← Chapters

လယ်ကွင်းများ

Vol. 5 Ch. 71

လယ်ကွင်းများ

Vol. 5 Ch. 71

~

' ဒါ အထပ် ၆၀ လား... '

လင်းမို့သည် ဘာမှ မရှိသော အထပ် ၆၀ မြောက်တွင် ပြိုင်ဘက်အား စောင့်နေလိုက်သည် ။

သူ မျှော်စင်၏ အခြေအနေအား အကြမ်းဖျင်း နားလည်သွားလေပြီ ။ မျှော်စင်က လူတစ်ယောက်၏ အလုံးစုံခွန်အားကို စမ်းသပ်ခြင်းဖြစ်သည် ။ တချို့ပြိုင်ဘက်များက ခွန်အားသန်မာသည် ။ တချို့ပြိုင်ဘက်များက လျင်မြန်သည် ။ တချို့ပြိုင်ဘက်များက အလစ်တိုက်ကွက် အသုံးပြုကြသည် ။ တခါတရံတွင် ပြိုင်ဘက်များစွာဖြင့် ချပေးတက်သည် ။ လူတစ်ဦးတွင် အကြွင်းမဲ့ခွန်အား ရှိလျှင်တော့ အထပ်တိုင်း အတူတူဖြစ်မည်ဖြစ်သည် ။

ဥပမာ လင်းမို့ဆိုလျှင် တစ်ယောက်တစ်ချက်ထိုး၍ အထပ် ၆၀ သို့ရောက်လာခဲ့၏ ။

' အထပ်၅၀ ကစပြီးတော့ တိုက်ခိုက်ရေးစွမ်းရည် အဆင့်၄ တွေကြည့်ပဲ ...'

အထပ် ၅၀ အထက်တွင် လူအနည်းငယ်သာ ရှိနေသည်က အံ့သြစရာမဟုတ် ။ တတိယနှစ် ကျောင်းသားများတွင် တိုက်ခိုက်ရေးစွမ်းရည်အဆင့် ၄ သို့ ရောက်သည့်သူ များစွာမရှိချေ ။

' အထပ် ၅၉ ပြိုင်ဘက်က တိုက်ခိုက်ရေးစွမ်းရည် အဆင့်၄ အစောပိုင်း ဆိုပင်မဲ့ တိုက်ခိုက်ရေးအတွေ့အကြုံက ပိုကောင်းလာပြီ... "

လင်းမို့သည် အထပ် ၆၀ မှ ၆၉ အထိ သူ့ပြိုင်ဘက်များ၏ တိုက်ခိုက်ရေးစွမ်းရည်မှာ အဆင့်၄ အစောပိုင်းတွင်သာ ရှိမည်ဟု ခန့်မှန်းလိုက်သည် ။ တိုက်ခိုက်ရေးအတွေ့အကြုံနှင့် ညဏ်ရည် များ ပိုကောင်းလာကြမည်ဖြစ်သည် ။

မကြာမှီပင် လင်းမို့၏ ပြိုင်ဘက် ပေါ်လာ၏ ။ ကြာပွတ်ရှည် ကိုင်ထားသော အမျိုးသမီးသူရဲကောင်း တစ်ယောက်ပင် ။

အစိမ်းရောင်ဝတ်စုံနှင့် အမျိုးသမီးသူရဲကောင်း ကိုင်ထားသော ကြာပွတ်မှာ ဆယ်မီတာ လောက်ပင် ရှည်လျားလေသည် ။ သူမ က ရှေ့သို့ ခြေလှမ်းအနည်းငယ်တက်ကာ ကြာပွတ်ဖြင့် အလျားလိုက် ရိုက်လိုက်၏ ။ ကြာပွတ်အဖျားနှင့်ထိလျှင် လင်းမို့ ကျောကော့သွားပေမည် ။

သူမ အမြင်အရ လင်းမို့သည် လက်ဗလာနှင့် ဖြစ်သဖြင့် သူမ၏ ကြာပွတ်ကို မကာကွယ်နိုင်ဘဲ ပတ်ပြေးနေမည်ဟု ထင်လိုက်သည် ။

" သေလိုက်စမ်း..."

အစိမ်းရောင်အမျိုးသမီး၏ အကြည့်မှာ ကြောက်စရာကောင်းလှပြီး ဖြစ်နိုင်လျှင် သူမက လင်းမို့ကို အကြည့်နှင့်ပင် သတ်ချင်ပုံရသည် ။

သို့သော်လည်း တစ်စက္ကန့်အတွင်း သူမ၏ ရက်စက်သောမျက်လုံးများမှာ လန့်ဖြန့်သွားသည် ။

လင်းမို့က မရှောင်ဘဲ ကြာပွတ်အဖျားကို ဖမ်းလိုက်ခြင်းကြောင့်ပင် ။

" ဘယ်လိုလုပ်..."

အစိမ်းရောင်အမျိုးသမီး၏ မျက်လုံးများက ကျွတ်ကျတော့မတက်ပင် ။ ဤမျှ မြန်သော ကြာပွတ်အဖျားကို မည်သို့ ဖမ်းလိုက်သည်ကို သူမ နားမလည်နိုင် ။

လင်းမို့က ထိတ်လန့်နေသော ပြိုင်ဘက်ကို လျစ်လျူရှုကာ ကြာပွတ်ကို စောင့်ဆွဲလိုက်သည် ။ အစိမ်းရောင်အမျိုးသမီးက ရုတ်တရပ် စောင့်အဆွဲခံလိုက်ရသဖြင့် ပျံသန်းလာခဲ့၏ ။ သူမကို စောင့်ကြိုနေသည်မှာ သဲအိတ်လောက်ရှိသော လင်းမို့၏ လက်သီးပင် ။

" ဖောင်း....."

လင်းမို့ လက်သီးထိုးလိုက်သည်နှင့် သူ၏ တိုက်ခိုက်ရေးစွမ်းရည်အဆင့် ၄ အထွတ်အထိပ် စွမ်းအားက ပေါက်ကွဲထွက်လာသည် ။

အဆင့်သုံးဆင့် ကွာခြားသောကြောင့် အဆင့်၄ အစောပိုင်းသာ ရှိသည့် အစိမ်းရောင်အမျိုးသမီးက ခုခံ၍ မရလိုက်ပေ ။

ဝှီးးးး... ဖောင်း.... ဖြင့် အထပ် ၆၀ အောင်မြင်သွားလေသည် ။

တစ်ချိန်တည်းမှာပင် လင်းမို့သည် ရှေးဦးစကြာဝဠာ မှပေးပို့သော အကြောင်းကြားချက်ကို လက်ခံရရှိလိုက်သည် ။

" မျှော်စင် အထပ် ၆၀ ကို ပထမဆုံး ကျော်ဖြတ်နိုင်သည့်အတွက် ဂုဏ်ယူပါတယ် ကစားသမား လင်းမို့... သင် ရှေးဦးစကြာဝဠာ အမှတ် ၁ မှတ် ရရှိပါသည် ..."

' ရှေးဦးစကြာဝဠာ အမှတ်လား...'

လင်းမို့ မျက်ခုံးပင့်လိုက်၏ ။ ဤသည်က ကောင်းသောအရာပင် ။

အမှတ် တစ်မှတ်က အပြင်ပိုက်ဆံ ယွမ် ၁ သန်း နှင့် ညီမျှပြီး ပိုက်ဆံဖြင့် ဝယ်၍ မရပေ ။

' အဲ့တာဆို ငါ လက်သီးတစ်ချက်ကို တစ်သန်း ရမှာပေါ့...'

လင်းမို့သည်ငွေရှာရန် လွယ်ကူသော နေရာအား တွေ့သွားလေပြီ ။

' တစ်ချက် တစ်သန်း...'

' ဆယ်ချက် ဆယ်သန်း...'

' ငါ့မှာ လက်ရှိနေသရွေ့ ငွေရှာလို့ရပြီ....'

ငွေရှာနိုင်ခြင်း၏ ချိုမြိန်သည့်အရသာကြောင့် လင်းမို့ ပို၍ပင် တက်ကြွသွားသည် ။ မှော်စင်သစ်တော ရှိ နတ်ဘုရား မျှော်စင်များမှာ သူ့အမြင်တွင် ငွေပင်များအဖြစ် ပြောင်းလဲသွားပြီဖြစ်သည် ။

' နောက်ပိုင်း ငါအားရင် ဒီမှာ ငွေလာရှာရမယ်... '

လင်းမို့ ၆၁ ထပ်အား မျှော်ကြည့်ရင်း တွေးလိုက်သည် ။

သူသိရသလောက် မျှော်စင်များတွင် သတ်မှတ်ထားသည့် အထပ်သို့ရောက်လျှင် အမှတ် စပေးလေသည် ။ ပါရမီရှင်အသစ် မျှော်စင် တွင် အထပ် ၆၀ မှ စပေးပုံရသည် ။

လင်းမို့ ငွေတွင်း တွေ့လိုက်ရသဖြင့် ပျော်ရွှင်နေချိန်တွင် ရှားတစ်နိုင်ငံလုံးမှ တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်နေကြသူများက နှစ်စဥ်အဆင့်ကို စောင့်ကြည့်နေကြသည် ။

" ၆၁ ထပ် ကျော်သွားပြီ..."

" ၆၅ ထပ် ကျော်သွားပြီ...."

" မြန်လိုက်တာ.... Black Earth က ငါမြင်ဖူးသမျှထဲမှာ အမြန်ဆုံးပဲ... "

" အပေါ်က မန့်သွားတယ့် အမ... ငါ့မှာ သက်သေမရှိပင်မဲ့... နင်ကားမောင်းတာက အ​မြန်ဆုံးပဲ ထင်တယ်... "

" သူက ဘာလို့ အဲ့လောက်မြန်နေတာလဲ... ၆၅ ထပ်ရောက်တာတောင် တစ်ချက်ထိုးသတ်နေတုန်းပဲ... "

" ငါထင်တာ​တော့ ... Black Earth က တိုက်ခိုက်ရေးစွမ်းရည် အဆင့် ၄ အလယ်ဆင့် ရောက်နေပြီထင်တယ်... "

" ရှီးးးး.... တတိယနှစ်ကျောင်းသားက အဆင့်၄ အလယ်ဆင့်တောင် ရောက်နေတာပေါ့... ငါ ရှက်လိုက်တာ... ငါ တက္ကသိုလ် စတုတ္ထနှစ် ရောက်နေပြီ အထက်တန်းကျောင်းသားကို မမီသေးဘူး..."

" အပေါ်က အကို စိတ်မကောင်းမဖြစ်နဲ့... ကျွန်တော်လည်း တက္ကသိုလ် တတိယနှစ်ရောက်နေပြီ... ဒါပင်မဲ့ Black Earth နဲ့ အဝေးကြီး... ကျွန်တော်ဆို ဘာမှ မခံစားရဘူး... ဘာလို့ Black Earth နဲ့ ယှဥ်နေမှာလဲ... ကျွန်တော့် တသက်လုံး Black Earth နဲ့ ယှဥ်နိုင်မယ် မထင်ဘူး..."

" ငါ့အထင်​တော့ Black Earth က အဆင့်၄ အလယ်ဆင့်ရောက်ပြီးတော့ လက်နက်ကောင်းတစ်ခုရှိလို့ ဒီလောက်မြန်နေတာ ဖြစ်မယ်... "

" Black Earth က မော်တာ သယ်လာ​ပြီး ဖောက်ခွဲပစ်တာ ဖြစ်မလား..."

" မင်းဘကြီးကို မော်တာသယ်... မျှော်စင်ထဲကို အအေးလက်နက်ပဲ ယူလို့ရတာဟ... "

" Black Earth ဘယ်အထပ်ထိရောက်မလဲ ကြည့်ရအောင်... "

" ကြည့်ရတာ သူ သမိုင်းအဆင့်ထဲ ဝင်နိုင်မယ်ထင်တယ်... စံချိန်ကိုတောင် ချိုးနိုင်မလား မသိဘူး... "

တင်းရီ... သမိုင်းအဆင့် ၁... ၇၂ ထပ်...

Chapter 72

All Chapters