← Chapters

ပိတ်မိနေခြင်း

Vol. 10 Ch. 143

ပိတ်မိနေခြင်း

Vol. 10 Ch. 143

ချိုးယုံခန်းက သူ့ညီမ၏အလောင်းကို ငုံ့ကြည့်လိုက်ပြီး “ချိုးယွဲ့၊ အစ်ကိုကြီးကို အပြစ်မတင်ပါနဲ့၊ နောက်ဘဝမှာ အကိုကြီးက မင်းရဲ့အစေခံဖြစ်ပေးပါ့မယ်။ မင်း စိတ်အေးလက်အေး သွားလိုက်ပါတော့။ ငါက မိဘတွေကို ကောင်းကောင်း ဂရုစိုက်ပေးပါ့မယ်။ နှစ်စဉ်နှစ်တိုင်း ၇ လပိုင်း ၁၅ ရက်နေ့မှာ ငါ မင်းအတွက် စက္ကူ ပိုက်ဆံတွေကို ပိုပြီး မီးရှို့ပေးပါ့မယ်"

လီတာ့နျိုနှင့် ကျန်းလောင်ချီက ချိုးယွဲ့ကို သယ်ဆောင်ရန် မလိုက်ကြပြီး ရုတ်တရက် လီတာ့နျိုက ထခုန်လိုက်ကာ ‌‌အော်ပြောလိုက်သည်။

"အိုက်ယား... အိုက်ယား...မင်းက ငါ့ကို သေအောင်ခြောက်လှန့်နေတာပဲ။ ချိုးယွဲ့...ချိုးယွဲ့ သူ(မ)က ငါ့လက်ကို ကိုင်လိုက်တယ်၊ သူ(မ)က ငါ့ခန္ဓာကိုယ်ကို ကြားခံအဖြစ် လုယူပြီး အသုံးချချင်နေတာပဲ"

လီတာ့နျိုက ချိုးယွဲ့၏နောက်တွင် ချန်ထားခဲ့ကာ တောထဲမှ ထွက်ပြေးသွားခဲ့သည်။

သူ ဒါကို မလုပ်ရဲတော့ဘူးလေ။

လီတာ့နျို ‌အော်လိုက်သည်ကို ကြားလိုက်ရသော ကျန်းလောင်ချီကလည်း ​​ချိုးယွဲ့ကို ဆက်မ မထားရဲတော့ဘဲ သူမကို မြေကြီးပေါ် အမြန် လှဲချပေးလိုက်သည်။

အ‌ဒေါ်ချိုးကတော့ သူမ၏သမီးလေး သရဲတစ္ဆေ ဖြစ်သွားမည်ကိုပင် မကြောက်နိုင်ဘဲ ငိုနေရင်းဖြင့် ချိုးယွဲ့ကို ပွေ့ဖက်ထားလိုက်သည်။

"ချိုးယွဲ့၊ အမေရဲ့ခန္ဓာကိုယ်ကို စတေးပြီး လူပြန် ဝင်စားလို့ရတယ်နော်"

ချိုးယုံခန်းကတော့ သရဲတစ္ဆေများ ရှိသည်ကို မယုံကြည်ပေ။ သူက အခြေအနေကို စစ်ဆေးရန် လျှောက်သွားလိုက်ပြီး ချိုးယွဲ့က သူမ၏မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်နေသည်ကို သူ တွေ့လိုက်ရသည်။ သူ့ကို မြင်သောအခါတွင် သူမ၏မျက်လုံးများတွင် ကြောက်ရွံ့မှုများနှင့် ပြည့်နှက်လာပြီး သူမမိခင်၏ရင်ခွင်ထဲသို့ တိုးဝင်ကာ သူမတစ်ကိုယ်လုံး တုန်ယင်နေလေသည်။

ချိုးယုံခန်းက အနားသို့ ထပ်တိုးလိုက်ပြီး သူ့ညီမ၏လက်ကောက်ဝတ်ကို လှမ်းဆွဲကာ သွေးခုန်နှုန်းကို စစ်ဆေးလိုက်ပြီး သူ့ညီမကို ပြန်မော့ကြည့်လိုက်သည်။

သူမ သေသွားခဲ့တာ မဟုတ်ဘူးလား?

သေခြင်းမှ လွတ်မြောက်လာသော ချိုးယွဲ့က ထိတ်လန့်တုန်လှုပ်နေဆဲ ဖြစ်ကာ အစ်ကိုဖြစ်သူက သူမ၏လက်ကောက်ဝတ်ကို ဆုပ်ကိုင်လိုက်သောကြောင့် သူမက အက်ရှသောအသံဖြင့် တောင်းပန်လိုက်သည်။

“အစ်ကိုကြီး၊ ကျွန်မ အိမ်ထောင်ပြုဖို့ ကတိပေးပါတယ်။ ကျွန်မကို မသတ်ပါနဲ့ မသတ်ပါနဲ့နော်… အဲ့တာက အရမ်းနာတယ်…”

တစ်ဘက်ခြမ်းတွင် လောကကြီး ဇောက်ထိုးမိုးမျှော်ဖြစ်တော့မလို ပရမ်းပတာ ဖြစ်နေချိန်၌ စူးချင်းနှင့် ကျိရွှေရှန့်တို့က ရထားလုံးကို မောင်းနှင်လာပြီး ထွက်ပြေးလာသော လူတစ်စုနှင့် ရောနှောကာ ဖုံးကွယ်ထားခဲ့သည်။ ဒုက္ခသည်များက များလွန်းသောကြောင့် တစ်ရက်တာလုံး ကုန်ဆုံးပြီးချိန်အထိ အဝေးသို့ မရောက်နိုင်ကြသေးပေ။

ကျိရွှေရှန့်၏နှလုံးသားက စိုးရိမ်စိတ်များကြောင့် ပူလောင်နေခဲ့သည်။ ပထမတစ်ချက်အနေဖြင့် ဝမ်ယွိလင်နှင့် ကျန်သူများက အဘိုးချင် လုယူခံရသည်ကို သိသွားပြီး သူတို့ကို လိုက်ဖမ်းရန် လူများစေလွှတ်မည်ကို သူ စိုးရိမ်နေခြင်း ဖြစ်သည်။

ဒုတိယအနေဖြင့် သူက ထောင်ဟွားဝူအဖွဲ့အတွက် စိတ်ပူနေခြင်းဖြစ်ပြီး သူ အနားမှာ မရှိချိန်တွင် သူတို့အာလုံး အန္တရာယ်ကြုံတွေ့ရမည်ကို တွေးတောကာ သူ စိုးရိမ်ပူပန်နေခဲ့သည်။

စူးချင်းနှင့် အဘိုးချင်တို့က ရထားပေါ်တွင် ထိုင်နေကြပြီး စူးချင်းက လူအိုကြီးချင်၏ဆံပင်ကို အနက်ရောင်ဆေးများ ဆိုးပေးထားပြီး သူက ဖျင်ကြမ်းအင်္ကျီကို ၀တ်ဆင်ထားပြီး ဖြစ်သည်။ သူ့အသွင်အပြင်အရ သူ့ကို မည်သူမျှ မှတ်မိနိုင်တော့မည် မဟုတ်ပေ။

သို့သော် နှစ်ပေါင်းများစွာကြာ အကျင့်ပါနေခဲ့သော သူ၏ အပြုအမူများကိုတော့ အချိန်တိုအတွင်း မပြောင်းလဲနိုင်သေးပေ။ သူက ထိုနေရာတွင် အလွန်တည်ငြိမ်သော ဟန်ပန်အနေအထားဖြင့် ထိုင်နေပြီး အဆင့်အတန်းမြင့်သော အရာရှိကြီးတစ်ဦးဖြစ်ကြောင်း သိသာနေသည်။

သူက အင်္ကျီအကြမ်းကို ဝတ်ဆင်ထားလျှင်ပင် ရထားလုံးပေါ်တွင် ထိုင်နေနိုင်သောကြောင့် ဒေသခံသူဌေးကြီးတစ်ဦးအဖြစ် သတ်မှတ်ခံရနိုင်သေးသည်။ အကယ်၍ သူက ထိုသို့ဟိတ်ဟန်အပြည့်ဖြင့် နေထိုင်ပြုမူနေပါက သံသယများ ပိုတိုးလာပေလိမ့်မည်။

“အဖေ၊ အဖေ အဲ့လို လုပ်နေလို့ မဖြစ်ဘူး။ သူတို့ရဲ့ပုံပန်းသဏ္ဍာန်တွေကို ဘာကြောင့် သတိထားပြီး မကြည့်ရတာလဲ?”

စူးချင်းက ရထားလုံး၏ကန့်လန့်ကာကို ဖွင့်လိုက်ပြီး လူအိုကြီးချင်ကို အပြင်ဘက်သို့ ကြည့်စေလိုက်သည်။ သူမက သဘာဝကျကျဖြင့် သူ့ကို 'အဖေ' ဟု ခေါ်နေသောကြောင့် အရှေ့ဘက်တွင် ရထားလုံး မောင်းနှင်နေသော ကျိရွှေရှန့်ပင်လျှင် သူမ၏ 'အဖေ' ခေါ်သံကို ကြားသွားပြီး မျက်ခုံးလှုပ်သွားရသည်။

နောက်ဆုံးတွင် သူက စူးချင်းထက် မျိုးဆက်တစ်ဆက်နိမ့်သွားကြောင်း သူ သဘောပေါက်သွားခဲ့သည်။

လူအိုကြီးချင်က ရထားလုံး၏အပြင်ဘက်သို့ လှမ်းကြည့်လိုက်သည်။ သဘာဝဘေးဒဏ်နှင့် စစ်ဘေးဒဏ်ကို ခံစားခဲ့ရပြီး ထွက်ပြေးလာရသူများ၏မျက်နှာများက သနားစရာစဖွယ် ကောင်းလှသည်။ သူတို့က အလွန်စိတ်ဆင်းရဲနေပုံရပြီး သူတို့မျက်လုံးများက မှေးမှိန်းနေကာ အားမရှိသလို လမ်းလျှောက်နေကြသည်။ သူတို့ထဲမှ မည်သူကမျှ သူတို့၏ပုံပန်းသဏ္ဍာန်ကို ဂရုမစိုက်ဘဲ အားလုံးက ယိုင်နဲ့နဲ့ လျှောက်လှမ်းနေကြကာ တချို့ဆိုလျှင် ခြေချော်လက်ချော်ဖြင့် လဲပြိုနေကြသေးသည်။

"ငါ သင်ယူပါ့မယ်"

အဘိုးအိုက စူးချင်း၏ဆိုလိုရင်းကို ချက်ချင်း နားလည်နိုင်သည်။

လူတစ်ယောက်ရဲ့ အသွင်အပြင်ကို ပြောင်းချင်ရင် အကျင့်စရိုက်ကိုပါ ပြောင်းပစ်ရလိမ့်မယ်။

ထို့နောက် အဘိုးအို လမ်းတစ်လျှောက်လုံး တခြားသူများကို ကြည့်နေပြီး သူက အလွန်အလေးအနက် သင်ယူခဲ့သည်။ ထို့ကြောင့် သူ၏နေပုံထိုင်ပုံက တဖြည်းဖြည်း ပြောင်းလဲလာပြီး ပို၍ ပေါ့ပါးလာကာ ပိုသဘာဝကျလာခဲ့သည်။

ဘေးဒုက္ခများမှ ထွက်ပြေးလာသူများက အရမ်းများလွန်းနေပြီး လူတိုင်းကလည်း အားနည်းနေသောကြောင့် သူတို့က တဖြေးဖြေး သွားနေကြသည်။ နောက်တွင် ရထားလုံးရှိနေသော်လည်း သူတို့က ခြေလှမ်းတစ်လှမ်းစီတိုင်းအတွက် ရုန်းကန်နေရသောကြောင့် ကျိရွှေရှန့်ကလည်း သူတို့နောက်မှသာ ဖြည်းဖြည်းချင်း လိုက်နေရသည်။ သို့သော် ထိုသို့ ဖြည်းညှင်းစွာ လိုက်နေရင်း ရှေ့မှလူများက ရုတ်တရက် ရပ်တန့်သွားပြီး သူတို့အားလုံး လမ်းမပေါ်တွင် ရပ်နေကြရသည်။

"ဘာလို့ မလှုပ်တော့တာလဲ?"

"ငါ သွားကြည့်​လိုက်​မယ်"

ကျိရွှေရှန့်ကလည်း တစ်ခုခုလွဲနေပြီဟု ခံစားမိသောကြောင့် နှင်တံကို စူးချင်းထံသို့ လွှဲပေးလိုက်ပြီး သူမကို ရထားလုံး မောင်းခိုင်းလိုက်သည်။ ထို့နောက် သူက ရထားပေါ်မှ ခုန်ဆင်းကာ အခြေအနေကို စူးစမ်းရန် အရှေ့သို့ လျှောက်သွားလိုက်သည်။

သူ ခြေလှမ်းရာဂဏန်းကျော်ကျော်လောက် လျှောက်လှမ်းပြီးချိန်တွင် အ‌ရှေ့၌ စစ်သည်များက လမ်းကို ပိတ်ဆို့ထားကြောင်း သိလိုက်ရသည်။ သူတို့က သေဆုံးသူများကိုပင် အလွတ်မပေးဘဲ တစ်ယောက်ပြီး တစ်ယောက် စစ်ဆေးနေကြသည်။ တစ်ချို့စစ်သည်များက ပုံတူကားချပ်များကို ကိုင်ထားပြီး ဆံပင်ဖြူများ ရှိနေသည့် အဘိုးကြီးများကို တွေ့လျှင် နှိုင်းယှဉ်ကြည့်ရန် ဆွဲခေါ်သွားကြသည်။

ထိုကိစ္စက ကျိရွှေရှန့်၏အမူအရာက ဆိုးရွားလာစေခဲ့သည်။ သံချပ်ကာဝတ်တပ်ဖွဲ့က စစ်သည်တွေက ဒီလောက်မြန်မယ်လို့ သူ မမျှော်လင့်ထားမိဘူး။

အနည်းဆုံး နောက်ထပ်နေ့တစ်ဝက်လောက်တော့ အချိန်ရဦးမယ်လို့ သူတို့ ထင်ထားခဲ့ကြပေမယ့် တစ်ရက်အတွင်းမှာပဲ သူတို့က အဘိုးအို ပျောက်ဆုံးသွားတာကို ရှာတွေ့သွားကြတယ်။

ကျိရွှေရှန့်က ရထားလုံးဆီသို့ ပြန်လာခဲ့ပြီး စူးချင်းက သူ၏ လေးနက်သော အမူအရာကို မြင်သွားကာ အရင် လှမ်းမေးလိုက်သည်။

"မင်း သိခဲ့ပြီလား?"

“အင်း၊ သူတို့က အ‌ရှေ့မှာ စပြီး စစ်ဆေးနေကြပြီ။ အဘိုးအိုတွေကို တွေ့ရင် ဖမ်းပြီး ပုံတူနဲ့ နှိုင်းယှဥ်ကြည့်နေကြတယ်”

ကျိရွှေရှန့်က သူ့အဘိုးကို စိုးရိမ်တကြီး လှမ်းကြည့်နေပြီး သူ့အဘိုးက သူ့၏အသွင်အပြင် ပြောင်းလဲပြီး ဖြစ်သော်လည်း သူ စိတ်မသက်မသာ ခံစားနေရဆဲပင်။

"ရှင့်ရဲ့မုတ်ဆိတ်မွေးကို ရိတ်သင့်နေပြီ"

ဝမ်မိသားစုစစ်တပ်မှ လူများက ကျိရွှေရှန့်ကို နားနေတည်းခိုဆောင်တွင် တွေ့ဖူးခဲ့ကြောင်း စူးချင်းက ရုတ်တရက် သတိရသွားပြီး သူ့ကို အကြံပေးလိုက်သည်။ သူ့၏အသွင်အပြင်က တခြားသူများနှင့် မတူသောကြောင့် လေးနက်သောခံစားချက် ချန်ထားနိုင်ခြင်းမျိုး ဖြစ်နိုင်သောကြောင့် သတိထားရမည် ဖြစ်သည်။

"အာ? မုတ်ဆိတ်တွေကို ရိတ်ရမှာလား?”

ကျိရွှေရှန့်က စူးချင်း သူ့ကို မုတ်ဆိတ်ရိတ်ခိုင်းမည်ဟု မမျှော်လင့်ထားခဲ့ပေ။ သူက သူ နှစ်အနည်းငယ်ကြာအောင် ထိန်းသိမ်းထားခဲ့သော မုတ်ဆိတ်မွေးများကို ပြန်ထိနေပြီး အနည်းငယ် တွန့်ဆုတ်နေပုံရသည်။ ထို့နောက်တွင် သူ့ကို မုတ်ဆိတ်မွေးများ ထားရန် သူ့မွေးစားအဖေ ပြောခဲ့သည့်စကားကို ရုတ်တရက် သတိရသွားပြီး သူက စူးချင်းကို အမြန် ပြန်ပြောလိုက်သည်။၊

“မဖြစ်ဘူး၊ ငါက ငါ့အဖေနဲ့ အရမ်းတူတယ်။ ဒီဝမ်မျိုးရိုးက ငါ့ကို တစ်ချက်ကြည့်ရုံနဲ့ မှတ်မိသွားလိမ့်မယ်"

"ဒါက လွယ်ပါတယ်"

စူးချင်းက အေးဆေးတည်ငြိမ်စွာ ပြောလိုက်သည်။ ကျိရွှေရှန့်က သူမကို စူးစူးစိုက်စိုက် ကြည့်နေပြီး သူ အလွန် သံသယဖြစ်နေမိသည်။ သူမအတွက် ရှုပ်ထွေးခက်ခဲတဲ့ တစ်ခုခု ဆိုတာရော ရှိသေးရဲ့လား?

သခင်ကြီးချင်က ရထားလုံး မောင်းနှင်ရန် လှည်းထိန်းအဖြစ် ဆောင်ရွက်နေပြီး စူးချင်းက ကျိရွှေရှန့်ကို ရထားလုံးပေါ်သို့ တွန်းတင်ကာ သူ့၏အသွင်အပြင်ကို ပြောင်းလဲရန် ပြင်ဆင်နေခဲ့သည်။

ပထမဆုံးအနေဖြင့် သူမက သူ၏မုတ်ဆိတ်မွေးထူထူများကို ရိတ်ပစ်ရန် ကြံရွယ်နေပြီး သူနားသို့ တိုးကပ်လာခဲ့သည်။ သူမ၏ သစ်ခွရနံနှင့်တူသော ကိုယ်သင်းနံဖျော့ဖျော့နှင့် သူမ၏အသက်ရှုသံတိုးတိုးက ကျိရွှေရှန့်၏နှာခေါင်းထဲသို့ လွင့်မျော ဝင်ရောက်လာသည်။ ထို့အပြင် သူမ၏နှင်းကဲ့သို့ ဖြူစင်သော လည်ပင်းလေးက သူ့မျက်လုံးရှေ့သို့ ရောက်နေသောကြောင့် ကျိရွှေရှန့်က သူ့သွေးများ ဆူပွက်လာသလို ခံစားနေရသည်။

ကျိရွှေရှန့်က သူ့၏ခန္ဓာကိုယ်တွင်းရှိ သွေးများအားလုံး သူ့နှာခေါင်းဆီသို့ စီးဆင်းသွားသည်ကို ခံစားလိုက်ရပြီး သူ့၏အလွန်ခန့်ညားသော နှာခေါင်းမှ သွေးများ စီးကျလာသည်။

ထိုအရာက ရှက်စရာကောင်းလွန်းသောကြောင့် ကျိရွှေရှန့်က သူ့နှာခေါင်းကို သူ့လက်ဖြင့် အုပ်ထားကာ စူးချင်း၏မျက်လုံးများကို မကြည့်ရဲတော့ပေ။ သူမ၏မျက်လုံးထဲတွင် သူ့ကို အထင်သေးနေသည့်အကြည့်များ ရှိနေမည်ကို သူ ကြောက်ရွံ့နေမိသည်။

စူးချင်းက မျက်ခုံးပင့်လိုက်သည်။ ရာသီဥတုက အရမ်းပူနေလို့ သူ နှာခေါင်းသွေးယိုသွားတာလား?

သူမ နွေရာသီရဲ့ အပူဒဏ်ကို သက်သာစေဖို့ တစ်ခုခု လုပ်ပေးဖို့ မေ့နေခဲ့တာပဲ။

“ခေါင်းကို မော့ပြီး နဖူးကို ပုတ်လိုက်”

နှာရည်ယိုနေသော ကျိရွှေရှန့်က ထို့သို့လုပ်ရန် အဆင်မပြေသောကြောင့် သူမက ကျိရွှေရှန့်၏မေးစေ့ကို သူမ၏သွယ်လျသောလက်ချောင်းလေးများဖြင့် ပင့်မြှောက်ပေးလိုက်ပြီး နှာခေါင်းသွေးယိုခြင်းမှ ရပ်တန့်စေရန် သူ့ခေါင်းကို မော့ထားစေလိုက်သည်။

ဤလုပ်ရပ်က မည်မျှသင့်လျော်သည် မသင့်လျှော်သည်ကို သူမ မသိပေ။ အများအားဖြင့် အမျိုးသားများက အမျိုးသမီးများအား ထိုသို့ လုပ်ပေးသည်ကို သူမ မြင်ဖူးနေသောကြောင့် သူမက ဘာမှမဖြစ်သလို ခပ်အေးအေး လုပ်ပေးနေခြင်း ဖြစ်သည်။

မှုတ်ဆိတ်မွေး မရိတ်ရသေးသော ကျိရွှေရှန့်၏မေးစေ့ပင် အနည်းငယ် နီမြန်းလာပြီး သူ့မေးစေကို ထိလိုက်သော သူမ၏လက်ချောင်းများက ဓာတ်လိုက်ခံရသကဲ့သို့ ထုံကျင်သွားသည်ဟု သူမ ခံစားလိုက်ရသည်။ စူးချင်းက ထိုခံစားချက်ကို မကြိုက်သောကြောင့် သူမ၏လက်ကို အမြန် ပြန်ချလိုက်သည်။

ကျိရွှေရှန့်က သူမကို အံသြစွာ စိုက်ကြည့်နေသော်လည်း သူ့အတွေးများက မူမမှန်တော့ပေ။

သူမ အခုန မလုပ်သင့်တာကို လုပ်ခဲ့ပေမယ့်လည်း... ဒါပေမယ့်လည်း သူမ လက်ကို ပြန်မချဘဲ ဆက်လုပ်ပေးသင့်တယ်လေ...

လူအိုကြီးချင်ကတော့ စိုးရိမ်မှုအပြည့်ဖြင့် ရှေ့သို့သာ လှမ်းကြည့်နေခဲ့သည်။ သူက ဤဘေးဒုက္ခသည်များအားလုံးကို သူကြောင့် ဒုက္ခဖြစ်မည်ကို မကြည့်ရက်နိုင် ဖြစ်နေခဲ့သည်။

ထို့ကြောင့် သူ နောက်သို့ ပြန်လှည့်ကြည့်လိုက်ချိန်တွင် စူးချင်းက ကျိရွှေရှန့်၏မေးစေ့ကို ကိုင်ထားသည်အား သူ မြင်လိုက်ရသည်။ အဘိုးအိုက သူ့ခေါင်းကို ဆက်ခနဲ ပြန်လှည့်လိုက်သည်။

ငါ နောက်ကို ပြန်လှည့်မကြည့်သင့်ဘူး။

လူအုပ်ကြီးက ရှေ့သို့ ဖြည်းညှင်းစွာ ရွေ့လျားလာပြီး လမ်းပေါ်တွင် သံချပ်ကာဝတ် စစ်သည်များ ပိုများလာသည်။ သူတို့က လူများ ထွက်မပြေးစေရန် တားဆီးထားပြီး ဘေးဒုက္ခသည်များကို လမ်းအလယ်သို့ မောင်းထုတ်နေကြသည်။ ထိုသံချပ်ကာဝတ်တပ်သားများက မြင်းများကို စီးထားကြပြီး ဘေးဒုက္ခသည်များကို တိရစ္ဆာန်များ မောင်းနေသကဲ့သို့ ရှေ့သို့ မောင်းထုတ်နေကြသည်။

အားလုံးက ဘာဖြစ်နေမှန်း မသိကြဘဲ ကြောက်လန့်နေကြသည်။

ဘာလို့ စစ်သည်တွေ ဒီလောက်များနေရတာလဲ? သူတို့က ဘာလုပ်နေကြတာလဲ?

အကြောက်တရားက လူတိုင်းကို ထိတ်လန့်စေခဲ့ပြီး သူတို့က တိုးတိုးလေးတောင် ပြန်မပြောဝံ့သောကြောင့် စက်ယန္တရားများကဲ့သို့ ရှေ့သို့ လျှောက်လှမ်းနေကြသည်။

ဘယ်လို ကံကြမ္မာမျိုးက သူတို့ကို စောင့်မျှော်နေမှန်း သူတို့လည်း မသိနိုင်တော့ပါဘူး။ ဒီနေ့ သူတို့ အသက်ရှင်နိုင်ပါ့မလား?

သံချပ်ကာဝတ် တပ်သားများက ဝံပုလွေများ၊ ကျားများ ကဲ့သို့ ဖြစ်နေပြီး လမ်းဘေးသို့ ဆင်းသွားသည့် တစ်ယောက်ယောက်ကို မြင်လိုက်သည်နှင့် ဓားဖြင့် ခုတ်သတ်နေကြသည်။ သူတို့က သူတို့၏လူမျိုးများကိုပင် ဂရုမစိုက်ကြဘဲ သူတို့၏ အပြုအမူက လူရိုင်းများနှင့် မကွားခြားတော့ပေ။

ပြည်သူများက ဒေါသထွက်နေကြသော်လည်း စကားမပြောရဲကြပေ။ ဒီလူတွေက မျက်တောင်တောင်မခတ်ဘဲ လူသတ်နေမှတော့ သူတို့ ဒီလူတွေကို အရမ်းကြောက်တယ်လေ။

အဘိုးအိုက အလွန်ဒေါသထွက်နေပြီး စိတ်မကောင်းဖြစ်နေသောကြောင့် သူက သူ ချင်ဖုန်း ဖြစ်ကြောင်း စိတ်မြန်လက်မြန် ဝန်ခံရလိုက်မည်ကို စူးချင်းက စိုးရိမ်သွားခဲ့သည်။

All Chapters