အတွင်းဘက်နယ်မြေ ငါရွှီယန်လာပြီ(၂)
Vol. 11 Ch. 163
ကောရုန်ရှန်က ကစားပွဲပေါ်ရှိ ရုပ်တုကို ညွှန်ပြသည်။
"ဟုတ်ကဲ့ပါ အဖေ.."
ကောယွင်ကိုင်က လေးနက်သည့် အသွင်ဖြင့် ခေါင်းငြိမ့်၏။
"ပြီးတော့... ဒီကျင့်ကြံခြင်း အတတ်ကို ကူးယူပြီး ငါအရှင်မင်းကြီးကို ဆက်သချင်တယ်.."
ကောရုန်ရှန်က ဆက်လက်ပြော၏။
"အဖေ.. ကျွန်တော်တို့တွေ အဲ့လိုလုပ်လို့ မရဘူးမလား.."
ကောယွင်ကိုင်က အံ့သြစွာဖြင့် အသံပြု၏။ သိုင်းကျင့်စဉ်သာ ပြန့်ပွားသွားပါက လူတိုင်းအနေနှင့် ကျင့်ကြံလာနိုင်မှာ ဖြစ်သည်။ ထိုအခါ ကောမိသားစု၏ အားသာချက်တို့ မည်သည့်နေရာသို့ ရောက်ရှိသွားမည်နည်း။
"ဒီကျင့်စဉ်ကို မပေါက်ကြားနိုင်တော့ဘူးလို့ မင်းထင်နေတာလား.."
ကောရုန်ရှန်က သူ့ကိုကြည့်ပြီး ပြောသည်။
"စွန့်ပစ်ဒေသမှာ ဘာသိုင်းပညာမှ မရှိခဲ့ဘူး။ အခု ငါတို့တွေက ရှေ့ကို စောရောက်နေပြီးပြီ။ အခုက သိုင်းပညာကို တဖြည်းဖြည်းနဲ့ လက်ဆင့်ကမ်းရမယ့် အချိန်ပဲ။ ကိုယ်က ဖြန့်ပွားတာနဲ့ သူ့အလိုလို ပေါက်ကြားသွားတာက ခြားနားတဲ့ အဓိပ္ပါယ်တစ်ခုပဲ မင်းနားလည်လား.."
ကောယွင်ကိုင်က မှင်သက်သွား၏။
"အဖေက.. ဘာကိုဆိုလိုတာလဲ.."
ကောရုန်ရှန်က စားပွဲပေါ်ရှိ စာကိုညွှန်ပြသည်။ ကောယွင်ကိုင်က ကောက်ယူပြီးနောက် ဤသည်မှာ ရွှီကျွင်းဟယ်ဆီမှ စာဖြစ်ကြောင်းအား တွေ့လိုက်ရ၏။ အချက်အလက်များကို ဖတ်ကြည့်ပြီးနောက် သက်ပြင်းချကာ ပြော၏။
"အဖေ.. ကျွန်တော်နားလည်ပါပြီ.."
ဒီရက်များအတွင်းတွင် ဧကရာဇ်ချီတစ်ယောက် အနည်းငယ်စိတ်သက်သာစွာ ပိုမို ခံစားလာရသည်။ သို့ပေမယ့် သူသည် မကျေမနပ် ဖြစ်မိဆဲ ဖြစ်၏။
သူ့ကို အနည်းငယ် စိတ်သက်သာရာ ရစေသည်မှာ ကောရုန်ရှန်က အုပ်ချုပ်ရေးကို ထိန်းချုပ်ထားပေမယ့် မည်သည့် ပုန်ကန်မည့် ရည်ရွယ်ချက်မှ ပြသမှုမရှိခြင်း ဖြစ်သည်။
ဧကရာဇ်ဖြစ်သည့် သူ့အပေါ်လည်း လုံလောက်သည့် မျက်နှာသာပေး၏။ သူ့ကို ဘယ်တော့မှ ဆန့်ကျင်ခြင်းမပြုပါ။
"အကိုကော.. ဘာကိစ္စရှိလို့လဲ။ တစ်ခုခုဆို ကိုယ်တိုင်သာ ဆုံးဖြတ်ချက်ချလိုက်ပါ။ ကျွန်တော် မငြင်းပါဘူး.."
တစ်နေ့တွင် ကောရုန်ရှန်က နန်းတော်အတွင်းသို့ သေတ္တာဘူးတစ်ခုကို ကိုင်ဆောင်ကာ သွားရောက်လည်ပတ်သည်။
"အရှင်မင်းကြီး.. ဒါက သိုင်းပညာကျင့်စဉ်ပါ။ သိုင်းပညာရှင်တစ်ယောက်က ကျွန်တော်တို့ စွန့်ပစ်ဒေသကို သိုင်းပညာ ကျင့်ကြံနိုင်ခြင်း မရှိလို့ ဂရုဏာထားပြီး ကျွန်တော်တို့ကို အပ်နှင်းသွားတာပါ..."
ကောရုန်ရှန်က ထိုကဲ့သို့ ပြောပြီးနောက် ကျင့်ကြံခြင်းအတတ်ကို လက်လွှဲပေးကာ သေတ္တာကို ဖွင့်လိုက်သည်။
အတွင်းထဲတွင် ရုပ်တုတစ်ခု ပေါ်လာခဲ့၏။
ဧကရာဇ်ချီက ကြောင်တောင်သွားသည်။ ကောရုန်ရှန်က အမှန်တကယ် ကျင့်စဉ်ကို ပေးလိုသည်လား။ မဟုတ်ပေ။ ဤသည်မှာ သိုင်းပညာရှင် တစ်ေယာက်၏ စွန့်ပစ်ဒေသအား သိုင်းပညာ ပြန့်ပွားစေလိုခြင်း ဖြစ်သည်။
"အစ်ကိုကော... မင်းကတကယ့်ကို ငါတို့ချီနိုင်ငံနဲ့ စွန့်ပစ်ဒေသရဲ့ ကြီးမြတ်တဲ့ ကျေးဇူးရှင်တစ်ယောက်ပဲ.."
တုန်ယင်နေသည့် လက်များဖြင့် ဧကရာဇ်ချီက သိုင်းကျင့်စဉ်ကို ကိုင်ကာ သူ၏မျက်လုံးများ၌ မျက်ရည်တို့ ဝဲလာခဲ့သည်။
"အရှင်မင်းကြီး... ကျွန်တော်တို့ စွန့်ပစ်ဒေသက သေးငယ်ပြီး အတွင်းဘက်နယ်မြေကတော့ အရမ်းကိုကြီးမားတယ်။ ကျွန်တော်တို့ ဆီမှာလည်း သိုင်းပညာ ရှိသင့်တယ်။ ဒီအချိန်က စည်းလုံးရမယ့် အချိန်ပါ..."
ကောရုန်ရှန်က လေးနက်စွာ ပြော၏။ ဧကရာဇ်ချီက မှင်သက်သွားသည်။ ခဏကြာပြီးနောက် အသက်ကို နက်ရှိုင်းစွာရှူပြီး ပြော၏။
"ငါနားလည်ပြီ.."
ကျန်ရှိသည့် အချိန်များတွင် ကောရုန်ရှန်နှင့် ဧကရာဇ်ချီတို့ သိုင်းပညာအား မည်ကဲ့သို့ ဖြန့်ကျက်ရမည်ကို ဆွေးနွေးကြသည်။
လူတိုင်းတွင် ကိုယ်ပိုင်အကျိုးအမြတ်အား ဆောင်ကြဉ်းလိုစိတ် ရှိ၏။ ထို့ကြောင့် သူတို့သည် သူတို့၏ ကျင့်ကြံမှုတွင် သိသာသည့် တိုးတက်မှုတို့ ရလာမှသာ သိုင်းပညာကို ဖြန့်ဝေရန်အတွက် ဆုံးဖြတ်လိုက်ကြသည်။
အဖိုးတန်ဆေးပင် အများစုတို့ကို ထိန်းချုပ်ထားကာ ရှေ့တစ်လှမ်းစောနိုင်ခြင်းက သူတို့ကို လာမည့်ခြေလှမ်းတိုင်းမှာလည်း ရှေ့သို့ ရောက်နေစေမှာ ဖြစ်သည်။
နောက်မှ ကျင့်ကြံသူများအတွက် လိုက်မှီရန် လွယ်ကူခြင်းမရှိပါ။
စွန့်ပစ်ဒေသတွင်... ချီနိုင်ငံ၌ သိုင်းပညာမျိုးစေ့တို့ စတင်ပေါ်ထွန်းလာခဲ့၏။ ပြီးနောက် သုံဟယ်စီရင်စုရှိ ရွှီမိသားစုမှာ စွန့်ပစ်ဒေသ၏ သိုင်းပညာ မြင့်မြတ်နယ်မြေတစ်ခု ဖြစ်လာခဲ့သည်။
ခုံရော့ကျစ်က ဝမ်းသာသွား၏။ နောက်ဆုံးတွင် သူသည် သိုင်းကျင့်စဉ်ကို ကျင့်ကြံနိုင်တော့ပေမည်။ ဒူးထောက်ကာ လေးစားစွာ ပြော၏။
"ကျွန်တော် ကောင်းကင်မိခင်အတွက် ကျွန်တော့်ရဲ့အသက်ကို စတေးလိုပါတယ်.."
စုလင်းရှုံက လေးနက်စွာ ပြောသည်။
"ခုံရော့ကျစ်... ငါနင့်ရဲ့ ဉာဏ်များပြီးတော့ စင်းလဲတဲ့ နည်းလမ်းတွေကို မှတ်သားထားတယ်။ ငါ့ကို စိတ်မပျက်စေဖို့ မျှော်လင့်တယ်။ အတွင်းဘက်နယ်မြေကို ရောက်ပြီးတဲ့အခါကျရင် နင့်ရဲ့ဉာဏ်နီဉာဏ်တွေကို အသုံးပြုပြီး ဖြစ်ပေါ်လာနိုင်တဲ့ ရန်သူတွေအားလုံးကို သေသေချာချာ ရှင်းပစ်ရမယ်.."
"ဟုတ်ကဲ့ပါ ကောင်းကင်မိခင်.."
ခုံရော့ကျစ်၏ မျက်နှာကြွက်သားများက တွန့်ကွေးသွား၏။
သူက စင်းလဲကာ ဉာဏ်များသည်လား။ ဤသည်မှာ ရှင်းလင်းစွာပင် ဉာဏ်ပညာရှိကာ အရင်းအမြစ် ကြွယ်ဝမှု ဖြစ်သည်။
....
အဆုံးမဲ့တောင်များသို့ ဖြတ်ကျော်ကာ ပုံရိပ်တစ်ခု ရွေ့လျားနေ၏။ အတွင်းဘက်နယ်မြေဘက်သို့ ဦးတည်သွားသည်။
ရွှီယန်၏ နှလုံးသားက စိတ်လှုပ်ရှားမှုတို့ဖြင့် ခုန်ပေါက်နေပါသည်။ အောက်ရှိ တောတောင်များကို ခေါင်းငုံ့ကြည့်ကာ မနေနိုင်ဘဲ စွန့်ပစ်ဒေသမှ စူးစမ်းရှာဖွေသူများ အဘယ်ကြောင့် အဆုံးမဲ့တောင်များမှ ပြန်လာခြင်း မရှိကြောင်း၊ သို့မဟုတ် သူတို့၏ စူးစမ်းသွားလာမှုကို အဘယ်ကြောင့် လျှင်မြန်စွာ လက်လျှော့ခဲ့ကြောင်းကို စဉ်းစားမိသည်။
အတွင်းဘက်နယ်မြေနှင့် နီးကပ်သည့် တောင်ကုန်းများ၏ အနီးအနားတွင် ကြီးမားသည့် သားရဲကြီးများ ထည်ဝါစွာ ရှိနေကြ၏။
စွန့်ပစ်ဒေသမှ လူများအတွက် ဒီဒေသကို ဖြတ်သန်းရန် လုံခြုံရေးမှာ အမှန်တကယ်ကို စိန်ခေါ်မှု ပြင်းထန်လှကြောင်းအား တွေ့လိုက်ရသည်။
သားရဲရိုင်းတစ်ကောင်ကိုသာ ကြုံတွေ့ရပါက အသက်ရှင်သန်မည့် မည်သည့် အခွင့်အရေးမှ မရှိပေ။
ဤသည်ကား စွန့်ပစ်ဒေသ၏ အနက်ပိုင်းရှိ အကြောင်းအရာများကို မည်သူမှ အဘယ်ကြောင့် မသိနိုင်ကြောင်းအား တွေ့မြင်နိုင်ပါသည်။
သားရဲရိုင်းတစ်ကောင်နှင့် ကြုံတွေ့ရသည့် မည်သူမဆို နောက်ပြန်လှည့်နိုင်မည် မဟုတ်တော့ပေ။
စွန့်ပစ်ဒေသသို့ ဖြတ်ကျော်ကာ အတွင်းဘက်နယ်မြေသို့ ကံကောင်းပြီး ရောက်ရှိသူများမှာလည်း စွန့်ပစ်ဒေသသို့ ပြန်လာမည် မဟုတ်ပါ။
အတွင်းဘက်နယ်မြေရှိ စည်ကားမှုနှင့် သိုင်းပညာမှာ လူတိုင်းအတွက် မငြင်းဆန်နိုင်သည့် အရာတစ်ခု ဖြစ်သည်။ မျှော်လင့်ချက်တစ်ခု ရှိလာပါက မည်သူမှ စွန့်ပစ်ဒေသသို့ပြန်ရန် စိတ်ကူးမည် မဟုတ်ပါ။
ရွှီယန်က သူ၏ ချီနှင့်သွေးကို ထိန်းချုပ်ကာ ပျံသန်းနေ၏။ များပြားလှသည့် တောင်ကုန်းတောင်တန်းများကို ဖြတ်ကျော်ကာ မိုင်ပေါင်းသုံးထောင်ကျော်ကို သွားလာပြီးနောက် နောက်ဆုံးတွင် အဆုံးမဲ့တောင်များ အတွင်းမှ ထွက်ခွာနိုင်ခဲ့သည်။ သူသည် အတွင်းဘက်နယ်မြေသို့ ခြေချခဲ့၏။
တောစပ်ရှိ ရွာများနှင့် သိုင်းပညာကျင့်ကြံသူများကို ခေါင်းငုံ့ကြည့်ကာ ရွှီယန်သည် အတွင်းဘက်နယ်မြေ၏ သိုင်းပညာ မည်မျှ ကျယ်ကျယ်ပြန့်ပြန့် ရေပန်းစားကြောင်းကို တွေ့ရပြီး ခံစားချက်တို့ မြင့်တက်လာခဲ့သည်။
ယခုကဲ့သို့ ဝေးလံခေါင်သီသည့် နေရာများတွင်ပင် သိုင်းပညာကျင့်ကြံသည့် လူများ ရှိကြ၏။ သူတို့ကျင့်ကြံသည့် သိုင်းပညာမှာ အလွန် သာမန်ဆန်ပေမယ့် စွန့်ပစ်ဒေသတွင် လေ့ကျင့်သည်များထက် များစွာကျော်လွန်နေပါသည်။
"အတွင်းဘက်နယ်မြေ... ငါရွှီယန် ရောက်လာခဲ့ပြီ.."
ရွှီယန်၏ နှလုံးသားက စိတ်လှုပ်ရှားမှုတို့ဖြင့် ပြည့်နှက်လာခဲ့သည်။
လားရာကို အကြမ်းဖျင်း ဆုံးဖြတ်ပြီးနောက် သူသည် အဆုံးမဲ့တောင်များမှ အနီးဆုံးရှိ မြို့တစ်ခုဆီသို့ တည့်မတ်စွာ သွားရောက်သည်။
"ဂျူနီယာညီမလေးပြောတဲ့ စကားအရဆိုရင် အဆုံးမဲ့တောင်များကနေ ထွက်တာနဲ့ ငါယွဲ့နိုင်ငံရဲ့ လန်းဖင်စီရင်စုကို ရောက်မှာ။ အဲ့ဒီ့မှာ မြို့နယ်တစ်ခု ရှိတယ်။ ဒီကနေပြီး မိုင်၃၀လောက်မှာရှိပြီး သံတောင်လို့ခေါ်တယ်.."
သံတောင်မြို့သည် လန်းဖင်စီရင်စု၏ နယ်စပ်ရှိ သေးငယ်သည့် မြို့ငယ်တစ်ခု ဖြစ်သည်။ ထိုသို့ ဖြစ်လင့်ကစား မြို့ထဲတွင် ထန်းပေါင်စံအိမ်၏ အကိုင်းအခွဲတစ်ခု ရှိ၏။
"အတွင်းဘက်နယ်မြေမှာ အဆုံးမဲ့တောင်များကို သံတံတိုင်းတောင်လို့ ခေါ်တာပဲ။ ကြည့်ရတာ သံတောင်မြို့ရဲ့ အမည်ကြောင့် ဖြစ်လာတာဖြစ်မယ်။ ဂျူနီယာညီမလေးပြောတာ ဒါက ဆင်းရဲတဲ့ မြို့ငယ်လေးတစ်ခုတဲ့။ ငါသွားပြီးတော့ တစ်ချက်လောက် ကြည့်တာပေါ့။ ထန်းပေါင်စံအိမ်မှာလည်း စိတ်ဝိဉာဉ်ဆေးပင်အချို့ ဝယ်ဖို့ ကြည့်ကြည့်ဦးမယ်.."
ရွှီယန်က လျှင်မြန်စွာ ရွေ့လျားသွား၏။ လမ်းတစ်လျှောက် ပျံသန်းပြီးနောက် အဝေး၌ မြို့တစ်ခု စတင် ပေါ်လာခဲ့သည်။
ဤသည်မှာ ဆင်းရဲသည့် မြို့ငယ်တစ်ခု လေလား။
ရွှီယန်၏ မျက်လုံးများက ပြူးကျယ်သွားသည်။ ဆင်းရဲသည့် မြို့ငယ်တစ်ခု ဟူသည်မှာ ချီနိုင်ငံ၏ တော်ဝင်မြို့တော်လောက် မဟုတ်ပေမယ့် သုံဟယ်စီရင်စု၏ မြို့တော် သုန်ဟယ်မြို့ထက်တော့ များစွာ ပိုမို သာလွန်ပါသည်။
ထိုအပြင် ဤသည်မှာ ယွဲ့နိုင်ငံ လန်းဖင်စီရင်စုရှိ သေးငယ်သည့် မြို့ငယ်လေးတစ်ခုသာ ဖြစ်သည်။
"အတွင်းဘက် နယ်မြေက တကယ့်ကို စည်ကားသိုက်မြှိုက်တာပဲ.."
ရွှီယန်၏ မျက်နှာက အံ့သြသွားသည်။ တောသားတစ်ယောက် မြို့ကြီးတစ်ခုဆီသို့ ပထမဆုံးအကြိမ် ရောက်ရှိသကဲ့သို့ ခံစားရ၏။ စည်ကားသိုက်မြိုက်မှု အတွက် မှင်သက်နေမိသည်။
သူက လေထဲမှ သက်ဆင်းပြီးနောက် မြို့ငယ်ဆီသို့ လမ်းလျှောက်သွား၏။ သံတောင်မြို့ငယ်မှ အစောင့်များသည် မျက်နှာပေါ်တွင် သိလိုစိတ်တို့ စီခြယ်ထားသည့် လူငယ်တစ်ယောက်ကို တွေ့လိုက်ရသည်။
တောသားတစ်ယောက် မြို့သို့ဝင်ရောက်လာသည်ဟု သိလိုက်၏။ ခါးကိုဆန့်ကာ ရှေ့သို့တက်ပြီး ပိုက်ဆံအချို့ညှစ်ရန် အဆင်သင့် ဖြစ်နေပါပြီ။
သို့ရာတွင် ရှေ့သို့ ခြေတစ်လှမ်း တက်လိုက်ပြီးချိန်၌ အလျှင်အမြန် နောက်သို့ ပြန်ဆုတ်သွား၏။ သူ၏မျက်နှာက လေးနက်သွားပြီး ကြွက်သားတစ်ခုပင် လှုပ်ရှားမှုမရှိဘဲ တောင့်တင်းသွားခဲ့သည်။
'တော်သေးတယ်... ဒီစွမ်းအားကြီးပုဂ္ဂိုလ်က ဘယ်ကနေ လာခဲ့တာလဲ။ သူ့ကို ကြည့်ရတာ ဘာလို့ဒီလောက်တောင် အတွေ့အကြုံ မရှိတဲ့ပုံ ပေါ်နေရတာလဲ။ ငါချောက်နက်ထဲကို ခုန်ချမိတော့မလို့..'
အစောင့်က နှလုံးသားထဲတွင် စိုးထိတ်စွာ သက်ပြင်းချမိ၏။
ထိုအခိုက်အတန့်တွင် သူသည် ရွှီယန်ဆီမှ စွမ်းအားကြီးမားသည့် အငွေ့အသက်တစ်ခုကို ရုတ်တရက် ခံစားခဲ့ရ၏။ ခဏတာအတွင်းသာ ဖြစ်ပေမယ့် သူ့အနေနှင့်သေချာပါသည်။ ဤသည်မှာ အလွန် သန်မာသူတစ်ယောက်ဖြစ်ပြီး သူထိပါးနိုင်သည့် လူတစ်ယောက်သေချာပေါက် မဟုတ်ပေ။
'အနည်းဆုံးတော့ အဆင့်၅ခွန်အားလောက် ရှိမယ်..' အစောင့်က ကိုယ့်ကိုယ်ကို စဉ်းစားသည်။
ရွှီယန်က အစောင့်ကို သိလိုစွာကြည့်ရင်းက အံ့သြသွား၏။
'ဒီလိုမျိုး ဆင်းရဲတဲ့ မြို့ငယ်လေး တစ်ခုမှာတောင် ဒီလောက် အရည်အသွေးမြင့်တဲ့ အစောင့်တွေ ရှိတယ်။ သူတို့ရဲ့ အသွင်အပြင်က စည်းစနစ်ကျပြီး ခါးတွေက မက်နေတာပဲ။ ငါထင်ထားတဲ့ အဆင့်နိမ့် အမှုထမ်းတွေ ပုံစံမျိုး လုံးဝမရှိဘူး..'
တစ်ဖက်ရှိ အစောင့်မှာတော့ ရွှီယန်၏ စူးစမ်းမှုကို ခံရပြီးနောက် နှလုံးသားထဲ၌ ထိတ်လန့်စွာ တောင့်တင်းနေပါသည်။
'ငါသူ့ကို ငွေညှစ်ဖို့ လုပ်ခဲ့တာကို သူမသိလောက်ဘူး မလား။ ငါဘာလုပ်ရမလဲ။ သူသာ ရန်ပြုမယ်ဆိုရင် ငါအရိုက်ခံရတာ ဒါမှမဟုတ် အဆိုးဆုံး အသတ်ခံရတာတောင် ဖြစ်နိုင်တယ်..'
'သူက အနိမ့်ဆုံး အဆင့်၅ခွန်အားမှာ ရှိတယ်။ ပိုပြီးတော့တောင် သန်မာလောက်မှာ။ ငါ့ရဲ့ အထက်ကလူတောင် ဒီလို သိုင်းသမားတစ်ယောက်ကို ငါသေတာလောက်နဲ့ အရမ်းကြီး ထိပါးမှာမဟုတ်ဘူး..'
အစောင့်က ပိုမိုပိုမိုကာ စိုးရိမ်လာခဲ့သည်။ ရုတ်တရက် အံကိုကြိတ်ကာ ရှေ့သို့ ခြေတစ်လှမ်းတက်ပြီး လေးစားစွာ ပြော၏။
"ဒီကပုဂ္ဂိုလ်... ကြည့်ရတာ သံတောင်မြို့ကို ပထမဆုံး ရောက်ခဲ့တာ ဖြစ်မယ်။ ကျွန်တော် ကူညီနိုင်တာ ဘာများရှိလဲမသိဘူး.."
ရွှီယန်က အံ့သြသွား၏။ သံတောင်မှ အမှုထမ်းငယ်တစ်ယောက်က လူစိမ်းတစ်ယောက်ကို ဆန္ဒရှိစွာနှင့် အကူအညီပေးလိုသည်လား။ ချီနိုင်ငံတွင် ဆိုပါက အနိုင်မကျင့်လျှင် ကံကောင်းမှုတစ်ခုဟု ယူဆနိုင်နေပြီဖြစ်သည်။
"ထန်းပေါင်စံအိမ်က ဘယ်နားမှာလဲ.."
ရွှီယန်က ခဏတာ စဉ်းစားပြီးနောက် မေး၏။
"သခင်လေး... ထန်းပေါင်စံအိမ်က မြို့ထဲမှာရှိပါတယ်။ မြို့ထဲကို ဝင်လိုက်တာနဲ့ မြို့လယ်မှာရှိတဲ့ အမြင့်ဆုံး အဆောက်အအုံကို မြင်ရပါလိမ့်မယ်။ အဲ့ဒါက ထန်းပေါင်စံအိမ်ပါပဲ.."
အစောင့်က လေးစားစွာ ပြော၏။ နှလုံးသားထဲတွင် စိတ်သက်သာရာ ရသွားသည်။
'ခုနက ငါသူ့ကို ငွေညှစ်ဖို့ လုပ်ခဲ့တာကို ကြည့်ရတာ သူနားမလည်လောက်ဘူး ထင်တယ်..'
"ကျေးဇူးပါ.."
ရွှီယန်က ကျေးဇူးတင်ရန် လက်ကိုမြှောက်ပြီးနောက် အစစ်အမှန်ချီအမျှင် အနည်းငယ်တို့ လက်ချောင်းထိပ်တွင် ရှိနေကြောင်းကို တွေ့လိုက်ရသည်။
"ရပါတယ်ဗျ။ ရပါတယ်.."
အစောင့်က စိတ်ထဲတွင် ကြောက်ရွံ့စွာနှင့် တုန်ယင်နေပါသည်။
'သိုင်းသခင်တစ်ယောက်လား... သူက သိုင်းသခင်တစ်ယောက်လား..'
ကြည့်ရတာ ဤသည်မှာ သိုင်းသခင်တစ်ယောက်၏ အတွင်းအား ဖြစ်သည့်ပုံပါ။
ထိုအချိန်မှသာ ရွှီယန်တစ်ယောက် နားလည်လာခဲ့သည်။
သူ၏ ဒီခရီးစဉ်တွင် အစစ်အမှန်ချီအား ခွဲခြားခြင်းကို ရပ်တန့်ခြင်း မရှိခဲ့ပါ။ ထို့ကြောင့် လက်ချောင်းထိပ်တွင် ပေါင်းစပ်မှုနှင့် ခွဲဖြာမှုတို့ လုပ်နေသည့် အစစ်အမှန်ချီ အမျှင်များ ကျန်နေသေး၏။
' အရမ်း အံ့သြနေတာနဲ့ ငါ့ရဲ့အစစ်အမှန်ချီကို ပြန်ပြီးရုတ်သိမ်းဖို့တောင် မေ့လုမတတ် ဖြစ်သွားခဲ့တယ်..'
ရွှီယန်က အစစ်အမှန်ချီကို လျှင်မြန်စွာ ပြန်ရုတ်သိမ်းလိုက်၏။
သူသည် အစစ်အမှန်ချီအား ထိန်းချုပ်ရာ၌ ပိုမိုကာ ကျွမ်းကျင်လာခဲ့သည်။ ပိုမိုကောင်းမွန်စွာ ဖုံးကွယ်ထားနိုင်၏။
အစစ်အမှန်ချီကို ရုတ်သိမ်းလိုက်ပြီးနောက် သူ၏ မူလအဆင့် အငွေ့အသက်က ချက်ချင်းပင် လုံးဝပျောက်ကွယ်သွားခဲ့သည်။
မြို့ထဲသို့ ဝင်ရောက်ပြီးနောက် ရွှီယန်သည် တောသားတစ်ယောက် မြို့ထဲသို့ ဝင်ရောက်သည့်နှယ် ရှိနေ၏။
ကျယ်ပြောသည့် လမ်းများ၊ စည်ကားသိုက်မြိုက်သည့် လူအုပ်များနှင့် ကြီးမားသည့် စျေးဆိုင်များ၊ စားသောက်ဆိုင်များကို အံ့သြစွာ မျက်လုံးပြူးကာ ကြည့်နေမိသည်။
'ဒါက ဆင်းရဲတဲ့ မြို့ငယ်လေးတစ်ခုလား။ စီရင်စုမြို့တော်ဆိုရင် ဘယ်လောက်တောင်မှ စည်ကားသိုက်မြှိုက်လိုက်မလဲ..'
သူက ကြီးစွာ အံ့သြသွားခဲ့သည်။ ဒါက အဆင့်၉အဆင့် သိုင်းသမား တစ်ယောက်လား။ ဒါက အဆင့်၈ သိုင်းသမားလား... ဒါက အဆင့်၆သိုင်းသမားလား။
လမ်းပေါ်တွင် လျှောက်လှမ်းရင်းက ရွှီယန်သည် အရာအားလုံးတို့ကို စပ်စုစွာ ကြည့်နေ၏။ ကြည့်ရတ လောကကို ဘယ်တုန်းကမှ မမြင်ဖူးခဲ့သည့်ပုံ ရှိသည်။
'အတွင်းဘက်နယ်မြေက ငါထင်ထားတာထက် ပိုပြီးတော့တောင်မှ စည်ကားတာပဲ။ သံတောင်မြို့ငယ်က ကျင်းဟန်ထက် ပိုပြီးတော့ သေးငယ်တာ ဖြစ်လိမ့်မယ်။ ဒါပေမယ့် ပိုပြီးတော့တောင်မှ စည်ကားသေးတယ်။ နေရာတိုင်းမှာ သိုင်းသမားတွေ ရှိနေတယ်..'
ရွှီယန်သည် ဆက်တိုက် အံ့သြမှုများကို ကြုံရင်းမှ မြို့၏ အလယ်သို့ လျှောက်လှမ်းလာခဲ့၏။
ထိုနေရာတွင် ကျင်းဟန်ရှိ အဆောက်အအုံများထက် များစွာပိုမို ကြီးမားမြင့်မားသည့် အဆောက်အအုံတစ်ခုကို တွေ့လိုက်ရသည်။ ဝင်ချေထွက်ချေ ပြုနေသည့် လူများ အားလုံးမှာလည်း သိုင်းသမားများ ဖြစ်ကြ၏။