← Chapters

သစ္စာဖောက်များ၏ သွားရာလမ်း

Vol. 5 Ch. 449

သစ္စာဖောက်များ၏ သွားရာလမ်း

Vol. 5 Ch. 449

"ဘယ်သူလဲ ..."

သခင်ကြီးဝူ၏ သက်တော်စောင့်များက သေနတ်များအား တံခါးပေါက် ရှိရာသို့ ချိန်ရွယ်လိုက်ကြ၏။

သခင်ကြီးဝူကား ထိုကဲ့သို့ သတိရှိမှုကြောင့် ရန်သူများ၏ လက်မှ အကြိမ်ကြိမ် လွတ်မြောက်ခဲ့ခြင်းပင်။

"စိတ်မပူပါနဲ့ ... ဘယ်သူ့ကိုမှ ကြောက်စရာ မလိုပါဘူး ... လာတဲ့သူက တန့်ယွမ်ချင်း ဆိုရင်တောင် ကျုပ် မင်းကို ကာကွယ်ပေးနိုင်တယ် ..."

ဆရာဟောင်က ရင်ကိုကော့၍ ယုံကြည်ချက် ရှိစွာ ပြောလိုက်၏။

"သွားဖွင့်လိုက် ..."

သခင်ကြီးဝူက သက်တော်စောင့်များအား တံခါးကို သွားဖွင့်ရန် အမိန့်ပေးလိုက်သည်။ သို့သော်လည်း သက်တော်စောင့်များ တံခါးကို မဖွင့်ရသေးခင်မှာပင် တံခါးက အစိတ်စိတ်၊ အမြွှာမြွှာ ကွဲထွက်သွားခဲ့၏။

"ဘုန်း ..."

တံခါး၌ တပ်ဆင်ထားသည့် လုံခြုံရေး စနစ်မှာ အသုံးဝင်ပုံ မရချေ။ ထိုလုံခြုံရေး စနစ်ကား ခေတ်မီ နည်းပညာများဖြင့် ပြုလုပ်ထားပြီး စစ်တပ် လက်နက်ကြီးများသာ ဖျက်ဆီးနိုင်စွမ်း ရှိသည်။

သို့သော်လည်း အားလုံး အံ့အားသင့်စွာပင် တံခါး အပြင်ဘက်၌ ရှိနေသည့် အရာမှာ စစ်တပ် လက်နက်ကြီးများ မဟုတ်ပေ။ ဂျင်းဝတ်စုံ ဝတ်ဆင်ထားသည့် ချောမောသော လူငယ်တစ်ယောက်ပင် ဖြစ်သည်။

အပြင်ဘက်၌ မိုးသည်းထန်စွာ ရွာသွန်းနေသည့်တိုင် လူငယ်၏ ကိုယ်၌ ရေစိုစွတ်ခြင်း ရှိမနေခဲ့ချေ။

"မင်းက ဘယ်သူများလဲ ... ငါ့အသိထဲကလား ..."

သခင်ကြီးဝူက မျက်မှောင်ကြုတ်ရင်း လူငယ်အား ကြည့်လိုက်၏။ ထိုလူငယ်၏ ပုံစံအား သူရင်းနှီးနေသလို ခံစားမိသည်။

"ကျုပ်နာမည်က ချန်းဖန် ... လွန်ခဲ့တဲ့ တစ်နှစ်လောက်က မင်းဆီကို လာခဲ့မယ်လို့ မင်းရဲ့ လူတစ်ယောက်ကို ကျုပ်မှာခဲ့ဖူးတယ် ... အခု အဲဒီအတွက် ကျုပ် လာခဲ့တာ ..."

ချန်းဖန်က အခန်းအတွင်းသို့ ဝင်ရင်း တံခါးကို ညင်သာစွာ ပြန်ပိတ်လိုက်သည်။ သူ၏ မျက်နှာတွင်မူ မိတ်ဟောင်း၊ ဆွေဟောင်း တစ်ယောက်ကို ပြန်တွေ့ရသည့် အလား ဖော်ရွေသော အပြုံးတစ်ခု ရှိနေခဲ့သည်။

"ဆရာချန်း ... ဆရာ ချန်းဖန် ..."

သခင်ကြီးဝူကား ချန်းဖန်ကို မှတ်မိသွားခဲ့ပြီ ဖြစ်သည်။ သူကား ချန်းဖန်၏ ဓာတ်ပုံကို လွန်ခဲ့သည့် တစ်နှစ်ခန့်က တွေ့မြင်ခဲ့ဖူးသည်။ ထို့ကြောင့်ပင် ချန်းဖန်၏ မျက်နှာကို ကြည့်ကာ ရင်းနှီးနေသလို ခံစားနေရခြင်း ဖြစ်သည်။

ထို့အပြင် ကျန်းပေ့၏ သူဌေး တစ်ယောက် အနေဖြင့် ချန်းဖန်၏ နာမည်ကို သူ အကြိမ်ကြိမ် ကြားခဲ့ဖူးသည်။ ထို့ကြောင့်ပင် ချန်းဖန်က သူ၏ နာမည်ကို ထုတ်ဖော်ပြောသည်နှင့် ဆက်စပ်မိသွားခြင်း ဖြစ်၏။

"ဆရာချန်း ..."

ဆရာချန်းဆိုသော စကားလုံးက အခန်းထဲသို့ တိတ်ဆိတ်ခြင်းအား ယူဆောင်လာခဲ့၏။ သက်တော်စောင့်များကား ရုပ်တုများကဲ့သို့ တောင့်တင်းကာ ချန်းဖန်အား ငေးမော နေကြသည်။ သူတို့၏ မျက်နှာများကမူ မယုံကြည်နိုင်မှု၊ ကြောက်ရွံ့မှုတို့ကြောင့် ဖြူရော်နေကြပြီ ဖြစ်သည်။

ဆရာချန်းကား ဒဏ္ဍာရီများစွာ၏ သင်္ကေတ ဖြစ်သည်။ လင်းတရှန်နှင့် ဟောင်ဂိုဏ်းတို့ပင်လျှင် ချန်းဖန် ပျောက်ကွယ်သွားပြီးမှသာ ခေါင်းထောင် လာခဲ့ကြခြင်း ဖြစ်သည်။

သို့သော်လည်း လင်းတရှန်မှာ ယခုထိ ချန်းဖန်၏ နာမည် နေရာတွင် အစားမထိုး နိုင်သေးချေ။ ကျန်းကျိုးမြို့၏ များစွာသော သူဌေးကြီးများမှာ ချန်းဖန်အား ကျန်းပေ့၏ အရှင်သခင် အဖြစ် မှတ်ယူနေကြတုန်း ဖြစ်သည်။

"မင်းက ချန်းပေ့ရွှမ်းလား ... ဒါဆို မင်းက ဆိုက်ဘေးရီးယားမှာ သေသွားတာ မဟုတ်ဘူးလား ... နျူကလိယဗုံး ပေါက်ကွဲမှု အောက်ကနေ မင်း ဘယ်လို လွတ်ခဲ့တာလဲ ..."

ဆရာဟောင်က ချန်းဖန်အား မယုံကြည်နိုင်စွာ ကြည့်ရင်း မေးလိုက်၏။

"စကားများလိုက်တာ ..."

ချန်းဖန်က မျက်မှောင်ကြုတ်လိုက်သည်နှင့် အဝါရောင် ကျောက်မျက်က စတင် တုန်ခါလာခဲ့သည်။

ရုတ်တရက်ပင် ရွှေရောင် အလင်းတစ်ခုက ကျောက်မျက် အတွင်းမှ ထွက်ပေါ်လာကာ ဆရာဟောင်ထံ ပျံသန်းသွားသည်။ ဆရာဟောင်မှာ ချက်ချင်းပင် ရှောင်တိမ်းရန် ကြိုးစားသော်လည်း မလွတ်ချေ။ ခဏအတွင်းမှာပင် သူ၏ ခန္ဓာကိုယ်မှာ အလင်းတန်း၏ ဝါးမျိုမှုကို ခံလိုက်ရတော့သည်။

ထိုမြင်ကွင်းအား ကြည့်ရင်း သခင်ကြီးဝူ၏ ခန္ဓာကိုယ်မှာ တဆတ်ဆတ် တုန်ယင်လာခဲ့သည်။ ချန်းဖန်က သခင်ကြီးဝူ၏ ရှေ့နားသို့ လျှောက်လာကာ သူ၏ ဦးခေါင်းအား လက်ဖြင့် ကိုင်လိုက်၏။

သခင်ကြီးဝူထံမှ အချက်အလက်များကို ဝိညာဉ် ရှာဖွေခြင်း နည်းစနစ်ဖြင့် ရယူပြီးသည်နှင့် ချန်းဖန်က ထိုအဘိုးအို၏ လည်ပင်းကို လက်ဖြင့် ရိုက်ကာ အဆုံးသတ် ပေးလိုက်သည်။

"ငါ့ကို သစ္စာဖောက်တဲ့ လူတွေ အတွက် အပြစ်ဒဏ်က သေခြင်းတရားပဲ ..."

ထို့နောက် ချန်းဖန်က ကျင်းကျိုးမြို့မှ ထွက်ကာ ကျန်းပေ့၏ အခြားမြို့များဆီသို့ ဦးတည်လိုက်တော့၏။

"ကျန်းပေ့က တကယ်ပဲ ငါ့အပေါ် လျင်လျင်မြန်မြန် ပြောင်းလဲသွားတာပဲ ..."

သခင်ကြီးဝူထံမှ ရရှိလာသော အချက်အလက်များအား သေချာ စစ်ဆေးပြီးနောက် ချန်းဖန်၏ ဒေါသများမှာ အလိပ်လိုက် ထလာခဲ့သည်။

"ကျိုးထျန်းဟို၊ လျှိုကောတုန်း၊ ဟန်ထျန်းရှန် နောက် တတိယ သခင်ကြီးဝေ့ ... မင်းတို့အားလုံး ငါ့ကို သစ္စာဖောက်ခဲ့ကြတယ် ... ဘယ်လောက်တောင် စိတ်ပျက်ဖို့ ကောင်းလိုက်သလဲ ... ဝေ့မိသားစုက တစ်ယောက်ယောက် ဒီကိစ္စမှာ ပါလိမ့်မယ်လို့ ငါ လုံးဝ မထင်ခဲ့မိဘူး ..."

ချန်းဖန်၏ မျက်လုံးနှစ်ဖက်၌ အေးစက်သော အလင်းတစ်ခုက လင်းလက်လာခဲ့သည်။ သူကား ပြိုင်ဘက်ကင်း အမြန်နှုန်းကို သုံးကာ မြို့များစွာကို မိနစ်ပိုင်းအတွင်း ဖြတ်ကျော်လာခဲ့သည်။

ဆယ့်ခုနစ်မိနစ် အကြာ၌ ...

ချန်းဖန်မှာ ချင်းရွှေမြို့သို့ ရောက်ရှိကာ လျှိုကောတုန်းကို သတ်ဖြတ်ခဲ့သည်။

နာရီဝက် အကြာ၌ ...

ချန်းဖန်မှာ ထျန်းဟယ်မြို့သို့ ရောက်ရှိကာ ဟန်ထျန်းရှန်ကို သတ်ဖြတ်ခဲ့သည်။

ငါးဆယ့် သုံးမိနစ် အကြာ၌ ...

ချန်းဖန်မှာ ယွင်ဟိုင်မြို့သို့ ရောက်ရှိကာ ကျားခေါင်းချမ်းကို သတ်ဖြတ်ခဲ့သည်။

တစ်နာရီ ဆယ့်ခုနစ်မိနစ် အကြာ၌ ...

ချန်းဖန်မှာ ရှု့အို၏ ဆက်ခံသူ ရှု့လုံကို သတ်ဖြတ်ခဲ့ကာ ဟိုင်ကျိုးမြို့ထဲမှ ပြန်ထွက်လာခဲ့သည်။

ထို့အပြင် ရှု့လုံ၏ ခြံဝန်း အတွင်းရှိ လူတစ်ရာကျော်ကိုပါ သတ်ဖြတ်ကာ ထိုနေရာကို သွေးချောင်းစီး စေခဲ့သည်။

ရှု့လုံကား ရှု့အို၏ မွေးစားသား ဖြစ်သည်။ ရှု့လုံမှာ ငယ်ရွယ်စဉ်ကပင် အောင်မြင်မှုကို အရူးအမူး တမ်းတသူ ဖြစ်သည်။ ရှု့အို အသက်ရှင်စဉ်က ရှု့လုံးမှာ ရှု့အို၏ အယုံကြည်ရဆုံး ညာလက်ရုံး ဖြစ်ခဲ့သည်။ သို့သော်လည်း ရှု့အိုအား သစ္စာဖောက်မှုနှင့် အတူ သူ၏ အသက်မှာလည်း ဆုံးရှုံးခဲ့ရပြီ ဖြစ်သည်။

ချန်းဖန်က ရှု့လုံအား ရိုးရိုးတန်းတန်း မသတ်ဖြတ်ပဲ ရွှေရောင်လီ မျက်လုံးကို အသုံးပြု၍ သူ၏ ဝိညာဉ်ကို တဖြည်းဖြည်းချင်း လောင်ကျွမ်းစေခဲ့သည်။ ထို့နောက် ရှု့လုံ၏ အသက် သေဆုံးသည်အထိ အရသာခံကာ ကြည့်ရှုခဲ့သည်။

"မိတ်ဆွေဟောင်းကြီး ... ခင်ဗျားအတွက် ကျွန်တော် လက်စားချေပြီးပါပြီ ..."

ချန်းဖန်က နောက်သို့ လှည့်ရင်း မီးတောက်မီးလျှံများ တောက်လောင်နေသည့် ရှု့စံအိမ်ကို ငေးကြည့်လိုက်၏။

"လင်းတရှန်ကို သတ်ပြီး အရာရာကို ကျွန်တော် အဆုံးသတ် ပေးပါ့မယ် ... စိတ်မပူပါနဲ့ ... ဖေးဖေးကို ကျွန်တော် ဂရုစိုက်ပေးပါ့မယ် ..."

ချန်းဖန်က တီးတိုးရေရွတ်ပြီးနောက် အဝါရောင် ကျောက်မျက် အတွင်းမှ ဝိုင်အချို့ကို ထုတ်ကာ မြေပြင်ပေါ်သို့ သွန်းလောင်းလိုက်၏။

ထို့နောက် ရှု့စံအိမ်ကို ကျောခိုင်းရင်း မြောက်အရပ် စူးစူးသို့ ဦးတည်လိုက်၏။ ထိုအရပ်၌ ချူကျိုးမြို့ ရှိသလို လင်းတရှန်လည်း ရှိနေပေသည်။

***

ကျန်းပေ့နယ်၊ ချူကျိုးမြို့၊ တော်ဝင်သစ်သား ခြံရာ ...

တော်ဝင်သစ်သား ခြံရာမှာ ချူကျိုးမြို့၏ ဈေးအကြီးဆုံး ခြံရာဖြစ်ကာ ဝမ်ရုန် လုပ်ငန်းစုမှ ပိုင်ဆိုင်ခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း ရှန်းမိသားစု ကျဆုံးချိန်မှ စ၍ ထိုခြံရာအား တတိယ သခင်ကြီးဝေ့မှ ဝယ်ယူခဲ့သည်။

အချိန်ကား သန်ခေါင်ယံသို့ ရောက်နေပြီ ဖြစ်၏။

သည်းလွန်းသော မိုးကား အလိုက်ကမ်းဆိုး မသိ ရွာသွန်းနေတုန်းပင်။ လူများစွာမှာမူ သူတို့၏ ခုတင်များထက်၍ အိပ်မောကျ နေကြ၏။

သို့သော်လည်း တော်ဝင်သစ်သား ခြံရာ အတွင်းရှိ အဆောက်အဦ တစ်ခုတွင်မူ လူနှစ်ယောက်မှာ မျက်နှာချင်းဆိုင် ထိုင်ရင်း စကားပြော နေကြ၏။

သူတို့နှစ်ယောက်၏ ဘေးတွင်မူ အနက်ရောင်ဝတ်စုံ ဝတ်ဆင်ထားသော လူတစ်စု ရပ်နေခဲ့၏။ သူတို့၏ ရင်ဘတ်တွင်မူ လခြမ်းသဏ္ဌာန် အမှတ်အသား တစ်ခုကို ရေးထိုးထားသည်။ ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော အရှိန်အဝါများ အရ ထိုလူအုပ်စုမှာ အတွင်းအား ပညာရှင်များ ဖြစ်ကြောင်း သိသာနေသည်။

သူတို့ကား ဟောင်ဂိုဏ်း၏ အထူးတပ်ဖွဲ့ဖြစ်သော "အမှောင်လမင်း" မှ တိုက်ခိုက်ရေး သမားများပင်။

"ဆရာကြီးလင်း ... ကျေးဇူးတင်ပါတယ်ရှင် ... ကျွန်မတို့ ကျန်းပေ့ တစ်နယ်လုံးကို ထိန်းချုပ်နိုင်ခဲ့ပြီ ... ဟောင်ဂိုဏ်းက ဆရာကြီးလင်းရဲ့ ကျေးဇူးကို မမေ့ပါဘူး ..."

လှပသော မိန်းကလေး တစ်ယောက်က သူမရှေ့ရှိ လူကြီးအား လက်ဖက်ရည် ခွက်ကို ကမ်းရင်း ပြောလိုက်၏။

လူကြီးကား မျက်နှာသေကို ပိုင်ဆိုင်ထားသည့် ခန့်ညားသော လူတစ်ယောက် ဖြစ်သည်။ သူက အဖြူရောင် ဝတ်စုံကို ဝတ်ဆင်ထားသည်။

အကယ်၍ ချန်းဖန်သာ သူ့ကို မြင်တွေ့ရပါက လင်းထျန်းရှန်နှင့်ပင် မှားလောက်သည်။ သူကား လင်းထျန်းရှန်၏ အစ်ကို လင်းတရှန်ပင်။ သူကား တရုတ် အရှေ့တောင်ပိုင်း လင်းမိသားစု၏ အထွတ်အထိပ် ပညာရှင် တစ်ယောက် ဖြစ်သည်။

"ရပါတယ် ... အရှေ့တောင်ပိုင်း လင်းမိသားစုနဲ့ ဟောင်ဂိုဏ်းက ဘိုးဘေးဘီဘင် ခေတ်တည်းက မဟာမိတ်တွေပါပဲ ... ကျုပ်တို့ မိသားစု၊ ဂိုဏ်းတွေရဲ့ တည်ထောင်သူတွေကလည်း မိတ်ဆွေတွေပဲဟာ ... ဒီလို အသေးအဖွဲလေးကို စိတ်ထဲ ထားမနေပါနဲ့ ..."

လင်းတရှန်က လက်ဖက်ရည်ခွက်ကို လက်ခံရင်း ပြောလိုက်၏။

"ဒါပေမဲ့ ချန်းပေ့ရွှမ်းက ရုရှားတွေရဲ့ နျူကလိယ တိုက်ခိုက်မှု အောက်ကနေ လွတ်ခဲ့တယ်တဲ့ ... နောက်ပြီး လတ်တလောမှာတင် သူက ရုရှား ခြေလျင်တပ်မ ၁၁၆ ကို အနိုင်ယူခဲ့တဲ့ အပြင် ဗိုလ်ချုပ်ရှာချန်းကိုပါ သတ်ခဲ့သေးတယ် ..."

မိန်းကလေးက သက်ပြင်း တစ်ချက်ချရင်း ဆက်ပြောလိုက်၏။

"အဲဒါကြောင့်ပဲ အထက်က ကျွန်မတို့ကို ပြန်ခေါ်နေပြီ ... သူတို့က ချန်းပေ့ရွှမ်း ပြန်ရောက်လာတာကို ကြောက်နေပုံ ပေါ်တယ် ..."

မိန်းကလေး၏ အမည်မှာ ကျန်းယင်းယွဲ့ဖြစ်ပြီး သူမကား အမှောင်လမင်း အဖွဲ့၏ ခေါင်းဆောင် ဖြစ်သည်။

"ခေါင်းဆောင်ကျန်း ... စိတ်မပူပါနဲ့ ..."

အဖြူရောင် ဝတ်စုံဝတ် လင်းတရှန်က ပြုံးရင်း ပြောလိုက်၏။

"ချန်းပေ့ရွှမ်းက ရုရှား ဗိုလ်ချုပ် တစ်ယောက်ကို သတ်ခဲ့တဲ့အပြင် ခြေလျင်တပ်မ ၁၁၆ ကိုပါ အနိုင်ယူခဲ့တယ် ... ရုရှားတွေက သူ့ကို အသက်ရှင်လျက် ပြန်လွှတ်မယ် ထင်နေတာလား ..."

"ကျုပ်ကြားတာကတော့ ချန်းပေ့ရွှမ်းက မော်စကိုကို သွားနေတယ် တဲ့ ... အနှေးနဲ့ အမြန် နူကလိယဗုံး ဒါမှမဟုတ် ဝံပုလွေ သွေးနှောတွေကြောင့် သူ သေမှာပဲ ... သူက သူ့ကိုသူ ဘာထင်နေတယ် မသိဘူး ... ချန်းပေ့ရွှမ်း မပြောနဲ့ ... ကျုပ်တို့ရဲ့ ခေါင်းဆောင်ကြီးတောင် မဟာ အင်အားကြီးနိုင်ငံ တစ်နိုင်ငံကို မဆန့်ကျင်နိုင်ဘူး ... သူက သေလမ်းကို လျှောက်နေတာပဲ ..."

လင်းတရှန်းက နှာခေါင်းရှုံ့ရင်း ဆက်ပြောလိုက်၏။

"နောက်ပြီး သူရုရှားကနေ ကံကောင်းလို့ လွတ်လာရင်တောင် တရုတ်မှာ တစ်ပတ်၊ နှစ်ပတ်လောက် ပုန်းနေရဦးမှာ ... ငါတို့မှာ ပြင်ဆင်ချိန် ရှိပါသေးတယ် ..."

သူ၏ စကားလုံးများက ဓားသွားကဲ့သို့ ထက်မြက်ကာ ယုံကြည်ချက် ရှိခြင်းများ ပေါ်လွင်နေသည်။

ကျန်းယင်းယွဲ့က လင်းတရှန်၏ စကားကို စိတ်ဝင်စားသွားသည်။ သူမက ပင့်သက်ရှိုက်ရင်း မေးလိုက်၏။

"ရုရှားကို တန်ခိုးရှင် အဆင့်တွေက တကယ်ပဲ စိုးမိုးနေတာလား ..."

လင်းမိသားစုမှာ တရုတ် အရှေ့တောင်ပိုင်းတွင် တည်ရှိပြီး လွန်ခဲ့သည့် နှစ်ရာချီမှ စ၍ တရုတ်၏ အစွမ်းအထက်ဆုံး မိသားစုကြီး ဖြစ်ခဲ့သည်။ သို့သော်လည်း လင်းမိသားစု၏ တည်ရှိမှုမှာ လျှို့ဝှက်ရာ မည်သူမျှ မသိကြချေ။ ဟောင်ဂိုဏ်း တစ်ခုသာ လင်းမိသားစု၏ ပုန်းကွယ်နေသော အစစ်အမှန် အင်အားကို သိရှိသည်။

"ရုရှားက အမေရိက ပြီးရင် အင်အား အကြီးဆုံး နိုင်ငံပဲဟာ ... ဒါပေါ့ ... သူတို့မှာ တန်ခိုးရှင် အဆင့်တွေ ရှိတာပေါ့ ..."

လင်းတရှန်က တစ်လုံးချင်း ပြောလိုက်၏။

"သွေးဝံပုလွေ ဘုရင် အိုလက်ဆိုရင် ဥရောပနဲ့ အရှေ့တောင် အာရှကို သူ့ရှေ့မှာ ဒူးထောက်စေခဲ့တယ် ... ဗီယက်နမ် စစ်ပွဲ အတွင်းမှာ ဆိုရင် အမေရိကန်က စစ်အင်အား တစ်သောင်းအထိ လွှတ်ခဲ့ပေမဲ့ သူရဲ့ ကူညီမှုအောက်မှာ ရှုံးနိမ့်ခဲ့တယ် ... ယန်ကီးတွေက သူ့ကို နျူကလိယနဲ့ တိုက်ခိုက်ဖို့ အထိ တွေးခဲ့ပေမဲ့ ရုရှားတွေကို ကြောက်လို့ နောက်ဆုတ်ခဲ့ရတယ် ..."

"ကျုပ်တို့ ခေါင်းဆောင်ကတောင် အိုလက်ကို သိုင်းပညာ ပါရမီရှင်လို့ ချီးကျူးခဲ့တယ် ... သူက မွေးရာပါ စွမ်းအားရှင်ပဲ ... ဒါပေမဲ့ သိုင်းပညာ လမ်းစဉ်ကို လျှောက်လှမ်းပြီး တန်ခိုးရှင် အဆင့်ကို တက်လှမ်းနိုင်ခဲ့တယ် ... သိုင်းပညာ လမ်းစဉ်ကနေ တန်ခိုးရှင် အဆင့်ကို တက်လှမ်းခဲ့တာ ဆိုလို့ တစ်ကမ္ဘာလုံးမှာ ကျုပ်တို့ ခေါင်းဆောင်ရယ်၊ ရဲ့မိသားစုက တစ်ယောက်ရယ်နဲ့ အိုလက်ရယ်ပဲ ရှိတယ် ..."

လင်းတရှန်၏ မျက်လုံးများက လေးစားမှုဖြင့် လင်းလက် တောက်ပနေသည်။

"ရဲ့မိသားစုက တစ်ယောက် ... ဆရာကြီးလင်း ပြောတာ ခွန်းလွန်က ဗိုလ်ချုပ်ရဲ့လား ..."

ကျန်းယင်းယွဲ့က အံ့အားသင့်စွာ ပြန်မေးလိုက်၏။

***

All Chapters