နတ်ဓားရောက်ရှိလာခြင်း
Vol. 018 Ch. 1789
ကိုက်ချန်က နတ်လှံကိုကိုင်ထားပြီး အဆုံးမဲ့ နတ်ရောင်စဥ်များက ဆင်းသက်လာသည်။ နတ်ဘုရားတပါးသဖွယ်ပုံရိပ်က အရောင်အဝါများ တောက်ပထွန်းလင်းစွာ ကောင်းကင်ထက်၌ ပေါ်ပေါက်လာသည်။ ထိုပုံရိပ်သည် ကောင်းကင်နှင့် မြေကြီးတို့နှင့် ပေါင်းစပ်နေပြီး ဤအာကာသဟင်းလင်းပြင်၏အရှင်သခင်တပါးနှင့်တူပေသည်။
ရွှေရောင်ပုလ္လင်ပေါ်တွင်ရပ်နေသော ကိုက်ထန်က ကောင်းကင်သို့ခြေချလိုက်ပြီး သူ၏လှံတံက နတ်နန်းတော်အား နတ်ဘုရားလှံတံတစ်ချောင်းသဖွယ် ချိန်ရွယ်ထားလေသည်။ အဆုံးမဲ့ ရွှေရောင်အလင်းတန်းများက လေထုထဲ၌ပေါ်ပေါက်လာပြီး တုန်ဟည်းလောက်အောင်ဆူညံသောအသံများဖြင့် ကောင်းကင်ယံအားဖြတ်သန်းသွားသည်။ ထိုအခိုက်တွင် ရှန့်ရှောင်းနတ်နန်းတော်က အဆုံးသတ်နေ့ရက်သို့ကျရောက်သွားဟန်ပေါ်ပြီး သူ၏လှံတံက နတ်ဘုရားများ၏အဆုံးအဖြတ်သဖွယ် ကျဆင်းလာသည်။
နန်းတော်သခင်က ထိုသည်အားမြင်တွေ့ချိန်တွင် သူက ခြေတလှမ်းလှမ်းလိုက်ပြီး ကြောက်မက်ဖွယ်အရှိန်အဝါတစ်ခုက သူ့ဝန်းကျင်တွင်စတင်ပေါ်ပေါက်လာသည်။ သူအပြင်သို့ထွက်လိုက်ချိန်တွင် ကောင်းကင်သည် ပြင်းထန်စွာတုန်ခါသွားပြီး ရွှေရောင်လှံတံများစွာက လေထုထဲတွင် ပျက်စီးသွားသည်။ သူ့အားဗဟိုထား၍ ရှန့်ရှောင်းနတ်နန်းတော်မှ ကျင့်ကြံသူများကနေရာယူလိုက်ပြီး မဟာလမ်းစဥ်သီးသန့်နယ်မြေတစ်ခုကို ဖွဲ့စည်းလိုက်ကြသည်။
ဝုန်း...
အဆုံးမဲ့ကျယ်ပြန့်သော နတ်တောင်ကြီးတစ်ခုက ကောင်းကင်နှင့်မြေပြင်ကြား၌ ရုတ်တရက်ပေါ်ပေါက်လာပြီး နေရာတစ်ခုလုံးအား တိုက်ရိုက်ဖုံးလွှမ်းသွားသည်။ မဟာလမ်းစဥ်စွမ်းအားမှအသွင်ပြောင်းလဲထားသော နတ်တောင်သည် အလွန်တောက်ပလင်းလက်သော မဟာလမ်းစဥ်အလင်းတန်းများထုတ်လွှတ်နေပြီး ထိုနတ်တောင်၏ ခုခံနိုင်မှုမှာ ပြိုင်ဘက်ကင်းလေသည်။ ရွှေရောင်နတ်လှံများဖြင့်တိုက်ခိုက်မှုအားလုံးသည် နတ်တောင်အကာအကွယ်နှင့်ပိတ်ဆို့ခံလိုက်ရပြီး ဖြတ်ကျော်နိုင်ခြင်းမရှိပေ။
ကြောက်မက်ဖွယ်တုန်ခါနေသောအသံများဖြင့် ကောင်းကင်ယံမှကျဆင်းလာသော ရွှေရောင်နတ်အလင်းတန်းများသည်ပင် နတ်တောင်နှင့်ထိတွေ့မိသောအခါ နတ်တောင်အားတုန်ခါသွားစေသော်လည်း ထိုးဖောက်နိုင်ခြင်းမရှိပေ။
ရီဖူရှင်းသည် သူတို့ပတ်လည်မှ အာကာပြင်အားကြည့်လိုက်သည်။ သူတို့သည် နတ်တောင်၏ပိုင်နက် အာကာပြင်၌ရှိနေပုံပေါ်သည်။ ထိုအာကာပြင်သည် အကြွင်းမဲ့ကန့်သတ်နယ်မြေဖြစ်ပြီး နတ်နန်းတော်သခင်က ထိုအာကာပြင်အားထိန်းချုပ်သူဖြစ်သည်။
မဟာလမ်းစဥ်ပင်လယ်ထက်ရှိ လှေများထဲမှတစ်စီးပေါ်တွင် ခရမ်းရောင်ဝတ်စုံကိုဝတ်ဆင်ထားသည့် သက်လတ်ပိုင်လူကြီးတစ်ယောက်က ရပ်နေသည်။ သူ၏အဝတ်အစားများက ငြိမ်သက်နေသောပတ်ဝန်းကျင်တွင်ပင် တဖျပ်ဖျပ်လွင့်နေပြီး သူ၏အနက်ရောင်ဆံပင်ရှည်က လေနှင့်အတူကခုန်နေသည်။
မျက်လုံးအားလုံးက အဝေးသို့ကြည့်နေကြသောကြောင့် သူတို့သည် နတ်နန်းတော်အား နတ်တောင်ဖြင့်ကာကွယ်ထားသည်ကိုမြင်လိုက်ကြရသည်။ ထိုသူက ရှေ့သို့တလှမ်းတက်လိုက်ပြီး လှုပ်ရှားမှုတစ်ခုနှင့်အတူ ရုတ်တရက် လောကတစ်ခုလုံးက တုန်လှုပ်သွားသည်။ ကြောက်မက်ဖွယ်လမ်းစဥ်အသိက ထိုးထွက်လာပြီး နတ်နန်းတော်အတွင်းတွင် အနှိုင်းမဲ့လေလှိုင်းများက လှည့်ပတ်လာသည်။ သူတို့သည် နတ်တောင်ဆီသို့ လွင့်စင်သွားသော လွှမ်းမိုးနိုင်သည့် အလင်းတန်းများအဖြစ် အသွင်ပြောင်းသွားကြသည်။ ပြင်းထန်သောလှိုင်းလုံးများကဲ့သို့ ထိပ်တိုက်တွေ့မှုတခုချင်းစီက နတ်တောင်၏ မဟာလမ်းစဥ်ကန့်သတ်နယ်မြေထံမှ ကြောက်မက်ဖွယ် ဟိန်းသံများထွက်ပေါ်လာစေသည်။
အားလုံး၏အကြည့်များက ထွက်ပေါ်လာသောပုံရိပ်ထံတွင် အာရုံစိုက်မိသွားပြီး သူတို့၏ရင်ထဲတွင် တုန်ဟည်းသွားလေသည်။ မဟာလမ်းစဥ်ပင်လယ်တွင် ကြီးမားသောလှိုင်းလုံးကြီးများဖြစ်ပေါ်လာသောကြောင့် လှေများစွာက ခါယမ်းနေကြသည်။ သူတို့သည် လှုပ်ရှားလိုက်သောလူအားကြည့်နေကြရင်း သူတို့ခန္ဓာကိုယ်များကို တည်ငြိမ်အောင်ထိန်းနေကြသည်။
ရွှေရောင်နတ်ပြည်ထောင်မှလူများက ထိုသူမည်သူဖြစ်ကြောင်းသိရှိထားပြီး တခြားလူများကလည်း မည်သူဖြစ်သည်ကို ခန့်မှန်းမိကြသည်။ မည်သို့ပင်ဖြစ်စေ ယနေ့ဤနေရာသို့လာရောက်ကြသော အင်အားစုများကြားတွင် အထက်ဘုံမှကျင့်ကြံသူများစွာပါဝင်သည်။
“သူ့ကို လူကိုယ်တိုင်ထွက်ပြလိမ့်မယ်လို့ ထင်မထားဘူး” ရှန်ကလန်မှရှန်ကောင်းက အသံခပ်တိုးတိုးဆိုလိုက်သည်။ ရှန်ကျဲ့က သူ့အားကြည့်၍မေးလိုက်သည်။ “အဲဒါ ဘယ်သူလဲ “
“ထိုက်ချူတော်ဝင်မြေက ခရမ်းစစ်ဘုရင်အင်ပါယာလို့ ကျော်ကြားတဲ့ စစ်ဘုရင်အင်ပါယာတပါးပဲ။ သူက ရေနတ်ဘုရားရဲ့စစ်မှန်သောရေလှိုင်းစွမ်းအားကို ဖန်တီးခဲ့ပြီး ထိုက်ချူတော်ဝင်မြေရဲ့ ထိပ်သီးပုဂ္ဂိုလ်ကြီးတွေထဲက တစ်ယောက်ပဲ။ သူ့ရဲ့တိုက်ခိုက်ရေးစွမ်းရည်က အရမ်းအားကောင်းတယ်” ရှန်ကောင်းက ဖြေလိုက်သည်။ “အရင်က ထိုက်ချူတော်ဝင်မြေက ကောင်းကင်အာဏာစက်ကျောင်းတော်ကိုတိုက်ခိုက်ခဲ့တဲ့အချိန်တုန်းက ယူချင်းအနိုင်ရခဲ့တဲ့ စစ်မာရှောင်ဆိုတာ ဒီလူကြီးရဲ့တပည့်ပဲ”
ခရမ်းစစ်ဘုရင်အင်ပါယာက ရှေ့သို့တက်လာချိန်တွင် သူနှင့်အတူ ရွှေရောင်လှိုင်းလုံးများက လိုက်ပါလာသည်။ သူခြေတလှမ်းလှမ်းလိုက်တိုင်း ထိုရွှေရောင်လှိုင်းလုံးများက နတ်တောင်အားတကြိမ်ပြီးတကြိမ် လာရောက်ရိုက်ခတ်ပြီး နတ်တောင်တခုလုံးသည် တုန်ခါလာလေသည်။
ဘန်း...
ခရမ်းရောင်ပုံရိပ်များက ထွက်ပေါ်လာပြီး လက်သီးတစ်ချက်ထုတ်ဖော်လိုက်ချိန်တွင် ခရမ်းစစ်ဘုရင်အင်ပါယာ၏ခန္ဓာကိုယ်က ပုံရိပ်တစ်ခုအသွင်ပြောင်းသွားသည်။ စစ်နတ်ဘုရား၏တစ္ဆေသဖွယ်ပုံရိပ်ယောင်က ကောင်းကင်ယံထက်တွင်ပေါ်ပေါက်လာပြီး ခရမ်းရောင်အရှိန်အဝါသည် အလုံးစုံ လွှမ်းခြုံထားသည်။ ရွှေရောင်စက်ဝန်းက ကောင်းကင်နှင့်မြေပြင်အားဖြတ်သန်းသွားကာ နတ်တောင်၏ သီးသန့်အာကာပြင်ထက်တွင် တုနှိုင်းမရလောက်အောင်ကြီးမားသော လက်သီးချက်ကြီး ထွက်ပေါ်လာသည်။
ဘုန်း
လေဟာနယ်သည် ကြမ်းတမ်းစွာတုန်ခါသွားသည်။ ကြောက်မက်ဖွယ် နက်ရှိုင်းသော မဟာလမ်းစဥ်အက်ကွဲကြောင်းကြီးများ ထွက်ပေါ်လာသောကြောင့် နတ်နန်းတော်၏အောက်တွင် အဆောက်အဦးများက တစ်စစီဖြစ်သွားပြီး ပြိုလဲကုန်သည်။ ထိုအက်ကြောင်းများသည် လေဟာနယ်ထဲ၌ပင် ကြောက်မက်ဖွယ်ကောင်းလောက်အောင် ထင်ရှားစွာပေါ်ပေါက်လာပြီး လူများကိုပင် ထိုအက်ကြောင်းများက ဝါးမြိုသွားနိုင်သကဲ့သို့ ခံစားကြရသည်။
အက်ကွဲသံများနှင့် ပြိုလဲပျက်စီးသံများကိုကြားနေရပြီး အလွန်လှပသော တောင်ပေါ်တွင် ကွဲအက်မှုများက ပင့်ကူအိမ်များသဖွယ် နေရာအနှံ့၌ပျံ့နှံ့သွားကာ အချိန်မရွေးပြိုကျပျက်စီးတော့မလို ဖြစ်ပေါ်လာသည်။
နတ်နန်းတော်မှကျင့်ကြံသူများသည် ထိုကြမ်းတမ်းသောတိုက်ခိုက်မှုကိုထုတ်ဖော်လိုက်သည့် ခရမ်းစစ်ဘုရင်အင်ပါယာကိုကြည့်လိုက်ကြသည်။ ဤတိုက်ပွဲ၌ အထက်ဘုံမှလူများကိုစေလွှတ်ခဲ့သောကြောင့် ပြိုင်ဘက်အဖွဲ့၏ ထိပ်သီးပုဂ္ဂိုလ်များဘက်က အလွန်အရေးသာနေပေသည်။ ထိုသည်မှာ နတ်နန်းတော်၏နန်းတော်သခင်က အခြားလူများအားထွက်ခွာသွားခိုင်းခဲ့သောကြောင့် ဖြစ်ပေမည်။
သူသည် ဤတိုက်ပွဲ၏ရလဒ်အပေါ် အလွန်အဆိုးမြင်ထားသည်။
ကြီးမားသောလှိုင်းလုံးကြီးတစ်ခုက လမ်းစဥ်ပင်လယ်ထက်တွင် စတင်ဖြစ်ပေါ်လာခဲ့သော်လည်း ထိုသေးငယ်သောလှေများပေါ်တွင်ရပ်နေသူများသည် မုန်တိုင်းထန်သောလှိုင်းလုံးများကို လစ်လျူရှုနေကာ အလွန်တည်ငြိမ်စွာရှိနေပြီး စိတ်အနှောက်အယှက်ဖြစ်ဟန်ပင်မပေါ်ပေ။ သူတို့၏စိတ်အသိက နေရာတခုလုံးအားလွှမ်းခြုံထားပြီး နတ်နန်းတော်မှတိုက်ပွဲကိုကြည့်နေကြသည်။
ယနေ့တိုက်ပွဲတွင် ဤနတ်နန်းတော် တော်ဝင်မြေသည် လမ်းစဥ်ပင်လယ်၏ဝါးမြိုဖျက်စီးခြင်းကို ခံရပေတေါ့မည်။ ဤအဆင့်မှတိုက်ခိုက်မှုမျိုးကို သူတို့ခံနိုင်ရည်ရှိရန်မှာ မဖြစ်နိုင်ပေ။
ရှန်ကလန်က ကျင့်ကြံသူများက ကိစ္စအားလုံးကို တိတ်တဆိတ်ပင်ကြည့်နေကြသည်။ ကိုက်ချိန်က ရွှေရောင်နတ်ပြည်ထောင်သို့ပြန်ရောက်လာချိန်တွင် သူ၏ကိစ္စများကိုဖြေရှင်းဟန်မှာ အလွန်ခြားနားကာ ကိုက်ထန်ထက်များစွာပြတ်သားပေသည်။ ပြင်ပဘုံ ကောင်းကင်ဒေသမှဖြစ်စေ၊ ဘုံကိုးခုအတွင်းရှိ အခြားဘုံမှဖြစ်စေ သူတို့သည် တစ်ပြိုင်နက်တည်း တိုက်ခိုက်ရန် အခြေအနေကို အသုံးချခဲ့ပြီး နတ်နန်းတော်အတွက် ထိုကဲ့သို့စိတ်ညစ်ညူးဖွယ်အခြေအနေမျိုးကို ဖန်တီးခဲ့သည်။
သူတို့အပြင် ရွှေရောင်နတ်ပြည်ထောင်ကိုယ်တိုင်ကပင် ယနေ့၌ ထိပ်သီးပုဂ္ဂိုလ်နှစ်ယောက်လုံးရှိနေသည့်အပြင် ကောင်းကင်ဒေသမှ လူအချို့အားဖိတ်ခေါ်ထားသောကြောင့် သူတို့သည် အသာစီးရနေလေသည်။ သူတို့ကဲ့သို့အင်အားစုများနှင့် နေမင်းနတ်ပြည်ထောင်ကဲ့သို့အင်အားစုများကို ထည့်တွက်လိုက်ပါက အခြေအနေသည် လုံးဝတစ်ဖက်သတ်ဖြစ်နေပေသည်။
“ဟင်...”
ထိုအခိုက်တွင် ရှန်ကောင်းက မျက်မှောင်ကြုတ်၍ လေဟာနယ်ထဲသို့ကြည့်လိုက်မိပြီး သူသည် ရုတ်တရက် ခြိမ်းခြောက်နိုင်သည့်ခံစားချက်ကို ခံစားလိုက်ရသည်။
ရှန်ကောင်းသာမဟုတ်ပေ။ မကြာခင်တွင် သူ့ဘေးမှ ရှန်ကျိနှင့် ကိုက်ချိန်ကဲ့သို့သောအားကောင်းသည့်ပုဂ္ဂိုလ်များသည်လည်း ခေါင်းကိုမော့၍ ကောင်းကင်သို့ကြည့်လိုက်ကြသည်။ ထိုသည်မှာ အလွန်ဖိအားပေးနိုင်သောအရှိန်အဝါတစ်ခုက သူတို့အပေါ်၌ ထွက်ပေါ်လာသည့်နှယ်ဖြစ်လေသည်။
ရွှပ်...
အထက်၌ ကောင်းကင်သည် ပြိုကွဲသွားပုံပေါ်သည်။ သူတို့သည် လေဟာနယ်ကိုစုတ်ဖြဲ၍ ကောင်းကင်ယံမှထွက်ပေါ်လာသော အပြာရောင်နတ်အလင်းတန်းတစ်ခုကိုမြင်လိုက်ရပြီး နတ်ဓားတစ်လက်၏ပုံရိပ်ကို သူတို့စိတ်ထဲတွင် ထွင်းထုထားသလို မြင်လိုက်ကြရသည်။
“သတိထား”
ရှန်ကောင်းနှင့်အခြားလူများသည် တခုခုကိုသဘောပေါက်မိလိုက်ကြပြီး သူတို့အားလုံးက ချက်ချင်းလှုပ်ရှားလိုက်ကြသည်။ အကြွင်းမဲ့အာကာသအလင်းတန်းသည် ရှန်ကောင်း၏ပတ်လည်၌ပေါ်ထွက်လာပြီး ရှန်ကလန်မှလူအားလုံးကိုလွှမ်းခြုံသွားသည်။ အခြားအင်အားစုများမှကျင့်ကြံသူများသည်လည်း လှုပ်ရှားလိုက်ကြပြီး အလွန်အားကောင်းသောလမ်းစဥ်အသိများကိုထုတ်ဖော်၍ ခုခံလိုက်ကြသည်။
ရွှပ်...
လမ်းစဥ်ပင်လယ်သည် လေဟာနယ်ကိုဖြတ်၍ကျဆင်းလာသော အဆုံးမဲ့ အပြာရောင်နတ်ရောင်စဥ်ကြောင့် နောက်သို့ဆုတ်သွားရသည်။ ထိုအလင်းတန်းပတ်လည်မှ အရာအားလုံးက နောက်သို့ဆုတ်သွားရသည်။
ထိုအပြာရောင်နတ်ရောင်စဥ်နှင့်ထိတွေ့မိသူတိုင်းသည် ကြောက်မက်ဖွယ်အော်ဟစ်လိုက်ကြရပြီး အမှုန့်အဖြစ်ရောက်ကာ ပျောက်ကွယ်သွားလေသည်။ အားကောင်းသောကျင့်ကြံသူများသည်သာ ထိုအလင်းတန်းကိုရှောင်တိမ်းခြင်း သို့မဟုတ် မဟာလမ်းစဥ်ဖြင့်ကာကွယ်ခြင်းကိုလုပ်လိုက်နိုင်သည်။
သို့သော် ထိုသည့်တိုင် အပြာရောင်နတ်ရောင်စဥ်သည် လေဟာနယ်တစ်ခုလုံးကိုလွှမ်းခြုံသွားသည်။ နတ်ဓားက လမ်းစဥ်ပင်လယ်ပေါ်သို့ကျဆင်းလာချိန်တွင် အပြာရောင်နတ်ရောင်စဥ်က အလင်းပြင်ကွင်းများအဖြစ်ပြောင်းလဲသွားပြီး လှည့်ပတ်သွားကာ မဟာလမ်းစဥ်စွမ်းအားဖြင့် ကာကွယ်ထားသောလူများအား ရိုက်ခတ်သွားသည်။
လမ်းစဥ်ပင်လယ်သည် ဓားအသိကြောင့် အငွေ့အဖြစ်ပြောင်းလဲသွားပြီး ကြောက်မက်ဖွယ်မုန်တိုင်းကြီးက ပင်လယ်အောက်ခြေတွင်ပေါ်ပေါက်လာကာ လေဟာနယ်တွင်းနက်ကြီးအသွင်ပြောင်းလဲသွားသည်။
ကြောက်မက်ဖွယ်အရှိန်အဝါ ဖြည်းဖြည်းချင်းပျောက်ကွယ်သွားချိန်တွင် လူတိုင်းကရှေ့သို့ကြည့်လိုက်ကြသည်။ လမ်းစဥ်ပင်လယ်ထက်တွင် အပြာရောင်နတ်ဓားတစ်လက်က အပေါ်မှအောက်သို့တွဲလောင်းကျနေပြီး အကြွင်းမဲ့ဖျက်စီးနိုင်သော လမ်းစဥ်သီးသန့်မယ်မြေက သူတို့အားဝန်းရံထားသည်။ ယခုတွင် ရန်ဟောင်အဆင့်ကျင့်ကြံသူများစွာမှာ ပျောက်ကွယ်သွားကြောင်း တွေ့လိုက်ကြရသည်။
လူများစွာက ဓားအားကြည့်နေရင်း စိတ်လှုပ်ရှားနေကြသည်။ သူတို့က ဤနေရာသို့ရောက်လာသူအား သိပေသည်။
ကောင်းကင်ဒေသမှလာသော ကိုက်ချိန်ပင်လျှင် ထိုဓားအားမည်သူပိုင်ဆိုင်ကြောင်းသိပေသည်။
လွန်ခဲ့သောနှစ်သုံးရာကျော်ခန့်က ထိုဓားသည် ဘုံသုံးထောင်လုံး၌ အားအကောင်းဆုံးလက်နက်အဖြစ်ကျော်ကြားခဲ့ကာ သွေးများစွာသောက်သုံးခဲ့သောဓားဖြစ်သည်။
ချင်းဟယ်နတ်ဓား...
အင်ပါယာနန်ရောက်လာလေပြီ။
ငရဲတံခါးအား ဖိနှိပ်ခဲ့သော ချင်းဟယ်နတ်ဓားသည် ယခုဤနေရာ၌ ထွက်ပေါ်လာလေသည်။
အပြာရောင်နတ်ရောင်စဥ်က ကျဆင်းလာပြီး ပုံရိပ်တစ်ခုက ဆင်းသက်လာကာ နတ်ဓားပေါ်၌ ရပ်လိုက်သည်။ အင်ပါယာနန်သည် အပြာရောင်ဝတ်ရုံကိုဝတ်ဆင်ထားပြီး ကျက်သရေရှိကာ လွတ်လပ်ပေါ့ပါးနေသည်။ သူသည် ထိုနေရာ၌ တိတ်ဆိတ်စွာရပ်နေသော်လည်း အာရုံအားလုံးကသူ့အပေါ်စူးစိုက်နေကြသည်။ လမ်းစဥ်ပင်လယ်အထက်တွင် အကြည့်များအားလုံးကသူ့ထံရောက်နေကြကာ လူများစွာ၏အမူအရာသည် ပြောင်းလဲသွားကြသည်။
ယခုလေးတွင်ပင် လူများစွာသည် အင်ပါယာနန်၏ဓားအသိအောက်တွင် သေဆုံးသွားခဲ့သည်။
“အင်ပါယာနန်” ကိုက်ချိန်က အင်ပါယာနန်ကိုအေးစက်စွာကြည့်နေသည်။ “ခင်ဗျားက ရှန့်ရှောင်းနတ်နန်းတော်ရဲ့ကိစ္စမှာ ဝင်စွက်ဖက်မလို့လား”
“ရှန့်ရှောင်းနတ်နန်းတော်က ဘုံသုံးထောင်ရဲ့အုပ်ချုပ်သူအင်အားစုထဲကတစ်ခုဖြစ်ပြီး အထက်ကောင်းကင်ဘုံရဲ့ ကျင့်ကြံရေးတော်ဝင်မြေဖြစ်လို့ ပြင်ပကအင်အားစုတွေဆီကနေ ကာကွယ်ပေးသင့်တာပေါ့။ အဲဒါအပြင် ရှန့်ရှောင်းနတ်နန်းတော်က မဟာအင်ပါယာရဲ့အသိကို နှစ်ပေါင်းများစွာသယ်ဆောင်ထားပြီး ပြင်ပကကိစ္စရပ်တွေမှာလည်း ဘယ်တုန်းကမှဝင်မပါခဲ့ဘူး။ ကိုက်ချိန်...မင်းက မဟာအင်ပါယာရဲ့လက်အောက်က ကျင့်ကြံသူဖြစ်နေပြီးတော့ မင်းလုပ်သမျှက မင်းကိုယ်ကျိုးအတွက်ပဲ”
“နောက်တစ်ချက်က မူလဘုံကအပြောင်းအလဲတွေကိုရင်ဆိုင်ရာမှာ နန်ထျန်းနတ်ပြည်ထောင်က ရှန့်ရှောင်းနတ်နန်းတော်နဲ့မဟာမိတ်ဖွဲ့ထားတဲ့အတွက် ကိစ္စရပ်အားလုံးကို အတူတကွရင်ဆိုင်ကြလိမ့်မယ်။ နတ်နန်းတော်ကိုဖျက်စီးချင်တဲ့လူရှိရင် ချင်းဟယ်နတ်ဓားက လူရွေးနေမှာမဟုတ်ဘူး။ ဝင်ပါတဲ့သူတိုင်း သေလိမ့်မယ် “
အင်ပါယာနန်က တည်ငြိမ်စွာပြောလိုက်သည်။ ထိုစကားသည် ဘေးပတ်လည်မှလူများစွာ၏စိတ်နှလုံးကို တုန်ခါသွားစေသည်။ အထူးသဖြင့် ထိပ်သီးပုဂ္ဂိုလ်အကြီးအကဲများမရှိသည့် အင်အားစုများသည် တုန်လှုပ်နေကြသည်။
အင်ပါယာနန်သာ သူတို့ကိုဖျက်စီးပစ်လိုလျှင် သူတို့က ခုခံနိုင်စွမ်းမရှိပေ။
ယနေ့ပြီးနောက် အင်ပါယာနန်သာ ကျဆုံးမသွားခဲ့လျှင် ဤကိစ္စ၌ပါဝင်သူမည်မျှက သူ့ဓားအားတားနိုင်လိမ့်မည်နည်း။
ကိုက်ချိန်နှင့်ကျန်လူများ၏အမူအရာသည်လည်း ပျက်ယွင်းနေကြသည်။ အင်ပါယာနန်သည် ဘုံသုံးထောင်၏အထွဋ်အထိပ်၌ရပ်တည်နေသည့် လူနည်းစုထဲမှတစ်ယောက်ဖြစ်သည်။ သူသည်အလွန်အားကောင်းလှပြီး သူ့အားထိန်းချုပ်နိုင်ရန်နှင့် သတ်ဖြတ်နိုင်ရန်မှာ အလွန်ခက်ခဲပေလိမ့်မည်။
ထို့အပြင် အင်ပါယာနန်သည် နတ်နန်းတော်၏နန်းတော်သခင်မဟုတ်ပေ။ သူသည် ဤနှစ်များအတွင်း တည်ငြိမ်အေးဆေးသော ဖခင်နေရာကိုယူ၍ အေးချမ်းစွာနေခဲ့သော်လည်း ဘုံသုံးထောင်၌ ချင်းဟယ်နတ်ဓားသည် အားအကောင်းဆုံးနတ်ဓားဖြစ်ကြောင်း မည်သူမျှမေ့လိမ့်မည်မဟုတ်ပေ။
အဝေးမှ နတ်နန်းတော်အတွင်းတွင် နန်းတော်သခင်သည် အင်ပါယာနန်၏စကားများကိုကြားသောအခါ တစုံတစ်ခုအားနားလည်လိုက်ဟန်ပေါ်သည်။ သူက ပြုံးလိုက်သည်။ ပါဝင်ပတ်သတ်နေသူတစ်ယောက်အနေဖြင့် သူသည် အင်ပါယာနန်ထက်များစွာတွန့်ဆုတ်နေသည်ဟု မထင်ပေ။ ထိုသည်က နောက်ကြောင်းပြန်မလှည့်ဘူးဟု ယူဆထားသည့်အရာဖြစ်နိုင်သည်။
ယခုအသာစီးရမနေသည့်အခြေအနေအောက်တွင် ပြိုင်ဘက်အားအနိုင်ရရန်မှာ မဖြစ်နိုင်ပေ။ နတ်နန်းတော်အား ထိန်းသိမ်းကာကွယ်နိုင်မည့် တခုတည်းသောနည်းလမ်းမှာ နောက်တွန့်နေခြင်းမရှိဘဲ တတ်နိုင်သမျှအကုန်လုပ်ရပေမည်။
“လေဟာနယ်ဘုံကလည်း ကောင်းကင်ဒေသကပိုင်ဆိုင်တာပဲလေ။ ဘာလို့ ကင်းလွတ်သင့်တာလဲ။ ကောင်းကင်ဒေသကအင်အားစုတွေက ကျင့်ကြံရေးတော်ဝင်မြေကို ထိန်းချုပ်ခွင့်ရသွားရင် လေဟာနယ်ဘုံကိုပိုပြီးသန်မာလာအောင် လုပ်ပေးနိုင်မှာပဲလေ” ကိုက်ချိန်က ထူးမခြားနားဟန်ဖြင့် တုန့်ပြန်လိုက်ပြီး အရှိန်အဝါဖိအားက သူ့ထံမှထွက်ပေါ်လာကာ ချင်းဟယ်နတ်ဓား၏ ဓားအသိအားခုခံလိုက်သည်။
အင်ပါယာနန်ထွက်ပေါ်လာမှုက အနည်းငယ်အခက်တွေ့စေသော်လည်း သူတို့သည် ထိုအရာအား ကြိုတင်ခန့်မှန်းထားပြီးဖြစ်သည်။ သူတို့က အင်ပါယာနန်သည် နတ်နန်းတော်၏ တကယ့်နန်းတော်သခင်ကဲ့သို့ ဤမျှခိုင်မာပြင်းထန်သော ဆုံးဖြတ်ချက်မျိုးရှိနေမည်ဟု မျှော်လင့်မထားခဲ့ရုံသာဖြစ်သည်။
“ပြီးတော့ အင်ပါယာနန်က နန်ထျန်းနတ်ပြည်ထောင်ကိုရော ဂရုမစိုက်တော့ဘူးလား” ကိုက်ချိန်ကဆက်ပြောလိုက်ပြီး အင်ပါယာနန်အား နန်ထျန်းနတ်ပြည်ထောင်နှင့် ခြိမ်းခြောက်လိုက်သည်။
***