အုပ်ထိန်းသူတစ်ယောက်ကဲ့သို့ ခံစားမိခြင်း ~
Vol. 5 Ch. 63
" ဆိုင်ရှင်... ရှောင်းလုံပေါင် တစ်ပွဲ... အသားပေါက်စီ သုံးလုံး... တို့ဟူး နှစ်ပွဲ ... အီကြာကွေး တစ်ချောင်း ... ဒါပဲ... ထိုင်စားမှာ..."
မနက်စောစော...
ဟောက်ရန်သည် အဖြူရောင်ရှပ်အကျီ်ဝတ်၍ ထွက်လာခဲ့သည် ။ သူက လောကကြီးတစ်ခွင်လုံး တောက်ပနေပြီး အသက်ရှုရသည်မှာ ပေါ့ပါးလန်းဆန်း နေသည်ဟုပင် ခံစားမိလိုက်၏ ။
သူက ဆိုင်ထဲသို့ ဝင်ထိုင်လိုက်သည် ။ ကျောင်းမသွားခင် သက်တောင့်သက်သာ ထိုင်စားရပေမည် ။
" ကောင်းလိုက်တာ..."
ဟောက်ရန်က ပေါက်စီကို အကိုက်အကြီးကြီး ကိုက်စားလိုက်သည် ။ သူ့မျက်နှာက ချက်ချင်း ပြုံးပျော်သွားလေသည် ။
" ငါအရင်က ဘယ်လိုဘဝမျိုး ဖြတ်သန်းခဲ့ရတာလဲ... "
သူအရင်က ကျောင်းသို့ စောစောရောက်နိုင်ရန် ပေါက်စီကို ပါဆယ်ထုတ်၍ လမ်းတွင်စားခဲ့ရသည် ။ ယခုသူ အေးအေးဆေးဆေး စားနိုင်လေပြီ ။
"ငါ့ကိုကောင်းချီးပေးခဲ့တဲ့ ဦးလေးလင်းကို ကျေးဇူးတင်ရမယ်... "
ဟောက်ရန်သည် ကျောင်းမသွားဘဲ ထိပ်တန်း တက္ကသိုလ်ဝင်ခွင့်ကို အိမ်တွင် ထိုင်စောင့်ရန် စဥ်းစားမိ၏ ။ သို့သော်လည်း သုံးနှစ်ကြာအောင် ကျောင်းတက်လာပြီးမှ ပြီးဆုံးအောင်တက်ရန် ဆုံးဖြတ်လိုက်သည် ။ ရက်အနည်းသာ တက်ရတော့မည်ဖြစ်၍ သူ့ကိုယ်ကျင့်တရား ပျက်ပြားမည်ကို စောင့်ထိန်းရမည် ။
ထို့အပြင် ဟောက်ရန်သည် တခြားသူများ ပင်ပင်ပန်းပန်း ကြိုးစားနေသည်ကို ထိုင်စောင့်ကြည့်ချင်၏ ။
' ငါ အကိုမို့ဘယ်လိုခံစားရလဲဆိုတာကို နားလည်သွားပြီ...'
ဟောက်ရန်က လင်းမို့သည် ပျင်းရိရန် ဆုံးဖြတ်လိုက်သော်လည်း နေ့တိုင်းကျောင်းတက်နေသည်ကို နားမလည်ခဲ့ချေ ။ ယခုသူ နားလည်သွားသည် ။
ပျင်းရိစွာ လဲလျောင်းရင်း တခြားသူများ အသက်ထွက်မတက် ကြိုးစားနေသည်ကို ကြည့်နေရခြင်းက အလွန်စိတ်ကျေနပ်စရာကောင်းလှသည် ။
' ပြီးတော့ ငါက အကိုမို့ထက် ပိုခံစားလို့ကောင်းတယ်... အကိုမို့က စာမေးပွဲကို လက်လျော့ပြီး ပျင်းတာ... ငါကထိပ်တန်းတက္ကသိုလ် ဝင်ခွင့်ရထားလို့ပျင်းတာ... "
ပျင်းရိစွာ အိပ်နေတာခြင်း တူသော်လည်း အောင်မြင်သူတစ်ယောက်အနေနှင့် အိပ်နေသည်က အရှုံးပေး၍ အိပ်နေသူထက် ပို၍ ကျေနပ်ဖွယ်ကောင်း၏ ။
ဟောက်ရန် ထိုသည်ကို တွေးမိသည်နှင့် ခွန်အားများ ပြည့်ဝလာပြီး မနက်စာကို မြန်မြန်စားလိုက်သည် ။ သူ ကျောင်းသို့ စောစော သွား၍ ကြိုးစားနေသူများကို ထိုင်ကြည့်ရပေမည် ။
ဟောက်ရန် ကျောင်းဂိတ်ဝသို့ရောက်သောအခါ လင်းမို့နှင့် တည့်တည့်တိုးသည် ။
" ဟောက်ရန်... "
လင်းမို့သည် သူ၏ တူ အသစ်လေးကို ဝါကြီးသူတစ်ယောက်၏ လေသံဖြင့် ခေါ်လိုက်သည် ။
" ဒီနေ့ ဘာလို့ ကျောင်းနောက်ကျနေတာလဲ... မင်းငါ့ထက် စောစောလာနေကြကို ..."
" အကိုမို့... နှုတ်လုံလား..."
ဟောက်ရန်က အနားတွင် ချောင်းနားထောင်နေသူ ရှိမရှိ တစ်ချက်ကြည့်လိုက်သည် ။
' နှုတ်လုံလား...'
လင်းမို့သည် ဟောက်ရန်၏ စကားကို ကြားလျှင် နှုတ်ခမ်းများ တွန့်ကွေးသွားသည် ။
" မင်းထက်တော့ လုံတာပေါ့ဟ... "
" အဲ့တာဆို ကျွန်တော်ပြောပြမယ်... "
ဟောက်ရန်က အသံနှိမ့်၍...
" ကျွန်တော်ပြောပြတာကို သူများ လျောက်မပြောနဲ့... တခြားကျောင်းသားတွေသိကုန်ရင် စိတ်ဓာတ်ကျကုန်လိမ့်မယ်... "
" အင်း.... "
လင်းမို့သည် ဟောင်ရန်၏ စကားကို ရင်းနှီးသည်ဟု ခံစားမိလိုက်၏ ။ သူအရင်က ပြောသည်နှင့် တူနေပေသည် ။
" ဆက်ပြော..."
လင်းမို့က မျက်လုံးပင့်လိုက်သည် ။
" အဲ့တာက..."
ဟောက်ရန်က လင်မို့၏ နားတွင်ကပ်၍ လေသံတိုးတိုးဖြင့်...
" အဖေက သူ့အဆက်အသွယ်ကို သုံးပြီး ကျွန်တော့အတွက် ထိပ်တန်းတက္ကသိုလ်ဝင်ခွင့် အာမခံပေးထားတယ်... ကျွန်တော် ဆက်ကြိုးစားစရာမလိုတော့ဘူး... ပျင်းလို့ရပြီ... "
လင်းမို့ မျက်ဖြူလှန်သွားသည် ။ သူတွေးလိုက်မိ၏ ။
' မင်းအဖေရဲ့ အဆက်အသွယ်က ငါမဟုတ်ဘူးလား...'
မနေ့ညက လင်းမို့နှင့် ကောင်းဖန်းသည် ဝင်ခွင့်ကိစ္စနှင့်ပက်သက်၍ ဟောက်ရန်ကို မပြောရန် ဆုံးဖြတ်ခဲ့ကြသည် ။ ဟောက်ရန်၏ ပါးစပ်က တောမီးထက် မြန်ပေသည် ။ လူအများသိသွားပါက လင်းမို့ ငြိမ်းငြိမ်းချမ်းချမ်း နေနိုင်တော့မည်မဟုတ် ။
ရုတ်တရပ် လင်းမို့က စလိုသည့်ဟန်ဖြင့်...
" မင်းအဖေရဲ့ အဆက်အသွယ်က ဦးလေးလင်းလား..."
" အကိုမို့ ဘယ်လိုသိလဲ..."
ဟောက်ရန် လန့်သွားပြီး...
" အဖေနဲ့ မနေ့ညက သောက်တုန်းက အဖေပြောပြတာလား... အိုင်းယားးး... အဖေက ပါးစပ်ကြီးပဲ ' ( အာချောင်သူ ) သူ့ကို ဘယ်သူ့မှ မပြောနဲ့လို့ အထပ်ထပ် ပြောထားတာကို... "
ဟောက်ရန်က လင်းမို့သည့် သူ့ဦးလေးလင်းဟု ဘယ်တော့မှ တွေးမိမည်မဟုတ် ။ နေ့တိုင်းအတူ စားသောက်နေသော သူငယ်ချင်းက ဦးလေးဖြစ်သွားမည်ဟု မည်သူထင်မည်နည်း ။
" ဟားဟားဟား... "
လင်းမို့ ထပ်မပြောတော့ဘဲ ရယ်နေလိုက်သည် ။
" အာ အကိုမို့... "
ဟောက်ရန်က တစ်ခုခုကို သတိထားမိသွားပြီး...
" ဒီခါးပတ်ခေါင်းက အဖေပေးလိုက်တာလို့တော့ မပြောနဲ့နော် ...."
" မင်းမှတ်မိလား... "
လင်းမို့ အံ့သြသွား၏ ။ သူဝတ်လာခဲ့သော်လည်း ဟောက်ရန် သတိထားမိမည်ဟု သူမထင်ခဲ့မိ ။ သူ့တူလေးက အမြင်ကောင်းလှပေသည် ။
" မသိပဲနေမလား... ငယ်ငယ်ထဲက အဲ့ခါးပတ်နဲ့ ခနခန အရိုက်ခံခဲ့ရတာကို... "
ဟောက်ရန်က ဒေါသထွက်စွာဖြင့်...
" ခါးပတ်ကြိုးတွေ ဘယ်လောက်ပြောင်းပြောင်း ဒီခါးပတ်ခေါင်းပဲကို မမှတ်မိပဲနေမလား...
ဤခါးပတ်ခေါင်းက ဟောက်ရန်၏ အိမ်မက်ဆိုး ဖြစ်ခဲ့ဖူးလေသည် ။
" အဖေပြောတာ ကြားဖူးတယ်... ဒီခါးပတ်ခေါင်းက သူ့အတွက်အရေးကြီးတယ်တဲ့... ကျွန်တော့်ကို ထိတောင် မထိခိုင်းဘူး... သူ အကိုမို့ကို ပေးလိုက်မယ် ထင်မထားဘူး... "
ဟောက်ရန် သက်ပြင်းချလိုက်၏ ။ ဒီခါးပတ်ခေါင်းကို မြင်တိုင်း အနည်းငယ်ကြောက်လန့်မိလေသည် ။
" အဖေက အကိုမို့နဲ့ သောက်ရတာကို ပျော်သွားတယ်ထင်တယ်... ဒါနဲ့ အကိုမို့ ဒီခါးပတ်ကို ဝတ်ထားတာ မြင်တော့..."
ဟောက်ရန်က ရေရွတ်ပြီး...
" အကို့ရောင်ဝါက ကျွန်တော့် အုပ်ထိန်းသူ ဖြစ်သွားသလိုပဲ... "
လင်းမို့က သူ့အား အကြာကြီး စိုက်ကြည့်မိလိုက်သည် ။ သူ့တူလေး အမြင်အာရုံက ကြောက်စရာကောင်းလှသည် ။
ဟိုင်းချန် အထက်တန်းကျောင်း တတိယနှစ် အခန်း၁၀ တွင် ပျင်းရိနေသည့် အမှိုက်တစ်ကောင် ရုတ်တရပ် ထပ်တိုးလာသည် ။ ထိုသည်က ဆရာမလုကို အံ့အားသင့် သွားစေ၏ ။
ထို့နောက် ဆရာမလုက ဟောက်ရန်ကို ဆုံးမရန် ရုံးခန်း ခေါ်လိုက်သည် ။
" ဟောက်ရန် နင်ဘာဖြစ်နေတာလဲ..."
ဆရမလု ခေါင်းကိုက်လာပြီး...
" နင့်အခြေအနေနဲ့ဆို အသက်မွေးဝမ်းကြောင်း ကျောင်းတော့ သေချာပေါက်မီတယ်... ပြီးတော့ နင့်တိုက်ခိုက်ရေးစွမ်းရည်က အဆင့်၂ ရောက်သွားပြီဆို... နင်သေချာ ကြိုးစားလိုက်ပြီး စာမေးပွဲဖြေလိုက်ရင် အနိမ့်ဆုံး အဆင့် တက္ကသိုလ်တော့ မီမှာပဲ... ဒီလောက်အရေးကြီးတဲ့ အချိန်မှာ နင်ဘာလို့ ပျင်းနေတာလဲ...."
ဆရာမလု၏ မေးခွန်းကို ဟောက်ရန်က ခေါင်းမော့ ရင်ကော့ပြီး ရင်ဆိုင်လိုက်သည် ။ သူအရင်လို မရှက်တက်တော့ ။
ဆရာမလု ပြောမပြီးခင် ဟောက်ရန်က အရာအားလုံးသိနေသည့်အပြုံး ပြုံးလိုက်ပြီး အသံတိုးတိုးဖြင့် ...
" ဆရာမလု နှုတ်လုံလား..."
Chapter 64