← Chapters

ရွှီယန် "ငါကအရမ်းကိုဆင်းရဲတာပဲ" (၂)

Vol. 11 Ch. 165

ရွှီယန် "ငါကအရမ်းကိုဆင်းရဲတာပဲ" (၂)

Vol. 11 Ch. 165

ထိုအချိန်၌ ကောင်တာဘေးရှိ သန်မာထွားကြိုက်သည့် လူကြီးတစ်ယောက်က လှောင်ပြောင်စွာပြောသည်။

ရွှီယန်က ခေါင်းလှည့်ကြည့်၏။ အဆင့်၅သိုင်း သမားတစ်ယောက် ဖြစ်ကြောင်းအား တွေ့လိုက်ရသည်။

သူက ခေါင်းကိုမော့ကာ ပြော၏။

"ခင်ဗျားက ဒီလောက်တောင် အိုနေပြီ။ ဒါပေမယ့်  အဆင့်၅လေးပဲ ရောက်သေးတယ်။ တကယ့်ကို အမှိုက်ပဲ.."

သူသည် လှောင်ပြောင်ခံရပါက ပြန်လည်ချေပခြင်း မပြုဘဲ နေမည့်လူ မဟုတ်ပေ။

"မင်းဘာပြောလိုက်တာ.."

လူသန်ကြီးက ဒေါသထွက်သွား၏။ သူ၏ အရှိန်အဝါက အရိုင်းဆန်စွာ မြင့်တက်လာပြီး အေးစက်သော မျက်လုံးများနှင့် တစ်ယောက်ယောက်ကို ဆွဲရမ်းကိုက်တော့မည့်နှယ် ကြည့်သည်။

"ဧည့်သည်တို့... ဒါက ထန်းပေါင်စံအိမ်ပါ.."

ဘေးရှိ ဝန်ဆောင်မှုပေးသည့် အစေခံမလေးက အသာသတိပေး၏။

လူသန်ကြီး၏ ခန္ဓာကိုယ်က တုန်ခါသွားပြီး သူ၏ အငွေ့အသက်ကို အလျှင်အမြန် ပြန်လည်ရုတ်သိမ်းလိုက်သည်။

ရွှီယန်ကို စူးရဲစွာ ကြည့်၏။

"ကောင်လေး... မင်းထန်းပေါင်စံအိမ်က မထွက်တာ ပိုကောင်းလိမ့်မယ်။ မဟုတ်ရင်တော့ ဟန့်.."

ထိုစကားကို ပြောပြီးနောက် သူက ခေါင်းကိုလှည့်ကာ လျှောက်ထွက်သွား၏။ သိသာစွာပင် ဒီကိစ္စကို ဒီအတိုင်းထားမည် မဟုတ်ပေ။

"သခင်လေး... ရှင်တော့ တစ်ယောက်ယောက်ကို ထိပါးမိပုံပဲ.."

အစေခံမလေးက ရွှီယန်ကို အပြုံးတစ်ခုဖြင့် သတိပေးသည်။

"အိုး... ထိပါးမိရင် ဘာဖြစ်တတ်လို့လဲ.."

ရွှီယန်က စဉ်းစားသည်။ သူသည် စိတ်ဝိဉာဉ်ပုံဆောင်ခဲများကို လျှင်မြန်စွာ ရရှိနိုင်မည့် နည်းလမ်းတစ်ခုအား ရှာတွေ့ခဲ့သည်လား။

"လူတောင် အသတ်ခံရနိုင်တယ်... သီအိုရီအရ မြို့ထဲမှာ သိုင်းသမားတွေ အချင်းချင်း တိုက်ခိုက်တာကို  တားမြစ်ထားပေမယ့်..."

အစေခံမလေးက အပြုံးတစ်ခုဖြင့် ရှင်းပြသည်။

"သတ်လို့ရတာလား.."

ရွှီယန်က ခေါင်းမော့ကာ မေး၏။

အစေခံမလေးက တုံ့ဆိုင်းသွားပြီးနောက် ရှေ့ရှိ လူငယ်ကို အံ့ဩစွာ ကြည့်သည်။ သူသည် တစ်ဖက် လူသန်ကြီးကို သတ်ဖြတ်ရန် ရည်ရွယ်ထားသည်လား။

ထိုလူမှာ အဆင့်၅ သိုင်းသမားတစ်ယောက် ဖြစ်သည်။ ထယ်ရှန်း(သံတောင်) မြို့တွင် ခွန်အားကြီးသည့် ပုဂ္ဂိုလ်တစ်ယောက် ဖြစ်၏။

နာမည်ကျော်ကြားသည့် ရက်စက်ကြမ်းတမ်းသူ တစ်ယောက်လည်း ဖြစ်သည်။ မြို့ထဲတွင် သတ်ဖြတ်မှုများစွာကို ပြုလုပ်ခဲ့၏။

အထူးသဖြင့် နောက်ခံမရှိသည့် အပြင်လူများသည် သူ၏ ငွေညှစ်မှုအတွက် သားကောင် ဖြစ်လာခဲ့သည်။

ထန်းပေါင်စံအိမ်၏ အစေခံတစ်ယောက်အနေနှင့် သူမ၏ ရာထူးမှာ မြင့်မားခြင်းမရှိပေမယ့် ထိုကိစ္စများကို သိုင်းသမားအများစုထက် ပိုမိုနားလည်ပါသည်။

သူမက ဖြေကြားမှု မပြုခင်တွင် ရွှီယန်က ရေရွတ်၏။

"ငါသူ့ကို ပြာအဖြစ် ပြောင်းလိုက်ရင်တော့ ဘယ်သူမှ ငါသူ့ကို သတ်တယ်ဆိုတာကို မသိလောက်ပါဘူး။ ဘာသဲလွန်စမှလဲ မကျန်လောက်ဘူး.."

အစေခံမလေး "..."

သူမသည် မကြားသင့်သည့် အရာကို ကြားခဲ့သည်လား။

"ခဏစောင့်ဦး... ငါချင်းယွမ်အသီးကို စိတ်ဝိဉာဉ်ပုံဆောင်ခဲနဲ့ ဝယ်နိုင်တော့မယ် ထင်တယ်။ ခဏလေးစောင့်.."

ရွှီယန်က စိတ်လှုပ်ရှားစွာဖြင့် လျှောက်ထွက်သွား၏။ တစ်ယောက်ယောက်သည် သူ့အတွက် စိတ်ဝိဉာဉ်ပုံဆောင်ခဲများကို လာပေးတော့မည်လား။

ထိုအချိန်၌ ထန်းပေါင်စံအိမ်၏ အပေါ်ထပ်မှ လူတစ်စုတို့ လျှောက်ဆင်းလာခဲ့သည်။ ဦးဆောင်လာသည့် အမျိုးသမီး၏ မျက်နှာတွင် ပုဝါပါးတစ်ခုနှင့် ကာထားပြီး ရုပ်ရည်အသွင်အပြင် ရှင်းလင်းခြင်း မရှိပေ။

ဓားကို ကိုင်ဆောင်ထားသည့် အစေခံမလေးက သူမ၏ ဘေးတွင် နီးကပ်စွာ လိုက်နေ၏။ သူမတို့၏ နောက်တွင် စူးရှသည့် မျက်လုံးများနှင့် ခံစားချက်မဲ့သည့် ယောက်ျားသားနှစ်ယောက်တို့ ပါရှိသည်။

သူတို့က ဒီနေရာရှိ သိုင်းသမားအားလုံးတို့ကို စစ်ဆေးသကဲ့သို့ လှည့်လည်ကြည့်ရှု့နေပြီး အားလုံးကို ကျောချမ်းစွာ ခံစားသွားရစေသည်။

"ခွန်အားကြီးသူပဲ..."

"မိန်းကလေးသူ... ထယ်ရှန်းမြို့ငယ်ရဲ့ ထန်းပေါင်စံအိမ်မှာ မိန်းကလေးလိုချင်တဲ့ စိတ်ဝိဉာဉ်ဆေးပင် မရှိတဲ့အတွက် ကျွန်တော် အနူးအညွတ် တောင်းပန်ပါတယ်.."

စံအိမ်သခင်က စိတ်ရင်းဖြင့် တောင်းပန်၏။ အမျိုးသမီးက တုံ့ပြန်ခြင်း မပြုပါ။ ထန်းပေါင်စံအိမ်မှ တစ်ခါတည်း ထွက်ခွာသွား၏။

သူမသည် တံခါးဝမှ ခြေလှမ်းလိုက်ချိန်၌ တက်ကြွအူမြူးစွာဖြင့် အနီးအနားရှိ လမ်းကြားအတွင်းသို့ လျှောက်သွားသည့် ရွှီယန်ကို တွေ့လိုက်ရသည်။

ရွှီယန်၏ နောက်တွင် အဆင့်၅အဆင့် သိုင်းသမား တစ်ယောက်က အန္တရာယ်များသည့် အကြည့်ဖြင့် လိုက်ပါသွား၏။

မကြာခင်တွင် ရွှီယန်က သူ၏နောက်သို့ လိုက်လာသည့်လူကို စိတ်အားထက်သန်စွာ ကြည့်ပြီးမေးသည်။

"မင်းမှာ စိတ်ဝိဉာဉ်ပုံဆောင်ခဲ ၁၀၀လောက်ရှိလား.."

လူသန်ကြီးက နှာခေါင်းရှုံ့သည်။

"ကောင်လေး... မင်းက တော်တော်မောက်မာတာပဲ... ဒီလောက်‌တောင် သေချင်နေတာ.. ငါမင်းရဲ့ ဆန္ဒကို  ဖြည့်ဆည်းပေးမယ်.."

ရုတ်တရက် ပြေးတက်မှုနှင့်အတူ သူက လက်သီးချက်ကို ထုတ်လိုက်၏။ ရွှီယန်က လက်ကိုမြှောက်ကာ ကာလိုက်သည်။

လူသန်ကြီး၏ မျက်လုံးများက အကြောက်တရားဖြင့် ပြူးကျယ်သွားပြီး သူ၏ စိတ်ထဲတွင် အော်ဟစ်မိ၏။

"မင်းက သိုင်းသခင်အဆင့် သိုင်းသမားတစ်ယောက်ပဲ။ အဆင့်၅အဆင့် သိုင်းသမားတစ်ယောက်ကို အနိုင်ကျင့်တာ အရှက်မရှိဘူးလား.."

"ဘုန်း.."

လူသန်ကြီးမှာ မျက်လုံးများ ပြူးကျယ်စွာ ဖွင့်လျှက်နှင့် သေဆုံးသွားခဲ့သည်။ ရွှီယန်က သူ၏ခန္ဓာကိုယ်ကို ရှာကြည့်ပြီးနောက် သေးငယ်သည့် အိတ်တစ်ခုကို ဆွဲထုတ်လိုက်သည်။

အတွင်းထဲသို့ လှန်လောကာ စိတ်ဝိဉာဉ်ပုံဆောင်ခဲ  ၃၀တို့ကိုသာ တွေ့လိုက်ရ၏။ သူ၏ မျက်နှာပေါ်၌  စိတ်ပျက်မှုတစ်ခု ဖြတ်သန်းသွားသည်။

'ဒီလောက် ဆင်းရဲတဲ့ကောင်.. ချင်းယွမ်အသီး တစ်လုံးကိုတောင် မတတ်နိုင်ဘူး..'

ရွှီယန်က လက်ဖျောက်တီးလိုက်ပြီးနောက်  အစစ်အမှန်ချီလှိုင်းတစ်ခု ထွက်ပေါ်လာပြီး  ခန္ဓာကိုယ်ကို ပြာအဖြစ် ချက်ချင်း ချေမွပစ်လိုက်သည်။

"အတွင်းဘက်နယ်မြေက သိုင်းသမားတွေက တကယ့်ကို ရက်စက်တာပဲ။ စိတ်တိုင်းမကျတာနဲ့  ချက်ချင်းပဲ လာပြီးသတ်တယ်။ အကိုရှဲ့က အတွင်းဘက်နယ်မြေမှာ ရန်လိုပြီးတော့ ကောက်ကျစ်တဲ့လူတွေနဲ့ တွေ့တဲ့အခါ ပြက်ပြက်သားသား လုပ်ဆောင်ရမယ်လို့ ပြောခဲ့တာ အံ့သြစရာမရှိဘူး။ ဘယ်တော့မှ စိတ်ပျော့လို့ မရဘူး.."

ရွှီယန်က ကိုယ့်ကိုယ်ကို စဉ်းစားသည်။ ထို့နောက် စိတ်ဝိဉာဉ်ပုံဆောင်ခဲများကို တွေးဆစွာနှင့် စိုးရိမ်သည့် မျက်နှာနှင့် သိမ်းလိုက်၏။

'စိတ်ဝိဉာဉ်ပုံဆောင်ခဲ ၁၀၀တောင် မရှိဘူး။ ငါချင်းယွမ်အသီးကို မဝယ်နိုင်သေးဘူး။ ပြီးတော့ ငါလိုအပ်တဲ့ စိတ်ဝိဉာဉ်ဆေးပင် အရေအတွက်ကလည်း မနည်းလှဘူး..'

'ဒီငါ့ကို မကောင်းတဲ့ ရည်ရွယ်ချက်နဲ့ သတ်ဖြတ်လိုတဲ့လူတွေ နေ့တိုင်းလာရင် ကောင်းမယ်။ အဲ့ဒါဆိုရင် စိတ်ဝိဉာဉ်ပုံဆောင်ခဲတွေကို မြန်မြန်လေး စုဆောင်းနိုင်မှာပဲ..'

လမ်းကြားအတွင်းမှ လျှောက်ထွက်လာပြီးနောက် ရွှီယန်က မည်သည့်နေရာသို့ သွားရန်နှင့် စိတ်ဝိဉာဉ်ပုံဆောင်ခဲများကို မည်ကဲ့သို့ ရှာဖွေရန် စဉ်းစားသည်။

သိုင်းသမားတစ်ယောက် အနေနှင့် အတွင်းဘက်နယ်မြေတွင် စိတ်ဝိဉာဉ်ပုံဆောင်ခဲ မရှိဘဲ အသက်ရှင်ရန် မဖြစ်နိုင်သည့်ပုံ ရှိသည်။

'ဟူး... ဘယ်လောက် ပင်ပန်းဆင်းရဲလိုက်လဲ..'

ရွှီယန်က သက်ပြင်းချသည်။ သူသည် ငယ်စဉ်ကတည်းက ဘယ်တုန်းကမှ ပိုက်ဆံအတွက် ပြဿနာမများခဲ့ပါ။ ယခုအချိန်တွင်တော့ အတွင်းဘက်နယ်မြေသို့  ရောက်ရှိသည်မှာ တစ်ရက်ပင် မပြည့်သေးပေ။ ပိုက်ဆံအကြောင်းကို စိုးရိမ်နေရပြီ ဖြစ်၏။

'ဆရာက ငါ့ကို ဆင်းရဲတယ်လို့ ပြောတာ အံ့သြစရာ မရှိဘူး။ သူဒါတွေအားလုံးကို ကြိုပြီးတော့ မြင်နိုင်တာဖြစ်မယ်။ ချမ်းသာကြွယ်ဝမှုဆိုတာ ရွှေနဲ့ငွေနဲ့  တိုင်းတာနိုင်တာ မဟုတ်ဘူး။ စိတ်ဝိဉာဉ်ပုံဆောင်ခဲ အနည်းငယ်တောင် ဘာမှလုပ်လို့ မရဘူး..'

ထန်းပေါင်စံအိမ်ကို ခေါင်းလှည့်ကြည့်ပြီးနောက် ရွှီယန်သည် ထယ်ရှန်းမြို့မှ ထွက်ခွာရန် ဆုံးဖြတ်လိုက်သည်။

လန်းဖင်စီရင်စု၏ မြို့တော်ဆီသို့ သွားရောက်မည်ဖြစ်၏။ ထိုနေရာတွင် စိတ်ဝိဉာဉ်ပုံဆောင်ခဲများကို ရရှိနိုင်မည့် အခွင့်အရေးများ ပိုမို များလောက်မှာပါ။

ကြီးမားသည့် မြို့ကြီးရှိ သိုင်းလောကသည် အမှန်တကယ်ကို စည်ကားသိုက်မြိုက်မှာ ဖြစ်၏။

"သခင်မလေး... လမ်းကြားထဲမှာ ဘာအလောင်းကိုမှ မတွေ့ပါဘူး။ အံ့သြဖို့ကောင်းတယ်.."

ထန်းပေါင်စံအိမ်မှ ထွက်လာခဲ့သည့် လူစုသည်  လမ်းကြား၏ အဝသို့ ရောက်လာခဲ့သည်။ အစေခံမလေးက အတွင်းထဲသို့ ကြည့်ရှု့ပြီးနောက် အံ့သြစွာ အသံပြု၏။

သုယွီယင်းလည်း ခေါင်းမော့ကာ ကြည့်လိုက်ပြီးနောက် အံ့သြစွာ ရပ်တန့်သွားသည်။ တစ်ခုခုကို နားလည်လိုက်သည့်ပုံပေါ်ပြီး ထွက်ခွာသွားသည့်ပုံ ပေါ်သည့် ရွှီယန်ကိုကြည့်ကာ အတွေးနက်သွားသည်။

ရုတ်တရက် ပုလဲသွားလေးများကို ကြိတ်ကာ ဆုံးဖြတ်ချက်တစ်ခုအား ချလိုက်၏။

"ချွေအာ... ဟိုကပုဂ္ဂိုလ်ကို အမှီလိုက်ပြီး သူ့ကို ငါ့မှာ သူနဲ့ လဲလှယ်ချင်တာ ရှိတယ်လို့ ပြောလိုက်.."

ခဏတာ မှင်သက်နေပြီးနောက် ချွေအာက မည်သည့်အကြောင်းပြချက်ကိုမှ မေးမနေဘဲ ခေါင်းငြိမ့်သည်။

"ဟုတ်ကဲ့ပါ သခင်မလေး.."

သူမသည် ခြေလှမ်းများကို အမြန်လျှောက်ပြီး ရွှီယန်ကို အမှီလိုက်၏။ သုယွီယင်းက လမ်းကြားအတွင်းကို တစ်ချက်ပြန်ကြည့်လိုက်ပြီး အသက်ကို နက်ရှိုင်းစွာရှူသည်။ မျှော်လင့်ချက်အား မြင်တွေ့လိုက်ရသည့်နှယ် ရှိ၏။

"ငါထင်ထားသလို ဖြစ်ပါစေလို့ပဲ မျှော်လင့်တယ်.."

သူမသည် ရှေ့သို့ ဆက်လက်လျှောက်သွား၏။

သူမနောက်ရှိ လူနှစ်ယောက်တို့က ပတ်ဝန်းကျင်ကို သတိမပျက် ကြည့်ရှု့နေပါသည်။ မြို့အုပ်ချုပ်ရေးခန်းမ၏ ဘေးရှိ နေအိမ်ဆီသို့ ဦးတည်သွားကြ၏။

ခဏအကြာ၌ အတွင်းမှ ရထားလုံးနှစ်စီးတို့ မောင်းထွက်လာခဲ့သည်။ ရှေ့ရထားလုံး၏ မောင်းသူနေရာတွင် အစောင့်နှစ်ဦးတို့ တစ်ဖက်တစ်ချပ်၌ ရှိနေပြီးနောက် ရထားလုံးတွင်တော့ မြင်းမောင်းသမားတစ်ယောက်ကသာ မောင်း၏။

ရထားလုံးတို့သည် ထယ်ရှန်းမြို့မှ တည့်မတ်စွာ ထွက်ခွာသွားကြသည်။ လမ်းပေါ်တွင် လျှောက်လှမ်းနေရင်းမှ ရွှီယန်က သွားသွားလာလာ သိုင်းသမားများကို လှည့်လည်ကြည့်ရှု့သည်။

'ဒီကောင်လေး ကြည့်ရတာ ငမွဲပဲ... ငါ့လိုပဲ ဆင်းရဲတယ်... ဒါဆို အတွင်းဘက်နယ်မြေက သိုင်းသမားအများစုလည်း ငမွဲတွေပေါ့..'

'တစ်စိတ်လောက် သခင်လေး... ကျေးဇူးပြုပြီး စောင့်ပါဦး..'

ရုတ်တရက် အနောက်ဘက်မှ ကြည်လင်သည့် အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။

ရွှီယန်က ခေါင်းလှည့်ကြည့်လိုက်ပြီးနောက် ဓားတစ်ချောင်း ကိုင်ဆောင်ထားသည့် အမျိုးသမီးတစ်ဦး အမြန်ပြေးလာသည်ကို တွေ့ရ၏။

"ကျွန်တော့်ကို ခေါ်နေတာလား.."

သူက ကြောင်တောင်စွာ မေးသည်။

"ဟုတ်ပါတယ် သခင်လေး... ကျွန်မရဲ့ သခင်မလေးက အလဲအလှယ် လုပ်ချင်တာတစ်ခု ရှိလို့ပါ.."

ချွေအာက ရပ်တန့်သွားပြီး ပြောသည်။ သူမသည်  ရုပ်ရည်ချောမောပြီး သိုင်းပညာအဆင့် ရှင်းလင်းခြင်းမရှိသည့် ရွှီယန်ကို စစ်ဆေးစွာ ကြည့်ရှု့၏။ တစ်ဖက်လူသည် သူမထက် သန်မာသည်ဟု ယူဆဖွယ်ရာ ရှိသည်။

"အိုး... နင့်ရဲ့သခင်မလေးက ဘယ်သူလဲ။ သူမက ငါနဲ့ ဘာလဲလှယ်မှုကို လုပ်ချင်တာလဲ.."

ရွှီယန်၏ မျက်ခုံးများက မြင့်တက်သွား၏။ သူ၏နှလုံးသားက သတိကြီးလာခဲ့သည်။

လူသစ်တစ်ယောက်အနေနှင့် နောက်ကျောသို့ ဓားစိုက်ခံရမည့် အဖြစ်အား မကြုံရလေအောင် သတိထားရပေမည်။

"သခင်လေး... ကျွန်မလည်း မသိပါဘူး... ကျွန်မနဲ့ လိုက်ခဲ့ပြီး သခင်မလေးနဲ့ တွေ့ပြီးရင်တော့ သိရပါလိမ့်မယ်.."

ချွေအာက ခေါင်းကိုရမ်းသည်။

"ကောင်းပြီလေ.."

ရွှီယန်က ခေါင်းငြိမ့်ကာ ကိုယ့်ကိုယ်ကို စဉ်းစားသည်။

'သူမရဲ့ သခင်မလေးမှာသာ မကောင်းတဲ့ ရည်ရွယ်ချက်တွေရှိရင် စိတ်ဝိဉာဉ်ပုံဆောင်ခဲအချို့ ရှာလို့ရတယ်... ဒါက တရားဝင်တဲ့ လဲလှယ်မှုဆိုရင်လည်း စိတ်ဝိဉာဉ်ပုံဆောင်ခဲ အချို့ကို ရလာနိုင်တယ်..'

'ဒီအစေခံက အဆင့်၅သိုင်းသမား တစ်ယောက်ပဲ။ သူမရဲ့ သခင်မလေးက ရိုးရှင်းမှာ မဟုတ်လောက်ဘူး။ သူမမှာ မကောင်းတဲ့ ရည်ရွယ်ချက်တွေ ရှိနေဖို့  မျှော်လင့်တယ်။ အဲ့ဒါဆိုရင် ငါလည်း စိတ်ဝိဉာဉ်ပုံဆောင်ခဲ အများအပြားကို ရှာနိုင်ပြီ..'

ထိုအတွေးနှင့်အတူ ရွှီယန်တစ်ယောက် အားအင်တို့ ပြည့်ဖြိုးလာခဲ့၏။ သူ့ကို စိတ်ဝိဉာဉ်ပုံဆောင်ခဲ အပုံကြီးတစ်ခု စောင့်စားနေသည့်ပုံပါ။

ချွေအာက ရွှီယန်ကို  ဦးဆောင်ကာ ရှေ့မှသွား၏။ လမ်းတလျှောက်တွင် သူတို့သည် ရထားလုံးကို တွေ့ရပြီး ချွေအာက ရှေ့သို့တက်ကာ ပြော၏။

"သခင်မလေး... ကျွန်မ... လူကို ခေါ်လာပါပြီ.."

ရွှီယန်က ရထားလုံးတို့ကို ကြည့်သည်။ ရှေ့ရှိ သိုင်းသမားနှစ်ယောက်တို့မှာ ဒုတိယအဆင့် သိုင်းသမားများ ဖြစ်ကြ၏။

ရထားလုံးများ၏ ဘယ်ညာနှစ်ဖက်ရှိ သိုင်းသမားလေးယောက်တို့မှာ အဆင့်သုံး သိုင်းသမားများ ဖြစ်ကြ၏။

အနောက်ဘက်ရှိ ရထားလုံးအား မောင်းနှင်သည့်လူမှာ ပထမအဆင့် သိုင်းသမားဖြစ်၏။ သို့ပေမယ့် ဤသည်မှာ အဖွဲ့၏ အပြင်ပန်းခွန်အားသာ ဖြစ်သည်။

တကယ့် သန်မာသည့်လူမှာ နောက်ရထားလုံးအတွင်းရှိ လူဖြစ်၏။ သိုင်းသခင်တစ်ယောက် ဖြစ်လေသည်။

သို့ပေမယ့် ထိုလူသည် ဒဏ်ရာရရှိနေပုံ ပေါ်ပြီး အလွန်လည်း ပြင်းထန်၏။ ထိုသို့ဆိုလျှင်တောင် ပထမအဆင့် သိုင်းသမားတစ်ယောက်ကို ရှင်းလင်းရန် လုံလောက်တာထက် ပိုပါသည်။

သူသာ သိုင်းသခင်တစ်ယောက်နှင့် ကြုံတွေ့ပါက  ဒဏ်ရာများကြောင့် တစ်ဖက်လူအား ရင်ဆိုင်နိုင်မည်တော့ မဟုတ်ပါ။

ရှေ့ရထားလုံး အတွင်းရှိ မိန်းကလေးမှာလည်း အားမနည်းပေ။ သူမသည် တတိယအဆင့် သိုင်းသမားတစ်ယောက် ဖြစ်၏။

သူမ၏ အသက်အရွယ်နှင့် အတွင်းဘက်နယ်မြေတွင် ထိပ်တန်း၌ ရပ်တည်နေပါသည်။

'တစ်ဖက်လူရဲ့ နောက်ခံက မရိုးရှင်းလောက်ဘူး..'

'သိုင်းသခင်တစ်ယောက်က သူမကို ကာကွယ်နေတယ်။ သူမက ငါနဲ့ ဘာလဲလှယ်မှုကို လုပ်ချင်တာလဲ။ ငါ့မှာ ဒဏ်ရာကုသခြင်း ဆေးရှိတာကို သိလို့များလား..'

'အဲ့လိုတော့ မဟုတ်လောက်ဘူး... ငါဆေးလုံးတွေကို ဘယ်သူ့ကိုမှ ပြဖူးတာမှ မဟုတ်တာ။ ထုတ်ထားရင်တောင် အဲ့ဒါတွေက ဒဏ်ရာကုသခြင်း ဆေးတွေလို့ သူမသိမှာ မဟုတ်ဘူး..'

'အဲ့ဒါဆိုရင် ဆေးလုံးတွေကြောင့် မဟုတ်ရင် ငါ့ကိုဘာလို့ တွေ့ချင်တာလဲ..'

ရွှီယန်က နှလုံးသားထဲတွင် စဉ်းစားသည်။

"သခင်လေးရဲ့ အမည်ကို သိခွင့်ရှိမလားရှင့်.."

ကြည်လင်ကာ သာယာနာပျော်ဖွယ်ကောင်းသည့်  အသံတစ်ခု ရထားလုံးအတွင်းမှ ထွက်ပေါ်လာခဲ့သည်။

"နာမည်က အရေးမကြီးပါဘူး။ ခင်ဗျားက ကျွန်တော်နဲ့ ဘာအလဲအလှယ် လုပ်ချင်လို့လဲ။ တိုက်ရိုက်ပဲပြောပါ.."

ရွှီယန်က တည်ငြိမ်စွာ ပြန်ကြား၏။

All Chapters