← Chapters

တောင်မြိုဖား၊ သိုလှောင်အိတ်

Vol. 11 Ch. 160

တောင်မြိုဖား၊ သိုလှောင်အိတ်

Vol. 11 Ch. 160

"ဆရာပြောတာ မှန်တယ်။ ထန်းပေါင်စံအိမ်မှာ ကောင်းမွန်တဲ့ ဂုဏ်သတင်း ရှိတယ်။ ဒါပေမယ့် အဲ့ဒါက သူတို့ရဲ့နာမည်ကို ထိခိုက်စေဖို့ မတန်တဲ့ သာမန်ပစ္စည်းတွေ အပေါ်ကိုပဲ ဖြစ်လိမ့်မယ်။ တကယ်လို့ သူတို့လှုပ်ရှားခဲ့ရင်လည်း ဘာသတင်းမှ ထွက်ပေါ်မလာအောင် လုပ်ကြမှာ.."

စုလင်းရှုံက ခေါင်းငြိမ့်ကာ ပြောသည်။

ရွှီယန်က တစ်ခုခုကို စဉ်းစားမိပုံပေါ်ပြီး ပြော၏။

"အဲ့ဒါက ငါတို့စွန့်ပစ်ဒေသရဲ့ သိုင်းလောကလိုပဲ။ ဒါ့ကြောင့် မို့လို့ သတိထားဖို့ လိုအပ်တာပေါ့.."

"ဂျူနီယာညီမလေး.. အခြား ဘာတွေရော ရှိသေးလဲ.." မုန့်ချုံက စိတ်အားထက်သန်စွာ မေးသည်။ အတွင်းဘက်နယ်မြေဟာ စွန့်ပစ်ဒေသထက် များစွာပိုမို စိတ်ဝင်စားဖို့ကောင်းလှ၏။

"အတွင်းပိုင်းဒေသမှာ အဓိကနိုင်ငံကြီး သုံးခုရှိတယ်။ အဲ့ဒါတွေကတော့ ယွဲ့၊ ယန်နဲ့ ကျစ်ယွင်နိုင်ငံတို့ပဲ။ အဲ့ဒီ့ထဲမှာ ယွဲ့နိုင်ငံက စွမ်းအား အကြီးမားဆုံးပဲ။ စွန့်ပစ်ဒေသကနေ အတွင်းဘက်နယ်မြေကို ဝင်ရောက်မယ်ဆိုရင် ပထမဆုံး ယွဲ့နိုင်ငံရဲ့ ပိုင်နက်ကို ရောက်သွားမှာ..."

စုလင်းရှုံက ခဏတာ စဉ်းစားပြီးနောက် အတွင်းဘက်နယ်မြေ၏ နိုင်ငံများအကြောင်းကို စတင်ပြောသည်။

စွန့်ပစ်ဒေသမှာ အတွင်းဘက်နယ်မြေကို ပထမဆုံး ဝင်ရောက်ပါက ယွဲ့နိုင်ငံကို ရောက်ရှိမည်ဖြစ်ရာ ၎င်းနှင့်ပတ်သက်ပြီး အထူးမိတ်ဆက်မှု ပြုလုပ်သည်။

အတွင်းဘက်နယ်မြေတွင် အင်အားစုများစွာတို့  ရှိ၏။ အဓိက နိုင်ငံကြီးသုံးခုတွင် ပင်လျှင် အတွင်းပိုင်း၌ ရှုပ်ထွေးလှရာ များပြားလှသည့် အရွယ်အစား အမျိုးမျိုးနှင့် အင်အားစုများ အမြစ်တွယ်နေပါသည်။

"ယွဲ့နိုင်ငံက အခြားနိုင်ငံနှစ်ခုနဲ့ ခြားနားတာက သူတို့မှာ ဘုရင်ခံငါးယောက် ရှိတယ်။ အဲ့ဒီ့ ဘုရင်ခံတစ်ယောက်ချင်းစီတိုင်းမှာ စစ်ဘုရင်အဆင့် အင်အားစုတွေ ပိုင်ဆိုင်ထားကြတယ်။ ဒါ့ကြောင့် အထင်သေးလို့ မရဘူး..."

စုလင်းရှုံက ယွဲ့နိုင်ငံ၏ ဘုရင်ခံငါးယောက် အကြောင်းတို့အား အကြမ်းဖျင်း ရှင်းပြသည်။

"အတွင်းဘက်နယ်မြေမှာ ဂိုဏ်းတွေ အများအပြားရှိတယ်။ ပြီးတော့ အခြား အင်အားစုတွေနဲ့ မိသားစုကြီးတွေရောပဲ။ အဲ့ဒီ့အထဲမှာမှ အင်အားစုအနည်းငယ်ပဲ စွမ်းအားအကြီးဆုံးဖြစ်ပြီး အတွင်းဘက်နယ်မြေမှာ အချိန်အတော်ကြာအောင်  ဆက်လက်ရပ်တည်နိုင်ခဲ့ကြတယ်။ သူတို့က လှုပ်ခါလို့ မရနိုင်တဲ့ တံတိုင်းတွေလိုပဲ.."

"ခုနစ်စင်ကြယ် အကယ်ဒမီကို လောကကြီးမှာရှိတဲ့ အကောင်းဆုံး အကယ်ဒမီလို့ လူသိများကြတယ်။ အဲ့ဒါက နိုင်ငံတွေရဲ့ အုပ်ချုပ်မှု လက်အောက်မှာ  မဟုတ်ဘဲ လောကအတွင်းမှာ ရှိတဲ့ ပါရမီရှင်တွေ အားလုံးကို သူတို့ရဲ့နောက်ခံကို မကြည့်ဘဲ လက်ခံကြတယ်။ သန်မာတဲ့ လူများစွာတို့က ကြယ်ခုနှစ်ပွင့် အကယ်ဒမီကနေ ထွက်ပေါ်လာကြတာ။ တစ်ချို့ဆိုရင် ကိုယ်ပိုင်သိုင်းကျောင်းတွေကိုတောင် ပြန်ပြီးတော့ တည်ထောင်ကြတယ်.."

"ခုနစ်စင်ကြယ် အကယ်ဒမီရဲ့ လွှမ်းမိုးမှုက ကျယ်ကျယ်ပြန့်ပြန့် ပြန့်နှံ့နေတယ်။ ထန်းပေါင်စံအိမ်ရဲ့ ဒုတိယဘဲ လိုက်တယ်.."

"ကျန်းကျွင်းရာ(ဓားသခင်ချောက်ကမ်းပါး)က  အတွင်းဘက်နယ်မြေရဲ့ နံပါတ်တစ် ဓားဂိုဏ်းတစ်ခုပဲ။ အရမ်းစွမ်းအားကြီးတယ်..."

စုလင်းရှုံက အတွင်းဘက်နယ်မြေရှိ အဓိကဂိုဏ်းကြီးများနှင့် အင်အားစုအချို့တို့ကို မိတ်ဆက်ပေးသည်။

ကျန်းကျွင်းရာ၏ အကြောင်းကို ပြောချိန်၌ ရွှီယန်၊ မုန့်ချုံနှင့် ရှီအာတို့အားလုံး အံ့သြသွားကြသည်။

"ဓားသခင်ချောက်ကမ်းပါးက အရမ်း စွမ်းအားကြီးတာလား.."

ရွှီယန်က စိတ်ဝင်စားသွားသည်။

"ဟုတ်တယ်။ ကျန်းကျွင်းရာက အရမ်းကို အင်အားကြီးပြီး အတွင်းဘက်နယ်မြေမှာ ကြီးမားတဲ့ ဂုဏ်သတင်းရှိတယ်.."

စုလင်းရှုံက ခေါင်းငြိမ့်သည်။ ရွှီယန်နှင့် မုန့်ချုံတို့က  တစ်ယောက်နှင့်တစ်ယောက် ကြည့်လိုက်ပြီးနောက် ဒီအခိုက်အတန့်တွင် ညီအကိုနှစ်ယောက်တို့ နားလည်လိုက်ကြသည်။

ရှဲ့လင်းဖုန်းနှင့် ဟူရှန်းတို့က အတွင်းဘက်နယ်မြေကို လာပြီးပါက မည်သည့်ကိစ္စ ဖြစ်ပွားစေကာမူ သူတို့၏နာမည်ကို ပြောနိုင်သည်ဟု ဆိုခဲ့တာ အံ့သြစရာမဟုတ်ပေ။

လက်စသတ်တော့ ကျန်းကျွင်းရာမှာ အတွင်းဘက်နယ်မြေတွင် အလွန်နာမည်ကြီး၏။

ထို့နောက် စုလင်းရှုံက မိစ္ဆာဂိုဏ်း၏ အကြောင်းကို ပြောသည်။

"မိစ္ဆာဂိုဏ်းက နည်းနည်းထူးဆန်းတယ်။ အဖွဲ့အစည်း အများကြီး ပါဝင်ပြီး အများစုက သတ်ဖြတ်ခြင်းအတတ်တွေကို ကျင့်ကြံကြတယ်။ သိုင်းသမားတွေရဲ့ ရှုံ့ချခြင်းကို ခံရတယ်။ ဒါပေမယ့် ထူးခြားတဲ့ အကျင့်စရိုက်ရှိသူအချို့ သို့မဟုတ် သိုင်းသမားတွေရဲ့ ဆန့်ကျင်ခံရသူအချို့လည်း နတ်ဆိုးဂိုဏ်းကို ဝင်ရောက်ကြတယ်.."

"နတ်ဆိုးအရှင်သခင် ပျောက်ကွယ်သွားကတည်းက  နတ်ဆိုးဂိုဏ်းက စည်းလုံးမှု ပျောက်ကွယ်သွားခဲ့တယ်။ အခု ထင်ရှားတဲ့ အဖွဲ့ကြီးကိုးခု ရှိတယ်။ အဲ့ဒီ့ထဲမှာ နတ်ဆိုးအရှင်သခင် ၃ယောက်အကြောင်းကပဲ ရှင်းလင်းပြီး ကျန်တဲ့လူတွေက လျှို့ဝှက်ချက်တစ်ခု အပြည့်ရှိနေတုန်းပဲ..."

နတ်ဆိုးဂိုဏ်းမှာ တစ်ချိန်က ခုနစ်စင်ကြယ် အကယ်ဒမီ၊ ထန်းပေါင် စံအိမ်နှင့် ဓားသခင်ချောက်ကမ်းပါးတို့ကိုပင် ခြိမ်းခြောက်နိုင်သည့် ထည်ဝါသည့် အင်အားစုတစ်ခုဖြစ်ခဲ့၏။

သို့ရာတွင် နတ်ဆိုးအရှင်သခင် ပျောက်ကွယ်သွားကတည်းက နတ်ဆိုးဂိုဏ်းသည် အစိပ်စိပ်အမွှာမွှာဖြစ်သွားပြီး အရင်ကကဲ့သို့ စည်းလုံးမှုတို့ ပျောက်ကွယ်သွားခဲ့သည်။

အဖွဲ့များစွာကွဲကာ ယခုအချိန်၌ နတ်ဆိုးအရှင်သခင်အဖွဲ့ကိုးခုတို့က နတ်ဆိုးဂိုဏ်းကို ထိန်းချုပ်ထားပါသည်။

သို့ပေမယ့် ထိုနတ်ဆိုးအရှင်သခင် ၉ယောက်တို့သည် တစ်ယောက်နှင့်တစ်ယောက် မတည့်ကြဘဲ နတ်ဆိုးဂိုဏ်းကို စည်းလုံးမှုမရှိအောင် ဖြစ်နေစေသည်။ ထိုနတ်ဆိုးအရှင်သခင် ၉ယောက်လုံးမှာ သံသယဝင်စရာ မကောင်းလောက်အောင် ထိပ်တန်းအဆင့်  စစ်ဘုရင်များ ဖြစ်ကြသည်။

သို့ပေမယ့် လက်ရှိအချိန်၌ ၃ယောက်သာလျှင် လူသိရှင်ကြားရှိ၏။ ကျန်ရှိသည့် နတ်ဆိုးအရှင်သခင် ၆ယောက်တို့ မည်သူဖြစ်သည်မှာ  လျှို့ဝှက်ချက်တစ်ခု ဖြစ်နေသေးသည်။

စုလင်းရှုံက အတွင်းဘက်နယ်မြေရှိ အင်အားစုများအကြောင်းကို ယေဘုယျအားဖြင့် ရှင်းပြသည်။ နောက်ဆုံးတွင် ဝန်ခံစွာပြော၏။

"ကျန်တာတွေတော့ ညီမလေးလည်း အများကြီးမသိဘူး။ အဲ့ဒီ အင်အားစုတွေက အတွင်းဘက်နယ်မြေမှာ နာမည်ကျော်ကြားလို့သာ သူတို့ရဲ့ သတင်းအချို့ကို ကြားရတာ.."

"အတွင်းဘက်နယ်မြေမှာ ဂိုဏ်းတွေနဲ့ အင်အားစုတွေ အများကြီးရှိတယ်။ ပြီးတော့ ညီမလေးရဲ့ဗဟုသုတက အကန့်အသတ် ရှိတယ်။ စီနီယာအကိုတို့ အတွင်းဘက်နယ်မြေကို သွားမယ်ဆိုရင် အဲ့ဒီ့အကြောင်းတွေကို သိလာလိမ့်မယ်။ စီနီယာအကိုကြီးရဲ့ သိုင်းပညာနဲ့ သာမန် သိုင်းသခင်တစ်ယောက်က ယှဉ်ပြိုင်နိုင်မှာ မဟုတ်ဘူး။ အဲ့ဒါကြောင့်မို့လို့  အကိုကြီးကို မထိပါးရဲတဲ့ အဖွဲ့အစည်းတွေ အများအပြား ရှိလိမ့်မယ်.."

ရွှီယန်၏ သွေးများက ဆူပွက်လာပြီး သူ အတွင်းဘက်နယ်မြေသို့ ချက်ချင်းပင် ပျံသန်းသွားချင်စိတ် ပေါ်လာခဲ့သည်။ ရင်ဘတ်ကိုပုတ်ကာ ပြော၏။

"ဂျူနီယာညီမလေး စိတ်ချပါ။ ငါနင့်အတွက် စိတ်ဝိဉာဉ်ဆေးပင်တွေ အထုပ်လိုက်ကြီး ပြန်ယူလာဖို့ ကတိပေးတယ်။ ဒါဆိုနင်လည်း ဒန်ဆေးပညာလေ့လာရာမှာ အာရုံစိုက်လို့ရပြီ.."

မုန့်ချုံက ခေါင်းငြိမ့်သည်။

"ဟုတ်တယ်။ ငါလည်း အတွင်းဘက်နယ်မြေကို သွားပြီးရင် စိတ်ဝိဉာဉ်ဆေးပင်တွေ အများကြီး  ပြန်ယူလာခဲ့မယ်.."

ရွှီယန်က ကြီးမားသည့် အထုပ်ကြီးတစ်ထုပ်ကို  ထုတ်ပြကာပြော၏။

"ဂျူနီယာညီမလေး... ဒီမှာ စိတ်ဝိဉာဉ်ဆေးပင်တွေ  ထည့်ဖို့အတွက်လေ။ ငါပြင်ဆင်ထားတာ.."

စုလင်းရှုံက နက်ရှိုင်းစွာ ခံစားသွားရသည်။

"စီနီယာအကိုကြီး အဆင်ပြေသလောက်ပဲ စုဆောင်းပါ။ နံပါတ်တစ်က လုံခြုံရေးပဲ.."

"ငါသိပါတယ်... ငါလည်း ငါ့အကန့်အသတ်ကို နားလည်ပါတယ်.."

ရွှီယန်က ခေါင်းငြိမ့်သည်။ သက်ပြင်းချစွာ ပြော၏။

"စိတ်ဝိဉာဉ်ဆေးပင်တွေကို ဒီလို အိတ်လိုက်ကြီး သယ်ရမှာ သိပ်ပြီးတော့တော့ မသင့်တော်ဘူး။ တော်ကြာ ယာယီတစ်နေရာရာမှာ ချထားလိုက်တာနဲ့ ပျောက်သွားဦးမယ်.."

ထန်းပေါင်စံအိမ်တွင် သိုလှောင်ထားရန်မှာတော့ သူ့အနေနှင့် လုံခြုံရေးအတွက် ဝန်ဆောင်ခအား  တတ်နိုင်မည်မဟုတ်ပေ။

ထို့အပြင် ထန်းပေါင်စံအိမ်မှ ပစ္စည်းများကို ထုတ်ကာ စွန့်ပစ်ဒေသသို့ ပြန်လာလျှင်လည်း အိတ်ကြီးကို သယ်ဆောင်ဖို့ လိုအပ်မှာဖြစ်သည်။

ကျိုးယင်၏ နှုတ်ခမ်းထောင့်များက တွန့်ကွေးသွားပြီ ရွှီယန်ကို ထူးဆန်းစွာ ကြည့်သည်။ သူသည် အမှန်တကယ်ကို ယုံကြည်ချက် ရှိလှ၏။

အတွင်းဘက်နယ်မြေသို့ပင် မရောက်သေးဘဲများပြားလှသည့် စိတ်ဝိဉာဉ်ဆေးပင်များ ရရှိနိုင်လာမည်ဟု သေချာစွာ ဆိုနေလေသည်။

"တကယ်တော့ အတွင်းဘက်နယ်မြေမှာ သိုလှောင်အိတ်လို့ခေါ်တဲ့ ပစ္စည်းတစ်ခုရှိတယ်။ အရွယ်အစားက လက်သီးလောက်ပဲရှိပေမယ့် အတွင်းထဲမှာ အများကြီးထည့်လို့ရတယ်..."

စုလင်းရှုံက သူမ၏ လက်သဏ္ဍာန်ဖြင့် သက်ဆိုင်ရာ အရွယ်အစားကို ပြောပြသည်။ တိတ်ဆိတ်စွာနားထောင်နေသည့် လီရွှမ်၏ နားရွက်များက ထောင်သွား၏။

အတွင်းဘက်နယ်မြေတွင် ထိုကဲ့သို့သော မှော်ဆန်သည့် ကိရိယာတို့ အမှန်တကယ် ရှိနေသည်လား။ စုလင်းရှုံ၏ ရှင်းပြချက်အရ သိုလှောင်အိတ်အတွင်းတွင် ၁ကုဗမီတာလောက်ရှိသည့် ပစ္စည်းများကို  ထည့်လို့ရပါသည်။

'အတွင်းဘက်နယ်မြေမှာ ဒီလိုပစ္စည်းမျိုးတောင် ရှိတာလား။ သူတို့တွေ ဘယ်လိုများ တီထွင်ကြလဲမသိဘူး။ ဖြစ်နိုင်တာက ငါလည်း လေ့လာကြည့်ပြီး အဲ့လိုကိရိယာတွေကို ဖန်တီးတဲ့ အတတ်ပညာတစ်ခုကို တီထွင်ရမယ်..'

လီရွှမ်က စဉ်းစားသည်။

လက်နက်နှင့် ပစ္စည်းကိရိယာများအား ထုလုပ်သည့် သိုင်းလမ်းစဉ်စနစ်ကို ဖန်တီးရန်မှာ ပထမဆုံး သူ့အနေနှင့် အတွင်းဘက်နယ်မြေရှိ ပစ္စည်းကိရိယာ ထုလုပ်ခြင်း အဆင့်များကို နားလည်ရန် လိုအပ်ပါသည်။

အတွင်းဘက်နယ်မြေရှိ ပစ္စည်းကိရိယာ ထုလုပ်ခြင်း လမ်းစဉ်မှာ အဆင့်အလွန်မြင့်မားနေပြီး ဖြစ်ပါက သူ့အနေနှင့် အမှီအခိုကင်းကာ တစ်သီးတစ်သန့်နိုင်ပြီး ပိုမိုစွမ်းအားကြီးမားသည့် လက်နက်ကိရိယာ ထုလုပ်ခြင်း လမ်းစဉ်ကို ဖန်တီးရန် များစွာပိုမို ခက်ခဲလာမှာ ဖြစ်သည်။

ထို့အပြင် ဤသည်က လိုအပ်ချင်မှလည်း လိုအပ်လောက်မှာ ဖြစ်၏။ ရွှီယန်၊ မုန့်ချုံနှင့် ရှီအာပင်လျှင် ချက်ချင်းပင် မှင်သက်သွားကြသည်။

လောကကြီးတွင် ထိုကဲ့သို့သော မှော်ဆန်သည့် ပစ္စည်းတစ်ခု အမှန်တကယ် ရှိနေသည်လား။

世尊 风:

All Chapters