သူမအတွက် မဝယ်လာခဲ့ဘူး
Vol. 6 Ch. 79
အဘိုးကြီးချိုးက ကျိရွှေရှန့်ကို ဝမ်းသာအားရ မေးလိုက်သည်။ ကျိရှောင်ယင်က ရထားလုံး၏ ကန့်လန့်ကာကို ဖွင့်လိုက်ပြီး စနောက်သည့်ဟန်လေးဖြင့် အဘိုးချိုးအား လှမ်းပြောလိုက်သည်။
“လှည်းနှစ်စီးတင် မကဘူး။ ရထားလုံးလည်း ရှိသေးတယ်!"
ကျိရှောင်ယင် ရထားလုံးပေါ်မှ ခုန်ဆင်းလာသည်ကို မြင်လိုက်သော်လည်း ရွာလူကြီးချိုးက သူမကို ချက်ချင်း မမှတ်မိသေးပေ။ ‘သူ့ရှေ့က ယောက်ျားလေး အဝတ်အစားတွေ ဝတ်ထားတဲ့ ဒီလူငယ်လေးက ဘာလို့ ဒီလောက်ရင်းနှီးနေရတာလဲ?’ ဟုသာ သူတွေးနေခဲ့ပြီး နောက်ဆုံးတွင် ကျိရှောင်ယင်၏ အသံကို ကြားလိုက်ရမှသာလျှင် အဘိုးအိုက သူမကို မှတ်မိနိုင်ခဲ့သည်။
“ဒါ… အဲဒါက ဘယ်လောက်တောင်ပေးရလဲ?”
ထို့နော်ကတွင် ရွာလူကြီးချိုးက သူ့မြေးကို ဒေါသတကြီး လှမ်းမေးလိုက်သည်။ "မင်း ငွေတွေကို ဒီလို သုံးနေတာလား?”
သူ တာဝန်ယူရချိန်မှာ ငွေတွေကို ဒီလိုမျိုး လျောက်သုံးနေတာလား?
ချိုးယုံခန်းက သူ့အဖိုးကို ကူတွဲပေးရင်း ရှင်းပြလိုက်သည်။
“အဘိုး၊ ဒီရထားလုံးကို မိန်းခလေးစူး ဝယ်ခဲ့တာပါ။ ကျွန်တော်တို့ရွာနဲ့ ဘာမှ မဆိုင်ဘူး”
“အိုး၊ ဒါဆိုရင်တော့ အဆင်ပြေတယ်”
စူးချင်းက ရထားလုံးကို သူမဘာသာ ဝယ်ခဲ့သည်ဟု ကြားလိုက်ရပြီး သူတို့၏ပိုက်ဆံများ မကုန်သွားသောကြောင့် အဘိုးအိုက သူ့မြေးကို ဆက်မဆူပူတော့ပေ။ စူးချင်းက ချမ်းသာကြောင်း အဘိုးအိုက သိနေပြီး သူမလိုချင်သမျှကို သူမပိုက်ဆံဖြင့် ဝယ်နိုင်သည်ဟုသာ သူ တွေးလိုက်သည်။
သူမ လိုချင်တာကို သူမ စိတ်ကြိုက်ဝယ်လို့ရတယ်။ သူတို့မှာ သူမကို ထိန်းချုပ်ဖို့ အကြောင်းအရင်း မရှိဘူး။
ချိုးယွဲ့က မနာလိုစိတ်ဖြင့် လက်သီးဆုပ်လိုက်ပြီး သူမ၏ချွန်ထက်သော လက်သည်းများက သူမ၏ နုနယ်သည့် လက်ဖဝါးများအတွင်းသို့ နက်နက်ရှိုင်းရှိုင်း ထိုးဖောက်ဝင်ရောက်သွားသည်။
သူမ လမ်းလျှောက်နေရတဲ့အချိန်မှာ စူးချင်းက ဘာလို့ ဒီလောက်ကောင်းတဲ့ ရထားလုံးပေါ်မှာ ထိုင်နိုင်ရတာလဲ?
လီရွှမ်းအာနှင့် အခြားသူများကတော့ စူးချင်းနှင့် ကျိရှောင်ယင်တို့၏အနားသို့ ရောက်လာကြပြီး သူမတို့ကို ပျော်ပျော်ရွှင်ရွှင် ဝိုင်းရံလိုက်ကြသည်။
"အစ်မစူး၊ အစ်မက ယောက်ျားလေးဝတ်စုံနဲ့လည်း ကြည့်ကောင်းတယ်"
လီရွှမ်းအာက သူမ၏အစ်ကိုကဲ့သို့ပင် စူးချင်းကို လေးစားသူ ဖြစ်သည်။ စူးချင်း ယောက်ျားလေး အဝတ်အစားများ ဝတ်ထားသည်ကို မြင်သောအခါ သူမက စူးချင်း အလွန်ချောမောသည်ဟု ခံစားနေမိပြီး သူမလည်း စူးချင်းကဲ့သို့ ခပ်မိုက်မိုက်လေး ဖြစ်ချင်နေသည်။
“မင်းတို့အားလုံးအတွက်လည်း ယောက်ျားလေးဝတ်စုံတွေ ငါ ဝယ်လာခဲ့တယ်။ ခနနေရင် ရထားလုံးထဲဝင်ပြီး အဝတ်လဲလိုက်ကြတော့။ နောက်ပြီး နောက်ဆိုရင် ကြမ်းတမ်းတဲ့ လေသံနဲ့ စကားပြောနိုင်အောင် ကြိုးစားကြ”
စူးချင်းက ရထားလုံးကို ညွှန်ပြပြီး ကောင်မလေးများကို အထဲဝင်စေကာ အဝတ်လဲခိုင်းလိုက်သည်။ သူမက အကြောင်းပြချက်ကို မရှင်းပြသောကြောင့် မိန်းကလေးများက စူးချင်း သူမတို့ကို ယောက်ျားလေးအဝတ်အစား လဲဝတ်ခိုင်းခြင်းအပေါ် နားမလည်နိုင်ဘဲ တစ်ယောက်ကို တစ်ယောက် ကြည့်နေကြသည်။
"ယောက်ျားလေး အဝတ်အစားတွေ ပြောင်းဝတ်ခိုင်းတာလား?"
ရွာလူကြီးချိုးကတော့ မနေနိုင်ဘဲ စူးချင်းကို လှမ်းမေးလိုက်သည်။ "မိန်းခလေးစူး၊ ဘာလို့ ရုတ်တရက်ကြီး အဝတ်တွေ လဲခိုင်းရတာလဲ?”
“အဘိုးချိုး၊ အစ်မစူးနဲ့ ကျွန်မ မြို့ထဲမှာ လူဆိုးတချို့နဲ့ တွေ့ခဲ့တယ်။ ယောကျာ်းလေးလိုဝတ်တာက ပိုလုံခြုံတယ်"
ကျိရှောင်ယင်က ကြောက်လန့်တကြား အမူအရာဖြင့် အဘိုးကြီးချိုးကို ပြောပြလိုက်သည်။ အဘိုးကြီးက ထိုကိစ္စကို အသေးစိတ် မမေးရသေးသော်လည်း သူမ၏အမူအရာကို ကြည့်ပြီး ပြသနာက ပြင်းထန်မှန်း နားလည်သွားခဲ့သည်။
“မိန်းခလေးစူးရဲ့ အကြံပြုချက်က အရမ်းကောင်းတယ်။ မင်းတို့အားလုံး အဝတ်အစားတွေ မြန်မြန်လဲဝတ်လိုက်ကြ"
ရွာလူကြီးချိုးက အမိန့်ပေးလိုက်သောကြောင့် မိန်းကလေးများ အားလုံးက ရထားလုံးပေါ်သို့ တက်ရန် တန်းစီလိုက်ပြီး အဝတ်အစားလဲရန် ပြင်ဆင်နေကြသည်။ စူးချင်းက သူမတို့ဝတ်ရန် သင့်တော်သည့် အရွယ်အစားသေးငယ်သော အဝတ်အစားများကို ဝယ်ယူခဲ့သည်။ သို့သော်လည်း သူမတို့အားလုံးက အဆင်မပြေသလို ဖြစ်နေခဲ့ကြသည်။
တကယ်တော့ သူမတို့က အမျိုးသမီးအဝတ်အစားတွေကို ဝတ်လာတာ ဆယ်နှစ်ကျော်ပြီလေ။ အခုယောက်ျားလေးအဝတ်အစားတွေကို ချက်ခြင်း ပြောင်းဝတ်လိုက်ရတာက ဘယ်လိုအဆင်ပြေနိုင်ပါ့မလဲ?
ထောင်ဟွားဝူအဖွဲ့တွင် ရှိနေသည့် မိန်းမပျိုများအားလုံးက ယောက်ျားလေးအဝတ်များ ပြောင်းဝတ်ခဲ့ကြသော်လည်း ချိုးယွဲ့ကတော့ ဘာပဲဖြစ်ဖြစ် ပြောင်းဝတ်ရန် ငြင်းဆန်နေခဲ့သည်။
သူမက ဒီလိုရုပ်ဆိုးတဲ့အဝတ်အစားတွေကို မဝတ်ချင်ဘူးလေ။ မိန်းမငယ်လေးတစ်ဦးက ဘာကြောင့် ယောက်ျားလေးလို ဟန်ဆောင်ရမှာလဲ?
"ချိုးယွဲ့၊ မင်းက ဘာလို့ ဒီလောက်တောင် မသိတက်ရတာလဲ? စူးချင်းက မင်းရဲ့အကျိုးအတွက် လုပ်ပေးနေတာ"
ရွာလူကြီးချိုးက အလွန်ဒေါသထွက်နေပြီး သူ့မြေးမလေးကို စိတ်ပျက်လက်ပျက် ကြည့်နေလေသည်။ ချိုးယွဲ့က ဥာဏ်ရည်ထက်မြက်ကာ နူးညံ့သိမ်မွေ့သည်ဟု သူ ထင်ခဲ့ဖူးသော်လည်း အပြင်သို့ ရောက်လာချိန်တွင် သူမက သူမ၏အရိုးထဲမှ ပုန်ကန်နေပြီး သူမ၏နူးညံ့ပျော့ပျောင်းမှုက အပေါ်ယံသာ ဖြစ်ကြောင်း သူ သိလိုက်ရသည်။
ချိုးယွဲ့က သူမ၏အဖိုးနှင့် ငြင်းခုံနေချိန်တွင် စူးချင်းက အေးစက်စွာ ဝင်ပြောလိုက်သည်။
"အဖိုး၊ ကျွန်မ သူ(မ)အတွက် မဝယ်လာခဲ့ဘူး"
ရွာလူကြီးချိုးက စူးချင်းကို တွေတွေကြီး စိုက်ကြည့်နေသော်လည်း သူ့မြေးမလေး ဘာလုပ်ခဲ့သည်ကို ပြန်တွေးလိုက်မိသောအခါ စူးချင်းက သူ့မြေးမလေးကို ဂရုမစိုက်ကြောင်း နားလည်လိုက်သည်။ ထို့အပြင် သူမက သူမ၏ကိုယ်ပိုင်ငွေကို သုံးစွဲခဲ့သောကြောင့် သူမကို အချိန်တိုင်း ဆန့်ကျင်နေသူတစ်ဦးအား ဂရုစိုက်နေစရာ မလိုပေ။
"အဖိုး၊ အဖိုးက ကိုယ့်ကိုကိုယ် ဥာဏ်ရှိတယ်လို့ ထင်နေတာလား?"
စူးချင်းက သူမစကားကို ကြားသွားပြီး သူမကို ထပ်အပြစ်ပေးမည်ကို စိုးရိမ်နေသောကြောင့် ချိုးယွဲ့က ကျယ်လောင်စွာ မပြောရဲပဲ သူမ အဘိုး ကြားရုံသာ တိုးတိုးလေး ပြောလိုက်သည်။
“မင်း၊ မင်း၊ မင်း အနှေးနဲ့အမြန် ဒုက္ခရောက်လိမ့်မယ်၊ အဖွဲ့နဲ့ခွဲပြီး တစ်ယောက်တည်း မနေမိဖို့ သတိထားနေ"
ရွာလူကြီးချိုးက သက်ပြင်းချလိုက်သည်။ ဤအချိန်က အရေးကြီးသောကာလ ဖြစ်နေသည်ကို သူ့၏မြေးဖြစ်သူအား သတိပေးရမည် ဖြစ်သည်။
စူးချင်းလောက် အစွမ်းထက်တဲ့သူတစ်ယောက်တောင်မှ ဒီလိုဒုက္ခမျိုးတွေကို ကြုံခဲ့ရတယ်။ သူ့မြေးမလေးလို ဘာမှ မစွမ်းဆောင်နိုင်တဲ့သူဆိုရင် အန္တရာယ်တစ်ခုခု ကြုံလာတာနဲ့ ပြေးလို့တောင် လွတ်နိုင်မှာ မဟုတ်ဘူး။
ချိုးယွဲ့က ခေါင်းညိတ်သဘောတူလိုက်သည်။ ရွာက မိန်းမပျိုလေးတွေအားလုံး ယောကျာ်းဝတ်တွေ ၀တ်ထားကြပြီး မိန်းခလေးလို ၀တ်ထားတာက သူမ တစ်ယောက်တည်းလေ။ ဒီလိုရုပ်ဆိုးတဲ့ ယောကျာ်းလေးဝတ်စုံကို မဝတ်ရရင် အဆင်ပြေသွားပြီ။ ပြီးတော့ သူမမှာ ရည်ရွယ်ချက် နည်းနည်းပါးပါး ရှိသေးတယ်။ အဲဒါက အခု သူမက ဒီကြက်အုပ်စုထဲမှာ ပေါ်လွင်နေတော့မှာ မဟုတ်ဘူးလား?
အစိမ်းရောင်အရွက်တွေနဲ့ အားဖြည့်ပေးမှ အနီရောင်ပန်းက ပိုလှပတာလေ။ သူမတို့က သူမအတွက် အစိမ်းရောင်အရွက်တွေ ဖြစ်လာကြပြီ။
"ငါတို့ ဒီကနေ မြန်မြန်ထွက်သွားရအောင်"
ကျိရွှေရှန့်နှင့် လီတာ့နျိုတို့က လှည်းများကို ဆွဲသွားပြီး မြင်းများဆီသို့ သွားလိုက်ကြသည်။ မူလက မြင်းများ၏ကျောပေါ်တွင် ရှိနေသော ပစ္စည်းများကို လှည်းပေါ်တွင် နေရာချလိုက်ပြီး မြင်းများကို လှည်းဆွဲရန် တပ်ဆင်လိုက်သည်။ ထိုအရာက ရိုးရှင်းပြီး သူတို့အတွက် ပိုသက်သာစေသည်။
သူတို့ ပြင်ဆင်ပြီးချိန်တွင် မိန်းခလေးများအားလုံး အဝတ်အစား လဲပြီးကြပြီ ဖြစ်ပြီး ချိုးယွဲ့နှင့် စူးချင်းကြားမှ ငြင်းခုံသံကိုလည်း သူတို့ မကြားလိုက်ရပေ။ ယောက်ျားလေးကဲ့သို့ ဝတ်ဆင်ကာ ရုပ်ဖျက်ထားသည့်အထဲတွင် ချိုးယွဲ့ မပါကြောင်းကို မြင်လိုက်သောအခါ ကျိရွှေရှန့်၏မျက်လုံးများက တောက်ပလာသည်။ စူးချင်းက သူမအတွက် တစ်စုံတစ်ခုမျှ ယူဆောင်လာမည် မဟုတ်ကြောင်း သူ နားလည်နေသည်။
ကျိရွှေရှန့်က စူးချင်းနှင့် ရက်အနည်းငယ်သာ ပြောဆိုဆက်ဆံခဲ့သော်လည်း သူက သူမ၏ စရိုက်ကို ကောင်းစွာ နားလည်နေပြီဟု ဆိုရပေမည်။
"ကောင်းပြီ သွားကြစို့!"
အခြားဘေးဒုက္ခသည်များတွင် စားနပ်ရိက္ခာပင် မရှိသော်လည်း သူတိူ့တွင် လှည်းသုံးစီးရှိသည်။ သူတို့ ဆက်နေလျင် သူတို့က အခြားသူများအတွက် ဝေဖန်စရာ ပစ်မှတ်ဖြစ်လာပေလိမ့်မည်။ ထို့ကြောင့် တတ်နိုင်သမျှ အမြန်ဆုံး ထွက်ခွာခြင်းက ပိုကောင်းလမ့်မည်ဟု ရွာလူကြီးချိုးက တွေးနေခဲ့သည်။
"ကျွန်တော်တို့ လမ်းကြောင်းကို ပြောင်းပြီး ကျင့်ရှီလျိုမြောင်ကို ကွေ့ဝိုက်သွားရတော့မယ်"
ကျိရွှေရှန့်က ရွာလူကြီးချိုးအား အသံတိုးတိုးဖြင့် သတင်းပို့လိုက်သည်။ ထောင်ဟွားဝူတွင် ဤအဘိုးအိုက အလွန်လေးစားခံရသူဖြစ်သောကြောင့် သူနှင့် ဆွေးနွေးတိုင်ပင်ရန် လိုအပ်နေသေးသည်။
"ရတယ်၊ မင်း ကောင်းတယ်ထင်သလို ဆုံးဖြတ်လိုက်ပါ"
ရွာလူကြီးချိုးက ကျိရွှေရှန့်ကို အကြွင်းမဲ့ ယုံကြည်နေပြီး သူတို့၏လမ်းကြောင်း ပြောင်းလိုက်ရသည့် အကြောင်းကိုပင် မမေးတော့ပေ။
ကျိရွှေရှန့်က သိုးသားရေလိပ်ကို ထုတ်ယူလိုက်သည်။ စူးချင်းက တသ်ချက်လှမ်းကြည့်လိုက်ပြီး ထိုအရာက တာ့ရှားတိုင်းပြည်၏မြေပုံတစ်ခု ဖြစ်နေသည်ကို မြင်လိုက်ရသည်။ ထိုမြေပုံက အသေးစိတ် ရေးဆွဲထားသည့် မြေပုံဖြစ်သော်လည်း ကျိရွှေရှန့်က ထိုမြေပုံကို မည်သည့်နေရာမှ ရခဲ့သည်ကို သူမ မသိနိုင်တော့ပေ။
သို့သော်လည်း ကျိရွှေရှန့်၏ သွယ်လျသောလက်ချောင်းများက သိုးသားရေလိပ်ပေါ်တွင် လူးလားခေါက်ပြန် ပြေးလွှားနေပြီး၊ သူ၏နက်ရှိုင်းသော အသံက ဝိုင်ပြင်းပြင်းကို သောက်ရသလို ဆွဲမက်ဖွယ် ကောင်းနေခဲ့သည်။
"ကျွန်တော်တို့ ထျဲကြွယ်တောင်ကို ပတ်ပြီး လျန့်ချန်ကို သွားမယ်။ လျန့်ချန်ကနေမှတဆင့် ကျန်းချန်ကို သွားကြမယ်။ အဲဒီမှာ မြေကြီးနဂါး မရှိဖို့တော့ ကျွန်တော် မျှော်လင့်မိတယ်၊ အဲ့တာဆိုရင် တောင်ပေါ်လမ်းက ပိတ်ဆို့နေမှာ မဟုတ်ဘူး။
စူးချင်းက ကျိရွှေရှန့်ကို ကြည့်နေခဲ့သည်။ သူ့မျက်ခုံးက တိတိကျကျ ပုံပေါ်ထားသလို ဖြစ်နေပြီး သူ့မျက်လုံးများက တစ်ခုခုကို လေးလေးနက်နက် အာရုံစူးစိုက်နေသည်။ လက်ရှိအချိန်တွင် သူ့၏ဘေးတိုက်နေရာမှ နေရောင်ခြည်က သူ့ကိုယ်ပေါ်သို့ ဖြာကျနေသောကြောင့် သူ၏ ဖြောင့်စင်းသော နှာခေါင်းရိုးကို တိကျသော ကောက်ကြောင်းများ အနားကွပ်ထားပြီး သူ၏ မုတ်ဆိတ်မွေးထူထူနှင့် တွဲလိုက်လျှင် ကြမ်းတမ်းသောပုံပေါက်နေသော်လည်း ဘာကြောင့်မှန်းမသိ ခန့်ညားသော အရှိန်အဝါတစ်ခုကလည်း ဖုံးလွှမ်းနေသေးသည်။
"အစ်မကြီး၊ သားတို့ ရထားလုံးစီးလို့ ရလား?"
ရှောင်ဟူက ရထားလုံးဘေးတွင် ရပ်နေပြီး သူ့၏ မျက်လုံးပြူးပြူးလေးများဖြင့် စူးချင်းကို မော့ကြည့်နေသည်။ သူ့နောက်တွင် မုန်လာဥနီလေး လေးငါးလုံး ရှိနေပြီး သူတို့၏ ကြီးမားပြီး ကြည်လင်နေသော မျက်လုံးလေးများက စူးချင်းကိုသာ စိုက်ကြည့်နေသောကြောင့် စူးချင်း၏နှလုံးသားကို အရည်ပျော်သွားစေခဲ့သည်။
“ရတယ်”
စူးချင်းက ခေါင်းညိတ်လိုက်သည်။
ကလေးတွေက ကုသဖို့အတွက် အကောင်းဆုံးဆေးပါပဲ။ အများအားဖြင့်တော့ သူမက ဒီကလေးတွေ သူမကို ဝိုင်းနေပြီး “အစ်မကြီး”လို့ ခေါ်တာကို သဘောကျတယ်။ သူတို့ရဲ့ ချိုမြိန်တဲ့ နို့သံလေးတွေက သူမကို အမြဲပျော်ရွှင်စေတယ်။ ဒီကလေးတွေမှာ လူတွေအတွက် သူတို့ရဲ့ဒုက္ခတွေကို မေ့သွားအောင် လုပ်ပေးနိုင်တဲ့ မှော်ပညာတွေ ရှိတယ်။
စူးချင်း၏အဖြေကို ကြားလိုက်ရချိန်တွင် ကလေးများက အလွန်ဝမ်းသာသွားကြပြီး သူတို့၏အစ်မကြီးကို သူတို့၏အသံသာသာလေးများဖြင့် ကျေးဇူးတင်စကားပြောနေကြသည်။
"ကျေးဇူးတင်ပါတယ် အစ်မကြီး!"
စူးချင်း၏မျက်နှာက ပြန်တည်သွားပြီး "မင်းတို့ ငါ့ကို အစ်မကြီးလို့ခေါ်ရင် မင်းတို့ကို ရထားလုံးစီးခွင့် မပေးဘူး"
"ဒါဆို သားတို့က ဘယ်လို ခေါ်ရမှာလဲ?"
ရှောင်ဟူက မျက်ခုံးတွန့်သွားပြီး စိတ်ရှုပ်ထွေးနေဟန်လေးဖြင့် စူးချင်းကို မော့ကြည့်နေသည်။ သို့သော် ကလေးများက ထက်မြက်ကြပြီး အစ်မစူးချင်းက သူတို့အစ်ကိုများနှင့် တူညီသောအဝတ်အစားကို ၀တ်ထားပြီး ဆံပင်ပုံစံပင် အတူတူ ဖြစ်နေသည်ကို သူ သတိပြုမိသွားသည်။ ရှောင်ဟူက ရုတ်တရက် သဘောပေါက်သွားပြီး
"အစ်ကိုကြီးလို့ ခေါ်မယ်"
စူးချင်းက ရှောင်ဟူလေး၏ ဥာဏ်ရည်ဥာဏ်သွေးကို သဘောကျသွားသောကြောင့် သူမက ပြုံးလိုက်ပြီး ရှောင်ဟူ၏ခေါင်းလေးကို ပုတ်ပေးလိုက်သည်။
“ဟုတ်တယ်၊ ငါ့ကို အစ်ကိုကြီးလို့ ခေါ်။ ရထားလုံးပေါ်တက်ပြီး မင်းတို့ရဲ့အစ်ကို ရှောင်ယင့်ဆီမှာ မုန့်တွေ သွားယူလိုက်ကြ”
"ကျေးဇူးတင်ပါတယ် အကိုကြီး"
တခြားကလေးများက ရှောင်ဟူဆီကနေ သင်ယူပြီး တခဲနက် ဝိုင်းအော်လိုက်ကြသည်။ စူးချင်းက ရယ်မောပြီး သူတို့အားလုံးကို တစ်ယောက်ပြီး တစ်ယောက် ရထားလုံးပေါ် တင်ပေးလိုက်သည်။ ထို့နောက်တွင် သူမကိုယ်သူမ အံ့အားသင့်နေခဲ့သည်။
ငါ ဘာကြောင့် ဒီလောက်တောင် စိတ်ရှည်တက်သွားရတာလဲ???
စူးချင်းက ရှောင်ဟူတို့ကို အချိုပွဲပေးနေချင်ကြောင်း ကြားသောအခါ ကျိရှောင်ယင်က မိုးမခခြင်းတောင်း၏အဖုံးကို ဖွင့်လိုက်ပြီး အချိုပွဲအနည်းငယ်ကို ထုတ်ယူလိုက်ကာ ရထားလုံးပေါ်သို့ ရောက်လာသော ကလေးများအား ဝေပေးလိုက်သည်။
ထိုကလေးများ၏မိဘများကလည်း စူးချင်းကို အလွန်ကျေးဇူးတင်နေကြသည်။
တကယ်တော့ သူမက သူတို့ကို အများကြီး ကူညီပေးခဲ့တယ်။ မဟုတ်ရင် သူတို့က သူတို့ရဲ့သားသမီးတွေကို ကျောပေါ်တင်ပြီး သယ်ပိုးထားရလိမ့်မယ်။ ဒါတင်မကသေးဘဲ စူးချင်းက သူမ ဝယ်လာတဲ့ အချိုပွဲတွေကိုလည်း ကလေးတွေကို မျှဝေပေးနေသေးတယ်။ သူတို့အတွက်တော့ စူးချင်းက ကြင်နာတတ်တဲ့ ဘုရားလောင်းပဲ။
အဖွဲ့ကြီးက စတင်ထွက်ခွာလာခဲ့ပြီး ကျိရွှေရှန့်က အရာအားလုံးကို စီစဥ်ပြီးနောက် လမ်းပြရန် အရှေ့ဘက်သို့ ပြန်လျှောက်လာခဲ့သည်။ သူ စူးချင်း၏ရထားလုံးဘေးမှ ဖြတ်သွားချိန်တွင် စူးချင်းက သူ့ကို လှမ်းတားလိုက်သည်။