကြီးအဖွားအိုက သူမရဲ့ညာဘက်လက်ကို ဆန့်ထုတ်ပြီး ယန်ကျွင်းဇဲကို ဆွဲကိုင်လိုက်သည်။

အသင့်ပြင်ဆင်ထားပြီးသားယန်ကျွင်းဇဲက သူ့ရဲ့ကိုယ်ခန္ဓာကို နောက်ဆုတ်လိုက်ပြီး ဆွဲကိုင်မှုကို ကျဉ်းမြောင်းစွာ ရှောင်တိမ်းသွားခဲ့သည်။

အဖြူရောင်အရိပ်တစ်ခုက ပြတင်းပေါက်ကနေ ပျံသန်းထွက်လာခဲ့ပြီး နောက်ပြန်လှည့်မျက်နှာအမျိုးသမီးက နောက်ကနေ အနီးကပ်လိုက်ပါလာခဲ့ကာ ယန်ကျွင်းဇဲနဲ့ရန်ငြိုးကြီးအဖွားအိုကြားထဲကို ဆင်းသက်လာခဲ့ပြီး သူမရဲ့ခေါင်းက ယန်ကျွင်းဇဲဘက်ကို မျက်နှာမူနေခဲ့သည်။

နောက်တစ်စက္ကန့်မှာ ရန်ငြိုးကြီးအဖွားအိုက ဒေါသပေါက်ကွဲထွက်လာခဲ့ပြီး ဆာလောင်နေတဲ့သားရဲတစ်ကောင်လိုမျိုး နောက်ပြန်လှည့်မျက်နှာအမျိုးသမီးပေါ်ကို ခုန်အုပ်လိုက်ပြီး သူမကို ဖိထားကာ သူမရဲ့လိမ်နေတဲ့လည်ပင်းကို ပြင်းပြင်းထန်ထန် ကိုက်လိုက်လေသည်။

နောက်ပြန်လှည့်မျက်နှာအမျိုးသမီးရဲ့လက်မောင်းတွေက ချက်ချင်းဆိုသလို ပြောင်းပြန်လိမ်သွားခဲ့ပြီး ဒါတွေက ကျိုးသွားသလိုမျိုး ကွဲအက်သံတွေ ဆက်တိုက်ထွက်ပေါ်လာစေခဲ့သည်၊ သူမက လက်မောင်းတွေနဲ့ ရန်ငြိုးကြီးအဖွားအိုကို ပတ်ထားလိုက်လေသည်။

သူတို့ရဲ့ကြီးမားတဲ့ခွန်အားကြောင့် ထူးဆန်းတဲ့အရာနှစ်ခုက ကြမ်းပြင်ပေါ်မှာ ရိုက်ခတ်ကုန်ကြသည်၊ ရန်ငြိုးကြီးအဖွားအိုက လွင့်ပစ်ခံရပြီး စင်္ကြန်လမ်းတစ်လျှောက် လိမ့်ကျသွားကာ လှေကားဝင်ပေါက်အနီးကို ရောက်သွားခဲ့သည်။

နောက်ပြန်လှည့်မျက်နှာအမျိုးသမီးက မတ်တပ်ရပ်ပြီး ယန်ကျွင်းဇဲကို ကြည့်လိုက် ပုံပေါ်ခဲ့သည်။ သူမက သူ့ကို မချဥ်းကပ်ခဲ့ဘဲ ရန်ငြိုးကြီးအဖွားအိုဆီကို လျှောက်သွားခဲ့သည်၊ သူမရဲ့ခြေလှမ်းတွေက အရင်လိုပဲ တည်ငြိမ်နေခဲ့ပြီး လုံးဝ အလျင်စလို မရှိခဲ့ပေ။

ဒီအချိန်လောက်မှာ ယန်ကျွင်းဇဲရဲ့ကိုယ်ခန္ဓာပေါ်မှာရှိတဲ့အမွှေးနက်တွေရဲ့ကြီးထွားမှုက လုံးဝရပ်တန့်သွားခဲ့ပြီး ယားယံပြီးနာကျင်တဲ့ခံစားမှုက သိသိသာသာ လျော့နည်းသွားခဲ့သည်။

ဒါပေမယ့် နောက်ပြန်လှည့်မျက်နှာအမျိုးသမီးနဲ့ရန်ငြိုးကြီးအဖွားအိုက လှေကားနားကို နီးကပ်နေခဲ့ကြပြီး သူတို့က ဒါကို ပိတ်ဆို့ခဲ့မယ်ဆိုရင် သူက ဒီအထပ်ကနေ ထွက်ပြေးနိုင်တော့မှာမဟုတ်တဲ့အတွက် အခြေအနေက ဆိုးရွားနေဆဲပဲ ဖြစ်သည်။

ထူးဆန်းတဲ့သတ္တဝါတွေကြားကတိုက်ပွဲက လှေကားဝင်ပေါက်မှာ ပြန်လည်စတင်ခဲ့သည်။ အစပိုင်းမှာ ယန်ကျွင်းဇဲက သူတို့တစ်ယောက်နဲ့တစ်ယောက် အဆက်မပြတ် ဆုတ်ဖြဲပြီး ကိုက်နေကြတာကို မြင်နိုင်ခဲ့ပေမယ့် မကြာခင်မှာ နောက်ထပ်မီးခိုးရောင်မြူခိုးအလွှာတစ်ခုက ထွက်လာခဲ့ပြီး သူတို့ကို အတွင်းထဲမှာ ဖုံးအုပ်သွားခဲ့သည်။

ယန်ကျွင်းဇဲက အိမ်အပြင်ကို ခြေလှမ်းမချမချင်း သူက ဒီလိုမျိုးမြူခိုးအမျိုးအစားကို တကယ်ပဲ ကောင်းကောင်းမမြင်နိုင်ခဲ့ပေ။ မြူခိုးတွေက အဖြူရောင်ဖျော့ဖျော့ဖြစ်ပြီး ထူးဆန်းတဲ့သတ္တဝါနှစ်ကောင်က တစ်ယောက်ကိုတစ်ယောက် တိုက်ခိုက်ပြီးနောက်မှာ မီးခိုးရောင်မြူခိုးတွေက သူတို့ရဲ့ကိုယ်ခန္ဓာပတ်လည်မှာ ငါးမီတာအချင်းဝက်လောက်အထိ ပျံ့နှံ့ပြီး တဖြည်းဖြည်းတိုက်စားလာခဲ့သည်။

ဒီဧရိယာအတွင်းမှာ နေ့ဘက်ဖြစ်ရင်တောင် အလင်းရောင်က မှိန်နေခဲ့ပြီး သံလိုက်စက်ကွင်းက လိမ်နေခဲ့ကာ စက်ကွင်းကဖုံးအုပ်ထားတဲ့ကြမ်းပြင်နဲ့နံရံတွေကတဖြည်းဖြည်းအဝါရောင်နဲ့အနက်ရောင်ဖြစ်

လာစပြုလာခဲ့ပြီးနောက် တစ်စတစ်စနဲ့ ပြိုကျသွားခဲ့လေသည်။

နံရံတွေမှာရှိတဲ့အက်ကြောင်းတွေကနေ မှိုတွေတောင် ပေါက်လာစပြုလာခဲ့သည်။

ဒီအခိုက်အတန့်မှာ လှေကားထစ်ရဲ့ဒီအစိတ်အပိုင်းက လုံးဝဝင်ရောက်လို့မရနိုင်တော့ပေ။

ယန်ကျွင်းဇဲရဲ့အမြင်မှာ ကြမ်းပြင်နဲ့လေထုတစ်ခုလုံးက တဖြည်းဖြည်း မှောင်မိုက်လာခဲ့သည်၊ ဒါက မီးခိုးရောင်မြူခိုးတွေက ထူးဆန်းတဲ့အရာတွေပိုင်ဆိုင်တဲ့နယ်မြေ၊ ဘုံတစ်ခုဖြစ်သလိုမျိုး ဖြစ်နေခဲ့ပေသည်။

ခဏတာ စိုက်ကြည့်ပြီးနောက်မှာ သူက လေထုကိုယ်တိုင်က လိမ်နေသလိုမျိုး ခံစားလိုက်ရလေသည်။

ဒီမြင်ကွင်းက ယန်ကျွင်းဇဲကို သူ့ရဲ့အိမ်အခြေအနေကို တွေးမ်စေခဲ့သည်။

ခုနကပဲ ဒီထူးဆန်းတဲ့သတ္တဝါနှစ်ကောင်က သူ့ရဲ့ဧည့်ခန်းထဲမှာ တိုက်ခိုက်ခဲ့ပြီး ဒါကို ဒီလိုမျိုးအခြေအနေအဖြစ် ပြောင်းလဲသွားစေခဲ့သည်၊ ထူးဆန်းတဲ့နယ်မြေတစ်ခု တကယ်ပဲ ပုံဖော်ခဲ့မယ်ဆိုရင် ဒါက သူ့ရဲ့အနာဂတ်ဘဝကို ထိခိုက်စေမှာလား။

ဒါကို တွေးနေစဥ်မှာ မြူခိုးတွေက ရုတ်တရက် တုန်ယင်လာစပြုလာခဲ့ပြီး နောက်တစ်စက္ကန့်မှာ ရန်ငြိုးကြီးအဖွားအိုက သူမရဲ့အသက်ကို ဂရုမစိုက်သလိုမျိုး အပြင်ကို ပြေးထွက်လာခဲ့သည်၊ မြူခိုးတွေကနေ ရုတ်တရက် ပေါက်ထွက်လာခဲ့ပြီး စင်္ကြန်လမ်းရဲ့နောက်တစ်ဖက်မှာရှိတဲ့ယန်

ကျွင်းဇဲဆီကို တိုက်ရိုက်ဦးတည်သွားခဲ့သည်။

သူမရဲ့ခြေချောင်းတွေက ကြမ်းပြင်ကို ထိမိခဲ့ပြီး သူမရဲ့အရှိန်က ထူးဆန်းစွာ မြန်ဆန်နေခဲ့သည်။

သို့သော်လည်း ယန်ကျွင်းဇဲက သူမရဲ့ကိုယ်ခန္ဓာရဲ့တချို့အစိတ်အပိုင်းတွေက အင်္ဂတေလိုမျိုး ပြုတ်ထွက်ကုန်ပြီးသားဖြစ်တာကို သတိထားမိလိုက်သည်၊ သူမရဲ့ခါးကတော့ စုတ်ပြဲနေခဲ့သည်။

ဒါပေမယ့် ဒါက ရန်ငြိုးကြီးအဖွားအိုရဲ့တိုက်ခိုက်မှုကို နှေးကွေးစေခြင်း မရှိခဲ့ချေ။ ဒီအခိုက်အတန့်မှာ အဖွားအိုက ဘာကိုမှ ဂရုမစိုက်တော့ဘဲ ဘာပဲဖြစ်ဖြစ် ယန်ကျွင်းဇဲဆီကို ရောက်ဖို့ ဆုံးဖြတ်ထား ပုံပေါ်နေခဲ့သည်။

ယန်ကျွင်းဇဲက အလျင်အမြန် နောက်ဆုတ်သွားခဲ့ပြီး သူ့အိမ်ရဲ့တံခါးဝကို အလျင်အမြန် ပြန်ရောက်သွားခဲ့သည်။

ဒါပေမယ့် ရန်ငြိုးကြီးအဖွားအိုက ပိုပြီးမြန်ဆန်နေခဲ့ပြီး အခု သူ့ဆီကနေ ငါးမီတာအောက်မှာပဲ ရှိတော့သည်။

လှေကားထစ်ထဲမှာရှိတဲ့မီးခိုးရောင်မြူခိုးတွေက အလျင်အမြန် ပျံ့လွင့်သွားခဲ့ပြီး နောက်ပြန်လှည့်မျက်နှာအမျိုးသမီးရဲ့ပုံသ

ဏ္ဍာန်က မြင်နိုင်လာခဲ့သည်၊ ဒါပေမယ့် သူမက ရန်ငြိုးကြီးအဖွားအိုရှေ့မှာ ယန်ကျွင်းဇဲီကို မရောက်နိုင်တာက သိသာနေ‌ပေသည်။

ဒါကို မြင်လိုက်ရတဲ့အခါ ယန်ကျွင်းဇဲက “အချိန်နောက်ပြန်ဆုတ်” တော့မလို့ပဲ ရှိသည်။

ပြီးနောက် သူက နောက်ပြန်လှည့်မျက်နှာအမျိုးသမီးရဲ့ကိုယ်ခန္ဓာက ပြောင်းပြန်ကွေးသွားတာကို မြင်လိုက်ရသည်၊ ကွဲအက်သံတွေ ဆက်တိုက်ထွက်ပေါ်လာခဲ့သည်။

သူမရဲ့ညစ်ပတ်ပြီးစုနေတဲ့ဆံပင်တွေက ဒီအခိုက်အတန့်မှာ ချက်ချင်းဆိုသလို ဆန့်ထွက်သွားခဲ့သည်။

သူမရဲ့ဆံပင်က မျဉ်းဖြောင့်တစ်ခုကို ဖော်ဆောင်လိုက်သည်၊ မရေမတွက်နိုင်တဲ့ဆံခြည်တွေက ရန်ငြိုးကြီးအဖွားအိုရဲ့နောက်ကျောကို ပစ်မှတ်ထားခဲ့ပြီး နောက်တစ်စက္ကန့်မှာ သူမရဲ့ကိုယ်ခန္ဓာကို ထိုးဖောက်ဝင်ရောက်သွားခဲ့သည်။

ပြေးနေခဲ့တဲ့ရန်ငြိုးကြီးအဖွားအိုက နေရာမှာတင် ရပ်တန့်သွားခဲ့သည်။

နောက်ပြန်လှည့်မျက်နှာအမျိုးသမီးရဲ့ကိုယ်

ခန္ဓာက ကွိုင်တစ်ခုလိုမျိုး ပြန်ဆန့်ထွက်လာခဲ့ပြီး ချက်ချင်းဆိုသလို သူမရဲ့မူလပုံစံကို ပြန်ပြောင်းသွားခဲ့သည်။ သူမရဲ့ဆံပင်က ပြန်တိုဝင်သွားခဲ့ပြီး ထိုးဖောက်ခံထားရတဲ့ရန်ငြိုးကြီးအဖွားအိုကို လှေကားထစ်ရဲ့ဦးတည်ရာဘက်ကို ပြန်ပြီး ဆွဲခေါ်သွားခဲ့သည်။

ယန်ကျွင်းဇဲက ဒီမြင်ကွင်းကို ပါးစပ်အဟောင်းသားနဲ့ ကြည့်နေခဲ့မိသည်။

ပြီးတော့ တစ်ချိန်တည်းမှာပဲ နောက်ပြန်လှည့်မျက်နှာအမျိုးသမီးက သူမရဲ့ဆံပင်ကို လက်နက်အဖြစ် အသုံးပြုခဲ့တဲ့အတွက် ယန်ကျွင်းဇဲက သူ့ရဲ့ကိုယ်ခန္ဓာပေါ်မှာ ခုနကမှ ပေါက်လာခဲ့တဲ့အမွှေးနက်တွေက ပြန်ပြီးဝင်သွားခဲ့တာကို သတိထားမိလိုက်သည်၊ တစ်ချောင်းမှ မမြင်နိုင်တော့အောင် ဖြစ်ပေသည်။

သူမရဲ့ကိုယ်ခန္ဓာကို ဆံပင်တွေနဲ့ ထိုးဖောက်ခံထားရတဲ့ရန်ငြိုးကြီးအဖွားအိုက လျင်မြန်စွာနဲ့ လှိမ့်နေတဲ့မီးခိုးရောင်မြူခိုးတွေထဲကို ပြန်ဆွဲခံခဲ့ရပြီး အဲဒီနောက်မှာ ဒါက ပိတ်သွားခဲ့ကာ စူးရှတဲ့အော်သံနှစ်ခု ဆက်တိုက် ထွက်ပေါ်လာခဲ့သည်။

မြူခိုးတွေက ချက်ချင်းပျံ့လွင့်သွားခဲ့ပြီး မတ်တပ်ရပ်နေတဲ့နောက်ပြန်လှည့်မျက်နှာအမျိုးသမီးနဲ့ ကြမ်းပြင်ပေါ်မှာ လှုပ်ရှားမှုမရှိဘဲ လဲလျောင်းနေတဲ့လွီရှင်းကို ပေါ်စေခဲ့သည်။

လွီရှင်းရဲ့မျက်နှာက အခု သူ့ရဲ့နဂိုမျက်နှာအဖြစ်ကို ပြန်ရောက်နေခဲ့ပြီး ရန်ငြိုးကြီးအဖွားအိုရဲ့ပုံစံက ပျောက်ကွယ်သွားခဲ့သည်။

ဒါပေမယ့် ဒါက ဘယ်သူပဲဖြစ်ဖြစ် ကြမ်းပြင်ပေါ်မှာရှိတဲ့ပုံစံက အသက်ရဲ့လက္ခဏာကို မပြသတော့ဘဲ တောင့်တင်းစွာ လဲလျောင်းနေခဲ့ပြီး တကယ်ပဲ သေဆုံးသွားခဲ့တာ ဖြစ်နိုင်ပေသည်။

ဖူး!

ကိုယ်ခန္ဓာကို ထိုးဖောက်ခဲ့တဲ့ဆံပင်က ပြန်ဝင်သွားခဲ့ပြီး နောက်ပြန်လှည့်မျက်နှာအမျိုးသမီးက ဖြည်းဖြည်းချင်း လှည့်သွားခဲ့သည်၊ သူမရဲ့နောက်ကျောက ယန်ကျွင်းဇဲဘက်ကို မျက်နှာမူလျက် ခြေလှမ်းတစ်လှမ်းချင်းစီနဲ့ ချဉ်းကပ်လာခဲ့သည်။

ယန်ကျွင်းဇဲက နောက်မဆုတ်ခဲ့သလို ပုန်းဖို့ သူ့ရဲ့အိမ်ထဲကိုလည်း မဝင်ခဲ့ချေ။ အဲဒီအစား သူက အဲဒီမှာ သူမကို စောင့်နေခဲ့သည်။

ဒီအခိုက်အတန့်မှာ ယန်ကျွင်းဇဲက သူ့ရဲ့ကိုယ်ခန္ဓာပေါ်မှာ ယားယံတဲ့ခံစားချက်တစ်ခုကို တစ်ဖန်ပြန်ခံစားလိုက်ရလေသည်။

နောက်ပြန်လှည့်မျက်နှာအမျိုးသမီး ပိုပြီးနီးကပ်လာဖို့ မစောင့်တော့ဘဲ သူက ပြောလိုက်သည်၊ “ကျွန်တော် မြေအောက်ခန်းကအဖွားအိုကို စည်းရုံးပြောဆိုခဲ့ပြီးပြီ။ သူမက ခင်ဗျားကို ထူးဆန်းတဲ့ကလေးငယ်လေးတွေကို ကြည့်ခွင့်ပေးဖို့ သဘောတူလိုက်ပြီ”

နောက်ပြန်လှည့်မျက်နှာအမျိုးသမီးက ရပ်တန့်သွားခဲ့ပြီး ရှေ့ကို ဆက်မရွေ့တော့ပေ။

All Chapters