← Chapters

ကလေး ခိုးခံရခြင်း

Vol. 10 Ch. 146

ကလေး ခိုးခံရခြင်း

Vol. 10 Ch. 146

ချိုးယုံခန်းက စူးကျိုးတွင် သူ့ညီမအတွက် သင့်တော်မည့်ခင်ပွန်းတစ်ယောက်ကို ရှာဖွေပြီး ကျိရွှေရှန့် ပြန်မလာမီ သူမကို လက်ထပ်ပေးကာ စုကျိုးတွင် ထားခဲ့ရန် တွေးတောထားခဲ့သည်။

သို့သော် စုကျိုးတွင် သူက မည်သူ့ကိုမျှ မသိခဲ့ဘဲ လမ်းပေါ်ရှိလူတစ်ဦးကို ကြုံရာကျပန်းရွေးချယ်ပြီး ချိုးယွဲ့ကို လက်ထပ်ပေးလိုက်ခြင်းမျိုးလဲ မလုပ်နိုင်ပေ။

သို့သော် ချိုးယုံခန်းထံတွင် သူ့နည်းသူ့ဟန်တော့ ရှိနေသေးသည်။ ရှေးခေတ်ကတည်းက အိမ်ထောင်ရေးကို မိဘများနှင့် အောင်သွယ်များက ဆုံးဖြတ်ကြသည်။ ထို့ကြောင့် အောင်သွယ်ကောင်းကောင်းတစ်ယောက် ရှာနိုင်သရွေ့ ထိုကိစ္စက ပြေလည်သွားမည် ဖြစ်သည်။

ဤနေရာရှိ လူများ သို့မဟုတ် နေရာများနှင့် မရင်းနှီးလျှင်ပင် အရေးမကြီးပေ။ ပါးစပ်ပါပြီး များများမေးမြန်းစုံစမ်းလိုက်လျှင် အဆင်ပြေနိုင်သည်သာ ဖြစ်သည်။ ချိုးယုံခန်းက သူတို့၏လှည်းကို စုကျိုး၏အချမ်းသာဆုံးလမ်းဆီသို့ မောင်းနှင်လာခဲ့ပြီး စပါးဆိုင်ရှေ့တွင် လှည်းရပ်လိုက်သည်။

စပါးဆိုင်၏အပြင်ဘက်တွင် လူများတန်းစီနေပြီး လူရိုင်းများက ယုချန်နှင့် ကောင်းချန်တို့ကို လူရိုင်းများ ကျူးကျော်လိုက်သည့် သတင်းက စုကျိုးသို့ ပျံ့နှံ့လာပြီ ဖြစ်ပုံရသည်။ လူတိုင်းက စားနပ်ရိက္ခာနှင့် နေ့စဥ်သုံးပစ္စည်းများကို အရူးအမူး ဝယ်ယူနေကြပြီး အိမ်တွင် စပါးများ ပြည့်နေမှသာ စိတ်သက်သာရာရနိုင်ကြသည်။

ချိုးယုံခန်းက လီတာ့နျိုကို လှည်းစောင့်ခိုင်းခဲ့ပြီး သူက လူအုပ်ကြားထဲသို့ ဝင်သွားကာ ဖြည်းဖြည်းချင်း လမ်းလျှောက်နေခဲ့သည်။ အကယ်၍ ကိုယ်ရည်ကိုယ်သွေးကောင်းပုံရသော အသက်ကြီးကြီး အမျိုးသမီးတချို့နှင့် တွေ့ဆုံရလျှင် သူက သူမတို့ကို တလေးတစား နှုတ်ဆက်ကာ စကားစမြည် ပြောကြည့်လိုက်သည်။

“မရီး... မရီးကို အနှောင့်အယှက်ပေးသလို ဖြစ်သွားရင် တောင်းပန်ပါတယ်။ စုကျိုးမှာ အောင်သွယ်ကောင်းကောင်းတွေ ရှိလားလို့ မေးချင်လို့ပါ”

သူက ချောမောသော မျက်နှာနှင့် ပြေပြစ်သော စိတ်ထားရှိသည့်အပြင် စကားပြောသည့်အခါတွင်လည်း အလွန်ယဉ်ကျေးသောကြောင့် သူ မေးလိုက်သော အမျိုးသမီးက ဝမ်းသာအားရ ပြန်ဖြေပေးခဲ့သည်။

“လူငယ်လေး၊ မင်းက အိမ်ထောင်မပြုရသေးဘူးလား? မင်းက ဘယ်လိုမိန်းကလေးမျိုးကို ရှာနေတာလဲ? ငါ မင်းကို တစ်ယောက်နဲ့ မိတ်ဆက်ပေးလို့ ရတယ်နော်"

ဤအ‌ဒေါ်ကြီးက စိတ်နှလုံးနွေးထွေးသူဖြစ်ပြီး သူမက ချိုးယုံခန်းကို ကောင်းမွန်သောဇနီးတစ်ဦးနှင့် ချက်ချင်း မိတ်ဆက်ပေးချင်နေသည်။

ချိုးယုံခန်းက သူ့ညီမကို စုကျိုး၌ အိမ်ထောင်ချပေးရန် အောင်သွယ် ရှာဖွေနေချိန်တွင် ကျိရွှေရှန့်တို့ကလည်း စုကျိုးသို့ အပြေးအလွှား ဦးတည်နေခဲ့သည်။

အစပိုင်းတွင် ကျိရွှေရှန့်က အန္တရာယ်အရှိဆုံးနေရာက အလုံခြုံဆုံးဟု တွေးထားခဲ့သည်။ သို့သော် လမ်းတစ်လျှောက် သွားလာရင်းဖြင့် စုကျိုးက မလုံခြုံတော့ကြောင်း သူ သိလိုက်ရသည်။ ဤနေရာရှိ စစ်ဆေးမှုများက တင်းကျပ်လွန်းပြီး ကံကောင်းထောက်မစွာဖြင့် သူတို့က သူတို့၏အသွင်အပြင်ကို ပြောင်းလဲထားခဲ့သောကြောင့်သာ လုံခြုံနေခြင်း ဖြစ်သည်။

သူတို့ ယူဆောင်လာသော ရိက္ခာခြောက်များက စား၍ ကုန်သွားသည်မှာ ကြာနေပြီ ဖြစ်သည်။ လမ်းတစ်လျှောက်တွင် သံချပ်ကာဝတ်တပ်ဖွဲ့များ ရှိနေသောကြောင့် ကျိရွှေရှန့်က သူ၏အလွန်ကောင်းမွန်သော လေးပစ်စွမ်းရည်ကို အသုံးမပြုဝံ့ပေ။ ထို့ကြောင့် သူတို့က တစ်နေကုန် ဆာလောင်နေရပြီး ရေပင် မရှိတော့ပေ။ ထို့အပြင် လမ်းတွင် ရေအရင်းအမြစ်ကို ရှာမတွေ့ခဲ့သောကြောင့် ရေလည်းငတ်နေပြီ ဖြစ်သည်။

စူးချင်း၏စနစ်ထဲတွင် ရေနှင့် ရှောင်ချီ ပြုလုပ်ပေးထားသည့် မန်ထိုများ ရှိနေသော်လည်း သူမထဲတွင် ၎င်းတို့ကို ထုတ်ယူရန် အခွင့်အရေး မရှိခဲ့ပေ။

ထို့ကြောင့် သူမတို့လည်း တခြားဒုက္ခသည်များကဲ့သို့ လမ်းဘေးရှိ တောရိုင်းဟင်းရွက်များ၊ သစ်ပင်များပေါ်ရှိ အရွက်နုများ၊ အခေါက်နုများနှင့် မြက်ပင်များကိုပင် စားခဲ့ကြရသည်။ နောက်ဆုံးတွင် စူးချင်းက 'လိမ္မာပါးနပ်တဲ့အိမ်ရှင်မတစ်ယောက်တောင် ဆန်မရှိရင် ထမင်းမချက်နိုင်ဘူး' ဟူသော စကား၏အဓိပ္ပါယ်ကို နားလည်သွားခဲ့သည်။

သူတို့၏ရထားလုံးကို မြင်လိုက်ချိန်တွင် တခြားဒုက္ခသည်မျာ၏မျက်လုံးများကလည်း တောက်ပလာကြသည်။ မြင်းနက်ကြီးက သူတို့၏မျက်လုံးများထဲတွင် အသားများဖြစ်လာခဲ့သည်။ သူတို့အနီးသို့ ချဉ်းကပ်ရဲလောက်အောင် သတ္တိရှိသူများကို ကျိရွှေရှန့်က ကြာပွတ်ဖြင့် နှင်ထုတ်ခဲ့သည်။ သံချပ်ကာဝတ်တပ်သားများကတော့ ဒုက္ခသည်များ၏အရေးကိစ္စများကို လုံးဝ ဂရုမစိုက်ပေ။ သူတို့က ဒုက္ခသည်များကို စောင့်ကြည့်ရုံသာ ကြပ်မတ်နေကြပြီး လမ်းမကြီးပေါ်မှ ဆင်းသွားခွင့်မပေးခဲ့ပေ။ သူတို့က သိုးများကို မောင်းနှင်နေသော သိုးထိန်းများနှင့် ဆင်တူလှသည်။

လူတိုင်းတွင် အရေးပေါ်အခြေအနေ သုံးခုရှိပြီး ထိုအထဲမှ တစ်ခုက မစားမသောက်ဘဲ နေနိုင်သော်လည်း အညစ်အကြေးမစွန့်ပဲ မနေနိုင်ကြပေ။

အဘိုးချင်က ၎င်းကို ကြာကြာမထိန်းနိုင်ဘဲ အညစ်အကြေးစွန့်ရန် ကျိရွှေရှန့်ကို သူနှင့်အတူ လိုက်ခိုင်းခဲ့သည်။ သူတို့ ထွက်သွားပြီးသည်နှင့် စူးချင်းက အခွင့်အရေးကို အမိအရ ဆုပ်ကိုင်ကာ မန်ထိုတစ်ဒါဇင်ခန့်နှင့် ဝါးကျည်တောက်သုံးလုံးကို အမြန်ထုတ်ယူလိုက်သည်။ ထို့နောက် သူမက ဘာမှမဖြစ်သကဲ့သို့ ရထားလုံးရှေ့တွင် ထိုင်ကာ ရှေ့သို့ ဖြည်းညှင်းစွာ မောင်းနှင်နေခဲ့သည်။

ကျိရွှေရှန့်တို့မြေးအဘိုးက သူတို့၏ကိစ္စဝိစ္စကို ဖြေရှင်းရန် တောထဲသို့ ဝင်ချင်နေသော်လည်း သံချပ်ကာဝတ်တပ်သားများက သူတို့ကို တောထဲသို့ ဝင်ခွင့်မပြုကြပေ။ ထို့ကြောင့် လမ်းဘေးတွင် ကျောပေးကာ ဖြေရှင်းရန်မှတပါး ရွေးစရာမရှိတော့ပေ။

ဒုက္ခသည်အုပ်စုကြီးကလည်း တိတ်တဆိတ် နားလည်မှုယူထားကြပြီး အမျိုးသားများက အညစ်အကြေးစွန့်ရန် ဘယ်ဘက်သို့ သွားကြပြီး အမျိုးသမီးများက ညာဘက်သို့ သွားကြသည်။ သံချပ်ကာဝတ်တပ်ဖွဲ့ဝင်များက အမျိုးသမီးများကိုပင် သစ်ပင်များ၏နောက်ဘက်သို့ ပုန်းအောင်းနေခွင့် မပြုခဲ့ပေ။ အချို့သောအမျိုးသမီးများက ထိုသို့လူအများရှေ့တွင် အညစ်အကြေးစွန့်ရခြင်းထက် ဘောင်းဘီဝတ်ကာ ဆီးသွားရန်သာ ရွေးချယ်ကြသည်။ သူမတို့အတွက် ဂုဏ်သိက္ခာနှင့် အရှက်တရားက အသက်ထက်ပင် ပိုအရေးကြီးသည်။

အဘိုးကြီးချင်က နန်းတွင်းရှိ အရေးပါသော မှူးမတ်ကြီးတစ်ဦးဖြစ်ခဲ့ပြီး မြေပြင်ပေါ်တွင် ဆီးသွားခြင်းကဲ့သို့သော အလုပ်မျိုးကို တစ်ခါမျှ မလုပ်ဖူးခဲ့ပေ။ ထို့ကြောင့် သူ့မျက်နှာက နီရဲနေပြီး ​​နောက်ဆုံးတွင် သစ်ပင်တစ်ပင်ကို ရှာကာ ထိုသစ်ပင်ရှေ့တွင် သူ့ကိစ္စကို ဖြေရှင်းနေခဲ့သည်။ သို့သော်လည်း သူက ခေါင်းပင်မထောင်ရဲတော့ပေ။

ကျိရွှေရှန့်ကတော့ ဂရုမစိုက်ပေ။ ဒီမှာ ယောက်ျားတွေပဲ ရှိနေတာကို ဘာကို ရှက်ရမှာလဲ?

သူတို့ အညစ်အကြေးစွန့်ပြီးနောက် သခင်ကြီးချင်က ခေါင်းငုံ့ကာ ကျိရွှေရှန့်နောက်သို့ ပြန်လိုက်သွားခဲ့သည်။

“အိုက်ယား.... ငါ့ကလေး မရှိတော့ဘူး၊ ငါ့ကလေး ဘယ်ရောက်သွားတာလဲ? ဘုရား... ဘုရား ငါ့ကလေး ပျောက်သွားပြီ"

ထိုအခိုက်အတန့်တွင် အမျိုးသမီးတစ်ဦး၏ သနားစဖွယ်အော်ဟစ်သံတစ်ခု ထွက်ပေါ်လာပြီး ကလေးများပါလာသော ဒုက္ခသည်များကလည်း သူတို့၏ကလေးများကို ကမန်းကတန်း လှမ်းကြည့်ကာ သေသေချာချာ ပွေ့ဖက်ထားကြသည်။

ကျိရွှေရှန့်ရှေ့က သူတို့‌ရှေ့သို့ လူနှစ်ယောက် အလျင်အမြန် ပြေးလာသည်ကို တွေ့လိုက်ပြီး သူတို့က ကလေးတစ်ယောက်ကို သယ်ဆောင်လာပုံရသည်။

“မရီး၊ ရှေ့ကလူတွေက ကလေးတစ်ယောက်ကို ပွေ့ချီသွားပုံရတယ်”

ကျိရွှေရှန့်က သူကိုယ်တိုင် မဖြေရှင်းပေးနိုင်သော်လည်း ရပ်ကြည့်မနေနိုင်သောကြောင့် ကလေးဆုံးရှုံးလိုက်ရသော အမျိုးသမီးကို လှမ်းပြောလိုက်သည်။

ထိုအမျိုးသမီးက ငိုယိုရင်း သံချပ်ကာဝတ်တပ်သားများထံ ပြေးသွားကာ “လူကြီးမင်း၊ အဲဒီသူခိုးနှစ်ယောက်က ကျွန်မရဲ့ကလေးကို ခိုးသွားတယ်။ ကျေးဇူးပြုပြီးကျွန်မကို ကူညီပေးပါ"

ထိုအမျိုးသမီးက သာမာန်လူသာ ဖြစ်ပြီး တော်ဝင်နန်းတော်၏စစ်တပ်က သာမာပြည်သူများကို လျစ်လျူရှုထားလိုက်မည်မဟုတ်ဟု တွေးကာ မျှော်လင့်ချက်အပြည့်ရှိနေခဲ့သည်။ သို့သော် သံချပ်ကာဝတ်တပ်သားများက သူတို့လမ်းကို လာပိတ်ဆို့သည့်အတွက် သူမကို မထီမဲ့မြင်ပြုကာ ကြာပွတ်ဖြင့် လှမ်းရိုက်သည်။

"ထွက်သွား"

အမျိုးသမီး၏အရေပြားက စုတ်ပြဲသွားပြီး အသားများဖွာထွက်လာသော်လည်း သူမက အော်ဟစ် ငိုယိုကာ မြေကြီးပေါ်တွင် ဒူးထောက်ရင်း တောင်းပန်နေဆဲဖြစ်သည်။ သံချပ်ကာဝတ်တပ်သားများက စိတ်မရှည်တော့ဘဲ ဓားများကို ဆွဲထုတ်လိုက်ကြသည်။ ထိုအမျိုးသမီးက အလွန်ကြောက်လန့်သွားပြီး လဲကျသွားကာ မြေပြင်ပေါ် ထိုင်ချလိုက်သည်။ သူမက သံချပ်ကာဝတ်တပ်သားများ ထွက်သွားသည်ကို မျက်ရည်များပြည့်နေသေမျက်ဝန်းများဖြင့် ကြောင်တောင်‌တောင် လိုက်ကြည့်နေလေသည်။

ကလေးကို ခိုးယူသွားသော လူနှစ်ယောက်က နောက်သို့ပြန်ကြည့်ကာ ကျေကျေနပ်နပ်ဖြင့် တိုးတိုးလေး ပြေနေကြသည်။

“ကလေးရဲ့အသားက နူးညံ့နေမှာ သေချာတယ်၊ ဒီကလေးက တော်တော်ကို ဖွံ့ဖြိုးတယ်။ လမ်းဘေးမှာ နေရာကျယ်ကျယ် တစ်ခုတွေ့တာနဲ့ မီးကင်စားကြမယ်"

သူတို့နှစ်ယောက်က စကားပြောနေရင်း စူးချင်း၏ရထားလုံးဘေးမှ ဖြတ်သွားကြသည်။ စူးချင်းက သူတို့လက်ထဲမှ ကလေးကို လှမ်းကြည့်လိုက်သည်။ ကလေးက ဖြူဖြူဖွေးဖွေး သန့်သန့်ရှင်းရှင်းလေး ဖြစ်ကာ နှစ်လ၊ သုံးလခန့်သာ ရှိသေးပုံရသည်။ သူကလေးလေး၏ကြီးမားသော အနက်ရောင်မျက်လုံးလေးများက ပွင့်လေပြီး ကြည်လင်တောက်ပနေကာ သူ ရင်ဆိုင်ရမည့် ကြေကွဲဖွယ် ကံကြမ္မာကို သိနိုင်ပုံမရပေ။

စူးချင်းက ရထားလုံးပေါ်မှ ခုန်ဆင်းကာ ကလေးကို ပွေ့ချီလာသည့် သူခိုးကို ခြေထိုးခံလိုက်သည်။ ထိုသူခိုးကို သတိလက်လွတ်ဖြစ်သွားပြီး ကလေးက သူ့လက်ထဲမှ လွတ်ကြသွားသသည်။ စူးချင်းက ကလေးကို လှမ်းဖမ်းလိုက်ချိန်တွင် အခြားသူခိုးတစ်ယောက်က သူတို့၏စားစရာကို လုယူနေသည်ဟု ထင်ကာ ထိတ်လန့်သွားပြီး သူ့အင်္ကျီလက်ထဲမှ ဓားမြှောင်တစ်ချောင်းကို ထုတ်ကာ စူးချင်းကို စတင်တိုက်ခိုက်ခဲ့သည်။

“လူကြီးမင်း၊ သူတို့က သူလျှိုတွေပါ။ သူတို့မှာ ဓားတွေ ရှိတယ်”

စူးချင်းက အော်ဟစ်ပြီး ဘေးနားမှ သံချပ်ကာဝတ်တပ်သားများဆီသို့ ပြေးသွားလိုက်သည်။ ဓားတစ်ချောင်းရှိနေကြောင်း ကြားလိုက်သည်နှင့် သံချပ်ကာဝတ်တပ်သားများက ချက်ချင်းရောက်လာပြီး စစ်ဆေးကြသည်။ သူခိုးက သူ ထုတ်ထားသော ဓားမြှောင်ကို ပြန်သိမ်းရန် အချိန်မရှိတော့ဘဲ စစ်သည်များကို မြင်လိုက်သည်နှင့် သူ့မျက်နှာက ဖျော့တော့သွားသည်။

ထိုနောက်တွင် သူက သံချပ်ကာဝတ်တပ်သားများကို ကြည့်ကာ ကယောင်ကတမ်း ဖြေရှင်းနေလေသည်။

“လူကြီးမင်း၊ ကျွန်တော်မျိုးတို့က သူလျှိုတွေ မဟုတ်ပါဘူး။ ဒီဓားက ကိုယ့်ကိုကိုယ် ကာကွယ်ဖို့ပါ။ သူက ကျွန်​​တော်​မျိုးတို့ရဲ့​က​လေးကို လုယူချင်နေတာကြောင့် ဓားကို ထုတ်လိုက်မိတာပါ"

ဖြေရှင်းချက်က ပြီးပြည့်စုံနေသော်လည်း သံချပ်ကာဝတ်တပ်သားများက သူ့စကားကို လုံးဝ နားမထောင်ဘဲ သူတို့၏ လက်ကောက်ဝတ်ကို ဖြတ်ကာ မြေပြင်ပေါ်သို့ ကန်ထုတ်လိုက်ကြသည်။ လူအချို့ ရောက်ရှိလာပြီး လူ့အသားကို စားချင်နေသော သူခိုးနှစ်ဦးကို ကြိုးဖြင့် ချည်နှောင်လိုက်သည်။

စူးချင်းက ကလေးကို ပွေ့ချီထားရင်း ဘေးတွင် ရပ်နေသေည်လည်း သူမကို ကြည့်ရသည်မှာ လုံးဝ ကြောက်ရွံ့တုန်လှုပ်နေပုံရသည်။ သံချပ်ကာဝတ်တပ်သားများက သူမကို တစ်ချက်သာကြည့်ပြီး အဝေးသို့ ပြန်ထွက်သွားကြသည်။

"ငါ့ကလေး ငါ့ကလေး"

စူးချင်းက သူမ၏ကလေးကို ပြန်ခေါ်ပေးထားသည် မြင်လိုက်သည်နှင့် မိခင်ဖြစ်သော အမျိုးသမီးက ချက်ခြင်း ပြေးလာခဲ့သည်။ သူမက သူမ၏ကလေးကို အလွန်ချစ်ပုံရပြီး သူမက ဒူးထောက်ကာ စူးချင်းကို အရိုအသေပေးနေခဲ့သည်။ စူးချင်းကလည်း သူမ၏ ကုသိုလ်ရမှတ်များ တိုးလာသည်ကို မြင်လိုက်ရပြီး ကျေနပ်နေခဲ့သည်။

ဒီကလေးကို ကယ်တင်ရတာ တန်တယ်။

စူးချင်းက ကလေးလေး အလွန်အမင်း နာကျင်သွားမည်ကို စိုးရိမ်နေပုံဖြင့် ကလေးကို ကလေး၏မိခင်ထံသို့ ဂရုတစိုက် ပြန်ပေးလိုက်သည်။ သူမ၏မျက်လုံးများက နတ်သမီးလေး၏မျက်နှာကဲ့သို့ ချစ်စဖွဘ်ကလေးလေးဆီမှ မခွာနိုင်သေးပေ။

တကယ်တော့ သူမလည်း သမီးလေးတစ်ယောက်လောက် လိုချင်တယ်။ သူမရဲ့ကလေးလေးက သူမကို အမေလို့ ခေါ်တဲ့အသံကို ကြားလိုက်ရရင် အရမ်းပျော်ဖို့ကောင်းမှာ မဟုတ်ဘူးလား?

ကျိရွှေရှန့်နှင့် အဘိုးကြီးချင်တို့က အပြေးပြန်ရောက်လာကြပြီး စူးချင်းက ကလေးကို ကယ်တင်ပေးခဲ့သည့်အတွက် အံ့အားသင့်နေကြသည်။ ကံကောင်းထောက်မစွာဖြင့် သူမက သူမ၏ကိုယ်ခံပညာကို မဖော်ပြခဲ့ပေ။ မဟုတ်လျှင် သူမ အန္တရာယ်နှင့် ကြုံတွေ့ရပေလိမ့်မည်။

စူးချင်းက အရမ်းအေးစက်တဲ့သူ မဟုတ်ဘူးလား? သူမက ဘာလို့ က​လေးတစ်​​ယောက်​ကို ကယ်​တင်ပေးတဲ့အထိ စိတ်​ကောင်းဝင်​နေရတာပါလိမ့်​။

မိခင်မေတ္တာ၏အရိပ်အယောင်များ ပြည့်နေသော အမူအရာဖြင့် ကလေးကို ကြည့်နေသော စူးချင်း၏အကြည့်ကို မြင်လိုက်ရမှသာလျှင် ကျိရွှေရှန့်က စူးချင်းတစ်ယောက် ကလေးများကို နှစ်သက်ကြောင်း နားလည်သွားရသည်။

အဲ့တော့ သူမရဲ့နှလုံးသားကတော့ နူးညံ့တယ် ထင်ပါရဲ့....

သခင်ကြီးချင်နှင့် ကျိရွှေရှန့်တို့က ရထားလုံးပေါ်သို့ တက်လိုက်ကြပြီး မန်တုံ၏အနံကို အနံ့ခံမိသွားကြသည်။ သို့သော်လည်း သူတို့က သူတို့ ဆာလောင်နေသည့်အတွက် ထင်ယောင်ထင်မှား ဖြစ်နေကြသည်ဟု တွေးလိုက်မိကြသည်။

ဒီလိုနေရာမှာ မန်ထိုက ဘယ်လိုလုပ် ရှိမှာလဲ?

All Chapters