← Chapters

ရွှီယန် "ငါက အရမ်းကို ဆင်းရဲတာပဲ"

Vol. 11 Ch. 164

ရွှီယန် "ငါက အရမ်းကို ဆင်းရဲတာပဲ"

Vol. 11 Ch. 164

ထန်းပေါင်စံအိမ်သည် ၁၀မီတာလောက် မြင့်မားပြီး ၅ထပ်ရှိပါသည်။ ၎င်းသည် ထည်ဝါလှပြီး ရွှေရောင်အဆင်း ရှိ၏။

နှိုင်းယှဉ်ကြည့်ပါက မလှမ်းမကမ်းတွင်ရှိသည့်  မြို့အုပ်ချုပ်ရေးရုံးမှာ ကြည့်ရတာ အလွန်ရိုးရှင်းပြီး ဆင်းရဲသားအိမ်တစ်ခုနှင့် တူနေပါသည်။

အဖွင့်တံခါးတွင် တစ်ဖက်တစ်ချက်၌ ချောမောလှပသည့် အစေခံမလေး နှစ်ယောက်စီတို့ ရှိနေ၏။ ဝင်ရောက်သွားသည့် ဧည့်သည်တိုင်းကို အပြုံးများဖြင့် ဖော်ရွေစွာ နှုတ်ဆက်နေပါသည်။

ရွှီယန်ကို ပိုမိုအံ့သြစေသည်ကား အစေခံ၄ယောက်တို့အားလုံးမှာ အဆင့်ခုနှစ် သိုင်းသမားများ ဖြစ်ကြခြင်းဖြစ်သည်။

'မြို့ငယ်လေး တစ်ခုမှာရှိတဲ့ ထန်းပေါင်စံအိမ်ကတောင် ဒီလောက်ထိ ထည်ဝါလွန်းနေတာလား။ စီရင်စုမြို့တော်က ထန်းပေါင်စံအိမ်ဆိုရင် ဘယ်လောက်တောင်မှ မြင့်မားထည်ဝါလိုက်မလဲ..'

ရွှီယန်ဟာ နက်ရှိုင်းစွာ သက်ပြင်းချမိသည်။ သူသည် ထန်းပေါင်စံအိမ်ဆီသို့ လျှောက်သွားလိုက်၏။

"ဒီကသခင်လေး.. ကျေးဇူးပြုပြီး.."

အစေခံမလေးက ပြုံးကာ သူ့ကို ကြိုဆိုသည့်အသွင်ပြုသည်။

ထန်းပေါင်စံအိမ်သို့ ဝင်ရောက်ပြီးနောက် ရွှီယန်က ပတ်ဝန်းကျင်ကို လိုက်လံကြည့်၏။ အစေခံတစ်ယောက်က အပြုံးတစ်ခုဖြင့် ရောက်ရှိလာခဲ့သည်။

"သခင်လေး... ဘာလိုချင်လို့လဲ မသိဘူး။ ကျွန်မ ရှင့်ကို မိတ်ဆက်ပေးရမလား.."

ထန်းပေါင်စံအိမ်ရှိ အတွေ့အကြုံ ကြွယ်ဝသည့် ဧည့်ကြိုတစ်ယောက်အနေနှင့် သူမသည် တစ်ချက်ကြည့်သည်နှင့် ရွှီယန်ကို ယခုမှ ထန်းပေါင်စံအိမ်သို့ ပထမဆုံးအကြိမ် ရောက်ရှိဖူးသည့် လူသစ်ဖြစ်ကြောင်းအား ပြောနိုင်၏။

ထို့ကြောင့် အနားသို့လာကာ ချက်ချင်း မေးခွန်းမေးခြင်း

ဖြစ်သည်။

"မင်းတို့ဒီမှာ ဘာတွေရှိလဲ.."

ရွှီယန်က မေးသည်။ သူသည် သူ၏ အတွေ့အကြုံ မရှိသည့် အသွင်အပြင်ကို ဖုံးကွယ်ခြင်း မပြုပါ။

"သခင်လေး.. ကျေးဇူးပြုပြီး ဒီဘက်ကို လာခဲ့ပါ။ ဒါက ကျွန်မတို့ ထန်းပေါင်စံအိမ်ရဲ့ ပထမထပ်မှာ ရနိုင်တဲ့ ပစ္စည်းစာရင်းပါ.."

အစေခံမလေး၏ ဦးဆောင်မှုဖြင့် သူတို့သည် ကောင်တာတစ်ခုဆီသို့ ရောက်လာခဲ့သည်။ ကောင်မလေးက စာအုပ်တစ်အုပ်ကို ထုတ်ကာ အတွင်းထဲရှိ ပစ္စည်းများကို လှန်ပြရင်းမှ ရွှီယန်ကို ပေး၏။

ရွှီယန်က ကြည့်လိုက်ပြီးနောက် များပြားလှသည့်  ဆေးပင်များ၊ ဆေးလုံးများ၊ လက်နက်များ၊ သိုင်းပညာများ အစရှိသည့် သိုင်းသမားများ လိုအပ်သည့် အရာအားလုံးတို့ ရှိနေကြောင်းကို တွေ့လိုက်ရသည်။

သို့ပေမယ့် နောက်ဆုံးစာရွက်အထိ လှန်ကြည့်ပြီးသည့်တိုင် မည်သည့် သိုလှောင်အိတ်ကိုမှ တွေ့ရခြင်း မရှိပေ။

စာအုပ်ကိုပိတ်ကာ မေး၏။

"နင်တို့မှာ သိုလှောင်အိတ်ရှိလား.."

အစေခံမလေးက ခဏတာ မှင်သက်သွား၏။ သူ့ကို မကောင်းဆိုးဝါး တစ်ကောင်ကဲ့သို့ ကြည့်ကာ အချိန်အတော်ကြာအောင် သတိပြန်လည် မလာပဲ ဖြစ်နေပါသည်။

ပတ်ဝန်းကျင်ရှိ ပစ္စည်းများကို ရွေးချယ်နေသည့် သိုင်းသမားတို့လည်း ခေါင်းထောင် ကြည့်မိကြ၏။ သူတို့၏ ပါးစပ်များက အံ့သြမှုဖြင့် ပွင့်ဟနေကြသည်။

"သိုလှောင်အိတ်လား.."

ဒီလူငယ်က သိုလှောင်အိတ်တစ်ခုကို ဝယ်ယူချင်သည်လား။ စွမ်းအားကြီးသည့် အင်အားစုများစွာနှင့် စစ်ဘုရင်အဆင့် သိုင်းသမားများပင်လျှင် ၎င်းကို တတ်နိုင်ခြင်း မရှိပေ။

ဒီလူငယ်သည် သူ၏နေရာကို အမှန်တကယ် မသိသည့်သူ ဖြစ်သည်။

ရွှီယန်က သူတို့၏ အကြည့်များကို လုံးဝ လျစ်လျူရှု့ထား၏။ အနည်းငယ်မျှ ရှက်ရွံ့သွားခြင်း မရှိပါ။

သူ့တွင် ယုံကြည်ထားသည့် နိယာမတစ်ခု ရှိ၏။ ဤသည်မှာ အပြင်ဘက်တွင် ခရီးသွားလှည့်လည်ပါက လူတစ်ယောက်သည် ပိုက်ဆံမရှိ ဖြစ်နိုင်လိမ့်မည်။ သို့ပေမယ့် အရေကတော့ ထူရပေလိမ့်မည်။

သူ့သာ အရေမထူပါက ဘယ်လိုလုပ်ပြီး စွမ်းအားကြီးပုဂ္ဂိုလ်ကို ရှာဖွေရာ၌ အောင်မြင်မှုရခဲ့မည်နည်း။

"သခင်လေး... ကျွန်မတို့ဒီမှာ သိုလှောင်အိတ် မရှိပါဘူး.."

အစေခံမလေးက နောက်ဆုံးတွင် ပြန်လည် ဖြေကြားလာနိုင်ခဲ့သည်။

သူမ၏ မျက်နှာက နေရခက်စွာ ရှိနေ၏။ မေးသည့် လူက စိတ်ရှုပ်သွားခြင်း မရှိဘဲ ဖြေကြားသည့် လူကသာ စိတ်ရှုပ်စွာ ခံစားခဲ့ရသည်။

"မရှိဘူးလား.."

ရွှီယန်၏ မျက်နှာက ချက်ချင်းပင် စိတ်ပျက်သွား၏။ သူ့အနေနှင့် တတ်နိုင်ခြင်း မရှိပေမယ့် အနည်းဆုံးတော့ မြင်တွေ့နိုင်ပါက ကောင်းပေလိမ့်မည်။

သို့ပေမယ့် ဒီနေရာတွင် ရှိပင် မရှိပေ။ စိတ်ပျက်စရာကောင်းလှ၏။

အစေခံမလေးက အားတင်းစွာ ပြုံးသည်။

"အခြား ဘာလိုအပ်တာရော ရှိသေးလဲ သခင်လေး.."

ရွှီယန်က ရှဲ့လင်ဖုန်းပေးခဲ့သည့် ကြွယ်ဝချမ်းသာမှု တစ်ခုလုံးကို ထုတ်လိုက်သည်။ ဤသည်မှာ စိတ်ဝိဉာဉ်ပုံဆောင်ခဲ ၅ခုဖြစ်၏။

"ငါစိတ်ဝိဉာဉ်ဆေးပင် အချို့ကို ဝယ်မယ်.."

ခဏတာ စဉ်းစားပြီးနောက် စုလင်းရှုံက လိုအပ်သည်ဟု ဖော်ပြထားသည့် စာရင်းထဲမှ  အဆင့်၆စိတ်ဝိဉာဉ် ဆေးပင်တစ်ခု၏ အမည်ကို ပြောလိုက်သည်။

အစေခံမလေး၏ မျက်နှာက အနည်းငယ် မဲမှောင်သွား၏။

"သခင်လေး... ကျွန်မတို့ဒီမှာ အဆင့်၆ စိတ်ဝိဉာဉ်ဆေးပင် မရှိပါဘူး.."

အဆင့်၆ စိတ်ဝိဉာဉ် ဆေးပင်လေလား... သူသည် မည်သည်ကို စဉ်းစားနေသနည်း။

ဤသည်မှာ  သံတောင်မြို့ငယ်ရှိ အကိုင်းအခွဲလေးတစ်ခုသာ ဖြစ်ပါသည်။ ဘယ်လိုလုပ်ပြီး ၎င်းကို ပိုင်ဆိုင်နိုင်မည်နည်း။ သံတောင်မြို့ တစ်ခုလုံးတွင် ပင်လျှင် ၎င်းကို တတ်နိုင်သည့်လူ မရှိပါ။

ထို့အပြင် စိတ်ဝိဉာဉ်ပုံဆောင်ခဲ ၅ခုနှင့် ဘယ်လိုလုပ်ပြီး အဆင့်၆ စိတ်ဝိဉာဉ်ဆေးပင်ကို ဝယ်ယူရန် စဉ်းစားနေရသနည်း။

"အဲ့ဒါဆိုရင် အဆင့်၇ စိတ်ဝိဉာဉ်ဆေးပင်ရော.."

ရွှီယန်က အနည်းငယ် စိတ်ပျက်စွာနှင့် ခေါင်းရမ်းကာ ဆက်လက်မေးသည်။

"မရှိပါဘူး.."

အစေခံမလေး၏ မျက်နှာက ပိုမိုကာ မဲမှောင်လာခဲ့သည်။ ပတ်ဝန်းကျင်ရှိ သိုင်းသမားများလည်း ထူးဆန်းသည့် မျက်နှာများဖြင့် ကြည့်နေကြ၏။

ဒီလူငယ်သည် သူ၏နေရာကို မသိရုံမက အလွန်လည်း မယုံကြည်နိုင်စရာ ကောင်းလောက်အောင် အရေထူလွန်းလှသည်။

"နင်တို့မှာ အဆင့်၉ စိတ်ဝိဉာဉ်ဆေးပင်တော့  သေချာပေါက် ရှိလောက်မှာမလား.."

ရွှီယန်က အကူအညီမဲ့သည့် အကြည့်ဖြင့် မေး၏။

ကြည့်ရတာ သံတောင်မြို့မှာ အမှန်တကယ်ကို  ဆင်းရဲသည့်ပုံ ရှိသည်။ ထန်းပေါင်စံအိမ်၏ ဒေသခံ ဆိုင်ခွဲ၌ အဆင့်၇ စိတ်ဝိဉာဉ်ဆေးပင်ပင် ရှိမနေပေ။

"ဟုတ်ကဲ့ပါ။ ကျွန်မတို့မှာ အဆင့်၉ စိတ်ဝိဉာဉ်ဆေးပင်ရှိပါတယ်.."

အစေခံမလေးက အခုမှ အနည်းငယ် စိတ်သက်သာရာ ရသွား၏။

"ဒီကသခင်လေးက ဘယ်လိုဆေးပင်မျိုးကို လိုချင်တာလဲမသိဘူး.."

ရွှီယန်က ခဏတာ စဉ်းစားသည်။ အဆင့်၉ ဆေးပင်များအကြားတွင် စျေးကြီးသည်များထဲမှ တစ်ခုမှာ နုပျိုခြင်းဒန်ဆေးလုံးကို သန့်စင်ရန်အတွက် အဓိက ဆေးပင်ဖြစ်သည်။

ထို့ကြောင့် သူကမေးလိုက်၏။

"ချင်းယွမ်အသီးပါ.."

ကောင်တာပေါ်ရှိ စိတ်ဝိဉာဉ်ပုံဆောင်ခဲ ၅ခုတို့ကို ကြည့်ကာ အစေခံမလေးက ပြောသည်။

"သခင်လေး...ချင်းယွမ်အသီးက စိတ်ဝိဉာဉ်ပုံဆောင်ခဲ ၁၀၀တန်ပါတယ်.."

"အဲ့လောက်တောင် စျေးကြီးတာလား.."

ရွှီယန်၏ မျက်လုံးများက ပြူးကျယ်သွား၏။

"နင်ငါ့ကို အရူးလုပ်နေတာလား.."

စုလင်းရှုံက ကိစ္စများစွာတို့ကို ပြောခဲ့၏။ သို့ပေမယ့် စိတ်ဝိဉာဉ်ဆေးပင်များ၏ အကြမ်းဖျင်း တန်ဖိုးများကို ပြောခဲ့ခြင်း မရှိပါ။

အစေခံမလေးက အနည်းငယ် မျက်မှောင်ကျုံ့သွား၏။

"ကျွန်မတို့ ထန်းပေါင်စံအိမ်က ရိုးသားမှုအတွက် အနှိုင်းမဲ့တဲ့ ဂုဏ်သတင်းရှိတယ်။ ဘယ်သူ့ကိုမှ မလိမ်ခဲ့ဖူးဘူး။ ဒီက သခင်လေး.. ကျေးဇူးပြုပြီးတော့  မှားယွင်းတဲ့ စွပ်စွဲချက်တွေ မလုပ်ပါနဲ့.."

ရွှီယန်က ခေါင်းကိုကုပ်သည်။ ပထမဆုံးအကြိမ် ကိုယ့်ကိုယ်ကို အလွန်ဆင်းရဲလှသည်ဟု ခံစားလိုက်ရ၏။

စွန့်ပစ်ဒေသတွင် သူသည် လူချမ်းသာတစ်ယောက်ဖြစ်သည်။ သို့ပေမယ့် အတွင်းဘက်နယ်မြေသို့ လာပြီးနောက် ချင်းယွမ်အသီး တစ်လုံးကိုပင် တတ်နိုင်ခြင်း မရှိလောက်အောင် အလွန်ဆင်းရဲနေကြောင်းအား နားလည်လိုက်၏။

"ဒါဆိုရင်... ဒီစိတ်ဝိဉာဉ်ပုံဆောင်ခဲ ၅ခုနဲ့ ဘယ်လိုစိတ်ဝိဉာဉ်ဆေးပင်ကို ဝယ်လို့ရမလဲလို့ နင်ငါ့ကို ကြည့်ကြည့်ပေးပါလား.."

ရွှီယန်က အနည်းငယ် စိတ်ဓာတ်ကျစွာဖြင့် မေးသည်။ အစေခံမလေးက ပစ္စည်းစာရင်းစာအုပ်ကို လှန်လောကာ စာရွက်တစ်ခု၌ ရပ်တန့်သွားပြီး ပြော၏။

"ဒီစိတ်ဝိဉာဉ်ပုံဆောင်ခဲ၅ခုနဲ့ ရေစိတ်ဝိဉာဉ်မြက်တစ်ခု သို့မဟုတ် အရိုးသန်မာခြင်း ပန်းတစ်ပွင့်ကို ဝယ်လို့ရပါတယ်။ ရေစိတ်ဝိဉာဉ်မြက်က တစ်ခုကို စိတ်ဝိဉာဉ်ပုံဆောင်ခဲ ၃ခု ကုန်ကြပြီး အရိုးသန်မာခြင်း ပန်းကတော့ ၁ခုကို စိတ်ဝိဉာဉ်ပုံဆောင်ခဲ၅ခု ကုန်ကြပါမယ်.."

ရွှီယန်က ကြောင်တောင်သွား၏။ စိတ်ဝိဉာဉ်ပုံဆောင်ခဲ၅ခုနှင့် ထိုအဆင့်နိမ့်သည့် စိတ်ဝိဉာဉ်ဆေးပင် နှစ်မျိုးတို့ကိုသာ ဝယ်ယူနိုင်သည်လား။

"ဒါပဲလား... ဒီနှစ်ခုပဲ ရှိတာလား.."

သူက ထပ်မံမေးလေသည်။ အနည်းငယ် ဆန္ဒမရှိစွာ ခံစားရ၏။

"ရှိတာကတော့.. အခြားအဆင့်၉က အဆင့်နိမ့်တဲ့ စိတ်ဝိဉာဉ် ဆေးပင်တွေ ရှိပါသေးတယ်။ ဒါပေမယ့် ကျွန်မတို့ သံတောင်မြို့ခွဲမှာတော့ ဒီနှစ်မျိုးကိုပဲ ရနိုင်ပါတယ်။ ဝယ်မှာလား မသိဘူးရှင့်.."

အစေခံမလေးက အပြုံးတစ်ခုဖြင့် မေးသည်။

"မဝယ်ပါဘူး.."

ရွှီယန်က ကောင်တာပေါ်မှ စိတ်ဝိဉာဉ်ပုံဆောင်ခဲတို့ကို ပြန်လည် ယူလိုက်သည်။ အလွန်စိတ်ဒုက္ခရောက်စွာ ခံစားလိုက်ရ၏။

'ငါလည်း ဆင်းရဲလိုက်တာ။ စိတ်ဝိဉာဉ်ပုံဆောင်ခဲတွေ  ရှာနိုင်မယ့် နည်းလမ်းတစ်ခုကို စဉ်းစားရမယ်။ မဟုတ်ရင် ဘယ်လိုလုပ်ပြီး စိတ်ဝိဉာဉ်ဆေးပင်တွေကို ပြန်တဲ့အခါ ယူသွားနိုင်မှာလဲ..'

'စိတ်ဝိဉာဉ်ဆေးပင်တွေ မရှိရင် ငါ့ရဲ့ ဂျူနီယာညီမလေးက ဘယ်လိုလုပ်ပြီး ဒန်ဆေးလုံးတွေကို သန့်စင်မလဲ။ ငါ့ရဲ့မိဘတွေ ဘယ်လိုမျိုး ကျင့်ကြံပြီး သူတို့ရဲ့ခွန်အားကို မြှင့်တင်နိုင်ကြမလဲ..'

စိတ်ဝိဉာဉ်ဆေးပင်များကို လှည့်လည် ရှာဖွေရန်မှာတော့ အချို့ဝေးလံခေါင်သီသည့် နေရာများကို  သွားရောက်ရန် လိုအပ်မှာပါ။

သူသည် အတွင်းဘက်နယ်မြေကို ထိုကိစ္စအတွက် လှည့်လည်သွားလာနေရန် လာခြင်း မဟုတ်ပါ။

စဉ်းစားမှုပြုပြီးနောက် သူရရှိလာသည့် အဖြေမှာ  စိတ်ဝိဉာဉ်ပုံဆောင်ခဲများကို ရှာဖွေပြီး တစ်ခါတည်း ဝယ်ယူခြင်းဖြစ်သည်။ ဤသည်မှာ အသင့်တော်ဆုံးနှင့် အမြန်ဆန်ဆုံး ဖြစ်၏။

"ဟားဟားဟား... ဒီကောင်က ဘယ်ကနေလာတာလဲ။ ကြည့်ရတာ ဘားမှမသိတဲ့ ကောင်တစ်ကောင်ပဲ။ စိတ်ဝိဉာဉ်ပုံဆောင်ခဲ၅ခုကို ကိုင်ပြီး သူ့ကိုယ်သူ အရမ်းချမ်းသာတယ်လို့ ထင်နေတယ်.."

All Chapters