← Chapters

ကောင်းကင်ဘုံမျောက်မှ လိုက်ဖမ်းခြင်း ~

Vol. 5 Ch. 70

ကောင်းကင်ဘုံမျောက်မှ လိုက်ဖမ်းခြင်း ~

Vol. 5 Ch. 70

ရှားနိုင်ငံ သိုင်းဌာနချုပ်...ပါရမီရှင် ​ရှာဖွေရေးဌာန...

ဤသည်က ရုံးချုပ်ရှိ ပထမ အဆင့် ဌာနတစ်ခုဖြစ်ပြီး ရှေးဦးစကြာဝဠာ စီမံခန့်ခွဲမှုဌာန နှင့် အဆင့်အတူတူပင် ဖြစ်သည် ။ လူသစ်ကျေးရွာ စီမံခန့်ခွဲမှုဌာန မှာ ရှေးဦးစကြာဝဠာ စီမံခန့်ခွဲမှုဌာန ၏ လက်အောက်တွင်ရှိသော ဒုတိယအဆင့် ဌာနဖြစ်သည် ။

ညသန်းခေါင်ယံ အချိန်တွင်ပင် ဌာနတစ်ခုလုံး လင်းထိန်နေ၏ ။

သူတို့က အင်တာနက်ပေါ်တွင် တစ်ချိန်လုံး စောင့်ကြည့်နေကြပြီး အထူးပါရမီရှင်များ ပေါ်လာသည်နှင့် လုံခြုံရေး တာဝန်ယူကြရမည်ဖြစ်သည် ။

" အိုး... ကျိုးချင်ဖုန်းက ပါရမီရှင်လူသစ်မျှော်စင်ကို စိန်ခေါ်နေပြီဟေ့... လိုက်(live) တောင် လွှင့်နေတယ်ဟ... "

ဝန်ထမ်းတစ်ဦးက ပြောလိုက်၏ ။

ဤဌာနတွင် သာမန် ဝန်ထမ်းတစ်ဦးဖြစ်ရန် အနည်းဆုံး နေအလင်းအဆင့်သို့ ရောက်နေရပေမည် ။

" ကျိုးချင်ဖုန်းလား... အဲ့ကလေးမဆိုးဘူး... အထူးပျိုးထောင်ပေးတဲ့နေရာက လက်ရွေးစင်ပါရမီရှင်ပဲ... "

" ကျိုးချင်ဖုန်း ဘယ်အထပ်ထိ ရောက်မယ်ထင်လည်း... "

" သိပ်တော့ မမြင့်လောက်ဘူး သူကတိုက်ခိုက်ရေးစွမ်းရည် အဆင့်၄ အစောပိုင်းပဲ ရှိသေးတယ်... ဒါပင်မဲ့ သူက စိတ်စွမ်းအားရှင်ဆိုတော့ လက်တွေ့တိုက်ပွဲတွေမှာ ပိုကောင်းတယ်... "

" အင်း အဲ့တာဟုတ်တယ် စိတ်စွမ်းအားရှင်တွေက မျှော်စင်ရှင်းတဲ့နေရာမှာ ပိုကောင်းတယ်... "

" ကြည့်ရအောင် ကြည့်ရအောင်... အဲ့ကလေးက ငါတို့ထင်တာထက် ပိုလုပ်ပြရင် ပြနိုင်မှာ... "

ရုံးခန်းအတွင်းရှိ လူငါးယောက်မှာ တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရင်း လေပန်းနေကြသည် ။

" ဒါနဲ့ မင်းကြားပြီးပြီလား... လုပ်ကြံသူအဖွဲ့တွေက ဒီနှစ် စလှုပ်ရှားနေပြီတဲ့... "

" ဒီကောင်တွေက ဒီချိန်ဆို လုပ်ပြန်ပြီ... သူတို့ မအောင်မြင်တာတောင် နှစ်တိုင်း ကြိုးစားနေကြတုန်းပဲ... သူတို့လုပ်တာကြောင့် ဂြိုလ်ပြာက ကျောက်ခေတ်ပြန်ရောက်သွားနိုင်တယ်ဆိုတာ သူတို့မသိဘူးလား... "

" အဲ့နိုင်ငံငယ်လေးတွေက ဘယ်ဂရုစိုက်မလဲ... သူတို့က ငါတို့နိုင်ငံကို ကျော်ဖို့ အခွင့်အရေးလို့ပဲ မြင်နေကြတာ... သူတို့ ဂြိုလ်ပြာကို မထိန်းချုပ်နိုင်ရင် ကျောက်ခေတ်ပြန်ပို့မယ့်ကောင်တွေ... "

" သူတို့ အိမ်မက် မက်လို့ပဲရမယ်... ငါတို့ဂြိုလ်ပြာရဲ့ အနာဂတ်ကို အဲ့နိုင်ငံလေး​တွေကနေ ဆုံးဖြတ်လို့မရဘူး..."

" ဒါပင်မဲ့ ငါတို့ရှားနိုင်ငံမှာ အဲ့လူ စိတ်တိုင်းကြတယ့် ပါရမီရှင် မရှိဘူးလေ ... "

ရုံးခန်းတစ်ခုလုံးတိတ်ဆိတ်သွားပြီး...အချိန်ခဏကြာမှ...

" ယဲ့ရီကရော... "

" ယဲ့ရီက နတ်ဆိုးအဆင့် ပါရမီရှင်ဖြစ်ပင်မဲ့ အဲ့လူကျေနပ်ဖို့အဝေးကြီး... "

ပါရီမီရှင် ရှာဖွေရေးဌာနတွင် ပါရမီရှင်များအား သာမန် ၊ လက်ရွေးစင် နှင့် နတ်ဆိုးအဆင့်ဟူ၍ သုံးမျိုး ခွဲခြားထား၏ ။

ထိုလူ၏ လိုအပ်ချက်များမှာ အလွန်မြင့်မားပြီး နတ်ဆိုးအဆင့်များကိုပင် စိတ်တိုင်းမကျချေ ။

" ဟင်း..... "

သူတို့ သက်ပြင်း ချမိလိုက်ကြသည် ။ ရှားနိုင်ငံနှင့် ဂြိုလ်ပြာ၏ အနာဂတ်က မရေရာလှ ။

ထိုအချိန်... ကျင့်ဒူမြို့...

ပါရမီရှင်စာရင်း၏ နံပါတ်တစ် ဖြစ်သူ ယဲ့ရီက ကျိုးချင်ဖုန်း၏ တိုက်ရိုက်ထုတ်လွှင့်မှုကို စောင့်ကြည့်နေသည် ။

' သူမနှေးဘူး... '

ယဲ့ရီ၏ ပုံပန်းသဏ္ဍာန်က လူယောင်ဆောင်ထားသော ဝက်ဝံကြီးတစ်ကောင်လို ပင် ။ သူက ကျိုးချင်ဖုန်း၏ လိုက်(live) ကို အထင်သေးဟန်ဖြင့် ထိုင်ကြည့်နေသည် ။ ကျိုးချင်ဖုန်းကို သူနှင့် အဆင့်အတူတူဟု မထင်ပေ ။

ယခုအချိန်တွင် ကျိုးချင်ဖုန်းသည် ၅၈ ထပ်တွင် တိုက်ခိုက်နေပြီး နှစ်စဥ်အဆင့် ၁ နေရာသို့ ရောက်ရှိသွားသည် ။

၅၈ ထပ်ရှိ သူ၏ ပြိုင်ဘက်မှာ ဘုန်းကြီးတစ်ပါး ပင် ။ ကျိုးချင်ဖုန်းက ဓားကို ဝှေ့ယမ်းပြီး တုတ်ရှည်ကိုင်ထားသော ဘုန်းကြီးနှင့် တိုက်ခိုက်နေသည် ။ တချိန်တည်းမှာပင် စိတ်စွမ်းအားဖြင့် အပ်ကိုထိန်းချုပ်၍ အလစ်တိုက်ရန် ချောင်းနေသည် ။

တိုက်ခိုက်ရေးစွမ်းရည်အရ ဘုန်းကြီးက ပိုသာသော်လည်း ကျိုးချင်ဖုန်းက အပ်ဖြင့် အလစ်ချောင်း၍ ပစ်သဖြင့် လက်ရည်တူ ဖြစ်နေ၏ ။

' ကျိုးချင်ဖုန်း နိုင်တော့မယ်... '

ယဲ့ရီ ခန့်မှန်းလိုက်သည် ။

' စိတ်ပညာရှင်လည်း တိုက်ခိုက်တက်ဖို့လိုတာပဲ... ကျိုးချင်ဖုန်းသာ စိတ်စွမ်းအားရှင်မဟုတ်ရင် ၅၁ ထပ်တောင်ကျော်မှာ မဟုတ်ဘူး... သူ့တိုက်ခိုက်ရေးစွမ်းရည်နဲ့ တိုက်ပွဲအတွေအကြုံက ဘာမှ အသုံးမကျဘူး... ဒါပင်မဲ့ သူ့စိတ်စွမ်းအားနဲ့ဆို အထပ် ၆၀ ကိုရောက်လောက်တယ်... "

ယဲ့ရီ မနာလိုသည့်ဟန်ဖြင့် ခေါင်းယမ်းလိုက်သည် ။

' ငါ့မှာသာ စိတ်စွမ်းအားရှိရင် အထပ်၈၀ ရောက်တယ်...'

ယဲ့ရီ စဥ်းစားနေတုန်းမှာပင် ကျိုးချင်ဖုန်း၏ အလစ်တိုက်ကွက်က အောင်မြင်သွားပြီး ဘုန်းကြီးကို အပ်ဖြင့်တစ်ချက်တည်း သတ်လိုက်သည် ။

' ငါထင်ထားသလိုပဲ...'

ယဲ့ရီ မအံ့သြ ။ ဘုန်းကြီးက ကျိုးချင်ဖုန်းထက် တိုက်ပွဲအတွေ့အကြုံသာသော်လည်း အဆင့်၄ စိတ်စွမ်းအားရှင်ကို ယှဥ်နိုင်မည်မဟုတ်ပေ ။

သူ နှစ်စဥ် အဆင့်ကို တစ်ချက်ကြည့်လိုက်၏ ။ ကျိုးချင်ဖုန်းက အဆင့်၁ တွင်နေရာယူထားပြီး ၅၈ ထပ်အောင်မြင်ထားသည် ။

" အဲ..."

ယဲ့ရီက နှစ်စဥ်အဆင့်မှ အကြည့်လွဲရန် ပြင်လိုက်သော်လည်း ရုတ်တရပ် အံ့အားသင့်သွား၏ ။ နှစ်စဥ်အဆင့်၏ အဆင့်၅ နေရာအား Black Earth နာမည်က အစားထိုးထားလေသည် ။

' Black Earth ဆိုတာ လူသစ်ကွင်းမှာ ​ပွဲ ၃၀ နိုင်ထားတဲ့ကောင်မှလား... '

ယဲ့ရီလည်း Black Earth ဟူသော နာမည်ကို ကြားဖူးသည် ။ ကျိုးချင်ဖုန်းကို အနိုင်ယူထားပြီး ရှားနိုင်ငံ ပါရမီရှင်စာရင်းတွင် ပါဝင်နေသဖြင့် သူသတိထားမိလိုက်ခြင်းပင် ။

သို့သော်လည်း သူ Black Earth ကို အထင်မကြီး ။ တိုက်ခိုက်ရေးစွမ်းရည် အဆင့်၄ ပါရမီရှင် တစ်ယောက်အနေဖြင့် လူသစ်ကွင်းတွင် ကလေးများကို သွား၍ အနိုင်ကျင့်သည်ကြောင့် သူ Black Earth ကို မကြိုက်ပေ ။

' အရှက်မရှိတဲ့ကောင်... '

' သူလည်း စိန်ခေါ်နေပါလား... ကျိုးချင်ဖုန်းနဲ့ ပြိုင်ချင်လို့ထင်တယ်... '

ယဲ့ရီ ရယ်လိုက်မိ၏ ။

' ဒီကောင် ဦးနှောက်မရှိဘူး... စိတ်စွမ်းအားရှင်နဲ့ မျှော်စင်ရှင်းတာ ပြိုင်ချင်တာလား... '

စက္ကန့်အနည်းငယ် အကြာတွင် ယဲ့ရီ မပြုံးနိုင်တော့ ။

Black Earth က တစ်ထပ်ကို ဆယ်စက္ကန့်နှုန်းဖြင့် တစ်ထပ်ပြီး တစ်ထပ် မြင့်တက်လာသည် ။

" ဘာကောင်လဲဟ..."

ယဲ့ရီ မျက်လုံးပြူးသွား၏ ။

' ဘာလို့ အဲ့လောက်မြန်နေတာလဲ...'

သတိထားမိသူမှာ ယဲ့ရီ တစ်ယောက်ထဲ မဟုတ်ချေ ။

ကျိုးချင်ဖုန်း၏ တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်နေကြသူများလည်း မျောက်တစ်ကောင်လို တက်နေသည့် Black Earth ကို သတိထားမိသွားကြသည် ။

ကျိုးချင်ဖုန်း ၏ တိုက်ရိုက်ထုတ်လွှင့်မှု ဖြစ်သော်လည်း Black Earth ကို အာရုံံစိုက်ကုန်ကြသည် ။

" ​​​​ေx ာက်ခွေး... Black Earth ကို ကြည့်ကြအုံးဟ..."

" မြန်လိုက်တာ..."

" အဆင့်တက်တာ မြန်လွန်းတယ်... ကောင်းကင်မျောက်တောင် သူ့လောက်မြန်မှာ မဟုတ်ဘူး..."

" ၅၄ ထပ်...."

" ၅၅ ထပ်..."

" နှစ်စဥ် အဆင့်၂ ကိုရောက်သွားပြီဟ... "

" တစ်ထပ်ကို ဆယ်စက္ကန့်ထဲနဲ့ ဘယ်လို မြန်နေတာတုန်းဟ... ပွဲထဲ ရောက်တယ့်အချိန်နဲ့ ပြိုင်ဘက် ပေါ်လာမယ့်အချိန်ကို နုတ်ရင် တစ်ချက်ထဲနဲ့ ပွဲသိမ်းလိုက်တာပေါ့..."

" ၅၆ ထပ်ရောက်နေတာတောင် ကျိုးချင်ဖုန်း အထပ် ၃၀ တက်တာထက် မြန်သေးတယ် ..."

" Black Earth က တစ်ထပ်ကို တစ်ချက်ပဲ ထိုးတာလား... "

" ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ... "

" ၅၇ ထပ်... သူ ကျိုးချင်ဖုန်း ဖင်ကို ထိနေပြီဟေ့... "

" ၅၈ ထပ်... ကောင်းကင်မျောက်ကြီးက ဖမ်းမိသွားပြီ..."

" ၅၉ ထပ်... ကျိုးချင်ဖုန်းတော့ သေပြီ... "

" Black Earth က အဆင့် ၁ ဖြစ်သွားပြီဟေ့... "

Chapter 71

~

All Chapters