အတွင်းဘက်နယ်မြေ ငါရွှီယန်လာပြီ
Vol. 11 Ch. 162
မျက်လုံးနီကျား၏ မျက်လုံးများက ပြူးကျယ်နေ၏။ လီရွှမ်၏ စကားလုံးများကို နားမလည်နိုင်သည့် အလား အနည်းငယ် ကြောင်တောင်နေသည့်ပုံ ရှိသည်။
'ဘာပဲဖြစ်ဖြစ် ဒါက သားရဲရိုင်းတစ်ကောင်ပဲ။ အသိဉာဏ်ရှိတဲ့ပုံ ပေါ်တာကလွဲပြီး ဘယ်လိုလုပ်ပြီး ဒီလောက်နက်နဲတဲ့ အသိပညာတွေကို နားလည်ဖို့ ဖြစ်နိုင်မှာလဲ..'
လီရွှမ်က ခေါင်းကိုရမ်းကာ သူ၏ အရူးဆန်သည့် မျှော်လင့်မှုအား ရယ်မိ၏။ မျက်လုံးနီကျားကို နတ်ဆိုးသားရဲများ၏ နည်းစနစ်အား ဖမ်းဆုပ်နိုင်မည်လားဟု တွေးမိခဲ့လေသည်။
သူက ပျင်းရိစွာဖြင့် အဝေးသို့ လျှောက်ထွက်သွားသည်။ လက်ထဲတွင် ကျောက်စိမ်းအဆောင်ကို ကိုင်ကာ ကစားနေ၏။
စံအိမ်၏ အပြင်ဘက်ရှိ တောင်စောင်းပေါ်တွင် မုန့်ချုံက တင်ပျဉ်ခွေထိုင်ပြီး ကြီးမြတ်သောနေ ရွှေခန္ဓာအား လေ့လာခြင်း၌ လုံးဝ နစ်မြှုပ်နေပါသည်။ သူသည် ကျင့်စဉ်ကို နားလည်ရန်အတွက် နီးကပ်လာနေပြီးဖြစ်၏။
သူ၏ စီနီယာအကိုကြီးမှာ အတွင်းဘက်နယ်မြေသို့ သွားရောက်ခဲ့ပြီးဖြစ်သည်။ ထိုနေရာသည် သူမျှော်လင့်နေတာ ကြာပြီဖြစ်သည့် နေရာလည်း ဖြစ်၏။
သူ့အနေနှင့် အတွင်းဘက်နယ်မြေသို့ ချက်ချင်း လိုက်ပါသွားမှု မပြုခြင်းမှာ သူ၏ မလုံလောက်သည့် ခွန်အားကြောင့်အပြင် ချီနှင့်သွေးအဆင့်၌ ပျံသန်းနိုင်စွမ်း မရှိသောကြောင့်လည်း ဖြစ်သည်။
မူလအဆင့်သို့ မရောက်ရှိသေးပါက သူ၏ မိုးကြိုးမုန်တိုင်း သွားလာခြင်း နည်းလမ်းကို ပြီးပြည့်စုံစွာ အသုံးပြုနိုင်မည် မဟုတ်ပေ။
'ကြီးမြတ်သောနေ ရွှေခန္ဓာက ကောင်းကင်နဲ့ ကမ္ဘာမြေကြီးရဲ့ တံတားကို ဆက်သွယ်ပြီး ချီပင်လယ် ကျင့်ကြံမှုက စတင်တယ်။ ချီပင်လယ်ကို စွမ်းရည်အခြေခံအဖြစ် အသုံးပြုပြီး မူလအဆင့်ရဲ့ ရွှေခန္ဓာအမှတ်တွေကို ဖွင့်လှစ်ရမယ်။ သွေးကြောအမှတ် ၁၈ခုကို ဖွင့်လှစ်ပြီး ပတ်လမ်းကြောင်းတစ်ခု ဖွဲ့စည်းရမယ်..'
'အမှတ်တစ်ခုချင်းစီတိုင်းမှာ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ရဲ့ ဆန်းကြယ်မှုတွေကို ပျိုးထောင်နိုင်တယ်။ ၁၈မှတ်ဖွင့်လှစ်ပြီးရင် ကြီးမြတ်သောနေ ရွှေခန္ဓာရဲ့ စွမ်းရည်အချို့ကို ပိုင်ဆိုင်နိုင်ပြီ။ သုံးမီတာရွှေခန္ဓာကို ရရှိဖို့ မဖြစ်နိုင်ပေမယ့် တစ်မီတာ ရွှေခန္ဓာကိုတော့ ရနိုင်လောက်သေးတယ်..'
'ရွှေခန္ဓာ သွေးကြောအမှတ်တွေနဲ့ ပတ်သက်ပြီး ငါ နားလည်မှုအချို့ ရလာခဲ့ပြီ..'
မုန့်ချုံ၏ စိတ်ထဲတွင် ဉာဏ်အလင်းပွင့်မှုတစ်ခု လက်သွားပြီး တဖြည်းဖြည်းနှင့် ကြီးမြတ်သောနေ ရွှေခန္ဓာ၏ သဘောတရားကို နားလည်လာခဲ့သည်။ ရွှေခန္ဓာ သွေးကြောအမှတ်များကိုလည်း ရှာတွေ့လာခဲ့၏။
သူသည် ကိုယ့်ကိုယ်ကို လေ့လာစဉ်အတွင်း၌ အခြား သွေးကြောအမှတ်များကိုလည်း ရှာတွေ့ခဲ့သည်။
'ကြီးမြတ်သောနေ ရွှေခန္ဓာက ငါရဲ့မျက်စိရှေ့ကို ရောက်နေပြီ..'
မုန့်ချုံတစ်ယောက် အလွန် စိတ်လှုပ်ရှားလာခဲ့၏။ သူသည် တောင်စောင်းပေါ်၌ ရက်ပေါင်းမည်မျှတို့ ထိုင်ကာ ကျင့်ကြံနေခဲ့သည်ကို သိရှိခြင်း မရှိပေ။ သို့ပေမယ့် ဒီအချိန်၌ နောက်ဆုံးတွင် ကြီးမြတ်သောနေ ရွှေခန္ဓာအား နားလည်ခဲ့ပါပြီ။
လီရွှမ်က ကုလားထိုင်ပေါ်တွင် ထိုင်ကာ ရှေးဟောင်းသားရေစာအုပ်ကို ဖတ်ရင်းမှ ဝါးတုတ်တစ်ခုနှင့် ကြောင်နီကို ထောက်ပြနေပါသည်။ ခန္ဓာကိုယ်အပေါ်ရှိ သွေးကြောအမှတ်များကို ညွှန်ပြ၏။
"ကြောင်နီ... ဒါက သွေးကြောအမှတ်ပဲ... ဆေးလုံးရဲ့စွမ်းအားကို အသုံးပြုပြီး သွေးကြောအမှတ်တွေထဲက တစ်ခုကို ဝင်ဆောင့်လိုက်။ ဖြစ်နိုင်တာက အကျိုးကျေးဇူး တစ်ခုခု ရလာနိုင်တယ်.."
ကြောင်နီက မြေပြင်ပေါ်တွင် လဲလျောင်းရင်းက အမြှီးကိုနှံ့နေ၏။ သူ၏ မျက်လုံးများက ကြောင်တောင်နေပါသည်။
ရုတ်တရက် ရွှေရောင်အလင်းတစ်ခု ထွက်ပေါ်လာခဲ့သည်။ လီရွှမ်က ဝမ်းသာသွား၏။ မုန့်ချုံသည် ကြီးမြတ်သောနေ ရွှေခန္ဓာအား နားလည်ခဲ့ပါပြီ။
"သင်၏တပည့် မုန့်ချုံသည် သင်ဖန်တီးထားသည့် ကြီးမြတ်သောနေ ရွှေခန္ဓာအတတ်အား နားလည်လာခဲ့သည်။ သင်သည် ကြီးမြတ်သောနေ ရွှေခန္ဓာအား စတင်ခြင်းအဆင့်သို့ ဝင်ရောက်သွားသည်.."
"ဘုန်း.."
ထိုအချိန်၌ လီရွှမ်တစ်ယောက် သူ၏ ခန္ဓာကိုယ်အတွင်းရှိ သွေးကြောအမှတ်အချို့ ပွင့်လှစ်လာသည်ဟု ခံစားလိုက်ရသည်။ ဆန်းကြယ်သည့် စွမ်းအားအချို့ ပါဝင်နေ၏။
ထိုအချိန်၌ သူ၏ခန္ဓာကိုယ်က လျှင်မြန်စွာ ဖွံ့ဖြိုးလာနေပြီး မျက်စိတစ်မှိတ်အတွင်းတွင် ဆယ်ဆကျော် ပိုမိုသန်မာလာခဲ့သည်။
"ဒါက ကြီးမြတ်သောနေ ရွှေခန္ဓာပဲ.."
လီရွှမ်သည် ကြီးမြတ်သောနေ ရွှေခန္ဓာ၏ ပြည့်စုံသည့် နည်းလမ်းကို ရရှိခဲ့ပါပြီ။
ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ကျင့်ကြံမှု စနစ်၏ ချီနှင့်သွေးအဆင့်နှင့် မူလအဆင့် အားလုံးတို့ကို ပြီးပြည့်စုံစွာ တီထွင်နိုင်ခဲ့ပြီး ဖြစ်၏။
မူလအဆင့်ရှိ ရွှေခန္ဓာတွင် သွေးကြောအမှတ် ၁၈ခုတို့ကို ဖွင့်လှစ်ရန် လိုအပ်ပါသည်။ အခုမှ စတင်ခြင်းအဆင့်သို့ ဝင်ရောက်ရုံရှိသေးသည့် သူ့အတွက် သွေးကြောအမှတ် ၃ခုသာ ဖွင့်လှစ်နိုင်သေး၏။
ထို၃ခုတို့တွင် လျှို့ဝှက်ဆန်းကြယ်သည့် စွမ်းအားတို့ ပါဝင်နေပြီး သူ၏ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ကို ဆက်တိုက် အကျိုးပြုနေပါသည်။
'ငါ့ရဲ့လက်ရှိ ခန္ဓာကိုယ်ကြံ့ခိုင်မှုနဲ့ ဒီအတိုင်း ရပ်နေရင်တောင် သိုင်းသခင်တစ်ယောက်က ထိခိုက်အောင်လုပ်နိုင်မှာ မဟုတ်ဘူး..'
လီရွှမ်က အလွန်ဝမ်းသာသွားသည်။ သူ၏ ကြီးမြတ်သောနေ ရွှေခန္ဓာက တော်တော်လေး စွမ်းအားကြီးလှ၏။
ခွန်အားက ကြီးစွာ မြင့်တက်လာခဲ့သည်။ စစ်ဘုရင်တစ်ယောက်ကို လက်တစ်ဖက်နှင့် ချေမှုန်းနိုင်ရန် ခက်ခဲခြင်း မရှိတော့ပါ။
ယခုအချိန်၌ မုန့်ချုံသည် ကြီးမြတ်သောနေ ရွှေခန္ဓာ၏ သဘောတရားတို့ကို ဖမ်းဆုပ်မိလိုက်ပြီ ဖြစ်ပြီး မူလအဆင့်သို့ ချိုးဖြတ်ရန်မှာ အချိန်တစ်ခုသာ လိုပါတော့သည်။
'ရွှီယန် အဆင့်ချိုးဖြတ်တဲ့ အချိန်တုန်းက နဂါးမြင့်တက်ခြင်း တောင်နဲ့မြစ် စိတ်ဝိဉာဉ်အရိုးကို ပြောင်းလဲနိုင်ခဲ့တယ်။ မုန့်ချုံလည်း တူညီတဲ့ ပြောင်းလဲမှုတစ်ခုကို ကြုံတွေ့နိုင်မလား..'
လီရွှမ်က စဉ်းစား၏။ ရွှီယန်၏ ထူးကဲလှသည့် ပါရမီနှင့် သိုင်းပညာစနစ်၏ ရှေ့ဆောင်တစ်ခုဖြစ်မှုကို စဉ်းစားကာ တစ်ဖက်လူတွင် ကြီးမားသော ကံကောင်းမှုအား ပိုင်ဆိုင်ထားပြီး ကံတရား၏သားတော် ဖြစ်နိုင်လားဟု သံသယဝင်မိ၏။
ထို့ကြောင့်သာ မူလအဆင့်သို့ ချိုးဖြတ်စဉ်က ပြောင်းလဲမှုအား ကြုံတွေ့ရသည်လား မသိပေ။ တစ်ဖက်ရှိ မုန့်ချုံမှာတော့ ရွှီယန်၏ အဆင့်အထိ မရောက်ပါ။ ထို့ကြောင့် ထိုကဲ့သို့သော ပြောင်းလဲမှု မပေါ်လာမှာလည်း ဖြစ်နိုင်၏။
'မုန့်ချုံသာ အဆင်ချိုးဖြတ်ပြီးရင် ငါလည်း မူလအဆင့်ရဲ့ ကြီးမြတ်သောနေ ရွှေခန္ဓာကို ပြည့်ပြည့်စုံစုံ တတ်မြောက်ပြီ။ အဲ့ဒီ့အခါ အများကြီး ပိုသန်မာလာပြီး စစ်ဘုရင်တွေ ဝန်းရံနေရင်တောင် အလွယ်တကူ အနိုင်ယူနိုင်လောက်တယ်..'
လီရွှမ်က ထိုကဲ့သို့ တွေးမိပြီးနောက် ချက်ချင်းပင် စိတ်လှုပ်ရှားလာခဲ့သည်။ ပြည့်စုံသည့် ကြီးမြတ်သောနေ ရွှေခန္ဓာအတတ်အား ရရှိလာပြီးနောက် သူက ကြောင်နီကိုကြည့်ကာ စိတ်ကူးအချို့ ရလာခဲ့သည်။ ဝါးတုတ်နှင့် ကြောင်နီကို ထောက်ကာ ပြော၏။
"ငါမင်းကို မဟာနတ်ဆိုး အတတ်ကို သင်ပေးမယ်။ မင်းအဲ့ဒါကို ကောင်းကောင်း လေ့လာရမယ်။ မင်းက အိမ်မွေးတိရစ္ဆာန်တစ်ကောင် ဆိုရင်တောင် အရမ်းကြီး အသုံးမဝင် မဖြစ်သင့်ဘူး။ နောက်ပြီး ခန္ဓာကိုယ်က အရမ်းကြီးပြီး ချစ်ဖို့ကောင်းတာလည်း လုံးဝမရှိဘူး.."
"အဲ့ဒါကို နားမလည်နိုင်ရင် ငါမင်းကို ချက်စားဖို့ စဉ်းစားတော့မယ်.."
လီရွှမ်က အပြုံးတစ်ခုနှင့် ကြောင်နီကိုကြည့်ကာ ခြိမ်းခြောက်သည့် လေသံဖြင့် ပြော၏။
ကြောင်နီ၏ မျက်လုံးများက ပြူးကျယ်သွားပြီး ခန္ဓာကိုယ်က အကြောက်တရားဖြင့် တုန်ရီလာခဲ့သည်။
"ငါပြောတာကို မင်းနားကို နားလည်ရမယ်..."
လီရွှမ်က ကြောင်နီကို ထောက်လိုက်ပြန်ပြီး မဟာနတ်ဆိုးကျင့်စဉ်အတတ်အား စကားလုံး တစ်လုံးချင်းစီ ပြော၏။
သူ့အနေနှင့် ကြောင်နီကို တစ်ခါတည်း မှတ်မိနိုင်ရန်မျှော်လင့်ထားခြင်း မရှိပေ။ တစ်နေ့တွင် တစ်ကြိမ်ပြောပါက အသိဉာဏ်သာ အမှန်တကယ် ကောင်းမွန်လျှင် အချိန်ကြာလာသည်နှင့် မှတ်မိလာမှာ ဖြစ်သည်။
ကြောင်နီသာ မဟာနတ်ဆိုးအတတ်ကို အောင်အောင်မြင်မြင် ကျင့်ကြံနိုင်ပါက သူ့အနေနှင့် မဟာနတ်ဆိုး သိုင်းပညာစနစ်အား ဖန်တီးခဲ့သည်ဟု ဆိုလိုနိုင်မည်လား မသိပေ။ ထိုအခါ တန်ပြန် အကျိုးပြုမှုတို့ ရရှိလာမည်လား။
လီရွှမ်သည် မျှော်လင့်မှုတို့ဖြင့် ပြည့်နက်နေ၏။
ချီနိုင်ငံ၏ မြို့တော်တွင် ကောရုန်ရှန်က စာစောင်ကိုကြည့်ကာ သေတ္တာကို ဖွင့်လိုက်သည်။ အတွင်းထဲတွင် ရုပ်ထုတစ်ခု ပေါ်လာခဲ့၏။ ရုပ်ထု၏ အသွင်သဏ္ဍာန်မှာ လက်တစ်ဖက်ကို နောက်သို့ပစ်ကာ လက်တစ်ဖက်က ကျောက်စိမ်းအဆောင်ကို ကိုင်ထားပြီး ဦးခေါင်းက အနည်းငယ်မော့ကာ အဝေးကောင်းကင်သို့ ကြည့်နေပါသည်။
ဉာဏ်ပညာကြီးမြှင့်သည့် ပုဂ္ဂိုလ်ကြီးသဖွယ် ရှိနေ၏။
ရုပ်တု၏ မျက်နှာမှာတော့ အကြမ်းဖျင်းသာ ရိုးရှင်းစွာ ဖော်ပြထားသည်။ သို့ပေမယ့် တင့်တယ်ချောမောသည့် ခံစားချက်နှင့် ကြည့်ရတာ အလွန် ငယ်ရွယ်ပုံပေါ်၏။
လီရွှမ်သာ ထိုရုပ်တုကို တွေ့ပါက မျက်နှာအသွင်အပြင်မှာ အကြမ်းဖျင်းနိုင်ပေမယ့် သူ၏ ကိုယ်ပိုင် လက္ခဏာရပ်အချို့ ပါဝင်နေကြောင်းကို နားလည်လိုက်မှာပါ။
'သိုင်းပညာဘိုးဘေး... အမြင့်မြတ်ဆုံး ဆရာသခင်... သိုင်းလမ်းစဉ်ရဲ့ သူတော်စင်...'
ကောရုန်ရှန်၏ ပုံစံက လေးနက်သွား၏။ သူက ရုပ်ထုကို လေးစားစွာ မပြီး စားပွဲပေါ်သို့ တင်သည်။
"အဖေ... ကျွန်တော့်ကို ဘာလို့ ရှာတာလဲမသိဘူး.."
ကောယွင်ကိုင်းက လျှောက်ဝင်လာခဲ့၏။
"ဒီရုပ်ထုကို မင်းမြင်လား။ အကောင်းဆုံး ကျောက်စိမ်းကို အသုံးပြုပြီး ပုံတူရုပ်ထုတစ်ခု လုပ်လိုက်။ ငါတို့အိမ်မှာ ကိုးကွယ်ကြမယ်... ဒါက သိုင်းပညာရဲ့ သူတော်စင်ဘိုးဘေးပဲ.."