← Chapters

ညစ်ညမ်းသော

Vol. 27 Ch. 384

ညစ်ညမ်းသော

Vol. 27 Ch. 384

ချင်းယွင်ရထားလုံးသည် နတ်ဘုရား၏ နွားသငယ်များ ဆွဲသွားသကဲ့သို့ ဖြတ်သန်းသွားသည်။ ချန်ရှီ ၎င်းကိုလည်း အနီးကပ် ကြည့်နေခဲ့သည်။ ခြေထောက်ပေါ်ရှိ အနုစိတ်သော စာလုံး အမှတ်အသားများသည် ခြယ်သထားပုံမပေါ်ဘဲ ခန္ဓာကိုယ်မှ ကြီးထွားလာသလိုပင်။

သူ တုန်လှုပ်သွားသည်။

"မိသားစုဆယ့်သုံးစုက မြင့်မြတ်တဲ့ ကျင့်ကြံမှု ထူးခြားတဲ့နည်းလမ်းတစ်ခု ရှိနေတာပဲ"

သူသည် ရှင်းရှန်က လူများအကြောင်းသာ အများဆုံးသိသည်။ ရွာတိုင်း၏ ကန့်ညောင်များသည် နတ်သဏ္ဌာန်များ ဖြစ်ကြသော်လည်း ၎င်းတို့ဟာ ထူးကဲသော စွမ်းအားဖြင့် နတ်သဏ္ဍာန်အဖြစ် ပေါင်းစည်းထားကာ အားကောင်းစေရန် အမွှေးတိုင်၏ အငွေ့အသက်ကို အဆက်မပြတ် စုပ်ယူထားသည်။ ဒါပေမဲ့ မိသားစုဆယ့်သုံးစုက သိသိသာသာ ကွဲပြား၏။

သူတို့က အဆောင်လက်ဖွဲ့ စာလုံးတွေကို ပေါင်းစပ်ပြီး ထူးခြားတဲ့ စွမ်းအားတွေကို ဝိညာဉ်စွမ်းအင်အဖြစ် အသုံးပြုသည်။ ထို့နောက် နတ်ဘုရားသဖွယ် ထူးခြားတဲ့ ကျင့်​ကြံမှုလမ်းကြောင်းကို ပုံဖော်ခဲ့ကြလေသည်။

ချင်းယွင်ရထားလုံး ရှေ့သို့ ဆက်ရွေ့လျားလာသည်နှင့်အမျှ ပို၍ပင် အစွမ်းထက်သော နတ်ဘုရားကို သူ တွေ့လိုက်ရသည်။ ၎င်းသည် အထက်ကမ္ဘာ၌ မြင့်​မြတ်သော နတ်ဘုရားနှင့်တူ​ပေသည်။ ၎င်းတို့၏ အတွေးများသည် မိုင်ထောင်ပေါင်းများစွာ ပတ်၀န်းကျင်ရှိ ရာသီဥတုကိုပင် လွှမ်းမိုးနိုင်ကြ၏။

နတ်ဘုရားများထဲမှ တစ်ပါးသည် တစ်ချက် တစ်ချက် ငုံ့ကြည့်လိုက်တိုင်း လေနှင့် တိမ်တိုက်များတောင် တုန်လှုပ်သွားသည်။ မိုင်ထောင်ပေါင်းများစွာ မြူခိုးတွေ ထွက်ပေါ်လာပြီး ချင်းယွင်ရထားလုံးဟာ မြူခိုးတွေ ဖြတ်ကျော်ဖို့ တွန်းအားပေးလိုက်ရာ ၎င်းရဲ့ ဦးတည်ရာကို ပိုင်းခြားဖို့ ခက်ခဲစေသည်။

"အင်အားပြ​နေတာလား?"

ချန်ရှီ စိတ်မ၀င်စားပါ။

အခြားနတ်ဘုရားက လက်ကို မြှောက်လိုက်ပြီး တစ်ချက် ကြည့်လိုက်စဥ် ကောင်းကင်အထက်တွင် မိုးကြိုးမုန်တိုင်းများ ပေါက်ကွဲသွားသည်။ မိုင်တစ်ထောင်ကျော် နယ်မြေတစ်ခွင်တွင် ရွှေမြွေများကဲ့သို့ မိုးခြိမ်းသံနှင့် မိုးသည်းထန်စွာ ရွာချလာခဲ့သည်။

ရထားလုံးကြီးသည် ဤမိုးကြိုးမုန်တိုင်းကို ဖြတ်ကျော်လာစဉ်တွင် နောက်ထပ် ပေတစ်ထောင်မြင့်သော ကောင်းကင်နတ်ဘုရားတစ်ပါးက ဖြည်းညှင်းစွာ ထရပ်လိုက်သည်။ အတွေးတစ်ချက်တည်းဖြင့် မီးပင်လယ်ကြီး ထွက်ပေါ်လာပြီး ချင်းယွင်ရထားလုံးကို မီးတောက်များ ဖုံးလွှမ်းသွားသည်။ တကယ့်ကို ကြီးမားပြီး အစွမ်းထက်ပါ၏။

ရထားလုံးကြီးလည်း မီးပင်လယ်ကို ဖြတ်၍ ရွက်လွှင့်ကာ မည်သည့်အချိန်တွင်မဆို ပြာအဖြစ်သို့ ကျဆင်းသွားလိမ့်မည့်နှယ် ခြိမ်းခြောက်ခံနေရသည်။

သို့ရာတွင် ဤမိသားစုဆယ့်သုံးစု၏ ဘိုးဘေးများသည် ချန်ရှီအား ၎င်းတို့၏ ပြိုင်ဘက်ကင်းသော စွမ်းအားကို ပြသရုံသာ ဖြစ်သည်။ မကောင်းသော အကြံအစည်ကို မပြုကြ။ မဟုတ်ပါက ချင်းယွင်ရထားလုံး ကဲ့သို့သော မှော်လက်နက်မျိုးသည် ချန်ရှီကို ကာကွယ်နိုင်လိမ့်မည် မဟုတ်ပေ။

ချင်းယွင်ရထားလုံးသည် အနောက်နွားရှင်းကျိုး ပြည်နယ်ငါးဆယ်ထက် အဆမတန် ကျော်လွန်ကာ အထက်ကမ္ဘာ၏ ကျယ်ပြော၊ ကျယ်ဝန်းသော နယ်မြေထဲ အရှိန်အဟုန်ဖြင့် အရှိန်မြှင့်လာသည်။

မဟာယာနနယ်ပယ်၏ အတုအယောင်နယ်မြေသည် မိုင်ထောင်ပေါင်းများစွာ ရှည်လျားလေ့ရှိပြီး ပျက်ပြယ်သွားအောင် ဖန်တီးထားသည်။ စစ်မှန်သော ဘုရင်ခေတ် ကုန်ဆုံးချိန်မှစ၍ ဤအံ့ဖွယ်ကောင်းသော ကမ္ဘာကိုဖန်တီးရန် ၎င်းတို့၏ ကြီးကျယ်ခမ်းနားသော စွမ်းအားကို အသုံးပြုခဲ့သည်။ အထက်ကမ္ဘာအား မိသားစုကြီးဆယ့်သုံးခုမှ ဘိုးဘေးနှစ်ထောင်နီးပါးသည် ၎င်းတို့မသေဆုံးမီ အထက်ကမ္ဘာစီမံကိန်းတွင် ကိုယ်တိုင်ကိုယ်ကျ ပါဝင်ခဲ့ကြသည်။

ချန်ရှီသည် မိသားစုကြီးဆယ့်သုံးခု အပေါ် အပျက်သဘောဆောင်သော အထင်အမြင် ရှိခဲ့သော်လည်း အထက်ကမ္ဘာ၏ တည်ရှိမှုသည် သူ့အား အလွန်ထိတ်လန့် တုန်လှုပ်သွားစေခဲ့သေးသည်။ ဝတ်ရုံဖြူနတ်သမီးသည် အိပ်ပျော်သွားပြီးနောက် သူ့အနားသို့ တိုးကပ်လာပြီး ပြတင်းပေါက်မှ ကောက်ကွက်များကို ငုံ့ကြည့်ကာ အံ့သြသွားလေသည်။

ချန်ရှီ သူ့မျက်နှာကို အနီးကပ် မြင်လိုက်ရသည်။ သူမ၏ ဖြူစင်သော အသားအရေသည် ထိတွေ့မှုတစ်ခုကြောင့်နဲ့တောင် ပွန်းပဲ့သွားမလိုပင် ချောမွေ့ပြီး နူးညံ့သည်။ သူမ၏ နှုတ်ခမ်းများသည် ပန်းနုရောင်နှင့် နူးညံ့ပြီး ချိုမြိန်သည်ဟု ထင်ရသည်။ ချန်ရှီ အသက်ရှုသံကြောင့် ဖြစ်နိုင်သည့် သူမ၏ ကြီးမားနက်မှောင်သော မျက်လုံးများကြားမှ ဆံပင်အနည်းငယ်သည် သူမ၏ နားမှ သူမ၏ မျက်လုံးများဆီသို့ လွင့်ထွက်သွားသည်။

ဆံပင်များသည် သူမ၏ ရှည်လျားသော မျက်တောင်များကို ပွတ်သပ်ပေးနေသယောင်။ ကောင်မလေးသည် မျက်လုံးများကို ပွတ်သပ်ကာ ခေါင်းလှည့်ကာ သူ့ကို စိုက်ကြည့်လာ၏။ ပြီးတာနဲ့ သူမ အမြန် လှည့်ထွက်သွားပြန်သည်။

ချန်ရှီ၏ နှလုံးခုန်သံသည် ကောင်မလေး၏ ခါးကို ဖက်ပြီး ထိတွေ့မှုကို ခံစားလိုလာသည်။ ဒါပေမယ့် နောက်တော့ သူ့ကိုယ်သူ ထိတ်လန့်တုန်လှုပ်သွားပြီး။

"ယွမ်ချန်နန်းတော်က ဖန်ကျွယ် ငါ့ကို နှောင့်ယှက်နေတာ ဖြစ်နိုင်တယ်.... ငါ့စိတ်တွေ ရှုပ်ထွေးနေတယ်... မစောင့်နိုင်တော့ဘူး ရန်ပိကို အနိုင်ယူပြီးရင် သူ့ကို သွားသတ်ပစ်လိုက်မယ်"

ရုတ်တရက် သူ့နှာခေါင်းက ယားယံလာပြီး နှာချေပစ်လိုက်သည်။

အဖြူရောင်ဝတ်ရုံနတ်သမီးသည် တခစ်ခစ်ရယ်ကာ သူမ၏ဆံပင်များကို လက်ချောင်းများဖြင့် သပ်တင်ရင်း အောင်ပွဲခံလိုက်သည်။ ယခုပင် သူမသည် ချန်ရှီ၏ နှာခေါင်းပေါက်များထဲကို သူမ၏ဆံပင်များဖြင့် တိတ်တဆိတ် ထိုးလိုက်ခြင်းပင်။

"မင်း ငါ့နှာခေါင်းကို ထိုးလိုက်တယ်... ငါလည်း မင်းကို ​ပြန်ထိုးမယ်"

ချန်ရှီ အပြုံးနဲ့ ပြောလိုက်သည်။

ဝတ်ရုံဖြူနတ်သမီးက အော်ဟစ်ပြီး အလျင်အမြန် ခုန်ထလိုက်၏။ ချန်ရှီ ရှေ့သို့ တိုးသွားသော်လည်း ကောင်မလေးသည် သွက်လက်ကာ ကြောင်တစ်ကောင်လိုမျိုး သူ့တိုက်ခိုက်မှုကို ရှောင်တိမ်းသွားခဲ့သည်။

ချန်ရှီသည် သူ၏ပထမဆုံးပေါင်တံကို လွတ်သွားသောကြောင့် လက်နှစ်ဖက်ကို ဆန့်ကာ ၀တ်ရုံဖြူက တဖျပ်ဖျပ် ခတ်နေသော်လည်း လွတ်သွားသေးသည်။

သို့သော် ချင်းယွင်ရထားလုံးကြီး ကြီးပြင်းလာသောအခါ အာကာသသည် အလွန်ကျယ်ဝန်းသော်လည်း ယခုအခါ အထက်ကမ္ဘာ၏ တန်ခိုးတော်ကြောင့် ဖိနှိပ်ခံခဲ့ရပြီး အာကာသသည် ပုံမှန်အတိုင်း ပြန်လည် ရောက်ရှိသွားခဲ့သည်။ အဖြူရောင်ဝတ်ရုံ နတ်သမီးသည် သူမကို ထောင့်မဖြတ်မီ ရှောင်ရန် အနည်းငယ်သာ ကြိုးစားခဲ့သည်။

သူမ၏ ခန္ဓာကိုယ်သည် ရယ်မောခြင်းနှင့်အတူ အားပျော့သွားကာ ထောင့်စွန်းမှာ ကပ်နေ၏။ ချန်ရှီလည်း ပြုံးပြီး သူမနှာခေါင်းကို သူ့ဆံပင်နဲ့ ထိုးဖို့ ချဉ်းကပ်လာသောအခါ အလှ​လေးသည် သနားစရာကောင်းပြီး ဖော်မပြနိုင်လောက်အောင် စိတ်လှုပ်ရှားနေသည်ကို သူမြင်လိုက်ရသည်။ ရယ်သည်ဖြစ်စေ ကြောက်ရွံ့သည်ဖြစ်စေ မျက်ဝန်းထဲတွင် မျက်ရည်များ စီးကျလာကာ ခေါင်းကို ခါယမ်းကာ သူမကို မရိုက်ရန် တောင်းပန်ခဲ့သည်။

ချန်ရှီ နှလုံးခုန်သံဖြင့် ကြည့်နေမိသည်။ ယနေ့တွင် ဖန်ကျွယ်သည် ထူးထူးခြားခြား ပြင်းထန်စွာ အားထုတ်နေသည်ဟု ခံစားလိုက်ရသဖြင့် သည်းမခံနိုင်တော့ပေ။ မိန်းကလေး၏ နှုတ်ခမ်းများသည် မယုံနိုင်လောက်အောင် တက်ကြွလာကာ ချက်ချင်းပင် သူမကို ဆွဲချလိုက်ပြီး သူမ၏ အနီရောင်နှုတ်ခမ်းများကို နမ်းချင်လာသည်။

ဝတ်ရုံဖြူနတ်သမီးက လန့်ဖျပ်သွားပြီး သူ့ကို အမြန်တွန်းထုတ်လိုက်၏။

ချန်ရှီသည် အားကြီးသော သံအုပ်ကြီး ရင်ဘတ်ကို ထိလိုက်သကဲ့သို့ ခံစားလိုက်ရသည်။ သူ့ခေါင်းက လှည့်ထွက်သွားသလို ခံစားရပြီး နောက်ပြန်ပျံသွားကာ ဆန့်ကျင်ဘက် နံရံပေါ်ကို လေသံတွေနဲ့အတူ ဝင်တိုက်ရင်း အပေါ်ကနေ တွဲလောင်းကျသွားပါ၏။

ရန်မျိုးရိုး အစောင့်အရှောက်သည် တိမ်များကြားဖြတ်၍ နဂါးရထားသုံးစင်းကို ထိန်းကျောင်းနေပြီး အထက်နယ်ပယ်၏ စွမ်းအားကို ချန်ရှီအား ပြသ​နေခဲ့သည်။ ရုတ်တရက် ချင်းယွင်ရထားလုံးပေါ်မှ ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာသည်။ ယာဉ်တစ်ခုလုံးကို အမည်မသိ အင်အားဖြင့် ထိမှန်ကာ ဘေးတိုက် လဲကျသွားသည်။

နဂါး​မြင်း သုံးကောင်လည်း ဒေါသအရှိန်အဟုန်ဖြင့် ဟောက်ကာ အသီးသီး ခွန်အားအပြည့်ဖြင့် ပေရာနှင့်ချီရှည်လျားသော ဧရာမဘီလူးများအဖြစ်သို့ ပြောင်းလဲသွားကြသည်။ သူတို့သည် ရထားကို ကိုင်ဆွဲရန် ကြိုးစားသော်လည်း ၎င်းနှင့်အတူ ဆွဲငင်ခံရကာ ထောင့်ဖြတ်ပြုတ်ကျခဲ့သည်။

ရန်မျိုးရိုး အစောင့်လည်း တုန်လှုပ်ချောက်ချားသွားပြီး ဘာတွေဖြစ်ခဲ့သည်ကို သတိမထားမိလိုက်။ သူသည် ရထားလုံးပေါ်မှ အလျင်အမြန် ပြေးဆင်းလိုက်ရာ ရထားလုံးက တောင်ထိပ်ပေါ်သို့ ပျက်ကျသွားကာ နဂါးမြင်းသုံးကောင်ကလည်း မရပ်ဘဲ ဆွဲငင်ကာ လေထဲတွင် တလိမ့်လိမ့်ကျနေတာ မြင်လိုက်ရလေသည်။

နဂါးမြင်းသုံးကောင်က ဟောက်နေ၏။ မီးတောက်နေတဲ့ တိမ်တွေပေါ် နင်းပြီး ခြေသည်းတွေ လေထဲမှာ ကုတ်နေကြသည်။ သက်ရောက်မှုကို တွန်းလှန်ရန် ပြင်းပြင်းထန်ထန် ရုန်းကန်ခဲ့ကြသော်လည်း ဆယ်မိုင်ကျော်အထိ ဆွဲငင်နေဆဲဖြစ်သည်။

တောင်ထိပ်ပေါ်သို့ ပျက်ကျခါနီး အခိုက် နောက်ဆုံးတွင် နဂါးမြင်း ၃ ကောင်သည် မိမိတို့ကိုယ်ကို တည်ငြိမ်အောင်ထိန်းကာ တောင်ကြီးအား ဝင်တိုက်မိမည့်အရေး ကျဉ်းမြောင်းစွာ ရှောင်သွားကာ ချင်းယွင်ရထားကို တောင်ထိပ်ဘက်သို့ ဆွဲငင်လိုက်လေသည်။

ရန်မျိုးရိုး အစောင့်သည် ရထားလုံးပေါ် တက်လာပြီး ယာဉ်မောင်းထိုင်ခုံပေါ်သို့ ခုန်တက်သွားခဲ့သည်။ သူက နောက်ပြန်ကြည့်တော့ လန့်ဖျပ်သွား၏။ ရထားလုံးရဲ့ ဘယ်ဘက်အပေါ်ထောင့်က လူပုံသဏ္ဌာန် အမှတ်အသားတစ်ခုကို တွေ့လိုက်ရသည်။

"ချန်ကျွမ့်ယွမ် မင်းအဆင်ပြေရဲ့လား"

သူ သတိထားပြီး မေးလိုက်သည်။

"အဆင်ပြေပါတယ်... အဟွတ် အဟွတ်!"

ချန်ရှီ၏ အသံသည် တုန်လှုပ်သွားပြီး: "အရိုးနည်းနည်း ကျိုးသွားတာ..အဟွတ်..."

ရန်မျိုးရိုးရဲ့ နှလုံးသားသည် ပြင်းထန်စွာ တဒိန်းဒိန်း ခုန်ပေါက်လာ၏။

"ငါတို့ကို ဘယ်သူတိုက်ခိုက်တာလဲ ထူးဆန်းတယ်.. ငါတို့ ဘိုးဘေးတွေက လုပ်ကြံသူ ဝင်လာတာကို သတိမထားမိဘူးလား ၊ စိတ်ပျက်လက်ပျက် လျှောဆင်းသွားတာလား "

သူ စိတ်မသက်မသာဖြစ်ပြီး ပိုလို့တောင် သတိထားပြီး ပတ်ကြည့်နေတယ်။

ရထားလုံးပေါ်၌ ချန်ရှီသည် သူ့အပေါ်ထောင့်မှ ရုန်းထွက်ရန် ရုန်းကန်ရင်း မြေပြင်ပေါ်သို့ လဲကျသွားသည်။ ဝတ်ရုံဖြူနတ်သမီးလည်း တုန်လှုပ်သွားပြီး အပြစ်ရှိသလို ရှက်ရွံ့သလို ခံစားရကာ သေသလားဆိုတာကို စစ်ဆေးဖို့ ရှေ့ကို တိုးလာခဲ့သည်။

သူမသည် ချန်ရှီလက်ကို လှုပ်ယမ်းကာ စိတ်မဆိုးရန် တောင်းပန်ပြီးနောက် ရှေ့ကိုမော့ကာ သူမကို နမ်းနိုင်သည့်အမူအရာအဖြစ် နှုတ်ခမ်းစူပြလာသည်။ ချန်ရှီကတော့ ပြင်းထန်စွာ ချောင်းဆိုးပြီး ပါးစပ်ထဲမှ သွေးများ ထွက်လာသည်။ သူ့တင်ပါးတွေကိုလည်း သူမဆီကနေ ခွာဖို့ကြိုးစားရပြန်သည်။

ဝတ်လုံဖြူနတ်သမီးကို တာအိုထျန်းကျန်းအား ခွန်အားအပြည့်ဖြင့် တိုက်ခိုက်ရန် ဖိတ်ခေါ်လိုက်သောအခါ မကောင်းဆိုးဝါး တာအိုထျန်းကျန်း အဘယ်ကြောင့် အနောက်သို့ လွင့်ပျံသွားသလဲ ယခု သူ နားလည်သွားပါပြီ။

ကောင်မလေး၏ နူးညံ့သိမ်မွေ့သော တွန်းအားက ပြင်းထန်လှသည်။ သူမ ခွန်အားအပြည့်နဲ့သာ အသုံးချခဲ့မယ်ဆိုရင် သူ့အရိုးတွေ အက်ကွဲသွားပြီး အငွေ့ပျံသွားလိမ့်မည်။

"မင်းအရင် ငါ့ကိုမထိနဲ့ဦး!"

ကောင်မလေးက ထပ်ပြီး နီးကပ်ဖို့ ကြိုးစားနေတာကို တွေ့တော့ ချန်ရှီ ကမန်းကတမ်း ပြောလိုက်သည်။

"ကျိုးနေတဲ့ အရိုးတွေကို အရင်ပြန်ချိတ်ပါရစေ... မင်း လက်ကို အရမ်းလှုပ်နေရင် ပိုကျိုးသွားမှာကို ငါကြောက်တယ်"

ဝတ်ရုံဖြူနတ်သမီးမှာ သူ့အနားမှာ ဝပ်တွားကာ ဝမ်းနည်းပူဆွေးနေ၏။ ချန်ရှီ သူ့နတ်ဝိညာဉ်ကို ဆင့်ခေါ်ကာ ကျိုးနေတဲ့ အရိုးတွေကို ပြန်လည်ချိတ်ဆက်ဖို့ သူ့ခန္ဓာကိုယ်ထဲကို ဝင်ရောက်ခဲ့လိုက်သည်။

ချန်ရှီသည် သူ၏ ဝိညာဉ်စွမ်းအင်ကို အသုံးပြုပြီး သူ့ခန္ဓာကိုယ်ရှိ သွေးခဲများကို ဖယ်ရှားကာ ဒဏ်ရာများကို ဖိနှိပ်ထားခဲ့သည်။ ထို့နောက် သူသည် သေးငယ်သော ဘုံကျောင်းသို့သွားကာ သူ့ဒဏ်ရာများ သက်သာပျောက်ကင်းစေရန်အတွက် အဂ္ဂိရတ်ဆေး အချို့ကို ယူခဲ့သည်။ ပြီးမှ သက်ပြင်းတစ်ချက်ချကာ။

"ငါ အထက်ကမ္ဘာကို အခု ရောက်တယ် ဒဏ်ရာအပြင်းအထန်ရနေပြီ... ရန်ပိကို တိုက်ဖို့ ငါ့ကတိကို ငါ ဘယ်လိုများ ဖြည့်ဆည်းပေးရမလဲ"

ထိုအချိန်တွင် ချင်းယွင်ရထားသည် တဖြည်းဖြည်း နှေးကွေးလာပြီး တိမ်ပင်လယ်ထဲတွင် လွင့်မျောနေသည့် တောင်တန်းတစ်ခုရှေ့သို့ ရောက်လာခဲ့သည်။

ဤတောင်များသည် တိမ်ပင်လယ်အတွင်း လွင့်မျောနေသော ကောင်းကင်ယံတောင်တန်းများနှင့် ဆင်တူပြီး တောက်ပသော အလင်းရောင်များဖြင့် ဖုံးအုပ်ထားကာ ၎င်းတို့၏ ထူးကဲသော စွမ်းအားကို သက်သေပြနေသည်။ ရထားလုံးသည် တောင်တန်းများကို ဖြတ်၍ ကောင်းကင်တောင်ပေါ်ရှိ နန်းတော်တစ်ခုဆီသို့ ချဉ်းကပ်လာကာ နောက်ဆုံးတွင်တော့ နန်းတော်ရှေ့က စင်မြင့်ပေါ်တွင် ရပ်သွားခဲ့၏။

ရန်မျိုးရိုး အစောင့်က ရထားလုံးတံခါးကိုဖွင့်ကာ ဦးညွတ်သည်။

"ချန်ကျွမ့်ယွမ်... ကျေးဇူးပြုပြီး ကြွပါ.."

ကုလားကာလို ဖြူဖျော့နေသော ချန်ရှီသည် အဖြူရောင်ဝတ်နတ်သမီး၏ အကူအညီဖြင့် ရထားလုံး​ပေါ်မှ ဖြည်းညှင်းစွာ ဆင်းလာခဲ့သည်။ ရန်မျိုးရိုး အစောင့်အရှောက်လည်း အံ့အားသင့်သွားပြီး ချန်ရှီတစ်ယောက် ဤမျှပြင်းထန်စွာ ဒဏ်ရာရသွားလိမ့်မည်ဟု တစ်ခါမှ မထင်ခဲ့မိပေ။ သူ အပြစ်ရှိကြောင်း ခံစားလိုက်ရသည်-

"ဒါက ကျွန်တော်တို့ အထက်ပိုင်းနယ်မြေရဲ့ လုံလောက်တဲ့ အကာအကွယ်က မကောင်းလို့ပါ... သူ​တော့ ​တိုက်ခိုက်ခံရပြီး ဒဏ်ရာတွေပါ ရသွားတယ်.."

နန်းတော်သည် ရန်ပိ တံခါးပိတ်ကျင့်ကြံ နေသော နေရာ ဖြစ်သည်။ သူနဲ့အတူ ယောက်ျား​လေးတစ်ယောက်၊ မိန်းကလေး တစ်ယောက်ကလည်း တံခါးအပြင်မှာ စောင့်နေပြီ။

မိန်းကလေး: "အစ်ကိုရန်... နင် ချန်ရှီကို ဘာလို့ ဒီလောက် အလေးအနက်ထားရတာလဲ သူ့ရဲ့ မွေးရာပါ တာအို​သန္ဓေသားကို ဖယ်ထားတာတောင် နင် သူ့ကို အရမ်း အလေးထားရတဲ့အထိ အစွမ်းထက်နေလို့လား"

သူမသည် လီမိသားစုမှ လီချန့်ယွင် ဖြစ်သည်။ လွန်ခဲ့သည့် ရက်အနည်းငယ်က လီထျန်းချင်ကို ရှုံးနိမ့်ပြီးနောက် လီမျိုးနွယ်စုခေါင်းဆောင်က သူမအား အထက်ကမ္ဘာသို့ စေလွှတ်ခဲ့သည်။ ဒီကိုရောက်ကတည်းက သူမဟာ လီမျိုးနွယ် နတ်ဘုရားတွေအောက် လေ့လာခဲ့ပြီး သူတို့ရဲ့ ဘိုးဘေးဘီဘင်တွေရဲ့ လမ်းညွှန်မှုကို ခံယူခဲ့ကာ ကျင့်ကြံမှုမှာ အရှိန်အဟုန်နဲ့ တိုးတက်လာခဲ့သည်။

ချန်ရှီနဲ့ ရန်ပိ အကြားက တိုက်ပွဲကို သူမ ကြားသိပြီးနောက် လာရောက်လေ့လာခြင်းပင်။

ရန်ပိက မဖြေ။ အခြားလူငယ်လေး တစ်ယောက်က ပြုံးပြီးပြော၏။

"ချန်ရှီက သူ့မွေးရာပါ တာအိုသန္ဓေသားကို ဖယ်ရှားပြီးလို့ ဘာတစ်ခုမှ မအောင်မြင်ဘူးဆိုရင် သခင်လေး ရှီးကျင်းမှာ အသတ်ခံရမှာ မဟုတ်ဘူး မြင့်မြတ်တဲ့မိသားစု ဆယ့်သုံးစုလည်း ပျောက်ကွယ်လုနီးပါး ဖြစ်သွားမှာ မဟုတ်ဘူး... သူ့ကို ထိပ်တန်းပညာရှင်ဘွဲ့နဲ့ ထားထားတာက...."

သူကတော့ လက်ရှိ ဒုတိယဆုရှင် ကျန်းယိုးပဲ ဖြစ်လေသည်။ သို့သော် အဓိကမိသားစု ဆယ့်သုံးစုမှ ကျွမ်းကျင်သူ အများအပြားသည် ဧကရာဇ် စာမေးပွဲတွင် ပါဝင်ခဲ့ကြပြီး သူမှလွဲ၍ တခြားသူများ၏ ကံကြမ္မာကို မသိရပေ။

ကျန်းယိုးသည် ထိုစာမေးပွဲကို လွတ်မြောက်အောင် စွမ်းဆောင်နိုင်ခဲ့သူမို့ ဆယ့်သုံးမိသားစု၏ တစ်ဦးတည်းသော အမွေဆက်ခံသူဖြစ်သည်။

သူသည် ကျန်းမိသားစု၏ နောက်ထပ် ဘိုးဘေးအတွက် ဆက်ခံသူတစ်ဦး ဖြစ်ခဲ့ပြီး ကျင့်​ကြံရန်အတွက် အထက်ကမ္ဘာသို့ စေလွှတ်ခံခဲ့ရသည်။ ချန်ရှီနဲ့ ဆုံဖူးသည့် ရှည်လျားသော သမိုင်းကြောင်းရှိခဲ့ပြီး ချန်ရှီက ချိန်းဆိုရန် လာသည်ဟု ကြားသောအခါတွင် သူလည်း လာရောက် စောင့်ဆိုင်းခဲ့သည်။

"ဒီပညာရှင်က လွန်ခဲ့တဲ့ ဆယ့်နှစ်နှစ်လောက်က နာမည်ကြီးနေတာ...သူ သူ့ရဲ့ မွေးရာပါတာအိုသန္ဓေသားကို ဖယ်ရှားခဲ့ရတာတောင် အံ့သြစရာကောင်းလောက်အောင် အသက်ရှင်နေရုံတင် မကဘူး... တကယ်ကို အရည်အချင်း ရှိတာ.. ဒါတစ်ခုတည်းကို အခြေခံရင်တောင် သူက မျိုးဆက်သစ်ရဲ့ ထိပ်တန်းသခင်လို့ခေါ်တာ ထိုက်တန်တယ်... ငါသာဆိုရင် ငါသေခဲ့တာကြာပြီ ပြန်ရှင်လာရင်တောင် ငါက ဒုက္ခိတပဲ ဖြစ်လိမ့်မယ်"

ထိုအခါ လီချန့်ယွင်လည်း သေသေချာချာ စဉ်းစားတယ်။ အကယ်၍ သူမ မသေခဲ့လျှင်၊ သူမ၏ နတ်သန္ဓေသားကို ဖယ်ထုတ်ခဲ့မည်ဆိုလျှင်၊ သူမသည် ဒုက္ခိတ ဖြစ်လာနိုင်ပေလိမ့်မည်။ သူမက ပြုံးပြီးပြောလိုက်သည်။

"ဒီပညာရှင်က တကယ့်ကို လေးစားစရာကောင်းတာပဲ...."

ရန်ပိ ချဉ်းကပ်လာသော ရထားလုံးကို ကြည့်ကာ ပြောလိုက်သည်။

"ကောင်းကင်ပြင်နတ်ဘုရားက သူ့ရဲ့ ထူးခြားတဲ့ စွမ်းရည်ကြောင့် မွေးရာပါ တာအိုသန္ဓေသားကို အပ်နှင်းထားခဲ့တာ... တာအိုသန္ဓေသား မရှိတာတောင် သူက ကြောက်စရာကောင်းတဲ့ ပြိုင်ဘက်ဖြစ်နေတုန်းပဲ... သူ ရောက်လာပြီ နှစ်ယောက်စလုံး ပညာရှင်ငယ်ကို နှုတ်ဆက်ဖို့ ငါ့နောက်က လိုက်ခဲ့ပါ!"

ရထားလုံးသည် ဆင်းသက်လာပြီးနောက် ရန်ပိ လျင်မြန်စွာ ချဉ်းကပ်လာကာ လီချန့်ယွင်နဲ့ ကျန်းယိုးတို့လည်း လိုက်ပါလာခဲ့သည်။ ထိုအခိုက် ချန်ရှီရဲ့ အသွင်အပြင်ကိုမြင်တော့ သုံးယောက်လုံး လန့်သွားသည်။

ကျန်းယိုးက ရှေ့ကို အမြန်ပြေးလာသည်။

"ထိပ်တန်းချန်... မင်း ဒဏ်ရာရနေတာလား မင်းကို ဘယ်သူ တိုက်ခိုက်လိုက်တာလဲ?"

ဝတ်ရုံဖြူနတ်သမီးလေးအပေါ် သူ့အကြည့်တွေက ပြိုကျစဥ် ချက်ချင်း နှလုံးခုန်သွား၏။

"ဒီလို လှပတဲ့ မိန်းကလေးက ဒီကမ္ဘာ​ပေါ်မှာ ဘယ်လိုလုပ် ရှိနိုင်တာလဲ"

လီချန့်ယွင်လည်း အဖြူရောင်ဝတ်ရုံဝတ် နတ်သမီးကို မြင်လိုက်ရသောအခါတွင် သူမသည် ဤအလှတရားနှင့် တုနှိုင်းမယှဉ်နိုင် ဖြစ်နေကြောင်း ခံစားလိုက်ရပြီး ရင်းနှီးလိုစိတ် ပြင်းပြလာသည်။

ရန်ပိကတော့ ထိုအမျိုးသမီးကို မြင်သောအခါ ရှင်းရှင်းလင်းလင်း မှတ်မိသွားကာ မျက်နှာအမူအရာလည်း ပြောင်းလဲသွားသည်။

"ဝန်ကြီးချန် မလာခဲ့တာ အံ့သြစရာတော့ မဟုတ်ပါဘူး... ဝန်ကြီးချန်ရဲ့ အစွမ်းက အကောင်းဆုံးဆိုပေမယ့် သူက ဒီသမိုင်းမတင်မီ မကောင်းဆိုးဝါးထက် အဆပေါင်းများစွာ ယုတ်ညံ့နေသေးတယ်... စစ်မှန်တဲ့ဘုရင်ရဲ့ နန်းတော်၉ခုကြောင့် ဒဏ်ရာအပြင်းအထန် ရခဲ့ပေမယ့် ကံကောင်းစွာနဲ့ လွတ်မြောက်သွားတယ်... သူမမှာ ခွန်အားတွေ အများကြီး ကျန်နေသေးတာများလား?"

ချန်ရှီ မျက်မှောင်ကြုတ်လိုက်သည်။

"မတော်တဆ ထိခိုက်မိလို့ပါ... ရက်ပိုင်းအတွင်း ပြန်ကောင်းလာလိမ့်မယ် အစ်ကိုကျန်းက ဘာလို့ ဒီမှာရှိ​နေတာလဲ..."

ကျန်းယိုးသည် အဖြူရောင်ဝတ်ရုံနဲ့ နတ်သမီးကို ကြည့်ပြီး ပြုံးပြလိုက်သည်။

"ကျွန်တော် ဧကရာဇ် စာမေးပွဲ မအောင်ဘူးလေ... မျိုးနွယ်စုခေါင်းဆောင်က အနာဂတ် အဖြစ်အပျက်တွေအတွက် ပြင်ဆင်ဖို့ ဒီမှာ ကျင့်ကြံဖို့ အမိန့်ပေးခဲ့တာ...

လီချန့်ယွင်ကလည်း သူ့အား ယဉ်ကျေးစွာ နှုတ်ဆက်လာသည်။

"လီမိသားစုရဲ့ သမီး လီချန့်ယွင် သခင်လေးချန်ကို နှုတ်ဆက်ပါတယ်... "

ချန်ရှီမျက်နှာက ဖြူဖျော့​နေပြီး အသက်ရှူမဝသလို အားတင်းကာ ပြုံးပြနေသည်။

"မိန်းကလေးချန့်ယွင်.. မင်း စိတ်မဆိုးဘူးဆိုရင် ငါ့ကို ထိပ်တန်းချန်လို့ ခေါ်နိုင်တယ်... ငါ့ကို သခင်လေးလို့ခေါ်တာက ငါ့သူငယ်ချင်းဟောင်းကို သတိရစေတယ်..."

လီချန့်ယွင် စိတ်ဝင်တစား မေးသည်။

"သူငယ်ချင်းဟောင်းလား?"

ချန်ရှီက ကြင်နာစွာ ပြုံးကာ။

“ငါ့လက်ထဲမှာ သေတဲ့လူက ငယ်ငယ်ကတည်းက သခင်​လေးလို့ ခေါ်တယ်... ချန့်ယွင်.. လီထျန်းချင်ကို မှတ်မိလား? ငါတို့က သူငယ်ချင်းကောင်းတွေပါ..."

လီချန့်ယွင် မျက်နှာသည်လည်း ဖြူဖျော့သွားကာ သူမ တုံ့ဆိုင်းသွားပြီး တိုတိုတုတ်တုတ် ရပ်တန့်သွားသည်။ ရန်မျိုးရိုး အစောင့်က ခပ်သုတ်သုတ် ရှေ့သို့ ပြေးလာပြီး ရန်ပိ၏ နံဘေးသို့ တိုးတိုးလေး ပြောလိုက်သည်။

ရန်ပိရဲ့ နှလုံးသားလည်း အနည်းငယ်တုန်ခါကာ ခေါင်းကို ညင်သာစွာ ခါယမ်းလိုက်သည်။

"ငါတို့ မိသားစုကြီးဆယ့်သုံးခုက ကြီးမားကျယ်ပြန့်တဲ့ ရည်မှန်းချက်တွေနဲ့ ဘုရင်မင်းမြတ်ခေတ်မှာ အထက်ကမ္ဘာကို ပြန်လည်တည်ဆောက်ဖို့ စတင်စီစဉ်နေခဲ့တာ... တကယ်လို့ စိတ်ပျက်ဖွယ်ကုန်းစောင်းကသာ အထက်ကမ္ဘာကို ရှာတွေ့ခဲ့ရင် သူတို့ အစောကတည်းက ဝင်ရောက်စွက်ဖက်နေလောက်ပြီ ဒါပေမဲ့ စိတ်ပျက်ဖွယ်ကုန်းစောင်းက ထိပ်တန်းချန်ကို တိုက်ခိုက်တာ မဟုတ်ရင် ဘယ်သူဖြစ်နိုင်လဲ....တခြား မိသားစုက ဘိုးဘေးလား?"

စိတ်မသက်မသာ ခံစားလိုက်ရသည်။

ဆယ့်သုံးစုအတွင်း အများစုက ချန်ရှီ၏လုပ်ရပ်ကို မကြိုက်ကြပေ။ နတ်ဖြစ်သွားသော ဘိုးဘေးအချို့သည်လည်း သူ့ကို မကြိုက်ကြပေ။ အချို့က ရန်ပိကို ချန်ရှီဆီမှာ ရှုံးနိမ့်မှာကို မလိုလားကြပြီး သူရောက်ရှိချိန်တွင် တိုက်ခိုက်နိုင်သည်။

"ဒါပေမယ့် ချန်ရှီ ဒီကိစ္စကို လိုက်စုံစမ်းဖို့ ရည်ရွယ်ချက် မရှိပါဘူး ခဏနေဦး... ကြီးမြတ်တဲ့ ရထားကြီးဟာ အတွင်းပိုင်းကနေ ထိမှန်သွားပုံရပဲ... အတွင်းကလာတဲ့ တိုက်ခိုက်မှုကို ညွှန်ပြနေတဲ့ ဒီလူ့ပုံသဏ္ဌာန် အချွန်အတက်တွေက...."

ချန်ရှီကို သံသယဖြင့် ကြည့်လိုက်ရာ၊ ထို့နောက် ၀တ်လုံဖြူ နတ်သမီးကို ကြည့်လိုက်သည်။

"သမိုင်းမတင်မီက နတ်ဆိုးနတ်ဘုရားကြောင့် ချန်ရှီ ဒဏ်ရာ ရသွားတာလား? အလောင်းနတ်သုံးပါးထဲမှာ တန်ခိုးအကြီးဆုံးက အောက်ပိုင်းနတ် ဖန်ကျွယ်ပဲ... အောက်ပိုင်း အလောင်းနတ် ဖန်ကျွယ်ရဲ့ ပေါင်းစပ်အခြေအနေမှာ...."

ချန်ရှီကို မျက်နှာမမူမီ ရန်ပိသည် အမတမြို့သို့ ခရီးထွက်ခဲ့ပြီး ချန်ရှီ၏ ယွမ်ချန်နန်းတော် အပြင်ဘက်တွင် သူ့ကို ကြည့်ရှုခဲ့သည်။ ညတိုင်း ချန်ရှီ၏ အလောင်းနတ်သုံးဆူသည် ယွမ်ချန်နန်းတော်မှ ပျံတက်ပြီး ငရဲဘုရင်ထံ တိုင်ကြားရန် သွားရောက်ကြသည်။

ထိုအချိန်တွင် ချန်ရှီ၏ အလောင်းနတ်သုံးပါးကို တွေ့ရှိရပြီး ၎င်းတို့၏ တည်ရှိနေမှုကို အခြေခံ၍ လူတစ်ဦး၏ အားနည်းချက်ကို ပိုင်းခြားနိုင်သည်။

"သမိုင်းမတင်မီက နတ်ဆိုးကို နှောင့်ယှက်ဖို့ ကြိုးစားနေတာပ သူ့ရဲ့ အောက်ပိုင်းနတ် ဖြစ်မယ်... ဒါက အဓိက အားနည်းချက်ပဲ သူ အလောင်းနတ်သုံးကောင်ကို မသတ်ခင် ငါ အသုံးချနိုင်မှရမယ်... ဒါပေမယ့် သူ့ရဲ့ ဖန်ကျွယ်က တကယ့်ကို ကြောက်စရာကောင်းလောက်အောင် အစွမ်းထက်တယ်!"

ချန်ရှီရဲ့ ဖန်ကျွယ်ဟာ မြေကြီးပေါ်ဆင်းလာတဲ့ နတ်ဆိုးတစ်ကောင်လို ယွမ်ချန်နန်းတော်ထဲက ပျံသန်းလာတဲ့အခါ ထိတ်လန့်ကြောက်စရာကောင်းလေသည်။ ဒီမြင်ကွင်းကို ပြန်အမှတ်ရလိုက်တဲ့အခါ အအေးဓာတ်က သူ့ကျောရိုးတစ်လျှောက် ပြေးဆင်းသွားပါတော့သည်။

"ချန်ရှီရဲ့ ခန္ဓာကိုယ်ကို ချန်ယင်တူးက အမတ အလောင်းကောင်အဖြစ် သန့်စင်ထားတာကြောင့် တခြားသူတွေထက် ခန္ဓာခွန်အားက အဆပေါင်းများစွာ ပိုကြီးမားတယ်.. သူ့မှာ ဒီပမာဏရှိတဲ့ အလောင်းနတ်သုံးကောင်ကိုလည်း ပိုင်ဆိုင်ထားတယ်"

ထိုအခိုက်တွင် ဝတ်ရုံဖြူနတ်သမီးသည် တစ်စုံတစ်ခုကို အာရုံခံစားသွားပုံရပြီး အထက်ကမ္ဘာ၏ နက်နဲရာဆီသို့ စူးစူးစိုက်စိုက် ကြည့်ဖို့ သူမခေါင်းကို ရုတ်တရက် လှည့်ကြည့်လိုက်​လေသည်။

ချန်ရှီလည်း အံ့သြသွားသည်။

"ဘာကြည့်နေတာလဲ?"

ဝတ်ရုံဖြူနတ်သမီးသည် စကားထစ်ကာ တုံ့ဆိုင်းနေပြီး နောက်ဆုံးတွင် လူသားဘာသာစကားကို ပြောလာ၏။

“တူတူ...တူ... … ပျော်တယ်၊ ပျော်တယ်... မျိုးနွယ်!”

"မျိုးနွယ်တူလား?"

ချန်ရှီ ထပ်မံ အံ့ဩသွားပြီး သူမအကြည့်နောက်ကို လိုက်သွားသည်။

ဒီကမ္ဘာကြီးမှာ သူမနဲ့ မျိုးနွယ်တူတွေ ရှိသေးတာလား။

All Chapters