ရှားနိုင်ငံ၏ ပါရမီရှင်စာရင်း
Vol. 5 Ch. 64
~
နေရောင်ခြည်က တစ်မနက်လုံး တောက်ပနေခဲ့သော်လည်း ဆရာမလု မပျော်နိုင် ။
" ငါ***** ..."
ဆရာမလုသည် ဟောက်ရန် ပြောသွားသည်ကို စဥ်းစားလေ ဒေါသထွက်လေပင် ။
' ငါ့ကို အသုံးမကျတဲ့ကျောင်းသားက လှောင်သွားတာလား...'
သူမ မနက်က ဟောက်ရန်အား ပျင်းရိမနေပဲ ကြိုးစားရန် ခေါ်ဆုံးမခဲ့သော်လည်း ဟာသ သာဖြစ်သွား၏ ။ ထိုကျောင်းသားက ထိပ်တန်းတက္ကသိုလ် ဝင်ခွင့်ရထားသည်ကို သူမ မသိလိုက် ။ သူမအား ထိုဟောက်ရန်က အနိုင်ကျင့်ခဲ့လေသည် ။
ဆရာမလုသည် သာမန်တက္ကသိုလ် တစ်ခုမှသာ ဘွဲ့ရခဲ့သည် ။ ထိပ်တန်း တက္ကသိုလ် ဝင်ခွင့်ရထားသော ဟောက်ရန်ကို သူမ ဘာဆက်ပြောရမည်ကို မသိတော့ ။ ထိုကလေးက သူမအား အားရပါးရ ကြွားသွားလေသည် ။ ထိုကိစ္စကြောင့် တစ်မနက်လုံး စာသင်ရန်ပင် သူမစိတ်မပါတော့ ။
' သူဝင်ခွင့် ရထားရင်ရော ဘာဖြစ်လဲ... သူ့နောက်ခံက ကောင်းရင်ရော ဘာဖြစ်လဲ... '
ဟောက်ရန်က အသုံးမကျသော်လည်း ထိပ်တန်းတက္ကသိုလ်မှ ဘွဲ့ရသည်နှင့် သူ၏ အနာဂတ်မှာ သူမထက် အများကြီးသာသွားမည်ဖြစ်သည် ။
" ယှဥ်လိုက်ရင် မုန်းစရာကောင်းလိုက်တာ... "
ဆရာမလု စိတ်ဓာတ်ကျသွား၏ ။
' ငါ့မှာ ဘာလို့ နောက်ခံမရှိရတာလဲ ငါဘာလို့ ထိပ်တန်းတက္ကသိုလ်မမီခဲ့တာလဲ... '
သူမရုတ်တရပ် လူတစ်ယောက်ကို စဥ်းစားလိုက်မိ၏ ။ ထိုမှသာ ခံစားရသက်သာသွားသည် ။
' လင်းမို့...'
ထိုလူက လင်းမို့ပင် ။
" လင်းမို့ကမှ အမှန်အကန် ပျင်းတာ... ဟောက်ရန်လိုကောင်မျိုးက ဟန်ဆောင်ပြီး ပျင်းတဲ့ကောင်... ပြီးတော့ သူများကို စိတ်ဓာတ်ကျအောင် လုပ်သေးတယ်... "
" ဟောက်ရန်က လူမဆန်ဘူး...."
ဆရာမလု ဒေါသထွက်စွာ တွေးလိုက်မိ၏ ။ သူမ၏ မျက်လုံးထဲဝယ် လင်းမို့က ပို၍သာပေသည် ။
' ကံမကောင်းတာက ကျောင်းအုပ်ရန်က လင်းမို့ကို ကျောင်းထုတ်ပစ်လိုက်တာ... ငါသူ့ဆရာမ ဖြစ်နေပြီးတော့ ဘာမှ လုပ်မပေးနိုင်ဘူး... '
နေ့လယ် ၁၁ နာရီ အချိန်...
ဆရာမလု ရုတ်တရပ် သူမဖုန်းမှ အကြောင်းကြားချက်တစ်ခု လက်ခံရရှိလိုက်သည် ။
သူမက မက်တပ်ရပ်ပြီး အော်လိုက်၏ ။
" ကျောင်းသားတွေ... ကျောင်းသားတွေ... ရှားနိုင်ငံရဲ့ ပါရမီရှင် စာရင်း ထွက်လာပြီ..."
လေ့ကျင့်နေကြသော ကျောင်းသား ၂၈ ယောက်သာမက လှဲအိပ်နေကျသော လင်းမို့နှင့် ဟောက်ရန်ပါ ဆရာမလုကို ကြည့်လိုက်မိသည် ။
" ရှားနိုင်ငံရဲ့ ပါရမီရှင်စာရင်းလား..."
နှစ်တိုင်း စာမေးပွဲစခါနီးတွင် ပါရမီရှင် စာရင်းကို ကြေညာလေ့ရှိသည် ။ တစ်နိုင်ငံလုံးရှိ ထိပ်တန်း ပါရမီရှင် အယောက် ၁၀၀ ကို အဆင့်သတ်မှတ်ထားသည် ။
ပါရမီရှင် စာရင်းတွင် ဖော်ပြခြင်းခံရသူများမှာ ပါရမီရှင်များထဲမှ ပါရမီရှင်များပင် ။
ထိုစာရင်းတွင် ပါဝင်သူများက စာမေးပွဲတွင် စီရင်စုများ၏ အမှတ်အများဆုံးဖြစ်လာကျမည်မှာ မလွဲပင် ။ အချို့အားနည်းသည့် စီရင်စုများမှာတော့ ချွင်းချက်ဖြစ်သည် ။
ကျန်းနန်စီရင်စုတွင် ပါရမီရှင် စာရင်းဝင် ကျောင်းသား ပေါ်မလာသည်မှာ နှစ်များစွာကြာလေပြီ ။
ဤစာရင်းတွင် ပါရှိသူများမှာ စစ်မှန်သော ပါရမီရှင်များပင် ။
သာမန်ကျောင်းသားများမှာ သူတို့နှင့် မသက်ဆိုင်သော်လည်း အလွန်စိတ်ဝင်စားကြ၏ ။
ဆရာမလုက ကျောင်းသားများ သိချင်နေသည်ကိုမြင်လျှင် စာရင်းကို ဘုတ်ပေါ်တွင် ပြလိုက်သည် ။
ကျောင်းသားများက မျက်လုံးပြူးပြီး သေချာကြည့်ကြသည် ။ လင်းမို့သည်လည်း အာရုံစိုက်၍ ကြည့်လိုက်မိ၏ ။ အခန်း ၁၀ တစ်ခုလုံးတွင် ထိုစာရင်းနှင့် ဆက်စပ်သူမှာ လင်းမို့ တစ်ယောက်သာရှိသည် ။ လင်းမို့ နာမည်နှင့်တော့မဟုတ် အွန်လိုင်းနာမည် Black Earth နှင့်ပင် ။
[ ရှားနိုင်ငံ ပါရမီရှင် စာရင်း...
အဆင့်၁... ယဲ့ရီ ( ကျင့်ဒူမြို့)
အဆင့်၂... ဆုမို ( ကျန်းပေ စီရင်စု)
... ... ...
အဆင့်၇... ရန်ရီမို ( နတ်ဆိုးမြို့)
အဆင့်၁၈... ကျိုးချင်ဖုန်း ( ကျင့်ဒူ မြို့)
... ... ...
အဆင့် ၄၇... Black Earth ( ကျန်းနန်စီရင်စု)
........
လင်းမို့သည် နံပါတ်လေးဆယ်ကျော်အထိ ရှာကြည့်မှ သူ့နာမည်သူ တွေ့လိုက်ရသည် ။
' လူသစ်ကွင်းတုန်းက တိုက်ခိုက်ရေးစွမ်းရည် အဆင့်၄ ထုတ်ပြခဲ့တာတောင် အဆင့် ၄၀ ကျော်ပါလား... '
လင်းမို့ အံ့သြသွား၏ ။ အဆင့်က သူထင်ထားသည်ထက် နိမ့်နေပေသည် ။
' ဒီနှစ် ရှားနိုင်ငံမှာ အဆင့်၄ ရောက်တဲ့ ပါရမီရှင်တွေ အများကြီးထင်တယ် ...'
အခန်းထဲရှိ ကျောင်းသားများက လင်းမို့သည် Black Earth မှန်းမသိသော်လည်း Black Earth ဖန်များဖြစ်ကြသည် ။
တူညီသော စီရင်စုမှ လာသဖြင့် အိမ်နီးချင်းတဝက်ဟု သူတို့ သတ်မှတ်ထားကြပေသည် ။
ထို့အပြင် ဟိုင်းချန်မြို့၏ နံပါတ်တစ် ပါရမီရှင်ကို Black Earth က အနိုင်ယူထားသဖြင့် ဟိုင်းချန်မြို့တွင် Black Earth ကို မသိသူ မရှိကြ ။
" အယ်... Black Earth က အဆင့် ၄၇ တဲ့... ထိပ်တန်း ၂၀ ထဲတောင် မဝင်ဘူး..."
" တိုက်ခိုက်ရေးစွမ်းရည် အဆင့်၄က အဲ့လောက်နိမ့်တာလား..."
" ဒီနှစ် ရှားနိုင်ငံမှာ အဆင့်၄ ရောက်နေတဲ့ ပါရမီရှင်က အယောက် ၄၀ ကျော်တယ်ပေါ့..."
" ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ အယောက် ၂၀ လောက်ရှိရင်ကို ကံကောင်းနေပြီ ... မနှစ်ကဆို ကိုးယောက်ပဲ ရှိတာ... "
" အဲ့တာနဲ့ ငါ့တို့ ကျန်းနန်စီရင်စုက Black Earth က အဆင့် ၄၇ ရောက်စရာလား... "
ကျောင်းသားများ အဆင့်သတ်မှတ်ချက်ကို ငြင်းခုံနေကြသည် ။
ဆရာမလုက ခဏကြာ စဥ်းစားပြီး...
" Black Earth ရဲ့ လက်သီးပြင်းအားက အရမ်းနည်းလို့ဖြစ်မယ်... လူသစ်ကွင်းတုန်းက Black Earth က သိုင်းအလုပ်သင်ပဲ ရှိသေးတယ်... လက်သီးပြင်းအား ၁၂၀၀ ကီလိုတောင် ရှိမှာမဟုတ်ဘူး... "
သို့သော်လည်း ကျောင်းသားများက ဆရာမလု ပြောသည်ကို လက်မခံကြ ။
" ဆရာမလု ကျွန်တော် ကန့်ကွက်တယ်..."
ကျောင်းသားတစ်ယောက်က လက်ထောင်ပြီး သူ့အမြင်ကိုပြောလိုက်သည် ။
" ပါရမီရှင် စာရင်း က လက်သီးပြင်းအား စာရင်းမှ မဟုတ်တာ... Black Earth က သိုင်းအလုပ်သင်နဲ့တောင် အဆင့်၄ ရောက်နေပြီ... သူ့ ညဏ်ရည်ပါရမီ က ဘယ်လောက်ကောင်းလဲဆိုတာ အသိသာကြီး..."
" အဲ့တာ ဟုတ်တယ်... Black Earth က ကျိုးချင်ဖုန်းကို နိုင်ထားတာကို... ဘာလို့ ကျိုးချင်ဖုန်းအောက်ရောက်နေတာလဲ..."
" ပါရမီရှင်စာရင်းက မဖြစ်နိုင်ဘူး... "
" ဘယ်အရူးတွေက စာရင်းကောက်ထားတာလဲ... "
" ဟဲ့ကလေးတွေ... လျောက်အော်မနေနဲ့... "
ဆရာမလုက ကူကယ်ရာမဲ့စွာဖြင့်...
" Black Earth က ငါတို့ ကျန်းနန်စီရင်စုက ပါရမီရှင်စာရင်းဝင်တဲ့ တစ်ယောက်ထဲသောသူ ... နင်တို့ သူ့ကိုအားပေးရမှာပေါ့... ဒါပင်မဲ့ ပါရမီရှင်စာရင်းက ရှားနိုင်ငံရဲ့ သိုင်းဌာနချုပ်က ထုတ်ပြန်ထားတာ... ငါတို့မကျေနပ်လည်း ဘာတက်နိုင်မှာလဲ... နင်တို့ ကိုယ့်ဟာကိုသာ လေ့ကျင့်နေကြစမ်း... "
ကျောင်းသားအားလုံး ပါရမီရှင်စာရင်းက ခဏတာသာ စိတ်ဝင်စားရမည်မှန်း သိကြသည် ။ သူတို့အတွက် အရေးအကြီးဆုံးမှာ စာမေးပွဲတွင် တစ်မှတ်နှစ်မှတ် ပိုရနိုင်ရန် ကြိုးစားကြရမည်ပင် ။
Chapter 65