← Chapters

မိန်းကလေးတွေ... မင်းတို့ တစ်ဘဝလုံး ပျော်ဖို့ ငါတို့ ခေါ်သွားပေးပါ့မယ်

Vol. 10 Ch. 138

မိန်းကလေးတွေ... မင်းတို့ တစ်ဘဝလုံး ပျော်ဖို့ ငါတို့ ခေါ်သွားပေးပါ့မယ်

Vol. 10 Ch. 138

ကျိရှောင်ယင်က ပြန်ပြေးလာပြီး အမျိုးသမီးလီကို သတိပေးလိုက်သည်။ အမျိုးသမီးလီကလည်း သူမကို ဂရုစိုက်ရန် ပြန်သတိပေးလိုက်ပြီး ကျိရှောင်ယင်က ခေါင်းညိတ်ပြကာ ပြန်ပြေးသွားတော့သည်။

ကျုံးယုံက မိန်းကလေးတစ်စုကို ဦးဆောင်နေရင်း သူ့ပခုံးတစ်ဖက်စီပေါ်တွင် သံတူကြီးတစ်ချောင်းစီ ထမ်းကာ လမ်းလျှောက်နေခဲ့သည်။ ဒီမိန်းကလေးတွေက စာငှက်တွေလို တွတ်ထိုးနေပြီး အရမ်းရူးမိုက်တယ်လို့ သူ ခံစားနေရတယ်။ သူ့အစ်ကိုကြီးနဲ့ သွားရတာက ပိုစိတ်ဝင်စားဖို့ ကောင်းတယ်။

ကျုံးယုံက လမ်းတစ်လျှောက်လုံး မိန်းခလေးများကို မထီမဲ့မြင်ပြုလာခဲ့ပြီး သူက သူမတို့ကို လှည့်မကြည့်သလို ဘာမှလည်း မပြောဘဲ သူ့ဘာသာသူ တွေးနေခဲ့သည်။

အကိုကြီးက ဘာလို့ ပြန်မလာသေးတာလဲ? ငါ အရမ်း ပျင်းနေပြီ!

"ဒီမှာ ပိုးစာရွက်တွေ ရှိတယ်"

ကျိရှောင်ယင်၏ အံ့သြသွားသော အသံက သူ့အနောက်မှ ထွက်ပေါ်လာသောကြောင့် ကျုံးယုံက သူ့ပခုံးပေါ်မှ သံတူကြီးကို သစ်ပင်ပေါ်မှေးတင်ထားရင်း ပိုးစာရွက် ခူးနေသော မိန်းကလေးများကို ကြည့်ကာ လွန်စွာ ပျင်းရိငြီးငွေ့နေခဲ့သည်။

“ဒီမှာ ကန်စွန်းဥတွေလည်း ရှိတယ်”

လီရွှမ်းအာက ကန်စွန်းဥများကို ဝမ်းသာအားရ ညွှန်ပြလိုက်ပြန်သည်။ သူမတို့က စူးချင်းထံမှ များစွာ သင်ယူနိုင်ခဲ့ကြပြီး ယခုအခါ ဆေးဖက်ဝင်အပင် ဆယ်မျိုးကျော်ကို သိလာပြီ ဖြစ်သည်။ ကန်စွန်းဥက နူးညံ့ပြီး အချိုအရာသာ ရှိသောကြောင့် ယာဂု အဖြစ် ကျိုချက်နိုင်သလို လမ်းတွင်လည်း အလွယ်တကူ စားသောက်နိုင်သည်။

သို့သော်လည်း မီးဖုတ်စားခြင်းက အကောင်းဆုံးဟု သူမတို့ ထင်နေကြပြီး ချိုမြိန်သော အရသာကို တွေးလိုက်ရုံဖြင့် နှာရည်ယိုစေသောကြောင့် သူမတို့က ကန်စွန်းဥတူးရသော ပျော်ရွှင်မှုတွင် နှစ်မြုပ်နေခဲ့ကြသည်။

ထိုအချိန်တွင် ဝံပုလွေတစ်ကောင်က ချုံပုတ်ထဲမှ ရုတ်တရက် ခုန်ထွက်လာကာ လီရွှမ်းအာကို ခုန်အုပ်လိုက်သည်။ ထိုဝံပုလွေက လီရွှမ်းအာ၏လည်ပင်းကို ကိုက်ရန် ကြိုးစားနေပြီး ၎င်း၏အစွယ်များကို မြင်နေရသည်အထိ ပါးစပ်ကြီးကို ဖြဲထားခဲ့သည်။

မိန်းကလေးများက ကြောက်လွန်းသောကြောင့် မျက်နှာများ ဖြူဖျော့သွားသည်အထိ အော်ဟစ်လိုက်ကြသည်။ လီရွှမ်းအာက ဝံပုလွေရိုင်းကြီး၏ပါးစပ်ထဲတွင် သေဆုံးခါနီး ဖြစ်နေသော်လည်း သူမတို့က ကူကယ်ရာမဲ့ ကြည့်နေရုံသာာ တက်နိုင်ကြသည်။ သို့သော်လည်း ကျိရှောင်ယင်က လီရွှမ်းအာကို ကယ်တင်ရန် ဝံပုလွေကြီး၏ပါးစပ်ထဲသို့ သူမ၏ခြင်းတောင်းကို ပစ်ထည့်လိုက်သည်။

သို့သော်လည်း ထိုတောရိုင်းဝံပုလွေက အလွန်သွက်လက်ပြီး ကျိရှောင်ယင် ပစ်လိုက်သော ခြင်းတောင်းကို ရှေ့ခြေတစ်ဖက်ဖြင့် တွန်းဖယ်ကာ လီရွှမ်းအာ၏လည်ပင်းကို ကိုက်ရန် ဆက်တိုးလာခဲ့သည်။

လီရွှမ်းအာကလည်း အလွန်ကြောက်လန့်သွားပြီး မြေပြင်ပေါ်သို့ လဲကျသွားသည်။ ဝံပုလွေ၏သွားများက သူမ၏လည်ပင်းအား ထိုးဖောက်တော့မည်ကို မြင်နေသော်လည်း သူမ အချိန်မီ မရှောင်နိုင်တော့ပေ။ ဝံပုလွေ၏ခံတွင်းမှ အနံအသက်များကပင် သူမ၏မျက်နှာပေါ်သို့ ဖြန်းခနဲ ရောက်ရှိလာသောကြောင့် လီရွှမ်းအာက သူမသေရတော့မည်ဟု တွေးကာ စိတ်ပျက်လက်ပျက် ဖြစ်သွားတော့သည်။

"ယုတ်မာတဲ့ သားရဲကောင်"

လီရွှမ်းအာက သူမ သေရတော့မည်ဟု တွေးနေချိန်တွင် ကျုံးယုံက အော်ဟစ်ပြီး ဝံပုလွေ၏ခေါင်းကို သံတူဖြင့် လှမ်းပစ်ချလိုက်သည်။ ထိုတောရိုင်းဝံပုလွေကလည်း ဆိုးရွားသောလေထုကို ခံစားလိုက်မိပြီး အလျင်အမြန် ပြန်ခုန်ထွက်သွားသည်။

ကျုံးယုံက သူ့၏ခြေရှည်ကြီးဖြင့် လီရွှမ်းအာထံသို့ ပြေးလာပြီး သူ့လက်တစ်ဖက်ဖြင့် လီရွှမ်းအာကို ဆွဲထူကာ သူ့နောက်သို့ တွန်းပို့လိုက်သည်။ ထို့နောက် သူက သူ့၏သံတူနောက်တစ်ချောင်းဖြင့် တောရိုင်းဝံပုလွေဆီသို့ တိုးဝင်သွားခဲ့သည်။

လီရွှမ်းအာက အကွာအဝေးအနည်းငယ်အထိ တွန်းထုတ်ခံလိုက်ရပြီး မြေပြင်ပေါ်သို့ အပြင်းအထန် လဲကျသွားရပြန်သည်။ အချိန်အတော်ကြာသည်အထိ သူမ ပြန်မထနိုင်အောင် နာကျင်သွားရသော်လည်း သူမ အသက်ရှင်နေသေးသောကြောင့် ဝမ်းသာသွားပြီး မျက်ရည်များ ကျလာပြန်သည်။

"အစ်မရွှမ်းအာ"

ကျိရှောင်ယင်က လီရွှမ်းအာကို ကူညီရန် ပြေးသွားလိုက်ပြီး ဘေးကင်းသော နေရာအထိရောက်အောင် တွဲခေါ်ကာ ပုန်းအောင်းရန် ကူညီပေးလိုက်သည်။ ကျိရှောင်ယင်က အရေးကြီးသောအခိုက်အတန့်တွင်ပင် ရဲရင့်နေခဲ့ပြီး သူမလည်း ဝံပုလွေကို ကြောက်နေသည့်တိုင် လီရွှမ်းအာကိုတော့ မပစ်ထားခဲ့ပေ။

အခြားမိန်းကလေးများလည်း သူမတို့ဆီသို့ ဝိုင်းရံလာပြီး ကျုံးယုံနှင့် တောရိုင်းဝံပုလွေတို့ တိုက်ခိုက်နေသည်ကို အားလုံးက စောင့်ကြည့်နေကြသည်။ ကျုံးယုံက ရင်ဆိုင်ရန် မလွယ်ကူကြောင်း ရိပ်မိသွားသည့် ဝံပုလွေက ထွက်ပြေးရန် ကြိုးစားနေသည်။ သို့သော်လည်း ကျုံးယုံက အသားကြီးတစ်ပိုင်းအတွက် ၎င်းကို မျက်စိကျနေပြီး အသားက သူ့ပါးစပ်ရှေ့သို့ ရောက်လာသောကြောင့် သူက ၎င်းကို လက်မလွတ်နိုင်တော့ပေ။

ထို့ကြောင့် ဝံပုလွေ ထွက်ပြေးသွားချိန်တွင် ကျုံးယုံက မိန်းကလေးများကို မေ့လျော့ပြီး နောက်မှ လိုက်သွားတော့သည်။

"ဒုတိယအစ်ကို ပြန်လာခဲ့"

ကျိရှောင်ယင်က ကျုံးယုံကို အော်ခေါ်လိုက်သည်။ ဒီအတိုင်း ဆက်ပြီး လိုက်နေမယ်ဆိုရင် သူ့အတွက် အန္တရာယ်ရှိနိုင်တယ်။ ကျုံးယုံ တစ်ခုခုဖြစ်ခဲ့ရင် သူ့အမေ အသည်းကွဲ ရလိမ့်မယ်။

သို့သော်လည်း ကျုံးယုံ၏ဦးနှောက်က အသားစားရန်အတွေးများဖြင့်သာ ပြည့်နေသောကြောင့် သူက ဘယ်လိုမှ နားမဝင်ပေ။ သူက သူ့၏အရှိန်ကိုပင် မလျှော့ဘဲ မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားခဲ့သည်။

"ငါတို့ ဘယ်လိုလုပ်ကြမလဲ?"

မိန်းကလေးများက ကျိရှောင်ယင်ကို မေးလိုက်ကြသည်။ ဤနေရာတွင် ကျုံးယုံ မရှိတော့သဖြင့် သားရဲတိရစ္ဆာန်များ ထပ်ရောက်လာမည်ကို သူမတို့ ကြောက်ရွံ့နေကြသည်။

“နောက်ဆိုရင် ငါတို့ အစ်မစူးချင်းဆီကနေ သင်ယူရမယ်။ တခြားသူတွေက ငါတို့ကို ကာကွယ်ပေးဖို့ ထိုင်စောင့်နေလို့ မဖြစ်တော့ဘူး။ ငါတို့ ကိုယ့်ကိုကိုယ် ကာကွယ်ရမယ်”

ကျိရှောင်ယင်က သူမ၏လက်သီးလေးများကို ဆုပ်ထားပြီး သူမ၏ညီအစ်မများကို အားပေးလိုက်သည်။ သူမက တောရိုင်းဝံပုလွေကို တိုက်ခိုက်ရာတွင် လက်နက်အဖြစ် ကျုံးယုံ သုံးခဲ့သော သံတူကြီးကို ကောက်ကိုင်ရန် ပြေးသွားလိုက်သော်လည်း ထိုသံတူကြီးက လေးလံလွန်းသဖြင့် လုံးဝ ကြွမလာခဲ့ပေ။

ကျိရှောင်ယင်က မြေပြင်ပေါ်မှ ကျုံးယုံ၏လက်မောင်းလောက် လုံးပတ်ရှိသော သစ်ကိုင်းတစ်ချောင်းကို ရှာတွေ့သွားပြီး သူမက ထိုလက်နက်ကို သဘောကျကာ ကောက်ကိုင်လိုက်သည်။

"ကောင်မလေးတွေ မင်းတို့ တသက်လုံး ပျော်ရွှင်ဖို့ ငါ ခေါ်သွားပေးမယ်လေ"

ကျိရှောင်ယင်တစ်ယောက် သစ်ကိုင်းကို ကောက်ယူရန် သွားနေစဉ်မှာပင် လူနှစ်ယောက်က တောထဲမှ ထွက်လာပြီး ထိုယောက်ျားများ၏ ဆိုးသွမ်းအကြည့်များက မိန်းကလေးများကို ထိတ်လန့်စေခဲ့သည်။

လမ်းတစ်လျှောက်တွင် ဖမ်းဆီးခံရသော မိန်းကလေးများအကြောင်း ပြောကြသည့် ဇာတ်လမ်းများစွာကို သူမတို့ ကြားသိခဲ့ရသည်။ ကံကောင်းထောက်မစွာဖြင့် စူးချင်းက သူမတို့ကို အကာအကွယ်ပေးခဲ့သည့်အတွက် သူမတို့ ယခုအချိန်အထိ ဘေးကင်းခဲ့သည်။ သို့သော် လက်ရှိအချိန်တွင် စူးချင်းက သူမတို့အနားမှာ မရှိသောကြောင့် သူမတို့အားလုံး မလုံခြုံတော့သလို ခံစားနေကြရသည်။

သူတို့နှစ်ဦးက ပစ်မှတ်ကို ရှာဖွေကာ တစ်ချက်တည်း အပိုင်ဖမ်းရန် စောင့်ဆိုင်းရင်း တောထဲတွင် ပုန်းအောင်းနေခြင်း ဖြစ်သည်။ မိန်းခလေးများ၏ စကားစမြည် ပြောသံများကို ကြားလိုက်ရချိန်တွင် သူတို့ အလွန်ပျော်ရွှင်သွားသော်လည်း ကျုံးယုံ ရှိနေသောကြောင့် အပြင်မထွက်ရဲကြပေ။

ဤအခိုက်အတန့်တွင် မိုက်မဲသော ကောင်လေးက တောရိုင်းဝံပုလွေ၏နောက်သို့ လိုက်သွားခဲ့သည်။ သူက တောရိုင်းဝံပုလွေ၏အစာအိမ်ထဲမှ မစင်အဖြစ်သို့ ပြောင်းလဲသွားဖွယ်ရှိနေသောကြောင့် သူတို့က မိန်းကလေးများကို ဖမ်းရန် ထွက်လာကြခြင်း ဖြစ်သည်။

"လာပါ၊ မင်းတို့ တစ်ဘဝလုံး ပျော်ဖို့ ငါတို့ ခေါ်သွားပေးပါ့မယ်"

ထိုလူနှစ်ယောက်က မိန်းကလေးများကို ဖမ်းရန် သူ့တို့၏လက်နှစ်ဘက်ကို စွန်အိုကြီးများကဲ့သို့ ဖွင့်လိုက်ထားကြသည်။ မိန်းကလေးများက အော်ဟစ်ပြီး ထွက်ပြေးနေကြသော်လည်း ထိုနှစ်ယောက်က သူမတို့၏လမ်းကို ပိတ်ဆို့ထားပြီး အလယ်ဗဟိုမှ ပိတ်ဖမ်းရန် ကြိုးစားနေကြသည်။

မိန်းကလေးများ ကြောက်ရွံ့တုန်လှုပ်နေချိန်တွင် ကျိရှောင်ယင်က သူမလက်ထဲမှ သစ်ကိုင်းကို မြှောက်ကာ လှမ်းအော်လိုက်သည်။

“အစ်မတို့ အတူတူ တိုက်ကြရအောင်။ အစ်မစူးချင်းက လူဆိုးတွေကို ဘယ်လို အနိုင်ယူခဲ့လဲဆိုတာ စဉ်းစားကြည့်လိုက်ကြ။ ငါတို့လည်း လုပ်နိုင်တယ်”

ကျိရှောင်ယင်က သူမလက်ထဲမှ သစ်ကိုင်းတုတ်တုတ်ကို ကိုင်မြှောက်ပြီး ထိုလူများကို အော်ဟစ်ကြိမ်းမောင်းရင်း သူတို့ဆီသို့ ပြေးဝင်သွားခဲ့သည်။ ယခင်က သူမ၏မွေးစားဖခင်က သူမကို တုတ်ရိုက်ချက်များ လေ့ကျင့်ခိုင်းခဲ့ဖူးသောကြောင့် သူမ၏ ရိုက်ချက်က အလွန်အစွမ်းထက်သော ရိုက်ချက်မျိုး မဟုတ်သော်လည်း လျင်မြန်သောရိုက်ချက်မျိုး ဖြစစ်သောကြောင့် ထိုလူနှစ်ဦးကို အလုပ်များသွားစေခဲ့သည်။

ကျိရှောင်ယင် အလွန်သတ္တိကောင်းနေသည်ကို မြင်လိုက်ချိန်တွင် လီရွှမ်းအာကလည်း မြေပြင်ပေါ်မှ ကျောက်တုံးတစ်တုံးကို ကောက်ကိုင်လိုက်ပြီး အော်ဟစ်လိုက်သည်။

“သူတို့ကို မကြောက်ကြနဲ့။ ငါတို့ သူတို့ကို ပြန်ရိုက်ကြမယ်"

လူသဘာဝက ထိုကဲ့သို့သာ ဖြစ်ပြီး ခေါင်းဆောင်တစ်ယောက်ရှိသရွေ့ တခြားသူများက စိတ်အေးအေးဖြင့် လိုက်နာနိုင်ကြသည်။

နောက်ဆုံးတွင် မိန်းကလေး ခြောက်ဦး သို့မဟုတ် ခုနစ်ဦးခန့်က တစ်ချိန်တည်းတွင် ဝင်ရောက် တိုက်ခိုက်ကြပြီး တချို့က ထိုလူများ၏ဆံပင်ကို ဆွဲကာ မျက်နှာများကို ဆွဲကုတ်ကြသည်။ ကျောက်ခဲဖြင့် ပေါက်သူများလည်း ရှိနေသောကြောင့် ထိုနှစ်ဦးသား ချွေးများ ထွက်ကျလာသည်အထိ ရုန်းကန်နေရသည်။

သူတို့က မိန်းကလေး နှစ်ယောက်ကို ရင်ဆိုင်နေရသော်လည်း အဝေးမှ ပစ်ပေါက်သော ကျောက်ခဲများ ထိမှန်လာသောကြောင့် သွေးထွက်သံယို ဖြစ်နေကြပြီ ဖြစ်သည်။

အဆိုးဆုံးက ထိုမိန်းကလေးများက အကူအညီတောင်းရန် တပြိုင်နက် အော်ဟစ်နေကြပြီး သူမတို့၏ အသံများပင် ပျောက်ဆုံးကာ ဆွံ့အတော့မလို ထင်နေရသည်။ တောင်ခြေရင်းတွင် သူတို့အဖွဲ့မှ ယောက်ျားလေးများ အများအပြား ရှိနေသောကြောင့် ထိုလူများရောက်လာပြီး သူတို့ကို ဖမ်းမိသွားလျှင် သူတို့၏အသက်ကို ဆုံးရှုံးရမည် ဖြစ်သည်။

ထိုလူနှစ်ဦးက ထွက်ပြေးချင်နေပြီ ဖြစ်သော်လည်း လက်ဗလာဖြင့် ပြန်သွားရန် ဆန္ဒမရှိသောကြောင့် ဝမ့်မိသားစုမှ အမျိုးသမီးငယ်လေးဖြစ်သော ဝမ့်လာမိန်ကို ဖမ်းဆွဲကာ တောထဲသို့ ပြန်ထွက်ပြေးသွားကြသည်။

ဝမ့်လာမိန်က အလွန်ကြောက်လန့်ပြီး ‌အော်ဟစ်ငိုကြွေးကာ အကူအညီ တောင်းနေသောကြောင့် သူမ၏ အသံပင် အက်ကွဲနေပြီ ဖြစ်သည်။ ဝမ့်လာမိန်ကို ခေါ်ဆောင်သွားသည်ကို မြင်လိုက်ချိန်တွင် ကျိရှောင်ယင်က စိတ်ပူသွားပြီး သူမလက်ထဲမှ သစ်ကိုင်းကို ကိုင်ကာ တောထဲသို့ လိုက်ဝင်သွားခဲ့သည်။ သူမက ထိုလူများ၏မျက်နှာကို စတင်ရိုက်နှက်နေခဲ့သည်။

“ငါ နင်တို့ကို ရိုက်မယ်။ ငါ နင်တို့ကို သတ်ပစ်မယ် တိရိစ္ဆာန်ကောင်တွေ!"

"သနားစရာ ကောင်မလေး... မင်းက ငါ့အိမ်တံခါးကို မင်း ကိုယ်တိုင် ရောက်လာတာပဲ"

သစ်ကိုင်းဖြင့် ဦးခေါင်းကို အရိုက်ခံလိုက်ရသော်လည်း အဆိုပါ အမျိုးသားက တက်ကြွနေဆဲဖြစ်ကာ ကျိရှောင်ယင်၏ လက်ကောက်ဝတ်ကို ဆုပ်ကိုင်လိုက်ပြီး သူမ၏နားတင်ကို အပြင်းအထန် ထိုးလိုက်သောကြောင့် ကျိရှောင်ယင်က သတိလစ်သွားခဲ့သည်။

"ရှောင်ယင်၊ ရှောင်ယင်"

ဝမ့်လာမိန်က ကျိရှောင်ယင်၏အမည်ကို ‌အော်ခေါ်နေသောကြောင့် လီရွှမ်းအာနှင့် တခြားသူများက သူမတို့၏လုံခြုံရေးကိုပင် ဂရုမစိုက်တော့ဘဲ တောထဲသို့ ပြေးဝင်ကာ ထိုလူနှစ်ယောက်၏ခေါင်းများကို ကျောက်ခဲများနှင့် ပစ်ပေါက်ကြပြန်သည်။ ထိုအရာက ထိုလူနှစ်ယောက်ကို ပျာယာခတ်သွားစေခဲ့သည်။

လီရွှမ်းအာက ပို၍ပင် ကြမ်းတမ်းလာပြီး ကျိရှောင်ယင်ကို သတိလစ်မေ့မြောသွားအောင် လုပ်လိုက်သော အမျိုးသားကို ဝင်ကိုက်လိုက်သည်။ ထိုလူ၏နားရွက်တစ်ဝက်က စုတ်ပြဲသွားသောကြောင့် ထိုအမျိုးသားဆီမှ သွေးများ စီးကျလာပြီး သူက နာကျင်စွာ အော်ဟစ်နေသည်။ ထိုနောက် သူက လီရွှမ်းအာကို တွန်းထုတ်လိုက်သောကြောင့် လီရွှမ်းအာက သစ်ပင်နှင့် တိုက်မိပြီး သူမလည်း သတိလစ်သွားခဲ့သည်။

"လူတွေ ဘယ်ရောက်သွားတာလဲ?"

ကျုံးယုံက ဝံပုလွေကို ပခုံးပေါ်ထမ်းကာ ပြန်ရောက်လာပြီး မိန်းကလေးများ၏ အကူအညီတောင်းသံကြားလိုက်သောကြောင့် စိတ်ပူသွားကာ အဆုတ်ထိပ်မှ အသံဖြင့် အော်မေးလိုက်သည်။

“ငါတို့ တောထဲမှာ... မြန်မြန် ဝင်လာပြီး သူတို့ကို ဖမ်းရမယ်။ သူတို့က ရှောင်ယင်နဲ့ လီရွှမ်းအာတို့ကို သေအောင် ရိုက်နှက်ခဲ့ကြတယ်”

ကျန်းယွိရန်က ကျုံးယုံ၏အသံကို ကြားသွားပြီး ကမန်းကတန်း ပြန်အော်လိုက်သည်။ ကျုံးယုံ ပြန်ရောက်လာသည်ကို သိသွားသောအခါ အမျိုးသားနှစ်ယောက်က အရမ်းထိတ်လန့်သွားပြီး ဘာလုပ်ရမှန်း မသိကြတော့ပေ။ သူတို့က မိန်းကလေးများကိုပင် မဖမ်းရဲတော့ဘဲ သူတို့၏လွတ်မြောက်ရေးအတွက် ပိုစိုးရိမ်လာကြသည်။

သူတို့ ထွက်ပြေးလိုက်သည်နှင့်တပြိုင်နက် ကျုံးယုံက ​​တောအုပ်ထဲကို ပြေးဝင်လာပြီး ကျန်းယွိရန်က လူနှစ်ယောက်ကို လက်ညှိုးထိုးပြကာ "အဲ့ဒိလူတွေပဲ၊ သူတို့ကို ထွက်မပြေးစေနဲ့.."

All Chapters