← Chapters

သူမရဲ့မျက်နှာကိုကြည့်ပါ (အပိုင်း ၅)

Vol. 8 Ch. 107

သူမရဲ့မျက်နှာကိုကြည့်ပါ (အပိုင်း ၅)

Vol. 8 Ch. 107

သူ မြင်ခဲ့ရတာ ဖြစ်နိုင်ပေမယ့် ယန်ကျွင်းဇဲက အရင်ဆုံး အံ့အားသင့်သွားပြီးနောက်မှာ သူက မရင်းနှီးတဲ့အဖွားအိုတစ်ယောက်ရဲ့လက်ကို ကိုင်ထားခဲ့တာကို တွေ့ရှိခဲ့တဲ့အတွက် အံ့ဩသွားခဲ့လေသည်။

အံ့အားသင့်မှုက ဒီအဖွားအိုက သူ့ကို ထိခိုက်နစ်နာအောင်လုပ်လာနိုင်တဲ့ကြောက်ရွံ့မှုကြောင့် ဖြစ်ခဲ့ပေမယ့် သူမက သူ့ကို ကြင်နာမှုနဲ့ သိမ်မွေ့တဲ့အပြုံးကို ထုတ်လွှတ်နေတဲ့မျက်နှာနဲ့ ကြည့်နေတာကို မြင်လိုက်ရတဲ့အခါ သူ့ရဲ့အံ့အားသင့်မှုက သူ့ရဲ့ထိတ်လန့်မှုကို လွှမ်းမိုးသွားခဲ့ပေသည်။

ဒါက ထူးဆန်းတဲ့ကလေးငယ်လေး မဟုတ်တာဖြစ်နိုင်လား၊ ပြီးတော့ သူက အမှောင်ထဲမှာ လက်မှားဆွဲမိခဲ့တာလား။

ယန်ကျွင်းဇဲက သူ့ရဲ့အမှားကို သဘောပေါက်လိုက်မိသည်။

ဒါပေမယ့် ဒီအခိုက်အတန့်မှာ သူ့ကို အကြီးအကျယ် စိတ်ရှုပ်ထွေးစေတဲ့အရာက နောက်ပြန်လှည့်မျက်နှာအမျိုးသမီးက ဒီအဖွားအိုကို ကြောက်နေသလို ပုံပေါ်နေခဲ့တာပဲ ဖြစ်သည်။ သူမက ချက်ချင်းပြေးဖို့ မလှည့်ခဲ့ပေမယ့် သူမက ယန်ကျွင်းဇဲရဲ့ဘေးကနေ ခြေလှမ်းတစ်လှမ်းချင်းစီနဲ့ ဆုတ်ခွာနေခဲ့သည်။

သူက ဘာတွေဖြစ်နေတာလဲဆိုတာကို အရင်ဆုံး သိအောင်လုပ်ရလိမ့်မည်။

ယန်ကျွင်းဇဲက သူ့ရဲ့စိတ်ထဲမှာ ခန့်မှန်းချက်တစ်ခု ရှိနေခဲ့ပြီးသားဖြစ်ပေမယ့် သူက ကိစ္စတွေကို ရှင်းရှင်းလင်းလင်းမလုပ်ခဲ့ရင် ဒီအလုပ်တာဝန်က ဘယ်တော့မှ ပြီးမြောက်လိမ့်မည် မဟုတ်ပေ။

ပထမဆုံးအနေနဲ့ နောက်ပြန်လှည့်မျက်နှာအမျိုးသမီးက သူမနေထိုင်တဲ့အဆောက်အအုံရဲ့မြေအောက်ကားဂိုဒေါင်မှာထူးဆန်းတဲ့ကလေးငယ်လေးတွေရှိနေတာကို တွေ့ရှိခဲ့ပြီး အခုအချိန်အထိ သူတို့က ဘယ်သူ့ကိုမှ အန္တရာယ်ပြုခဲ့ခြင်း မရှိဘူးလို့ ပုံပေါ်နေခဲ့သည်။ မဟုတ်ရင် နတ်ဆိုးနှိမ်နင်းသူတစ်ယောက်ကို အသိပေးပြီး ခေါ်ထားနှင့်ပြီးသား ဖြစ်ပေလိမ့်မည်။

ပြီးနောက်နောက်ပြန်လှည့်မျက်နှာအမျိုးသမီးက ထူးဆန်းတဲ့ကလေးငယ်လေးတွေဟာ သူမရဲ့ကလေးတွေ ဖြစ်တယ်လို့ သံသယရှိခဲ့သည်။ သူမက မိခင်မဟုတ်ခဲ့ဘူးဆိုရင် သူမက သူမရဲ့ကလေးကို ရှာဖွေဖို့ ဒီလိုမျိုး ဆုံးဖြတ်ထားမှာမဟုတ်တဲ့အတွက် သူမက သူမရဲ့ကလေးကို ဆုံးရှုံးခဲ့တာလို့ ယန်ကျွင်းဇဲက ယူဆခဲ့ပေသည်။

ပြီးတော့ ယန်ကျွင်းဇဲက သူမကို ရှာဖွေဖို့ ကူညီဖို့ မြေအောက်ကားဂိုဒေါင်ကို သွားခဲ့ပြီး အမှောင်ထဲမှာ သူ ဆွဲမိခဲ့တဲ့လက်ကို မှားယွင်းစွာ ဆွဲမိခဲ့သည်။ အဲဒီလက်က တခြားထူးဆန်းတဲ့ကလေးငယ်လေးရဲ့လက်မဟုတ်ဘဲ ပြုံးနေတဲ့အဖွားအိုရဲ့လက် ဖြစ်နေခဲ့ လေသည်။

ဒီအဖွားအိုက ကြင်နာတဲ့မျက်နှာအသွင်အပြင်တွေ ရှိနေခဲ့ပြီး ကြောက်စရာမကောင်းခဲ့ပေမယ့် သူမက အဲဒီမှာ ရပ်နေခဲ့ပြီး နောက်ပြန်လှည့်မျက်နှာအမျိုးသမီးကိုတောင် အဆက်မပြတ် နောက်ဆုတ်သွားစေဖို့အထိ ကြောက်နေစေခဲ့သည်။

ဒီအခိုက်အတန့်မှာ ယန်ကျွင်းဇဲက နောက်ပြန်လှည့်မျက်နှာအမျိုးသမီးက ဘာကြောင့် ကလေးအလောင်းကို ရယူဖို့ သူမကိုယ်တိုင် မလာခဲ့တာလဲဆိုတာကို နားလည်သွားခဲ့သည်၊ ဒါက ဒီအဖွားအိုက မြေအောက်ကားဂိုဒေါင်ထဲမှာအမြဲတမ်းရှိနေခဲ့တဲ့အတွက် ဖြစ်နိုင်ချေရှိပေသည်။

ဒါဆို မေးခွန်းတစ်ခု ပေါ်လာခဲ့သည်၊ FH ရပ်ကွက်ထဲက ဘယ်သူကမှ ဒီနေ့အထိ ထူးခြားမှုကို သတိမထားမိခဲ့ဘူး၊ ဒါက အဲဒီအဖွားအိုကထူးဆန်းတဲ့ကလေးငယ်လေး

နှစ်ယောက်လိုမျိုး ဒီနေရာမှာ ဘယ်အန္တရာယ်ကိုမှ မပေးခဲ့ဘူးဆိုတာကို ဆိုလိုနေခဲ့လေသည်။

ဒါကအဖွားအိုရဲ့မျက်နှာပေါ်ကအမူအရာကနေ မြင်နိုင်ခဲ့သည်၊ သူမက ယန်ကျွင်းဇဲကို စိုက်ကြည့်နေစဥ်မှာကြင်နာစွာပြုံးရယ်နေခဲ့

သည်။

ဒီလောက်ချစ်စရာကောင်းပြီးသေဆုံးသွားတဲ့အဖွားအို!

ဒီအဖွားအိုက တကယ်ပဲ ကြင်နာနေတာလား ဒါမှမဟုတ် နောက်တစ်စက္ကန့်မှာ ရုတ်တရက် အမျက်ထွက်လာနိုင်ပြီးကြောက်စရာကောင်းတဲ့၊ ဆိုးယုတ်တဲ့၊ လုံးဝယုတ်ညံ့တဲ့ မကောင်းဆိုးဝါးဝိညာဉ်အဖြစ်ကို ပြောင်းလဲသွားနိုင်လားဆိုတာကို ယန်ကျွင်းဇဲ မသေချာခဲ့ဖူးချေ။

ဘယ်လိုပဲဖြစ်ဖြစ် သူမက နောက်ပြန်လှည့်မျက်နှာအမျိုးသမီးကို ကြောက်လန့်စေနိုင်ခဲ့မယ်ဆိုရင် အဲဒီအဖွားအိုက တကယ့်ခေါင်းဆောင်လို့ ပုံပေါ်နေခဲ့သည်!

ဒီလိုမျိုး မကောင်းဆိုးဝါးဝိညာဉ်မျိုးကိုတော့ အင်အားနဲ့ ဖိအားပေးတာမျိုး မလုပ်ဘဲ ဉာဏ်နဲ့သာ ချဥ်းကပ်ရပေမည်။

သူက အဖွားအိုနဲ့ အရမ်းနီးကပ်နေခဲ့တဲ့အတွက် ယန်ကျွင်းဇဲက တခြားတစ်ဖက်မှာ ကိုင်ထားတဲ့ထူးဆန်းတဲ့ကလေးငယ်လေးက အသက်မဲ့တာမျိုးတင်မဟုတ်ဘဲ ပြိုလဲလုနီးပါးအထိ ကြောက်ရွံ့သွားခဲ့သည်။

ယန်ကျွင်းဇဲက သူက အဖွားအိုရဲ့လက်ကို ဆက်ကိုင်ထားဆဲဖြစ်တာကိုသဘောပေါက်

လိုက်မိပြီး အမြန် လွှတ်လိုက်ကာသူ့ရဲ့လက်ကို မြှင့်လိုက်ပြီး သူ့ရဲ့သွားဖြူတွေနဲ့ စိတ်ရင်းမှန်နဲ့နွေးထွေးတဲ့အပြုံးကိုဖော်ပြလိုက်မိသည်။

“မင်္ဂလာပါ အဖွား” ယန်ကျွင်းဇဲကိုယ်တိုင်တောင် သူ့ရဲ့အသံက ဒီအခိုက်အတန့်မှာ အရမ်းကို သိမ်မွေ့နေလိမ့်မယ်လို့ မမျှော်လင့်ခဲ့ပေ၊ ဒါက နေကိုတောင် အရည်ပျော်စေနိုင်လောက်ပြီ၊

“ခုနက အခန်းထဲမှာ အရမ်းမှောင်နေခဲ့တဲ့အတွက် ကျွန်တော် သတိမထားမိခဲ့ဘဲ အဖွားရဲ့လက်ကို မှားပြီးဆွဲမိခဲ့ပါတယ်၊ တောင်းပန်ပါတယ်”

အဖွားအိုက သူမရဲ့အပြုံးကို ဆက်ထိန်းထားပြီး တောက်ပနေတဲ့မျက်လုံးတွေနဲ့ သူ့ကို ကြည့်နေခဲ့သည်။

ဒါပေမယ့် ယန်ကျွင်းဇဲ ပြောပြီးနောက်မှာ အဖွားအိုက သူမရဲ့ခေါင်းကို ညင်သာစွာ ခေါင်းခါယမ်းလိုက်လေသည်။

တုံ့ပြန်မှုတစ်ခု!

ယန်ကျွင်းဇဲက ခဏတာ စိတ်လှုပ်ရှားသွားခဲ့သည်။ သူမက သူမရဲ့ခေါင်းကို ခါယမ်းခဲ့တဲ့အတွက် ဒါက သူမ ဂရုမစိုက်ဘူးဆိုတာကို ဖော်ပြနေခဲ့သည်။ အကောင်းဆုံးရွေးချယ်စရာက ဒါကို စိတ်ပူပန်စရာမလိုတာပဲ ဖြစ်သည်၊ ထူးဆန်းတဲ့ကလေးငယ်လေးတွေရဲ့သဘောသဘာဝက ဘာပဲဖြစ်ပါစေ သူတို့က ဒီအဖွားအိုရဲ့အပိုင်ဖြစ်ရမည်။ နောက်ပြန်လှည့်မျက်နှာအမျိုးသမီးက သူတို့ကို လိုချင်ခဲ့ရင်တောင် အဖွားအိုရှိနေတဲ့အတွက် ဒါက မဖြစ်နိုင်ပေ။

ဟုတ်ပေသည်၊ အဖွားအိုက တကယ်ပဲ စကားပြောရလွယ်ခဲ့မယ်ဆိုရင် ယန်ကျွင်းဇဲက အသက်ရှူပြီးတဲ့နောက် သူက အပေါ်ထပ်ကို သွားပြီး လက်ဖက်ရည်တစ်ခွက် ယူလာကာ သူမနဲ့အတူ ထိုင်ပြီး ထူးဆန်းတဲ့ကလေးငယ်လေးနှစ်ယောက်ကို ကြည့်ရှုဖို့အတွက်နောက်ပြန်လှည့်မျက်နှာအမျိုးသမီးဆီ အပ်ဖို့ သူမကို စည်းရုံးနိုင်ခဲ့ ပေလိမ့်မည်။ ဒါက မဖြစ်နိုင်တာတော့ မဟုတ်ပေ။

ဒါပေမယ့် အခု နောက်ပြန်လှည့်မျက်နှာနဲ့အမျိုးသမီးက ထူးဆန်းတဲ့ကလေးငယ်လေးကို ကြည့်ရှုဖို့ အခွင့်အရေးတောင် မရရှိသေးဘဲ အစအနမကျန်ဘဲ ပျောက်ကွယ်သွားခဲ့ရသည်။

“ခုနကအမျိုးသမီးက သူမရဲ့ကလေးကို ရှာနေခဲ့တယ်။ အဖွားမှာ ထူးဆန်းတဲ့ကလေးငယ်လေးနှစ်ယောက် ဒီမှာ ရှိနေတဲ့အတွက် ကျွန်တော် သူမကို ခေါ်လာခဲ့ပြီး ကြည့်ခွင့်ပေးခဲ့တယ်၊ သူတို့က သူမရဲ့ကလေးတွေ မဟုတ်ခဲ့ရင် ကျွန်တော် သူတို့ကို အဖွားဆီ ပြန်ပေးပါမယ်” ယန်ကျွင်းဇဲက စိတ်ရှည်ရှည်နဲ့ ရှင်းပြလိုက် လေသည်။

အဖွားအိုက စကားမပြောဘဲ ရှိနေဆဲဖြစ်ပြီး ဆွံ့အနေသလို ပုံပေါ်နေခဲ့သည်။ ယန်ကျွင်းဇဲ ပြောပြီးနောက် သူမက နောက်တစ်ကြိမ် ခေါင်းညိတ်လိုက်လေသည်။

“သူမ သဘောတူတယ်ဆိုတဲ့သဘောပဲ” ယန်ကျွင်းဇဲက သူ့ဖာသာသူ ခန့်မှန်းလိုက်ပြီးနောက် ပြောလိုက်သည်။ “ဒါဆို အခု ကျွန်တော် နောက်ပြန်လှည့်မျက်နှာအမျိုးသမီးကို ထူးဆန်းတဲ့ကလေးငယ်လေးကို ကြည့်ရှုဖို့ ပြန်ခေါ်လိုက်မယ်။ အခုအချိန်အတွက်တော့ အဖွားကို အခန်းထဲကို ပြန်ခေါ်သွားပြီး စောင့်ခိုင်းလိုက်မယ်၊ ဒီမှာ အအေးမိနေလိမ့်မယ်”

ခဏတာ တွေးပြီးနောက် ယန်ကျွင်းဇဲက တခြားတစ်‌ယောက်လိုမျိုး ချီးကျူးလောက်အောင် နူးညံ့စွာနဲ့ သူက သက်ကြီးရွယ်အိုစောင့်ရှောက်ရေးဝန်ထမ်း

တစ်ယောက်အဖြစ် ပြောင်းလဲသွားခဲ့သလိုမျိုး အဖွားအိုရဲ့လက်ကို ဆုပ်ကိုင်လိုက်ပြီး တံခါးငယ်ဘက်ကို ဂရုတစိုက် ခေါ်သွားခဲ့သည်။

လမ်းလျှောက်နေစဥ်မှာ အဖွားအိုက မြေပြင်ပေါ်မှာ သေလုနီးပါး လဲလျောင်းနေသလိုမျိုးရှိနေတဲ့ထူးဆန်းတဲ့ကလေးငယ်လေးကို ကြည့်လိုက်ရုံနဲ့ အဲဒါက ချက်ချင်းဆိုသလို မတ်တပ်ရပ်ပြီး သူတို့နောက်ကို ယိုင်နဲ့ယိုင်နဲ့ လိုက်လာခဲ့သည်။

ယန်ကျွင်းဇဲကထူးဆန်းတဲ့ကလေးငယ်လေးက အရက်မူးနေသလို လမ်းလျှောက်နေတာကို သတိထားမိလိုက်သည်၊ သူ့ရဲ့အရပ်အမောင်းနဲ့ ကိုယ်ခန္ဓာတည်ဆောက်ပုံက ‘The Loard Of The Rings’ ထဲမှာပါတဲ့မှင်စာနဲ့ သိပ်မကွာခြားဘဲ တစ်ဆိုဒ်လောက် ပိုသေးနေခဲ့သည်။

အခန်းထဲကို ပြန်ရောက်ပြီး မကြာခင်မှာပဲ ယန်ကျွင်းဇဲက တစ်ယောက်တည်း အပြင်ကို ပြန်ထွက်သွားခဲ့သည်။

ဒီအခိုက်အတန့်မှာ သူက မမျှော်လင့်ဘဲ သူမှာလည်း သက်ကြီးရွယ်အိုကို ဂရုစိုက်ပြီး ကာကွယ်ပေးနိုင်တဲ့လျို့ဝှက်စွမ်းရည်တစ်ခု ရှိနေတာကို တွေ့ရှိခဲ့သည်။ ဟုတ်‌ပေသည်၊ ဒါက အဲဒီသက်ကြီးရွယ်အိုက ပေါင်းသင်းရတာ လွယ်ကူပြီး

တစ်ချက်ကြည့်လိုက်ရုံနဲ့သေစေနိုင်တဲ့ထူးဆန်းတဲ့စိတ်ထားနဲ့မိတ်ဆွေမဖွဲ့တတ်တဲ့အမျိုးအ

စား မဟုတ်တဲ့အတွက် ဖြစ်ပေသည်။

အစီအစဥ်အရ အခုအချိန်က နောက်ပြန်လှည့်မျက်နှာအမျိုးသမီးကို ပြန်ခေါ်ပြီးတော့ထူးဆန်းတဲ့ကလေးငယ်လေးနှစ်ယောက်ကို သူမကို အသိအမှတ်ပြုဖို့ ခေါ်ထုတ်လိုက်ရုံနဲ့ တာဝန်ပြီးမြောက်ပြီး အိမ်ပြန်အိပ်ဖို့ပဲ ဖြစ်ပေသည်။

ဟုတ်ပေသည်၊ လက်တွေ့ကတော့ သူ စိတ်ကူးထားသလိုမျိုး မဟုတ်ခဲ့ချေ။ ယန်ကျွင်းဇဲကမြေအောက်ကားဂိုဒေါင်တစ်ခုလုံးကို ရှာဖွေခဲ့ပေမယ့် နောက်ပြန်လှည့်မျက်နှာအမျိုးသမီးရဲ့အရိပ်အ‌ယောင် ကိုတောင် မတွေ့ခဲ့ရပေ။

ဒီအမျိုးသမီးကကြောက်စရာကောင်းတဲ့မ

ကောင်းဆိုးဝါးဝိညာဉ်အမျိုးအစား ဖြစ်သည်။ သူမက ဘယ်အဆင့်လဲဆိုတာကို သူမသိခဲ့ပေမယ့်မြေအောက်ကားဂိုဒေါင်ထဲကအဖွားအိုတစ်ယောက်ကြောင့် ကြောက်လန့်ပြီး ထွက်ပြေးသွားတာက အတော်လေးအံ့ဩစရာ ဖြစ်သည်။

ရွေးချယ်စရာမရှိတဲ့အတွက် ယန်ကျွင်းဇဲက မြေအောက်ကားဂိုဒေါင်ကနေ ထွက်ခွာခဲ့ပြီး နောက်ပြန်လှည့်မျက်နှာအမျိုးသမီးက တချို့အထပ်ကို ပြေးသွားလားဆိုတာကို ကြည့်ဖို့ အပေါ်ထပ်ကို သွားဖို့စီစဥ်လိုက်သည်။

ကားဂိုဒေါင်ကနေ လှေကားပေါ်ကို တက်လာပြီးနောက် ယန်ကျွင်းဇဲက လှေကားဝင်ပေါက်ကို ကြည့်လိုက်သည်၊ ဘယ်သူမှ ရှိမနေခဲ့ချေ။

သူက ပထမထပ်ကနေ ဒုတိယထပ်ကို တက်သွားခဲ့ပြီး ထောင့်တိုင်းနဲ့ လှေကားထစ်ကို စစ်ဆေးခဲ့သည်၊ အထူးသဖြင့် နောက်ပြန်လှည့်မျက်နှာအမျိုးသမီးက အဲဒီမှာ ရပ်နေလားဆိုတာကို ကြည့်ဖို့ စင်္ကြန်လမ်းတွေရဲ့မမြင်ရတဲ့နေရာတွေကို စစ်ဆေးခဲ့သည်။

သူက လှေကားကနေ ဆင်းလာတဲ့လူတွေကို တွေ့ခဲ့ရပေမယ့် ဘာပုံမှန်မဟုတ်တဲ့အရာမှ မရှိခဲ့ချေ။

မကြာခင်မှာ သူက ပဉ္စမထပ်ကို ရောက်ရှိခဲ့ပြီး နေရာတိုင်းကို ကြည့်ခဲ့ပေမယ့် နောက်ပြန်လှည့်မျက်နှာအမျိုးသမီးကိုတော့ ရှာမတွေ့ခဲ့ပေ။

ယန်ကျွင်းဇဲက ရန်ငြိုးကြီးအဖွားအို အရင်က နေထိုင်ခဲ့တဲ့အခန်း ၅၀၃ ရဲ့ပြတင်းပေါက်အပြင်ဘက်မှာတောင်ရပ်တန့် ပြီး သူ့ရဲ့လည်ပင်းကို အထဲကို ကြည့်ဖို့ အချိန်အတော်ကြာအောင် ကွေးထားခဲ့ပေမယ့် အဖြူရောင်လက်တိုအင်္ကျီနဲ့ ဘောင်းဘီတိုဝတ်ထားတဲ့အမျိုးသမီးကို မမြင်ခဲ့ရပေ။

ပဉ္စမထပ်စင်္ကြန်လမ်းကို ပြန်လာပြီးနောက် သူက ခဏတာ တွေးလိုက်သည်၊ ပြီးနောက် စင်္ကြန်လမ်းရဲ့လက်ရန်းကို မှီပြီး “နောက်ပြန်လှည့်မျက်နှာအမျိုးသမီး” လို့ အကြိမ်များစွာ ညင်သာစွာ ခေါ်လိုက်ပြီးမှ သူ့ရဲ့ခေါင်းကို လှည့်ပတ်ကြည့်လိုက်သည်။

သူ့ရဲ့အကြည့်က အောက်ထပ်ကို မတော်တဆ ရောက်သွားတဲ့အခါ ယန်ကျွင်းဇဲက အေးခဲသွားခဲ့လေသည်။

ရပ်ကွက်ရဲ့ဝင်ပေါက်မှာ အဆောက်အအုံ ၇ ကို ဦးတည်နေတဲ့လမ်းမှာ လွီရှင်းရဲ့ပုံသဏ္ဍာန်ကို သူ မြင်လိုက်ရသည်၊ သူက အဆောက်အအုံ ၇ ရဲ့ပထမထပ်လှေကားရဲ့ဦးတည်ရာဘက်ကို တည်ငြိမ်စွာ လျှောက်သွားနေခဲ့သည်။

“သူ ဒီမှာ ရောက်နေပြီ!”

ယန်ကျွင်းဇဲက အနည်းငယ်စိုးရိမ်လာခဲ့သည်။ နောက်ပြန်လှည့်မျက်နှာအမျိုးသမီးကို သူ မမြင်ခဲ့ရတာကို အတည်ပြုဖို့ အမြန်ကြည့်ပြီးနောက် သူက ပဉ္စမထပ်ကနေ ချက်ချင်းပြေးဆင်းခဲ့ပြီး စတုတ္ထထပ်မှာရှိတဲ့ သူ့ရဲ့‌ နေအိမ်ကို ပြန်သွားခဲ့သည်။

ဧည့်ခန်းတံခါးကို ပိတ်လိုက်ပြီး သူက အချိန်နောက်ပြန်ဆုတ်စနစ်ကို စစ်ဆေးခဲ့သည်၊ ဒါက အခုအချိန်အတွက် စွမ်းအင်ပမာဏအနည်းငယ်သာ အသုံးပြုနေလျက် လည်ပတ်မှုကို ဆက်ထိန်းထားဆဲ ဖြစ်သည်။

ရုတ်တရက် ယန်ကျွင်းဇဲရဲ့လျှာက အကြီးအကျယ် ယားယံလာစပြုလာခဲ့သည်၊ သူ့ရဲ့ပါးစပ်ထဲမှာရှိတဲ့လျှာတစ်ခုလုံးက ဒီအခိုက်အတန့်မှာ မခံမရပ်နိုင်အောင် ယားယံလာသလိုမျိုး ဖြစ်နေခဲ့သည်။

ဒါကို မခံနိုင်တော့တဲ့အတွက် သူက လက် ကမ်းလိုက်ပြီး သူ့ရဲ့လျှာကို ထိလိုက်သည်၊ ဘာမှမရှိခဲ့ပေမယ့် ဒါက အရမ်းကို ယားယံနေခဲ့သည်။

ရေချိုးခန်းထဲကို အလျင်အမြန်ပြေးဝင်ပြီး သူက မီးကို ဖွင့်လိုက်ကာ မှန်နားကို ချဉ်းကပ်လိုက်ပြီးလျှာကို ထုတ်လိုက်သည်။

မှန်ထဲမှာ သူ မြင်လိုက်ရတာက သူ့ရဲ့လျှာပေါ်မှာ ထူထဲပြီးသိပ်သည်းစွာနဲ့ သူ့ရဲ့လျှာတစ်ခုလုံးကိုဖုံးအုပ်ထားတဲ့အမွှေး

နက်တွေ အများအပြားပေါက်နေတာကိုပဲ ဖြစ် လေသည်။

All Chapters