← Chapters

နှစ်ဦးကြား ဆက်ဆံရေး ~

Vol. 5 Ch. 61

နှစ်ဦးကြား ဆက်ဆံရေး ~

Vol. 5 Ch. 61

" တက္ကသိုလ်တွေမှာ ဘာရှိလဲ..."

ဤသည်က အင်တာနက်ပေါ်တွင် အလွယ်တကူ ရှာမတွေ့နိုင်သည့် အကြောင်းအရာဖြစ်သည် ။ နိုင်ငံတိုင်းက သတင်းစီး​ဆင်းမှုကို ထိန်းချုပ်ထား၏ ။

" ဒီမေးခွန်းက တကယ်တော့ လျို့ဝှက်ထားတာပဲ... တက္ကသိုလ်တွေရဲ့ အရင်းအမြစ်က ကောင်းလွန်းတော့ တက္ကသိုလ် မတက်နိုင်တဲ့ သာမန်လူတွေ ကွာခြားချက် ကြီးလွန်းတာကိုသိရင် စိတ်ထိခိုက်ကုန်မှာဆိုးလို့ လျို့ဝှက်ထားကြတာ... "

ကောင်းဖန်းက ဝိုင်တစ်ငုံ သောက်လိုက်ပြီး...

" မင်းခွန်အားနဲ့ဆို ထိပ်တန်းတက္ကသိုလ် သေချာပေါက် ဝင်ခွင့်ရမှာဆိုတော့ မင်းသိခွင့်ရှိပါတယ်... "

လင်းမို့က ဂရုတစိုက် နားထောင်လိုက်သည် ။

" အထောက်အပံ့အကြောင်း အရင်ပြောရအောင်... "

ကောင်းဖန်းက ပြောရမည့်စကားကို စဥ်းစားပြီး...

" အထောက်အပံ့အကြောင်းကတော့ အများကြီးပြောစရာ မရှိဘူး... မင်းသိရမှာက အပြင်လောကမှာ ဝယ်ရခဲ့တယ့် အဆင့်မြှင့်တင်ဆေးတွေက တက္ကသိုလ်တွေမှာဆိုရင် အလကားနီးနီးပဲ... နည်းပညာမြင့် လက်နက်တွေ ချပ်ဝတ်တွေဆိုရင် မင်းကြားဖူးမှာတောင် မဟုတ်ဘူး... တက္ကသိုလ်တွေမှာ မင်းလိုချင်တာ အကုန်ရှိတယ်..."

" ဆရာတွေဆိုရင်... "

ကောင်းဖန်းက ဂျင်ရုံအတွင်းသို့ လက်ညိုးထိုးပြလိုက်ပြီး...

" ဒီက ကျောင်းသားတွေက တစ်နာရီကို ယွမ် ၆၀၀၀ ပေးရတယ်... လူတစ်ရာနဲ့ တွက်ရင်တောင် ဒီက ဆရာတွေရဲ့ ဝင်​ငွေက တစ်ရက်ကို သန်းဂဏန်းပဲ... ကြိုတင်ပြင်ဆင်မှုအတန်းက တစ်နှစ်ကို လဝက်ပဲ ဖွင့်ပင်မဲ့ ဝင်ငွေက ကြောက်စရာကောင်းတယ်... "

လင်းမို့ ခေါင်းညိတ်ပြီး ထောက်ခံလိုက်သည် ။ ကြိုတင်ပြင်ဆင်မှု အတန်း၏ ဝင်ငွေက ဘဏ်ဓားပြတိုက်သည်ထက်ပင် ပို၍တွက်ခြေကိုက်သည် ။

" တစ်ရက်ကို တစ်သန်းလောက် ဝင်တဲ့ ဆရာတွေက မိုက်တယ် မလား... ဒါပင်မဲ့... သူတို့က တက္ကသိုလ်မှာရှိတယ့် အနိမ့်ဆုံးအဆင့် လက်ချာ ဆရာတွေနဲ့ တောင်ယှဥ်လို့မရဘူး... "

ကောင်းဖန်းက ပြုံးလိုက်ပြီး...

" တက္ကသိုလ်က ဆရာတွေ ဘယ်လောက်ချမ်းသာမယ်ထင်လဲ... "

သာမန်လူများ ထိုမျှတက်နိုင်မည် မဟုတ်ချေ ။ ထို့ကြောင့် ကောင်းဖန်းပြောသည်က မမှား ။ သာမန်လူများသာ သူတို့ကြားတွင် မည်မျှကွာခြားကြောင်း သိကြလျှင် လူမှုစနစ်တစ်ခုလုံး မတည်မငြိမ် ဖြစ်ကုန်ပေလိမ့်မည် ။

" ငါပြောတဲ့ နှစ်ခုက တက္ကသိုလ်မှာ အရေးအကြီးဆုံးမဟုတ်ဘူး... "

ကောင်းဖန်းက ပြောလိုက်၏ ။

" ဟမ်...."

လင်းမို့ အံ့သြသွားသည် ။

' ဒါတွေက အရေးမကြီးသေးဘူးလား...'

" တက္ကသိုလ်တွေမှာ အရေးကြီးဆုံးက... "

ကောင်းဖန်းက အသံကို တိုးလိုက်ပြီး...

" ကျင့်စဥ်တွေနဲ့... လျို့ဝှက်စွမ်းရည် တွေပဲ..."

' ကျင့်စဥ်နှင့် လျို့ဝှက်စွမ်းရည်... '

လင်းမို့သည် ဤကမ္ဘာပေါ်တွင် ကျင့်စဥ်အကြောင်း ပထမဆုံးကြားဖူးလိုက်ခြင်းပင် ။ အလယ်တန်း သုံးနှစ်နှင့် အထက်တန်း သုံးနှစ်တွင် လုံးဝ မကြားခဲ့ဘူးပေ ။

" အတန်းကျောင်း တက်နေတယ့်အရွယ်မှာ ခန္ဓာကိုယ် အပြည့်အဝ မဖွံ့ဖြိုးသေးတော့ ကျင့်စဥ်နဲ့ လျို့ဝှက်စွမ်းရည်ကို မလေ့ကျင့်ဖို့ တင်းတင်းကျပ်ကျပ် တားမြစ်ထားသည်... အဲ့တာကြောင့် ကိုယ်လက် လေ့ကျင့်ခန်းတွေပဲ သင်ပေးကြတာ... "

ကောင်းဖန်းသည် လင်းမို့ ရှုပ်ထွေးနေသည်ကို မြင်လျှင် ရှင်းပြလိုက်၏ ။

" မင်း တက္ကသိုလ်ရောက်ရင်... မင်းနဲ့ ကိုက်ညီတယ့် ကျင့်စဥ် ရှာပြီးရင် လက်သီးပြင်းအား တိုးနှုန်း မြန်လာလိမ့်မယ်... လျို့ဝှက်စွမ်းရည်ကတော့ မင်းရဲ့ တိုက်ခိုက်ရေးစွမ်းရည်ကို မြှင့်တင်ပေးနိုင်တယ်... "

" အထောက်အပံ့... ဆရာ... ကျင့်စဥ်... လျို့ဝှက်စွမ်းရည်တွေက သိုင်းလမ်းစဥ်မှာ မရှိမဖြစ်ပဲ... အဲ့တာတွေမရှိရင် သိုင်းလမ်းစဥ်ကို လျောက်တဲ့နေရာမှာ ပိုပြီးခက်လိမ့်မယ်... "

" ထိပ်တန်း တက္ကသိုလ်တွေရဲ့ အားသာချက် က တစ်ခုနဲ့ တစ်ခုမတူဘူး... မင်းရဲ့လိုအပ်ချက်နဲ့ ကိုက်ညီတာကို သေချာရွေးရမယ်... "

' ငါ့လိုအပ်ချက်လား...'

လင်းမို့ စဥ်းစားကြည့်လိုက်သည် ။ အထောက်အပံ့လော... ဆရာလော...ကျင့်စဥ်လော ... လျို့ဝှက်စွမ်းရည်လော... ။ သူ တစ်ခုမှ အရေးကြီးသည်ဟု မထင်မိ ။

သေချာစဥ်းစားကြည့်တော့မှ သူအလိုအပ်ဆုံးမှာ တက်ကြွအမှတ်များသာဖြစ်သည် ။

ကောင်းဖန်းသည် လင်းမို့ အတွေးနက်နေသည်ကိုနြင်လျှင် ဆက်ရှင်းပြလိုက်၏ ။

" ဥပမာကွာ... ချင်မူ တက္ကသိုလ်ဆိုရင် ရှားနိုင်ငံရဲ့ နံပါတ်တစ် တက္ကသိုလ်ပဲ... အကောင်းဆုံးဆရာတွေရှိတယ်... ရှားနိုင်ငံရဲ့ ထိပ်တန်းကျွမ်းကျင်သူ အများစုက ချင်မူတက္ကသိုလ်မှာ ဧည့်ပါမောက္ခ အဖြစ် အလုပ်ဝင်လုပ်နေကြတယ်... "

" ကျင့်ဒူ တက္ကသိုလ်ဆိုရင် ကျင့်စဥ်နဲ့ လျို့ဝှက်စွမ်းရည်နဲ့....... "

" ခဏ..."

လင်းမို့က ရုတ်တရပ် ဖြတ်ပြောလိုက်ပြီး...

" ဘယ်တက္ကသိုလ်က သင်ကြားမှုပုံစံ အကောင်းဆုံးလဲ... "

" ပုံစံ..."

ကောင်းဖန်း နားမလည် ။

" အဲ့တာက... ဘယ်တက္ကသိုလ်က ပြိုင်ဆိုင်မှု အပြင်းထန်ဆုံးနဲ့ အတက်ကြွဆုံးလဲ... "

လင်းမို့ ရှင်းပြလိုက်သည် ။

" အော်..."

ငွေလအဆင့် ဖြစ်သော ကောင်းဖန်းက အံ့သြ သွားပြီး လင်းမို့ကို ပို၍ လေးစားသွားသည် ။

တခြားသူများ တက္ကသိုလ်ရွေးလျှင် အရင်းအမြစ်များသာ အဓိက ထားကြသော်လည်း လင်းမို့က ပြိုင်ဆိုင်မှု အများဆုံးနှင့် အတက်ကြွဆုံးကို ရွေးချင်သည် ။ အကြောက်အလန့်ကင်းသော တက်ကြွနေသော စိတ်ဓာတ် နှင့် ခိုင်မာသော ယုံကြည်မှုက ကောင်းဖန်း၏ လေးစားမှုနှင့် ထိုက်တန်ပေ၏ ။

' စာမေးပွဲမတိုင်ခင် ကြယ်တစ်ပွင့် သိုင်းပညာရှင် ဖြစ်လာတာ မဆန်းဘူး... '

ကောင်းဖန်း သက်ပြင်းချလိုက်မိသည် ။ လင်းမို့ မည်သည့်အတွက် အောင်မြင်လာ​မှန်း သူနားလည်သွား၏ ။

ကောင်းဖန်း ဂျင်ရုံအတွင်းသို့ ကြည့်လိုက်မိသည် ။ ဟောက်ရန်က ချွေးတလုံးဖြင့် အံကြိတ်ကြိုးစားနေသော်လည်း သူမကျေနပ်တော့ ။ ကြည့်လေ ဒေါသထွက်လေပင် ။

' ဒီည အိမ်ပြန်ရောက်ရင် နာနာရိုက်ပြီး သူ့ကို လင်းမို့ဆီက သင်ဖို့ပြောရမယ်... "

ကောင်းဖန်း ဆုံးဖြတ်လိုက်၏ ။

ဟောက်ရန်သာ သူ့အဖေ၏ အတွေးကိုသိလျှင် သေအောင်ငိုပေလိမ့်မည် ။ ကြိုတင်ပြင်ဆင်မှုအတန်းတွင် သူသေသည်အထိ နေ့တိုင်း ကြိုးစားနေသော်လည်း လင်းမို့က အပြင်တွင် အသားကင် စားနေခဲ့သည် ။ လင်းမို့ဆီက မည်သည့်အရာကို သူသင်ရမည်နည်း ။

" မင်းမေးခွန်းက... "

ကောင်းဖန်း ခဏကြာအောင် စဥ်းစားကြည့်သော်လည်း အဖြေရှာမရပေ ။

" ငါမသိဘူး... ဘယ်သူမှလဲ သိမယ်မထင်ဘူး... ငါပြောနိုင်တာကတော့ အကုန် ​အစွမ်းကုန် ကြိုးစားကြတယ့် သူတွေကြည့်ပဲ... "

" ဟုတ်ကဲ့ပါ... "

လင်းမို့လည်း ထိုမေးခွန်းက အဖြေရရန်မလွယ်မှန်း သိလိုက်သည် ။

ထိပ်တန်း တက္ကသိုလ်များသို့ တက်ရောက်နိုင်သည့် ကျောင်းသားအားလုံး တက်ကြွဘုရင် များသာဖြစ်ကြသည် ။

ထိပ်တန်းတက္ကသိုလ်ဆိုသည်က တက်ကြွ ဘုရင်များ စုစည်းပေးထားသော နေရာတစ်ခုပင် ။

တက္ကသိုလ်များ၏ ယေဘူယျအချက်အလက်များ သိပြီးနောက် လင်းမို့တွင် မေးစရာ မရှိတော့ချေ ။ စားလိုက် သောက်လိုက် စကားပြောလိုက်နှင့် အချိန်ကုန်သွားသည် ။

သိုင်းပညာရှင်များ၏ ကိုယ်ခန္ဓာ ကြံ့ခိုင်မှုကြောင့် မူးရန်မလွယ် ။ မမူးသော်လည်း ရီဝေဝေ ဖြစ်နေသည် ။ တစ်ယောက်နှင့် တစ်ယောက် မြှောက်ပင့် ပြောဆို နေကြ၏ ။

ကောင်းဖန်းက လင်းမို့၏ ပါရမီနှင့် အကန့်အသတ်မရှိသော အနာဂတ်ကို ချီးကျူးပြီး ကျန်းနန်စီရင်စုတွင်သာမက ရှားတစ်နိုင်ငံလုံး၏ ထိပ်တန်း သခင် ဖြစ်လာမည်ဟု အာမခံနေ၏ ။

လင်းမို့ကလည်း ကောင်းဖန်း၏ သားအပေါ်ဂရုစိုက်မှုနှင့် အိမ်ရောင်းပေးခဲ့သည်ကို ပြန်၍ ချီးကျူး နေသည် ။

ကောင်းဖန်းက လက်ယမ်းလိုက်ပြီး...

" အဲ့အိမ်ငါးဆယ်က ငါ့ပိုင်ဆိုင်မှုထဲက သေးသေးလေး ... လက်ထဲ ငွေသားမရှိလို့ အိမ်ရောင်းပြီးပေးလိုက်တာ... ကြီးမားတဲ့ ဖခင်မေတ္တာလို့ ပြောလို့မရဘူးလေ... "

" အာ... "

' အိမ် ငါးဆယ်က ပိုင်ဆိုင်မှုထဲက သေးသေးလေးလား...

'

' ဒါကို ကြားရင် ဒေါသမထွက်မည့်သူ ရှိမလား...'

သူတို့ နှစ်ဦး ပျော်ရွှင်စွာ လေပန်းကြပြန်သည် ။ သောက်လိုက် လေပန်းလိုက်နှင့် နောက်ဆုံး ပုလင်းကုန်မှ အသောက်ရပ်သွားကြသည် ။

သူတို့ မမူးသေးသော်လည်း ရီဝေဝေ အဆင့်ထက်တော့ ကျော်သွားကြသည် ။

" လင်းမို့....."

ကောင်းဖန်းက ရုတ်တရပ် အော်လိုက်၏ ။

" မင်းနဲ့ငါက ဒီနေ့မှ စကားပြောဖူးတာဆိုပင်မယ့် သူငယ်ချင်းဟောင်းတွေနဲ့ တူတယ်... ငါတို့ ဘာလို့ သွေးသောက်ညီအကို မလုပ်တာလဲ... "

" အမ်... "

လင်းမို့ လန့်သွား၏ ။ သူစိတ်ဝင်စားသော်လည်း ဟောက်ရန်ကို နိမ့်ချသလိုဖြစ်မည်ဆိုးသည် ။

" ဒါပင်မဲ့ ဟောက်ရန်က ကျွန်တော့ညီလေ... "

လင်းမို့က အလျင်အမြန်ပြောလိုက်သည် ။

" အဆင်ပြေတယ်... ငါစဥ်းစားထားပြီးသား..."

ကောင်းဖန်းက ယုံကြည်မှုရှိရှိဖြင့်...

" မင်းက ဟောက်ရန်ကို ညီလေးလို့ခေါ်လို့ရတယ်... ဟောက်ရန်က မင်းကို ဦးလေးလို့ ခေါ်လို့ရတယ်... အဲ့တာ အဆင်မပြေဘူးလား..."

" အင်း... အဆင်ပြေသလိုပဲ... "

လင်းမို့ မျက်ခုံးပင့်လိုက်၏ ။

ဝိုင်နောက်ဆုံးတစ်ခွက်စီ ကျန်သဖြင့် ရိုရှင်းသော ကတိသစ္စာပြုပွဲကို ဖန်းတီးလိုက်ကြသည် ။

" ညီလေး... "

ကောင်းဖန်းက လင်းမို့၏ ပခုံးကို ပုတ်ကာ ဝိုင်ကို မော့သောက်လိုက်သည် ။

" အကိုကြီး..."

လင်းမို့လည်း မော့သောက်လိုက်သည် ။

" ညီလေး..."

ကောင်းဖန်းက ဖန်ခွက်ကို ချကာ လင်းမို့၏ ပခုံးပေါ် လက်တစ်ဖက်တင်၍ ခေါ်လိုက်၏ ။

" ပြောပါ အကိုကြီး... "

လင်းမို့ကလည်း နာခံစွာ ပြန်ဖြေလိုက်သည် ။

" မင်းရဲ့ ခွန်အားနဲ့ဆို ရှားနိုင်ငံက ထိပ်တန်းတက္ကသိုလ်တွေက ဝိုင်းလုနေကြမှာ... သူတို့ တက္ကသိုလ်ကို ဝင်မယ်ဆိုရင် မင်းနောက်ထပ်အခွင့်အရေးတွေ ထပ်တောင်းလို့ရတယ်... "

လင်မို့ ခေါင်းညိတ်လိုက်သည် ။ သူသင်ယူခဲ့ရပေပြီ ။ သူအရင်က မသိခဲ့ပေ ။

ထိုမှသာ ကောင်းဖန်းက သူ့ရည်ရွယ်ချက်အမှန်ကို ထုတ်ပြောလိုက်၏ ။

" ငါ့ညီကောင်းလေး... မင်းမှာ တူလေးရှိသေးတယ်... မင်းတူလေးရဲ့ အရည်အချင်းနဲ့ဆို သူ ထိပ်တန်းတက္ကသိုလ်ကို တက်နိုင်မှာ မဟုတ်ဘူး... "

Chapter 62

~

All Chapters