← Chapters

နတ်ဘုရားမျော်စင်

Vol. 5 Ch. 68

နတ်ဘုရားမျော်စင်

Vol. 5 Ch. 68

~

" အင်း... "

ခေါင်းဆောင်က ဘာပြန်ဖြေရမှန်းမသိ ။

' Black Earth ကဘယ်သူလဲ '

လုပ်ကြံသတ်ဖြတ်သူ အဖွဲ့မပြောနှင့် ရှားတစ်နိုင်ငံပင် သိသူမရှိပေ ။ Black Earth ကို သိသူမှာ ရှေးဦးစကြာဝဠာ ကို အလုံးစုံထိန်းချုပ်ထားသော ဒဏ္ဍာရီထဲမှ ပုဂ္ဂိုလ်ကြီး တစ်​ယောက်သာရှိသည် ။

ဤသည်က အဆင်မပြေသော အခြေအနေတစ်ခုပင် ။ ပစ်မှတ်မရှိသော လုပ်ကြံသူက မည်သို့ လုပ်ကြံရပါမည်နည်း ။

" Black Earth က ဘယ်သူလဲ ငါလဲမသိဘူး... ဒါပင်မဲ့ အရေးမကြီးပါဘူး ..."

ခေါင်းဆောင်က တည်ငြိမ်စွာဖြင့်...

" ပါရမီရှင်တွေကို လုပ်ကြံတာ တစ်နှစ်ကို တစ်ယောက်နှစ်ယောက် သတ်နိုင်ရင်ကို ကံကောင်းနေပြီ... Black Earth တစ်ယောက်လျော့တာ ဘာမှ မဖြစ်ဘူး... "

ဤလုပ်ကြံသတ်ဖြတ်သူများက ညသန်းခေါင်ယံ တောနက်ကြီးထဲတွင် အစီအစဥ်ကြီးလုပ်ရန် စုဝေးနေသည်ကို ကြည့်၍ ကျွမ်းကျင်သူများဟု ထင်ရသော်လည်း နှစ်တိုင်း တူညီသောသူ များသာဖြစ်သည် ။

လုပ်ကြံသတ်ဖြတ်သူ အဖွဲ့အစည်းတစ်ခု ဖြစ်သော်လည်း သူတို့ကိုသူတို့ တောင်တက်သမားများဟုသာ ထင်နေကြလေတော့သည် ။

နှစ်တိုင်း ပါရမီရှင်စာရင်း ထွက်လာချိန်တွင် ဤနေရာတွင် စုဝေး၍ နံပါတ်ပြားဝေလေ့ရှိသည် ။ ပြီးနောက် ခရီးထွက်ရန် လမ်းစရိတ် ရမည်ဖြစ်သည် ။

ရှားနိုင်ငံ၏ ပါရမီရှင်စာရင်းဝင် ပါရမီရှင်များကို သတ်ရန်မှာ မလွယ်ကူလှပေ ။ လွယ်ကူနေလျှင် ရှားနိုင်ငံ သိုင်းဌာနချုပ်က ကြော်ငြာရဲမည်မဟုတ် ။

ထို့ကြောင့် ခေါင်းဆောင်က တစ်ယောက်လျော့သည်ကို ဂရုမစိုက်ခြင်းပင် ။ သူတို့၏ လုပ်ကြံသတ်ဖြတ်မှု အောင်မြင်မှုနှုန်းက အလွန်နိမ့်ပေသည် ။

" မင်း သစ်သားစည် သီအိုရီ ကြားဖူးလား..."

ခေါင်းဆောင်က နံပါတ် ၄၇ ကိုကြည့်၍ သူ ဗဟုသုတ ပြည့်ဝကြောင်း ကြွားလိုက်သည် ။

" စည်ထဲကို ထည့်နိုင်တဲ့ ရေပမာဏက ကာထားတဲ့ သစ်သားရဲ့ အရှည်ဆုံးနေရာအပေါ်မှာ မမူတည်ဘူး... အတိုဆုံးနေရာအပေါ်မှာပဲ မူတည်တယ်... အဲ့လိုပဲ မင်းရဲ့ ပစ်မှတ် Black Earth က ညဏ်ရည်ပါရမီ ကောင်းပင်မဲ့ ခန္ဓာကိုယ်ပါရမီက သုံးစား မရဘူး... အဲ့လိုကောင်မျိုးက ဘာမှ ဖြစ်လာမှာ မဟုတ်ဘူး... လိုက်ရှာမနေနဲ့တော့... "

နံပါတ် ၄၇ က ခဏကြာအောင် စဥ်းစားလိုက်ပြီး...

" ခေါင်းဆောင် ဒါပင်မဲ့ ကျွန်တော် တခြားစည်သီအိုရီကြားဘူးတယ်... အရှည်ဆုံး သစ်သားအပိုင်းက အဆုံးမရှိ ရှည်ရင်... စည်ကို လဲထားလိုက်ရင် ရေအဆုံးမရှိ ဆန့်တယ်တဲ့... "

" အ... "

ခေါင်ဆောင် အံ့သြသွား၏ ။ ဤသည်က သူ၏ ဗဟုသုတကို ကျော်သွားပြီဖြစ်သည် ။ သူ့ ဘေးနားရှိ လူးများကို လက်ယမ်းပြလိုက်ပြီး...

" သူမှားတာသိအောင် အဲ့ကောင်ကို ဝိုင်းရိုက်... "

လင်းမို့သည် Black Earth အဖြစ် သူ့အထောက်အထားကို ဖုံးကွယ်ထားသောကြောင့် သနားစရာ လုပ်ကြံသတ်ဖြတ်သူလေး ဝိုင်းရိုက်ခံ​နေရသည်ကို မသိ ။

ယခုအချိန်တွင် လင်းမို့သည် ရှေးဦးစကြာဝဠာ ထဲတွင် မျှော်စင်သစ်တောကို ဦးတည်၍ သွားနေလေသည် ။

မျှော်စင်သစ်တောတွင် ရာနှင့်ချီသော နတ်ဘုရားမျှော်စင်များ ရှိပြီး တစ်ခုနှင့်တစ်ခု ဝင်ရန် အခြေအနေများ မတူညီကြပေ ။ လောလောဆယ်တွင် လင်းမို့သည် ပါရမီရှင်အသစ်မျှော်စင် ( စတင်သူအဆင့်) တစ်ခုသာ ဝင်လို့ရပေသည် ။

လင်းမို့က ကျန်းနန်စီရင်စု ၏ မျှော်စင်တောအုပ် သို့ရောက်လျှင် ပါရမီရှင်အသစ်​မျှော်စင်၏ မိတ်ဆက်ကို ဖတ်ကြည့်လိုက်သည် ။

တတိယနှစ်ကျောင်းသားများသာ ပါရမီရှင်အသစ်မျှော်စင်ကို ဝင်လို့ရလေသည် ။ စာမေးပွဲစသည်နှင့် မျှော်စင်သို့ ဝင်၍ ရတော့မည်မဟုတ်ပေ ။ တခြား မျှော်စင်များကဲ့သို့ပင် လေ့ကျင့်ရန်နှင့် စိန်ခေါ်ရန် ရွေးချယ်စရာ နှစ်ခု ရှိသည် ။

လေ့ကျင့်ရန်မှာ အကန့်အသတ်မရှိ ဝင်လို့ရပြီး ရလဒ်ကို အဆင့်သတ်မှတ်ပေးမည်မဟုတ်ပေ ။

စိန်ခေါ်ရန် မှာ တစ်ကြိမ်သာ ဝင်၍ ရပြီး အဆင့်သတ်မှတ်ချက်ထဲတွင် ဖော်ပြပေးသည် ။ မျှော်စင်အားလုံး အတူတူပင်ဖြစ်သည် ။

ပါရမီရှင်အသစ်မျှော်စင်တွင် သမိုင်းအဆင့်နှင့် နှစ်စဥ်အဆင့်ဟူ၍ အဆင့်သတ်မှတ်ချက် နှစ်ခုရှိ၏ ။ နာမည် ရာဂဏန်း ဖော်ပြထားသည် ။

လင်းမို့က သမိုင်းအဆင့်ကို အရင်ကြည့်လိုက်သည် ။

' သမိုင်းတစ်လျောက်လုံး အမြင့်ဆုံး အဆင့်က ၇၂ ထပ်.... အထပ် ၇၀ ကျော်နိုင်တာက လူ ၆၀ လောက်ရှိတယ်... ကျန်တာအားလုံးက 69 ထပ် အောက်မှာပဲ... '

လင်းမို့သည် စာရင်းဝင်သူများ၏ နာမည်ဘေးတွင် ချန်ထားခဲ့သော စာများကို မြင်လိုက်ရသည် ။

အဆင့်၁ ... တင်းရီ ( ငါပထမ)

အဆင့်၂ ... Ultimate King ( ငါပထမ)

...

စာကြောင်းအနည်းငယ်ဖတ်ပြီးမှ လင်းမို့ နားလည်သွား၏ ။

' ခေတ်အဆက်ဆက် တစ်ယောက်ပြီးတစ်ယောက် ကျော်တက်သွားတာထင်တယ်... '

' စိတ်ဝင်စား စရာပဲ .... ငါလဲ စာချန်ခဲ့ရမယ်... '

လင်းမို့သည် သူချန်ခဲ့မည့်စကားကို စဥ်းစားထားပြီးဖြစ်သည် ။ သူမာနကြီးပြ ရပေမည် ။

သူ နှစ်စဥ် အဆင့် ကို ဖတ်မိမှသာ သမိုင်းအဆင့်က အများကြီးမြင့်နေမှန်း သိလိုက်ရသည် ။ နှစ်စဥ်အဆင့်တွင် အထပ် ၆၀ ကျော်သူ တစ်ယောက်မှ မရှိဘဲ ၅၀ ကျော်သူ သုံးယောက်သာရှိသည် ။ အမြင့်ဆုံးမှာ ၅၆ ထပ်သာ ရှိ၏ ။

" အဲ့လောက် ညံ့လားဟ... "

လင်းမို့ အာမေဋိတ်သံ ထွက်သွားသည် ။ သူသေချာစဥ်းစားကြည့်မှ နားလည်သွား၏ ။

သမိုင်းအဆင့်တွင် နာမည်ဝင်သူများမှာ နှစ်များစွာအတွင်း ထိပ်တန်းပါရမီရှင်များ ဖြစ်ပုံရသည် ။ ယခုနှစ်ခု စာရင်းမှာ စာမေးပွဲဖြေရန် ဆယ်ရက်လိုသေးသဖြင့် ပါရမီရှင်များ လာသေးပုံမပေါ်ချေ ။

ဥပမာဆိုရလျှင် လင်းမို့လည်း ယခုမှသာ ရောက်လာခြင်းဖြစ်သည် ။

' နတ်ဘုရားမျှော်စင်တွေရဲ့ စည်းမျဥ်းက ရိုးရိုးလေးပဲ... အထပ်တိုင်းမှာ ရန်သူကို သတ်နိုင်ရင် ငါနောက်တစ်ထပ်ကို ရောက်မှာပဲ... အထပ်များများ တက်နိုင်ရင် အဆင့်ဝင်ပြီ... '

လင်းမို့ အကြမ်းဖျဥ်း နားလည်သွားသည် ။

' လေ့ကျင့်ရန်ကို ဘာလို့ဝင်မှာလဲ... အချိန်ကုန်တယ်... တခါတည်း စိန်ခေါ်မှ ...'

အထဲသို့ ဝင်လိုက်သည်နှင့် လင်းမို့ ဆွံ့အသွား၏ ။ သူ မျှော်စင်မှ အသိပေးချက်ကို ကြားလိုက်ရသည် ။

" ရှေးဦးစကြာဝဠာ ကစားသမား Black Earth စိန်ခေါ်မှုစတင်ပြီ ဖြစ်ကြောင်း သတိပြုပါ... သင် လက်နက်သယ်ဆောင်လာခြင်း မရှိသဖြင့် လက်ဗလာနှင့်သာ တိုက်ခိုက်နိုင်ပါသည် ... ကျေးဇူးပြု၍ ဂရုစိုက်ပါ... "

' နတ်ဘုရား​ မျှော်စင်တွေမှာ လက်နက်လိုတယ်လား...'

လင်းမို့ ရှုပ်ထွေးသွား၏ ။

' ဒီလောက်အရေးကြီးတာကို စည်းမျဥ်းမှာ သတိပေးထားလိုက်ပါလားဟ... '

ဤသည်က လူတိုင်းသိသည့် အကြောင်းအရာသာ ဖြစ်သော်လည်း လေ့ကျင့်ရန် မဝင်မိသည့် သူ့အပြစ်သာဖြစ်သည် ။

" မတက်နိုင်ဘူး... လက်ဗလာနဲ့ပဲ ကြုံးရတော့မယ်... "

စိန်ခေါ်ရန်က တစ်ကြိမ်သာ ဝင်ခွင့်ရသဖြင့် ပြန်ထွက်၍မရတော့ ။ သူ့လက်နှင့်သာ တိုက်ခိုက်ရပေတော့မည် ။

ရှေးဦးစကြာဝဠာ...

ပါရမီရှင်လူသ​စ်မျှော်စင် ကျင့်ဒူမြို့...

ပါရမီရှင်အသစ်မျှော်စင် တွင် လူတစ်ဦး စိန်ခေါ်ရန် ပြင်နေသည် ။ လင်းမို့၏ ပြိုင်ဘက်ဟောင်း စိတ်စွမ်းအားရှင် ကျိုးချင်ဖုန်းပင် ။

လင်းမို့နှင့် မတူပဲ ကျိုးချင်ဖုန်းက လက်နက်အပြည့်အစုံ တပ်ဆင်ထားသည် ။ သူ့မျက်လုံးထဲတွင် ယုံကြည်မှုများ ပြည့်နှက်နေ၏ ။

' ငါ ကျိုးချင်ဖုန်း ပါရမီရှင်စာရင်းမှာ ထိပ်တန်းဆယ်ယောက်ဝင်နိုင်တယ်ဆိုတာ အလုပ်နဲ့သက်သေပြမယ်... '

ကျိုးချင်ဖုန်းသည် သူအဆင့် ၁၈ ရခဲ့သည်ကို မကျေနပ် ။ သူတစ်ညလုံး လေ့ကျင့်ရန်တွင် ကစားပြီး ပြင်ဆင်ထားလေသည် ။ သူ စိန်ခေါ်ရန် တွင် အဆင့်အမြင့်ဆုံး ရအောင်ကြိုးစားပြီး တစ်နိုင်ငံလုံးသိအောင် သက်သေပြရပေမည် ။

ကျိုးချင်ဖုန်းက တိုက်ရိုက်ထုတ်လွှင့်မှုကို စတင်လိုက်သည် ။

Chapter 69

All Chapters