← Chapters

စစ်ဘုရင်အဆင့်ရဲ့ အထက်လား

Vol. 11 Ch. 152

စစ်ဘုရင်အဆင့်ရဲ့ အထက်လား

Vol. 11 Ch. 152

ရှီအာက ချီနှင့်သွေး ဆေးလုံးတစ်လုံးကို သောက်ကာ စတင်ကျင့်ကြံ၏။ ချီနှင့်သွေး၏ မြင့်တက်လာမှုကို ခံစားကာ စိတ်လှုပ်ရှား လာခဲ့သည်။

ဒန်ဆေးလုံးများမှာ ကျင့်ကြံခြင်းတွင် အလွန်အကူအညီဖြစ်သည့် စစ်မှန်သည့် ရတနာများ ဖြစ်ကြ၏။ ဆေးလုံးတစ်လုံးက သူ့အတွက် ပြင်းထန်သည့် ကျင့်ကြံမှု လဝက်နှင့် ညီမျှပါသည်။

'ဆေးလုံးတွေက သန့်စင်ဖို့ လွယ်ကူပြီး ဘာအညစ်အကြေးမှ မကျန်ရစ်စေပေမယ့် လူတစ်ယောက်က အလွန့်အကျွံ သောက်သုံးလို့ မရဘူး။ အဲ့ဒါက မင်းရဲ့အဆင့်ကို မတည်ငြိမ်စေဘဲ အပေါ်ယံဆန်လာစေတယ်..'

ထိုစကားကို စဉ်းစားပြီးနောက် ရှီအာက ကျန်ရှိသည့် ဆေးလုံးများကို သိမ်းလိုက်သည်။

'စတင်ခြင်းအဆင့်ကို ဝင်ရောက်ပြီးပြီဆိုတော့ ဒီအချိန်က လက်သိုင်းအချို့ကို သင်ယူဖို့ အချိန်ကျလာပြီ။ သခင်ကြီးက အသိအမြင်တွေကိုပဲ ပို့ချပေးတယ်။ သင်ယူတာ သို့မဟုတ် လေ့လာတာမျိုး လုပ်လို့မရဘူး။ မုန့်ချုံ ပြန်လာတာကို စောင့်ပြီး သူ့ကို သင်ခိုင်းတာပဲ ပိုကောင်းလိမ့်မယ်..'

'ဒါမှမဟုတ် အတွင်းဘက်နယ်မြေက သိုင်းပညာအချို့ကို လေ့လာလို့ရတယ်..'

ရှီအာက ထိုကဲ့သို့ တွေးမိပြီးနောက် အချိန်ကို ကြည့်လိုက်သည်။ ဤသည်မှာ ချက်ပြုတ်ရန် အချိန် ဖြစ်၏။ ရက်အနည်းငယ် ကြာပြီးနောက် ကြက်စွပ်ပြုတ်အား ချက်ရန် အချိန်သို့ ရောက်ရှိလာခဲ့ပါပြီ။ သူ၏ သခင်ကြီးသည် ဤသည်ကို အလွန်နှစ်သက်၏။

ခြံထဲမှာ ထွက်ခဲ့ပြီးနောက် မုန့်ချုံ၏ ပြန်လာမှုကို တွေ့လိုက်ရသည်။ အဝတ်မပါသည့် ခန္ဓာကိုယ်၌ ရင်ဘတ်တွင် ဒဏ်ရာတစ်ခုကို အထင်းသားမြင်ရ၏။ လူတစ်ကိုယ်လုံးလည်း သွေးစများဖြင့် ဖုံးလွှမ်းနေကာ ရှီအာကို အလွန် အံ့ဩသွားစေသည်။

"မုန့်ချုံ... မင်းဘာဖြစ်တာလဲ.."

ဤသည်မှာ ရှင်းလင်းစွာပင် ပြင်းထန်သည့်  တိုက်ပွဲ၏ ရလဒ်တစ်ခု ဖြစ်မှာပါ။ အထူးသဖြင့် ရင်ဘတ်ရှိ ဒဏ်ရာဖြစ်သည်။ နည်းနည်းလောက် ထပ်မံနက်ရှိုင်းသွားပါက အသက်ကို အန္တရာယ် ဖြစ်စေနိုင်၏။

မုန့်ချုံ၏ ခန္ဓာကိုယ် မည်မျှသန်မာကြောင်းကို သူကောင်းကောင်းသိပါသည်။ စတင်ခြင်းအဆင်သို့ ဝင်ရောက်ပြီး ဖြစ်သည့် သူပင်လျှင် မုန့်ချုံ၏ ခံနိုင်ရည်အား ချိုးဖြတ်နိုင်ခြင်း မရှိပေ။ သာမန်လူဆိုလျှင် ပိုတောင်ဆိုးသေး၏။

"အသေးစား ဒဏ်ရာတစ်ခုပါပဲ။ ပြဿနာကြီး မဟုတ်ဘူး.."

မုန့်ချုံက ခြံဝန်းအတွင်းသို့ လျှောက်ဝင်သွားပြီးနောက် အသက်ကို ထိန်းညှိစွာရှူ၏။

"ဒုတိယအကို ဘယ်လိုလုပ်ပြီး ဒဏ်ရာတွေ ရလာတာလဲ.."

စုလင်းရှုံလည်း အံ့ဩသွားပြီး အလျှင်အမြန် ရောက်ရှိလာခဲ့သည်။

"ဒုတိယအကို မလှုပ်နဲ့... ငါနင့်ဒဏ်ရာတွေကို ကုပေးမယ်.."

ကျိုးယင်က မုန့်ချုံအတွက် ကုလားထိုင်တစ်ခုကို ယူလာပြီး ထိုင်ခိုင်းသည်။

"ဆရာ.."

လီရွှမ်က တည်ငြိမ်စွာ ချဉ်းကပ်လာခဲ့၏။ မုန့်ချုံက လေးစားစွာ ခေါ်သည်။

"ဒဏ်ရာကုသပြီးမှ ပြောကြတာပေါ့.."

လီရွှမ်က ခေါင်းငြိမ့်ကာ ကုလားထိုင်တွင် ထိုင်သွားသည်။ စုလင်းရှုံ၏ မုန့်ချုံအား ဆေးထည့်ပေးနေမှုကို ကြည့်ကာ သူကပြော၏။

"ဒဏ်ရာကို ချုပ်လိုက်။ အဲ့ဒါက ပိုပြီးတော့ ကောင်းတာမြန်လိမ့်မယ်.."

စုလင်းရှုံက မှင်သက်သွားပြီးနောက် သူမ၏ဆရာအား ကြည့်သည်။

"အဝတ် ချုပ်သလိုမျိုးလား.."

"အနည်းနဲ့အများ အဲ့လိုပါပဲ.."

လီရွှမ်က ခေါင်းငြိမ့်သည်။ စုလင်းရှုံက မုန့်ချုံ၏ ရင်ဘတ်ရှိ ဒဏ်ရာကို တွေးဆစွာ ကြည့်၏။ ချုပ်ရန်အတွက် မည်သည်အား အသုံးပြုရမည်ကို စဉ်းစားနေ၏။

"အပ်နဲ့ချည်နဲ့လား..."

"ဂျူနီယာ ညီမလေး ဒါက စိတ်ဝိဉာဉ်ဆေးပင်များလား.."

ထိုအချိန်၌ မုန့်ချုံက သူ၏ ရတနာဆေဘာနှင့်အတူ အဝတ်ဖြင့် ချည်နှောင်ထားသည့် ငွေရောင်မြက်ပင် တစ်ပင်ကို ပြသည်။

"ဒါက...ရေစိတ်ဝိဉာဉ်မြက်ပင်ပဲ.."

"ဒါက စိတ်ဝိဉာဉ်ဆေးပင်ပဲ.."

စုလင်းရှုံက ဝမ်းသာသွား၏။ သူမသည် ဒဏ်ရာအား မည်ကဲ့သို့ ချုပ်ရမည်ကို စဉ်းစား၏။

ရေစိတ်ဝိဉာဉ်မြက် တစ်ခုကို ယူကာ လက်ချောင်းများဖြင့် အကြိမ်အနည်းငယ် ပွတ်တိုက်ပြီးနောက် ၎င်းမှ ချည်မျှင်များစွာတို့ကို ဆွဲထုတ်လိုက်သည်။

"ဒုတိယ စီနီယာအစ်ကို... ငါနင့်ကို ဒဏ်ရာ ချုပ်ကူပေးမယ်.."

စုလင်းရှုံက အပ်တစ်ချောင်းကို ထုတ်ကာ ရေစိတ်ဝိဉာဉ်မြက်မှ ချည်များနှင့် ထိုးလိုက်၏။ မုန့်ချုံ၏ ဒဏ်ရာကို ကြိုးစားချုပ်နှောင်သည်။

သို့ပေမယ့် အပ်က ထိုးဖောက်နိုင်ခြင်းမရှိဘဲ ဖြစ်နေ၏။ ထိုးလိုက်သည်နှင့် ကွေးသွားလေသည်။

"ဒုတိယ စီနီယာအကို... ဒါက.."

မုန့်ချုံ၏ ကြွက်သားများက အကြိမ်အနည်းငယ်  လှုပ်ရှားသွားပြီးနောက် ပြောသည်။

"ဂျူနီယာညီမလေး... ဒီလောက်ဆို ရလောက်ပြီ.."

စုလင်းရှုံက ထပ်မံကြိုးစား၏။ အနည်းငယ် ခက်ခဲကာ သားရေအား ချုပ်သကဲ့သို့ရှိပေမယ့် နောက်ဆုံးတွင် ချုပ်လို့ ရသွားလေသည်။

ဒဏ်ရာကို သေသေချာချာ ချုပ်ပြီးနောက် မုန့်ချုံလည်း သူ၏ ကြွက်သားများကို ထိန်းချုပ်ကာ ပွင့်ထွက်သွားမည့်အား ကာကွယ်လိုက်သည်။

ထို့နောက် စုလင်းရှုံက ဆေးများကို ထပ်မံထည့်၏။ ရေစိတ်ဝိဉာဉ်မြက်မှ ရရှိသည့် အရည်ကိုပင် အသုံးပြုလိုက်သည်။

ဒဏ်ရာကို ဆေးထည့်ပြီးနောက် မုန့်ချုံ၏ သွေးစများက စတင် ပျောက်ကွယ်လာခဲ့သည်။ တစ်ရက်နှစ်ရက် အတွင်းတွင် မည်သည့် သဲလွန်စမှ မကျန်အောင် ပျောက်ကင်းသွားမှာ ဖြစ်၏။

'ဒါဆို ဆရာ ရုတ်တရက် ထွက်သွားတာက ဒုတိယစီနီယာအကို အန္တရာယ်ဖြစ်နေတာကို သိလို့များလား..'

စုလင်းရှုံက ကိုယ့်ကိုယ်ကို စဉ်းစားသည်။ ထိုအကြောင်းပြချက်သာလျှင် ဆရာ၏ ရုတ်တရက်  ထွက်ခွာသွားမှုကို ရှင်းပြနိုင်၏။

"ဒုတိယ စီနီယာအကို ဒီရေစိတ်ဝိဉာဉ်မြက်ကို ဘယ်နေရာကနေ ရခဲ့တာလဲ... စွန့်ပစ်ဒေသမှာ ဘာစိတ်ဝိဉာဉ်ဆေးပင်မှ မရှိပါဘူး။ အတွင်းဘက်နယ်မြေကို သွားခဲ့တာလား.."

စုလင်းရှုံက သိလိုစွာ မေးသည်။ အတွင်းဘက်နယ်မြေ၌သာလျှင် စိတ်ဝိဉာဉ်ဆေးပင်များ ပေါက်ရောက်နိုင်၏။

မုန့်ချုံ၏ ဒဏ်ရာများသည် အတွင်းဘက်နယ်မြေတွင်  ပြင်းထန်သည့် တိုက်ပွဲတစ်ခု ဖြစ်ခဲ့သောကြောင့် ရရှိလာခဲ့သည်လား။

"ဝူနိုင်ငံရဲ့ တော်ဝင်မြို့တော်မှာ ရခဲ့တာ။ အဲ့ဒီ့မှာ ဝူနိုင်ငံ သိုင်းလောကရဲ့ အလေးစားခံ ပုဂ္ဂိုလ်တစ်ယောက်နဲ့ ကြုံတွေ့ခဲ့တယ်။ သူက ဂုဏ်သရေကြီးမားတဲ့ လမ်းမှန်သိုင်းသမားတစ်ယောက် ဖြစ်တယ်။ ဒါပေမယ့် အကြောင်းပြချက် အချို့ကြောင့် ရုတ်တရက် အရမ်းကို စွမ်းအားကြီးမား လာခဲ့တယ်။ ငါသူ့ကို တူညီတဲ့လူလို့တောင် မခံစားရတော့ဘူး..."

မုန့်ချုံ၏ ပုံစံက လေးနက်သွား၏။ အကြီးအကဲဝူ၏ အခြေအနေက အလွန် ထူးဆန်းလှပါသည်။ သူသည် အကြီးအကဲဝူ၏ နဖူးပေါ်တွင် ပေါ်လာခဲ့သည့်  အင်းဆက်ကို ပြန်လည် စဉ်းစားမိ၏။

ဖြစ်နိုင်သည်မှာ ထိုဆန်းကြယ်သည့် သတ္တဝါနှင့် သက်ဆိုင်နေသည်လား။

လီရွှမ်က လျှောက်လာခဲ့သည်။

"ငါ့ကိုပြော ဘာတွေ ဖြစ်ခဲ့တာလဲ.."

မုန့်ချုံက အဖြစ်အပျက် တစ်ခုလုံးကို ပြန်လည်ပြောပြသည်။ တိုက်ခိုက်မှု ဖြစ်စဉ်ကို အသေးစိတ်ရှင်းလင်းကာ မည်သည်ကိုမှ ကျန်ရှိစေခဲ့ခြင်း မရှိပေ။

အကြီးမားဆုံး မေးခွန်းမှာ အကြီးအကဲဝူတစ်ယောက် အဘယ်ကြောင့် စွမ်းအားကြီးမား လာသနည်း ဟူ၍ ဖြစ်၏။

ထို့အပြင် ကြည့်ရတာ တစ်ဖက်လူမှာ နတ်ဆိုးကျင့်စဉ်အား ကျင့်ကြံသူတစ်ယောက် ဖြစ်သည့်ပုံ ရှိသည်။ ရွှယ့်ဝူရှင်းနှင့် အလွန်တူညီ၏။ သို့ပေမယ့် ပိုမိုကာ သန့်စင်ပြီး အားပြင်းပါသည်။

လီရွှမ်က အပြင်ပန်းတွင် တည်ငြိမ်စွာသာ ရှိနေ၏။ သို့ပေမယ့် တိတ်တဆိတ် သတိကြီးသွားသည်။ လက္ခဏာရပ် အားလုံးတို့သည် အကြီးအကဲဝူ၏ ခန္ဓာကိုယ် သိမ်းပိုက်ခံရခြင်းအား ညွှန်ပြနေ၏။

သို့ပေမယ့် ထိုစွမ်းအားကြီးသည့် လူက အဘယ်ကြောင့် အဖိုးကြီးတစ်ယောက်ကို ဝင်ပူးရသနည်း။ အကြီးအကဲဝူသည် ဘယ်နေရာတွင် ဝင်စီးခံခဲ့ရသနည်း...

ဝူနိုင်ငံ၏ သိုင်းလောက အခြေအနေကို ကြည့်ရသည်မှာ ယခုအချိန်၌ စွမ်းအားကြီးပုဂ္ဂိုလ်အား ရှာဖွေနေပါသည်။

ကြည့်ရတာ သူလည်းပဲ အဆုံးမဲ့တောင်အတွင်းရှိ  စွမ်းအားကြီးပုဂ္ဂိုလ်၏ ညွှန်ကြားချက်ကို ရရှိရန်  သွားရောက်ရှာဖွေရင်းနှင့် ဝင်စီးခံခဲ့ရပုံ ပေါ်၏။

ထိုအင်းဆက်မှာ ဝင်စီးခဲ့သည့် ပိုင်ရှင် ဖြစ်သည့်ပုံရသည်။ 

'စစ်ဘုရင်အဆင့်တွေက ခန္ဓာကိုယ်ကို ဝင်ရောက်သိမ်းပိုက်ဖို့ စွမ်းရည် မရှိဘူး။ တစ်ဖက်ရန်သူရဲ့ ခွန်အားက စစ်ဘုရင်အဆင့်ကို ကျော်လွန်ပြီးနေပြီ။ ငါမမှားရင် အဲ့ဒီ အင်းဆက်ထဲမှာ ဝိဉာဉ်အကြွင်းအကျန်တစ်ခု ရှိနေရမယ်..'

'အဲဒီ အင်းဆက်ကလည်း ထူးကဲရမယ်။ အဲ့ဒါက တစ်ဖက်လူရဲ့ ခန္ဓာကိုယ်တွေကို ဝင်ပူးနိုင်တဲ့ အခြေခံ အကြောင်းတရား ဖြစ်နိုင်တယ်..'

'စစ်ဘုရင်အဆင့်ရဲ့ အထက်မှာ တကယ်ပဲ ပိုပြီးခွန်အားကြီးတဲ့ သိုင်းသမားတွေ ရှိနေတယ်။ ဒါဆို ဘာလို့ အတွင်းဘက်နယ်မြေမှာ စစ်ဘုရင်အဆင့်ကို အမြင့်ဆုံးလို့ ယူဆကြတာလဲ။ ဖြစ်နိုင်တာက စစ်ဘုရင်အဆင့်ရဲ့ အထက်က သိုင်းသမားတွေအတွက် ကန့်သတ်ချက်တစ်ခုခုများ ရှိလို့လား..'

'တစ်ဖက်လူရဲ့ အကြွင်းအကျန် ဝိဉာဥ်က အားနည်းနေတယ်။ မူလ အရင်းအမြစ်က အရမ်းကို နည်းပါတယ်။ ဒါ့ကြောင့် မုန့်ချုံရဲ့ ဆေဘာဆန္ဒက အဲ့ဒါကို ဖိနှိပ့်ပြီး သတ်ဖြတ်လို့ရတာ..'

လီရွှမ်က စိတ်ထဲတွင် စဉ်းစားသည်။ မုန့်ချုံက ပြီးခဲ့တုန်းက တိုက်ပွဲကို ဆက်လက် ပြောကြားနေ၏။

အထူးသဖြင့် အဆုံးသတ်တွင် သူ၏ အခြေအနေကို အခွင့်ကောင်းယူကာ ရန်သူအား တစ်ခါတည်း  သတ်ဖြတ်ခဲ့မှု ဖြစ်သည်။ အလွန် စိတ်လှုပ်ရှားဖွယ် ကောင်းလှ၏။

သို့ပေမယ့်  ရုတ်တရက် ကြီးမားသည့် ဖိအားက ထွက်ပေါ်လာခဲ့သည်။

All Chapters