ငါ တကယ် ပါရမီရှင်လား
Vol. 5 Ch. 74
~
လုပ်ငန်းသုံး ဇိမ်ခံကား၏ အော်တိုတံခါးက ပွင့်လာခဲ့သည် ။
အဖြူရောင် ဝတ်စုံ ဝတ်ဆင်ထားသော ယန်ယီမို က အမြန်အပြင်သို့ထွက်လာခဲ့၏ ။ သူမ၏ ရှည်လျားသော ဆံပင်ရှည်များက မနက်ခင်းလေပြေလေညှင်းလေးများကြောင့် တဝဲဝဲလွှင့်ပျံနေပြီး သူမနှင့် စည်းချက်ညီညီ လိုက်ဖက်နေပေသည် ။
သူမ အပြင်သို့ ထွက်လာသည်နှင့် ဝိုင်းကြည့်နေကျသော ကျောင်းသားများ အလိုလို ခေါင်းငုံ့လိုက်ကျသည် ။ သူတို့ကို သူတို့ နိမ့်ကျသည်ဟု ခံစားမိ၍ပင် ။
ဟောက်ရန် လည်း မထူးပေ ။ ခြေဖျားထောက်၍ ငန်းတစ်ကောင်လို မျှော်ကြည့်နေသော ဟောက်ရန် လည်း ယန်ယီမိုကို မြင်လိုက်ရသည်နှင့် ခေါင်းငုံ့လိုက်မိသည် ။
" ဟမ်... "
လင်းမို့လည်း ပတ်ဝန်းကျင်ရှိလူများ ပုံမှန်မဟုတ်သည်ကို သိလိုက်၏ ။
ဆရာများမှ လွဲ၍ ကျောင်းသားများအားလုံး ခေါင်းငုံ့ထားကြသည် ။ လင်းမို့ တစ်ယောက်သာ ခေါင်းထောင်နေလေသည် ။
' သူက ယန်ယီမိုလား... '
လင်းမို့ အကဲခပ်ကြည့်လိုက်၏ ။
' သူ့ကြည့်ရတာ ထူးဆန်းနေသလိုပဲ... ဘာမှန်း မသိတဲ့ ခံစားချက်ပဲ ...'
လင်းမို့သည် တစ်ခုခု ထူးဆန်းသည်ဟု ခံစားမိသော်လည်း ဘာမှန်းမသိပေ ။
" အယ်..."
ယန်ယီမိုလည်း လင်းမို့ကို သတိထားမိ သွားပြီး လှမ်းကြည့်လိုက်သည် ။
သူမ၏ မျက်လုံးထဲဝယ် အနည်းငယ်စပ်စုချင်စိတ် ပေါ်လာပြီး တွေးမိလိုက်၏ ။
' ဟိုင်းချန်ကျောင်းမှာ ငါ့ရဲ့ အဖွဲ့လမ်းညွှန်ထိမ်းချုပ်မှုကို ခံနိုင်ရည်ရှိတဲ့ ကျောင်းသားရှိတာပဲ... သူ့စိတ်စွမ်းအားက မဆိုးဘူး... '
ထို့နောက် ယန်ယီမို အကြည့်လွဲလိုက်သည် ။ မဆိုးသော်လည်း သူမအာရုံစိုက်ရသည်အထိ မထိုက်တန် ။
" တူမလေး ယီမို... ပင်ပန်းသွားပြီ..."
ကျောင်းအုပ်ယန်က ရှေ့သို့ပြေးတက်လာပြီး နွေးထွေးစွာ ကြိုဆိုလိုက်၏ ။
" ကျောင်းအုပ်ယန်... "
ယန်ယီမိုက ဦးလေးဟု မခေါ်ချေ ။ သူမက မျက်မှောင်ကြုပ်လိုက်ပြီး မပျော်မရွှင့်ဖြင့်...
" လူသိမခံ ချင်ဘူးလို့ ကျွန်မ မပြောထားဘူးလား..."
" ဒါ ဘာမှ မဖြစ်ပါဘူး... "
ကျောင်းအုပ်ယန်က ရှင်းပြသည် ။
" ငါ မီဒီယာတွေကို ခေါ်မထားဘူး... "
" ကျွန်မလိုချင်တဲ့ လေ့ကျင့်တဲ့အခန်းကို ပြင်ထားပြီးပြီလား... "
ယန်ယီမိုက အချိန်မဖြုန်းဘဲ မေးလိုက်ပြီး...
" ဘယ်သူပဲဖြစ်ဖြစ် ကျွန်မလေ့ကျင့်နေတာကို လာမနှောက်ယှက်စေနဲ့နော်... "
ပြောပြီးသည်နှင့် သူမက ကျောင်းထဲသို့ လမ်းလျောက်ဝင်သွားတော့သည် ။
ကျောင်းအုပ်ယန်လည်း နောက်မှ ပြေးလိုက်သွား၏ ။ သူမ၏ သဘောထားကို သူစိတ်မဆိုးဘဲ အလွန်စိတ်အားထက်သန်နေသည် ။
ယန်ယီမို အဝေးသို့ ရောက်သွားမှ ဟောက်ရန်က ခေါင်းမော့၍ လှမ်းကြည့်လိုက်သည် ။
" ပါရမီရှင်စာရင်း အဆင့်၈ ဆိုတဲ့အတိုင်းပဲ... ရောက်တာနဲ့ တန်းပြီး လေ့ကျင့်တော့တာ. ကြိုးစားလိုက်တာ... "
ဟောက်ရန် သက်ပြင်းချလိုက်ပြီး...
" ငါသူ့လောက်ကြိုးစားရင် ပါရမီရှင်စာရင်း ဝင်နိုင်မလားမသိဘူး... "
ယခုအချိန် ဟောက်ရန်သည် သူအရင်က အချိန်ဖြုန်းခဲ့မိသည့်အပေါ်တွင် နောင်တရသွား၏ ။
လင်းမို့က ဟောက်ရန်၏ ပခုံးပုတ်ကိုပုတ်၍ နှစ်သိမ့်ပေးလိုက်သည် ။
" ဟောက်ရန်... ပါရမီလို့ ခေါ်တယ့်ဟာမရှိရင်... မင်း သူ့ထက်ဆယ်ဆ ကြိုးစားလည်း ရှားနိုင်ငံပါရမီရှင်စာရင်းမှာ ပါမှာမဟုတ်ဘူး... "
" အင်းအဲ့လိုပဲနေမှာ..."
ဟောက်ရန်က ခဏကြာအောင်တွေးပြီး နောင်တများပျောက်ကွယ်သွားသည် ။
" အကိုမို့... ယန်ယီမိုတောင် အဆင့်၈ ရဖို့ ဒီလောက်ကြိုးစားနေရရင် ... Black Earth ဆို ဘယ်လောက်တောင် ကြိုးစားလိမ့်မလဲ... "
" ကြိုးစားလား..."
လင်းမို့ မျက်ခုံးပင့်လိုက်ပြီး...
" Black Earth က တနေကုန် အိပ်ရင် အိပ်နေမှာပေါ့ဟ... "
" မဖြစ်နိုင်ဘူး... ဘယ်လိုမှ မဖြစ်နိုင်ဘူး..."
ဟောက်ရန် လက်ခံနိုင် ။
" ပါရမီရှင် ဖြစ်ဖို့ဆိုတာ ကြိုးစားမှုအပေါ် ၉၉ % မူတည်နေတယ်... ပါရမီက ၁ % ပဲ... သိုင်းပညာလမ်းစဥ်မှာ ဘယ်သူမှ ပျင်းရိနေလို့မရဘူး... ဒါ ငါကောင်းဟောက်ရန်ရဲ့ စကားပဲ..."
" အေးပါ... အေးပါ..."
လင်းမို့က ပြန်မငြင်းဘဲ အဓိပ္ပါယ်အပြည့်ဖြင့် ဟောက်ရန်၏ ပခုံးကို ပုတ်လိုက်သည် ။
သူ၏ ခွန်အား ထုတ်ဖော်ပြသသည့်အချိန်တွင် သူ့တူလေး လန့်မသေသွားရန် မျှော်လင့်မိ၏ ။
ယန်ယီမို ကျောင်းသို့ရောက်လာသည်က လှုပ်ခက်သွားသော်လည်း သိပ်မကြာလိုက်ပေ ။ တတိယနှစ် ကျောင်းသားများသည် စာမေးပွဲ နီးသဖြင့် အပြင်ကိစ္စများကို စိတ်မဝင်စားနိုင်တော့ ။
ဟောက်ရန်ကဲ့သို့ လူအချို့သာ စိတ်ဝင်စားနိုင်သည် ။
" အကိုမို့ ...အကိုမို့ ... "
ဟောက်ရန်က စာအုပ်တစ်အုပ်ကိုင်ကာ စိတ်လှုပ်ရှားစွာဖြင့် ပြေးလာပြီး...
" ငါရှာတွေ့ပြီ... "
" ဘာရှာတွေ့တာလဲ..."
လင်းမို့ စပ်စုကြည့်လိုက်သည် ။
" ယီမို အဆင့်၈ ရောက်တာက ... သူက စိတ်ထိန်းချုပ်သူ တဲ့..."
" စိတ်ထိန်းချုပ်သူ... "
လင်းမို့ အနည်းငယ် ထိတ်လန့်သွားသည် ။
စိတ်ထိန်းချုပ်သူ ဆိုသည်က စိတ်ပညာရှင် များတွင် ပါဝင်ပြီး အလွန်ရှားပါးလှသည် ။
စိတ်စွမ်းအားရှင် နှင့် စိတ်ထိန်းချုပ်သူ နှစ်မျိုးလုံးမှာ စိတ်ပညာရှင်များ ဖြစ်ကြသော်လည်း မတူညီကျပေ ။ စိတ်စွမ်းအားရှင်များက အရာဝတ္ထုများကို စိတ်စွမ်းအားဖြင့် ထိန်းချုပ်နိုင်ပြီး လူတို့၏ စိတ်ဝိညာဥ်ကို မတိုက်ခိုက်နိုင်ပေ ။ စိတ်ထိန်းချုပ်သူများမှာ လူတို့၏ စိတ်ဝိညာဥ်ကို ပုံရိပ်ယောင်များဖြင့် တိုက်ခိုက်နိုင်သော်လည်း အရာဝတ္ထုများကို မထိန်းချုပ်နိုင် ။
" စိတ်ပညာရှင်တွေက အရမ်းရှားတယ်... ဒီနှစ် ပါရမီရှင်စာရင်းမှာတောင် သုံးယောက်ပဲ ပါတယ်ဆိုလားပဲ... "
ဟောက်ရန်က...
" စိတ်ထိန်းချုပ်သူ တွေက ပိုတောင်ရှားသေးတယ်... အရင်ငါးနှစ်ကနေဆို ယန်ယီမိုက ပထမဆုံးတစ်ယောက်တဲ့... သူက အဆင့်တွေကို ဂရုမစိုက်လို့သာ... မဟုတ်ရင် Black Earth ရဲ့အဆင့်၂ နေရာက သူယူသွားနိုင်တယ်... "
" Black Earth ထက်သာတယ်လား..."
လင်းမို့ ပြုံးလိုက်မိ၏ ။ ထိုကလေးမက ယဲ့ရီကို ကျော်နိုင်လျှင်ပင် သူ ခေါင်းခေါက် လွှတ်လိုက်ပေမည် ။
လင်းမို့က ထုတ်မပြောဘဲ မေးလိုက်၏ ။
" ဘာစာအုပ် ယူလာတာလဲ... "
" ဒါ ငါတို့ကျောင်း စာကြည့်တိုက်မှာရှိတယ့် စိတ်ထိန်းချုပ်သူတွေနဲ့ ပက်သက်တဲ့ တစ်အုပ်ထဲသော စာအုပ်... "
ဟောက်ရန်က ပြုံးလိုက်ပြီး...
" ငါ့ စိတ်ထိန်းချုပ်သူ ဖြစ်နိုင်မလားဆိုပြီး ငှားလာတာ... "
" မင်း ဘာမှ ထူးမလာဘူးမှတ်လား... "
လင်းမို့ မျက်ဖြူလှန်ပြလိုက်ပြီး ...
" မင်းသာ စိတ်ပညာရှင်ဖြစ်နိုင်ရင် အရင်ထဲက မင်းအဖေ ရှာတွေ့မှာပေါ့... "
" ငါအားနေတာပဲ ဘာဖြစ်လဲ ... အကိုမို့ ဖတ်ချင် ဖတ်ကြည့် ရော့... "
ဟောက်ရန်က စာအုပ်ပစ်ပေးလိုက်သည် ။
စာအုပ်၏ ပထမစာမျက်နှာတွင် ရောင်စုံ မျဥ်းကြောင်းများ ထူးဆန်းသော ဖွဲ့စည်းပုံကို ဆွဲထားသည် ။ စာမျက်နှာ အောက်ခြေတွင် စာလုံးများ ပါရှိသည် ။
အခန်း ၁ ပုံရိပ်ယောင် ရုပ်လုံးပေါ်စေခြင်း....
တရားထိုင်၍ ဤပုံံရိပ်ကို စိတ်ထဲတွင် ပုံဖော်ပြီး စိတ်တုန်ခါလာသည့် ခံစားချက်ရလျှင် စိတ်စွမ်းအားကို သိသိသာသာ ခံစားရပေမည် ။ ကြာသည့်အချိန်ပေါ်တွင် မူတည်၍ ပါရမီအနည်းအများ သတ်မှတ်နိုင်သည် ။ တစ်နာရီကြာသည်အထိ မထူးခြားလျှင် သင် စိတ်ထိန်းချုပ်သူ မဖြစ်နိုင်ပေ ။
( မှတ်ချက်: လူတစ်ဦးတွင် စိတ်စွမ်းအားရှိလျှင် ခန္ဓာကိုယ်တွင် ထူးခြားသည့် လက္ခဏာများ ပြသမည်ဖြစ်သည် ။ ထူးခြားသည့် လက္ခဏာများ မရှိလျှင် အချိန်ကုန်ခံ၍ စမ်းသပ်မနေပါနှင့် ။ )
ဤစာပုဒ်အား ဖတ်ပြီးသည်နှင့် ဟောက်ရန် ဝမ်းနည်းသွားသည် ။ သူ့တွင် ထူးခြားသော လက္ခဏာများ မရှိ ။
" အကိုမို့ ... ငါတို့ စိတ်ထိန်းချုပ်သူ မဖြစ်နိုင်တော့ဘူးထင်တယ်... "
ဟောက်ရန်၏ မျက်နှာက မည်းမှောင်လာပြီး...
" ငါ ကြားဖူးတယ် ပါရမီအရှိဆုံး စိတ်ထိန်းချုပ်သူက အောင်မြင်ဖို့ သုံးမိနစ်ပဲ ကြာတယ်တဲ့... ဒီစံချိန်ကို ချိုးနိုင်မလားလို့ ထင်နေတာ မျှော်လင့်ချက် မရှိတော့ဘူး... "
စကားပြောနေသော ဟောက်ရန်က လင်းမို့ တစ်ခုခု မှားယွင်းနေသည်ကို သတိမထားလိုက်မိ ။
' ဘုန်း...."
လင်းမို့ သည် စာပုဒ်ကို ဖတ်ပြီးသည်နှင့် ရောင်စုံမျဥ်းကြောင်းများကို ကြည့်လိုက်စဥ်တွင် တုန်လှုပ်နေသော ခံစားချက်ကို စိတ်ထဲတွင် ခံစားမိလိုက်သည် ။
သူ၏ စိတ်အာရုံကို သူခံစားလို့ ရသွားလေသည် ။
' ငါ့ စိတ်စွမ်းအားက အသွင်ပြောင်းသွားပြီးလား... ငါစိတ်ထိန်းချုပ်သူ ဖြစ်သွားပြီလား...'
အချိန်မြန်လေ ပါရမီရှိလေ ဆိုသဖြင့် လင်းမို့၏ တစ်စက္ကန့် သုံးမိနစ်ထက် များစွာပိုမြန်လေသည် ။
မြန်လွန်းသဖြင့် လင်းမို့ မယုံနိုင်သေးချေ ။
' ငါက အထူးပါရမီရှင် စိတ်ထိန်းချုပ်သူလား... "
Chapter 75