← Chapters

လွယ်လိုက်တာ ~

Vol. 5 Ch. 75

လွယ်လိုက်တာ ~

Vol. 5 Ch. 75

ဟိုင်းချန်အထက်တန်းကျောင်း၏ ရေကန်တု...

စုကျိုးမြို့၏ ရှေးဟောင်းဥယျာဥ်ပုံစံအတွင်းတွင် ရေကန်ကိုမျက်နှာမူထားသော ဗီလာတစ်လုံး ရှိပေသည် ။

ဟိုင်းချန်မြို့၏ အကောင်းဆုံး အထက်တန်းကျောင်း ဖြစ်သဖြင့် ရံဖန်ရံခါ သိုင်းပညာရှင်များကို ဟောပြောပွဲလုပ်ရန် ဖိတ်ကြားလေ့ရှိသည် ။ ထိုပညာရှင်များ တည်းခိုရန်ရည်ရွယ်၍ ဤဗီလာအား ဆောက်လုပ်ထားခြင်းပင် ။

ဗီလာထဲတွင် အသံလုံ လေ့ကျင့်ကွင်းနှင့် လေ့ကျင့်ရန် လိုအပ်သော ပစ္စည်းအစုံရှိသည် ။ ယခု ယန်ယီမို တစ်ယောက်ထဲနေသော နေရာ ဖြစ်လာလေပြီ ။

လေ့ကျင့်ကွင်းက မီတာ ရာဂဏန်း ​ကျယ်ဝန်းပြီး အလယ်တည့်တည့် တွင် ယန်ယီမိုက မျက်စိမှိတ်၍ တင်ပျဥ်ခွေထိုင်ကာ ကျင့်ကြံနေသည် ။

သူမက အလွန်တည်ငြိမ်သည့် အခြေအနေသို့ ရောက်ရှိနေပြီး အသက်ရှုသံများပင် နှေးကွေးနေသည် ။

သို့သော်လည်း သူမ၏ စိတ်ပင်လယ် အတွင်းတွင် အပြင်းအထန် လှုပ်ခပ်နေ၏ ။ ဤသည်က စိတ်ထိန်းချုပ်သူများကို စိတ်စွမ်းအားတိုးမြင့်ပေးနိုင်သည့် နှလုံးသားသန့်စင်ခြင်း ဆိုသည့် ကျင့်စဥ်တစ်မျိုးပင် ။

သာမန် သိုင်းပညာရှင်များ လက်သီးပြင်းအား တိုးလာရန် လေ့ကျင့်သကဲ့သို့ သူမလည်း ဤကျင့်စဥ်ကို နေ့တိုင်းလေ့ကျင့်ရသည် ။ သူမ ဘဝက အပြင်ပန်းတွင် အောင်မြင်နေသော်လည်း သူမ မည်မျှ အပင်ပန်းခံ ကြိုးစားနေရမှန်း သာမန်လူများ နားလည်နိုင်မည်မဟုတ်ချေ ။

ရုတ်တရပ်...

ယန်ယီမိုသည် မျက်လုံးဖွင့်ကြည့်လိုက်ပြီး စိတ်ရှုပ်သွားသဖြင့် သူမ၏ ဇင်ယော်တောင် မျက်ခုံးလေးများ တွန့်ကွေးသွားသည် ။

' တစ်ခုခု မှားနေပြီ... ငါ တခြားစိတ်ထိန်းချုပ်သူကို အာရုံခံမိလိုက်သလိုပဲ ... ချက်ချင်းပျောက်သွားတယ်... '

စိတ်ထိန်းချုပ်သူများက သူတို့နှင့် မျိုးတူများအား အာရုံခံနိုင်စွမ်းမြင့်မားပြီး မိန်းကလေးတစ်ယောက်၏ ဆဠမအာရုံမှာ တိကျလှသည် ။

သူမ၏ ထက်မြက်သော စိတ်အာရုံကြောင့် သူမ အထင်မှားသည်ဟု မထင်မိ ။

'' ဒါပင်မဲ့ အဲ့လူကို ငါခံစားလို့မရတော့ဘူး... ''

ယန်ယီမို သူမကို သူမ ပြောလိုက်၏ ။

" စိတ်ထိန်းချုပ်သူဆိုရင်တောင်မှ... ဒီမြို့လေးမှာ ဘယ်နှစ်ယောက်ရှိနိုင်မှာလဲ ..."

ယန်ယီမို ခံစားမိလိုက်သည်မှာ မမှားပေ ။ လင်းမို့ စိတ်ထိန်းချုပ်သူ ဖြစ်သွားသည်ကို သူမ အာရုံခံမိလိုက်ခြင်း ဖြစ်သည် ။

လင်းမို့၏ စိတ်စွမ်းအားက သန်မာသဖြင့် ပြန်ထိန်းချုပ်လိုက်ခြင်းကြောင့် သူမ အာရုံမခံမိတော့ခြင်းပင် ။ ယီမို သည်ပင် ထိုကဲ့သို့ မလုပ်နိုင် ။ လင်းမို့က ချက်ချင်းကျွမ်းကျင်သွားခြင်းဖြစ်သည် ။

' မေ့လိုက်တာပဲကောင်းတယ်... ငါဆက်လေ့ကျင့်မှ...'

ယီမိုက လေ့ကျင့်ရာတွင် အာရုံစိုက်ထားလိုက်သည် ။ ခဏအတွင်းပင် ​ငြိမ်သက်သည့် အခြေအနေသို့ ရောက်ရှိသွားပြီး စိတ်စွမ်းအားကို ဆက်၍ လေ့ကျင့်နေသည် ။

' ငါ စာမေးပွဲမတိုင်ခင် အဆင့်၄ ရောက်ပါ့မလား...'

ယီမို ယုံကြည်မှုမရှိ ။ စိတ်ထိန်းချုပ်သူများက တိုးတက်ရန် ခက်ခဲလှပေသည် ။

ယီမို စိတ်အာရုံကို ခံစားမိသည့်အချိန်မှစ၍ ဆယ်ရက်အတွင်း ပထမအဆင့်သို့ ရောက်ခဲ့သည် ။ ဒုတိယအဆင့်သို့ ရောက်ရန် သုံးလခန့် ကြာခဲ့ပြီး အဆင့်၃ သို့ရောက်ရန် တစ်နှစ်ခန့် ကြာခဲ့သည် ။ ယခု နှနှစ် ကျော်ကြာလာပြီဖြစ်သော်လည်း အဆင့်၄ သို့မရောက်နိုင်သေးပေ ။

သူမမှာ ရွေးချယ်စရာမရှိဘဲ စိတ်စွမ်းအားတိုးတက်နိုင်အောင် နေ့တိုင်းလေ့ကျင့်နေရတော့သည် ။

' စိတ်စွမ်းအား လေ့ကျင့်ရတာက လက်သီးပြင်းအားလေ့ကျင့်ရတာထက်တောင် ခက်သေးတယ်...'

ယီမိုက သက်ပြင်းချလိုက်ပြီး အံ့ကြိတ်ကာ ပြင်းပြင်းထန်ထန် ဆက်ကြိုးစားလိုက်သည် ။ အချိန်အတော်ကြာအောင် လေ့ကျင့်၍ သူမ၏ အကန့်အသတ်ရောက်သွားမှ ရပ်တန့်လိုက်၏ ။

' စိတ်ထိန်းချုပ်သူတွေရဲ့ လျို့ဝှက်စွမ်းရည်သုံးမျိုးကို ဆက်လေ့ကျင့်ရမယ်... '

စွမ်းရည်သုံးမျိုးက ဖြားယောင်းခြင်း. .. ပုံရိပ်ယောင်နဲ့ ...ဖျက်ဆီးခြင်း တို့ပင်ဖြစ်သည် ။ နာမည်များအတိုင်းပင် ဖြားယောင်းခြင်းက ပစ်မှတ်၏ ခံစားချက်များကို ပြင်းထန်စေသည် ။ ဥပမာအားဖြင့် သူမကျောင်းသို့ရောက်သောအခါ ကြည့်နေကြသော ကျောင်းသားများအားလုံး မကြည့်ရဲစေရန် သုံးလိုက်သော အဖွဲ့လမ်းညွှန်ထိန်းချုပ်မှုကဲ့သို့ပင် ။

ပုံရိပ်ယောင်က ပစ်မှတ် အား ပုံရိပ်ယောင်ထဲ ကျသွားအောင် လှည့်စားနိုင်ပြီး ခွန်းအားကုန်ဆုံးသွားမှ အလွယ်တကူ သတ်နိုင်ပေသည် ။ ကျွမ်းကျင်နိုင်ရန် ပိုခက်လေသည် ။

အပြင်းထန်ဆုံးနှင့် အခက်ခဲဆုံးက ဖျက်ဆီးခြင်း ဖြစ်သည် ။ ပစ်မှတ်အား အဆုံးထိ စိတ်ဓာတ်ကျစေပြီး သတ်သေရန် တွန်းအားပေးနိုင်သည် ။

စိတ်ထိန်းချုပ်သူများ၏ အခြေခံသုံးမျိုးဖြစ်သည့်အတွက် သူမနေ့တိုင်းလေ့ကျင့်ရသည် ။

တတိယနှစ် အခန်း ၁၀...

' ငါက စိတ်ထိန်းချုပ်သူတွေထဲက အထူးပါရမီရှင်လား...'

လင်းမို့ အခုတထိ မယုံကြည်နိုင်သေးပေ ။ ရုတ်တရပ် စနစ်သတိပေးချက်ကို ကြားလိုက်ရ၏ ။

" ဒင်... ဂုဏ်ယူပါတယ် ပိုင်ရှင်... သင်၏ စိတ်စွမ်းအား နိုးထလာပြီး စိတ်ထိန်းချုပ်သူ ပါရမီ ရရှိပြီးပါပြီ... "

" ဒင်... ဂုဏ်ယူပါတယ် ပိုင်ရှင်... သင် အဆင့် ၁ စိတ်ထိန်းချုပ်သူ ဖြစ်သွားပါပြီ..."

စနစ်၏ အသံကိုကြားမှ လင်းမို့ ညဏ်အလင်းရသွားသည် ။

' ငါထင်တယ်... ငါဘယ်လိုလုပ် ပါရမီ ရှိမှာလဲ... ယန်ယီမိုကြောင့် ငါရလာတာပဲ...'

သူစာသင် ခန်းထဲတွင် လှဲလျောင်းနေသော်လည်း အဆင့်၁ သို့ရောက်ရှိသွားသည် ။

သူကျောင်းအုပ်ယန်ကိုပင် ကျေးဇူးတင်မိပေသည် ။ သူ့အား ကျောင်းထုတ်ခဲ့သော်လည်း ထိပ်တန်းပါရမီရှင်တစ်ယောက်အား သူ စိတ်ထိန်းချုပ်သူ ဖြစ်လာစေရန် ခေါ်လာခဲ့ပေးသည် ။

' သူ ဖိတ်ခေါ်နိုင်ဖို့ တော်တော် ပေးဆပ်လိုက်ရမှာပဲ... '

လင်းမို့ တွေးလိုက်မိ၏ ။

' သူက လူကောင်းပဲ... '

သုံးမိနစ်ကြာလျှင်...

" ဒင်... ဂုဏ်ယူပါတယ် ပိုင်ရှင်...သင် အဆင့် ၂ သို့ရောက်ရှိသွားပါပြီ... "

နောက်ထပ် စနစ်အသိပေးချက် ဝင်လာ၏ ။

လင်းမို့ အံ့သြသွားသည် ။

' ဘာဖြစ်တာလဲ... အဆင့် ၂ တက်ဖို့လွယ်လိုက်တာ... '

ဆယ်မိနစ်အကြာတွင်...

" ဒင်... ဂုဏ်ယူပါတယ် ပိုင်ရှင်... သင် အဆင့် ၃ သို့ ရောက်ရှိသွားပါပြီ... "

လင်းမို့ ထိတ်လန့်သွားသည် ။

' ဒါ မလွယ်လွန်းဘူးလား... ငါ ဘာမှန်းတောင် သေချာမကြည့်ရသေးဘူး အဆင့်၃ ရောက်သွားပြီ...'

ထိုအတွေးကို ယန်ယီမိုသိလျှင် သွေးအန်သွားပေလိမ့်မည် ။

' လွယ်လား...'

' ငါ အဆင့်၃ ရောက်ဖို့ ဘယ်လောက်တောင် လေ့ကျင့်ခဲ့ရလဲ နင်သိလား...'

' လွယ်တယ်လို့ ပြောရဲတယ်လား...'

လင်းမို့ အလွန်လျင်မြန်နေသည်မှာ သူ၏ စိတ်စွမ်းအား ကောင်းသောကြောင့်ပင် ။ စိတ်ထိန်းချုပ်သူ၏ အဆင့် က စိတ်စွမ်းအားပေါ်တွင်မူတည်နေသည် ။ သူက တိုက်ခိုက်ရေးစွမ်းရည်အဆင့် ၄ သို့ရောက်နေဖြင့် သူ၏ စိတ်စွမ်းအားက စိတ်ထိန်းချုပ်သူ အဆင့်၃ ထက် ပိုနေပေသည် ။

ယန်ယီမို က နှလုံးသားသန့်စင်ခြင်း ကျင့်စဥ်ကို ရပ်တန့်လိုက်သောကြောင့် အဆင့် ၃ အထိသာ ရောက်ရှိခဲ့ခြင်းဖြစ်သည် ။ မဟုတ်လျှင် လင်းမို့ အဆင့်၄ အထိရောက်နိုင်ပေသည် ။

သို့သော် ကျင့်စဥ်ရပ်တန့်သွားသော်လည်း လျို့ဝှက်စွမ်းရည်များ ပေါ်လာသည် ။

" ဒင်... ဂုဏ်ယူပါတယ် ပိုင်ရှင်... ဖြားယောင်းခြင်း ကျွမ်းကျင်မှု သင်ယူပြီးပါပြီ..."

" ဒင်... ဂုဏ်ယူပါတယ် ပိုင်ရှင်... ပုံရိပ်ယောင် ကျွမ်းကျင်မှု သင်ယူပြီးပါပြီ..."

" ဒင်... ဂုဏ်ယူပါတယ် ပိုင်ရှင်... ဖျက်ဆီးခြင်း ကျွမ်းကျင်မှု သင်ယူပြီးပါပြီ..."

လင်းမို့သည် ဆက်တိုက်ဝင်လာသော အသိပေးချက်များကိုကြည့်ကာ တစ်ခုသာတွေးမိလိုက်တော့သည်။

' ပါရမီရှင်စာရင်းက အဆင့်၈ ဆိုတယ့်အတိုင်းပဲ... မနက်အစောကြီးကို အများကြီး လေ့ကျင့်နေလိုက်တာ... '

All Chapters