မနက်ရော ညရော နံရံကို တက်မယ်
Vol. 27 Ch. 383
ချန်ရှီ တစ်ဖက်လူကို ပြန်လှည့်ကြည့်လိုက်သည်။
"ငါတို့ တခြားသူတွေကိုရော အထက်ကမ္ဘာကို ခေါ်သွားလို့ရမလား"
မျိုးရိုးရန် အစေခံက ပြန်ဖြေ၏။
"သခင်လေးရှောက်ဟူက ထိပ်တန်း ပညာရှင်က ဘယ်သူ့ကို ခေါ်လာပေးနိုင်လဲလို့ မေးရင်လူ တစ်ယောက်ကို ခေါ်ဆောင်ခွင့်ပေးမယ်လို့ ညွှန်ကြားထားပါတယ်"
ချန်ရှီ မျက်ခုံးပင့်လိုက်ပြီး ပြုံးတစ်ဝက်နဲ့ ပြန်မေးလိုက်သည်။
"လူတစ်ယောက်ပဲလား... ငါဘယ်သူ့ကို ခေါ်လာမယ်ဆိုတာ ရန်ပိ သိလား"
အစေခံက :"သခင်လေးကတော့ ထိပ်တန်း ပညာရှင်က အမြတ်ခွန်ဝန်ကြီးဟောင်း လူကြီးမင်းချန်ထန်ကို ခေါ်လာလိမ့်မယ်လို့ ပြောပါတယ်"
ချန်ရှီလာ်း အံ့ဩသွားသည်။
"ရန်ပိက ဘာလို့အဲ့လိုထင်ရတာလဲ"
ရန့်မျိုးရိုးက ခေါင်းခါသည်။
ဒီအကြောင်းကို ချန်ထန်ကို မပြောပြခင် ခဏလောက် စဉ်းစားနေခဲ့သည်။
"သူဘာကြောင့် ဒီလို ခန့်မှန်းတာလဲဆိုတာ ငါသိတယ်... မင်းရဲ့ပတ်ဝန်းကျင်က လူတွေအားလုံးထဲမှာ ငါက အသန်မာဆုံးနဲ့ အဆင်ခြင်အရှိဆုံးသူမို့လို့ပဲ... အထက်ကမ္ဘာရဲ့ စွမ်းအားနဲ့ ဆုံးဖြတ်ချက်ကိုလည်း ငါသိတယ် အဲဒါကြောင့် မင်း လူတစ်ယောက်ကို အထက်ကမ္ဘာကို ခေါ်ဆောင်သွားမယ် ဆိုရင် မင်းငါ့ကို သေချာပေါက် ရွေးချယ်ရလိမ့်မယ်"
"အထက်ကမ္ဘာကို အဖေက ဘယ်လိုသိလဲ?"
အထက်ကမ္ဘာသည် မိသားစုဆယ့်သုံးစု၏ အကြီးမားဆုံး ပိုင်ဆိုင်မှုဖြစ်ကြောင်း ထင်ရှားပါသည်။ ရန်ပိက သူ့ကို ထိုအကြောင်းကို ပြောပြသောကြောင့်သာ ချန်ရှီ သိရသည်။ တစ်နည်းအားဖြင့် ဆိုရလျှင် ချန်ထန် ထိုအကြောင်းကို မသိနိုင်ပေ။
ချန်ထန် တုံ့ဆိုင်းသွားပြီးမှ ဆိုလိုက်သည်။
"မင်းမျက်လုံးတွေကို ငါ့မျက်လုံးအဖြစ်နဲ့ ငးသုံးလိုက်မယ် အထက်ကမ္ဘာကို မင်းကို မြင်ခွင့်ပေးမယ်..."
သူ စိတ်လျှော့လိုက်သည်နှင့် ချန်ရှီ အသိစိတ်က သူ့ဆီသို့ တိုးဝင်လာသည်။
သားအဖနှစ်ယောက် မတ်တပ်ရပ်လိုက်ကြသည်။ ချန်ထန် သူ့ခေါင်းကို ဖြည်းညှင်းစွာ လှည့်လိုက်ပြီး သူ့အမြင်အာရုံကို တောက်ပတဲ့ နတ်အလင်းရောင်တစ်ခု တိုးဝင်လာသည်။ ပေတစ်ထောင်မြင့်သော ကောင်းကင်ကြီးသည် ချန်ရှီ၏ အမြင်အာရုံထဲကို ပြည့်နှက်လာကာ နှလုံးရပ်လုနီးနီးပင်။
ကြီးမားသော အိုးကြီး၊ နံ့သာပေါင်းများ၊ မွှေးရနံ့များဖြင့် ပူဇော်ထားသော နတ်ဘုရားများ၏ ညှဉ်းဆဲခြင်း ရောင်ဝါက သူ့အပေါ်၌ လွှမ်းခြုံလာသည်။ ချန်ထန် သူ့ခေါင်းကို လှည့်လိုက်ပြီး ထူးဆန်းတဲ့ မြင်ကွင်းက ပျောက်ကွယ်သွားသည်။
အထက်ကမ္ဘာသည် ထူးဆန်းသော နည်းလမ်းကို အသုံးပြု၍ ၎င်း၏ခမ်းနားထည်ဝါမှုကို သူ့အား ထုတ်ဖော်ပြသခဲ့ပြီး ကြီးမားသော ဖိအားတစ်ခု ဖန်တီးခဲ့သည်။ ဒီမြင်ကွင်းက သူ့နောက်မှာ ရပ်နေတဲ့ နတ်ဘုရားနှစ်ထောင်နီးပါးနဲ့ သူလုပ်သမျှကို စောင့်ကြည့်နေပုံ ဖြစ်ကြောင်း ပြသနေသည်။ ဤညှဉ်းပန်းမှုသဘောသည် မည်သူ့ကိုမဆို ဒူးထောက်စေရန် လုံလောက်ပါသည်။
ချန်ထန်သည် အထက်ကမ္ဘာ၏ ဖိအားကို ရက်အတန်ကြာ ခံနိုင်ရည်ရှိခဲ့သော်လည်း သူသည် ဇွဲမလျှော့ဘဲ ဆက်လက်နေခဲ့သည်။ သူ၏ တာအို နှလုံးသားသည် အမှန်တကယ်ပင် ကြေကွဲဖွယ်ရာ မရှိပေ။
သို့သော် ဤကဲ့သို့သော စိစစ်မှုနှင့် ဖိနှိပ်မှုအောက်တွင် ကျင့်ကြံမှု တိုးတက်ရန်မှာ မဖြစ်နိုင်သလောက်ပင်။
မိသားစုကြီး ဆယ့်သုံးစုတို့သည် ချန်ထန်ကို ခြိမ်းခြောက်ကာ ဖျက်ဆီးရန် တစ်ပြိုင်နက်တည်း ကြိုးစားနေကြသည်။ ၎င်းတို့က အတုအယောင်ပြန်ခြင်း နယ်ပယ်ထဲ၌ ထောင်ချောက်ဆင်ထားကာ မဟာယာန နယ်ပယ်သို့ မဖောက်ထွက်နိုင်အောင် တားဆီးထားခဲ့ကြသည်။
ချန်ရှီ သတိပြန်ဝင်လာသည်။ ချန်ထန် အမူအရာမှာ ငြိမ်သက်နေခဲ့သည်။
"ငါ ခြောက်လပဲ ခံနိုင်ရည်ရှိခဲ့တယ်... မင်းအဖိုး ရှီးကျင်းက ထွက်သွားတုန်းကလည်း ဒါကို သက်သေပြခဲ့လောက်တယ်... သူ နတ်ဘုရားတွေရဲ့ အကြည့်အောက်မှာ ဆယ့်တစ်နှစ်ကြာအောင် ကြံ့ကြံ့ခံခဲ့တယ်"
သူသည် သူ့အဖေအပေါ် ရန်ငြိုးထားသော်လည်း ချန်ယင်တူး၏ ကြောက်မက်ဖွယ် စွမ်းအားကို သူ နက်နက်ရှိုင်းရှိုင်း ခံစားခဲ့ရသည်။
အထက်ကမ္ဘာ၏ ဖိနှိပ်မှုကို ဆယ့်တစ်နှစ်တိုင်တိုင် ခံနိုင်ရည်ရှိခဲ့သည့် အချက်ကို မပြိုပျက်ဘဲ စိတ်ရင်းမှန်ဖြင့် ချီးကျူးမိသည်။
ချန်ရှီလည်း ခဏလောက် နှုတ်ဆိတ်နေခဲ့သည်။
"မိသားစုဆယ့်သုံးစုက အဖေ့ကို ဒီလို ဆက်ဆံနေတယ်လို့ ကျနော့်ကို ဘာလို့ မပြောခဲ့တာလဲ?"
ချန်ထန် ခေါင်းခါလိုက်သည်။
"မင်းအဖိုးက ဒီလောက်ကြောက်စရာကောင်းတဲ့ ခြိမ်းခြောက်မှုမျိုး ကြုံဖူးတယ်လို့ မပြောဖူးဘူးလေ... သဘာဝကျကျနဲ့ ငါလည်းမင်းကို မပြောချင်ဘူး... ဒါပေမယ့် အခု မင်းအထက်ကမ္ဘာကို ရောက်သွားရင် မိုက်မိုက်ရိုင်းရိုင်း ပြုမူသွားမှာကို ငါ စိုးရိမ်တယ် အဲဒါကြောင့် မင်းကို ကြိုပြောချင်တယ်... မင်းကို နှိမ်နှင်းဖို့ စွမ်းအားဆယ့်သုံးမျိုး ရှိတယ်"
ချန်ရှီ ညင်သာစွာ ခေါင်းညိတ်ပြီး။
"ချန်ထန် ကျနော့်နောက်ကို လိုက်ခဲ့ပါ"
နာမည် အခေါ်ခံလိုက်ရတာကို မကျေမနပ်ဖြစ်ကာ အော်ဟစ်လိုက်ပေမယ့် သူ့နောက်ကို လိုက်သွားခဲ့သည်။ ချန်ရှီ ချန်ယန်တောင်ဆီသို့ ဦးတည်သွားနေခြင်း။ နတ်ဆိုးအနည်းအကျဉ်းမျှသာ ရှိလို့ အေးချမ်းပြီး ဆိတ်ငြိမ်ရာအရပ်ဖြစ်၏။ ကျင်လည်ကျက်စားသော နတ်ဆိုးများပင်လျှင် အကျင့်စာရိတ္တ ကောင်းမွန်ကြသည်။
လမ်းတစ်လျှောက်မှာ သားအဖနှစ်ယောက်က ချန်ယန်တောင်ရဲ့ နတ်တွေကို နံ့သာပေါင်းဖြင့် ပူဇော်ကြပါသည်။ သူတို့၏ ကျင့်ကြံမှုစွမ်းအားသည် တောင်၏ဝိညာဉ် အများစုကို ကျော်လွန်နေပြီဖြစ်ပြီး မြွေကြီးရွှမ်ရှန်းနဲ့ အဘွားကျွမ်းကသာ သူတို့ထက်သာလွန်သည်။ တောင်ပေါ်ရှိ နတ်များကို နံ့သာပေါင်း ပူဇော်ရန် မလိုအပ်သော်လည်း ငယ်စဉ်ကလေးဘဝက စည်းကမ်းများကို လိုက်နာဆဲဖြစ်သည်။
နတ်များသည် ကျေးဇူးသိစိတ်ဖြင့် ဦးညွှတ်ကြပြီး တန်ခိုးကြီးသော သတ္တဝါနှစ်ပါးထံမှ နံ့သာမွှေးရနံ့ကို စုပ်ယူကြသည်။ ချန်ရှီ ချန်ထန်ကို မုသားမဲ့မြို့သို့ ခေါ်သွားခဲ့သည်။
(မုသားမဲ့မြို့ - ဝူဝမ့်မြို့)
မုသားမဲ့မြို့ အရှင်သည် တရားသူကြီးစုတ်တံ ရှိကာ ယခင်က မရဏကမ္ဘာမှ လိုက်သတ်ခံခဲ့ရဖူးသည်။ ယခု မိသားစုဆယ့်သုံးစုသည် ငရဲဘုရင်ဆယ်ပါးကို သတ်ခဲ့ပြီး နေရာယူသွားပြီ။ သူ၏ တရားသူကြီးစုတ်တံနှင့် လျှာဆွဲငရဲ ဆုံးရှုံးခြင်းမှာ ကြီးကြီးမားမား စိုးရိမ်စရာ မရှိတော့ပါ။
ထို့အပြင် ချန်ယန်တောင်သည် ယခုအခါ သူပုန်များအတွက် ခြေရာချရာ နေရာတစ်ခုဖြစ်ခဲ့ပြီး မရဏကမ္ဘာသည် လက်ရှိအချိန်တွင် ၎င်းအား တိုက်ခိုက်ရန် တွန့်ဆုတ်နေခဲ့သည်။ ထို့ကြောင့် အရှင်ဝူဝမ့်လည်း ချန်ယန်တောင်သို့ ပြန်ရောက်လာခဲ့သည်။
ထိုအချိန်တွင် မုသားမဲ့မြို့သို့ ပျံတက်နေသော လှည်းတန်းများသည် အမတစုဆောင်းမျှော်စင်မှ တစ်ဆင့် မုသားမဲ့မြို့ကို ဖြတ်၍ သက်ရှိကမ္ဘာမှ ကုန်ပစ္စည်းများကို မရဏကမ္ဘာသို့ ပို့ဆောင်ပေးကြသည်။ ထို့နောက် ၎င်းတို့သည် ရောင်းချရန်အတွက် သက်ရှိကမ္ဘာသို့ မပြန်မီ ထျန်းကျစ်ပြည် တစ္ဆေနိုင်ငံမှ ကုန်ပစ္စည်းများနှင့် လဲလှယ်ခဲ့ကြသေးသည်။
ထို့ကြောင့် မုသားမဲ့မြို့သည် ယင်နဲ့ ယန်ဘုံတို့ကြား ဆက်သွယ်ရာနေရာ ဖြစ်လာခဲ့သည်။
သားအဖနှစ်ယောက် မုသားမဲ့မြို့ကို ဖြတ်ပြီး မရဏကမ္ဘာထဲကို ဝင်သွားခဲ့ကြသည်။
ချန်ထန်: "မုသားမဲ့မြို့က မရဏကမ္ဘာနဲ့ သက်ရှိကမ္ဘာကို ချိတ်ဆက်ထားတယ်... တကယ် ဆက်သွယ်ပေးတဲ့ဟာက လျှာဆွဲငရဲပဲ သူတို့ကြားက ပေါင်းစပ်မှုရဲ့အစကို ညွှန်ပြနေတယ် မရဏကမ္ဘာနဲ့ သက်ရှိကမ္ဘာက တကယ် ပေါင်းစပ်နိုင်ပါ့မလား"
ချန်ရှီသည် အမတစုဆောင်းမျှော်စင်က ဆောက်ထားသော သက်ရှိကမ္ဘာ၏ အမာခံနယ်မြေ ချန်ယန်တောင်ရှိ တံတားဆီသို့ သူ့ကို ပို့ဆောင်ခဲ့သည်။ သားအဖနှစ်ယောက် ကျိုးနေတဲ့တံတားကို ဖြတ်ကူးပြီး တံတားထိပ်မှာ ရပ်နေလိုက်၏။
ချန်ရှီ: "ချန်ထန်... လှည့်ကြည့်လိုက်ပါ..."
ချန်ထန် ကြောက်လန့်တကြား လှည့်ကြည့်လိုက်သည်။
မရေမတွက်နိုင်သော နတ်ဘုရားများ၏ အလောင်းများသည် အကန့်အသတ်မဲ့ ချောက်ကမ်းပါးများမှ တန်းစီကာ မျက်စိထဲ မြင်နိုင်သလောက် ဆန့်တန်းကာ တွဲလောင်းကျနေကြသည်။
ထိုနတ်ဘုရားများသည် တန်ခိုးကြီးပြီး ကြောက်မက်ဖွယ် ကောင်းသော ရောင်ဝါများ၊ ခံ့ညားထည်ဝါသော တည်ရှိမှုမှာ အံ့အားသင့်ဖွယ် ကောင်းသော်လည်း ယခုအခါ ၎င်းတို့၏ ခန္ဓာကိုယ်များကို ချောက်ကမ်းပါးများတွင် သံမှိုဖြင့် ထိုးဖောက်ထားကာ ခြိမ်းခြောက်မှုအဖြစ် ဆန္ဒပြနေကြပြီ ဖြစ်သည်။
သူတို့၏ နတ်သွေးများသည် သူတို့၏ခန္ဓာကိုယ်မှ စီးဆင်းလာပြီး ချောက်ကမ်းပါး မျက်နှာပေါ်သို့ ရွှဲလာကာ အဆုံးမရှိသော ချောက်ကမ်းပါးအောက်တွင် အဆုံးမရှိသော သွေးစီးကြောင်းများ အဖြစ် ပေါ်လာသည်။
ထိုအခိုက်တွင် သရဖူဆောင်းထားသော အရိုးစုတစ်ခုသည် တံတားဦးခေါင်းသို့ ချဉ်းကပ်လာကာ ခုန်ချကာ သွေးစီးကြောင်းဘေးသို့ ဆင်းသက်လာသည်။ သွေးကန်ကျင့်စဥ်ကို ပြုစုပျိုးထောင်ရန် ၎င်း၏မြင့်မြတ်သော အသွေးကို စုဆောင်းနေခဲ့သည်။ ၎င်း၏ဦးခေါင်းနောက်က သွေးကန်ငရဲသည် မိုင်တစ်ရာကျော် ရှည်လျားပြီး ကြီးမားသောဖိအားကို ခံယူထားသည်။
ဒီမြင်ကွင်းက ချန်ထန်ကို ထိတ်လန့်တုန်လှုပ်သွားစေ၏။
အကန့်အသတ်မရှိသော ချောက်ကမ်းပါးများမှ ချိတ်ဆွဲထားသည့် မရေမတွက်နိုင်သော နတ်ဘုရား အလောင်းများနှင့် နှိုင်းယှဉ်ပါက မိသားစုဆယ့်သုံးပါးမှ နတ်ဘုရားတွေဟာ ဘာမှတောင် မဟုတ်တော့ပေ။
"ဖေဖေ ထုပ်ပိုးထားဖို့ မလိုတဲ့အရာတွေ ရှိတယ်"
ချန်ရှီ သူ့လက်ကို မြှောက်ပြီး ချန်ထန်ရဲ့ ပုခုံးကို ပွတ်သပ်လိုက်သည်။
"အဖေ့အတွက် ဖြတ်မရတဲ့ ချောက်နက်ကြီးက ကျနော့်အတွက် ဘာမှဖြစ်ပုံမပေါ်ဘူး... ဒီမှာပဲ ရက်အနည်းငယ်လောက် နေပြီးတော့ မိသားစုဆယ့်သုံးပါးရဲ့ မရေမတွက်နိုင်တဲ့ နတ်ဘုရားတွေကို ကြည့်လိုက်ရင် သူတို့က ဘာမှ မထူးခြားဘူး ဆိုတာ အဖေ သဘောပေါက်လာလိမ့်မယ်"
ချန်ထန်လည်း အသက်ပြင်းပြင်းရှူရင်း ကျိုးကျနေသော တံတားပေါ်မှ ဆင်းကာ သွေးမြစ်ဘက်သို့ ရောက်လာသည်။
"ညီနောက်တာအိုကျင့်ကြံသူ မင်းကို နှောင့်ယှက်မိလို့ တောင်းပန်ပါတယ်"
သူ အရိုးစုအား ပြောခဲ့သည်။
အရိုးစုက :"အဖေ... ကျွန်တော်ပဲလေ... အဖေ ဒီလိုဖြစ်စရာ မလိုပါဘူး ကျနော်က ထျန်းကျစ်ပြည်ရဲ့ ဘုရင်ဆို အဖေကလည်း ဧကရာဇ်ပဲ... ဘယ်သူ့ကိုမှ ကိုယ့်ကိုကိုယ် နှိမ့်ချနေစရာ မလိုဘူး..."
ချန်ထန် : "..."
သူတကယ်ပဲ ဝူလျောင့် ချောက်ကမ်းပါးရှေ့မှာ ထိုင်ပြီး အဆုံးမဲ့ နတ်ဘုရားအလောင်းတွေရဲ့ ပင်လယ်ကို ကြည့်နေလိုက်သည်။ မိသားစုဆယ့်သုံးစုက အထက်ကမ္ဘာသည် သူ့ကို တုနှိုင်းမရတဲ့ ဖိနှိပ်ချုပ်ချယ်မှုကို ဆောင်ကျဉ်းပေးခဲ့ပြီး သူ့ကို စောင့်ကြည့်သည်၊ ဖိနှိပ်သည်၊ ရန်သူတွေရဲ့ သနားညှာတာမှုဖြင့် သူ့အသက်ကို အပူတပြင်း ရှင်သန်ခဲ့ရ၏။
သို့သော်လည်း ယခုအခါတွင် ဤဖိနှိပ်မှုနှင့် စိတ်ပျက်အားငယ်မှုတို့သည် တဖြည်းဖြည်း ပျောက်ကွယ်သွားကာ မယုံနိုင်လောက်အောင် ငြိမ်သက်နေလာသည်။ စိတ်အခြေအနေက မတုန်မလှုပ်သော ဣန္ဒြေရရ၊ မောက်မာမှု၊ ပုန်ကန်မှု နှင့် ဘယ်သောအခါမျှ ဇွဲမလျှော့သော သတ္တိတို့ဖြင့် အစားထိုးလာသည်။ ချန်ရှီ၏ ဥပဒေမဲ့ စိတ်ဓာတ်က ဘယ်ကလာသည်ကို သူ ရုတ်တရက် နားလည်သွားသည်။
ဘာလို့လဲ ဆိုတော့ သူ့မှာလည်း အဲဒီလို စိတ်ဓာတ် ကိန်းဝပ်နေလို့ပါပဲ။
အခွင့်အာဏာကို လျစ်လျူရှုခြင်း၊ ရန်သူနှင့် မိမိတို့ကြားက အင်အားကွာဟမှုကို လျစ်လျူရှုခြင်း။
အရမ်းခေါင်းမာရင် နောက်ဆုံး နံရံမှာ အဆွဲခံရလိမ့်မယ်။
ရက်အနည်းငယ် အကြာတွင်တော့ ချန်ထန်၏ စိတ်ဓာတ်သည် အထွတ်အထိပ်သို့ ပြန်လည်ရောက်ရှိခဲ့ပြီး ရှီးကျင်းရှိ အခွန်ဝန်ကြီး၏ စိတ်ဓာတ်တွေ ပြန်လည်ရရှိလာခဲ့သည်။ နှိမ့်ချမှု၊ မောက်မာမှု မရှိဘဲ သူ့မျက်လုံးများထဲတွင် ယုံကြည်မှုများ တောက်ပလာပြီး သူ၏ နည်းဗျူဟာကို အတွင်းစိတ်ထဲ၌ ထိန်းချုပ်ထားသည်။
သူ သက်ရှိကမ္ဘာက ဟွမ်ဖောရွာသို့ ပြန်သွားခဲ့သည်။ ချန်ရှီသည် သူ့အမေ ဝူးချင်းယွီနှင့် လေ့ကျင့်နေရာမှ သူပြန်လာတာကို မြင်တော့ သူက သူ့ကိုကြည့်ကာ ဖြည်းညင်းစွာခေါင်းညိတ်ပြသည်။
"အရင်တုန်းက ခင်ဗျားက ချန်ထန်.... အခု ကျနော့်အဖေပဲ...ချန်မိသားစုကို အရှက်မရအောင် အထက်ကမ္ဘာကို လိုက်ခဲ့ပါ"
ချန်ထန်သည် သူ၏ ရွှမ်ဝေဓားကို ဆွဲထုတ်ပြီး သူ၏ ပုန်ကန်သော သားကို ကွပ်မျက်တော့မလို လုပ်နေသည်။
ဝူးချင်းယွီ : "သားက စည်းကမ်းမဲ့ရင် ဖေဖေရဲ့အမှားပဲ... ရှင်ရော ကျွန်မရော မသင်ပေးခဲ့ရဘူး.... အဖေက မလုပ်တော့ အဘိုးက သူ့မြေးကို ဆုံးမတယ်... အဘိုးက သူ့ကို ဒီအဆင့်အထိ ပြုစုပျိုးထောင်ပေးလိုက်တာ အောင်မြင်သွားပြီ... "
ချန်ရှီ သူ့ဓားကို သိမ်း၍ ဒေါသတကြီးနဲ့ ပြောလိုက်သည်။
"မင်းက သူ့အပေါ် ဘက်လိုက်နေတာပဲ... ခဏနေရင် သူ အပြင်မှာ ဒုက္ခပေးလိမ့်မယ်... ကိုယ် ထုပ်ပိုးပြီး အထက်ကမ္ဘာကို လိုက်သွားရလိမ့်မယ်"
ဝူးချင်းယွီ: "!"
ချန်ရှီ ဝတ်ရုံဖြူနတ်သမီးကိုပဲ ခေါ်သွားသည်။
"ထွက်ကြရအောင်"
"မင်း ဝန်ကြီးချန်ကို မခေါ်ဘူးလား?"
ချန်ရှီ ခေါင်းယမ်းလိုက်သည်။
"ငါ့ရည်ရွယ်ချက်တွေကို တခြားသူတွေ ခန့်မှန်းတာကို မကြိုက်ဘူး အဲဒါကြောင့် တခြားတစ်ယောက်ကို ခေါ်လိုက်တာ"
ရန်မျိုးရိုး အစေခံက သူ့ကို ထူးဆန်းသော အမူအရာဖြင့် ကြည့်ပြီး ခေါင်းကို တိတ်တဆိတ် ခါလိုက်သည်။
"သူ့အဖေက သူ့လက်အောက်ငယ်သားတွေရဲ့ အတည်ငြိမ်ဆုံးနဲ့ စွမ်းအားအရှိဆုံးပဲ... သူက သူ့အဖေကို အသုံးမချဘဲ ပျော့ညံ့ပြီး အားနည်းလွယ်တဲ့ မိန်းကလေးကို သူနဲ့အတူ ခေါ်သွားမယ်တဲ့... သူက အရမ်းမာနကြီးနေတာပဲ... ကိုယ့်မာနအတွက် အန္တရာယ်ထဲ ရောက်တော့မယ် ဒီလူက သခင်လေးရှောက်ဟူအတွက် တကယ်ကို ကြောက်စရာကောင်းတဲ့ ပြိုင်ဘက်ရော ဟုတ်ရဲ့လား..."
ရထားလုံးကို ပြင်ဆင်ပြီး ချန်ရှီနှင့် ဝတ်ရုံဖြူနတ်သမီးကို လိုက်ပါရန် ဖိတ်ခေါ်ခဲ့သည်။
ရထားလုံးသည် သာမန်ရထားများထက် ကြီးမားသော အပြာရောင်တိမ်ရထားကြီးဖြစ်သည်။ တိုင်လေးလုံးနဲ့ အပြာရောင်လေးဘက်လေးထောင့်က မြစ်တွေနဲ့ တောင်တန်းတွေရဲ့ ရှုခင်းတွေကို ခြယ်ထားသည်။ ခေါင်မိုးကို အပြာရောင် တိမ်တိုက်တွေနဲ့ ဖုံးလွှမ်းထားပြီး ထိပ်၌ ပုတီးစေ့အရွယ် တောက်ပတဲ့ ပုလဲသုံးလုံးပါ၏။ ရထားလုံးကို လုံရှန်းဟု အမည်ပေးထားကာ နဂါးနှင့် မြင်းများနှင့် ဆင်တူသော သားရဲ ၃ ကောင်က ဆွဲယူသွားခဲ့သည်။
ချန်ရှီနှင့် ဝတ်လုံဖြူနတ်သမီးတို့သည် စိမ်းလန်းစိုပြေသော တောင်တန်းများဖြင့် ဝန်းရံထားသည့် ရထားလုံးပေါ်သို့ ဝင်ရောက်လာကြသည်။ မော့ကြည့်လိုက်တော့ ကောင်းကင်မှာ ကြည်ပြာရောင် တိမ်တိုက်တွေ တွဲလောင်းကျနေတဲ့ နေသုံးစင်းကို တွေ့လိုက်ရ၏။
ဤရထားလုံးသည် အလွန်အဖိုးတန်သော မှော်ဆန်သည့် လက်နက်ဖြစ်ပြီး သာမန်မြင့်မြတ်သော မိသားစုများကပင် ၎င်းကို မတတ်နိုင်ပေ။
ရထားလုံးပေါ် တက်လာပြီးနောက် ချန်ရှီ အပြင်ကို ကြည့်လိုက်သည်။ စကြာဝဠာကြီးက ရွေ့လျားနေပုံရပြီး နဂါးများသည် ၎င်းတို့၏ သယ်ယူပို့ဆောင်ရေး နည်းလမ်းဖြင့် လေထုကြီး အတွင်းသို့ ဆွဲခေါ်သွားခဲ့၏။ ဒါဟာ အံ့ဩစရာ အတွေ့အကြုံတစ်ခုပါပဲ။
"မိသားစုရဲ့ အမွေအနှစ်က တကယ့်ကို ထူးထူးခြားခြားပါပဲ"
ချန်ရှီ ချီးကျူးစကား ဆိုလိုက်သည်။ ချန်ထန် သူတို့နောက်ကို လိုက်လာပေမယ့် ရထားလုံးက မြန်လွန်းသဖြင့် လိုက်မမီနိုင်ခဲ့ပါဘူး။ ချန်ထန် ဒေါသတကြီး ဖြစ်လာသည်။
"မင်းဆိုတဲ့ ကောင်လေးကတော့ ငါ့ကို မခေါ်သွားဘူး ဘယ်ကလာမှန်းမသိတဲ့ မိန်းမကို ခေါ်သွားတယ် မင်းကို အထက်ကမ္ဘာမှာ ဘယ်သူက အကာအကွယ်ပေးမှာလဲ "
ဝူးချင်းယွီကလည်း သူ ပြန်လာတာကို မြင်တော့ အံ့သြသွားသည်။
"ရှင် မလိုက်သွားဘူးလား?"
ချန်ရှီက ဝတ်ရုံဖြူနတ်သမီးအား အထက်ကမ္ဘာကို ခေါ်ဆောင်သွားတဲ့ အဖြစ်အပျက်ကို ပြန်ပြောပြလိုက်တော့သည်။
"သူကိုယ့်ကို မခေါ်သွားဘူး... အအမကို ခေါ်သွားတာ... အထက်ကမ္ဘာမှာ အန္တရာယ်ကြီးနဲ့ ကြုံနေရမှာကို ကြောက်ရတယ်... မင်းသားကို သင်ခန်းစာ ကောင်းကောင်း သင်ပေးပြီးရမယ်!"
"အဲဒါကို သင်ပေးတဲ့သူက သူ့အဖိုးပဲ ကျွန်မအပြစ် မဟုတ်ဘူး... ဒါပေမယ့် တစ်ဆယ်လေးက အမြဲတမ်း အကြံအစည်ရှိတယ် သူက ရှင့်အစား ဆွံ့အတဲ့မိန်းကလေးကို ခေါ်သွားတယ် ဆိုတော့ သူ့မှာ သူ့အစီအစဉ်နဲ့သူ ရှိရမယ်..."
သူမ ဤသို့ပြောနေစဉ်တွင် မယ်မယ်ရှစ်ကျီသည် နိမ့်ပါးသော တောင်စောင်းတွင် ချန်ရှီရဲ့ ကန့်ညောင်အား အမွှေးတိုင်ဖြင့် ပူဇော်နေတာ သူမ တွေ့လိုက်ရသည်။ ထင်ရှားသည်မှာ ချန်ရှီသည် ဤတစ်ကြိမ်တွင် သူမကိုလည်း ခေါ်ဆောင်သွားခြင်း မရှိခဲ့ပေ။
ဝူးချင်းယွီရဲ့ နှလုံးသားက အနည်းငယ် တုန်ခါသွားပြီး။
"အားထန်... ရှင်က ကျွန်မတို့ထဲမှာ အသန်မာဆုံးဆိုတာ သေချာလား"
ချန်ထန်၏ အမူအရာမှာ တည်ငြိမ်နေသေးဆဲ။
"သေချာတယ်... အဖေက ဓားပြငါးယောက်၊ သခင်တစ်ယောက်နဲ့ သူငယ်ချင်းဖွဲ့ထားတယ် အဲဒီအထဲမှာ ဦးလေးတုက အမြင့်ဆုံးပဲ... အစ်ကိုချောင်ကျိုးက အကောင်းဆုံး အရည်အချင်းရှိပြီး အဒေါ်ချုံယန်မှာ အသန့်စင်ဆုံး မိုးခြိမ်းမှော်ပညာ ရှိတယ်... သူတို့ သုံးယောက်က မဟာယာန နယ်ပယ်ထဲ ရောက်နေပြီ ဒါပေမယ့် သူတို့ သုံးယောက်က သေတော့မှာ သေချာတယ်... ပေါင်းစပ်မှုက သုံးကြိမ်ထက် ပိုမကြာနိုင်တော့တဲ့ အဘွားရှားက ကိုယ့်ကို မြေအောက်ကမ္ဘာမှာ တိုက်ခိုက်နိုင်ပြီး ဒုက္ခဖြစ်စေနိုင်ပေမယ့် ဦးလေးချင်းယန်ကလည်း သေသွားပြီ... ဦးလေးဟူက သတ္တိနည်းတယ် ဟော့သော် တစ်ယောက်တည်းပဲ ကိုယ့်ကို တိုက်နိုင်တာ... ဒါမှမဟုတ် ... မင်းက ကိုယ့်ကို တိုက်နိုင်မှာလား"
ဝူးချင်းယွီ အံ့ဩစွာ မေးလိုက်သည်။
"တစ်ဆယ်လေးက ရှင်က အသန်မာဆုံးမဟုတ်ဘူးလို့ ဘာလို့ထင်ရတာလဲ"
ချန်ထန်နှလုံးက အနည်းငယ် တုန်ခါသွားပြီး။
"ဆွံ့အတဲ့မိန်းကလေးက အသန်မာဆုံးလို့ ပြောနေတာလား"
သူ အံသြသွားကာ။
"သူမသာ ငါ့ထက် သန်မာရင် ဘယ်သူဖြစ်နိုင်လဲ... ငါ့အဖေရဲ့ သခင်မတွေထဲက တစ်ယောက်ဖြစ်နိုင်လား... မဟုတ်ဘူး မဟုတ်ဘူး သူက အဘိုးအဘွားလို မဟုတ်ဘဲ တစ်ဆယ်လေးကို ရှင်းရှင်းလင်းလင်းကို ချစ်နေတာ"
ရှီးကျင်းက ချီးရှာဘုံကျောင်းမှ အဖြူရောင်ဝတ်ရုံနတ်သမီးသည် ဘုရင်ကျန်းမှ တံဆိပ်ခတ်ထားသော ဒဏ္ဍာရီဖြစ်ပြီး ကြာသွားခဲ့ပါပြီ။ မိသားစု ဆယ့်သုံးမျိုးမှလွဲ၍ အနည်းငယ်ကသာ သူမ၏ အသွင်အပြင်ကို မြင်ဖူးကြသည်။
ဧကရာဇ်စာမေးပွဲ ကာလအတွင်း ဝတ်ရုံဖြူဝတ်နတ်သမီးသည် စစ်မှန်သောဘုရင်၏ နန်းတော်ကိုးခုကို အသက်ဝင်စေခဲ့သည်။ ဝန်ကြီးဆယ့်သုံးပါးလည်း ဒဏ်ရာအပြင်းအထန် ရသွားကာ ၀တ်ရုံဖြူနတ်သမီးသည် သူမလည်း ချိတ်စည်းတံဆိပ်မှ လွတ်မြောက်သွားခဲ့သည်။ ချန်ထန်ဟာ နတ်သမီး၏ မျက်နှာကို တစ်ခါမျှ မမြင်ဖူးပေ။ မငြိမ်မသက် ဖြစ်စေသော သမိုင်းမတင်မီ ကပ်ဘေးတစ်ခု ပေါ်ပေါက်လာခဲ့ကြောင်းသာ သူသိခဲ့သည်။ ချန်ရှီဘေးမှာ ကပ်ဘေးဆိုးအဆင့် ဆိုတာ ရှိနေတာ သူ မသိလိုက်ပါ။
ရထားလုံးပေါ်၌ အဖြူရောင်ဝတ်ရုံ နတ်သမီးသည် သမ်းဝေလာပြီး ချန်ရှီပေါင်ပေါ်၌ အိပ်ပျော်သွားသည်။ အောက်ပိုင်းနတ် ဖန်ကျွယ်က ပို၍ပင် သန်မာလာသည်ကို ခံစားလိုက်ရသဖြင့် ချန်ရှီ အနည်းငယ် တုန်လှုပ်သွားသည်။
"ရန်ပိနဲ့ ဒီတိုက်ပွဲပြီးရင် ဖန်ကျွယ်ကို သတ်ဖို့ အခွင့်အရေး ရှာရမယ်... သူက ငါ့ကို အမြဲတမ်း အနှောင့်အယှက်ပေးပြီး ကျင့်ကြံမှုကို ဟန့်တားမှာစိုးရတယ်"
ဝတ်ရုံဖြူနတ်သမီးက မျက်လုံးတစ်ဖက် ပွင့်လာပြီး သူ့ကို စိုက်ကြည့်နေ၏။ ချန်ရှီ သူမကိုကြည့်နေတာ မြင်တော့ သူမ အမြန်ပိတ်လိုက်ပြီး သူမရဲ့ ဖြူစင်တဲ့ မျက်နှာတစ်ပြင်လုံးမှာ နီရဲနေတော့သည်။
ချန်ရှီသည် နှလုံးခုန်သံကြောင့် ထူးဆန်းသော ခံစားမှုတစ်ခုကို ခံစားလိုက်ရသည်။
"ငါ တိုးတက်ချင်တယ်... ပိုအောင်မြင်ချင်တယ် ငါ ဖန်ကျွယ်ကို အမြန်ဆုံး သတ်ပစ်ရမယ်! သူက ငါ့ကို ဒီကောင်မလေးကို ဆက်ချစ်နေအောင် လုပ်နေတာ... သူအနံ့က အရမ်းမွှေးတာပဲ..."
ထိုအချိန်တွင် အဆုံးမရှိသော နတ်အလင်းရောင်သည် ရထားလုံးကို ဝန်းရံထားရင်း စိမ်းလန်းစိုပြေသော တောင်ကုန်းများကို ထိုးဖောက် ဝင်ရောက်လာခဲ့သည်။ ရထားလုံးသည် နေသုံးစင်းနှင့်အတူ ၎င်းတို့၏ပုံစံအစစ်အမှန်ကို ထုတ်ဖော်ပြသလာသည်။
ချန်ရှီသည် သူ၏ ရှည်လျားသော အတွေးများကို မျိုသိပ်ကာ ပြတင်းပေါက်ကို တွန်းဖွင့်ရင်း အပြင်သို့ ငုံ့ကြည့်လိုက်သည်။ ကြီးမားကျယ်ပြန့်သော တောင်တန်းများနှင့် မြစ်ချောင်းများက မြင်ကွင်းထဲသို့ ရောက်ရှိလာသည်။ တောင်တန်းများသည် အနိမ့်အမြင့်ဖြင့်။ ကောင်းကင်တွင် ကြယ်များ ဆုံစည်းကာ အားကြီးစွာ စီးဆင်းနေသော ဂလက်ဆီများလည်း ပေါ်လာသည်။
ကြီးမားလှသော နတ်ဘုရားများသည် ထိုင်နေ၊ ရပ်နေ၊ တိမ်များထဲတွင် လွင့်မျောနေသည် သို့မဟုတ် နဂါးငွေ့တန်းကြားတွင် ပေါ်လာတတ်သည်။ သူတို့၏ ခန္ဓာကိုယ်များသည် ကျယ်ပြောလှပြီး နတ်အလင်းရောင်များဖြင့် ဖုံးလွှမ်းလျက် ရှိကာ နံ့သာပေါင်း၏ ရနံ့သည် ၎င်းတို့ပတ်ဝန်းကျင်တွင် ပျံ့လွင့်နေသော အပြာရောင်တိမ်တိုက်များ အသွင် ဖြစ်ပေါ်လာသည်။
သူတို့ရှေ့တွင် ကြီးမားသော အမွှေးတိုင်မီးဖိုမှ အမွှေးတိုင်များ လှိုင်တက်လာသည်။ အောက်ပိုင်းဒေသများမှ အမွှေးနံ့သာ အခိုးအငွေ့များသည် ဆက်လက်စီးဆင်းကာ နတ်ဘုရားတို့၏ ဦးခေါင်းနောက်နှင့် ချိုင်းကြားအောက်တွင် လွင့်မျောနေသော တိမ်တိုက်များအဖြစ်သို့ ပြောင်းလဲသွားသည်။ တဖြည်းဖြည်းနှင့် ၎င်းသည် ထူးခြားသော စွမ်းအားများဖြင့် ပေါင်းစပ်ကာ နတ်ဘုရားများ၏ ခန္ဓာကိုယ်အတွင်းသို့ ပေါင်းစပ်သွားခဲ့သည်။
ချင်းယွင်ရထားလုံးသည် မြင့်မားသော နတ်ဘုရားကို ကျော်ဖြတ် ပျံသန်းခဲ့သည်။ ချန်ရှီသည် ၎င်း၏မျက်နှာကို မြင်ရန် မျှော်ကြည့်ကာ နတ်ဘုရားက အောက်ကို ငုံ့ကြည့်နေသည်ကိုသာ မြင်တွေ့ရသည်။ မျက်လုံးချင်း ဆုံလိုက်သောအခါ ချန်ရှီသည် ကြီးကျယ်ခမ်းနားသော နတ်တန်ခိုးနှင့် တုနှိုင်းမရတဲ့ ဖိနှိပ်မှုကို ခံစားလိုက်ရတော့သည်။
ဤနတ်ဘုရားသည် နှစ်ပေါင်းထောင်ချီသော အမွှေးတိုင် ပူဇော်သက္ကာများကို စုပ်ယူနိုင်ခဲ့တာကြောင့် ၎င်း၏တန်ခိုးအာဏာသည် မြွေကြီးရွှမ်ရှန်းနှင့် နှိုင်းယှဉ်လျှင်ပင် အကန့်အသတ်မရှိပေ။
သူသည် ရွှေရုပ်သဏ္ဍာန်ကို ပြန်လည်ဖန်တီးရန် ထူးကဲသော စွမ်းအားကို အသုံးပြုထားလို့ ရုပ်ခန္ဓာမရှိပေ။ ပုံစံကို ပြန်လည်ဖန်တီးသည့် လုပ်ငန်းစဉ်အတွင်း ၎င်း၏ခန္ဓာကိုယ်ပေါ်တွင် ထူးဆန်းသော စာလုံးပုံစံများပင် ရှိခဲ့သည်။ ၎င်းတို့က အလွန်ရှုပ်ထွေးလှသည်။
"အရိုးခြောက်တွေသာသာပဲ"
ချန်ရှီသည် သူ့အကြည့်ကို ဆုတ်လိုက်ပြီး ဒူးပေါ်ရှိ မိန်းကလေး၏ လှပသော ဆံပင်များကိုသာ ညင်သာစွာ ပွတ်သပ်လိုက်သည်။