← Chapters

လယ်ကွင်းများ ( ၂.) ~

Vol. 5 Ch. 72

လယ်ကွင်းများ ( ၂.) ~

Vol. 5 Ch. 72

လင်းမို့သည် ကံကောင်းပြီး သမိုင်းတွင် မှတ်တမ်းတင်နိုင်မည်လောဟု လူတိုင်းမျှော်လင့်နေကြ၏ ။ လင်းမို့ လက်ဗလာဖြင့် ကြုံးနေရသည်ကိုတော့ မည်သူမှ မသိ ။

" အထပ် ၇၀..."

" ၇၁ ထပ်... Black Earth က မြန်နေတုန်းပဲဟေ့ ...အရှိန်မကျသေးဘူး..."

" အထပ် ၇၀ ကနေစပြီး​တေ့ ပြိုင်ဘက်တွေက တိုက်ခိုက်ရေးစွမ်းရည် အဆင့် ၄ အလယ်ဆင့် ရောက်သွားပြီမလား... "

" မိုက်တယ်ဟေ့... Black Earth က ​တရူးတိုး ဝင်ချတာ ထင်တယ်... အဲ့တာကြောင့် ဒီလောက်မြန်တာနေမှာ..."

" သူ ၇၁ ထပ်ကျော်သွားပြီ... မြန်လိုက်တာ... Ultimate King ကို ကျော်သွားပြီ ... သူ အဆင့် ၂ ဖြစ်သွားပြီ... နောက်တစ်ထပ် တက်နိုင်ရင် အဆင့် ၁ ဖြစ်ပြီ... "

" ၇၂ ထပ် ကျော်သွားပြီ ကွ... Black Earth ပထမ ဖြစ်သွားပြီ... "

" သူ ၇၃ ထပ် ကို ကျော်အုံးမလား... "

လူတိုင်း မျှော်လင့်နေကြ၏ ။ သို့သော်လည်း Black Earth က ဆယ်မိနစ် ကြာသည်အထိ ၇၃ ထပ်ကို မအောင်မြင်သေးပေ ။

" ဆယ်မိနစ်တောင် ကြာပြီဆိုတော့ သူရှုံးသွားပြီထင်တယ်... "

" Black Earth က အသက်နဲ့ရင်းပြီး တိုက်ခိုက်တာထင်တယ်... နိုင်တာလည်း မြန်လိုက်တာ ရှုံးတော့လည်း တိကနဲပဲ... "

" သူရှုံးရင်လည်း ဘာလို့ စာမချန်ခဲ့တာလည်း... ငါတို့စောင့်နေတာကို... "

" လင်းမို့က တမင်တကာ သက်သေပြချင်နေတာထင်တယ်... အဲ့တာကြောင့် စာမချန်ခဲ့တာဖြစ်မယ်... "

လင်းမို့ ၇၃ ထပ်တွင် အမှန်တကယ် ရှုံးနိမ့်ခဲ့ပါသလော ။

ကျင့်ဒူမြို့...

ယဲ့ရီ သည် ကျိုးချင်ဖုန်း၏ တိုက်ရိုက်ထုတ်လွှင့်မှုကို ဆက်ကြည့်နေသော်လည်း စိတ်မပါတော့ ။

' ၇၂ ထပ်လား...'

သူက လင်းမို့၏ အဆင့်ကို ကြည့်ကာ အံ့သြနေ၏ ။

' အထပ် ၇၀ ကနေပြီးတော့ တိုက်ခိုက်ရေးအဆင့် ၄ အလယ်ဆင့်ဖြစ်သွားပြီ... ပြီးတော့ တိုက်ခိုက်ရေးအတွေ့အကြုံလည်း ကောင်းနေကြပြီ... ဒါကို ၇၃ ထပ်အထိ ရောက်တယ်ဆိုတော့ သူ့ကို လျော့တွက်ထားကြတာပဲ... '

ယဲ့ရီသည် ယခုနှစ်ပါရမီရှင်များထဲတွင် သူတစ်ယောက်သာ တိုက်ခိုက်ရေးစွမ်းရည်အဆင့်၄ အလယ်ဆင့်သို့ ရောက်နေသည်ဟု ထင်ခဲ့မိ၏ ။ သို့သော်လည်း သူ့စိတ်ထဲ သိပ်မထည့်ပေ ။

' သိုင်းလမ်းစဥ်ကို အဆုံးထိ လျောက်ဖို့ဆိုရင် အကုန်ဟန်ချက်ညီနေရမယ်... Black Earth က တစ်ခုထဲကိုပဲ အသားပေးလွန်းတယ်... တက္ကသိုလ်ရောက်လာရင် သူနဲ့ ငါ့ကြား ကွာခြားချက်က သိသာလာလိမ့်မယ်... '

' သမိုင်းအဆင့် ၁ နေရာကို သူ့ကို အရင်ပေးထားလိုက်တာပေါ့...'

' ငါ နောက်ထပ် နဲနဲလောက် ထပ်ပြီး ပြင်ဆင်ရအုံးမယ်... ပြီးမှပဲ စိန်ခေါ်တော့မယ်... နောက်မျိုးဆက်အတွက် ကျော်ဖြတ်ဖို့ အခက်ခဲဆုံးက ငါပဲ ဖြစ်ရမယ်... '

ယဲ့ရီက ရည်မှန်းချက်ကြီးသည် ။ တခြားပါရမီရှင်များအား သူနှင့် တူညီသည့်အဆင့်တွင် ရှိမည်ဟု သူမထင် ။ Black Earth က အဆင့် ၄ အလယ်ဆင့်သို့ ရောက်နေသည်ကို သူသိလိုက်ရသော်လည်း စိတ်မလှုပ်ရှားချေ ။

သိုင်းဌာနချုပ်ရှိ ပါရမီရှင်ရှာဖွေရေးဌာန တစ်ခုလုံး ဆူညံသွားသည် ။

" Black Earth က ၇၂ ထပ်ကို ရှင်းလိုက်တာပဲ..."

" ဒီကောင် အပုန်းကောင်းတယ် သူ့ကို အဆင့်၄ အစပိုင်းလို့ထင်ထားတာ..."

" ကျိုးချင်ဖုန်း ရှုံးတာ မဆန်းဘူး... "

" အလုပ်အရင်လုပ်လိုက်ရအောင်... Black Earth ရဲ့ ပါရမီရှင်အဆင့်ကို ပြန်သတ်မှတ်ရမယ်... ပါရမီရှင်စာရင်းလုပ်တဲ့ကောင်တွေကို အမြန်ပြင်ခိုင်းလိုက်အုံး..."

ပါရမီရှင်စာရင်း စီမံခန့်ခွဲမှု ဌာန က ပါရမီရှင်ရှာဖွေရေးဌာန၏ လက်အောက်တွင်ရှိသော ဒုတိယအဆင့် ဌာနတစ်ခုဖြစ်သည် ။ လူသစ်ကျေးရွာ စီမံခန့်ခွဲမှုဌာန နှင့် တူညီပေသည် ။

" အခု ငါတို့ လုပ်ရမှာက Black Earth ကို ပါရမီရှင့်အဆင့် ဘယ်လောက်မှာထားမှာလဲ..."

ဝန်ထမ်းများ ခေါင်းချင်းဆိုင် ဆွေးနွေးရတော့သည် ။ အိမ်သို့ ပြန်သွားသော ဌာန ခေါင်းဆောင်ပင်လျှင် ဗီဒီယိုကောဖြင့် အလုပ်လုပ်နေရသည် ။

" တကယ်ဆိုရင် တိုက်ခိုက်ရေးစွမ်းရည် အဆင့်၄ အလယ်ဆင့် ရောက်တာနဲ နတ်ဆိုးအဆင့် သတ်မှတ်ရမှာ ...ယဲ့ရီလိုပဲ... ဒါပင်မဲ့ Black Earth ရဲ့ ခန္ဓာကိုယ်ပါရမီက ဆိုးရွားလွန်းတယ်... "

" အဲ့တာဟုတ်တယ်... အရင်ရက်တုန်းကဆို သိုင်းအလုပ်သင်ပဲရှိသေးတယ်... အမှိုက်ပဲ..."

" အဲ့တာဆိုးလွန်းတယ်... "

" သူက ပျိုးပင်ကောင်းပင်မဲ့ ကောက်ကွေးနေတာ... "

" အဲ့တာဆို အရင်အတိုင်း လက်ရွေးစင် အဆင့်ပဲထားမှာလား..."

" တိုက်ခိုက်ရေးစွမ်းရည် အဆင့်၄ အလယ်ဆင့်ရောက်ပြီးတော့ မျှော်စင်မှာ သမိုင်းအဆင့် ၁ ရထားတာကို လက်ရွေးစင် အဆင့်ပဲ ထားလို့ ကောင်းမလားဟ... "

ဝန်ထမ်းများက အချိန်အတော်ကြအောင် ဆွေးနွေးပြီး နောက်ဆုံး လင်းမို့အား နတ်ဆိုးတပိုင်းအဆင့် သတ်မှတ်ထားလိုက်တော့သည် ။ ခြေထောက်မပါသော နတ်ဆိုးပင် ။

ရှားနိုင်ငံ ပါရမီရှင်စာရင်းတွင် လင်းမို့ကို ဒုတိယအဆင့်တွင်ထားလိုက်ပြီး ယဲ့ရီ၏နောက်ရှိ တစ်ဦးထဲသော နတ်ဆိုးတပိုင်းအဆင့် ပါရမီရှင် ဖြစ်သွားသည် ။

တောနက်ထဲတွင်ရှိသော တောင်ဖြစ်သဖြင့် အင်တာနက်လိုင်းမကောင်းချေ ။

သို့သော်လည်း တောင်တက်သမားအဖြစ် ဟန်ဆောင်ထားသော လူသတ်သမား ၁၀၀ ကျော်မှာ အထီးကျန်မှုကို မခံစားနိုင်တော့ ။ လိုင်းအနည်းငယ်ပိုကောင်းစေရန် တောင်ထိပ်အထိတက်ကာ ဖုန်းပွတ်နေကြသည် ။ ( ​ေx ာက်ကျိုးနည်း လူသတ်သမားတွေ😂...)

Black Earth ၏ သတင်းကို သူတို့တွေ့လိုက်ကြသည် ။

" ပါရမီရှင်အသစ် မျှော်စင်မှာ ၇၂ ထပ်အထိ ရှင်းခဲ့တာတဲ့..."

" သမိုင်းအဆင့်၁ တဲ့... "

" ရှားနိုင်ငံ ပါရမီရှင်စာရင်းမှာ ဒုတိယအဆင့် ဖြစ်သွားပြီဟ... "

လူသတ်သမားများ အံ့သြသွားကြသည် ။ အဆင့် ၄၇ မှ အဆင့် ၂ သို့ ပြောင်းသွားသည်ဖြစ်ရာ လွန်ကဲလှပေသည် ။

" ဟားဟားဟား.... "

နံပါတ် ၄၇ က ရုတ်တရပ်ကြီး ထရယ်လိုက်၏ ။

" ကျွန်တော် မပြောဘူးလား... ခေါင်းဆောင်... ကျွန်တော် မပြောဘူးလား... ကျွန်တော့် စည်သီအိုရီကို ယုံပြီလား... အရှည်ဆုံးအပိုင်းက အဆုံးမဲ့ ရှည်ရင် ရေအတိုင်းအဆမရှိ ထည့်လို့ရပါတယ်ဆိုတာ ...ဟားဟားဟားဟားးးး "

ခေါင်းဆောင် မပျော်တော့ ။ သူက ဘာမှ မပြောဘဲ သူ့ဘေးရှိလူများကို လက်ယမ်းပြလိုက်ပြီး မျက်စပစ်ပြလိုက်သည် ။

အနားရှိသည့်လူများ နံပါတ် ၄၇ ကိုဝိုင်းထားလိုက်ကြတော့၏ ။

ထိုအချိန် ကျိုးချင်ဖုန်းက အလုပ်ကြိုးစားနေဆဲပင် ။

" ငါနောက်ဆုံးတော့ ၅၉ ထပ်ကို ကျော်နိုင်ခဲ့ပြီ..."

ပြိုင်ဘက်ကို သတ်ပြီးသည်နှင့် ကျိုးချင်ဖုန်းက အသက်ပြင်းပြင်းရူလိုက်သည် ။ သူ၏ အပ် အလစ်တိုက်ကွက်ဖြင့် အနိုင်ယူနိုင်ရန် ဆယ်မိနစ်ကျော်ကြာအောင် တိုက်ခိုက်ခဲ့ရသည် ။

' နောက်တဆင့်က အထပ် ၆၀... ငါ့အလစ်တိုက်ကွက်က အောင်မြင်ရင် ကောင်းမယ်... "

ကျိုးချင်ဖုန်း နောက်အထပ်သို့ တက်သွားလိုက်သည် ။

ကျိုးချင်ဖုန်းသည် အထပ် ၆၀ ကို လေ့ကျင့်ရန်တွင် မကြာခဏ ရောက်ခဲ့ဖူးသော်လည်း နိုင်သည်ထက် ရှုံးသည်က ပိုများ၏ ။ သူယုံကြည်ချက်မရှိပေ ။

ဆယ်စက္ကန့်အကြာတွင်....

" အားးး..."

" အား...."

" အား..."

ကျိုးချင်ဖုန်း ပြော့ဖက်သွားသည်အထိ ကြာပွတ်ဖြင့် အရိုက်ခံလိုက်ရသည် ။ ကြည့်ရှုနေသူ သန်းချီရှေ့တွင် ကြာပွတ်စာမိ၍ အသက်ပျောက်ခဲ့လေသည် ။

' ဂုဏ်ယူစရာ အရှုံးပဲ... '

ကျိုးချင်ဖုန်း မရှက်ပေ ။ သူ ၅၉ ထပ်ကို ကျော်ဖြတ်နိုင်သည်ကိုပင် ကျေနပ်နေလေပြီ ။

သူမထွက်ခွာခင် စာချန်ခဲ့ရမည်ကို မမေ့ ။ Black Earth က ၇၂ ထပ်အထိ ရောက်၍ သမိုင်းအဆင့် ၁ဖြစ်သွားသည်ကို သူမသိလိုက်​​ချေ ။

ကျိုးချင်ဖုန်းက ခဏကြာအောင် စဥ်းစားပြီး ထီမထင် မျက်နှာထားနှင့် မာနကြီးသော စာကို ချန်ခဲ့လေသည် ။

" ထိပ်ဆုံးအထိ အောင်မြင်စွာ တက်နိုင်ခဲ့ပြီ... ယာယီ အဆင့် ၁... "

Chapter 73

All Chapters