← Chapters

ညှိနှိုင်း၍မရ

Vol. 5 Ch. 65

ညှိနှိုင်း၍မရ

Vol. 5 Ch. 65

~

" ဆိုးလိုက်တယ့် အဆင့်တွေ... "

ရှားနိုင်ငံ၏ မြောက်ဘက်တွင် ရှိသော မြို့တစ်မြို့ ။ အလယ်တန်းကျောင်းတစ်ခုအတွင်း ။

လင်းမို့ ပါးရိုက်ဖူးသော God Od Slaughter က ကျောင်းခန်းထဲတွင် ကျိန်ဆဲနေသည် ။

" ဘယ်ငတုံးက အဆင့်တွေစီထားတာလဲ... Black Earth ဘယ်လောက်သန်မာတယ်ဆိုတာ သူတို့ မသိကြဘူးလား..."

" တိုက်ခိုက်ရေးစွမ်းရည်အဆင့်၄ က အဆင့် ၄၇ လား... ငလူးမ အဆင့်တွေ..."

" ငါ သာအဆင့်စီရရင် Black Earth ကိုထိပ်ဆုံးကထားမှာ... အဲ့စာရင်းထဲမှာ Black Earth လို ငါ့ကို ပါးရိုက်နိုင်တဲ့လူ ရှိမလားဟ... "

God Of Slaughter က အသက်ငယ်လွန်းသဖြင့် အာချောင်လျှင် သေတက်သည်ကို မသိ ။

ရက်အနည်းငယ်ကြာပြီးနောက်...

God Of Slaughter ဆဲဆိုနေသော ဗီဒီယိုဖိုင်အတိုက အွန်လိုင်းတွင် ပြန့်နှံ့သွားသည် ။

ဗီဒီယိုထဲတွင် God Of Slaughter က အလွန်မာနကြီးနေပြီး စိန်ခေါ်သည့် စကားများ ပြောမိသွားသည် ။

ထိုဗီဒီယိုကို ပါရမီရှင် စာရင်းပေါ်ရှိ တချို့ ပါရမီရှင်များက မြင်သွားကြသည် ။ သူတို့က God Of Slaughter ကို ပါးရိုက်ရန် စိန်ခေါ်ကြတော့သည် ။

God Of Slaughter က စိန်ခေါ်ထားသည့် လူများကို ကြည့်၍ အတွေးနက်နေသည် ။

' လက်ခံလိုက်ရမလား...'

' လက်မခံရင်လည်း နာမည်ကြီးနိုင်မယ့် အခွင့်အရေးလွှတ်သွားမှာ... '

ကျန်းနန် စီရင်စု ၊ ဟိုင်းချန်မြို့...

ကောင်းဖန်းလည်း ပါရမီရှင် စာရင်းကို မြင်လိုက်ရသည် ။

" ငါတို့စီရင်စုက Black Earth လည်းပါတာပဲ ..."

ကောင်းဖန်း သိပ်တော့မအံ့သြ ။ Black Earth က လျိုကျုံးဟောင်ကို တိုက်ရိုက်ထုတ်လွှင့်မှုတွင် အနိုင်ယူလိုက်သည်ကို သူကြည့်ဖူးသလို လူသစ်ကွင်းတွင် ကျိုးချင်ဖုန်း ကို အသေထိုးသည့်ပွဲကိုလည်း သူကြည့်ဖူးသည် ။ ထို့ကြောင့် Black Earth သည် ပါရမီရှင် စာရင်းတွင် ပါလိမ့်မည်ဟု သူထင်ထားပြီးဖြစ်သည် ။

' Black Earth ရဲ့ ညဏ်ရည်ပါရမီက ကြောက်စရာကောင်းတယ်... ဒါပင်မဲ့...'

ကောင်းဖန်းသည် Black Earth ကို သိပ်စိတ်မဝင်စား သူ့ညီကိုသာ စိတ်ဝင်စားသည် ။

' ငါ့ညီကမှ ဘာအရင်းအမြစ် အထောက်အပံ့မှ မရှိဘဲ ကောင်းကင်အဆင့် ရောက်နေတာ... သူ့ ခန္ဓာကိုယ်ပါရမီက Black Earth ရဲ့ ညဏ်ရည်ပါရမီ ထက် မနိမ့်ဘူး...'

ကောင်းဖန်းက သူ့ညီလင်းမို့သည် Black Earth ဖြစ်မည်ဟု ထင်ထားမိမည်မဟုတ် ။

' ကံဆိုးတာက ငါ့ညီက နှိမ့်ချ နေနေတာပဲ... သူ့ခွန်အားနဲ့ဆို အဆင့်တစ်ခုတော့ ရမှာ... '

ကောင်းဖန်း သက်ပြင်းချလိုက်၏ ။

' အဲ့တာ အရေးမကြီးပါဘူး... စာမေးပွဲရလဒ်တွေ ထွက်လာရင် ပါရမီရှင်စာရင်းက ပြောင်းသွားမှာပဲ... ပါရမီရှင် စာရင်းထဲက အမှိုက်တွေ အရှင်းခံရလိမ့်မယ်... အဲ့အချိန်ကြရင် ငါ့ညီလင်းမို့က နေရာတစ်ခုတော့ ရလိမ့်မယ်... "

ကောင်းဖန်း ဂုဏ်ယူမိလိုက်၏ ။ သူ့ညီသာ အဆင့်တစ်ခု ရနိုင်ခဲ့ပါက သူလေးစားရပေမည် ။

ကောင်းဖန်း စိတ်ကောင်းဝင်နေသဖြင့် တခြားညီဖြစ်သူ ကျန်းနန်သိုင်းဌာန၏ ခေါင်းဆောင် ယွီပုရှောင် အားဖုန်းဆက်လိုက်သည် ။

" spa သွားမလား..."

တစ်ဖက်က ဖုန်းကိုင်လိုက်သည်နှင့် ယွီပုရှောင်၏ မျှော်လင့်နေသော အသံကြီး ထွက်ပေါ်လာသည် ။

" ငါဖုန်းခေါ်တိုင်း ဒါပဲ ပြောနေမှာလား... "

ကောင်းဖန်း မျက်ခုံးပင့်လိုက်၏ ။

" ငါ မင်းနဲ့ လောင်းချင်လို့ ဖုန်းခေါ်လိုက်တာ... "

" လောင်းမလား..."

ယွီပုရှောင်၏ အသံက လေးနက်သွားသည် ။

" အာဖန်း... မင်းပြောင်းလဲသွားပြီ... အပြင်လောက တိုက်ပွဲကွင်းပြင်တုန်းက မင်းနဲ့ငါ ကျိန်ခဲ့တာကို မေ့သွားပြီလား... နောက်တစ်ခါ လောင်းကစား မလုပ်တော့ပါဘူးဆို တာ မင်းပဲပြောတာလေ .. မင်းမေ့လိုက်ပြီလား... "

" ဒါပေါ့... ငါဘယ်မေ့မလဲ... "

ကောင်းဖန်းက ပြောလိုက်သည် ။

" အဲ့တာဆို မင်းမမေ့ရင်.. ဘာလို့ spa သွားဖို့ မခေါ်ပဲ လာလောင်းနေတာတုန်း... "

" တော်စမ်း... "

ကောင်းဖန်းက ...

" ငါကောင်းတာလောင်းမှာ... စာမေးပွဲ ဖြေပြီးလို့ ပါရမီရှင်စာရင်း ထွက်လာရင် အဲ့ထဲမှာ ငါ့တို့ ကျန်းနန်စီရင်စုက နှစ်ယောက်ပါမယ်လို့ ငါလောင်းမယ်... "

" အိုး... "

ယွီပုရှောင် စိတ်ဝင်စားသွားပြီး...

" မင်းမှာ ငါမသိသေးတဲ့ သတင်းတွေရှိတယ်လား... "

" ငါ မင်းကို ခုမပြောနိုင်သေးဘူး... "

ကောင်းဖန်းက ရယ်လိုက်ပြီး...

" မင်း လောင်းမလား မလောင်းဘူးလားဘဲပြော... "

ကျင့်ဒူမြို့...

သိုင်းဌာနချုပ်... ရှေးဦးစကြာဝဠာ လူသစ်ကွင်း စီမံခန့်ခွဲမှု ဌာန...

" လက်ထောက်ခေါင်းဆောင်ယွမ်... ကျုပ်တိုက်ခိုက်ရေးစွမ်းရည်နဲ့ ကျုပ်စိတ်စွမ်းအားနဲ့ဆို Black Earth ကို မရှုံးခဲ့ရင် ပါရမီရှင်စာရင်းမှာ ထိပ်ဆုံးဆယ်ယောက်ထဲ ဝင်နေပြီနော်... "

ကျိုးချင်ဖုန်းက လက်ထောက်ခေါင်းဆောင်ယွမ် ထံမှ ရှင်းပြရန် တောင်းဆိုနေသည် ။

" ဒီပါရမီရှင် အဆင့်က ခင်ဗျားတို့ သိုင်းဌာနက ထုတ်တာ... ခုကျုပ်အဆင့်ကို ကြည့်အုံး ၁၈ ဗျ ၁၈... ကျုပ်မျက်နှာဘယ်သွားထားရမှာလဲ... "

" ချင်ဖုန်း... မင်းအထင်လွဲနေပြီ..."

ယွမ်လေးက အမြန်ရှင်းပြသည် ။

" Black Earth ကို ကြည့်လိုက်... သူက တိုက်ခိုက်ရေးစွမ်းရည် အဆင့်၄ ရောက်နေတာတောင်မှ အဆင့်၄၇ ပဲရတယ်... အဲ့တာ မကြားဖူးဘူးမှတ်လား... မင်းက Black Earth ကို ရှုံးထားတာလေ... မင်း အဆင့်ကို အရမ်းမြှင့်ပေးလို့မရဘူး... "

" Black Earth အဆင့်က မဆိုးပါဘူး... ကျုပ်ကျေနပ်တယ်... "

ချင်ဖုန်းက ...

" ဒါပင်မဲ့ လူတွေက ကျုပ်ကို ရယ်နေကြတယ်... "

" မဟုတ်ဘူး ချင်ဖုန်း... မင်းနဲ့ Black Earth က တူမှ မတူတာ... "

ယွမ်လေးက...

" စာမေးပွဲ ပြီးလို့ အဆင့်တွေ ပြန်စီရင် ​မင်းခွန်အားနဲ့ဆို အဆင့်တက်လာမှာပဲ... Black Earth က အဆင့်ကျသွားလိမ့်မယ်... "

" အင်း... အဲ့တာလဲ ဟုတ်တယ်... "

ချင်ဖုန်း မျက်လုံးပင့်လိုက်ပြီး...

" သူက တိုက်ခိုက်ရေးစွမ်းရည် အဆင့်၄ ပဲရှိတာ... သူအဆင့် ၇၀ ၈၀ လောက်အထိကျသွားရင် အရှက်ကွဲမှာပဲ... "

" မင်း ငါစီစဥ်ထားတာကို နားလည်ပြီလား..."

ယွမ်လေးက...

" အချိန်တန်ရင် ငါမင်းရဲ့ ဂုဏ်သတင်းကို ပြန်ယူပေးပါ့မယ်... "

" မလိုဘူး ရတယ်... "

ချင်ဖုန်းက လက်သီးဆုပ်လိုက်ပြီး တိုက်ခိုက်လိုစိတ် အပြည့်ဖြင့်...

" ပါရမီရှင်စာရင်းမှာ ထိပ်တန်း ဆယ်ယောက်ထဲ ကျုပ်ဝင်နိုင်တယ်ဆိုတာ... ကျုပ်ခွန်အားနဲ့ ကျုပ်ကိုယ်တိုင် သက်သေပြမယ်... "

ဟိုင်းချန် အထက်တန်းကျောင်း...

ကျောင်းအုပ်ယန် တနေကုန်စဥ်းစားနေသော်လည်း သူမည်သူ့ကို အပြစ်လုပ်မိမှန်း မသိချေ ။ သူ့ကျောင်းအုပ်ရာထူးကို မည်သို့ ထိန်းထားရမည်ကို စဥ်းစားမရ ။

' ငါ ဘယ်သူ့ကို အပြစ်လုပ်မိတာလဲသိရင် ဖြေရှင်းလို့ရသေးတယ်... ခုက ငါဘာဖြစ်နေမှန်းကို နားမလည်တော့ဘူး... '

ကျောင်းအုပ်ယန် မျက်မှောင်ကြုပ်လိုက်သည် ။ ဒီအတိုင်းဆက်စဥ်းစားနေလျှင် သူ့မျက်ခုံးများပင် နစ်ဝင်သွားနိုင်သည် ။

ရုတ်တရပ် ကြေညာထားသော ပါရမီရှင်အဆင့်မှ ပါရမီရှင်တစ်ဦးကို သူသတိထားလိုက်မိ၏ ။

" အဆင့် ၇... ယန်ယိမို ( နတ်ဆိုးမြို့)

ထို့ကြောင့် ခဏသာ ကျိန်ဆဲ၍ ပြန်လေ့ကျင့်လိုက်ကြသည် ။

ရှားနိုင်ငံပါရမီရှင် စာရင်းက တစ်နိုင်ငံလုံးသို့ လေထုထဲမှ ပြန့်နှံ့သွားလေပြီ ။

Chapter 66

All Chapters