← Chapters

လူကြီးလူကောင်းဆိုတာ ကျောက်စိမ်းနဲ့တူတယ်

Vol. 27 Ch. 388

လူကြီးလူကောင်းဆိုတာ ကျောက်စိမ်းနဲ့တူတယ်

Vol. 27 Ch. 388

"ငါ့အဖေက သူ့အဖေဆီက အရိုက်ခံရတယ်... ငါ့အဘိုးကလည်း သူ့အဘိုးဆီက အရိုက်ခံရသေးတာပဲ"

ယန်ရှောက်လင်သည် ရုတ်တရက် သူ့နှလုံးက ကျယ်လာသလို ခံစားလိုက်ရပြီး ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။

"ငါ သူ့ဆီက ရိုက်နှက်ခံရတာလည်း ကြီးကြီးမားမားတော့ မဟုတ်ပါဘူး"

သူမဖခင်မှာ ယန်ဟန့်ချင်း ဖြစ်သည်။ သူသည် ချန်ထန်နှင့်အတူ ရှီးကျင်းမြို့သို့ သွားရောက်ကာ ဧကရာဇ်စာမေးပွဲဖြေဆိုရန် သွားရောက်ခဲ့သော်လည်း ချန်ထန်က သူ့ဘဝတစ်လျှောက်လုံး စွဲစွဲမြဲမြဲ ​လေ့ကျင့်မှု ကောင်းခဲ့သောကြောင့် သရေကျခဲ့သည်။

သူမ၏အဘိုးမှာ ယခင်မိသားစုအကြီးအကဲ ယန်ချန်ဖု ဖြစ်ပြီး ယခုအခါ အငြိမ်းစားယူခဲ့ပါပြီ။ ချန်ယင်တူးနှင့် သူ၏ရန်လိုမှုမှာ ချန်ယင်တူးက အဘိုးညီမကို ပြန်ပေးဆွဲတာကနေ ဖြစ်ပေါ်လာသည်ဟု ဆိုပါသည်။ ဒေါသကြီးသူ ယန်ချန်ဖုသည် ချန်ယင်တူးကို လိုက်၍ တိုက်ခိုက်ရာမှ ဒဏ်ရာပြင်းထန်စွာ ရခဲ့သည်။ ကံကောင်းထောက်မစွာ သူအရိုက်ခံရ​ပြီး သေသွားမှာကို ကြောက်လို့ သူ့ညီမက ယန်မိသားစုကို ပြန်လိုက်လာခဲ့သဖြင့် ချန်ရှီရဲ့အဖွား ဖြစ်မလာခဲ့ပေ။

ချန်ယင်တူး နှင့် ချန်ထန်တို့၏ လွန်ခဲ့သည့် အခိုက်က ပုံပြင်ကို ယန်မိသားစု မျိုးဆက်နှစ်ဆက်အထိ လူတိုင်း ကြားဖူးနားဝရှိကြပြီး ယင်းကို ကြားလိုက်ရသည့်အတွက် သူမလည်း စိတ်သက်သာရာ ရသွားကြသည်။

သူမ တစ်ဦးတည်းသာ ရိုက်နှက်ခံရပါက အလွန်အရှက်ရစရာ ဖြစ်ပေလိမ့်မည်။ သို့သော် မိဘဘိုးဘွားများလည်း ရိုက်နှက်ခံရသောကြောင့် ကြီးကြီးမားမား မဟုတ်​တော့ပေ။ ထို့အပြင် ရွယ်တူချင်းများထဲမှ သူမတစ်ဦးတည်း အရိုက်ခံရခြင်း မဟုတ်ချေ။

"ထိပ်တန်းချန်က အရမ်း အစွမ်းထက်နေပြီ... ဒါပေမယ့် လီထျန်းချင်က တကယ်ပဲ အစွမ်းထက်နေတာလား?"

ချွေးရှင်းချိုင်: "မယုံဘူး... ဒဏ်ရာက ပြန်ကောင်းလာပြီးရင် သူ့ကိုတွေ့ဖို့ အောက်ကမ္ဘာကို ဆင်းရမယ်"

ရွှီရှစ်ကလည်း ညင်သာစွာ ခေါင်းညိတ်လိုက်ပြီး။

"အဲဒီ လီထျန်းချင်ကို တွေ့ချင်လာပြီ... သူကောလဟာလတွေက ပြောသလိုပဲ အစွမ်းထက်တဲ့သူလား ကြည့်ရမယ်!"

မာကျီ: "ငါ့ကိုပါ ထည့်တွက်လိုက်!"

"ငါ..."

"ပြီးတော့ ငါရော!"

...

သူတို့အားလုံး စိတ်လှုပ်ရှားသွားကြသည်။ လီချန့်ယွင်လည်း တုံ့ဆိုင်းသွားပြီးမှ ဝင်ပြောလိုက်သည်။

"ငါလည်း သူ့ကို ထပ်တွေ့ချင်သေးတယ်"

ရန်သူကို မုန်းတီးသူတိုင်း စည်းလုံးညီညွတ်ခဲ့ကြသည်။ လီထျန်းချင်သည် သေးငယ်သော စကြဝဠာရှိ ဝေးကွာသော မှော်ဆရာများကို သင်ကြားပေးရင်း ရုတ်တရက် အကြံတစ်ခု ရခဲ့သည်။ ကံ၏အကျိုးဆက် များစွာကြောင့် တနည်းတဖုံ ညစ်ညမ်းသွားသလို ခံစားလိုက်ရသည်။

သူ့ရဲ့ကျော်ကြားမှုဟာ အထက်ကမ္ဘာ တစ်ခွင်ကို ပျံ့နှံ့သွားမှန်း သူ မသိခဲ့ပါဘူး။ မိသားစုဆယ့်သုံးစုရဲ့ အနာဂတ် ဘိုးဘေးတွေက သူ့ကို သူတို့ရဲ့ တစ်သက်လုံး ရန်သူအဖြစ် မှတ်ယူထားကြပါပြီ။

"ဘာလို့ ကံဆိုးမှုတွေ ကြုံနေရတာလဲ"

အသေးအဖွဲ့ ကိစ္စမို့ လီထျန်းချင် အလေးအနက် မထားနေတော့ချေ။

အထက်ကမ္ဘာ၊ ကျောက်စိမ်းကောင်းကင်ဘုံ။

ဤနေရာသည် အထက်ကမ္ဘာရှိ အခြားနေရာများထက် များစွာသာလွန်သည်။ တောင်များသည် လှပသော ကျောက်စိမ်း အစုအဝေးနှင့်တူပြီး ကောင်းကင်သည် ကျောက်စိမ်းတုံးကဲ့သို့ ကြည်လင်နေသည်။ အမတဝိညာဥ်ဆေးပင်များက နေရာတိုင်းတွင် ကြီးထွားနေ၏။ ၎င်းသည် ကောင်းကင်မှ ချိုင့်ထဲသို့ ရံဖန်ရံခါ ဆင်းသက်လျက် အမတအငွေ့အသက်များ ဖြာထွက်ကာ အမတနယ်မြေနှင့် နီးကပ်နေသလိုပင်။

မိသားစုဆယ့်သုံးစုက ဘိုးဘေး ဆယ့်သုံးပါးတို့သည် အသီးသီး၏ လေဟာပြင်ထဲတွင် ထိုင်နေကြပြီး ၎င်းတို့၏ အကြည့်များကို ရှောင်ဖယ်သွားကြသည်။ ချန်ရှီသည် မိသားစုကြီးများ၏ အမွေဆက်ခံသူများနှင့် တိုက်ပွဲတွင် ၎င်းတို့ကို သေချာပေါက် သတိမထားမိခဲ့ပေ။

သူတို့၏ အငွေ့အသက်များသည် သတ္တဝါများနှင့် မတူဘဲ မသေနိုင်သော နယ်ပယ်အထိ တက်ကြွသူများထက် သာလွန်သည်။ သို့သော် ၎င်းတို့နောက်တွင် အသွေးအသားထူထပ်သော အစွန်းအထင်းများသည် လေထုထဲ၌ အမြစ်တွယ်နေပြီး ၎င်းတို့အတွင်းမှ မကောင်းဆိုးဝါး ရောင်ဝါများက ကြောက်မက်ဖွယ် ကောင်းလောက်အောင် သဟဇာတ ဖြစ်နေ၏။

"တစ်ချိန်က မွေးရာပါ တာအိုသန္ဓေသားကို ပိုင်ဆိုင်ခဲ့ဖူးတဲ့ ပညာရှင်ငယ်တစ်ဦးက အဲဒါကို ပိုင်ဆိုင်ထားသည်ဖြစ်စေ မပိုင်ဆိုင်ထားသည်ဖြစ်စေ လျှော့မတွက်သင့်ဘူး"

"အခြားနည်းလမ်းတွေသုံးပြီး တ​ခြားသူ​တွေထက်သာအောင် စွမ်းဆောင်နိုင်တာက တကယ်ကို မှတ်သားစရာ ကောင်းပါတယ်... ငါသာ နတ်ဘုရားမှန်ရင် သူ့ကို မွေးရာပါ တာအိုသန္ဓေသားကို ပေးမိမှာပဲ...ဖယ်ထုတ်ပြီးရင်တောင်မှ သူ့ကို နောက်တစ်ခု ထပ်ပေးမယ်"

"သူ့ရဲ့ ပင်ကိုယ်စွမ်းရည်အတွက်ကတော့ တကယ်ကို နှမြောစရာ ကောင်းပါတယ်။... သူက မတူညီတဲ့ နည်းစနစ် ဆယ့်နှစ်ခုကို သုံးပြီး လူတစ်ဆယ့်နှစ်ယောက်ကို အနိုင်ယူသွားတယ်... တစ်ယောက်ချင်းရဲ့ အားနည်းချက်တွေကို ပစ်မှတ်ထားခဲ့တယ်... ဒီ​နေရာမှာ လေ့ကျင့်မယ်ဆိုရင် သူ ပိုတောင် သန်မာလာနိုင်တယ်... သူက ရန်ပိအတွက် တကယ်ကို ကြောက်စရာကောင်းတဲ့ ပြိုင်ဘက်ပံ"

"အမှန်ပဲ ဒါက သူ့ကို သတ်ချင်စိတ်လည်း ဖြစ်စေတယ်... အနောက်ဘုရင်ရဲ့ ကျောက်စိမ်းတံဆိပ်နဲ့ စစ်မှန်တဲ့ ဘုရင်ရဲ့ သင်္ချိုင်း နှစ်ခုစလုံးက သူ့လက်ထဲမှာ ရှိတယ်..."

ဘိုးဘေးဆယ့်သုံးပါးတို့ တိတ်တိတ်ဆိတ်ဆိတ် ဖြစ်သွားကြသည်။ သူတို့အားလုံးသည် အခြားစစ်မှန်သောဘုရင်ကို အလိုမရှိကြပေ။

ရုတ်တရက် အကြီးအကဲတစ်ယောက်က :"တောထဲမှာ ပေါ်လွင်နေတဲ့ သစ်ပင်တစ်ပင်က မလွဲမသွေ ကျိုးသွားလိမ့်မယ်... အဓိကက ဘယ်သူက ချိုးမလဲ၊ အထက်ကမ္ဘာလား ဒါမှမဟုတ် စိတ်ပျက်ဖွယ်ကုန်းစောင်းလား ဒါမှမဟုတ် တခြားအင်အားတွေလား"

ထိုအချိန်တွင် ရန်ပိက မြေပြင်ပေါ်တွင် ဒူးထောက်လိုက်လေ၏။

"တပည့်က ဘိုးဘေးတို့ကို ချန်ရှီကို မတိုက်ခိုက်ဖို့ တောင်းပန်ချင်ပါတယ်"

အသက်ကြီးသူ ဘိုးဘေးဆယ့်သုံးပါးစလုံး အံ့အားသင့်သွားကြပြီး မျက်လုံးများက သူ့ကို စိုက်ကြည့်လာကြသည်။

"မင်းက အထက်ကမ္ဘာမှာ ငါတို့ရဲ့ လမ်းညွှန်မှုနဲ့ မင်းရဲ့ ထူးခြားတဲ့ အရည်အချင်းတွေနဲ့ ပေါင်းစပ်ထားတဲ့ မသေနိုင်တဲ့ ကျင့်စဥ်မျိုးစုံကို လေ့ကျင့်ထားတာ... ဒါကြောင့် မင်း သူ့ကို ဆန့်ကျင်နိုင်တယ်"

“သူ့မှာ အဲဒီအရာတွေ မရှိဘူး... သူက တောရိုင်းတိရိစ္ဆာန်လိုပဲ... မယုံနိုင်လောက်အောင် သန်မာဖို့ သူ့ကိုယ်သူ ပြုစုပျိုးထောင်တယ် မင်းလို အရင်းအနှီးတွေသာ ရှိရင်…”

ရန်ပိ: "စိတ်ပျက်ဖွယ်ကုန်းစောင်း မပျက်စီးမချင်း သူ့ကိုမထိဖို့ တပည့် ဘိုးဘေးတွေကို တောင်းဆိုထားချင်ပါတယ်..."

ဘိုးဘေး ဆယ့်သုံးပါးလည်း သူ့စကားရဲ့ အဓိပ္ပာယ်ကို နားလည်သွားသည်။ တစ်ယောက်က လက်ဝှေ့ယမ်းပြကာ။

"ရန်ရှောက်ဟူ... မင်းက ငါတို့တန်ဖိုးထားတဲ့ သူတစ်ယောက်ဖြစ်ပေမဲ့ ဒီကိစ္စက မင်းဆုံးဖြတ်ရမယ့်ကိစ္စ မဟုတ်ဘူး... သွားပြီးတော့ ကောင်းကောင်းကြီး စိုက်ထုတ်လိုက် ငါတို့ဘာသာ ဆုံးဖြတ်ချက်ချမယ်"

ရန်ပိ မတ်တပ်ထရပ်ပြီး ထွက်သွားရလေသည်။

ကျန်တဲ့ အသက်ကြီးဆယ့်နှစ်ယောက်က မျက်မှောင်ကြုတ်နေ၏။

"ရန်ရှောက်ဟူက ငါတို့ကို အယုံအကြည်မရှိဘူး... အောင်ပွဲမတွေးခင်မှာ ရှုံးနိမ့်မှာကို စိတ်ပူတယ် သူက ချန်ရှီကို မီးတစ်မျိုးအဖြစ် ထိန်းသိမ်းထားဖို့ ကြံစည်နေတာ အနာဂတ်မှာ ငါတို့ရှုံးရင် ချန်ရှီက အနောက်နွားရှင်းကျိုးရဲ့ မျှော်လင့်ချက် ဖြစ်လာနိုင်တယ်... မကောင်းတော့ဘူး... ငါ့ဝိညာဉ်ဆိုးက ပြန်လာပြီ... ငါမထိန်းနိုင်တော့ဘူး!"

စကားပြောနေသော အဖိုးအိုသည် ရုတ်တရတ် ပြင်းထန်စွာ တုန်လှုပ်သွားပြီး သူ့နောက်ကျောပေါ်ရှိ အသားစများက ရုတ်ချည်း တင်းကျပ်လာကာ ​လေထုထဲသို့ ဆွဲငင်သွားခဲ့သည်။

အခြားဘိုးဘေး ဆယ်ပါးနှစ်ပါးတို့ကလည်း မိမိတို့၏မသေနိုင်သော မှော်ပညာကို စုစည်းလိုက်ကြရာ အလင်းရောင်များ လင်းလက်တောက်ပစေပြီး သူ၏ဆိုးညစ်သော အသွင်ပြောင်းမှုကို တားဆီးလိုက်ကြသည်။

ပျက်ပြယ်သွားသောအခါ မရေမတွက်နိုင်သော အသွေးအသားများသည် တွန့်လိမ်နေပြီး ဘိုးဘေး၏ပုံသဏ္ဌာန် တဖြည်းဖြည်း ဖြစ်ပေါ်လာကာ ယခုအခါ ပို၍ပင် ပြင်းထန်လာပါသည်။

သူတို့၏ အမတ မှော်ပညာသည် ဆိုးရွားသော အသွေးအသားများကို ဖြိုခွဲပစ်လိုက်သည်။ ၎င်းကို အမတအလင်းရောင်ဖြင့် အဆက်မပြတ် ညှိပေးကာ နောက်ဆုံးတွင်မှ သူတို့သည် ဤဆိုးရွားသော အသွင်ကူးပြောင်းမှုလှိုင်းကို နှိမ်နင်းနိုင်ခဲ့သည်။

ရှေးဘိုးဘေးမှာ ကောင်းမိသားစု၏ ဘိုးဘေးဖြစ်ပြီး ကောင်းရွှမ် ဟုခေါ်သည်။ သူသည် လူငယ်တစ်ယောက်နှင့် တူသော်လည်း ယခု သူ့မျက်နှာသည် ဖျော့တော့ကာ ပြင်းထန်စွာ မောဟိုက်နေ၏။

"နည်းလမ်းဟောင်းက အလုပ်မဖြစ်ဘူး... တကယ်အလုပ်မဖြစ်ဘူး"

သူက ကျယ်လောင်သော အသံဖြင့် ပြောလိုက်သည်။ ဒဏ်ရာရကာ သေလုမြောပါး ဖြစ်သွားသကဲ့သို့ စိတ်ပျက်အားငယ်စွာဖြင့် ပြောလေ၏။

"အစ်ကိုကောင်းရွှမ် စိတ်အေးအေးထားပါ... မင်း တာအိုနှလုံးသား ပြိုကျသွားရင် မင်းလည်း ဘုရင်ကျန်းတစ်ယောက်လို ဖြစ်သွားလိမ့်မယ်"

ခဏအကြာတွင် ကောင်းရွှမ် နောက်ဆုံးတွင် စိတ်တည်ငြိမ်မှုကို ပြန်လည်ရရှိသွား၏။

"ငါ အဆင်ပြေပါတယ်... စိတ်မပူပါနဲ့... ချီးရှာဘုံကျောင်းက အမျိုးသမီး ဘာဖြစ်သွားတာလဲ၊ သူမ ဘာကြောင့် ဆက်မပြောင်းလဲသေးတာလဲ"

တခြားဘိုးဘေးတွေလည်း တိတ်ဆိတ်သွားကြသည်။

"သူမမှာ ပြဿနာရှိလို့လား ဒါမှမဟုတ် ချန်ရှီမှာ ရှိနေတာလား"

ပြော​ပြီးသောအခါ ကောင်းရွှမ်၏မျက်လုံးများ မှိတ်တုတ်မှိတ်တုတ်ဖြင့်။

ပိုင်လျောင် နန်းတော်တွင်တော့ ၀တ်စုံဖြူနတ်သမီးသည် နိုးလာတဲ့အခါ သူမကိုယ်သူမ အိပ်ရာပေါ်တွင် လဲလျောင်းနေသည်ကို တွေ့လိုက်ရသည်။ သူမသည် ​စောင်များကို လျင်မြန်စွာ တိတ်တဆိတ် ရုတ်သိမ်းလိုက်ပြီး ခြေဖျားထောက်လိုက်သည်။ သူမ တံခါးမှ ထွက်လာသည်နှင့် တပြိုင်နက် ပိုင်လျောင် နန်းတော်မှ ယောက်ျားလေး မိန်းကလေး တစ်ဒါဇင်က သူမကို စိုက်ကြည့်နေတာ တွေ့လိုက်ရသည်။

၀တ်စုံဖြူနတ်သမီးမှာ ထိတ်လန့်ကာ ချန်ရှီ၏ ဘုံကျောင်းငယ်လေးထဲ လျင်မြန်စွာ ပုန်းအောင်းကာ နတ်ကွန်းပေါ်တွင် ထိုင်၍ သူမ၏ နှလုံးခုန်သံကို ငြိမ်သက်သွားအောင် လုပ်လိုက်ရ၏။

ယန်ရှောက်လင်က ခပ်မြန်မြန် ရယ်မောလိုက်ပြီး။

"ထိပ်တန်းချန်က သူ့အိမ်မှာ အငယ်အနှောင်းတစ်ယောက်ရှိဖို့ မမျှော်လင့်ထား... ခဏ!"

သူမမျက်နှာသည် ရုတ်တရက် ပြောင်းလဲသွားကာ တော်ဝင်တရားရုံး၏ ဝန်ကြီးချုပ် ယန်ရှန့်ကျစ်သည် ချန်ရှီသည် အဖြူရောင်ဝတ်စုံဖြင့် အမျိုးသမီးတစ်ဦးနှင့်အတူ လိုက်ပါသွားကြောင်း ယန်မိသားစုအား အသိပေးခဲ့ကြောင်း ချက်ချင်းသတိရမိသည်။ သူမသည် သမိုင်းမတင်မီက ချီးရှာဘုံကျောင်းက နတ်ဆိုးကြီး အမတနတ်သမီး တစ်ဦးဖြစ်သည်။

"အဲဒါ သူမ ဖြစ်နိုင်လား?"

သူမ နှလုံးသား တုန်လှုပ်သွားသည်။ "အမတ" ဟူသော စကားလုံးကို သူမ၏အမည်တွင် အသုံးပြုခဲ့သော်လည်း အမှန်တကယ်တွင် သူမသည် နတ်ဆိုးစွမ်းအသ်များ စွန်းထင်းနေသည့် သမိုင်းမတင်မီအချိန်က အကြွင်းအကျန် ဖြစ်သည်။ ထိုသို့ ဆိုးညစ်သော အမတ တစ်ကောင်သည် သက်ရှိကမ္ဘာထဲသို့ ဝင်ရောက်ခဲ့မည်ဆိုလျှင် ၎င်းသည် ဘေးဥပဒ် သို့မဟုတ် ကပ်ဘေးဆိုးအဆင့် အန္တရာယ် တစ်ခုပင် ဖြစ်ပေလိမ့်မည်။

စစ်မှန်သောဘုရင်၏ နန်းတော်ကိုးခုကြောင့် သူမ ပြင်းထန်စွာ ဒဏ်ရာရခဲ့သော်လည်း သူမသည် ဘေးဆိုးအာဏာကို ပိုင်ဆိုင်ထားဆဲပင်။

"ထိပ်တန်းချန်... ငါ ဒဏ်ရာရထားတယ်.... ကုသဖို့ လိုအပ်နေပြီ!"

ယန်ရှောက်လင် ပြတ်ပြတ်သားသား ပြုမူပြီး သူမ၏ ရယ်မောသံကလည်း တုန်ရီနေသည်။

"ငါ နင့်ကို မနှောက်ယှက်တော့ပါဘူး! သွားခွင့်ပြုပါ..."

ချန်ရှီရဲ့ တုံ့ပြန်မှုကိုတောင် မစောင့်ဘဲ သူမသည် ချက်ချင်းပင် လေထဲသို့ ခုန်တက်ကာ မီးတောက်တောက်အဖြစ် ပြောင်းလဲကာ ထွက်ပြေး လွတ်မြောက်သွားခဲ့သည်။ သို့သော် သူမ၏ ဒဏ်ရာများမှာ အမှန်ပင် ပြင်းထန်နေခဲ့ရာ မီးတောက်များသည် ကောင်းကင်မှ ပြုတ်ကျကာ ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ ချိုင့်ထဲသို့ ကျသွားသည်။ ချန်ရှီလည်း အပြစ်ရှိသလို ခံစားလိုက်ရသည်။

"ဒီကောင်မလေးကို အရမ်း တိုက်ခိုက်မိသွားတာလား? သူမကို ဒုက္ခမပေးဘဲ လူကောင်းတစ်ယောက်ဖြစ်အောင် တစ်ခါတည်း ပို့ပေးလိုက်တာ ပိုကောင်းပါတယ်..."

ချိုင့်ဝှမ်းမှ နောက်ထပ် မီးတောက်တစ်ခု ထွက်ပေါ်လာသည်။ ယန်ရှောက်လင် တုန်လှုပ်သွားပြီး အဝေးကို ပြေးဖို့ ရုန်းကန်နေခြင်းပင်။

"ထိပ်တန်းချန်... ငါ့မှာ အရေးကြီးတာတွေ လုပ်စရာရှိလို့ ရုတ်တရက် သတိရသွားတယ် နှုတ်ဆက်ပါတယ်!"

"ထိပ်တန်းချန် ငါအရင်သွားလိုက်မယ်!"

"ဟားဟား... ငါ အဂ္ဂိရတ်ဆေးကို သန့်စင်နေတာပဲ ငါသွားမစစ်ရင် မီးဖိုက ပေါက်ကွဲ​တော့မှာကို ကြောက်ရတယ်"

...

ကောင်းရှောက်ခွင်း နှင့် အခြားသူများသည် ပိုင်လျောင် နန်းတော်မှ ခပ်သုတ်သုတ် ထွက်ခွာသွားကြသည်။ တချို့က ဒဏ်ရာပြင်းသည်။ အချို့က လေပေါ်မှ ပြုတ်ကျခဲ့ပြီး အချို့မှာ ရှောင်မတိမ်းနိုင်ဘဲ တောင်ထိပ်ပေါ်သို့ ပျက်ကျခဲ့သည်။

ချန်ရှီ သူတို့ကို လှမ်းကြည့်လိုက်သေးသည်။ ကျန်းယိုး တစ်ဦးတည်းသာ ထွက်ခွာရန် အလျင်လိုခြင်းမရှိဘဲ နန်းတော်ထဲတွင် ကျန်ရစ်ခဲ့သည်။

ချန်ရှီ ပြုံးလိုက်သည်။

"မင်း ဘာလို့ မထွက်သွားတာလဲ"

ကျန်းယိုးက ပြန်ပြုံးပြလေ၏။

"အန္တရာယ်တစ်ခုခုရှိခဲ့ရင် ရှီးကျင်းတော့ ဟိုးအရင်ကတည်းက ပေါက်ကွဲသွားလောက်ပြီ"

ချန်ရှီရဲ့ နှလုံးခုန်သံက ခုန်တက်သွားသည်။

"ချီးရှာဘုံကျောင်း?"

ကျန်းယိုးက ညင်သာစွာ ခေါင်းညိတ်​ပြသည်။ ချန်ရှီ သက်ပြင်းချရင်း လေးလံသော အလေးချိန်ကို သူ့နှလုံးသားမှ ရုတ်သိမ်းလိုက်သည်။ သူ့အပြုအမူက ကျန်းယိုးကို အံ့သြသွားစေ၏။

"မကြောက်ဘူးလား?"

ချန်ရှီ ပြုံးပြီး :"တကယ်လို့ အန္တရာယ်ရှိခဲ့ရင် ရှီကျင်းမှာ ဟိုးအရင်ကတည်းက ပေါက်ကွဲသွားလောက်ပြီ"

နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက်ကြည့်ကာ ရယ်မောလိုက်ကြသည်။

ချန်ရှီသည် အထက်ကမ္ဘာ၏ ကြီးကျယ်ခမ်းနားသော ရှုခင်းကို ငေးကြည့်ရင်း လန်းဆန်းကာ စိတ်အေးလက်အေး ဖြစ်လာသလို ခံစားလိုက်ရသည်။

"အစ်ကိုကျန်း.... ငါ စိတ်ရှုပ်နေတယ်။ ငါ့​ကို အလင်းပေးပါဦး မိသားစုဆယ့်သုံးစုက ဒီလောက် သာယာလှပတဲ့မြေကို ပိုင်ဆိုင်ထားတာကို ဘာလို့ အနောက်နွားရှင်းကျိုးကို ချုပ်ကိုင်ထားသေးတာလဲ.... ဆယ့်သုံးစုလုံး ဒီကို ပြောင်းရွှေ့လိုက်ပေါ့... အနောက်နွားရှင်းကျိုးမှာ ရုန်းကန်ရမယ့်အစား အထက်ကမ္ဘာရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်လာတာ ပိုမကောင်းဘူးလား..."

ကျန်းယိုး ခဏလောက်စဉ်းစားပြီး :"ကိုယ့်ကိုကိုယ် ပြုစုပျိုးထောင်ပါ... မိသားစုကို စီမံခန့်ခွဲပါ တိုင်းပြည်ကို အုပ်ချုပ်ပါ၊ ကမ္ဘာကြီးကို ငြိမ်းချမ်းစေပါတဲ့ - ဒါတွေက လူသားတစ်ယောက်ရဲ့ ဆန္ဒပါပဲ..."

"အမှန်အတိုင်းပြောပါ"

ကျန်းယိုးက ခေတ္တရပ်လိုက်ပြီးမှ ပြောလာ၏။

"အထက်ကမ္ဘာက အသက်ရှင်ဖို့ အဆင်မပြေဘူး"

ချန်ရှီ အနည်းငယ် အံ့သြသွားမိသည်။

“အထက်ကမ္ဘာမှာ နေနဲ့လရှိပေမဲ့ သီးနှံတွေ ကြီးထွားဖို့ မကူညီနိုင်သလို မကောင်းဆိုးဝါးတွေရဲ့ ဖျက်ဆီးမှုကိုလည်း မခုခံနိုင်ဘူး... ဒီမှာ စိုက်ပျိုးထားတဲ့ ဝိညာဉ်ဆေးဖက်ဝင်အပင်တွေကို အမတ စွမ်းအင်တွေနဲ့ ရေလောင်းပေးရတယ် အဲဒါမရှိရင် သေမှာသေချာတယ် ဒါပေမယ့် လူတော်တော်များများ ရှင်သန်ဖို့ အမတ စွမ်းအင်က နည်းလွန်းတယ်..."

"ကောက်ပဲသီးနှံတွေတောင် မကြီးထွားအောင် ဟန့်တားထားတယ် ဆိုတော့ အထက်ကမ္ဘာမှာ ဘာတွေ လွဲနေလို့လဲ"

ကျန်းယိုး ခေါင်းခါလိုက်ပြီး :"မသိဘူး"

ချန်ရှီသည် ကြီးမားသော နတ်ဘုရားများ ၊ သူတို့၏ နတ်ဘုရား အလင်းရောင်၊ မကောင်းမှု အရိပ်အယောင်မျှ မရှိဘဲ သန့်ရှင်းသပ်ရပ်သော အလင်းရောင်ကို မြင်ရုံမျှသာ လှည့်ပတ်ကြည့်လိုက်သည်။

"ဒီနေ့ မင်း လီထျန်းချင်ရဲ့ နာမည်သုံးပြီး တိုက်ခိုက်တော့ မင်းရဲ့ လူသတ်ချင်စိတ်ကို တမင်သက်သက် ဒဏ်ရာနဲ့ ထိန်ချန်ပြီး မသတ်ဘဲ အတင်းအကြပ် တိုက်ခိုက်တာကို တွေ့တယ်... ခံနိုင်ရည်ရှိဖို့က အရမ်းခက်ခဲလိမ့်မယ်"

ချန်ရှီ ဘာမှ မပြောဘဲ သူ့ကို စိုက်ကြည့်နေလိုက်သည်။

"မင်း ငါတို့ရဲ့ မိသားစုဆယ့်သုံးစုကို အကြီးအကျယ် မုန်းတီးနေတာပဲ!"

ကျန်းယိုးက သူ့ဘက်သို့လှည့်ကာ ပြောလာသည်။

"အစ်ကိုချန် မိသားစုကြီးဆယ့်သုံးခုက မင်း စိတ်ကူးယဉ်ထားတဲ့အတိုင်း မဟုတ်သလို အလွန်အကြူး ဆိုးသွမ်းနေတာလည်း မဟုတ်ဘူး.. မင်း ရှီးကျင်းကိုရောက်ပြီး အစိုးရအဖွဲ့ရဲ့ ဝန်ကြီးဆယ့်သုံးပါးနဲ့ တွေ့ဖူးပါတယ်... ဘယ်လိုလုပ်ဆောင်ခဲ့ကြသလဲ သူတို့မရှိရင် ကမ္ဘာကြီးက ကမောက်ကမ ဖြစ်သွားလိမ့်မယ် အစိုးရရဲ့ ထိန်းချုပ်မှုမရှိဘဲ၊ မရေမတွက်နိုင်တဲ့ လူတွေက ဘုရင် ဒါမှမဟုတ် မိဘမဲ့ဘွဲ့ကိုတောင် တောင်းဆိုကြလိမ့်မယ်..."

ကောင်းကင်နှင့် မြေကြီးကြားက မြင့်မားသော နတ်ဘုရားများကို ညွှန်ပြလိုက်ပြီး။

"ငါတို့ ဘိုးဘေးတွေရဲ့ ရည်ရွယ်ချက်က သူတို့ရဲ့ တန်ခိုးကို အလွဲသုံးစားလုပ်ဖို့ မဟုတ်ဘူး... စိတ်ပျက်ဖွယ်ကုန်းစောင်းကို ချေမှုန်းပစ်ဖို့ ကောင်းကင်ပြင်နတ်ဘုရားကို မောင်းထုတ်ဖို့နဲ့ စစ်မှန်တဲ့ ကောင်းကင်ဘုံကို လူ့ကမ္ဘာအဖြစ် ပြန်လည် ထူထောင်ဖို့ပဲ... ဘုရင်ကျန်းလက်ထက်ကနေ ငါတို့ မိသားစုဆယ့်သုံးစု ဒီနေ့အထိ မျိုးဆက်အဖြစ် တည်ရှိနေခဲ့တာက အဲဒီ ပန်းတိုင်အတွက်!"

ချန်ရှီလည်း ကြီးမားသော နတ်ဘုရားများကို စိုက်ကြည့်လိုက်သည်။

"မိသားစုဆယ့်သုံးစုရဲ့ မျိုးဆက်တိုင်းက အတုအယောင်ပြန်ခြင်း နယ်ပယ်နဲ့ မဟာယာနနယ်ပယ်က သခင်တွေကို မွေးထုတ်ပေးတယ်... ဒါပေမဲ့ အထက်ကမ္ဘာက အဓိကအားဖြင့် မျိုးနွယ်စုသခင်တွေ အတွက်ပဲ... အတုအယောင်ပြန်ခြင်း နယ်ပယ်၊ မဟာယာနနယ်ပယ်တိုင်း အထက်ကမ္ဘာထဲ ဝင်လို့မရဘူး... အဲဒါကြောင့် သူတို့သေဆုံးပြီးတော့ မြေအောက်ကမ္ဘာထဲပဲ ဝင်သွားကြတယ်..."

ကျန်းယိုး: "ငါတို့ မိသားစုဆယ့်သုံးစုက မရဏကမ္ဘာကို လည်ပတ်မှု ကျွမ်းကျင်အောင် နှစ်ပေါင်းခြောက်ထောင်ကြာအောင် အချိန်ယူခဲ့ရတယ်... ဒါပေမဲ့ မြေအောက်ကမ္ဘာကို ကျွမ်းကျင်အောင် လုပ်တာက ငါတို့ မိသားစုဆယ့်သုံးစုအတွက် တစ်ခုတည်း မဟုတ်ဘူး... စိတ်ပျက်ဖွယ်ကုန်းစောင်းနဲ့ ကောင်းကင်ပြင်နတ်ဘုရားကို တိုက်ဖျက်နိုင်အောင် ခွန်အားစုဆောင်းပြီး ပိုကောင်းလာအောင် လုပ်ဖို့ပဲ.. ဘိုးဘေးတွေရဲ့ ရိုးသားတဲ့ နှလုံးသားက ဘယ်သောအခါမှ မပြောင်းလဲခဲ့ဘူး..."

ချန်ရှီ: "ဒါပေမယ့် ငါမြင်တာက မင်းတို့ရဲ့မိသားစု ၁၃စုက အရင်းအမြစ်တွေ အားလုံးကို ထိန်းချုပ်ထားတာ... ဆင်းရဲတဲ့သူတွေက နေစရာနေရာမရှိ၊ ရှေ့တိုးဖို့လမ်းမရှိဘူး အလကားပဲ... အရည်အချင်းရှိတဲ့ ပညာရှင်က သုံးစရာနေရာ မရှိတော့ဘူး... အစ်ကိုကျန်း အဲဒါကိုရော မြင်ရလား"

ကျန်းယိုး တုံ့ဆိုင်းသွားသည်။

“ဒါလည်း ငါမြင်တယ်”

သူ ညင်သာစွာ ခေါင်းညိတ်ပြလိုက်သည်။

ချန်ရှီ: "ပညာရှင်စာမေးပွဲတွေကနေ ကျွီရန်၊ ကျင့်ရှစ်အထိ... နောက်ဆုံးတော့ ကျွမ့်ယွမ် အထိ.. သူတို့အားလုံးကို မင်းတို့ မိသားစုဆယ့်သုံးစုရဲ့ ချုပ်ကိုင်မှုရှိတယ်... သာမန်လူတွေက အဆက်အစပ်မရှိဘဲ မင်းတို့ ကျန်ခဲ့တဲ့အရာကိုပဲ ရွေးချယ်နိုင်တာ... ကျွိရန်ဖြစ်ဖို့ ကြိုးကြိုးစားစား လုပ်ရင်တောင် ဆယ်နှစ်လောက်စောင့်ရလိမ့်မယ်... ဒါမှ တရားဝင်ရာထူးတစ်ခုရဖို့တောင် ဆယ်နှစ်လောက်စောင့်ရမှာ... ကျင့်ရှစ်က ရာထူးငယ်၊ နဝမအဆင့် ဒါမှမဟုတ် ရာထူးလုံးဝ မရဘူး... မင်းတို့ကို အားမကိုးရင် အဲဒီရာထူးအသေးစားကိုတောင် ရနိုင်မှာ မဟုတ်ဘူး... အစ်ကိုကျန်း မင်းအဲဒါကို မြင်လား?"

ကျန်းယိုး ခဏလောက် နှုတ်ဆိတ်သွားခဲ့သည်။

"ငါမြင်ပါတယ်"

ချန်ရှီ: "မင်းတို့ ကျေးလက်ကို ရောက်ဖူးလား... လူတွေရဲ့ စားဝတ်နေရေး ကျဆင်းနေတာကို မင်း မြင်ဖူးလား နတ်ဆိုးတွေ သောင်းကျန်းပြီး အိမ်နီးနားချင်းတွေကို ဒုက္ခရောက်အောင် လုပ်နေတာကို မင်းတို့ မြင်ဖူးလား... မိသားစုကြီးဆယ့်သုံးခုက အစိုးရနဲ့ ပြည်သူတွေရဲ့ စည်းစိမ်ဥစ္စာတွေကို ချုပ်ကိုင်ပြီး သက်ရှိသတ္တဝါအားလုံးကို ပုရွက်ဆိတ်တွေလို ကျွေးမွေးတယ်... သူတို့ရဲ့ အသွေးအသားတွေကို ဖယ်ထုတ်လိုက်ရင် နတ်ဆိုးတွေပဲ... လီထျန်းချင် ဆိုတဲ့ နာမည်ကို သုံးပြီးတာတောင် ငါ့ရဲ့ လူသတ်ချင်တဲ့ ရည်ရွယ်ချက်ကို ငါ ချိုးနှိမ်လို့ မရဘူး"

ကျန်းယိုး အသက်ဝဝ ရှူသွင်းလိုက်သည်။

"မင်း လီချန့်ယွင်၊ ရှထျန်းကျယ်နဲ့ မာကျီက မင်းအပေါ် မကောင်းချင်စိတ်တွေ မရှိဘူးဆိုတာကို မြင်လိုက်ရမှာပါ... တကယ်တော့ မင်းကို ရိုသေပြီး ကိုးကွယ်တယ် ! မင်းရဲ့ မွေးရာပါ တာအိုသန္ဓေသားကို ဖြတ်လိုက်ရင်တောင် မင်းက နဂါးတစ်ကောင်၊ ဖီးနစ်တစ်ကောင် ဖြစ်လာမှာ သေချာတယ်.... သူတို့ကလည်း အနာဂတ်ဆယ်ကျော်သက်တွေရဲ့ ဘိုးဘေးဘီဘင်တွေဖြစ်လာကြမယ်လို့ ယုံကြည်နေကြတာ... ဧကန္တ အဲဒီလူတွေကရော သုတ်သင်ခံရမှာလား?"

သူက ချန်ရှီကို တိုက်ရိုက် ကြည့်လိုက်သည်။

ချန်ရှီက သူ့မျက်လုံးကို မကြည့်ဘဲ အဝေးကိုသာ လှမ်းကြည့်​နေသည်။

"ကမ္ဘာကြီးက နှစ်ပေါင်း ခြောက်ထောင်ကျော်ပြီ... မိသားစုပေါင်း ဆယ့်သုံးစုကို ပေးအပ်ထားပေမယ့် မင်းတို့က လောကရဲ့နည်းလမ်း​တွေကို ပြောင်းလဲဖို့ ပျက်ကွက်ခဲ့တယ် အဲဒီအစား မင်းတို့က အဲဒါနဲ့ တစ်သားတည်းဖြစ်လာပြီး ပိုပိုပြီး ချည်နှောင်လာခဲ့တယ်... မင်းတို့က ကမ္ဘာကြီးရဲ့ ခေါင်းပေါ်မှာ ဆွဲထားတဲ့ နတ်ဆိုးတစ်ကောင်လို ဖြစ်လာတယ်... မင်းတို့ မလုပ်နိုင်ရင် အဲဲဒါတွေကို စွန့်လွှတ်​ပြီး တစ်စုံတစ်ဦးကို လာထိန်းကျောင်းခိုင်းတယ်... မင်းတို့က သူတို့ကို မတားဘူး သတ်ပစ်တာ"

သူက ခေတ္တရပ်လိုက်ပြီး "လွန်ခဲ့တဲ့နှစ်ပေါင်း ခြောက်ထောင်က မင်းတို့ရဲ့ ရည်ရွယ်ချက်တွေက ကောင်းပါတယ် ဒါပေမဲ့ အခု မင်းတို့က အတားအဆီး ဖြစ်နေပြီ နောက်ပြီး မင်းတို့အားလုံးကို ငါမသတ်ခဲ့ဘူး... သက်ညှာပေးခဲ့တာပဲ မဟုတ်ဘူးလား"

ကျန်းယိုးက အဝေးကို လှမ်းကြည့်ကာ သက်ပြင်းချကာ :"မင်းက လီထျန်းချင်ရဲ့ နာမည်ကို ဆုပ်ကိုင်ထားလိုက်တာလေ... မင်းသာ ချန်ရှီ ဆိုရင် ငါတို့အားလုံးကို သတ်ပစ်လိုက်လိမ့်မယ်... ရန်ပိ မင်းကို ဒီကိုခေါ်တာ မှားသွားပြီ မင်းကို ဘယ်တော့မှ မပြောင်းလဲနိုင်ဘူးဆိုတာ သူသိသင့်တယ်... ငါသာ ရန်ပိ ဆိုရင် မင်းကိုသတ်ဖို့ ငါ့ရဲ့ အစွမ်းထက်ဆုံးအင်အားကို ငါချက်ချင်း စုစည်းလိုက်မယ်"

ချန်ရှီက ပြုံးပြီး :"ဒါပေမယ့် မင်း ရန်ပိ မဟုတ်ဘူး ရန်ပိက မင်းထက် ပိုမြင်တယ်"

ကျန်းယိုးက ညင်ညင်သာသာနဲ့ ခေါင်းညိတ်ပြီး :"သူက ငါထက် ပိုမြင်တတ်တယ် သူ့ရဲ့ ခွန်အားက နားမလည်နိုင်လောက်အောင်ပဲ... နတ်သန္ဓေသားမရှိရင် သူတောင် မင်းနဲ့ လိုက်ဖက်မှာ မဟုတ်ဘူး"

ချန်ရှီ: "ကောင်းကင်နဲ့ မြေကြီးရဲ့ နိမိတ်လက္ခဏာတွေ အားလုံးက ငါ့ရဲ့ ရောင်ပြန်ဟပ်မှုတွေပဲ... ငါက ဘယ်သူလဲ နတ်သန္ဓေသားလေးကို ငါက ဘာကြောင့် လိုအပ်​နေရမှာလဲ"

သူက ခဏရပ်ပြီး :"လီထျန်းချင်က လီမိသားစုကို သစ္စာဖောက်နိုင်တယ် အစ်ကိုကျန်းက ဘာဖြစ်လို့ မလုပ်နိုင်တာလဲ"

ကျန်းယိုးက ခေါင်းခါလိုက်သည်။

"ဒီကျင့်စဥ်​တွေကို ဘိုးဘေးဘီဘင်တွေဆီက အမွေဆက်ခံခဲ့တာ... ဒီခန္ဓာကိုယ်က မိဘတွေပေးတာ... ဒီဝိညာဉ်က ကျန်းမိသားစုရဲ့ ဝိညာဉ်... အပိုင်းပိုင်း ကွဲသွားရင်တောင် သေခြင်းတရားက လုပ်ရမှာပါပဲ"

ချန်ရှီက အဝေးကို စူးစိုက်ကြည့်လိုက်ပြီး။

"အခွင့်အရေးရရင် မင်းကို ငါကိုယ်တိုင် လိုက်ပို့ပေးမယ်"

ကျန်းယိုးက သူ့ထံသို့ ချဉ်းကပ်လာပြီး သူနှင့်အတူ ပုခုံးချင်းယှဉ်ရပ်လိုက်သည်။

"ငါတောင် မလှုပ်ရှားရသေးဘူး မင်းက အောင်ပွဲခံဖို့ သတ္တိရှိ​နေ​ပြီလား"

All Chapters