← Chapters

အပ်လူသား ~

Vol. 5 Ch. 69

အပ်လူသား ~

Vol. 5 Ch. 69

မျှော်စင်၏ ပထမထပ်တွင် အလွတ်ဖြစ်နေသည် ။

လင်းမို့၏ ပုံရိပ်မှာ လေထုထဲမှ ထွက်ပေါ်လာသည် ။

' လက်သီးပြင်းအား ၁၂၀၀ ကီလိုမှာ ကန့်သတ်ထားတာပဲ... '

လင်းမို့ သူ၏ ပုံရိပ်ယောင် ခန္ဓာကိုယ်ကို စစ်ဆေးကြည့်လိုက်သည် ။

' လူသစ်ကွင်းလိုပဲ... တိုက်ခိုက်ရေးစွမ်းရည် တိုးတက်ဖို့နဲ့ တိုက်ပွဲအတွေ့အကြုံရဖို့... '

မတူညီသည်မှာ လူသစ်ကွင်းတွင် ကစားသမားချင်း ချရသော်လည်း ယခုနေရာရှိ ပြိုင်ဘက်များမှာ ရှေးဦးစကြာဝဠာ မှ ဖန်းတီးထားသော ရုပ်သေးများပင်ဖြစ်သည် ။

" ဝှစ်.... "

ဓားတို ကိုင်ထားသော သူခိုးတစ်ကောင် ​ပေါ်ထွက်လာသည် ။

ရုပ်သေး ဖြစ်သော်လည်း သူ၏ မျက်လုံးများက အသက်ဝင်နေ၏ ။ သူက လင်းမို့ကို မြင်သည်နှင့် ချက်ချင်း ပြေးဝင်တိုက်ခိုက် လိုက်သည် ။

ပြိုင်ဘက်၏ လူသတ်ချင်သည့်အော်ရာ ဖိအားကြောင့် လင်းမို့ တည်ငြိမ်သွားသည် ။

လက်သီးပြင်းအားချင်း တူသော်လည်း လင်းမို့က တိုက်ခိုက်ရေးစွမ်းရည် အဆင့်၄ ရောက်နေသဖြင့် သူ့ပြိုင်ဘက်ထက် များစွာ အားကောင်းသည် ။

" ဝှစ်... "

သူခိုးက ဓားတိုနှင့် အားကုန်ပြေးထိုးလိုက်သည် ။ လင်းမို့က မရှောင်ဘဲ လက်ကိုမြှောက်၍ သူခိုး၏ လက်ကောက်ဝတ်ကို လှမ်းဆွဲလိုက်၏ ။ ( သူခိုးက MMORPG Game တွေထဲ ဇာတ်ကောင်တွေလို ပုံစံ)

" အာ့..."

သူခိုးက လက်ကို သံမဏိကြိုးနှင့် ချည်ခံလိုက်သလို ခံစားလိုက်ရသည် ။ သူရုန်းသော်လည်း မရ ။

" သေစမ်း..."

လင်းမို့က လက်ကို အားထည့် ဆုပ်လိုက်သည် ။

သူခိုးက လက်နာသွား၍ ဓားကို လွှတ်ချလိုက်သည် ။

လင်းမို့က ဓားကို ဖမ်းလိုက်ပြီး သူခိုး၏ လည်မျိုကို ဖြတ်လိုက်သည် ။ ပထမထပ် ပြီးဆုံးသွား၏ ။

' သူ့ တိုက်ခိုက်ရေးစွမ်းရည်က အဆင့် ၂ အစပိုင်း ပဲရှိတယ်... ဟောက်ရန်တောင် အေးဆေးနိုင်တယ်... '

လင်းမို့ အားမစိုက်လိုက်ရ ။

' ငါ လက်နက်ရပြီ... '

' လက်နက်ယူဖို့ မေ့ခဲ့လဲ ဘာဖြစ်လဲ...လုလိုက်ရုံပဲ... '

ပြီးနောက်...

ဒုတိယထပ်တွင် လက်ဗလာနှင့် လင်းမို့ ဆွံ့အနေပြန်သည် ။

' ချီးးး... ငါ့ဓားပြန်ပေး... '

ရင်းနှီးနေသော မျှော်စင်၏ သတိပေးချက်ကို လင်းမို့ တဖန်ပြန်၍ ကြားလိုက်ရပြန်သည် ။

နောက်အထပ်သို့ ရောက်တိုင်း အကုန်အစက ပြန်စပေးမည်ဖြစ်သည် ။

ဒဏ်ရာများကို ကုသပေးမည်ဖြစ်ပြီး ကုန်ဆုံးသွားသော စွမ်းအင်များကိုလည်း ပြန်၍ ဖြည့်တင်းပေးသည် ။ ထို့ကြောင့် သူမျှော်စင်သို့ ဝင်ခါစ အခြေအနေအတိုင်း ပြန်ရောက်သွားသဖြင့် ဓားပျောက်သွား၏ ။

' ကြည့်ရတာ ငါ့လက်ပဲ သုံးရတော့မယ်ထင်တယ်... '

ဒုတိယအထပ်၏ ပြိုင်ဘက်က ပေါ်လာသည် ။ ကီလိုရာဂဏန်းလေးသော လက်နှစ်ဖက်ကိုင် သံတူကြီး ကိုင်ထားသော ရှေးခေတ်စစ်သူကြီး တစ်ယောက်ပင် ။

စစ်သူကြီးက ပြေးဝင်လာလျှင် လင်းမိုက လက်သီးတစ်လုံးကျွေးလွှတ်လိုက်၏ ။

ဒုတိယထပ် အောင်မြင်သွားသည် ။

ပါရမီရှင်လူသစ် မျှော်စင်သို့ ကျိုးချင်ဖုန်းက လင်းမို့ထက်အရင် စော၍ ဝင်သွားခြင်းဖြစ်သည် ။

စိတ်ပညာရှင် တစ်ယောက်ဖြစ်သဖြင့် ကျိုးချင်ဖုန်းသည် ပါရမီရှင်များထဲတွင်ပင် ထင်ပေါ်သူတစ်ယောက်ဖြစ်၏ ။ ထို့ကြောင့် ပါရမီရှင်စာရင်းထွက်လာသောအခါ ကျိုးချင်ဖုန်း၏ အဆင့်က လူပြောစရာ ဖြစ်သွားသည် ။ သူ့အကြောင်းကို နေရာတိုင်းတွင် ငြင်းခုံနေကြလေသည် ။

ကျိုးချင်ဖုန်း တိုက်ရိုက်ထုတ်လွှင့်မှု စလိုက်သည်နှင့် ချက်ချင်း ကြည့်ရှုသူ သန်းချီ၍ ရောက်လာသည် ။

" ကျိုးချင်ဖုန်းက ပါရမီရှင်လူသစ်မျှော်စင်မှာ စိန်ခေါ်နေတာကို လိုက်လွှင့်နေတယ်ဟ... "

" သွားကြည့်ရအောင်ဟေ့..."

" ငါ လေ့ကျင့်ရန် မှာ သွားဆော့တာ ဒုတိယအထပ်နဲ့တင် ပြုတ်လာတယ်... ကျိုးချင်ဖုန်းရဲ့ လိုက်ကို ကြည့်ပြီး သူ့ဆီက သင်ရမယ်... "

" အပေါ်က မန့်သွားတဲ့ကောင်... မင်း ကျိုးချင်ဖုန်းရဲ့ လိုက်ကို ကြည့်လဲ ဘာမှ မထူးဘူးဟ... မင်းအားနည်းလို့ မကျော်နိုင်တာ... ကျိုးချင်ဖုန်းက သန်မာလို့ကျော်နိုင်တာ ဘာမှ မဆိုင်ဘူး... "

" ငါ စိတ်ပညာရှင်တွေရဲ့ တိုက်ပွဲကို ဗီဒီယိုကြည့်ဖူးပင်မဲ့ တစ်ခါမှ လိုက်(live) မကြည့်ဖူးဘူး... ဒီနေ့တော့ အမြင်ကျယ်တော့မယ်... "

ကျိုးချင်ဖုန်းသည် သူ၏ တိုက်ရိုက်ထုတ်လွှင့်မှုသို့ လူများစွာ ဝင်လာသည်ကို မြင်လျှင် ကျေနပ်စွာပြုံးလိုက် ပြီး...

" ငါ စိန်ခေါ်ရန်ကို ဝင်တော့မယ်... အထဲရောက်သွားရင် ကွန်မန့်တွေ မမြင်ရတော့လို့ ငါစကားမပြောတော့ဘူးနော်...မင်းတို့အကုန်လုံးငါ ဘယ်လောက် စွမ်းဆောင်နိုင်တယ်ဆိုတာ စောင့်ကြည့်နေ​ကြ... "

ကျိုးချင်ဖုန်းက အထက်စီးက ပြောလိုက်၏ ။ သို့သော်လည်း မည်သူမှ မှားသည်ဟု မထင်မိကြ ။ ကျိုးချင်ဖုန်း၏ ပါရမီက ကြည့်ရှုနေသူအားလုံးထက် သာသဖြင့် သူ့တွင် ပြောပိုင်ခွင့်ရှိပေသည် ။

ကျိုးချင်ဖုန်း ပထမထပ်တွင် ပေါ်လာသည်နှင့် ဓားတိုနှင့် သူခိုးလည်း ပေါ်လာသည် ။

" သတ်.... "

သူခိုးက အော်လိုက်သည်နှင့် ကျိုးချင်ဖုန်းက လက်တစ်ဖက်ကိုမြှောက်၍ လက်ချောင်းတစ်ချောင်းအရွယ်ရှိ သံမဏိအပ်နှင့် ပစ်လိုက်သည် ။

အပ်က မိုးကြိုးသဖွယ် လျင်မြန်စွာ ပျံသန်းသွားသည် ။

ကျိုးချင်ဖုန်းက စိတ်စွမ်းအားဖြင့် ထိန်းချုပ်ထားသဖြင့် အပ်က မြန်ဆန်လှပေသည် ။

ကျိုးချင်ဖုန်းနှင့် သူခိုးကြား အကွာအဝေးမှာ အနည်းငယ်လှမ်းသဖြင့် သူခိုး ရှောင်ချိန်ရသွားသည် ။

သူခိုးက အပ်ကို ဓားဖြင့် ကာ၍ ကိုယ်ကို လှည့်ပြီး ရှောင်လိုက်၏ ။

ထိုအချိန် တည့်တည့်ပျံသန်းလာသောအပ်က လေထဲတွင် မြွေလိန်မြွေကောက် ပျံသန်း၍ ဦးတည်ချက်ပြောင်းသွားသည် ။

သူခိုး လန့်သွားသော်လည်း ရှောင်ချိန်မရတော့ ။ အပ်က သူခိုး၏ ခေါင်းကို ဖောက်ဝင်သွားသည် ။

ကျိုးချင်ဖုန်း၏ တိုက်ရိုက်ထုတ်လွှင့်မှုက ထိုအချိန်တွင် ပေါက်ကွဲသွားတော့သည် ။

" ​​ေx ာက်ခွေး... ဘာဖြစ်သွားတာလဲဟ... "

" တုံဖန်းပုပိုက်လား.... "( ကျင်းယုံ)

" မသန်မာလွန်းဘူးလား... စိတ်စွမ်းအားရှင်တွေက လက်နက်ပုန်းတွေကို ထိန်းချုပ်လို့ရတယ်ဆိုတော့ ငါတို့က ဘယ်လို တိုက်ရတော့မှာတုန်း... "

" Black Earth က သူ့ကို အားရပါးရ ထိုးထားလို့ အားနည်းမယ်ထင်ထားတာ... သန်မာလိုက်တာ... "

" အဲ့တာ လူသစ်ကွင်းမှာ လက်နက်ပေးမသုံးလို့ဟ အဲ့Black Earth က ကျိုးချင်ဖုန်းနဲ့ ကောင်းကင်ဘုံတိုက်ပွဲ မှာ ချကြည့်ပါလား... ချက်ချင်းရှောသွားမယ်... "

" ငါ သိပြီ... ငါ Black Earth ကိုသန်မာတယ် ထင်နေတာ ကျိုးချင်ဖုန်းကမှ ပိုသန်မာတာပဲ... Black Earth နဲ့တုန်းက သူ့ခွန်အားအကုန်မှ သုံးလို့မရတာ... "

" ကျိုးချင်ဖုန်းက နှစ်စဥ်အဆင့်မှာ အဆင့်၁ ရလောက်လား..."

" ခုကြည့်ရသလိုဆိုရင် ပါရမီရှင်စာရင်းမှာပါတဲ့ ကျိုးချင်ဖုန်းရဲ့ အဆင့်၁၈က နိမ့်လွန်းနေတယ်... "

ကျိုးချင်ဖုန်း ကွန်မန့်များအား မမြင်ရသော်လည်း အကြမ်းဖျင်းခန့်မှန်းနိုင်သည် ။

' ငါခွန်အား ပြလိုက်တာနဲ့ အကုန်ထိတ်လန့်သွားလိမ့်မယ်... ငါဒီ မျှော်စင်က ထွက်တာနဲ့ ပါရမီရှင်စာရင်းမှာ နေရာပြောင်းသွားမယ်ထင်တယ်... '

ကျိုးချင်းဖုန်းသည် ယုံကြည်မှုများ ရှိလာပြီး စိတ်ဓာတ်တက်ကြွသွားသည် ။

' ဒုတိယထပ်...'

ဒုတိယထပ်တွင် ရှေးခေတ်စစ်သူကြီး ပေါ်လာသည်နှင့် ကျိုးချင်ဖုန်းက အပ်ကို ပစ်လွှတ်လိုက်သည် ။ ချက်ချင်း ပွဲသိမ်းသွား၏ ။

ဒုတိယထပ်....

တတိယထပ်....

......

ကျိုးချင်ဖုန်း မည်သည့်ဖိအားမှ မခံစားရပဲ အထပ် ၃၀ အထိ အလျင်အမြန်ရောက်ရှိသွားသည် ။

သူ ၃၁ ထပ်တွင် အပ်တစ်ချောင်းဖြင့် အဆုံးသတ်၍ မရတော့ပေ ။ ပြိုင်ဘက်က အပ်ကို ကာကွယ်နိုင်လိုက်သော်လည်း လွှင့်စင်သွားသော အပ်က တဖန်ပြန်လှည့်လာပြီး အဆုံးသတ်လိုက်သည် ။

ဒုတိယအကြိမ်မြောက်တွင် ကာကွယ်ရန် မဖြစ်နိုင် ။

ကျိုးချင်ဖုန်းအား ကြည့်ရှုနေသူ သန်းချီက အပ်လူသားဘွဲ့ ပေးလိုက်ကြသည် ။

ဤသို့ဖြင့် အပ်လူသားသည် ၅၁ ထပ်အထိ အားမစိုက်ရဘဲ ရောက်ရှိသွားသည် ။ သူ၏ အွန်လိုင်းနာမည်ဖြစ်သော Light Wind က နှစ်စဥ်အဆင့် တွင် အဆင့် ၄ နေရာသို့ ရောက်သွား၏ ။

ထိုအချိန်တွင် ပါရမီရှင်များစွာနှင့် ကျွမ်းကျင်ပညာရှင်များက အာရုံစိုက်မိသွားကြသည် ။ နှစ်စဥ် အဆင့် ကို လူများစွာက စောင့်ကြည့်နေကြပြီး ယနေ့ည ကျိုးချင်ဖုန်း အဆင့် ၁ သို့ ရောက်မရောက် ငြင်းခုံနေကြ၏ ။

Chapter 70

~

All Chapters