လောင်းကြေး လူ့အသက်
Vol. 8 Ch. 118
“တတိယသခင်မနဲ့ သခင်ငယ်လေးကို ကယ်တင်နိုင်သရွေ့ ဘယ်ငွေပမာဏကို မဆို ပေးဆောင်နိုင်တယ်လို့ ဆရာကြီးက အမိန့်ထုတ်လိုက်တယ်”
ထွက်သွားလုနီးပါးဖြစ်နေသော စူးချင်းက ရှောင်ဟိုင်၏နောက်ဆုံးများကို ကြားသွားပြီး တုံ့ဆိုင်းသွားခဲ့သည်။
အဲ့တာက သူမ ခုန သုံးခဲ့တဲ့ ပိုက်ဆံတွေ အားလုံးကို ပြန်ရှာစေနိုင်လိမ့်မယ်။ ပြီးတော့ တတိယသခင်မနဲ့ ကလေးကို ကယ်တင်ပေးလိုက်ရင် သူမရဲ့ဆေးပညာကျွမ်းကျင်မှုနဲ့ ကုသိုလ်ရမှတ်တွေလည်း တိုးလာလိမ့်မယ်။ ဒါက သူမလက်လွတ်မခံသင့်တဲ့ အကောင်းဆုံးအခွင့်အရေးပဲ။
"ငါ သူတို့ကို ကယ်တင်ပေးနိုင်တယ်"
စူးချင်းက မြင်းပေါ်မှ ပြန်ဆင်းလိုက်ပြီး ဆိုင်အကူထံသို့ သွားပြောလိုက်သည်။ ဆိုင်အကူက သူမကို ကြည့်နေပြီး ငိုနေသည်ထက်ပိုဆိုးသော အပြုံးဖြင့်
“သခင်လေး၊ ဟာသမလုပ်ပါနဲ့၊ ဒါက ဘဝရဲ့ သေခြင်း ရှင်ခြင်းတွေနဲ့ သက်ဆိုင်တာပါ၊ ဘဝနှစ်ခုပါ”
"ငါ သူတို့ကို ကယ်တင်ပေးနိုင်တယ်"
စူးချင်းက သူ့ကို ကြည့်ကာ တည်ငြိမ်စွာဖြင့် ထပ်ပြောလိုက်သည်။ စူးချင်း၏ ယုံကြည်မှုရှိနေပြီး တည်ငြိမ်သောအသွင်အပြင်က နောက်ပြောင်နေပုံမပေါ်ကြောင်း ဆိုင်လက်ထောက်က ယုံကြည်လာသည်။
ဘာပဲဖြစ်ဖြစ် ရှောင်ဟိုင်ကလည်း သမားတော် သွားခေါ်နေပြီဆိုတော့ သခင်မကို ကြည့်ခိုင်းဖို့ ဒီလူငယ်လေးကို နောက်ဖေးခြံဝင်းကို ခေါ်သွားလိုက်မယ်။ တတိယသခင်မကို ကယ်တင်နိုင်ရင် သခင်ကြီးက သူ့ကိုလည်း ဆုချလိမ့်မယ်။
ထိုအတွေးကြောင့် ဆိုင်အကူက စူးချင်းကို နောက်ဖေးခြံဝင်းသို့ စိတ်အားထက်သန်စွာ ဖိတ်ကြားလိုက်တော့သည်။
"ကောင်းပြီလေ၊ ဒါဆို ကျွန်တော်နဲ့အတူ နောက်ဖေးခြံဝင်းကို လိုက်ခဲ့ဖို့ သခင်ငယ်လေးကို နှောင့်ယှက်ရတော့မယ်"
စူးချင်းက သူမ၏မြင်းကို ညွှန်ပြလိုက်ပြီး "သူ့ကို စောင့်ကြည့်ဖို့ ကူညီပေးမယ့်သူတစ်ယောက်တော့ ရှာပေးပါဦး"
“ရပါတယ် ကိစ္စမရှိဘူး”
ဆိုင်အကူက ခေါင်းညိတ်သဘောတူလိုက်သည်။ ဒီလူငယ်လေးက တတိယသခင်မကို မကယ်တင်နိုင်ခဲ့ရင်တောင် သူတို့က မြင်းကို စောင့်ရှောက်ဖို့လူတော့ ရှာပေးနိုင်ပါသေးတယ်။
စူးချင်းက ဆိုင်အကူနှင့်အတူ အိမ်နောက်ဘက်ခြံဝင်းသို့ လိုက်သွားခဲ့ပြီး စူးချင်းကို ပြန်တွေ့လိုက်ရသောကြောင့် ဆိုင်ရှင်က မျက်မှောင်ကြုတ်လိုက်ကာ ဆိုင်အကူကို လှမ်းခေါ်မေးလိုက်သည်။
"ရှောင်ဝူ၊ ဘာဖြစ်လို့လဲ?"
"သူဌေး၊ ဒီသခင်လေးက တတိယသခင်မကို ကယ်တင်ပေးနိုင်မယ်လို့ ပြောတယ်”
“ပေါက်ကရတွေ”
ဆိုင်ရှင်က မျက်မှောင်ကြုတ်လိုက်သည်။ ပါးစပ်မှာ အမွေးတောင် မပေါက်သေးတဲ့ လူငယ်လေးက ဘယ်လို ဆေးကုတက်မှာလဲ?
“ငါ့ရဲ့ဘိုးဘေးတွေက တော်ဝင်သမားတော်တွေပါ၊ ငါ့မှာ ခက်ခဲတဲ့ အမျိုးသမီးရောဂါတွေကို ကုသပေးနိုင်တဲ့ လျှို့ဝှက်ချက်တစ်ခုရှိတယ်”
ဆိုင်ရှင်က သူမကို မယုံကြောင်း နားလည်လိုက်သောကြောင့် စူးချင်းက ခပ်ပေါ့ပေါ့ ဝင်ပြောလိုက်သည်။
တော်ဝင်သမားတော်လား?
ထိုစကားက အလွန်အရာရောက်ပြီး ဆိုင်ရှင်က လူငယ်လေးကို အနည်းငယ် ယုံကြည်သွားခဲ့သည်။
လူတစ်ယောက်ကို ပုံပန်းသဏ္ဍာန်နဲ့ အကဲဖြတ်လို့ မရဘူး။ ပင်လယ်ကို ရေပုံးနဲ့ အကဲဖြတ်လို့ မရဘူး။ အရည်အချင်းရှိတဲ့ လူတော်တော်များများက သာမန်လူတွေလိုပါပဲ။
“ဒါဆို သခင်လေးကိုပဲ ဒုက္ခပေးရတော့မယ်။ ရှောင်ဝူ ဆိုင်ကို ဂရုစိုက်လိုက်ဦး။ ငါ ဒီသခင်လေးကို ခေါ်သွားလိုက်မယ်"
ဆိုင်ရှင်က ရှောင်ဝူ့ကို ကောင်တာ ထိုင်ခိုင်းလိုက်ပြီး စူးချင်းကို အိမ်နောက်ဘက်သို့ ခေါ်ဆောင်သွားလေသည်။
ရှောင်ဝူက ဆိုင်ရှင်၏ကျောပြင်ကို ဝမ်းနည်းစွာ စိုက်ကြည့်နေရင်း သူ့စိတ်ထဲမှ ကျိန်ဆဲနေခဲ့သည်။
နောက်ဆုံးမှာ သူ့အတွက် သခင်ကြီးဆီကနေ ကျေနပ်စေဖို့ အခွင့်အရေးလေးတစ်ခု ရခဲ့ပေမယ့် အခုတော့ လုယူခံလိုက်ရပြီ။
စူးချင်းက ဆိုင်ရှင်နှင့်အတူ အနောက်ဘက်ခြံဝင်းသို့ လိုက်ပါသွားခဲ့ပြီး ကျောက်ပြားများ ခင်းထားသော လမ်းကို ဖြတ်လျှောက်ပြီး အထပ်မြင့်အဆောက်အအုံများ ရှိသည့် ခြံဝင်းထဲသို့ ရောက်လာခဲ့သည်။ ထိုခြံဝင်းက ဝင်ပေါက်လေးခုပါသော ခြံဝင်းတစ်ခု ဖြစ်ပြီး အဆောင်ငယ်လေးများ၊ အနုစိတ်ထွင်းထုထားသော ထုပ်တန်းများ၊ ဆေးသုတ်ထားသော တိုင်များဖြင့် တည်ဆောက်ထားသောကြောင့် ခံ့ညားလွန်းနေခဲ့သည်။
ဤဆိုင်၏ ပိုင်ရှင်က အလွန်ချမ်းသာကြောင်း စူးချင်းက နိဂုံးချုပ်နိုင်ခဲ့သည်။
ခြံဝင်းကို အလှဆင်ထားတာကို ကြည့်လိုက်တာနဲ့ သူက သာမာန်ကုန်သည်တစ်ဦး မဟုတ်တာ သိနိုင်တယ်။
ဆိုင်ရှင်က စူးချင်းကို ခြံဝင်းထဲသို့ ခေါ်ဆောင်သွားပြီး နောက်ဆုံးတွင် အသက်ငါးဆယ်ကျော်ခန့်ရှိပြီး ၀တ်ရုံရှည်ကို ဝတ်ဆင်ထားသည့် အဘိုးအိုတစ်ဦးက ခြံဝင်းအတွင်း ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေသည်ကို တွေ့လိုက်ရသည်။ အခန်းတံခါးကတော့ တင်းတင်းစေ့ထားပြီး အမျိုးသမီးများ၏အသံများကို ရံဖန်ရံခါ ကြားနေရသည်။
“သခင်ကြီး”
ဆိုင်ရှင်က စူးချင်းကို အပြင်မှာ စောင့်ခိုင်းပြီး သူ့သခင်ကြီးကို အသံတိုးတိုးဖြင့် သတင်းသွားပို့နေသည်။
"သူ?"
ဆိုင်ရှင်ပြောသည့်စကားများကို နားထောင်ပြီးနောက် လူအိုကြီးက နောက်သို့ ပြန်လှည့်ကာ စူးချင်းကို သံသယမျက်ဝန်းများဖြင့် ကြည့်လိုက်သည်။ စူးချင်းက သူ့ကို အေးအေးဆေးဆေး ပြန်ကြည့်နေပြီး လူငယ်လေး၏မျက်နှာပေါ်မှ အကြည့်များက တည်ငြိမ်ပြီး ရုပ်ရည် အသွသ်အပြင်ကလည်း ပြေပြစ်သည်ကို လူအိုကြီးက အကဲခတ်မိသည်။ သို့သော်လည်း သူ့၏အဝတ်အစားများက အဆင်မပြေသောကြောင့် လူအိုကြီးက မယုံနိုင်သေးပေ။
“ခင်ဗျား... ကျွန်တော့်ကို မယုံရင်လည်း ရတယ်။ အရေးမကြီးဘူး။ ဒါက သွေးတိတ်ဆေးပဲ။ ခင်ဗျားရဲ့မိန်းမကို တိုက်လိုက်ရင် သွေးထွက်တာ ရပ်သွားလိမ့်မယ်။ သွေးထွက်တာရပ်သွားရင်တော့ ကျွန်တာ့်ကို ယုံပေးရမယ်၊ သူတို့ ဘေးကင်းဖို့ ကျွန်တော် အာမခံပေးနိုင်တယ်”
စူးချင်းက သူမ၏လက်ထဲမှ အညိုရောင်ဆေးလုံးကို ပြသလိုက်ရင်း မောက်မောက်မာမာ လှမ်းပြောလိုက်သည်။
“သူတို့ ဘေးကင်းဖို့ အာမခံပေးနိုင်တယ်” ဟူသော စကားကြောင့် လူအိုကြီးက သူမကို လှမ်းကြည့်လိုက်သည်။ သူက ခေါင်းညိတ်ပြလိုက်ပြီး တစ်စုံတစ်ယောက်ကို ခေါ်ကာ အခန်းထဲသို့ ဆေးပို့ခိုင်းလိုက်သည်။
"သခင်လေးက ငါ့ရဲ့လင်းအာကို ကာကွယ်ပေးနိုင်ရင် ဒီလူကြီးက သခင်လေး လိုချင်တဲ့ ငွေပမာဏကို ပေးနိုင်တယ်"
လူအိုကြီးက စူးချင်းကို လက်ခုပ်အုပ် အရိုအသေပေးလိုက်ပြီး ငွေစကားကို အရင်စပြောပြသည်။
“အင်း၊ အဲဒါ ကောင်းတယ်။ ကျွန်တော့်ရဲ့ တိုင်ပင်ကြေးက မသက်သာဘူး။ ဆွေးနွေးမှုတစ်ခုအတွက် ငွေစထောင်ချီ ကုန်ကျလိမ့်မယ်”
စူးချင်းကလည်း ယဥ်ကျေးမနေဘဲ ဆေးကုသမှုအတွက် မည်မျှပေးဆောင်ရမည်ကို ပြောပြလိုက်သည်။
လူအိုကြီးက ခဏတာ အံ့အားသင့်သွားပုံသည်။
ဒါက ဘယ်လောက်တောင် ကြီးတဲ့ ခြင်္သေ့ပါးစပ်ကြီးလဲ?
ဆိုင်ရှင်၏မျက်နှာကလည်း ပြောင်းလဲသွားတော့သည်။ ဒီလူငယ်လေးကို ဒီကို ခေါ်လာပေးတဲ့အတွက် သူ နောင်တရသွားပြီ။ သူက ပိုက်ဆံတွေ အများကြီး တောင်းတယ်။ ဒါက ငွေညှစ်နေတာ မဟုတ်ဘူးလား?
“ခင်ဗျား မတက်နိုင်ရင်လည်း ကိစ္စ မရှိဘူး။ ကျွန်တော် အခု ပြန်ထွက်သွားမယ်"
စူးချင်းက လူအိုကြီး၏အမူအရာကို ကြည့်ကာ အပြုံးဖြင့် နောက်သို့ ပြန်လှည့်လိုက်သည်။
သူတို့က သူမကို ယုံကြည်ရင် သူမက သူတို့ကို ကယ်တင်ပေးလိမ့်မယ်၊ သူမကို မယုံရင်တော့ သူမက အတင်းအကြပ် ပြောနေမှာ မဟုတ်ဘူး။
သွေးတိတ်ဆေးကိုတော့ ကုသိုလ်ကောင်းမှုတစ်ခုအနေပဲ သတ်မှတ်လိုက်မယ်။ ဘာပဲဖြစ်ဖြစ် သူမရဲ့ကုသိုလ်ရမှတ်တွေ တိုးလာရင်တောင် သူမအတွက် ဘာမှ မဆုံးရှုံးနိုင်ဘူး။
"ညီလေး၊ ခဏစောင့်ပါဦး"
စူးချင်းက မဆိုင်းမတွ ပြန်ထွက်သွားသည်ကို မြင်လိုက်သောကြောင့် လူအိုကြီးက လူငယ်လေးကို စတင်ယုံကြည်လာပြီး အမြန်လှမ်းတားလိုက်သည်။
စူးချင်းက နောက်သို့ ပြန်လှည့်လိုက်ပြီး လူအိုကြီးကို ဘာမှမပြောဘဲ ဒီအတိုင်း လှမ်းကြည့်လိုက်သည်။
လူအိုကြီးက "မင်း ငါ့ရဲ့ လင်းအာနဲ့ ငါ့မိန်းမကို ကယ်ပေးနိုင်သရွေ့ ငွေစတစ်ထောင်လည်း ကိစ္စမရှိဘူး"
သခင်ကြီးက သဘောတူတယ်!
ဆိုင်ရှင်က သက်ပြင်းချလိုက်သော်လည်း တစ်ချိန်တည်းမှာပင် သူ့နှလုံးသားက သူ့ပါးစပ်ထဲသို့ ရောက်လာပြန်သည်။
မကယ်နိုင်ရင်ရော ဘာဖြစ်သွားမှာလဲ? အဲ့အချိန်လောက်ဆိုရင် ဒီသခင်လေးက ကျင့်ချန်ကနေ ထွက်ခွာသွားပြီး သူပဲ ဒုက္ခတွေနဲ့ ကျန်ခဲ့ရမှာ မဟုတ်ဘူးလား?
“သွေးတိတ်သွားပြီ။ သွေးထွက်တာ ရပ်သွားပြီ။ ဒါက အံ့ဖွယ်နတ်ဆေးပဲ”
ထိုအချိန်တွင် ဝမ်းဆွဲသည်၏ အံ့အားသင့်နေသော အော်သံတစ်ခု အိမ်ခန်းထဲမှ ထွက်ပေါ်လာသည်။
အဘိုးကြီးက စူးချင်းကို ဝမ်းမြောက်ဝမ်းသာ ကြည့်ကာ ဦးညွှတ်ရင်း ပြောလိုက်သည်။
"သခင်လေး၊ ကျေးဇူးပြုပြီး ငါ့မိန်းမနဲ့ လင်းအာကို ကယ်ပေးပါဦး"
စူးချင်းက ခေါင်းညိတ်ပြလိုက်ပြီး အစေခံတစ်ယောက်က သူမကို အခန်းထဲသို့ လိုက်ပို့ပေးခဲ့သည်။ အတွင်းခန်းတွင် ကုတင်၏ကန့်လန့်ကာက ကိုယ်ဝန်ဆောင်အမျိုးသမီးကို မမြင်ရအောင် တားဆီးပေးထားသော်လည်း တံခါးကို တွန်းဖွင့်လိုက်သည်နှင့် သွေးညှီနံ့ကို ရနိုင်သည်။ မြေပြင်ပေါ်ရှိ အင်တုံထဲတွင်လည်း အနီရောင်သွေးများ ပြည့်လျှံနေပြီး ထောင့်စွန်းတွင် သွေးစွန်းနေသော အထည်အလိပ်ပုံကြီးတစ်ပုံ ရှိနေသည်။
အမျိုးသမီးအစေခံတစ်စုက ဝမ်းဆွဲဆရာမ၏ ညွှန်ကြားချက်အတိုင်း ကုတင်ဘေးတွင် စိတ်အားထက်သန်စွာ ရပ်စောင့်နေကြသည်။
"လမ်းဖယ်ကြဦး၊ အံ့ဖွယ်သမားတော် ရောက်လာပြီ"
စူးချင်းကို ခေါ်ဆောင်လာသော အစေခံက တခြားအစေခံများကို လမ်းကြောင်းဖွင့်ပေးရန် လှမ်းပြောလိုက်သည်။ သူမက အရှေ့မှ ကျော်တက်သွားပြီး ကုတင်၏ကန့်လန့်ကာကို ဆွဲဖွင့်လိုက်သည်။
စူးချင်းက အတွင်းမှ ဖြူဖျော့ပြီး ချောမောနေသော မျက်နှာတစ်ခုကို မြင်လိုက်ရသည်။ သူမက အသက်နှစ်ဆယ်ကျော်ခန့်သာ ရှိသေးပြီး ငယ်ရွယ်နုပျိုပုံရသည်။ သူမ၏ မျက်နှာတွင် ချွေးများ ဖုံးလွှမ်းနေပြီး ဆံပင်များကိုပင် စိုစွတ်နေစေသည်။ သူမက သူမ၏ နှုတ်ခမ်းများကို ပြင်းထန်စွာ ကိုက်ထားပုံရပြီး သွေးများပင် ထွက်နေခဲ့သည်။ စူးချင်းကို တွေ့သောအခါ သူမက ယောက်ျားနှင့်မိန်းမကြားမှ ကွာခြားချက်ကိုပင် ဂရုမစိုက်တော့ဘဲ စူးချင်းကို စိုက်ကြည့်နေပြီး သူမ၏မျက်လုံးများက အသက်ရှင်သန်လိုသော အငွေ့အသက်များ ပြည့်နှက်နေခဲ့သည်။
စူးချင်းက ကုတင်ဘေးသို့ လျှောက်သွားလိုက်သည်။ ယခုအချိန်တွင် အမျိုးသမီးတစ်ဦး၏ ခန္ဓာကိုယ်အောက်ပိုင်းကို စောင်ဖြင့် ဖုံးအုပ်ထားသော်လည်း ယင်းက လုံလောက်မှု မရှိပေ။
သို့သော်လည်း သခင်ကြီးက သူ့မိန်းမနှင့် ကလေးကို ကယ်တင်ရန် စိတ်လောနေပြီး ယောက်ျားနှင့်မိန်းမကြားမှ ဆက်ဆံရေးကို တွေးမနေတော့ပေ။ အမှန်တကယ်တွင်လည်း ပုံမှန်ဖျားနာချိန်တွင်ပင် သမားတော်များကို မရှောင်နိုင်ကြဘဲ သမားတော်များ အားလုံးလိုလိုက အမျိုးသားများသာ ဖြစ်သည်။ လက်ရှိတွင် ဤမြို့ရှိ ပိုင်ရှန်းခန်မးမှ သမားတော်ကလည်း သမားတော်ကျန်း ဖြစ်ပြီး စူးချင်းမလာလျှင်ပင် ထိုအမျိုးသားရောက်လာမည် ဖြစ်သည်။
စူးချင်းက ကိုယ်ဝန်ဆောင်အမျိုးသမီး၏ဗိုက်ကို ပထမဆုံး ထိကြည့်လိုက်သည်။ ကိုယ်ဝန်ဆောင်အမျိုးသမီး၏ဝမ်းဗိုက်က ညှစ်အားကြောင့် မာကျောနေပြီ ဖြစ်သည်။ ဝမ်းဆွဲဆရာမက စူးချင်း သန္ဓေသား၏အနေအထားကို စမ်းသပ်နေပုံကို ကြည့်ကာ ဤအံ့ဖွယ်သမားတော်က ကျွမ်းကျင်မှုအချို့ရှိကြောင်း ပို၍ပင် ယုံကြည်လာခဲ့သည်။
“သန္ဓေသား အနေအထား မမှန်ဘူး။ ကလေးက ကန်လန့်ဖြစ်နေတာ”
စူးချင်းက ဗိုက်ကို စစ်ဆေးကြည့်ပြီးနောက် အခိုင်အမာ ပြောလိုက်သည်။ ဝမ်းဆွဲဆရာမက ခေါင်းညိတ်လိုက်ပြီး "ကလေးက ပြန်မလှည့်ဘူးဆိုရင် အန္တရာယ် ရှိနိုင်တယ်"
စူးချင်း၏ [ဆေးပညာ] ကျွမ်းကျင်မှုက အဆင့် ၅ သို့ တိုးလာသောကြောင့် ရှောင်ချီက ရောဂါလက္ခဏာကို မပြောပြလျှင်ပင် သူမဘာသာသူမ ဆုံးဖြတ်ပေးနိုင်နေပြီ ဖြစ်သည်။ သူမက ကိုယ်ဝန်ဆောင်အမျိုးသမီး၏ သွေးခုန်နှုန်းကို စစ်ဆေးလိုက်ပြီး သူမ၏ခန္ဓာကိုယ်က အားနည်းနေပြီကို သိလိုက်ရသည်။
သွေးထွက်တာ ရပ်သွားပေမယ့် အရင်က သွေးတွေ အလွန်အကျွံ ဆုံးရှုံးခဲ့တာကြောင့် အသက်နှစ်သက်က အချိန်မရွေး သေဆုံးသွားနိုင်တယ်။
စူးချင်းက ရှောင်ချီကို ကိုယ်ဝန်ဆောင်အမျိုးသမီးအတွက် သွေးအားဖြည့်ဆေး အရင်ပြင်ဆင်ခိုင်းလိုက်သည်။ ထိုမှသာ ကလေးအနေအထားကို မှန်အောင် ပြင်ဆင်ပြီးနောက် မိခင်က ကလေးမွေးဖွားရန် ခွန်အားပြန်ရနိုင်မည် ဖြစ်သည်။
ကိုယ်ဝန်ဆောင်အမျိုးသမီးကလည်း အလွန်နာခံပြီး သူမ၏အသက်ကို ကယ်တင်နိုင်သရွေ့ သူမက ဘာမဆို စားလိမ့်မည် ဖြစ်သည်။ သူမက ဆေးကို မဆိုင်းမတွ မျိုချလိုက်ပြီး ဆေးသောက်ပြီးနောက် သူမ၏မျက်နှာဖြူဖျော့ဖျော့က သွေးရောင်ပြန်တက်လာပြီး သူမ၏ခန္ဓာကိုယ်က ခွန်အားများလည်း ပြန်လည်ရရှိလာသလို ခံစားလိုက်ရသည်။
“ငါ အခု မင်းရဲ့ သန္ဓေသားကို လှည့်ပေးမယ်။ နည်းနည်းတော့ နာကျင်လိမ့်မယ်။ ခဏတော့ သည်းခံလိုက်ပါ"
စူးချင်းက ကိုယ်ဝန်ဆောင်အမျိုးသမီးကို ကြည့်ကာ ပြောလိုက်ပြီး ကိုယ်ဝန်ဆောင်အမျိုးသမီးက ခေါင်းပြန်ညိတ်ပြလိုက်သည်။ ကလေးကို မြန်မြန်မွေးဖွားနိုင်ရန်အတွက် သူမက မည်သည့်နာကျင်မှုကိုမဆို သည်းခံရန် ဆန္ဒရှိနေခဲ့သည်။
စူးချင်းက သူမ၏စကားဆုံးသည်နှင့် ကိုယ်ဝန်ဆောင်အမျိုးသမီး၏ဗိုက်ကို ဖြည်းညှင်းစွာ ကိုင်လိုက်ပြီး ကလေး၏အနေအထားကို ချိန်ညှိလိုက်သည်။ ထိုအတောအတွင်းတွင် ကိုယ်ဝန်ဆောင်အမျိုးသမီးက နာကျင်စွာ အော်ဟစ်နေခဲ့သည်။
ထိုအသံများက ခြံတွင်းရှိ လူအိုကြီး၏ အမူအရာကို ရုတ်တရက် ပြောင်းလဲသွားစေပြီး "ဘာလို့ အရင်ကထက် ပိုပိုပြီး နာနာကျင်ကျင် အော်နေရတာလဲ?"