← Chapters

ငွေရောင်ငှက်မွှေး

Vol. 5 Ch. 62

ငွေရောင်ငှက်မွှေး

Vol. 5 Ch. 62

~

" တူ အကြီးဆုံးလား..."

ထိုမှသာ လင်းမို့သည် သူ၏ ညီအကိုကောင်း ဖြစ်သူ ဟောက်ရန်က တူအကြီးဆုံး ဖြစ်လာသည်ကို သတိထားမိသွားသည် ။

လင်းမို့သည် ကောင်းဖန်းမပြောလျှင်ပင် ဟောက်ရန်အား သူနှင့်အတူ ဆွဲခေါ်မည်ပင် ။ အရင်းအမြစ်ဟု ခေါ်သည့် အထောက်အပံ့များက သူ့အတွက်အရေးမပါပေ ။

အဆင့်မြှင့်တင်ဆေးများ ကိုပင် ရလျှင် သောက်လိုက်မည်ဖြစ်ပြီး မရလျှင် သူများသောက်သည်ကို ထိုင်ကြည့်နေပေမည် ။ တက်ကြွအမှတ်များ ရနေသဖြင့် သူ့အတွက် သိပ်မထူးချေ ။

လျို့ဝှက်စွမ်းရည်များကို သူစိတ်မဝင်စားဆုံးဖြစ်သည် ။ သူ တိုက်ခိုက်ရေးစွမ်းရည် တိုးတက်လိုလျှင် အိပ်နေလိုက်ရုံသာ ။

လမ်းညွှန်ပေးမည့် ဆရာလိုအပ်မည်လော ။ သူ့ဘာသာ အိပ်နေသည်က ပိုကောင်းပေသည် ။

ထို့ကြောင့် ထိပ်တန်းတက္ကသိုလ်များနှင့် ဆွေးနွေးလျှင် အရင်းအမြစ်များက သူ့အတွက် အသုံးမဝင်ပေ ။ သူ၏ ညီအကိုကောင်း ကိုသာ အပါခေါ်ရမည် ဖြစ်သည် ။ တစ်ခါ ညီအကိုကောင်းဖြစ်သည် တစ်ဘဝလုံးစာ အတွက်ပင် ။ သူ ဦးလေး ရာထူးဖြစ်သွားသော်လည်း ပြောင်းလဲမည်မဟုတ် ။

" ဟုတ်တယ်... ညီလေးလင်းမို့... ငါ ဒီကိစ္စကို အလကားမခိုင်းပါဘူး... "

ကောင်းဖန်းက ဆက်ပြီး...

" ထိပ်တန်းတက္ကသိုလ် ဝင်ခွင့်တစ်ခုရဖို့ လွယ်တာမဟုတ်ဘူး... ငါမင်းကို ကျေနပ်အောင် လျော်ကြေးပေးမယ်... "

" မလိုဘူး... မလိုဘူး... ဟောက်ရန်နဲ့ ကျွန်တော်က ညီအကိုတွေပဲကို ... ဒီကိစ္စက ပြောနေစရာတောင် မလိုဘူး... "

လင်းမို့က ဖြောင့်မတ်စွာဖြင့်...

" ဒီနေ့ ကျွန်တော်က ဟောက်ရန်ရဲ့ ဦးလေး ဖြစ်သွားပြီပဲ... သူ့ကို နှုတ်ဆက်လက်ဆောင်ပေးရမှာပေါ့..."

" ဖြူစင်တဲ့ ရင်းနှီးမှုပဲ..."

ကောင်းဖန်းက ဆက်၍....

" ငါနားလည်ပြီ... "

ပြီးသည်နှင့် သူ့ခါးပတ်အား ချွတ်တော့သည် ။

" အကိုကြီး..."

လင်းမို့ လန့်သွား၍ ခုန်ထကာ လက်ယမ်းပြီး တားလိုက်၏ ။

" အကိုကြီး ဘာလုပ်​​နေတာလဲ..."

" မဟုတ်ဘူး... မဟုတ်ဘူး... "

" အကိုကြီး ​ကျွန်တော်က အဲ့လိုလူမဟုတ်ဘူး..."

ကောင်းဖန်းက လင်းမို့ ပြောသည်ကို မကြားချင်ယောင်ဆောင်ကာ ဆက်လုပ်သည် ။ သူက ခါးပတ်ချွတ်လိုက်ပြီး စားပွဲပေါ်ပစ်တင်လိုက်၏ ။

လင်းမို့ ဆက်မကြည့်ရဲတော့ ။

ကောင်းဖန်းက ဘာမှ ဆက်မလုပ်ဘဲ ပြန်ထိုင်ချလိုက်သည် ။ သူက ခါးပတ်ခေါင်းအား ဆွဲချွတ်လိုက်၏ ။

ကောင်းဖန်း၏ ခါးပတ်ခေါင်းမှာ စတုရန်းပုံရှိပြီး အထူးသတ္တုများနှင့် ပြုလုပ်ထားပုံရသည် ။

" အကို ဘာ...."

လင်းမို့က သူအထင်မှားသည်ကို မြင်လျှင် ပြန်ထိုင်လိုက်ပြီး စိတ်ဝင်တစား ကြည့်နေလိုက်သည် ။

ကောင်းဖန်းက ခါးပတ်ခေါင်းကို ဂရုတစိုက်ကိုင်၍ ထောင့်လေးထောင်ကို လက်နှစ်ဖက်ဖြင့် သေချာဖိလိုက်၏ ။

" ခရက်..."

ခါးပတ်ခေါင်းပွင့် သွားလျှင် အထဲတွင် နေရာလွတ်ကို တွေ့ရပြီး ငွေရောင် ငှက်မွှေးတစ်ချောင်း ထည့်ထားသည် ။

ကောင်းဖန်းက သက်ပြင်း အကြိမ်ကြိမ်ချပြီးမှ အံဝှက်အတွင်းရှိ ငွေရောင်ငှက်မွှေးကို ဂရုတစိုက် ထုတ်ယူလိုက်သည် ။

" ဒါဘာလဲ..."

လင်းမို့သည် ငှက်မွှေးက ပုစဥ်းရင်ကွဲအတောင် ပုံသဏ္ဍာန် ရှိပြီး အစွန်းနှစ်ဖက်က အလွန်ထက်သည်ကို မြင်လိုက်ရ၏ ။ သတ္တုနှင့် တူသလိုလို မတူသလိုလို ထင်ရသည် ။

" ငါ ဒါကို အပြင်လောက တိုက်ပွဲကွင်းပြင်မှာ ကောက်ရခဲ့တာ... ငါဘာလဲမသိသလို ဘယ်လိုသုံးရမလဲ မသိဘူး... ငါသိတာက...."

ကောင်းဖန်းက ငှက်မွှေးကို မြှောက်ပြ၍...

" ဒီငှက်မွှေးနဲ့ ခြစ်မိရင် သိုင်းပညာရှင်မဟုတ်တဲ့သူဆို ချက်ချင်းသေလိမ့်မယ်... "

" ရှီးးးးး...."

လင်းမို့ အနည်းငယ် လန့်သွားပြီး...

" သိုင်းပညာရှင်တပိုင်းရော သေမှာလား..."

" သေမှာ.... "

ကောင်းဖန်းက မျက်နှာထား တင်းတင်းဖြင့် ပြောလိုက်၏ ။

သိုင်းပညာရှင် တပိုင်းအဆင့်သို့ ရောက်လျှင် ခန္ဓာကိုယ်ကြံ့ခိုင်လာပြီး ဖျားနာနိုင်မည်မဟုတ်တော့ ။ ခြစ်မိရုံဖြင့် သေမည်ဆိုသည်က အလွန်ကြောက်စရာကောင်းလှသည် ။

" သာမန်သိုင်းပညာရှင်ဆိုရင်တောင်... ခံနိုင်ဖို့ မသေချာဘူး... အသက်ရှင်နိုင်ရင်တောင် ဒုက္ခိတ ဖြစ်သွားလိမ့်မယ်... "

ကောင်းဖန်းက ဆက်၍...

" ကောင်းကင်အဆင့်ရောက်ရင် ဒါမှမဟုတ် တိုက်ခိုက်ရေးစွမ်းရည် အဆင့်၄ ရောက်ရင်တော့ နဲနဲခံနိုင်လိမ့်မယ်... ဒါပင်မဲ့ အကြိမ်အနည်းငယ် အခြစ်ခံရရင်တော့ သေမှာပဲ... "

ကောင်းဖန်းက အံဝှက်ထဲ သေချာပြန်သိမ်းထားလိုက်သည် ။ အံဝှက်ပြန်မပိတ်ခင် သေချာစစ်ဆေးလိုက်၏ ။

" ညီလေး... ဒါ မင်းအတွက်ပဲ... "

ကောင်းဖန်းက ခပ်တည်တည် ပေးလိုက်၏ ။

" ခါးပတ်ခေါင်း မပေးဘူးနော်... ကို့ဟာကို အသစ်ဝယ်... "

" ဒါ... အဖိုးတန်လွန်းတယ်... "

လင်းမို့သည် ငှက်မွှေး​က ဘာမှန်းမသိသော်လည်း အဖိုးတန်မှန်း သိလိုက်သည် ။ မဟုတ်လျှင် ကောင်းဖန်း က ခါးပတ်ခေါင်းထဲ ဖွက်၍ သွားလေရာ ယူသွားမည်မဟုတ်ချေ ။

" ဒါ စျေးအရမ်းမကြီးဘူး... နဲနဲထူးဆန်းနေရုံပဲ... ဟောက်ရန် လျောက်ကိုင်နေမှာ ဆိုးလို့ အိမ်မှာ မသိမ်းထားရဲဘူး... ငါ သွားလေရာ ယူသွားနေရတာ... "

ကောင်းဖန်းက လက်ယမ်းလိုက်ပြီး...

" ပြီးတော့ နှစ်တွေ ဒီလောက်ကြာလာတာတောင် ဘယ်လိုသုံးရမလဲ မသိသေးဘူး... ငါ သိုင်းအဆင့်ကလည်း ဒီနေရာမှာပဲ တန့်သွားပြီ... ကျန်တဲ့ ဘဝတစ်လျောက်လုံး ငြိမ်းငြိမ်းချမ်းချမ်းပဲ နေရတော့မှာ... ငါ သိမ်းထားတာထက် မင်းကိုပေးလိုက်တာက ပိုကောင်းတယ်... အနာဂတ်မှာ ဒီငှက်မွှေးကို ဘယ်လိုသုံးရမလဲသာ သိအောင်လုပ်ပါ... "

" ကျ..."

လင်းမို့ ငြင်းရန် ပြင်လိုက်သော်လည်း ကောင်းဖန်းက ဖြတ်ပြောလိုက်၏ ။

" ဒါ ငှက်မွှေးလေး တစ်ချောင်းပဲကို ... အကိုကြီးပေးတဲ့ ငှက်မွှေး ကို မယူချင်ဘူးလား..."

" အဲ့တာဆိုလည်း ယူလိုက်မယ်... "

လင်းမို့သည် ငြင်းမရတော့၍ ယူလိုက်တော့သည် ။ သူငှက်မွှေးကို စပ်စုချင်သည် ။

" အကို ...ကျွန်တော် တက္ကသိုလ်ကျရင် ဟောက်ရန်ကို ဂရုစိုက်ပါ့မယ်... "

" မင်းလို ဦးလေးတစ်ယောက်လုံး အနားမှာရှိမှတော့ ငါစိတ်မပူပါဘူး... "

" ဒါနဲ့ အကို​ကြီး ... ဒီခါးပတ်ခေါင်းက ဘယ်မှာလုပ်တာလဲ... ကျွန်တော့်ကို ဖုန်းနံပါတ်ပေးအုံး... ကျွန်တော်လဲ တစ်ခု လုပ်မှရမယ်... "

ညသန်းခေါင်...

လင်းမို့သည် ခါးပတ်ခေါင်းအသစ် ဝတ်၍ အိမ်ပြန်လာခဲ့ ၏ ။

ဟောက်ရန်က သူ့အဖေနောက်လိုက်၍ မြစ်နားရှိ အိမ်သို့ ပြန်သွားသည် ။

" ဟောက်ရန် ... မင်းမနက်ဖြန်ကစပြီး... ကြိုတင်ပြင်ဆင်မှုအတန်း သွားစရာမလိုတော့ဘူး... "

ကောင်းဖန်းက ပန်းခြံလေးထဲတွင် လေညှင်းခံရင်း ပြောလိုက်၏ ။ သူအမူးပြေသွားခဲ့လေပြီ ။

" အဖေ... ဘာလို့လဲ..."

ဟောက်ရန်က လျင်မြန်စွာဖြင့်...

" ဒီနှစ်ကောလိပ် စာမေးပွဲအမှတ်က ပိုမြင့်မှာလို့ လူတိုင်းပြောနေကျတာ... ပိုကောင်းတဲ့ တက္ကသိုလ်မှီအောင် သားနေ့တိုင်းကြိုးစားမှ ဖြစ်မှာလေ... "

" မင်းဒီလိုတွေးတက်တာ ငါသဘောကျတယ်... "

ကောင်းဖန်းက ကျေနပ်စွာ ခေါင်းညိတ်လိုက်ပြီး...

" ဘာပဲဖြစ်ဖြစ် ငါ့အဆက်အသွယ်ကို သုံးပြီးပြီ...မင်း ဦးလေးက ထိပ်တန်းတက္ကသိုလ်ဝင်ခွင့် သေချာပေါက် အာမခံတယ်တဲ့... အဲ့တာကြောင့် မင်း စာမေးပွဲကို စိုးရိမ်စရာမလိုဘူး... "

" ထိပ်တန်း တက္ကသိုလ်လား..."

ဟောက်ရန် အံ့အားသင့် သွား၏ ။

" ဘယ်ဦးလေးက ဒီလောက်မိုက်တာလဲ... ကျန်းနန်စီရင်စု သိုင်းဌာနက ဦးလေးယွီလား... "

" သူ မဟုတ်ဘူး... "

ကောင်းဖန်း ခေါင်းယမ်းလိုက်သည် ။

" မင်းဦးလေး ယွီက ကျန်းနန်စီရင်စုမှာ ဆရာကြီးပင်မဲ့ ထိပ်တန်း တက္ကသိုလ်ဝင်ခွင့်တော့ အာမခံ မပေးနိုင်ဘူး... "

" အာ့တာဆို ဘယ်ဦးလေးလဲ... "

ဟောက်ရန်က မေးလိုက်ပြီး...

" သူက ဦးလေးယွီထက်မိုက်တယ်... "

" အခုဟာက ဦးလေးလင်း... "

ကောင်းဖန်းက သေချာရှင်းမပြ ။

" ထပ်မေးမနေနဲ့... နောက်ကျရင် သိလိမ့်မယ်... "

ကောင်းဖန်းသည် ဟောက်ရန်က လင်းမို့အား ဦးလေးအဖြစ် လက်မခံနိုင်မည်ကို ဆိုးသည် ။ ဟောက်ရန်အား ဖွင့်ပြောရန် အချိန်ကောင်း စောင့်ရပေမည် ။

" ဟုတ်ကဲ့... ဟုတ်ကဲ့... "

ဟောက်ရန် ဆက်မမေးတော့ ။ ဤကြီးမားသော ပျော်ရွှင်မှုကို ချေဖျက်နိုင်ရန် အချိန်ယူရမည် ။

' ငါ ကောင်းဟောက်ရန်... ထိပ်တန်းတက္ကသိုလ်မှာ တက်ရမယ်လို့ ထင်မထားဘူး... '

သို့သော် ဟောက်ရန်က စိုးရိမ်သွား၏ ။

" အဖေ... သားအားနည်းလွန်းရင် ထိပ်တန်းတက္ကသိုလ်မှာ ဘယ်လိုအသက်ရှင်ရမလဲ... "

" အဲ့တာ စိတ်ပူမနေနဲ့... "

ကောင်းဖန်းက ပြုံးပြီး...

" မင်းကျောင်းကို ရောက်ရင် လုပ်ချင်တာ လုပ်လို့ရတယ်... မင်း ဦးလေးလင်းရဲ့ အဆက်အသွယ်နဲ့ဆို မင်းကို ကျောင်းထုတ်ရဲမှာ မဟုတ်ဘူး... "

" အဲ့တာဆိုသား အရမ်းအားနည်းနေတော့ ရှက်စရာမကောင်းဘူးလား... "

ဟောက်ရန်က အရှက်ကွဲမည်ကို စိုးရိမ်နေသေးသည် ။

" မင်းအားနည်းတာက မင်းအရှက်ကွဲမှာ မဟုတ်ဘူး ...ကျောင်းနာမည်ပျက်မှာ... ကျောင်းကမင်းကို ပါရမီ မရှိရှိအောင် နည်းလမ်းရှာလိမ့်မယ်... မင်းကဘာတွေ စိတ်ပူနေတာလဲ... "

" အိုးးး...."

ဟောက်ရန် နားလည်သွား၏ ။ သူ့ဦးလေး လင်းက မိုက်လွန်းလှသည် ။ ကျောင်းကပင် သူ့အား ကျောင်းမထုတ်ရဲ ။

ဟောက်ရန်သည် သူ့ဦးလေးလင်းက လင်းမို့ဖြစ်မည်ကိုတော့ ဘယ်တော့မှ စဥ်းစားမိမည်မဟုတ်ချေ ။

' ငါ မင်းကို အကိုလို ဆက်ဆံနေတာကို... မင်းကငါ့ကို တူလေးလို့ ခေါ်နေတာလား.... '

Chapter 63

All Chapters