ဓားဆန္ဒ ဒုတိယအဆင့်(၂)
Vol. 11 Ch. 155
သန့်စင်ရာတွင် အောင်မြင်မှုမရှိသည့် ဆေးလုံးတို့ကို စားပြီးနောက် ကြောင်နီ၏ မျက်လုံးများက တောက်ပလာပြီး စုလင်းရှုံကို စူးစိုက်စွာ ကြည့်သည်။
ဝမ်းဗိုက်လှန်ကာ ဆက်တိုက် လူးလွန့်ပြနေပြီး သူ၏ မျက်နှာက ဖားရားနေသည့်ပုံ ရှိသည်။
ရှင်းလင်းစွာပင် ဆေးလုံးကို စားသုံးပြီးနောက် ကျားသည် ဆေး၏ သူ့အပေါ် အကျိုးပြုမှုကို ရှာတွေ့သွားတာ ဖြစ်ပေလိမ့်မည်။
ဆေးလုံးတို့ကို သန့်စင်ပြီးနောက် စုလင်းရှုံက ကျိုးယင်၏ သိုင်းပညာ ကျင့်ကြံမှုအတွက် စတင် ကူညီပေးသည်။ ကျိုးယင်၏ သိုင်းပညာ အခြေခံက တည်မြဲလုမတတ် ဖြစ်နေပြီး ဖြစ်၏။ ကျင့်ကြံခြင်းစနစ်ကို ပြောင်းလဲရန်မှာ အချိန်ယူရမှာ ဖြစ်သည်။
ဆေးလုံးများ၏ အကူအညီမပါပါက ကျင့်စဉ်ကို ပြောင်းလဲရန်မှာ ပိုမိုကာပင် ခက်ခဲမှာ ဖြစ်၏။ ကံကောင်းစွာပင် သူမရဲ့အဆင့်သည် အရမ်းကြီး မြင့်မားခြင်း မရှိပေ။
ဆေးလုံးများကို သောက်သုံးကာ ချီနှင့်သွေးတို့ မြင့်တက်လာပြီးနောက် နောက်ဆုံးတွင် ချီနှင့်သွေးအား အောင်မြင်စွာ အာရုံခံနိုင်ပြီး အရေပြား သန့်စင်ခြင်း အဆင့်သို့ ဝင်ရောက်ခဲ့၏။
သူမ၏ မူလသိုင်းခွန်အားနှင့် ဆေးလုံးတို့၏ အကူအညီဖြင့် အရေပြားသန့်စင်မှု အမြန်နှုန်းမှာ အလွန်မြန်ဆန်လှသည်။ နောက်ဆုံးတွင် သိုင်းပညာစနစ် လဲလှယ်မှုအား အောင်မြင်ခဲ့၏။
စုလင်းရှုံမှာ ထိုအခါမှ စိတ်သက်သာရာ ရသွားခဲ့၏။
ဒန်ဆေးသန့်စင်မှုတွင် စတင်အာရုံစိုက်ကာ ဆေးသန့်စင်ခြင်းနှင့် ဆေးများအကြောင်း လျှို့ဝှက်ကျမ်းကို ပိုမိုလေ့လာသည်။
ထိုနေ့တွင် ရွှီယန်က ပြန်လာခဲ့၏။ ရွှီယန်၏ ဖခင်ဖြစ်သူ ချီနှင့်သွေးအဆင့်သို့ ချိုးဖြတ်ကာ သိုင်းပညာ၏ စတင်ခြင်းအဆင့်သို့ ဝင်ရောက်ပြီး ဖြစ်ကြောင်းအား လီရွှမ် သိလိုက်ရသည်။
'ကျင့်ကြံတဲ့လူတွေ အရမ်းနည်းပြီး ခွန်အားအဆင့်က အရမ်းနိမ့်သေးတော့ ငါ့ရဲ့အခုလို မြင့်မားနေတဲ့ သိုင်းအဆင့်နဲ့ တန်ပြန် အကျိုးသက်ရောက်မှုတွေ မရနိုင်တာလား..'
လီရွှမ်က ကိုယ့်ကိုယ်ကို စဉ်းစားသည်။ ရွှီယန်က ဆရာဖြစ်သူအား အရိုအသေပေးပြီးနောက် ယူဆောင်လာခဲ့သည့် ဆေးပင်များကို စုလင်းရှုံအား ပေးကာ ဒန်ဆေးသန့်စင်ခိုင်း၏။
"ဂျူနီယာညီမလေး... နင့်မှာ အသက်အရွယ် အိုမင်းတာကို လျော့ကျစေတဲ့ ဆေးတွေဘာတွေများ ရှိလား။ ငါ့အမေကို ပေးချင်လို့.."
ရွှီယန်က မေးသည်။
"နုပျိုခြင်း ဆေးလုံးလား.."
စုလင်းရှုံက ခဏတာစဉ်းစားပြီးနောက် သူမ၏ စိတ်ထဲတွင် ဆေးဖော်မြူလာ များစွာတို့ ပေါ်လာခဲ့သည်။
ထိုအထဲမှ အချို့၏ လက္ခဏာရပ်များကို ကောက်နှုတ်၏။ တဖြည်းဖြည်းနှင့် အတူတူစုစည်းကာ ဖော်မြူလာအသစ် တစ်ခုကို ရရှိလာခဲ့သည်။
"အဲ့လို ဆေးမျိုးလည်း သန့်စင်လို့ ရမယ်ထင်တယ်။ ဒါပေမယ့် နုပျိုခြင်းဆေးလုံးအတွက် ကုန်ကြမ်းတွေက စိတ်ဝိဉာဉ်ဆေးပင်တွေမှ ရလိမ့်မယ်။ ကံဆိုးစွာပဲ ဒီမှာက ရေစိတ်ဝိဉာဉ်မြက် တစ်မျိုးပဲရှိပြီး နုပျိုခြင်းဆေးလုံးကို သန့်စင်ဖို့အတွက် မသင့်တော်ဘူး.."
စုလင်းရှုံက ခေါင်းကိုရမ်းကာ ပြော၏။
ရွှီယန်က ပျော်သွားသည်။
"ဂျူနီယာညီမလေး... စိတ်ဝိဉာဉ်ဆေးပင် စာရင်းကို ငါ့ကိုပြောလိုက်။ အတွင်းဘက်နယ်မြေကို သွားပြီးရင် ဆေးပင်တွေ အားလုံးကို ငါရအောင်စုပေးမယ်.."
"ဂျူနီယာညီမလေး... နင့်ရဲ့ စိတ်ဝိဉာဉ်ဆေးပင်က ဘယ်ကရတာလဲ.."
ထို့နောက် ချက်ချင်းပင် ရွှီယန်က အံ့ဩစွာ မေး၏။
"ဒုတိယ စီနီယာအကို ယူလာခဲ့တာပါ.."
စုလင်းရှုံက လေးနက်သည့် မျက်နှာဖြင့် မုန့်ချုံ ကြုံတွေ့ခဲ့ရသည့် အရာအားလုံးတို့အား ရွှီယန်ကို ပြောပြသည်။
"နတ်ဆိုးဂိုဏ်းပဲ.. လာပြန်ပြီ... ဒီကောင်တွေက တော်တော်လေးကို လွန်ကျူးနေပြီ.."
ထိုသတင်းကို ကြားရပြီးနောက် ရွှီယန်က ဒေါသထွက်သွား၏။
နောက်ဆုံးအကြိမ်တုန်းက နတ်ဆိုးဂိုဏ်းမှ ရွှယ့်ဝူရှင်းပေါ်လာပြီး မုန့်ချုံကို သေဆုံးလုမတတ် ဖြစ်စေခဲ့သည်။
ယခုအချိန်၌လည်း နတ်ဆိုးဂိုဏ်း ထပ်မံပေါ်လာခဲ့ ပြန်၏။
သူသည် တိတ်တဆိတ် သန်ဓိဌာန် ချလိုက်သည်။ အတွင်းဘက်နယ်မြေသို့ သွားရောက်ပါက နတ်ဆိုးဂိုဏ်းနှင့် စာရင်းသွားရှင်းမည် ဖြစ်၏။
"ဂျူနီယာညီလေးက ဆေဘာဆန္ဒကို နားလည်သဘောပေါက်ခဲ့တာလား။ ကောင်းလိုက်တာ... ငါသူ့ကို သွားရှာလိုက်ဦးမယ်.."
ရွှီယန်က စိတ်လှုပ်ရှားစွာ ပြောသည်။
စုလင်းရှုံ၏ မျက်လုံးများက လင်းလက်သွား၏။ သူမတို့၏ စီနီယာအကိုကြီးသည် ဓားဆန္ဒကို နားလည်သဘောပေါက်ထားပြီး ဒုတိယ စီနီယာအကိုမှာတော့ ဆေဘာဆန္ဒကို နားလည်သဘောပေါက် လာခဲ့လေသည်။
ကြည့်ရတာ ယှဉ်ပြိုင်ပွဲတစ်ခု ပေါ်လာတော့မည့်ပုံပါ။
သူမသည် ရွှီယန်၏ နောက်သို့ အမြန်လိုက်ကာ တောင်စောင်းဆီသို့ ရောက်လာခဲ့၏။ ထိုပုံကိုတွေ့ရပြီးနောက် ရှီအာကလည်း ကြောင်နီကိုခေါ်ကာ ပွဲကိုသွားရောက် ကြည့်ရှု့သည်။
လီရွှမ်၏ မျက်ခုံးက မြင့်တက်သွား၏။ သို့ပေမယ့် လိုက်လံကြည့်ရှု့ခြင်း မပြုပါ။ သူ၏ နှလုံးသားထဲတွင် အဖြေကို သိရှိနေပြီး ဖြစ်၏။ မုန့်ချုံ၏ ဆေဘာဆန္ဒက ကြီးစိုးကာ အနှိုင်းမဲ့ပြီး ကောင်းကင်နှင့် ကမ္ဘာမြေကြီးကို ထက်ပိုင်းပိုင်းမည့် အငွေ့အသက်တို့အား ပိုင်ဆိုင်ထားပါသည်။
ရွှီယန်၏ တောင်နှင့်မြစ်ဓားဆန္ဒမှာ တောင်နှင့်မြစ်ကဲ့သို့ ထာဝရ တည်မြဲနိုင်၏။ ထက်မြပုံ မပေါ်ပေမယ့် အတွင်းထဲတွင် သတ်ဖြတ်လိုမှုနှင့် ရက်စက်မှုတို့ကို ဖုံးကွယ်ထားသည်။ ပိုမိုကြမ်းကြုတ်ကာပင် ကြံ့ခိုင်သေး၏။
တောင်နှင့်မြစ်တို့ ပြိုလဲချိန်၌ သက်ရှိအားလုံးတို့ ပျက်သုန်းကြရသည်။
"ဂျူနီယာညီလေး... မင်းဆေဘာဆန္ဒကို နားလည်သဘောပေါက်ခဲ့တယ်ဆို... လာခဲ့.. ပြိုင်ကြရအောင်.."
ရွှီယန်က သူ၏ စိတ်လှုပ်ရှားမှုကို ဖုံးကွယ်နိုင်ခြင်း မရှိစွာ ပြော၏။
"ကောင်းပြီ.."
မုန့်ချုံလည်း တက်ကြွလာခဲ့၏။ တစ်ယောက်နှင့်တစ်ယောက် ယှဉ်ပြိုင်မှုပြုကာ နားလည်သဘောပေါက်မှုများအား သုံးသပ်ခြင်းက အကျိုးအမြတ်တို့ ရရှိစေပြီး ပိုမိုများပြားသည့် ဉာဏ်အလင်းတို့လည်း ပေါ်လာစေသည်။
စုလင်းရှုံနှင့် ရှီအာတို့က အဝေးမှ ကြည့်ကာ တောင်ကုန်းပေါ်ရှိ နှစ်ယောက်ကို စူးစမ်းနေ၏။ ကြောင်နီက မြေပြင်ပေါ်တွင် လဲလျောင်းကာ သူ၏ မျက်လုံးများက လှည့်လည်နေပါသည်။ ကြည့်ရတာ ထွက်ပြေးရန် အခွင့်အရေး တစ်ခုကို ရှာနေပုံ ပေါ်၏။
"ဘဇ်.."
ရုတ်တရက် အဆုံးစွန်အောင် ကြီးစိုးသည့် အငွေ့အသက်တစ်ခု မြင့်တက်လာခဲ့သည်။ ဆေဘာဆန္ဒက လှိုင်းထန်လာပြီး လေထုကို ပိုမို လေးလံလာစေ၏။ ကြည့်ရတာ အရာအားလုံးတို့ကို ဖျက်ဆီးတော့မည့်ပုံ ရှိသည်။
ကြောင်နီက ချက်ချင်းပင် အကြောက်တရားဖြင့် တုန်ခါသွား၏။ သူ၏ မျက်လုံးများက ထိတ်လန့်မှုဖြင့် ပြူးကျယ်နေပါသည်။ အလွန် ကြောက်ဖို့ကောင်းလှ၏။
"ဘယ်လောက် ကြောက်စရာကောင်းတဲ့ ဆေဘာဆန္ဒလဲ။ ဒါက ဆေဘာဆန္ဒ ဆိုတာပေါ့.."
ရှီအာက အံ့ဩသွား၏။ ထိုစွမ်းအားကို သူ အလွန်အားကျနေပါသည်။ ဆိုးတာက သူ၏ ပါရမီမှာ အကန့်အသတ်ရှိပြီး ဆေဘာဆန္ဒကို နားလည်နိုင်ရန် မဖြစ်နိုင်လုနီးပါး ရှိနေ၏။
စုလင်းရှုံက လက်သီးများကို ဆုပ်ကာ စီနီယာအကို နှစ်ယောက်တို့ကို စူးစိုက်စွာ ကြည့်နေပါသည်။ ဤသည်မှာ ဒုတိယ စီနီယာအကို၏ ဆေဘာဆန္ဒ ဖြစ်၏။
အကြီးဆုံးစီနီယာ အကိုကြီး၏ ဓားဆန္ဒကရော ဘယ်မှာနည်း။
"ဘဇ်.."
ညင်သာကာ အဆုံးမသတ်နိုင်အောင် ထည်ဝါသည့် ဓားဆန္ဒက ထွက်ပေါ်လာခဲ့သည်။ ၎င်းသည် တောင်မြစ်နှင့် သက်ရှိအားလုံးတို့ကို ပုံဖော်ထားပုံ ပေါ်၏။ ကြီးစိုးလှသည့် ဆေဘာဆန္ဒပင်လျှင် ၎င်း၏လွှမ်းခြုံမှုကို ခံလိုက်ရသည့်ပုံ ရှိသည်။
"ဘုန်း.."
ဆေဘာဆန္ဒနှင့် ဓားဆန္ဒတို့ တစ်ခုနှင့်တစ်ခု ထိပ်တိုက်တွေ့ဆုံကာ မိုးခြိမ်းသံသကဲ့သို့ ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာခဲ့သည်။
မုန့်ချုံ၏ ပုံစံက လေးနက်သွား၏။ သူ၏ ကြီးစိုးခြင်း ဆေဘာဆန္ဒက အကြိမ်ကြိမ် မြင့်တက်လာနေပြီး တောင်နှင့်မြစ်တို့ကို ပိုင်းခြားချင်နေသည်။ သို့ရာတွင် ခိုင်မာတည်မြဲသည့် တောင်နှင့်မြစ်တို့က အတိုင်းအစမဲ့ကာ အဆုံးမသတ်နိုင်အောင် ရှိနေသည့်ပုံ ရှိ၏။
ကြီးစိုးခြင်း ဆေဘာဆန္ဒက ပြင်းထန်စွာ မြင့်တက် လာလျှင်တောင် တောင်နှင့်မြစ်တို့က လှုပ်ခါခြင်းမရှိဘဲ ဖြစ်နေကြသည်။
ရွှီယန်က စိတ်ထဲတွင် အံ့ဩသွားသည်။
"ဂျူနီယာညီလေးရဲ့ ဆေဘာဆန္ဒက ဘယ်လောက် ကြီးစိုးလိုက်လဲ.."
"စီနီယာအကို.. ကျွန်တော် ဆေဘာကို ထုတ်တော့မယ်.."
မုန့်ချုံက နက်ရှိုင်းသည့်အသံဖြင့် ပြောသည်။
"ကောင်းပြီ.."
ရွှီယန်က ခေါင်းငြိမ့်၏။
"ထင်.."
ဆေဘာအလင်းက ထွက်ပေါ်လာပြီး အနှိုင်းမဲ့ကာ ကြီးစိုးလှသည်။ ၎င်းက ကောင်းကင်နှင့် ကမ္ဘာမြေကြီးကို ဖျက်ဆီးလိုသည့်ပုံ ရှိ၏။
ထိုအချိန်၌ ကျယ်ပြောသည့် ဓားဆန္ဒက ထည်ဝါစွာ မြင့်တက်လာခဲ့၏။ တောင်နှင့်မြစ်တို့ စီးဆင်းနေပုံပေါ်ပြီး မျက်စိတစ်မှိတ် အတွင်းတွင် ထိုတောင်နှင့်မြစ်တို့ ချက်ချင်းပင် ပြိုလဲလာခဲ့ပြီး သက်ရှိအားလုံးတို့ ပျက်သုန်းကုန်ကြသည်။ ကြမ်းကြုတ်ကာ ရက်စက်၏။
ဆေဘာဆန္ဒလည်း ပျောက်ကွယ်သွား၏။ အဆုံးမသတ်နိုင်အောင် ရစ်ဝဲနေသည့် ဓားဆန္ဒသာလျှင် ကျန်ရစ်ခဲ့သည်။
"စီနီယာအကိုကြီးရဲ့ တောင်နဲ့မြစ် ဓားဆန္ဒကို ကျွန်တော်တကယ်ပဲ မနိုင်ဘူး.."
မုန့်ချုံက သက်ပြင်းချစွာ ပြောသည်။
သူ၏ ဆေဘာဆန္ဒသည် ကောင်းကင်အောက်တွင် အနှိုင်းမဲ့နေပြီး ဖြစ်၏။ သို့ပေမယ့် စီနီယာအကိုကြီး၏ တောင်နှင့်မြစ် ဓားဆန္ဒတွင် ယခုကဲ့သို့ ကြမ်းတမ်းကာ ရက်စက်သည့် သတ်ဖြတ်လိုစိတ်တို့ ပုန်းအောင်းနေမည်ဟု ထင်မထားခဲ့ပေ။
"ဂျူနီယာညီလေး.. မင်းရဲ့ဆေဘာဆန္ဒက ကြီးစိုးပြီးတော့ အနှိုင်းမဲ့တယ်။ ငါ့ရဲ့တောင်နှင့်မြစ် ဓားဆန္ဒတောင် ခံနိုင်ဖို့ တော်တော်လေး ခက်ခဲတယ်.."
"ဒီနေ့ယှဉ်ပြိုင်မှုက ငါ့ကို အတွေးအမြင် အသစ်တွေ ရရှိလာစေခဲ့တယ်။ ဓားဆန္ဒအပေါ် နားလည်မှု အသစ်တွေလည်း ပိုတိုးလာခဲ့တယ်.."
ရွှီယန်က သက်ပြင်းချစွာ ပြော၏။
မုန့်ချုံကလည်း စဉ်းစားသည်။ သူလည်းပဲ ယခု ယှဉ်ပြိုင်မှုကြောင့် ဉာဏ်အလင်းအချို့ ရလာခဲ့၏။ သို့ရာတွင် စီနီယာအကိုကြီးနှင့် နှိုင်းယှဉ်ပါက သူသည် ခြေတစ်လှမ်း အားနည်းနေဆဲ ရှိသည်။
"ငါတို့ဆရာက စီနီယာအကိုကြီးကို တပည့်အဖြစ် လက်ခံပြီး လောကထဲကို ပြန်လည် သက်ဆင်းလာတာ အံ့သြစရာ မရှိဘူး။ သူ့ကြောင့် တပည့်တွေကိုတောင် ဆက်ပြီးတော့ လက်ခံခဲ့တယ်။ စီနီယာ အကိုကြီးရဲ့ သိုင်းပါရမီက ရှေးခေတ်က ပါရမီတွေ အားလုံးကိုတောင်ကျော်လွန်နိုင်တယ်.."
မုန့်ချုံက အဆုံးမသတ်နိုင်အောင် သက်ပြင်းချမိ၏။ ယနေ့ ယှဉ်ပြိုင်မှု၏ ဓားဆန္ဒနှင့် ဆေဘာဆန္ဒ ထိပ်တိုက်တွေ့ဆုံမှုက ရွှီယန်နှင့် မုန့်ချုံတို့ တစ်ဦးချင်းစီတိုင်းကို အတွေးများ ရရှိလာစေခဲ့သည်။
နှစ်ယောက်စလုံးသည် ၎င်းတို့ကို ပြန်လည်ကြေညက်အောင် လုပ်ရမည် ဖြစ်၏။ စုလင်းရှုံက စံအိမ်ဆီသို့ပြန်ကာ သူမ၏ ဒန်ဆေးသိုင်းပညာ လမ်းစဉ်ကို စတင်လေ့လာပြန်သည်။ သူမလည်းပဲ ဉာဏ်အလင်းအချို့ ရလာခဲ့၏။
ရှီအာသာလျှင် ပဟေဠိဖြစ်နေပြီး တိုက်ပွဲကို အလွန်ထည်ဝါကာ ကြောက်ဖို့ကောင်းလှသည်ဟုသာ ခံစားရသည်။
သူက အနည်းငယ် ရှက်ရွံ့စွာ ခံစားလိုက်ရ၏။ သူ့အနေနှင့် အစေခံတစ်ယောက် အဖြစ်သာ ခစားနိုင်တာ အံ့သြစရာမရှိပေ။ ပါရမီက အလွန် နိမ့်ကျလွန်းလှ၏။ မည်သည့် ဉာဏ်အလင်းကိုမှ အနည်းငယ်ပင် မရခဲ့ပေ။
ကျိုးယင်ကို ခေါင်းလှည့်ကြည့်သည်။ သူမသည် ကြိုးကြိုးစားစား ကျင့်ကြံနေ၏။ ထိုအခါမှ စိတ်သက်သာရာ ရသွားပြီး သူနှင့် ရာထူးတူတွင် ရှိနေသည့် အခြား လူတစ်ယောက် ရှိပါလားဟု တွေးမိကာ များစွာပိုမို ခံစားလို့ကောင်းလာခဲ့သည်။
ရွှီယန်က တောင်တောင်ကုန်းပေါ်တွင် ထိုင်ကာ အတွေးအမြင်များ အကြားတွင် နစ်မျောနေ၏။ ဓားဆန္ဒ အငွေ့အသက်က သူ၏ ပတ်ဝန်းကျင်တွင် ကူးခတ်နေပြီး ဆက်တိုက် ပြောင်းလဲနေပါသည်။
အခိုက်အတန့်တစ်ခုတွင် ဓားဆန္ဒက ဆက်လက် အဆင့်မြင့်တက်ရန်အတွက် အဆင်သင့် ဖြစ်လာပုံပေါ်၏။ သို့ပေမယ့် ရုတ်တရက် ရပ်တန့်သွား၏။
'ငါ့ရဲ့ ခွန်အားအဆင့်က လုံလုံလောက်လောက် မမြင့်မားဘူး။ ဓားဆန္ဒရဲ့ ဒုတိယအဆင့်ကို တက်လှမ်းနိုင်ခြင်း မရှိဘူး..'
ရွှီယန်၏ မျက်လုံးများက ပွင့်လာပြီး လေပူများကို မှုတ်ထုတ်သည်။ သူသည် ဓားဆန္ဒ၏ ဒုတိယအဆင့်ကို နားလည်သဘောပေါက်ခဲ့၏။
မုန့်ချုံလည်းပဲ သူ၏ ကိုယ်ပိုင် အကျိုးကျေးဇူးများ ရရှိခဲ့သည်။ ကြီးစိုးလှသည့် ဆေဘာဆန္ဒက ပိုမို ချုပ်တည်းတည်ငြိမ်သွားပုံ ပေါ်၏။ သို့ပေမယ့် လျှပ်တပြက် ပေါက်ကွဲထွက်နိုင်စွမ်း ရှိပါသည်။
လီရွှမ်၏ ပုံရိပ်က တောင်စောင်းပေါ်တွင် ပေါ်လာခဲ့၏။
လက်တစ်ဖက်နှင့် ကျောက်စိမ်းအဆောင်ကို ကစားကာ သက်တောင့်သက်သာနှင့် အထိန်းချုပ်မဲ့သော ခြေလှမ်းများဖြင့် လျှောက်လှမ်းလာခဲ့သည်။
ရွှီယန်က ဓားဆန္ဒ၏ ဒုတိယအဆင့်ကို နားလည်သဘောပေါက်လာချိန်၌ သူလည်းပဲ ရွှေလက်ချောင်းမှ တန်ပြန် အကျိုးပြုမှုကို ရရှိခဲ့၏။
"သင်၏တပည့် ရွှီယန်သည် ဓားဆန္ဒ၏ ဒုတိယအဆင့်ကို နားလည်သဘောပေါက်ခဲ့သည်။ သင်သည် ဓားဆန္ဒ၏ ဒုတိယအဆင့်အား ပြည့်စုံစွာ တတ်မြောက်သွားသည်.."
"ဓားဆန္ဒ ဒုတိယအဆင့်.."
လီရွှမ်က စိတ်ထဲတွင် သက်ပြင်းချသည်။ ရွှီယန်ကဲ့သို့ တပည့်တစ်ယောက် ရရှိထားခြင်းမှာ သူ၏ သိုင်းပညာလမ်းစဉ် ထည်ဝါတော့မည်ဟု ပြသနေပါသည်။
မနှေးမမြန် ခြေလှမ်းများဖြင့် ရွေ့လျားရင်းက တောင်စောင်းပေါ်သို့ ရောက်ရှိသွား၏။ ဒီအချိန်မှာ မုန့်ချုံအား ဆေဘာလမ်းစဉ်၏ ဒုတိယအဆင့်အား သင်ကြားပေးရမည့် အချိန်လည်း ဖြစ်သည်။ သူ့ကို ကြိုတင် လေ့လာစေမည်ဖြစ်၏။
"ဆရာ.."
မုန့်ချုံက လေးစားစွာ နှုတ်ဆက်သည်။
"အင်း.."
လီရွှမ်က ခေါင်းငြိမ့်ပြီးနောက် သူ၏လက်နှစ်ဖက်ကို နောက်သို့ပစ်သည်။ အဝေးရှိ ကောင်းကင်သို့ လှမ်းမျှော်ကြည့်၏။ ဤသည်မှာ သေမျိုးလောကမှ ကင်းကွာပြီးသည့် အထွတ်အထိပ် ဆရာသခင်တစ်ပါးနှင့် တူညီနေပါတော့သည်။
"မင်းဆေဘာဝိဉာဉ်ကို နိုးထခဲ့ပြီး ဆေဘာလမ်းစဉ်ပေါ်ကို ခြေချနိုင်ခဲ့ပြီ။ အခု ဘာမေးခွန်းတွေရှိလဲ.."
ထိုစကားကို ကြားရပြီးနောက် မုန့်ချုံတစ်ယောက် ချက်ချင်းပင် စိတ်အားထက်သန်လာခဲ့၏။
"ဆရာ... ကျွန်တော် ဆေဘာကို ဆက်ပြီးပျိုးထောင်ရမှာလား။ ဆေဘာဝိဉာဉ်ကို နိုးထစေဖို့အတွက် ပျိုးထောင်သလိုမျိုးပဲလေ.."
လီရွှမ်က နှလုံးသားထဲတွင် စဉ်းစားသည်။ ဆေဘာကို ဆက်လက်ပျိုးထောင် ရမည်လား။ ဤသည်မှာ အမှန်တကယ်ကို ဝှက်ဖဲတစ်ခု ဖြစ်၏။
သို့ပေမယ့် ဆေဘာကို ပျိုးထောင်ခြင်းသည် အလွန်အကုန်အကျများပြီး ကျင့်ကြံခြင်းကို ထိခိုက်စေနိုင်ပါသည်။
ထို့အပြင် မုန့်ချုံ၏ အစောပိုင်း ဆေဘာပျိုးထောင်မှု၌ ဆေဘာဆွဲထုတ်ချိန်က ရရှိခဲ့သည့် ကြီးမားလှသည့် စွမ်းအားမှာ ဆေဘာဝိဉာဉ် နိုးထခြင်းကြောင့် ဖြစ်ပေသည်။
ထို့ကြောင့် ပျိုးထောင်ထားသည့် ဆေဘာဆန္ဒကို ရုတ်တရက် ထုတ်လွှတ်နိုင်ခဲ့ခြင်း ဖြစ်၏။
သူသည် ရုတ်တရက် သူဖန်တီးထားသည့် ဆေဘာလမ်းစဉ် အဆင့်များကို တွေးမိလိုက်သည်။ ဆေဘာကို ပျိုးထောင်မည် ဆိုလျှင်တောင် သာမန် ဆေဘာတစ်ချောင်းသာ မဖြစ်သင့်ပေ။ ဤသည်မှာ အလွန်သာမန်ဆန်ပြီး သူဖန်တီးထားသည့် နက်ရှိုင်းသည့် ဆေဘာလမ်းစဉ်နှင့် ထိုက်တန်ခြင်း မရှိပေ။
ထိုကဲ့သို့ တွေးမိပြီးနောက် လီရွှမ်က ပြောသည်။
"ဆေဘာကို ဘာလို့ဆက်ပြီး ပျိုးထောင်ရမှာလဲ... အခုအချိန်မှာ မင်းရဲ့ ဆေဘာဝိဉာဉ်က နိုးထလာခဲ့ပြီးပြီ။ ဒါ့ကြောင့်မို့လို့ မင်းလက်ထဲက ဆေဘာကိုပဲ ကန့်သတ်မထားသင့်ဘူး။ မင်းပျိုးထောင်ဖို့လိုတာက မင်းရဲ့နှလုံးသားထဲက ဆေဘာပဲ.."
"ပျိုးထောင်သင့်တာက မင်းရဲ့ ဆေဘာစိတ်ဝိဉာဉ်ကိုပဲ... ဒီပျိုးထောင်မှုက အတွင်းထဲမှာပဲ ရှိရမယ်။ အပြင်မှာ မဟုတ်ဘူး.."
"မင်းပျိုးထောင်ထားတဲ့ ရတနာဆေဘာက ပျောက်ဆုံးသွားတာ သို့မဟုတ် အခိုးခံရတာမျိုး ဖြစ်ရင် ဘယ်လိုလုပ်မလဲ။ အဲ့ဒါဆိုရင် အချည်းအနှီး ဖြစ်ကုန်မှာပေါ့.."
"ဆေဘာနဲ့ ခန္ဓာကိုယ်က ခွဲလို့မရဘူး။ ပျောက်ဆုံးသွားမှာ မဟုတ်ဘူးဆိုတဲ့ စကားလုံးမျိုးတွေကို မပြောနဲ့။ မင်းပျိုးထောင်ဖို့ လိုတာက မင်းရဲ့နှလုံးသားထဲက ဆေဘာကိုပဲ။ မင်းရဲ့ ဆေဘာစိတ်ဝိဉာဉ်ထဲက ဆေဘာကိုပဲ.."
"အဲ့လို ဆေဘာပျိုးထောင်ခြင်းကပဲ ဘယ်တော့မှ ပျောက်ဆုံးတာမျိုး မဖြစ်စေမှာ.."
မုန့်ချုံ၏ နှလုံးသားက တုန်ခါသွား၏။ သူ၏ စိတ်ထဲတွင် ဉာဏ်လင်းပွင့်မှုတစ်ခု ပေါ်လာခဲ့သည်။ ကောင်းကင်၏ အလင်းက ပွင့်လင်းလာပုံ ပေါ်ပြီး ချက်ချင်း အလင်းရောင်တို့ ရရှိခဲ့သည့်ပံု ရှိသည်။
'နှလုံးသားထဲက ဆေဘာကို ပျိုးထောင်ရမယ်... စိတ်ဝိဉာဉ်ထဲက ဆေဘာကို ပျိုးထောင်ရမယ်...'
သူက ကိုယ့်ကိုယ်ကို ရေရွတ်၏။ သူ၏ ဆေဘာကို ပျိုးထောင်ရန်အတွက် လားရာတစ်ခုကို ရှာတွေ့သွားသည့်နှယ် ရှိသည်။