← Chapters

နံပါတ် ၄၇

Vol. 5 Ch. 67

နံပါတ် ၄၇

Vol. 5 Ch. 67

~

" ငါ့လက်သီးပြင်းအားတိုးလာတာနဲ့... တိုက်ခိုက်ရေးစွမ်းရည်ပါ တိုးလာသလိုပဲ... "

ဤသည်က လင်းမို့အထင်မဟုတ် ။

လင်းမို့သည် လွန်ခဲ့သော သုံးရက်က တိုက်ခိုက်ရေးစွမ်းရည်အဆင့်၄ သို့ရောက်ခဲ့၏ ။ အဆင့်၄ သို့ရောက်ပြီးနောက်ပိုင်း အဆင့်တက်ရန် ပို၍ ခက်ခဲလာလေသည် ။ တနေ့ညက ဟော့ပေါ့နှင့် အကင် ပေါင်းစပ်တိုက်ကွက် ထုတ်သုံးခဲ့သော်လည်း အဆင့်၄ အလယ်ဆင့်သို့ မရောက်ခဲ့ချေ ။

မနေ့ညက ကြိုတင်ပြင်ဆင်မှုအတန်း၏ တက်ကြွအညွန်းကိန်းမှာ အရင်ညနှင့် တူသော်လည်း လင်းမို့၏ တိုက်ခိုက်ရေးစွမ်းရည်မှာ အဆင့်၄ အစပိုင်းမှ နောက်ပိုင်းအဆင့်အထိ အလယ်ဆင့်ကို ကျော်လွန်၍ တိုးတက်လာခဲ့သည် ။

သိထားရမည်မှာ တိုက်ခိုက်ရေးစွမ်းရည် အဆင့်မြင့်လာတိုင်း တိုးတက်ရန် ပိုရခက်ခဲလာသည်ကိုပင် ။

အဆင့် ၄ အလယ်ဆင့်မှ နောက်ပိုင်းအဆင့်သို့ တိုးတက်သည်က အဆင့်၄ အစပိုင်း မှ အလယ်ဆင့်သို့ တိုးတက်သည်ထက် ပို၍ ခက်ခဲပေသည် ။

အရင်ရက်က လင်းမို့၏ တိုက်ခိုက်ရေးစွမ်းရည် တိုးတက်နှုန်းမှာ ပုံမှန် မဟုတ် ။ သူထင်ထားသည်ထက် ပို၍မြန်နေလေသည် ။

ထို့ကြောင့် လင်းမို့သည် သူ၏တိုက်ခိုက်ရေးစွမ်းရည် အဆင့်တက်နှုန်းမြန်လာသည်မှာ လက်သီးပြင်းအား အများကြီးတိုးလာသည်ကြောင့်ဟု ခန့်မှန်းမိလိုက်၏ ။

လက်သီးပြင်းအား တိုးတက်နှုန်းကို စနစ်မျက်နှာပြင်တွင်မြင်နေရသော်လည်း တိုက်ခိုက်ရေးစွမ်းရည် တိုးတက်နှုန်းကို မပြသဖြင့် သူခန့်မှန်းရုံသာ တက်နိုင်သည် ။

' ဘာပြသနာမှ မဖြစ်ရင်... ဒီနေ့ည ငါ့တိုက်ခိုက်ရေးစွမ်းရည်က အဆင့်၄ အထွတ်အထိပ်ကို ရောက်မယ်ထင်တယ်...'

ဤအဆင့်ကို အထက်တန်းကျောင်းရှိ ကျောင်းသားများသာမက အထူးပျိုးထောင်ခြင်းခံရသော ပါရမီရှင်များပါ ရောက်ကြမည်မဟုတ် ။

ရှားနိုင်ငံတွင်ပါမက ဂြိုလ်ပြာတစ်ခုလုံးတွင်ပင် မရှိနိုင်ပေ ။

ဂြိုလ်ပြာတစ်ခုလုံးတွင် စာမေးပွဲ မတိုင်ခင် အဆင့်၄ နောက်ပိုင်းအဆင့်သို့ ရောက်ဖူးသည့်ပါရမီရှင် မရှိခဲ့ဘူးချေ ။

" သွားမယ်... ဂျင်ရုံကို သွားမယ်... "

ကျောင်းဆင်းသည်နှင့် လင်းမို့သည် ဂျင်ရုံသို့ ပြေးရန် ပြင်လိုက်၏ ။

" အကိုမို့... အကိုမို့... "

ဟောက်ရန်က နောက်မှ ဖမ်းဆွဲထားသည် ။

" ငါ ဂျင်ရုံကို မသွားတော့ဘူး... ဝင်ခွင့်ရပြီးသားကို... ငါ ဂျင်ရုံကိုသွားပြီး ဘာလုပ်ရမှာလဲ... " ( အသက်မကွာလို့ ကျွန်တော် မသုံးတော့ဘူးဗျ ' ငါ ' နဲ့ပဲ ရေးတော့မယ်... )

လင်းမို့က ရပ်လိုက်ပြီး ဟောက်ရန်ကို လှည့်ကြည့်လိုက်၏ ။ သူမျက်ခုံးပင့်လိုက်သည် ။ သူ ဟောက်ရန်အား သုံး၍ ရမည့်နေရာ စဥ်းစားမိလိုက်လေသည် ။

" ဟောက်ရန်... မင်းမသွားလို့ ရမလားဟ... "

လင်းမို့က လျင်မြန်စွာပြောလိုက်၏ ။

" မင်းနေ့တိုင်းကို သွားရမှာ... "

" ဘာလို့လဲ... ငါ ကြိုးစားစရာ မလိုတော့ဘူးလေ... "

ဟောက်ရန် နားမလည် ။

လင်းမို့၏ မျက်နှာတွင် ရွံစရာ အပြုံးတစ်ခု ပေါ်လာပြီး...

" ဟောက်ရန်... မင်း ဂျင်ရုံအပြင်ကနေ ဟော့ပေါ့နဲ့ အသားကင်... စားမပြချင်ဘူးလား... "

ထိုစကားကို ဟောက်ရန်ကြားလျှင် သူ၏ ကျဥ်းမြောင်းသော မျက်လုံးများမှာ တလက်လက်တောက်ပလာပေသည် ။

' မလုပ်ဘူးလား...'

' မလုပ်လို့ရမလားဟ...'

အရင်ရက်များက ဂျင်ရုံအပြင်မှ လင်းမို့နှိပ်စက်သည်ကို သူနေ့တိုင်း ခံစားခဲ့ရလေသည် ။ လင်းမို့နှင့် နေရာခြင်းလဲနိုင်ရန် သူစိတ်ကူးယဥ်ခဲ့ရသည် ။ ဗိုက်ဆာနေသော ကျောင်းသားများရှေ့တွင် စားသောက်ပြရသည်က အလွန်ပျော်စရာ ကောင်းမည်ပင် ။

ခံစားချက်က အရသာထက် သာနေသည် ။ ဟော့ပေါ့နှင့် အသားကင်၏ အရသာက အရေးမကြီး ။ ဆာလောင်နေသည့် လူအများရှေ့စားပြရမည်က ပို၍ အရသာရှိ၏ ။

" ငါ ဒါကို မေ့တော့မလို့... "

ဟောက်ရန်က သူ့ပေါင်သူ ရိုက်လိုက်ပြီး...

" အကိုမို့ သတိပေးလို့တော်သေးတယ်... "

" ပြီးတော့..."

လင်းမို့က ...

" ထိပ်တန်းတက္ကသိုလ်ဝင်ခွင့် ရထားတာ ဘယ်လို ပျော်စရာကောင်းကြောင်း မင်းအတန်းဖော်တွေကို မပြောတော့ဘူးလား..."

ဟောက်ရန်၏ မျက်လုံးများ ပြူးကျယ်သွားပြီး လင်းမို့ကို ဆွဲ၍ ပြေးတော့သည် ။

" လာအကိုမို့ မြန်မြန်သွားမယ်... ဒီနေ့ည ကျွန်တော်တို့နှစ်ယောက် မူးအောင်သောက်မယ်... "

" မင်းအဖေကို မခေါ်တော့ဘူးလား..."

လင်းမို့က မေးလိုက်၏ ။

" မခေါ်တော့ဘူး... "

ဟောက်ရန်က မစဥ်းစားဘဲ...

" လူကြီးတွေ အနားရှိမှတော့ ဘယ်လိုလုပ် သောက်လို့ကောင်းမလဲ... "

လင်းမို့သည် ပြန်မပြောတော့ဘဲ ဟောက်ရန်ကို အဓိပ္ပါယ်အပြည့်ဖြင့် ကြည့်လိုက်၏ ။

' ငါ က လူကြီး မဟုတ်ဘူးလား...'

ရိုးရိုးသားသား ပြောရလျှင် ဟောက်ရန်က အမုန်းတရားများကို ဆွဲဆောင်နိုင်လွန်းသည် ။

ဟောက်ရန်က ဂျင်ရုံသို့ ရောက်သည်နှင့် အစောရောက်နေသော ဆရာများနှင့် ကျောင်းသားများကို ဆွဲ၍ သူ့အတွေ့အကြုံ ဝေမျှတော့သည် ။

အကျိုးသက်ရောက်မှုက ကောင်းလှပေသည် ။ မှာထားသောအသားကင်နှင့် ဟော့ပေါ့ မရောက်ခင်ပင် တက်ကြွအညွှန်းကိန်းက မြင့်တက်နေပေသည် ။ ဒလီသမား ရောက်လာသောအခါ တက်ကြွအညွှန်းကိန်းက ၁၀၀ ကျော်သွား၏ ။

မြင့်မားလှသော တက်ကြွအညွှန်းကိန်းကြောင့် လင်းမို့ အဆင့်၄ အထွတ်အထိပ်သို့ရောက်ရန် တစ်နာရီသာ ကြာလိုက်သည် ။

' မြန်လိုက်တာ... '

အဆင့်၄ အစပိုင်းတွင် အတွင်းအဂ်ါများ၏ စွမ်းအားကို အသုံးချနိုင်သည် ။ အလယ်ဆင့်တွင် သွေးစွမ်းအားကို အသုံးချနိုင်ပြီး နောက်ဆုံးအဆင့်တွင် ရိုးတွင်းချင်ဆီ စွမ်းအားကို အသုံးချနိုင်သည် ။ အဆင့်၄ အထွတ်အထိပ်သို့ရောက်လျှင် ခန္ဓာကိုယ်တစ်ခုလုံး၏ စွမ်းအားကို အသုံးချနိုင်လေသည် ။

လင်းမို့သည် ကြယ်တစ်ပွင့် သိုင်းပညာရှင်သာ ဖြစ်သေးသော်လည်း တိုက်ခိုက်ရေးစွမ်းရည်အဆင့်၄ အထွတ်အထိပ်ရောက်သွားသောကြောင့် ကြယ်သုံးပွင့်သိုင်းပညာရှင်များနှင် ယှဥ်နိုင်ပေသည် ။

' ဟောက်ရန်က စိတ်ချရတယ်... '

လင်းမို့ က ညီအကိုကောင်း နှင့် တူလေးဖြစ်သူ ဟောက်ရန်အား ကျေနပ်စွာ ကြည့်လိုက်မိသည် ။

' ငါ တက္ကသိုလ်ရောက်ရင်လဲ မင်းကိုပဲ အားကိုးရမှာ...'

" အကိုမို့... "

ဟောက်ရန်သည် လင်းမို့၏ ထူးဆန်းသော အကြည့်ကို သတိမထားမိ ။ သူ မူးနေလေပြီ ။

" မင်း ဘာလို့ နေ့တိုင်းလာနေတာလဲ ငါသိသွားပြီ... "

" မိုက်တယ်မလား..."

လင်းမို့က မေးလိုက်ပြီး...

" တကယ်မိုက်တယ်... "

ဟောက်ရန်က ပြန်ဖြေလိုက်သည် ။

" စာမေးပွဲစဖို့ ဆယ်ရက်တောင်လိုသေးတယ်... အကိုမို့ မင်းကို နေ့တိုင်း ဒီကို ခေါ်လာမယ်... "

လင်းမို့ က ဖိတ်ခေါ်လိုက်၏ ။

" မင်းမလာရင်တောင် ငါလာမှာ... "

ဟောက်ရန်က နေ့တိုင်းလာရန် ဆုံးဖြတ်လိုက်သည် ။

လင်းမို့က ဂျင်ရုံအတွင်းသို့ ကြည့်၍ စိတ်ထဲမှ သက်ပြင်းချ လိုက်မိ၏ ။

' ငါအဆင့် ၄ အထွတ်အထိပ်ရောက်သွားပင်မဲ့... အဆင့်၅ နဲ့ အဝေးကြီးလို့ ခံစားနေရပါလား... '

အဆင့်၄ အထွတ်အထိပ်မှ အဆင့်၅ သို့ချိုးဖျက်ရမည့် ခက်ခဲမှုက အဆင့်၁ မှ အဆင့်၄ အထွတ်အထိပ် ထိ တက်ရသည်ထက် ပို၍ခက်ခဲသည် ။

အဆင့်၄ သာမန်လူသား များထက် များစွာကျော်လွန်နေသော်လည်း လူသားအဖြစ်သတ်မှတ်နိုင်သေးသည် ။ အဆင့်၅ သို့ရောက်လျှင် လူသားဖြစ်တည်မှုထက် ကျော်လွန်သွားပေမည် ။

' ငါ တိုက်ခိုက်ရေးစွမ်းရန် အဆင့်၅ ကို စာမေးပွဲမတိုင်ခင် ရောက်ရင်ကောင်းမယ်... '

လင်းမို့သည် ဟောက်ရန်ကိုပါ ဆွဲခေါ်ထားသော်လည်း သူယုံကြည်မှုမရှိသေး ။ အဆင့်၅ သို့ ချိုးဖျက်ရသည်က သဘာဝတွင်းနက်ကြီးကို ကျော်ဖြတ်နေရသကဲ့သို့ပင် ။

' ဘာပဲဖြစ်ဖြစ် အိမ်ပြန်ရောက်ရင် ရှေးဦးစကြာဝဠာ ထဲက ​ မျှော်စင်သစ်တောကို သွားပြီး ငါ့ခွန်အားကို စမ်းကြည့်ရမယ်... '

ညသန်းခေါင်ယံ...

ရှားနိုင်ငံရှိ လူသူဝေးသော တောင်တလုံးပေါ်တွင် တောင်တက်ကျောပိုးအိတ်လွယ်ထားသော လူတစ်ရာကျော် ရောက်ရှိနေပေသည် ။

အကုန်လုံး ကောင်းကင်အဆင့်သိုင်းပညာရှင်များ ဖြစ်ကြပြီး ကြယ်လေးပွင့်အောက် မပါဝင်ပေ ။

သိထားရမည်က ကြယ်တစ်ပွင့် အဆင့်သို့ရောက်လျှင် လက်သီးပြင်းအား ၂၀၀၀ ကီလိုမှ ၃၀၀၀ ကီလိုအထိ ရှိမည်ဖြစ်ပြီး ကြယ်နှစ်ပွင့်အဆင့်သို့ရောက်လျှင် ၃၀၀၀ ကီလိုမှ ၅၀၀၀ ကီလိုအထိ ရှိမည်ဖြစ်သည် ။ ကြယ်သုံးပွင့်သို့ ရောက်လိုလျှင် လက်သီးပြင်းအား ၅၀၀၀ ကီလိုအထက် ရှိရမည်ဖြစ်ပြီး အနည်းဆုံး တိုက်ခိုက်ရေးစွမ်းရည် အဆင့်၃ အလယ်ဆင့် သို့ရောက်နေရမည်ဖြစ်သည် ။

ကြယ်လေးပွင့် သိုင်းပညာရှင်များမှာ လက်သီးပြင်းအား ၈၀၀၀ ကီလိုအထက် ကျော်လွန်၍ အနည်းဆုံး တိုက်ခိုက်ရေးစွမ်းရည် အဆင့်၃ နောက်ဆုံးအဆင့် သို့ရောက်နေရမည်ဖြစ်သည် ။

ကြယ်လေးပွင့် များအား ထိပ်တန်းအဆင့်ကျွမ်းကျင်သူဟု မသတ်မှတ်ထားသော်လည်း လူသူမနီးသောနေရာတွင် လူတစ်ရာကျော်စုဝေးနေသည်က ကြောက်စရာကောင်းပေသည် ။

" အကုန်လုံး ပါရမီရှင်စာရင်းကို သေချာကြည့်ပြီး ကြပြီမလား..."

ကြယ်ခြောက်ပွင့် အဆင့် ခေါင်းဆောင်က...

" မင်းတို့ ၁၀၀ လုံးကို နံပါတ်တွေ အကုန်ပေးပြီးသွားပြီ... အဲ့နံပါတ်က မင်းတို့လုပ်ကြံရမယ့် ပါရမီရှင်စာရင်းက နံပါတ်တွေပဲ... မနက်ဖြန်ကြရင် ကိုလုပ်ကြံရမယ့်သူကို နီးကပ်နိုင်ဖို့ နည်းလမ်းရှာကြ ..."

" ဟုတ်... "

" ဟုတ်..."

" ဟုတ်ကဲ့ပါ..."

လုပ်ကြံသူများက ပြန်ဖြေလိုက်ကြသည် ။

" မင်းတို့ကို ရှားနိုင်ငံထဲ ခိုးသွင်းလာရတာ လွယ်တာမဟုတ်ဘူး...."

ခေါင်းဆောင်က...

" မင်းတို့ မှတ်ထားရမှာက မင်းတို့ ပါရမီရှင်တွေကို သတ်နိုင်ဖို့ အစွမ်းကုန် ကြိုးစားရမယ်... လိုအပ်ရင် အသက်ကို ရင်းလုပ်... နားလည်ကြလား..."

" နားလည်ပါတယ်... "

" ဒီနေ့ကို စောင့်​​နေတာ ကြာပါပြီ..."

လုပ်ကြံသူများက တစ်ယောက်ပြီးတစ်ယောက် အော်လိုက်ကြ၏ ။ လူသူမနီး၍ တောနက်ထဲမှ တောင်ဖြစ်သဖြင့် ရှာတွေ့မည်ကို မကြောက်ကြ ။

" ခေါင်းဆောင်... "

ရုတ်တရပ် အနက်ရောင်ဝတ်စုံ ဝတ်ဆင်ထားသော လုပ်ကြံသူတစ်ယောက်က လက်ထောင်ပြီး...

" မေးစရာရှိလို့ပါ... "

" မေး...."

ခေါင်းဆောင်က အေးစက်စွာ ပြောလိုက်၏ ။

လုပ်ကြံသူက ကိုင်ထားသော နံပါတ် ၄၇ ကိုထောင်ပြပြီး...

" ကျွန်တော်က Black Earth ကို သတ်ရမှာ... Black Earth က ဘယ်သူလည်း... သူ့ကို ဘယ်သွားရှာရမှာလည်း... "

Chapter 68

~

All Chapters