တကယ်လို့ ရှင့်အသက်ကို လိုချင်တယ်ဆိုရင်ရော....
Vol. 3 Ch. 33
“စူးချင်းက ကတိုးကောင်ကို ရှာတွေ့ခဲ့တဲ့အတွက် အဲဒါကို သူ(မ)ပိုင်သင့်တယ်။ ဘယ်သူမှ မတွေးသင့်ဘူး”
ရွာလူကြီးချိုး၏ တင်းမာသော အကြည့်က ထောင်ဟွားဝူမှ ရွာသူရွာသားအားလုံးဆီသို့ ရွေ့လျားသွားသည်။ ရွာလူကြီးချိုးက ကတိတည်သူဖြစ်ပြီး ယခုတွင် သူက စူးချင်းကို ကျောထောက်နောက်ခံပြုပေးလိုက်ခြင်း ဖြစ်သည်။
ထောင်ဟွားဝူတွင် လူတစ်ရာကျော်ရှိပြီး လူများလေလေ အတွေးများလေလေ ဖြစ်သောကြောင့် ကြီးမားသော အကျိုးအမြတ်ကို မြင်သောအခါ အချို့သောလူများက မနာလိုဖြစ်ပြီး လုယူချင်ကြမည် မဟုတ်ကြောင်း အာမခံရန် ခဲယဉ်းလှသည်။ ထို့ကြောင့် ဤလူများကို သတိပေးရမဉ် ဖြစ်သည်။
သူမ၏အဖိုးက စူးချင်းကို ထောက်ခံလိုက်သောကြောင့် ချိုးယွဲ့က ဒေါသထွက်သွားပြီး အောက်နှုတ်ခမ်းကို ကိုက်ထားလိုက်သည်။
သူမရဲ့အဖိုးက ဘာလို့ အဲဒီ့မိန်းမဘက်မှာ ရပ်တည်ရတာလဲ?
“ဟုတ်တယ်၊ သမင်ကတိုးကို စူးချင်းက အမဲလိုက်ခဲ့မှတော့။ ကတိုးအိတ်က သေချာပေါက် သူ(မ) အပိုင်ပဲ”
"ကျွန်တော်လည်း ထောက်ခံပါတယ်"
လီတာ့နျိုနှင့် ကျန်းလောင်ချီတို့က စူးချင်းအတွက် အရင်ဆုံး ဝင်ရောက် စကားပြောပေးကြသည်။
လူတစ်ယောက်က တစ်စုံတစ်ယောက်ကို သူရဲ့နှလုံးသားထဲကနေ ကိုးကွယ်မသွားရင် ကုစားလို့ရမှာ မဟုတ်တော့ပါဘူး။ သူတို့နှစ်ယောက်ရဲ့ နှလုံးသားထဲက စူးချင်းရဲ့အဆင့်အတန်းက ကျိရွှေရှန့်ရဲ့အဆင့်အတန်းနီးပါးလောက် မြင့်မားနေပါပြီ။
“ကျွန်မလည်း အစ်မကို ထောက်ခံပေးမယ်”
ကျိရှောင်ယင်က ယောက်ျားလေးများလောက် အရပ်မရှည်သောကြောင့် အဘိုးချိုးက သူမကို မြင်နိုင်ရန် ခုန်ဆွခုန်ဆွလုပ်ကာ သူမလက်ကို ဝှေ့ယမ်းရင်း အော်ပြောလိုက်သည်။
"ကျွန်မလည်း ထောက်ခံပါတယ်။"
လီရွှမ်းအာကလည်း သူမ၏အစ်ကိုကဲ့သို့ပင် စူးချင်းကို အလွန်သဘောကျသူ ဖြစ်ပြီး သူမက ထောက်ခံသည့်အဖွဲ့ထဲသို့ မဆိုင်းမတွ ဝင်လာခဲ့သည်။
အော်ဟစ်ထောက်ခံသည့် လူများစွာ ရှိလာသဖြင့် သူတို့၏နှလုံးသားထဲတွင် အခြားအတွေးများ ရှိနေသည့်သူများက သူတို့၏အတွေးကို စွန့်လွှတ်လိုက်ကြသည်။
ဆွေးနွေးပွဲပြီးနောက်တွင် ရွာလူကြီးချိုးက ကျိရွှေရှန့်ကို လှမ်းခေါ်လိုက်သည်။
"ရွှေရှန့် ခဏလာပါဦး"
“လာပြီ” ကျိရွှေရှန့်က သဘောတူလိုက်ပြီး ရွာလူကြီးချိုး ရှိနေသည့်နေရာသို့ လျှောက်သွားလိုက်သည်။ စပါးအုံးမြွေကြီးနှင့် သမင်ကတိုးကောင်ကိုတော့ အဒေါ်ချိုးနှင့် အဒေါ်လီအား လွှဲပြောင်းပေးခဲ့သည်။
“ရွှေရှန့်၊ ယုံခန်း ဆေးဝယ်ဖို့ ကောင်းချန်ကို သွားတဲ့အချိန်မှာ စစ်တပ်က ကောင်းချန်ကို တင်းတင်းကျပ်ကျပ် စောင့်ကြပ်နေတာကို မြင်ခဲ့ရတယ်တဲ့။ မြို့ထဲကလူတွေကို အပြင်ပေးမထွက်ဘူး၊ မြို့ပြင်ကလူတွေကိုလည်း အထဲကို ဝင်ခွင့်မပေးဘူး။ ယုံခန်းက မေးကြည့်တော့ မြို့တော်ကလာတဲ့ တော်ဝင်သံတမန် လုပ်ကြံခံရပြီး စစ်သားတွေ ဘာကိုမှ ဂရုမစိုက်ဘဲ လူတွေကို လိုက်ဖမ်းနေတယ်လို့ ကြားခဲ့ရတယ်တဲ့။ ငါတို့ ဒီဒုက္ခရောက်စေမယ့်နေရာကနေ အမြန်ဆုံး ထွက်သွားရမယ်”
ရွာလူကြီးချိုးက လေးနက်သော အမူအရာဖြင့် ကျိရွှေရှန့်ကို ရှင်းပြလိုက်သည်။ ၎င်းတို့၏ ရာထူးများကို ကာကွယ်ရန်အတွက် ယခုအချိန်တွင် တာဝန်ရှိသူများက သွေးချောင်းစီးအောင် လူသတ်ကြတော့မည် ဖြစ်သည်။
ဘယ်သူက သားကောင်ဖြစ်မယ်ဆိုတာကို ဘယ်သူသိနိုင်မှာလဲ?
"ကောင်းပြီ၊ ကျွန်တော်တို့ ချက်ချင်း ထွက်သွားကြမယ်"
ထိုစကားကို ကြားပြီးနောက် ကျိရွှေရှန့်က ချက်ချင်း ထရပ်လိုက်ပြီး လီတာ့နျိုနှင့် ကျန်လူများကို အမိန့်ပေးလိုက်သည်။ "မြန်မြန်လုပ်ကြ၊ လူတွေ အားလုံး မြန်မြန် ပြန်ထပြီး ကောင်းချန်ကနေ မမှောင်ခင် ထွက်သွားနိုင်အောင် ကြိုးစားရမယ်"
လူတိုင်း ထုတ်ပိုးပြင်ဆင်နေချိန်တွင် ကျိရွှေရှန့်က ဧရာမစပါးအုံးမြွေကြီးကို တစ်ချက်လှမ်းကြည့်လိုက်သည်။ ထိုအရာက မြင်သာလွန်းပြီး ပြဿနာကို ဆွဲဆောင်မိမည်ကို စိုးရိမ်သဖြင့် သူက ဧရာမစပါးအုံးမြွေကြီး၏အရေခွံကို အခွံခွာလိုက်ပြီး မြွေကြီးကို အပိုင်းပိုင်းဖြတ်လိုက်သည်။ ထိုအပိုင်းများကို ကတိုးသမင်နှင့်အတူ လှည်းပေါ်တင်လိုက်ပြီး မြက်ဖျာဖြင့် ပြန်ဖုံးကာ တွန်းလှည်းကို ဆွဲယူလိုက်သည်။
ဝမ်းလျှောခြင်းကြောင့် ချိုးယွဲ့၏ခန္ဓာကိုယ်က အားနည်းနေပြီး လမ်းလျှောက်ရန်ပင် ခွန်အား မရှိတော့ပေ။ ရွာလူကြီးချိုးက သူ့မြေးကို နေရာပေးလိုက်ပြီး လှည်းပေါ်တွင် ထိုင်ခိုင်းလိုက်သည်။
သို့သော်လည်း ချိုးယွဲ့က ကျိရွှေရှန့်၏လှည်းကို လှမ်းကြည့်လိုက်သည်။
ငါလည်း အစ်ကိုရွှေရှန့်ရဲ့လှည်းပေါ်မှာ ထိုင်ချင်တယ်လေ။ စူးချင်း နေမကောင်းတုန်းက သူမက အဲ့လှည်းပေါ်မှာ နှစ်ရက်တောင် အိပ်ခဲ့ရတယ်လေ။ ငါ့အလှည့်ရောက်တော့ ဘာလို့ သူ့လှည်းပေါ်မှာ မထိုင်နိုင်ရတာလဲ?
သို့သော်လည်း ထိုင်ခွင့်ရလျှင်ပင် သူမ မထိုင်ရဲပေ။ ထိုလှည်းပေါ်တွင် စပါးအုံးမြွေနှင့် ကတိုးသမင် ရှိနေပြီး သူမက မြွေကိုပင် အလွန်အမင်းကြောက်ရွံသည်။ ထိုသွေးထွက်နေသော အသားတုံးများဆိုလျှင် ပြောဖွယ်ရာ မရှိတော့ပေ။
ဤအရာက သူမကို အလွန်မနာလိုဖြစ်စေခဲ့သည်။
သို့သော် မနာလိုခြင်းက အသုံးမဝင်ပေ။ သူမကိုယ်တိုင်လည်း ထိုစပါးအုံးမြွေနှင့်အတူ လှည်းပေါ်တွင် ထိုင်ရန် သတ္တိမရှိပေ။ ထိုစပါးအုံးမြွေကို အပိုင်းပိုင်း လှီးဖြတ်ထားသော်လည်း ထိုသို့တွေးမိသည်ကပင် သူမ၏ဦးရေပြားကို ထုံကျင်လာစေခဲ့သည်။
ကျိရှောင်ယင်က ချိုးယွဲ့ကို အချိန်အတော်ကြာ ပြုစုစောင့်ရှောက်ပေးခဲ့ပြီး သူတို့ ပြန်ထွက်ခွာသည့်လမ်းတွင် သူမက စူးချင်းဘက်သို့ ပြေးသွားပြီး သူမနှင့်အတူ လမ်းလျှောက်နေလေသည်။ သူမ၏ပါးစပ်လေးက ပေါက်ပေါက်ဖောက်နေပြီး ကတိုးသမင် ဖမ်းမိခဲ့ပုံကို စူးချင်းအား မေးမြန်းစပ်စုနေသည်။
စူးချင်းက သူမ ထိုသမင်ကတိုး အသေကောင်ကို တွေ့ခဲ့ပြီး ကောက်လာနိုင်သည်အထိ ကံကောင်းခဲ့ကြောင်း ရိုးရိုးရှင်းရှင်း ပြောပြလိုက်သည်။
ကျိရှောင်ယင်၏မျက်လုံးများက တောက်ပလာကာ "အစ်မရဲ့ကံက တကယ်ကောင်းတာပဲ"
ကျိရှောင်ယင်က စူးစမ်းလိုစိတ်ရှိပြီး ကတိုးအိတ်၏ပုံသဏ္ဍာန်ကို သိချင်သောကြောင့် သူမက စူးချင်းကို ပြောလိုက်သည်။ "အစ်မ၊ ကတိုးအိတ်က ဘယ်လိုပုံစံလဲဆိုတာ ကျွန်မကို ပြပေးနိုင်မလား? ကျွန်မ အဲ့တာကို တစ်ခါမှ မမြင်ဖူးဘူး!"
စူးချင်းက ကျိရှောင်ယင်၏မျက်လုံးများကို တစ်ချက်ကြည့်လိုက်သည်။ သူမ၏ကြီးမားပြီး ကြည်လင်နေသော မျက်လုံးများတွင် စူးစမ်းလိုစိတ်များသာ ရှိနေပြီး လောဘ၏သဲလွန်စများ မရှိခဲ့ချေ။ ကလေးမလေး၏လေသံက ခပ်ချွဲချွဲလေး ဖြစ်နေပြီး သူမ၏အသံကို ကြားသူများက သူမ၏တောင်ဆိုမှုကို ငြင်းပယ်ရန် တက်နိုင်မည်မဟုတ်ပေ။
စူးချင်းက ခေါင်းညိတ်ပြလိုက်ပြီး သူမ၏လက်မောင်းပေါ်ရှိ တောင်းထဲမှ ကတိုးအိတ်ကို ထုတ်ယူလိုက်သည်။ အမှန်တကယ်တွင် သူမက ၎င်းကို စနစ်ထဲမှ ထုတ်ယူလိုက်ခြင်း ဖြစ်သည်။ ရှောင်ချီလေးက သူမ၏ မျက်လုံးဝိုင်းဝိုင်းကြီးများကို မှေးကျဥ်းလိုက်ပြီး သူမ၏သခင်က ကတိုးအိတ် ထုတ်ယူသည်ကို မကျေမနပ် စိုက်ကြည့်နေသည်။
အိုး၊ သခင်ရေ... ကျေးဇူးပြုပြီး အဲ့တာကို ပေးတော့ မပေးလိုက်ပါနဲ့နော်....
ကတိုးအိတ် ထွက်လာသည်ကို မြင်သည်နှင့်တပြိုင်နက် ကျိရှောင်ယင်က ရွံရှာနေသည့်အမူအရာဖြင့် သူမ၏နှာခေါင်းကို ညှစ်ပိတ်လိုက်သည်။ အဲ့တာက အမွေးရှည်တွေ ရှိနေပြီး နံစော်လွန်းတယ်။
"အိုး... ဒါကြီးက ရုပ်ဆိုးလိုက်တာ? ဘယ်လို မွှေးနိုင်မှာလဲ?"
စူးချင်းက ပြုံးလိုက်ပြီး “ဒါကို ပြန်စီမံရဦးမယ်လေ။ အဲ့တာကို သေသေချာချာ ပြုပြင်ပြီးရင် ဟင်းခတ်အမွှေးအကြိုင်အဖြစ်တောင် သုံးနိုင်လိမ့်မယ်”
ကျိရှောင်ယင်က စူးချင်းကို လေးလေးနက်နက် ကြည့်လိုက်ပြီး "အစ်မ၊ အစ်မက အများကြီး သိတာပဲ"
စူးချင်းက ဘာမှ မပြောဘဲ သူမ၏ခေါင်းကို မော့ပြီး ရှေ့မှ အဖွဲ့ကို လှမ်းကြည့်လိုက်သည်။ ကျိရွှေရှန့်၏အမူအရာက အလွန်လေးနက်နေကြောင်း သူမ သတိပြုမိပြီး သူက အချိန်နှင့်အမျှ အဖွဲ့ဝင်အားလုံးကို မြန်မြန်ရွှေ့ရန် တိုက်တွန်းနေသည်။
သူတို့ တောထဲမှ ထွက်ခါနီးမှာ ချိုးယွဲ့က ရုတ်တရက် ထအော်ပြန်သည်။ "အိုက်ယား၊ လှည်းရပ်၊ လှည်းကို ရပ်။ ဗိုက်နာတယ်! ရပ်ပေး!"
သူတို့တစ်ဖွဲ့လုံး ရပ်တန့်ကြရန်မှလွဲပြီး ရွေးချယ်စရာ မရှိတော့ပေ။
ကျိရွှေရှန့်၏မျက်ခုံးများက တင်းမာလွန်းသဖြင့် ယင်ကောင်တစ်ကောင် ဖြတ်သွားလျှင်ပင် သူက သတ်ပစ်တော့မည်ဟု ထင်နေရသည်။ သူက လမ်းပေါ်တက်ရန် စိုးရိမ်နေချိန်တွင် ချိုးယွဲ့က ဒုက္ခပေးနေပြန်သည်။ သူ ခူးဆွတ်လာခဲ့သော ဆေးဖက်ဝင်အပင်များ၏အာနိသင်က သာမာန်သာဖြစ်ပြီး စူးချင်း၏ဆေးများက ပိုထိရောက်သည်။
သူက စူးချင်းကို နောက်တစ်ကြိမ် လှည့်ကြည့်လိုက်သည်။ ဤအရေးကြီးသော အခိုက်အတန့်တွင် သူ အချိန် မဖြုန်းနိုင်တော့ပေ။ သို့သော်လည်း သူက စူးချင်း၏ပင်ကိုယ်စရိုက်ကိုလည်း နားလည်နေပြန်သည်။
သူမ လုပ်ချင်စိတ်မရှိရင် ဓားနဲ့ထောက်ပြီး ခိုင်းရင်တောင် အသုံးမဝင်ပါဘူး။
ချိုးယုံခန်းက လှည်းပေါ်မှ ပြေးဆင်သွားသော သူ့ညီမကို လှမ်းကြည့်နေသည်။ သူမ၏ ၀တ်စုံ၏ နောက်ကျောတွင်ပင် အညစ်အကြေးများ စွန်းထင်းနေပြီ ဖြစ်ကာ သူမက ဒူးထောက်ကျလုနီးပါး အခြေအနေဖြင့် တောအုပ်ထဲသို့ တွားသွားတိုးဝင်နေသည်။
သူ့ရဲ့ညီမငယ်က ချောမောလှပပြီး သူမရဲ့မျက်နှာကို ထိန်းသိမ်းရတာကို အမြဲတမ်း နှစ်သက်ခဲ့တယ်။ သူမက ယခုလို သနားစရာကောင်းတဲ့ အခြေအနေမျိုး တစ်ခါမှ မကြုံဖူးဘူး။ အခု သူမက သူမခေါင်းကို ငုံ့ထားပြီး သူမမျက်နှာကို ဆံပင်နဲ့ အုပ်ထားတာကို မြင်နေရတော့ သူမ အရမ်းရှက်နေတာ သေချာတယ်။ ဒါပေမယ့် အရှက်ရတာက အရေးကြီးဆုံး မဟုတ်သေးဘူး။ အရေးကြီးဆုံးက ဒီလိုဆက်သွားနေရင် သူမ သေသွားလိမ့်မယ်။
ချိုးယုံခန်းက စူးချင်းကို တစ်ချက်ကြည့်လိုက်သည်။ သူမက သူ့ညီမလေးကို ကယ်တင်နိုင်သည့် တစ်ဦးတည်းသောသူ ဖြစ်သည်။
ချိုးယုံခန်းက စူးချင်းဆီသို့ လျှောက်သွားလိုက်ပြီး လက်သီးဆုပ်ပေါ် လက်ဖဝါးအုပ်ကာ "စူးချင်း၊ ငါ့ညီမရဲ့ မသိနာမလည်မှုက မင်းကို ထိခိုက်စေခဲ့တယ်။ အရင်တုံးကတော့ ငါ့မှာလည်း မင်းကို တောင်းဆိုဖို့ မျက်နှာ မရှိပါဘူး၊ ဒါပေမယ့် အခုက အရေးတကြီး ဖြစ်နေတော့ အားလုံးကို ငါတို့ကြောင့် နှောင့်နှေးစေဖို့ မဖြစ်နိုင်ဘူး။ ငါ့ညီမ ပြန်သက်သာလာဖို့ ဆေးတစ်လုံး ပေးပါ။ မင်းရဲ့မဟာကရုဏာအတွက် ငါ သေချာပေါက် ကျေးဇူးပြန်ဆပ်ပါ့မယ်"
စူးချင်းက အေးစက်သော အမူအရာဖြင့် သူ့ကို မော့ကြည့်လိုက်သည်။
ချိုးယုံခန်းက သူမ သူ့ကို ငြင်းပယ်တော့မည်ဟု ထင်လိုက်မိသော်လည်း စူးချင်းက "ရှင့်ညီမရဲ့အသက်ကို ကျွန်မ ကယ်တင်လိုက်ရင် ရှင် ကျွန်မကို အသက်တစ်ချောင်း အကြွေးတင်လိမ့်မယ်၊ ကျွန်မက ရှင့်အသက်နဲ့ ပြန်ဆပ်ဖို့ တောင်းဆိုရင် ရှင် အဲ့လိုလုပ်ဖို့ ဆန္ဒရှိလား?"
ကျိရွှေရှန့်က တုန်လှုပ်ခြောက်ခြားနေသော သူ့မျက်လုံးဖြင့် စူးချင်းကို လှမ်းကြည့်လိုက်သည်။ သူမက ယုံခန်းရဲ့ဘဝကို လိုချင်နေတာလား?
“ငါ ဆန္ဒရှိတယ်။ ငါ့ ညီမလေးရဲ့နာကျင်တွေ သက်သာနိုင်သရွေ့ ဒီချိုးမျိုးရိုးရဲ့အသက်ကို အချိန်မရွေး ပြန်ယူနိုင်တယ်" ချိုးယုံခန်းက မဆိုင်းမတွ သဘောတူလိုက်သည်။
ညီအစ်ကိုမောင်နှမများ၏နှလုံးသားက ချိတ်ဆက်ထားကြပြီး သူ့၏ညီမလေး ဖျားနာနေသည်ကို မြင်နေရသော်လည်း အစ်ကိုကြီးတစ်ယောက်အနေဖြင့် မကူညီနိုင်ခြင်းက သူ့နှလုံးသားကို ဓားဖြင့် ထိုးနေသလို ခံစားနေရသည်။
စူးချင်းက သူ့ညီမလေးကို ကယ်တင်ပေးမယ်လို့ ကတိပေးနိုင်ရင် သူဆိုတဲ့ ချိုးယုံခန်းရဲ့အသက်ကို လိုချင်ရင်တောင် ဘာမှ မဟုတ်ပါဘူး။
အဒေါ်ချိုးက စူးချင်းကို မယုံနိုင်စွာ လှမ်းကြည့်လိုက်သည်။ သူမက ရက်စက်လွန်းပြီး နှလုံးသားမဲ့လွန်းသည်။
သူမက ချိုးယွဲ့ကို ကယ်တင်ပေးဖို့ ချိုးယုံခန်းရဲ့အသက်ကို လိုချင်နေတာလား?
သူမအတွက်တော့ သူမရဲ့သမီးက သူမအတွက် ရတနာမျက်ရှုဆိုရင် သားကလည်း သူမမျက်လုံးထဲက ရတာနာပါပဲ။
အဒေါ်ချိုးက မျက်ရည်များဖြင့် စူးချင်းထံ လျှောက်လာပြီး "စူးချင်း၊ မင်းက အသက်တစ်ချောင်း ပြန်လိုချင်ရင် ငါ့အသက်ကို ယူပါ၊ ချိုးမိသားစုမှာ အမွေဆက်ခံသူ တစ်ဦးပဲရှိပြီး ယုံခန်းကို မိသားစုအတွက် တာဝန်ရှိနေသေးတယ်။ ကျေးဇူးပြုပြီး သနားညှာတာပေးပါဦး"
စူးချင်းက အဒေါ်ချိုးကို တစ်ချက်ကြည့်လိုက်သော်လည်း သူမ၏အမူအရာက ပျော့ပျောင်းသွားသည်။ ထို့နောက် သူမက ရွာလူကြီးချိုးကို ကြည့်လိုက်ပြီး သူမ အကြင်အနာမဲ့သည့်အတွက် သူ သူမကို ဆူပူလာမည်ကို စောင့်ဆိုင်းနေသည်။ သို့သော်လည်း ရွာလူကြီးချိုးက သူမကို မအော်ဘဲ ဝမ်းနည်းနေပုံရသည်။
စူးချင်းက ချိုးယုံခန်းကို ပြန်ကြည့်လိုက်ပြီး အေးစက်ကာ ခံစားချက်မဲ့နေသော အသံဖြင့် အမိန့်ပေးလိုက်သည်။ "ချိုးယုံခန်း၊ ရှင် ကျွန်မကို ကျေးဇူးဆပ်ဖို့ သတိရပါ"
အဒေါ်ချိုးက အလွန်ဝမ်းသာသွားသည်။ စူးချင်းက ဤမျှ နှလုံးသားမဲ့လိမ့်မည်မဟုတ်ကြောင်း သူမ သိနေခဲ့သည်။
သူမက "စူးချင်း၊ ကျေးဇူးတင်ပါတယ်"
သို့သော်လည်း စူးချင်း၏မျက်နှာအမူအရာက ဗလာဖြစ်နေဆဲပင်။ သူမက ချိုးယုံခန်းကို ကြည့်နေပြီး သူ့အဖြေကို စောင့်နေပုံရသည်။