← Chapters

ဒုတိယအစ်ကိုက အစ်ကိုကြီးနဲ့ တွေ့ရမှာကို အရမ်းရှက်တယ်

Vol. 10 Ch. 139

ဒုတိယအစ်ကိုက အစ်ကိုကြီးနဲ့ တွေ့ရမှာကို အရမ်းရှက်တယ်

Vol. 10 Ch. 139

ကျုံးယုံက မြေပြင်ပေါ်တွင် လဲကျနေသော ကျိရှောင်ယင်၏မျက်လုံးများ လုံးဝ မှိတ်ကျနေသည်ကို မြင်သွားပြီး ဒေါသကြောင့် သူ့မျက်လုံးများ ပြူးကျယ်လာလေသည်။ သူက သူ့ပုခုံးပေါ်မှ ဝံပုလွေကို ထိုလူနှစ်ယောက်ဆီသို့ လှမ်းပစ်လိုက်ပြီး သူကိုယ်တိုင်လည်း သူ့၏သံတူကြီးကို ကိုင်ကာ ပြေးလိုက်သွားတော့သည်။

လူနှစ်ယောက်အနက်မှ အနောက်ကလူက ဝံပုလွေထိမှန်ခံလိုက်ရပြီး လဲကျသွားသည်။ သူက ပြန်ထပြီး ထွက်ပြေးရန် ကြိုးစားလိုက်သော်လည်း ကျုံးယုံက သူ့ကို မီလာပြီ ဖြစ်ကာ သူ့ဦးခေါင်းကို သံတူဖြင့် ရိုက်နှက်လိုက်သောကြောင့် သူ့ဦးခေါင်းက အပိုင်းပိုင်းကွဲကြေသွားခဲ့သည်။

ရှေ့မှပြေးနေသူက ပြန်လှည့်ကြည့်လိုက်ချိန်တွင် သူ့အဖော်၏ ခေါင်းတစ်ခုလုံး ကြေမွသွားသည့် မြင်ကွင်းကို မြင်လိုက်ရသောကြောင့် ကြောက်လွန်းသောကြောင့် သူ့ခြေထောက်များ ပျော့ခွေလာခဲ့သည်။

သူက ကြောက်လန့်တကြားဖြင့် သစ်ပင်တစ်ပင်ကို ဝင်တိုက်မိသွားသောကြောင့် သူ ဆက်ပြေးရန် အခွင့်မသာတော့ဘဲ ကျုံးယုံက သူ့လည်ဂုတ် ဖမ်းဆွဲလိုက်သည်။ ထို့နောက် သူ့ခန္ဓာကိုယ်က သနားစဖွယ် လေထဲသို့ မြှောက်တက်သွားပြီး မြေပြင်ပေါ်သို့ ပြန်ကျလာချိန်တွင် သူ့၏ကျောရိုးက ကျိုးသွားပြီဖြစ်သောကြောင့် သူက မြေပြင်ပေါ်တွင် လဲလျောင်းနေပြီး နာကျင်စွာ အော်ဟစ်နေကာ လုံးဝ မလှုပ်ရှားနိုင်တော့ပေ။

ကျုံးယုံက မည်းမှောင်နေသော မျက်နှာကြီးဖြင့် လျှောက်လှမ်းလာရင်း ထိုလူ၏ဦးခေါင်းပေါ်သို့ သူ့၏သံတူကြီးကို မြှောက်လိုက်ရာ ထိုလူ၏ဦးခေါင်းခွံက အရိုက်ခွဲခံလိုက်ရပြီး အပိုင်းပိုင်း ဖြစ်အောင် အက်ကွဲသွားတော့သည်။

လူနှစ်ယောက်ကို ဆက်တိုက်သတ်ပြီးနောက် ကျုံးယုံက သွေးရောင်လွမ်းနေသော မျက်လုံးများဖြင့် ကျိရှောင်ယင်ဘက်သို့ ပြန်လျောက်လာခဲ့သည်။ ထို့နောက် သူက မြေကြီးပေါ်သို့ ဒူးထောက်ချလိုက်ပြီး အဆုတ်ထိပ်မှ အသံကြီးဖြင့် အော်ဟစ် ငိုကြွေးတော့သည်။

"ရှောင်ယင်၊ ဒုတိယအစ်ကိုက မင်းကို သေစေခဲ့တာပါ။ ဒုတိယအစ်ကိုက အစ်ကိုကြီးနဲ့တွေ့ရမှာကို အရမ်းရှက်တယ်။ ငါ... အသက်မရှင်ချင်တော့ဘူး"

ကျုံးယုံ၏မျက်နှာတွင် နှပ်ချေးများ ဖုံးလွှမ်းနေပြီး သူ့မျက်ရည်များက သူ့မျက်နှာအနှံ့ပေလူးနေစေသည်။

သူ့အစ်ကိုကြီးက သူတို့ သားအမိကို ခေါ်လာခဲ့ပေမယ့် သူက ရှောင်ယင့်ကိုတောင် မကာကွယ်နိုင်ခဲ့ပါဘူး။ သူ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်လွန်းလို့ သူ့ခေါင်းကို သူ သံတူကြီးနဲ့ ပြန်ရိုက်ချင်နေပြီ။

ကျုံးယုံ ထိုသို့တကယ်လုပ်ရန် ပြင်ဆင်နေချိန်တွင် ကျိရှောင်ယင်က ကျုံးယုံ၏အော်သံကြီးကြောင့် ပြန်သတိရလာခဲ့သည်။ သို့သော်လည်း သူမ၏ဦးခေါင်းက မူးဝေနေဆဲဖြစ်ကာ သူမ၏မျက်လုံးများက မှုန်ဝါးနေသောကြောင့် သူမက ကျုံးယုံ၏အင်္ကျီစကို အားနည်းစွာ ဆုပ်ကိုင်လိုက်ပြီး "ကျွန်မ မသေပါဘူး"

"မင်း မသေဘူးလား? ငါ့ညီမလေး မသေသေးဘူးပေါ့၊ အဲဒါ အရမ်းကောင်းတယ်၊ ငါလည်း သေစရာ မလိုတော့ဘူး”

ကျုံးယုံက ငိုနေရင်းဖြင့် တပြိုင်နက် ရယ်မောလိုက်ကာ အဓိပ္ပါယ်မဲ့ ရောက်တက်ရာရာ လျောက်ပြောနေသောကြောင့် ကျိရှောင်ယင်တစ်ယောက် ရယ်ရမလား ငိုရမလား မသိဖြစ်နေရပြန်သည်။

"အစ်မရွှမ်းအာ"

ခဏအကြာတွင် ကျိရှောင်ယင်၏ဦးခေါင်းက ပြန်ကြည်လင်လာပြီး သူမက ပါးစပ်တစ်ခုလုံးတွင် သွေးများရွှဲနေပြီး သတိလစ်မေ့မြောနေသော လီရွှမ်းအာ တွေ့သွားခဲ့သည်။ သူမ အလွန် စိုးထိတ်သွားပြီး အလျင်အမြန် တွားသွားကာ လီရွှမ်းအာကို ‌အော်ခေါ်လိုက်သည်။ ကျိရှောင်ယင်က လီရွှမ်းအာအတွက် အလွန်စိတ်ပူနေပြီး သူမက လီရွှမ်းအာကို ပွေ့ဖက်ကာ လီရွမ်းအာ၏ခန္ဓာကိုယ်ကို လှုပ်ယမ်းရင်း အော်ငိုနေခဲ့သည်။

"အစ်မရွှမ်းအာ ထပါ။ ကျွန်မကို မခြောက်လန့်ပါနဲ့"

"ငါ အဆင်ပြေတယ်။ ငါ ခေါင်းမူးနေရုံပဲ၊ ငါကို လှုပ်နေတာကို ရပ်ပေး"

လီရွှမ်းအာက သူမ၏မျက်လုံးများကို မှိတ်ထားဆဲဖြစ်ပြီး လေသံပျော့လေးဖြင့် တောင်းဆိုလိုက်သည်။ ကျိရှောင်ယင်နှင့် အခြားမိန်းခလေးများက ဝမ်းသာမျက်ရည်များ ကျလာပြီး ငိုကြွေးကြပြန်သည်။

သူမ မသေတာ အရမ်းကောင်းတယ်။

ကျုံးယုံက ​​အမှားလုပ်မိခဲ့ပြီး လီရွှမ်းအာက ဆိုးဆိုးရွားရွား အရိုက်ခံရကာ သူမခေါင်းက ချာချာလည်အောင် မူးဝေနေခဲ့သည်။ သူမ မတ်တပ်ရပ်လိုက်ချိန်တွင်လည်း အော့အန်နေပြီး လမ်းမလျှောက်နိုင်တော့ပေ။ ထို့ကြောင့် လီရွှမ်းအာကို တောင်ပေါ်မှ ပြန်သယ်သွားရန်တာဝန်က ကျုံးယုံ၏တာဝန် ဖြစ်လာခဲ့သည်။

ကျုံးယုံက လီရွှမ်းအာကို သူ့နောက်ကျောပေါ်တွင် ထမ်းထားပြီး ဝံပုလွေကို နွယ်ပင်ဖြင့် ချည်နှောင်ကာ သူ့လည်ပင်းတွင် ချိတ်ဆွဲလာခဲ့သည်။ သူ့၏လက်တစ်ဖက်စီတွင် သံတူကြီးများကို ကိုင်ထားပြီး ဘာကိုမှ မပစ်ထားခဲ့ပေ။

ကံကောင်းထောက်မစွာဖြင့် လီရွှမ်းအာက မူးဝေကာ မှိန်းမောနေသောကြောင့် အဆင်ပြေနေခြင်းဖြစ်သည်။ ထိုသို့မဟုတ်ရင် သူမရှေ့မှ တောရိုင်းဝံပုလွေ အသေကောင်ကြောင့် သူမ သေသည်အထိ ကြောက်လန့်နေပေလိမ့်မည်။

ကျိရှောင်ယင်က အနည်းငယ် မူးဝေနေပြီး မအီမသာ ဖြစ်နေသော်လည်း အခြာမိန်းခလေးများ၏ အကူအညီဖြင့် လမ်းလျှောက်နိုင်သေးသည်။ သူမက ပိုက်ဆံအတွက် အသက်ကိုပင် စတေးရန် ဆန္ဒရှိနေကာ ပိုးစာရွက်အပြည့်တောင်းကို ကျော်ပေါ်တင်ထားပြီး တောင်ပေါ်မှ ပြန်ဆင်းချင်နေသေးသည်။

ချိုးယုံခန်းက တောင်ခြေရင်းတွင် အနားယူနေရင်း တောင်ပေါ်သို့ မော့ကြည့်ကာ စိတ်မသက်မသာ ခံစားနေရသည်။ ကျိရှောင်ယင်နှင့် တခြားမိန်းကလေးများကို တောင်ပေါ်တက်ခွင့်ပေးလိုက်မိသည့်အတွက် သူ နောင်တရနေခဲ့သည်။

သူမတို့ကို ကာကွယ်ပေးဖို့ ကျုံးယုံကို ထည့်ပေးလိုက်ပေမယ့် ကျုံးယုံက တုံးအတာကြောင့် သူမတို့ကို ကောင်းကောင်း ကာကွယ်နိုင်မလားဆိုတာ မသေချာဘူးလေ။

သူ ထိုအကြောင်းကို တွေးနေစဥ်မှာပင် ကျုံးယုံက မိန်းကလေးတစ်ယောက်ကို ကျောပိုးပြီး သူ့ရင်ခွင်ထဲတွင် ဝံပုလွေတစ်ကောင် ချိတ်ဆွဲလာသည်ကို လှမ်းမြင်လိုက်ရသည်။ သူ့အနောက်တွင် ဆံပင်များ ရှုပ်ပွနေပြီး အဝတ်အစား စုတ်ပြဲနေသည့် ကောင်မလေးတချို့ ရှိနေခဲ့သည်။ ချိုးယုံခန်း၏စိတ်နှလုံးက လုံးဝ တုန်လှုပ်သွားပြီး သူတို့ဆီသို့ အမြန်လျှောက်သွားလိုက်သည်။

ချိုးယုံခန်းက ကျုံးယုံဆီသို့ ခပ်မြန်မြန် လျှောက်သွားလိုက်ပြီး သူ့နောက်ကျောတွင် ထင်ထားသူက လီရွှမ်းအာဖြစ်နေသည်ကို တွေ့လိုက်ရသည်။ ထို့နောက် ကျိရှောင်ယင်၏ မျက်နှာတစ်ဝက်က ပြာနှမ်းနေပြီး သူမ၏မျက်လုံးတစ်ဖက်က မဖွင့်နိုင်သည်အထိ ရောင်ရမ်းနေသည်ကို တွေ့လိုက်ရသည်။ သူမက မျက်လုံးတစ်ဖက်တည်းဖြင့်သာ သူ့ကို ကြည့်နိုင်တော့သည်။

ချိုးယုံခန်းက အလျင်စလိုဖြင့် "ဘာတွေ ဖြစ်လာတာလဲ?"

"တောင်ပေါ်က လူနှစ်ယောက် ကျွန်မတို့ကို ဖမ်းဖို့ ကြိုးစားခဲ့တယ်"

ဝမ့်လာမိန်က ကမန်းကတန်း ပြောပြလိုက်သည်။ သူမက သူမ မှတ်မိသလောက် ပြောပြနေသော်လညး ကြောက်လန့်နေကာ တုန်လှုပ်နေဆဲဖြစ်သည်။

လီရွှမ်းအာ၏မိခင်က သူမသမီး၏ပါးစပ်ထဲတွင် သွေးများ ပြည့်နေပြီး ကျုံးယုံက သူမကို ပြန်သယ်ဆောင်လာသည်ကို မြင်လိုက်ရသောကြောင့် သူမ၏သမီး မည်မျှ ဒဏ်ရာပြင်းထန်စွာရခဲ့သည်ကို တွေးကာ ငိုနေရင်းဖြင့် ပြေးလာပြီး သူမ၏သမီးလေးကို ပွေ့ဖက်လိုက်သည်။

"ရွှမ်းအာ၊ ရွှမ်းအာ၊ မင်း အမေကို မခြောက်လန့်ပါနဲ့"

"အမေ၊ ကျွန်မ အဆင်ပြေတယ်"

လီရွှမ်းအာက ခေါင်းခါလိုက်သည်။ သူမ ခေါင်းခါလိုက်သောကြောင့် သူမ စားထားသော ကြာကစီများအားလုံးကို ပြန်အန်ထုတ်လိုက်မိသည်။ သူမ၏ ပါးစပ်ထဲတွင် သွေးများ ရှိနေသောကြောင့် သူမ အန်လိုက်ချိန်တွင် နီရဲနေသော သွေးကွက်များ ဖြစ်ပေါ်စေခဲ့သည်။ လီရွှမ်းအာ၏မိခင်က ထိတ်လန့်သွားပြီး သူမ၏လက်နှင့် ခြေထောက်များ ပျော့ခွေကျသွားကာ သူမ၏အသံကလည်း တုန်ယင်လာတော့သည်။

"အိုက်ယား၊ အိုက်ယား၊ မင်းရဲ့ဒဏ်ရာက ဘယ်လောက်ပြင်းထန်လို့ မင်းက သွေးအန်နေရတာလဲ?”

“ဒါက ဟိုလူဆိုးရဲ့သွေးတွေ”

လီရွှမ်းအာက သူမ၏အမေကို နှစ်သိမ့်ရန် ကြိုးစားလိုက်သည်။ သူမက လူဆိုးကောင်၏နားရွက်ကို ကိုက်လိုက်သောကြောင့် သူမ၏ပါးစပ်ထဲတွင် သွေးများရှိနေခြင်း ဖြစ်သည်။ သို့သော် ထိုအကြောင်းကို ပြန်တွေးမိချိန်တွင် သူမက ရွံ့ရှာစိတ်ကြောင့် ထပ်အန်မိပြန်သည်။

ကျုံးယုံက လီရွှမ်းအာကို ကျောပေါ်မှာ ထမ်းထားဆဲဖြစ်ပြီး သူမက သူ့ကိုယ်ပေါ်သို့ တစ်ချိန်လုံး အန်ချနေခြင်း ဖြစ်သည်။ ကျုံးယုံက လီရွှမ်းအာ၏မိခင်ကို သနားစိတ်ဖြင့် ကြည့်ပြီးနောက် သူ့ပါးစပ်ကို ဖွင့်ကာ သူ့ကိုယ်ပေါ်သို့ သူ အန်ချလိုက်ပြန်သည်။

ကံကောင်းထောက်မစွာဖြင့် သူ့ရင်ဘတ်ရှေ့တွင် ချိတ်ဆွဲထားသော ဝံပုလွေက အရာအားလုံးကို သယ်ဆောင်သွားခဲ့သည်။

"မြန်မြန်၊ ရွမ်းအာကို မြန်မြန် အောက်ချပေးလိုက်"

ကျုံးယုံ အန်လိုက်သည်ကို မြင်လိုက်ရသောကြောင့် လီရွှမ်းအာ၏အမေက သူမ၏သမီး မြေပြင်ပေါ်သို့ ပစ်ကျသွားမည်ကို စိုးရိမ်သောကြောင့် လီတာ့နျိုကိုခေါ်ကာ သူမ၏သမီးကို အမြန်ကူညီပေးစေခဲ့သည်။

လက်မထပ်ရသေးသော မိန်းမပျိုလေးက အမျိုးသားတစ်ဦးနှင့် အရေပြားချင်း ထိတွေ့မိပါက သူမ၏ အနာဂတ်ခင်ပွန်းသည်မိသားစုက သူမကို မထီမဲ့မြင်ပြုပေလိမ့်မည်။

ချိုးယွဲ့က လှည်းပေါ်တွင် ထိုင်နေပြီး မိန်းကလေးများ၏ ဝမ်းနည်းစရာအခြေအနေကို ကြည့်နေရာ သူမ လိုက်မသွားနိုင်ခြင်းအတွက် ဝမ်းသာနေမိသည်။

"ယုံအာ?"

အမျိုးသမီးလီကည် သူမအတွက် နောက်ဆုံးဆေးကို သောက်ခဲ့ပြီး ဖြစ်သောကြောင့် သူမ၏အမြင်အာရုံက ပြန်လည်ကောင်းမွန်လာခဲ့သည်။ သူမက ရှင်းရှင်းလင်းလင်း မြင်ရပြီဖြဟ်သောကြောင့် သူမ၏သားကို ပထမဆုံးတွေ့ချင်နေခဲ့သည်။ ထို့ကြောင့် သူမက ကျုံးယုံကို လှမ်းခေါ်လိုက်သည်။

သူမက ဆယ်နှစ်ကျော်ကြာ မျက်မမြင် ဖြစ်နေခဲ့ပြီး ယခုမှ အလင်းရောင်ကို ရုတ်တရက် ပြန်မြင်ရသောကြောင့် ကျင့်သားမရသေးပေ။

“အမေ”

ကျုံးယုံက သူ့မိခင်၏အဝတ်အစားများ ညစ်ပတ်သွားမည်ကို စိုးရွံ့သောကြောင့် သူ့မိခင်၏ ပွေ့ဖက်မှုကို ရှောင်ရန် နောက်သို့ ဆုတ်သွားခဲ့သည်။

"ကျွန်တော်က ညစ်ပေနေတာ"

"အမေ စိတ်မရှိဘူး၊ အမေက စိတ်မရှိပါဘူး"

သားဖြစ်သူ၏မျက်နှာကို ရှင်းရှင်းလင်းလင်း မြင်ရပြီးနောက်တွင် အမျိုးသမီးလီ၏မျက်လုံးများမှ မျက်ရည်များ ထွက်ကျလာသည်။ အမျိုးသမီးလီက မျက်ရည်များကြောင့် သူမ၏အမြင်အာရုံ မမှုန်ဝါးသွားစေရန် သူမ၏အင်္ကျီလက်ဖြင့် သူမ၏မျက်ရည်များကို အလျင်အမြန် သုတ်လိုက်သည်။

ကျုံးယုံက သူ့လည်ပင်းတွင် ချိတ်ထားသည့် ဝံပုလွေကို ဖယ်ရှားလိုက်ပြီး မြေပြင်ပေါ်သို့ ပစ်ချလိုက်သည်။ သူက သူ့အမေကို ပြုံးပြကာ "အမေ၊ ကျွန်တော် အမေစားဖို့ ဝံပုလွေအသား ရှာလာခဲ့တယ်"

"ငါ့ရဲ့ယုံအာက တတယ့်ကို အံ့သြစရာပဲ"

အမျိုးသမီးလီ ဘယ်တော့သုတ်ရ၍ ကုန်နိုင်မည် မဟုတ်သော မျက်ရည်များကို သုတ်လိုက်ပြီး သူမ၏သားဖြစ်သူကို ပြုံးပြကာ ချီးကျူးလိုက်သည်။

သူမရဲ့သားက အစ်ကိုဖုန်းနဲ့ သုံးပုံနှစ်ပုံလောက်တူနေပြီး အစ်ကိုဖုန်းထက်တောင် အရပ်ပိုရှည်ပြီး ပိုသန်မာပုံရတယ်။ ဒါပေမယ့် သူက နည်းနည်း တုံးအပုံပေါ်နေတယ်။ ဒါတွေအားလုံးက သူမ အပြစ်ပဲ။ သူမ ထွက်ပြေးလာတုန်းက ယုံအာကို သေသေချာချာ ဂရုမစိုက်နိုင်ခဲ့တာကြောင့် ယုံအာက ‌ကြောက်လန့်စိတ်နဲ့ အဖျားတက်ခဲ့တယ်။ အဲ့နောက်မှတော့ သူက ဉာဏ်ထိုင်းလာတယ်။

"အမေ၊ အမေ ကျွန်တော့်ကို မြင်ရပြီလား?"

ကျုံးယုံက သူ၏ ယပ်တောင်ကဲ့သို့သော လက်ဖဝါးကြီးကို ဆန့်ထုတ်လိုက်ပြီး သူ့မိခင်၏ မျက်လုံးများရှေ့တွင် ဝှေ့ယမ်းလိုက်သည်။ ထို့နောက် သူက သူ့အမေကို တုန်လှုပ်ချောက်ချားစွာ ကြည့်နေမိသည်။

သူ့ဦးလေးက သူ့မိခင်ရဲ့မျက်လုံးတွေကို ကုသပေးဖို့ ငွေကြေးအမြောက်အမြား သုံးစွဲခဲ့ပေမယ့် လုံးဝ မပျောက်ကင်းခဲ့ဘူး။

"ဟုတ်​တယ်၊​ အ​မေက အမေ​ရဲ့ယုံအာကို မြင်​နိုင်ပြီ"

အမျိုးသမီးလီက အပြုံးဖြင့် ခေါင်းငြိမ့်ပြရင်း မျက်ရည်များ ဝဲလာပြန်သည်။

“မွေးစားအမေ၊ မငိုနဲ့တော့၊ မွေးစားအမေ ဆက်ငိုရင် မျက်လုံးတွေကို ထိခိုက်စေလိမ့်မယ်"

ကျိရှောင်ယင်က သူမ၏မူးဝေခြင်း ဝေဒနာကို ကျိတ်မှတ်သည့်ခံကာ အမျိုးသမီးလီကို ကူတွဲပေးရန် ရောက်လာခဲ့သည်။

အစ်မစူးချင်းက မွေးစားအမေရဲ့မျက်လုံးတွေကို ကုသဖို့ ပြင်းပြင်းထန်ထန် ကြိုးစားခဲ့ရတာလေ၊ မွေးစားအမေ ငိုလိုက်လို့ မျက်လုံးတွေ ပြန်ကွယ်သွားမှာကို သူမ တကယ် စိုးရိမ်နေခဲ့တာပါ။

ကျိရှောင်ယင်၏စကားကို ကြားပြီးနောက် အမျိုးသမီးလီက အလွန်ကြောက်လန့်သွားပြီး မငိုဝံ့တော့ဘဲ မျက်ရည်များကို အမြန်သုတ်လိုက်သည်။

ကျန်းလောင်ချီက သေသည်အထိ အရိုက်ခံရပြီးနောက်တွင်ပင် အော့အန်ခံထားရသေးသည့် ဝံပုလွေကို ကိုင်တွယ်ရန် လှမ်းကြည့်နေခဲ့သည်။

ငါတောင်မှ ဒီဝံပုလွေအရေခွံကို မလိုချင်တော့ဘူး။ ဘယ်သူမှလည်း ဝယ်မှာ မဟုတ်တော့ သိမ်းထားလည်း အသုံးမဝင်တော့ဘူး။

ကျန်းလောင်ချီက ထိုနေရာသို့ သွားကာ ဝံပုလွေကို ကောက်ယူလိုက်ပြီး သစ်ပင်ပေါ်တွင် ချိတ်ဆွဲကာ အရေခွံခွာနေခဲ့သည်။

အဒေါ်ချိုးနှင့် အခြားလူများက ဝံပုလွေသား ဖြတ်တောက်ရန် ရေနွေး‌အမြန် ကျိုလိုက်ကြသည်။ ဝံပုလွေအသားက ကြမ်းတမ်းပြီး ညှီနံ့လည်း ရှိသောကြောင့် အရသာ မရှိလှပေ။ သို့သော်လည်း သူတို့က ဆာလောင်နေလျှင် ဝံပုလွေအသား မဆိုထားနှင့် ကြွက်များပင် စားနိုင်ကြသည်။

သို့တိုင်အောင် မည်သူကမျှ အ‌ဒေါ်ချိုး၏ဟင်းချက်လက်ရာကို အယုံအကြည် မရှိကြပေ။

စူးချင်းသာ ဒီမှာရှိနေရင် ဒီဝံပုလွေသားကို အရသာရှိအောင် လုပ်နိုင်မှာ သေချာတယ်။

ထိုအရာက လူတိုင်း၏အတွေး ဖြစ်သည်။ ကျန်းလောင်ချီက ဝံပုလွေကို အရေခွံခွာပြီး ၎င်း၏ ဝမ်းဗိုက်ကို ဖွင့်ကာ ကလီစာများ ထုတ်ရန် ပြင်ဆင်နေချိန်တွင် လမ်းမကြီးဆီမှ ဖုန်မှုန့်များ ပျံဝဲလာသည်ကို သူ မြင်လိုက်ရသည်။

All Chapters