← Chapters

အထီးကျန်လှေငယ်

Vol. 018 Ch. 1793

အထီးကျန်လှေငယ်

Vol. 018 Ch. 1793

ကိုက်ချိန်၊ ရှန်ကောင်းနှင့် ယခင်မျိုးဆက်မှ အခြားသော ထိပ်သီးပုဂ္ဂိုလ်များ အားလုံးသည် ထိုကျောက်စာချပ်အား စိုက်ကြည့်နေကြသည်။ ယခင်က ကောလာဟလများ ရှိနေသည်မှာ ထိပ်သီးပုဂ္ဂိုလ်ကြီးတစ်ဦးက မသေဘဲ နတ်နန်းတော်၌ ကျင့်ကြံနေသည်ဟူ၍ ဖြစ်သည်။

ဤကျောက်စာချပ်အား သူက အသက်သွင်းခဲ့ခြင်း ဖြစ်လေသလား။

"နန်းတော်သခင်ဟောင်းများလား။" ကိုက်ထန်သည်လည်း မျက်မှောင်ကြုတ်ကာ ထိုနေရာသို့ စိုက်ကြည့်နေခဲ့သည်။

ကြည့်ရသည်မှာ သူ့ခန့်မှန်းချက်က မှန်ကန်ပုံမရပေ။ ထိုသည်က နန်းတော်သခင်ဟောင်း မဖြစ်နိုင်ပေ။

"အင်ပါယာထန်လား။" ကိုက်ထန်က အရှိန်အဝါကို ခံစားမိသောအခါ ရုတ်တရက် တစ်စုံတစ်ယောက်ကို တွေးမိသွားသဖြင့် ရေရွတ်လိုက်မိသည်။ ထိုသူမှာ သူနှင့် နာမည်တူသည့် ပုဂ္ဂိုလ်တစ်ဦး ဖြစ်လေသည်။

ထိုပုဂ္ဂိုလ်သည် ကစဥ့်ကလျားခေတ်၌ ထိပ်ဆုံး၌ ရပ်တည်နိုင်ခဲ့သော ထိပ်သီးပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်။ သို့သော်လည်း နတ်နန်းတော်၏ အင်ပါယာထန်ဆိုသည်မှာ အမည်အရင်းမဟုတ်ပေ။ ထိုသည်က သူ၏ အစွမ်းထက်လှသော သိုင်းပညာရပ်များကြောင့် အမည်တွင်ခဲ့ခြင်း ဖြစ်လေသည်။

ထိုအချိန်ကာလက အင်ပါယာထန်၏ ကျင့်ကြံမှုက ပြိုင်ဘက်ကင်းလေသည်။ သူသည် နတ်နန်းတော်​၌ ပါရမီအရည်အချင်း အရှိဆုံး ပုဂ္ဂိုလ်တစ်ဦး ​ဖြစ်သည်။ သူသည် ထိုစဥ်က နတ်နန်းတော်၏ နန်းတော်သခင်ထက်ပင် ပို၍ အစွမ်းထက်လေသည်။ သူက ပြီးပြည့်စုံသော မဟာလမ်းစဥ်နတ်ဝင်ရိုးကို ဖွဲ့စည်းနိုင်ခဲ့ပြီး ထိုပြီးပြည့်စုံသော နတ်ဝင်ရိုး အထက်အဆင့်ထိ ရောက်ရှိခဲ့သည်။ ထိုမျှအဆင့်ရှိသော ပုဂ္ဂိုလ်တစ်ဦးမှာ ကောင်းကင်ဒေသတစ်ခွင်လုံး၌ပင် ပြိုင်ဘက်ကင်းနိုင်ပေသည်။

သို့သော်လည်း သူသည် အထွတ်အထိပ် ရောက်သည်ထိ မကျင့်ကြံနိုင်ခင်မှာပင် ကျဆုံးသွားခဲ့သည်။  သူတို့၏ ခန့်မှန်းချက်များက မှားယွင်းနေသည်ဟု မည်သည့်အတွက် ခံစားနေရသနည်း။

"အဲဒီတုန်းက အသက်ရှင်ခဲ့တာ နန်းတော်သခင်ဟောင်းမဟုတ်ဘဲ အင်ပါယာထန် ဖြစ်နေတာလား။" ကိုက်ချိန်က အံ့အားသင့်သည့် အကြည့်ဖြင့် ပြောသည်။ ဤကိစ္စရပ်များ အားလုံးက ရှေးယခင်က ဖြစ်ပျက်ခဲ့ခြင်း ဖြစ်လေသည်။ နန်းတော်သခင်ဟောင်းနှင့် အင်ပါယာထန်နှစ်ဦးလုံးက  ပြင်းထန်စွာ ဒဏ်ရာရခဲ့ကြသည်။ ကောလာဟလများအရ အင်ပါယာထန်က သေဆုံးသွားပြီး နန်းတော်သခင်ဟောင်းက အသက်လုနေရသည့် အခြေအနေဖြစ်နေသည်ဟု သိထားကြသည်။

သို့သော်လည်း သူတို့၏ ခန့်မှန်းချက်များက မှားယွင်းသွားပုံရ၏။

"ကျုပ်ကို မှတ်မိတဲ့လူ ရှိနေဦးမယ်လို့ လုံးဝ ထင်မထားမိဘူး။" ကျောက်စာချပ်မှ အသံတစ်ခု ထွက်ပေါ်လာသည်။ ထို့နောက် အတိုင်းအဆမဲ့ ကြီးမားလှသည့် ကျောက်စာချပ်ကြီးသည် ကောင်းကင်သို့ ပျံသန်းတက်သွားကာ လျင်မြန်စွာ ကြီးထွားလာသည်။ ၎င်းက ကောင်းကင်နှင့် နေမင်းကိုပင် ပိတ်ကွယ်သွားပြီး လမ်းစဥ်ပင်လယ်တခွင်ကို ဖုံးလွှမ်းပစ်လိုက်သည်။

မရေတွက်နိုင်သော တန်ခိုးရှင်များက သူတို့၏ ခေါင်းများကို မော့ကာ ကြည့်လိုက်လျှင် တုနှိုင်းမဲ့ကျောက်စာချပ်ကြီးကို မြင်လိုက်ရသည်။ ၎င်း၏ အပေါ်တွင် မှော်စာလုံးများ ထွင်းထုထားပြီး တောက်ပသည့် အလင်းများကို ထုတ်လွှတ်​နေသည်။ သူတို့သည် ကျောက်စာချပ်အတွင်းမှ ပုံသဏ္ဌာန်တစ်ခုကို ခပ်ရေးရေး မြင်လာကြရသည်။ ထိုသဏ္ဌာန်မှာ သက်လတ်ပိုင်းအရွယ်ရှိ အမျိုးသားတစ်ဦး ဖြစ်သည်။ သူက အဖြူရောင်ဝတ်ရုံရှည်ကို ဝတ်ဆင်ထား၏။ သူ့ပုံရိပ်က ကျောက်စာချပ်နှင့် ပေါင်းစပ်နေသည်ဟု ထင်မှတ်ရသည်။

ကျောက်စာချပ်မှ အဆုံးမဲ့အလင်းတန်းများက တောက်ပကာ ဆင်းသက်လာပြီး ပြင်းထန်သည့် တုန်ခါသံများကို ကြားလိုက်ရသည်။ လူတိုင်းသည် လေးလံသော စွမ်းအားကို ခံစားမိလိုက်ကြသည်။ ကောင်းကင်သည် ပြောင်းလဲသွားပြီး ကျောက်စာချပ်နှင့် လွှမ်းမိုးခြင်းကို ခံလိုက်ရ၏။

ဘုန်း...

ပြင်းထန်သော အသံတစ်ခုကို ကြားလိုက်ရသည်။ ယင်းက ​ကောင်းကင်ကို ဖြတ်ကာ ကျဆင်းလာ​ခြင်းဖြစ်ပြီး မြေကြီးကို ထက်ခြမ်းကွဲအက်သွားစေသည်။ နတ်ဘုရားလက်တစ်ဖက် ပေါက်​ပေါက်လာကာ ကောင်းကင်ကို ချက်ချင်း ဖုံးကာလိုက်၍ လမ်းစဥ်ပင်လယ်ဒေသကို ဖိနှိပ်လိုက်သည်။ အရာအားလုံးက နတ်ဘုရားလက်အတွင်းသို့ ကျရောက်သွား၏။

"သတိထား" တစ်ယောက်က ပြောလိုက်သည်။

မရေတွက်နိုင်သော တန်ခိုးရှင်များ၏ အ​ကြည့်တို့က လေးနက်လာသည်။ သူတို့အားလုံးသည် အစွမ်းထက်သည့် ဖိအားတစ်ခုကို ခံစားမိ​ကြသည်။ ဤနေရာဝန်းကျင်ရှိ မဟာလမ်းစဥ်စွမ်းအားများက နတ်ဘုရားလက်ထဲ၌ ဖိနှိပ်ခံလိုက်ရပုံရလေသည်။ မဟာလမ်းစဥ်စွမ်းအားသည် အောင်မြင်စွာ လှည့်ပတ်နိုင်ခြင်းမရှိပေ။ ထိုသည်ကို ကြည့်ကာ နတ်ဘုရားလက်က မည်မျှ ကြောက်မက်ဖွယ်ကောင်းသည်အား သိနိုင်ပေသည်။

ဘုန်း... ဘုန်း... ဘုန်း...

မဟာလမ်းစဥ်၏ နတ်စွမ်းအားများ ပါဝင်နေသည့် လက်ဝါးရိပ်ကြီး ကျဆင်းလာသည့်အခါ လုံလောက်အောင် သန်မာခြင်း မရှိသည့် တန်ခိုးရှင်များက လမ်းစဥ်ပင်လယ်အတွင်းသို့ ပစ်စလက်ခတ် ပြုတ်ကျသွားကြလေသည်။ သူတို့ကို ကြည့်ရသည်မှာ အလွန် နာကျင်နေပုံရသည်။ လမ်းစဥ်ပင်လယ်ထက်တွင် လှိုင်းများက ပြင်းပြင်းထန်ထန် ရိုက်ပုတ်​နေသည်။ လူတိုင်းသည် အသက်ရှုရန်ပင် ခက်ခဲလောက်အောင် ဖိအားများကို ရင်ဆိုင်နေရသည်။

ရီဖူရှင်းနှင့် အခြားသူများက ထိုနေရာ၌ပင် ရပ်ကာ စောင့်ကြည့်နေသည်။ စွမ်းအားများက သူတို့အပေါ်၌ သက်ရောက်ခြင်း မရှိပေ။ သို့သော် သူတို့သည် အလွန် ပြင်းထန်လှသည့် ဖိနှိပ်ခြင်းစွမ်းအားများကို ခံစားမိကြပေသည်။ ထိုလက်ဝါးသည် တစ်လောကလုံးကို ဖိနှိပ်ထားပုံရလေသည်။

ထိုအချိန်၌ မဟာလမ်းစဥ် လက်ဝါးရိပ်ကို ရင်ဆိုင်ရန် ရှေ့ထွက်လာသော တစ်စုံတစ်ယောက် ရှိလေသည်။ ကျယ်လောင်သော အသံများက ကောင်းကင်တခွင် ​ပြည့်နှက်သွားသည်။ ပြိုင်ဘက်ကင်း စစ်နတ်ဘုရား၏ စစ်မှန်သော စွမ်းအင်လှိုင်းတို့က ကောင်းကင်သို့ ထိုးတက်သွားကာ သူတို့အား ဖိနှိပ်လာသည့် နတ်ဘုရားလက်နှင့် ထိပ်တိုက်တွေ့ဆုံသွားသည်။ နားကွဲမတတ်အသံကြီး ထွက်ပေါ်လာပြီး လူတိုင်း၏ နှလုံးသားကို တုန်လှုပ်သွားစေသည်။

ခရမ်းစစ်ဘုရင်အင်ပါယာသည် လေထဲ၌ တစ်ကိုယ်တည်း ရပ်နေခဲ့သည်။ သူက နတ်ဘုရားလက်ဝါး၏ အောက်တွင် ရှိ​နေခဲ့ပြီး ထိုနတ်ဘုရားလက်ဝါးနှင့် ယှဥ်လျှင် သူ၏ ပုံရိပ်က အလွန် သေးငယ်နေခဲ့သည်။

နတ်ဘုရားလက်ဝါးသည် သူ၏ လက်သီးချက်နှင့် ထိပ်တိုက်တွေ့ဆုံခဲ့သည်။ ပြင်းထန်ကျယ်လောင်သော အသံတို့ ထွက်ပေါ်လာသည်။ သူ၏ လက်သီးကို ဗဟိုပြုထားသော စစ်နတ်ဘုရား၏ စစ်မှန်သော စွမ်းအင်လှိုင်းများက တစ်လှိုင်းပြီးတစ်လှိုင်း နတ်ဘုရားလက်ဝါးထံ တိုးဝင်သွား၏။ ချက်ချင်းပင် ထောင်သောင်းချီသော တုန်ခါမှုတို့ ဖြစ်ပေါ်လာသည်။

ဘုန်း...

ကျယ်လောင်သည့် အသံကြီးနှင့် နတ်ဘုရားလက်ဝါးက ပြိုကွဲသွားသည်။ ကြောက်မက်ဖွယ် လက်သီးသည်လည်း အစိတ်စိတ်ကွဲကြေသွား၏။ ခရမ်းစစ်ဘုရင်အင်ပါယာ၏ ပုံရိပ်က အောက်ဘက်သို့ ထိုးကျသွားသည်။ တစ်ချိန်တည်းမှာပင်  လမ်းစဥ်ပင်လယ်အောက်ဘက်မှ ပေါက်ကွဲမှုဖြစ်ပေါ်လာပြီး ပင်လယ်ရေများ ဆူပွက်လာသည်။ မြင်ကွင်းမှာ အလွန် ကြောက်မက်ဖွယ်ရာပင် ​ဖြစ်၏။

ကျောက်စာချပ်မှ အဆုံးမဲ့နတ်အလင်းတို့ ဖြာကျလာသည်။ မရေတွက်နိုင်သော လက်ဝါးရိပ်များက ၎င်းမှ ပျံသန်းထွက်ပေါ်လာသည်။ လက်ဝါးရိပ်တစ်ခုစီတွင် ထိတ်လန့်ကြောက်ရွံ့ဖွယ် စွမ်းအားများ ပါဝင်နေသည်။ ၎င်းတို့သည် လမ်းစဥ်ပင်လယ်အတွင်းရှိ သွားရာ လမ်းတလျှောက်မှ စစ်တပ်များကို တိုက်ရိုက်သုတ်သင်သတ်ဖြတ်သွားလေသည်။

ကိုက်ချိန်၏ ပုံရိပ်ကလည်း လှုပ်ရှားလာသည်။ သူက ရှေ့သို့ တစ်လှမ်း လှမ်းလာကာ သူ့ထံမှ ပြင်းထန်သော မဟာလမ်းစဥ်စွမ်းအားများ ထွက်ပေါ်လာသည်။ အဆုံးမဲ့ လေထုက  သူ၏ မဟာလမ်းစဥ်စွမ်းအားများနှင့် ပြည့်နှက်သွားခဲ့သည်။ ရွှေရောင်နတ်လှံတစ်ချောင်းက သူ၏ လက်အတွင်း ထွက်ပေါ်လာပြီး လေဟာနယ်ကို ထိုးဖောက်သွားသည်။ ကြီးမားလှသော လက်ဝါးရိပ်ကြီးက ချက်ချင်းပင် အမှုန်များအ​ဖြစ် ပြိုကွဲသွားလေသည်။

ခရမ်းစစ်နတ်ဘုရား၏ ဖိအားပေးတိုက်ခိုက်မှုကြောင့် အရာအားလုံးက ပျက်စီးနေပြီး ဖြစ်ကာ ယခု သူတို့သည် ရွေးချယ်စရာမရှိဘဲ စစ်ပွဲကို စတင်ရတော့သည်။

ကျောက်စာချပ်က ကောင်းကင်ထက်တွင် လှည့်ပတ်နေသည်။ ၎င်းမှ အဆုံးမဲ့ နတ်အလင်းများ ထွက်ပေါ်နေသည်။ ကြီးမားသည့် လက်ဝါးရိပ်တစ်ခုအတွင်း နတ်အလင်းတန်းတစ်ခုစီ ပါဝင်နေ၏။ ယင်း၏ ဖျက်ဆီးနိုင်သော စွမ်းအားမှာ ထိတ်လန့်ဖွယ်ပင် ဖြစ်သည်။

"လူတိုင်း တိုက်ခိုက်ကြ" ကိုက်ချိန်က ကျယ်လောင်သော အသံနှင့် ပြောလိုက်သည်။

လက်ရှိအခြေအနေတွင် ကိုက်ချိန်တို့ဘက်မှ အရေးသာနေသည်။ သူတို့သည် အကောင်းဆုံးကြိုးစားကာ ထိုသူများ ထွက်ပြေးလွတ်မြောက်သွားခြင်းမှ တား​ဆီးရမည် ဖြစ်သည်။

ကိုက်ချိန်သည် ပြောဆိုပြီးနောက် သူ၏ နတ်လှံကို စွဲကိုင်ကာ ရှေ့သို့ တဟုန်ထိုး ချီတက်သွားသည်။ သို့သော် နတ်ဓားတစ်လက် ကိုင်ထားသည့် အရှင်ထိုက်ရွှမ်က သူ၏ အရှေ့တွင် ထွက်ပေါ်လာသည်။ လေထဲတွင် အဆုံးမဲ့ မဟာလမ်းစဥ်ကု့ချင်းတေးသွားတို့ ပျံ့လွင့်နေ၏။

"မင်းတို့ အားလုံး နောက်ဆုတ်ကြ" နန်းတော်သခင်က သူ့ဘေးမှ တန်ခိုးရှင်များကို ပြောလိုက်သည်။ အဆင့်နိမ့်သော တန်ခိုးရှင်များက ထိုမျှ အဆင့်မြင့်မားလှသည့် တိုက်ပွဲ​၌ ပါဝင်နိုင်ခြင်း မရှိပေ။ ထို့ပြင် သူတို့သည် အနည်းငယ်မျှ သတိမမူမိပါက အလွယ်တကူ အသတ်ခံရနိုင်သည်။ သို့သော် ဤအခြေအနေထိပင် ရောက်​နေရာ နောက်ပြန်ဆုတ်ရန် လမ်းမရှိတော့ပေ။

တောက်ပသည့် နတ်တောင်ကုန်းတစ်ခု ထွက်ပေါ်လာပြီး နတ်နန်းတော်မှ တန်ခိုးရှင်အားလုံး၏ လွှမ်းမိုးသွားကာ အထဲ၌ ကာကွယ်ထားလိုက်သည်။ နန်းတော်သခင်က လက်ဝါးရိုက်ချက်တစ်ခု ဆန့်ထုတ်လိုက်ရာ တန်ခိုးရှင်များကို သယ်ဆောင်ထားသည့် နတ်တောင်ကုန်းက အဝေးသို့ ပျံသန်းထွက်သွားလေသည်။ ၎င်းက ခဏချင်းအတွင်း အဝေးကြီးသို့ ရောက်ရှိသွားခဲ့သည်။

"ရှန်ကျဲ့၊ သွားပြီး သူတို့ကို ရှင်းခဲ့လိုက်။" ရှန်ကောင်းက ပြောလိုက်သည်။ ရှန်ကျဲ့က ရှေ့သို့ လှမ်းလိုက်ပြီး သူ၏ ဝန်းကျင်တွင် လေဟာနယ်လမ်းစဥ် စွမ်းအားများ​ဖြင့် တောက်ပလာသည်။

ရွှစ်... ရွှစ်...

နေရာအနှံ့တွင် အစိမ်းရောင် နတ်အလင်းများ ထွက်ပေါ်လာပြီး အရာအားလုံးကို အမှုန်များအဖြစ် ပြောင်းလဲပစ်လိုက်သည်။ သဏ္ဌာန်မဲ့ လေဟာနယ် လမ်းစဥ်စွမ်းအားသည်လည်း အမှုန်အ​ဖြစ် ပြောင်းလဲခံလိုက်ရသည်။ အစိမ်းရောင် အလင်းများ​​ဖြင့် ဖုံးလွှမ်းခံလိုက်ရသ​ဖြင့် ရှန်ကျဲ့သည် သူ ဝေးဝေးသို့ နေရာမရွှေ့ပြောင်းလိုက်နိုင်သည်ကို သိလိုက်ရသည်။

ရှန်ကောင်းက ထိုမြင်ကွင်းကို မြင်သည့်အခါ အင်ပါယာနန်ကို ကြည့်ပြီးနောက် ပြောလိုက်သည်။ "ဒီနေ့တော့ ကျုပ်က အင်ပါယာနန်ရဲ့ စွမ်းရည်ကို ကိုယ်တိုင်ပဲ တွေ့ကြုံဖူးချင်မိတယ်။"

ထိုသို့ ပြောပြီးနောက် သူက မဟာလမ်းစဥ်စွမ်းအား အားလုံးကို ဖိနှိပ်နိုင်သည့် ထျန်ရှင်းနတ်ရောင်ဝါကို ထုတ်လွှတ်လိုက်သည်။ ထျန်ရှင်းနတ်ရောင်ဝါသည် အစိမ်းရောင်နတ်အလင်းတို့နှင့် ထိပ်တိုက်ရင်ဆိုင်မိကြသည်။ ထျန်ရှင်းခုတ်ချက်၏ ကြောက်မက်ဖွယ် မုန်တိုင်းက ကောင်းကင်ကို လွှမ်းမိုးသွားသည်။ ရှန်ကောင်းသည် ရွှေရောင်နှင့် အစိမ်းရောင် နတ်အလင်းတို့ ထိပ်တိုက်တွေ့နေချိန်၌ သူက အင်ပါယာနန် အရှေ့သို့ ရောက်လာသည်။ သူတို့ ဝန်းကျင်တွင် ထိတ်လန့်ဖွယ် အက်ကြောင်းများ ပေါ်ပေါက်လာ၏။ သူတို့၏ အရှိန်အဝါက မည်မျှ ကြောက်ရွံ့ဖွယ်ကောင်းသည်ကို လူတိုင်း ခန့်မှန်းနိုင်သည်။

ဘုန်း...

အစိမ်းရောင် လေပြင်းမုန်တိုင်းက လေဟာနယ်ကို ဖြတ်သန်းသွားသည်။ လေပြင်းက နေရာတိုင်း တိုက်ခတ်နေရာ ရှန်​ကောင်းနှင့် ရှန်ကျဲ့ နှစ်ဦးလုံး လေပြင်းထဲ၌ ပိတ်မိနေလေသည်။

ထိုအချိန်၌ အခြားသော ထိပ်သီးပုဂ္ဂိုလ်တစ်ဦးက တိုက်ခိုက်လာသည်။ ထိုပုဂ္ဂိုလ်သည် တစ်ချိန်လုံး တိတ်ဆိိတ်စွာ ရှိနေခဲ့သူ ဖြစ်သည်။ သို့သော် သူ လှုပ်ရှားလိုက်သည့်အခါ မရေတွက်နိုင်သော လက်နက်များက ကောင်းကင်တခွင် ပြည့်နှက်သွားပြီး နန်းတော်သခင်ရှိရာ ဘက်သို့ တိုးဝင်သွားသည်။

ထိုသူသည် ကောင်းကင်ဒေသ၏ ရှေးဟောင်းကလန်တစ်ခုဖြစ်သော မိုကလန်မှ ထိပ်သီးပုဂ္ဂိုလ်တစ်ဦး​ဖြစ်သည်။ မိုကလန်သည် မူလဘုံတွင် သူတို့၏ လွှမ်းမိုးမှုကို သက်သေပြချင်နေသူဖြစ်သည်။ ထို့ကြောင့် သူတို့က ရွှေရောင်နတ်ပြည်ထောင်၊ ထိုက်ချူတော်ဝင်မြေတို့နှင့် ပူးပေါင်းရန် ဆုံးဖြတ်ခဲ့သည်။ ထိုသည်မှာ ဖြတ်လမ်းပွင့်ပြီးနောက် မူလဘုံသို့ ဝင်ရောက်သည့် အင်အားစုများက များပြားလှသည်​ဖြစ်ရာ ကလန်တစ်ခုတည်းနှင့် လွှမ်းမိုးနိုင်ရန် ခက်ခဲသောကြောင့် ဖြစ်၏။ မိုကလန်သည် ဤနေရာ၌ အုတ်မြစ် ရှိမနေပေ။ ထိုသို့သော အခြေအနေအောက်တွင် ဒေသခံအင်အားစုများနှင့် ပူးပေါင်းခြင်းကသာ အသင့်တော်ဆုံးဖြစ်ကာ မူလဘုံတွင် တဖြေးဖြေးနှင့် သူတို့၏ အရေးပါမှုကို ချဲ့ထွင်ရပေလိမ့်မည်။

လူတိုင်းက ဤတိုက်ပွဲကို ပါဝင်ရန် ဆုံးဖြတ်လိုက်သည့်အတွက် အနာဂတ်တွင် ပြဿနာဖြစ်မလာစေရန် နတ်နန်းတော်အား အပြီးတိုင် ချေမှုန်းပစ်ရပေမည်။ နတ်နန်းတော်မှ လူတိုင်းကို သတ်ဖြတ်လိုပါက ထိပ်သီးပုဂ္ဂိုလ်များ ပူးပေါင်းကာ တိုက်ပွဲ၌ ပါဝင်ရန် လိုအပ်ပေသည်။

ချက်ချင်းပင် မိုကလန်မှလူက နတ်နန်းတော်၏ နန်းတော်သခင်ကို တိုက်ခိုက်လိုက်သည်။ နေမင်းနတ်နန်းတော်မှ တန်ခိုးရှင်များ ထွက်သွားလျှင်ပင် သူတို့ဘက်က နတ်နန်းတော်နှင့် ယှဥ်ပါက တန်ခိုးရှင်အင်အား များနေဆဲပင် ​ဖြစ်၏။ သူတို့ဘက်က အလေးသာနေသည်မှာ အထင်အရှားပင် ​ဖြစ်သည်။

ရည်ရွယ်ချက်ရှိရှိ မရှိရှိ တိုက်ပွဲမတိုင်ခင် ထွက်ခွာသွားသည့် တန်ခိုးရှင်များကို မည်သူကမှ ပစ်မှတ်မထားကြပေ။ တိုက်ပွဲကို ရှောင်လွှဲသွားသည့် တန်ခိုးရှင်များထဲတွင် ထိပ်သီးပုဂ္ဂိုလ်များလည်း ပါဝင်ပြီး သူတို့က ရီဖူရှင်းနှင့်အဖွဲ့ ထွက်ခွာသွားသည့်ဘက်သို့ လိုက်သွားခဲ့ကြသည်။

သူတို့သည် ထိပ်သီးပုဂ္ဂိုလ်များ၏ တိုက်ပွဲတွင် ပါဝင်ရန်မှာ သူတို့၏ အရည်အချင်းက သိသာစွာ ကွာဟလွန်းနေသည်။ သူတို့၏ ပစ်မှတ်က အခြားတန်ခိုးရှင်များသာ ​ဖြစ်ူည်။

ထို့ပြင် ယခုချိန်တွင် ရီဖူရှင်းက အမဲလိုက်ခံနေရသည်။

အင်အားစုအမျိုးမျိုးမှ ဖွဲ့စည်းထားသော တပ်ဖွဲ့များက စိတ်အားထက်သန်စွာ လှုပ်ရှားလာကြပြီး လမ်းစဥ်ပင်လယ်ဆီ အလျင်အမြန် သွားခဲ့ကြသည်။ သူတို့သည် နန်းတော်သခင်မှ နောက်ဆုတ်နေရန် အမိန့်ပေးခံလိုက်ရသော တန်ခိုးရှင်များနောက်သို့ လိုက်ကြမည် ​ဖြစ်၏။

ရီဖူရှင်း၏ အဖွဲ့က အမှန်တွင် အလွန် အားကောင်း၏။ အချို့သော ထိပ်သီးပုဂ္ဂိုလ်များက ကိုယ်တိုင် မလာနိုင်ကြသော်လည်း သူတို့က ရီဖူရှင်းအား ကူညီရန် တန်ခိုးရှင် အမြောက်အမြား စေလွှတ်ပေးခဲ့သည်။

ရီဖူရှင်း၏ အဖွဲ့က အလွန်မြန်ဆန်သော အလျင်နှင့် လှုပ်ရှားနေကြသည်။ သူတို့သည် လေဟာနယ်ရွှေ့ပြောင်းခြင်းကို သုံးကာ ရပ်တန့်ခြင်းမရှိဘဲ ကောင်းကင်တလျှောက် ဖြတ်သန်းလာခဲ့ကြသည်။ တန်ခိုးရှင်အများအပြားက သူတို့နောက်မှ အမဲလိုက်ရန် လိုက်လာနေကြသည်။ အဖွဲ့နှစ်ဖွဲ့ကြားမှ အကွာအဝေးက တဖြေးဖြေး နီးကပ်လာ၏။

ရီဖူရှင်းက အဝေးကို ကြည့်လိုက်သည်။ ကျယ်ပြောလှသော လမ်းစဥ်ပင်လယ်အတွင်း အထီးကျန်လှေတစ်စင်းက ရွက်လွှင့်လာသည်။ ကောက်ရိုးဦးထုပ်ဆောင်းထားသည့် ပုံရိပ်က လှေပေါ်​၌ ရပ်နေသည်။ သူ၏ ဘေးတွင် မိစ္ဆာသားရဲဖြစ်သည့် မိစ္ဆာကြွက်တစ်ကောင် ရှိနေသည်။

လှေကို မြင်လိုက်သည့်အခါ တောက်ပသော အလင်းတစ်ချက်က ရီဖူရှင်း၏ မျက်လုံးများအတွင်း လင်းလက်သွား၏။ ယင်းက သူ၏ နောက်ဆုံး မျှော်လင့်ချက်ပင် ဖြစ်သည်။ နတ်နန်းတော် စစ်မြေပြင်မှ ထိပ်သီးပုဂ္ဂိုလ်များက သူတို့ကို ဖမ်းဆီးရန်ရောက်လာပြီး သူကလည်း ခုခံကာကွယ်နိုင်ခြင်း မရှိခဲ့ပါက သူ၏ ကြိုးစားအားထုတ်မှုအားလုံးက အချည်းနှီးဖြစ်သွားရပေလိမ့်မည်။

"အဖွဲ့တစ်ဖွဲ့ကို အရင်ထွက်သွားခိုင်းသင့်တယ်။ စီနီယာခွန်ပန်... ဒီလူတွေကို ဒီကနေ ခေါ်သွားဖို့ စီနီယာ့ကို အကူအညီတောင်းလို့ရမလား။" ရီဖူရှင်းက နတ်ဆိုးအင်ပါယာခွန်ပန်ကို မေးလိုက်သည်။ သူ၏ အရှိန်က အလွန်လျင်မြန်သည့်အတွက် အားနည်းသော တန်ခိုးရှင်များကို ဤနေရာမှ လွတ်မြောက်ရန် ခေါ်ဆောင်သွားပေးနိုင်လိမ့်မည်။ ဤတိုက်ပွဲ၌ သူတို့ ပါဝင်ခြင်းက အဓိပ္ပါယ်မရှိပေ။ ရီဖူရှင်း ကိုယ်တိုင်သည်လည်း နောက်ပိုင်း မည်သို့ဆက်​ဖြစ်မည်ကို ခန့်မှန်းနိုင်ခြင်း မရှိပေ။ ရှောင်ကလန်နှင့် သောကလန်တို့ ဟန့်တားခံရပြီးနောက် သူတို့ဘက်၌ ရှိနေသော တန်ခိုးရှင်တို့က အရေးသာခြင်းရှိမနေတော့ပေ။

"ကောင်းပြီ။" ခွန်ပန်က ခေါင်းညိတ်ကာ ပြန်ဖြေလိုက်သည်။ သူက ရီဖူရှင်း၏ တောင်းဆိုချက်ကို မငြင်းဆန်ဘဲ လူအချို့ကို ခေါ်ဆောင်ကာ ထွက်သွားသည်။ ရီဖူရှင်းနှင့် အခြားသူများက ရှေ့ဆ​က်သွားနေ၏။ သူတို့သည် လာနေသည့် လှေတစ်စင်းအနီးသို့ ရောက်သည့်အခါ ရပ်တန့်လိုက်ကြသည်။

မကြာခင်မှာပင် သူတို့နောက်မှ လူများက သူတို့ကို လိုက်မီလာသည်။ သူတို့မှာ အင်အားစုအမျိုးမျိုးမှ ကလန်သားများ ဖြစ်ကြပေသည်။

သူတို့က ရပ်တန့်သွားသည့် ရီဖူရှင်းတို့ အဖွဲ့ကို ကြည့်လိုက်ကြသည်။ ထို့နောက် လမ်းစဥ်ပင်လယ်ထက်ရှိ လှေပေါ်သို့ ကြည့်လိုက်ကြပြီး အချို့လူများက မျက်မှောင်ကြုတ်သွားသည်။ သူတို့သည် ထိုပုဂ္ဂိုလ်၏ အရှိန်အဝါကို အနည်းငယ်မျှပင် မခံစားမိကြပေ။ ဖြစ်နိုင်ချေမှာ တစ်ဖက်လူက အလွန်အားနည်းသည့် တန်ခိုးရှင် မဟုတ်လျှင် အလွန် အစွမ်းထက်သော တန်ခိုးရှင်တစ်ဦး ဖြစ်နေသောကြောင့် ​​ဖြစ်၏။

သို့သော်လည်း ဤနေရာမှာ လမ်းစဥ်ပင်လယ်အတွင်းပိုင်းတွင် ​ဖြစ်သည်။ အလွန်အားနည်းသည့် လူတစ်ယောက် ဖြစ်ပါက ဤနေရာတွင် မည်သို့ပေါ်လာနိုင်ပါမည်နည်း။

ထိုသည်က အချို့လူများကို မလွယ်ကူသလို ခံစားလိုက်ရ​စေသည်။ ရီဖူရှင်းထံ၌ ယခုထိ ဝှက်ဖဲများ ရှိနေသေးသည်လား။

ထိုအခိုက်တွင် လှေဦးတွင်ရပ်ကာ ကောက်ရိုးဦးထုပ်ဆောင်းထားသည့် လူက ခေါင်းကို မော့၍ လူအုပ်ကို ကြည့်လိုက်သည်။ သူ့တွင် ကြောက်မက်ဖွယ် မျက်ဝန်းတစ်စုံရှိသည်။ နတ်ဆိုးဆန်သည့် နက်မှောင်နေသော မျက်လုံးများသည် အေးစက်ကာ ခံစားချက်ကင်းမဲ့နေသည်။ သူ၏ အကြည့်များက အေးစက်လွန်းနေသည်မှာ သေမင်းတမန်ကဲ့သို့ပင် ​ဖြစ်လေသည်။

"ပြန်ဆုတ်ကြ" ရှန်ကလန်မှ တန်ခိုးရှင်များက အသိပြန်ဝင်လာကြသည်။ အဲဒါက သူပဲ

သူသည် လွန်ခဲ့သော နှစ်အနည်းငယ်ခန့်က ဖြစ်ပွားခဲ့သော တိုက်ပွဲကတည်းက ပျောက်ဆုံးသွားခဲ့သည်။ ထိုသူက ယနေ့ လမ်းစဥ်ပင်လယ်အတွင်းမှ တိုက်ပွဲအတွင်း ပြန်ပေါ်လာလိမ့်မည်ဟု မည်သူကမှ ထင်မှတ်မထားခဲ့ကြပေ။

ထိုလှေငယ်ပေါ်မှ ပုဂ္ဂိုလ်သည်တော့ အခြားသူမဟုတ်ဘဲ ထျန်းဟယ်မဟာအကြီးအကဲပင်​​ ဖြစ်တော့၏။

***

All Chapters