← Chapters

Black Earth ကို မသိဘူးလား ~

Vol. 5 Ch. 73

Black Earth ကို မသိဘူးလား ~

Vol. 5 Ch. 73

" ထိပ်ဆုံးအထိ အောင်မြင်စွာ တက်နိုင်ခဲ့ပြီ... ယာယီပထမအဆင့်... "

ကျိုးချင်ဖုန်းသည် စာကို ရေးပြီးနောက် ကျေနပ်စွာ ခေါင်းညိတ်လိုက်သည် ။ သူအလွန်ကောင်းမွန်သည်ဟု ခံစားရလိုက်၏ ။

' ငါ့ အဆင့်၁ ကို ဘစ်ဘော့စ် ယဲ့ရီက မကြာခင် ယူသွားမှာပဲ... ဘာပဲဖြစ်ဖြစ် ၅၉ ထပ်က တခြား ပါရမီရှင်တွေစိတ်ဓာတ်ကျသွားလိမ့်မယ်... '

မျှော်စင်၏ နှစ်စဥ်အဆင့်၁ ရရှိခဲ့သည့် ပျော်ရွှင်မှုကြောင့် ကျိုးချင်ဖုန်း မထွက်ချင် ထွက်ချင်နှင့် ထွက်လာခဲ့သည် ။

​အပြင်သို့ ရောက်လျှင် ပထမဆုံး လုပ်သည့်အရာမှာ နှစ်စဥ်အဆင့်ကို ဓာတ်ပုံ ရိုက်ရန်ပင် ။ နှစ်စဥ်အဆင့်ကို ဖွင့်ကြည့်လိုက်သည်နှင့် အဆင့် ၁ Black Earth ၇၂ ထပ် က သူ့ကို ရှုပ်ထွေးသွားစေသည် ။

ကျိုးချုင်ဖုန်း ၏ တိုက်ရိုက်ထုတ်လွှင့်မှုအတွင်း ကြည့်ရှုနေသူ သန်းချီမှာ Black Earth အကြောင်း ဆွေးနွေးနေကြဆဲပင် ။

" ကျိုးချင်ဖုန်းရဲ့ မျက်နှာကို ကြည့်လိုက်အုံး..."

" အထပ် ၆၀ တောင် မနိုင်ဘူးလား ဆိုးလိုက်တာ... မင်းတော့ Black Earth နောက် တစ်မိုင်လောက်ကျန်ခဲ့ပြီ ..."

" သူ တိုက်ရိုက်ထုတ်လွှင့်မှု စတုန်းက Black Earth ထက်သန်မာကြောင်း သက်သေပြမယ်ဆို... "

" သူနဲ့ Black Earth က အဆင့်တူ မဟုတ်တာ သူသက်သေပြပြီးသွားပြီလေ... ဟီးဟီးဟီး... "

" ကျိုးချင်ဖုန်း ချန်ခဲ့တဲ့ စာကို ကြည့်အုံး... ထိပ်ဆုံးအထိ အောင်မြင်စွာ တက်နိုင်ခဲ့ပြီ ယာယီ ပထမအဆင့်တဲ့ ဟားဟားဟား... "

" သူက လူတွေကို အရယ်လွန်ပြီး သေအောင်သတ်ချင်တာလား... "

" ကြည့်ကြည့်... ကျိုးချင်ဖုန်း ထွက်လာပြီ. .. သူ နှစ်စဥ်အဆင့်ကို ကြည့်တော့မယ်... "

" ဟားဟားဟား .... အဲ့ကောင် ရှုပ်ထွေးသွားတဲ့ မျက်နှာကို ကြည့်အုံး... "

ညတွင်းချင်းပင် ကျိးချင်ဖုန်း၏ ရှုပ်ထွေးနေသော မျက်နှာက meme အဖြစ် အင်တာနက်ပေါ်တွင် ပြန့်နှံ့သွားသည် ။

အာရုံစိုက်မိသွားသော နီတီဇင်များသည် ကျိုးချင်ဖုန်း၏ ရှုပ်ထွေးနေသော မျက်နှာက နေရာစုံတွင် အီမိုဂျီ အဖြစ်သုံးလို့ရကြောင်း သိသွားကြသည် ။ သင် ထိတ်လန့်စရာ ကြားလိုက်ရလျှင် သုံး၍ရသည် ။ သင် တဖက်လူက အလွန်မိုက်သည်ဟု ခံစားရလျှင်လည်း သုံး၍ရသည် ။ တဖက်လူက အလွန်ညံ့ဖျင်းသည်ဟု ခံစားရလျှင်လည်း သုံး၍ရသည် ။

တစ်ညထဲနှင့် ကျိုးချင်ဖုန်း အီမိုဂျီက ကြီးမြတ်သော ဧကရာဇ် ကျန်းရှန့် နှင့် သူခိုး ကျိုးလီချီ တို့နှင့် တန်းတူ အလွန်နာမည်ကြီးလာခဲ့သည် ။

ရှေးဦးစကြာဝဠာ... ကျန်းနန်စီရင်စု...

လင်းမို့ သည် နောက်တွင်ကျန်ခဲ့သော မျှော်စင်သစ်တောကို မခွဲနိုင်မခွာရက်ဖြင့် လှည့်ကြည့်မိလိုက်၏ ။

' ငွေတွင်း အကြီးကြီးပဲ... '

သူ မျှော်စင်သို့ မဝင်ခင်က အလွန်ဆင်းရဲသော ကျောင်းသားလေးတစ်ယောက်ဖြစ်သော်လည်း ယခု သန်း ၃၀ ကျော် ချမ်းသာလာခဲ့ပေသည် ။

' ၇၃ ထပ်ကို နောက်နှစ်ရက်အတွင်း စိန်ထပ်ခေါ်မယ်...'

သူ ၇၃ ထပ်အတွင်းသို့ မဝင်ခဲ့ချေ ။ မျှော်စင်အတွင်း အထပ် ၆၀ မှ ၇၀ အထိ ရှေးဦးစကြာဝဠာ အမှတ် တစ်မှတ်ပေးပြီး ၇၀ မှ ၈၀ အထိ အမှတ် နှစ်မှတ် ပေးလေသည် ။ သမိုင်းအဆင့်တွင် ပထမ ဖြစ်လျှင် အမှတ် ၂၀ ပေးသည် ။

ထို့ကြောင့် လင်းမို့တွင် လက်ရှိ ၃၆ မှတ်ရှိသည် ။ အချိန်မရွေး ငွေနှင့် လဲ၍ ထုတ်ယူလို့ရပေသည် ။ သမိုင်းအဆင့် ၁ တစ်ခါရတိုင်း အမှတ် ၂၀ ရမည်ဖြစ်သောကြောင့် သူ ၇၃ ထပ်သို့ မတက်ခဲ့ခြင်းပင် ။ သူနောက်ထပ် အမှတ် ၂၀ လိုချင်သည် ။

' ပါရမီရှင် အဆင့်၁ က ယဲ့ရီက အရမ်းသန်မာတယ် ကြားတယ်... သူငါ့ကို ကျော်ပြီး အဆင့်၁ ရပြီး မှ ငါ သူ့ကို ပြန်ကျော်ရမယ်... အဲ့တာဆို အမှတ် ၂၀ ထပ်ရပြီ... '

ရှေးဦးစကြာဝဠာ အမှတ် ၂၀ က ယွမ်သန်း ၂၀ ဖြစ်သည် အဆုံးရှုံးမခံနိုင် ။

' ယဲ့ရီ မင်းကြိုးစားရမယ်... ငါ့ကို စိတ်မပျက်စေနဲ့...'

လင်းမို့ စိတ်အားထက်သန်စွာ စောင့်မျှော်နေ၏ ။

အလွန်ဝေးသော မြို့တော်တွင် ယဲ့ရီတစ်ယောက် ရုတ်တရပ် နှာခေါင်းယားလာပြီး နှာချေ မိလိုက်၏ ။

" ဟပ်ချိုးးးး...."

' ငါခန္ဓာကိုယ်နဲ့ ဘယ်လိုလုပ် နှာချေနေတာလဲ...'

ယဲ့ရီ ရှုပ်ထွေးသွားသည် ။

'ဘယ်ကောင်ငါ့ကို အတင်းတုပ်နေလဲမသိဘူး... ထားလိုက်ပါ... ​သေချာပြင်ဆင်မှ... နှစ်ရက်အတွင်း ငါ စိန်ခေါ်မယ် ... Black Earth က ဘာကောင်မှ မဟုတ်ပါဘူး... '

နောက်နေ့ မနက်...

လင်းမို့ ကျောင်းသို့ လာသောအခါ ကျောင်းဂိတ်ဝတွင် လူများဝိုင်းအုံနေသည်ကို မြင်လျှင် အံ့သြသွား၏ ။

' ဘာဖြစ်နေတာလဲ...'

ဟိုင်းချန်အထက်တန်းကျောင်း ဂိတ်ဝတွင် လူပင်လယ်ကြီး ဖြစ်နေလေသည် ။ ရောင်စုံအလံများ လွှင့်ထူထားပြီး ဘင်ခရာတီးဝိုင်းဖြင့် ကြိုဆိုနေကြ၏ ။

လင်းမို့သည် သူမျက်မှန်းတန်းမိသော ဆရာအားလုံးရောက်နေသည်ကို မြင်လိုက်ရသည် ။ သူတို့က ကျောင်းဂိတ်ဝလမ်းတွင် နှစ်ဖက်ခွဲရပ်နေပြီး ကြိုဆိုရန် စောင့်ဆိုင်းနေပုံရသည် ။ ကျောင်းသားအများအပြား ရောက်ရှိနေပြီး လည်ပင်းဆန့်ထုတ်ကာ မျှော်ကြည့်နေကြသည် ။

' အကောင်ကြီး တစ်ကောင်ကောင်လာမှာလား... '

လင်းမို့လည်း သိချင်သွား၏ ။

ထိုအချိန်တွင် ဟောက်ရန်က လင်းမို့ကို သတိထားမိသွားပြီး ပြေးလာခဲ့သည် ။ ဖက်တီးလေး၏ အမူအရာကြည့်ရသည်မှာ ပျော်ပုံမရပေ ။

" အကိုမို့..."

ဟောက်ရန်က အနားသို့ ရောက်လာသည်နှင့်တိုင်တော့သည် ။

" ငါ ဆက်ကြွားလို့ မရတော့ဘူး..."

" ဘာလို့လဲ... "

လင်းမို့ ရှုပ်ထွေးသွားပြီး...

" မင်းတစ်ရက်ပဲ ကြွားရသေးတာလေ... ဘာလို့ဆက်မကြွားချင်တော့တာလဲ ..."

ဟောက်ရန်၏ မျက်နှာက မည်းမှောင်သွားပြီး...

" ငါ ခွန်အားလေးနဲ့ ထိပ်တန်းတက္ကသိုလ်ဝင်ခွင့် ရတာကို လိုက်ကြွားရုံပဲတက်နိုင်တာလေ...ဒါပင်မဲ့ ဒီနေ့ တကယ်တော်တဲ့သူ ကျောင်းကို ရောက်လာပြီ..."

အစစ်အမှန် တော်သည့်သူများ ရောက်လာလျှင် ငကြွားကောင်များ ဘေးသို့ရောက်သွားသည် ။ ဟောက်ရန် စိတ်ဓာတ်ကျနေသည်မှာ မဆန်းပေ ။ သူ တစ်ရက်သာ ကြွားခွင့်ရမည်ကိုသိခဲ့လျှင် တစ်ကျောင်းလုံးပတ်၍ လော်နှင့် အော်ခဲ့မိပေမည် ။

" အိုး... "

လင်းမို့ စိတ်ဝင်စားသွားပြီး...

" ဘယ်သူတဲ့လဲ..."

" ပါရမီရှင် စာရင်းဝင် ယန်ယီမို လေ... "

ဟောက်ရန်က....

" ကျောင်းအုပ်ထိပ်ပြောင်ကြီးက ဘယ်လိုလုပ်ပြီး ခေါ်ခဲ့တာလဲတော့ မသိဘူး... ဒီကျောင်းကနေ စာမေးပွဲဝင်ဖြေမှာတဲ့... "

' ယန်ယီမို ...'

လင်းမို့ ထိုနာမည်အား သတိထားမိသည် ။

" ပါရမီရှင်စာရင်းက အဆင့် ၇ မှတ်လား..."

" ခုအဆင့် ၈ ဖြစ်သွားပြီ ..."

ဟောက်ရန်က ပြောလိုက်၏ ။

" ဘာလို့ အဆင့် ၈ ရောက်သွားတာလဲ တစ်ယောက်ယောက်က သူ့ကို ကျော်တက်သွားလို့လား..."

လင်းမို့ သည် ရှားနိုင်ငံ ပါရမီရှင်စာရင်းအား စိတ်မဝင်စားသဖြင့် မကြည့်မိ ။

" မင်း Black Earth ကိုသိလား ..."

ဟောက်ရန်က စိတ်လှုပ်ရှားစွာဖြင့်...

" အရင်ရက်တွေတုန်းက ရှေးဦးစကြာဝဠာ ထဲမှာ နာမည်ကြီးနေတဲ့ Black Earth က မနေ့တုန်းက ပါရမီရှင် လူသစ်မျှော်စင်ကို စိန်ခေါ်တာ သမိုင်း အဆင့်၁ အထိ တစ်ခါတည်း တက်သွားတာ... "

" Black Earth လား..."

လင်းမို့ မျက်တောင် ပုတ်ခတ်ပုတ်ခတ် ဖြစ်သွားသည် ။ ထိုသည်က သူမဟုတ်သလော ။

ဟောက်ရန်သည် ဒဏ္ဍာရီ လာ Black Earth က သူ့ဘေးတွင် အရှင်လတ်လတ် ရပ်နေသည်ကို မသိ ။ သူက လင်းမို့အား Black Earth အကြောင်းကို စိတ်ရှည်ရှည် ရှင်းပြနေ၏ ။

" Black Earth ကြောင့် မနေ့ညက ပါရမီရှင်စာရင်းကို ပြန်ပြင်လိုက်ကြတယ်... အခု Black Earth က ပါရမီရှင်စာရင်းမှာ အဆင့် ၂ ဖြစ်သွားပြီ... အပေါ်တစ်ယောက်တက်သွားလို့ ယန်ယီမိုက အောက်တစ်ဆင့်ကျသွားတာ... "

ထိုစဥ် ဟောက်ရန်က ပြုံးလိုက်ပြီး...

" အခြေအနေ တကယ်ဆိုးနေတဲ့သူ ကျိုးချင်ဖုန်းပဲ... မနေ့က နှစ်စဥ်အဆင့်၁ နေရာကိုယူမယ်ဆိုပြီး လိုက်(live) လွှင့်နေတာ ... Black Earth က သူ့ထက် သာသွားတော့ ဝိုင်းရယ်ခံနေရပြန်ပြီ... ပိုဆိုးတာက ပါရမီရှင်စာရင်း အသစ်ထွက်လာတော့ သူ့အဆင့်က ၁၈ ကနေ ၁၉ ရောက်သွား​ရော ... "

ဟောက်ရန်သည် သူမနေ့ညက ဟာသကြည့်ခဲ့ရသဖြင့် ပျော်နေလေသည် ။

ကျိုးချင်ဖုန်း၏ ရှုပ်ထွေးနေသော မျက်နှာ အီမိုဂျီကို သူ့ဖုန်းထဲတွင် သိမ်းထားသည် ။

" အဲ့မှာကြည့်... "

ဟောက်ရန်က လုပ်ငန်းသုံး ဇိမ်ခံကားတစ်စီး စူးရှရှမျက်လုံးများနှင့် ကြည့်ကာ အော်လိုက်၏ ။

" အဲ့တာ ယန်ယီမို ရဲ့ကားထင်တယ်.... "

Chapter 74

All Chapters