ကြိုးဆွဲချခြင်း
Vol. 10 Ch. 141
အဒေါ်ချိုးက သူမ၏သမီးကို ချော့မော့ဖျောင်းဖျရန် ထပ်မံကြိုးစားချင်နေသော်လည်း ချိုးယွဲ့က သူမကို အေးစက်စွာ စိုက်ကြည့်နေသည်ကို မြင်လိုက်ရသောကြောင့် သူမက သူမ၏ပါးစပ်ထဲမှ ထွက်ကျတော့မည့် စကားလုံးများကို ပြန်မျိုချလိုက်သည်။ ယခုအချိန်တွင် ချိုးယွဲ့က အတွေးများနေပြီး ချောင်ပိတ်မိနေသော သားကောင်ကဲ့သို့ ဖြစ်နေသောကြောင့် သူမ စိတ်တည်ငြိမ်စေရန် ခဏလောက် အချိန်ပေးထားလိုက်ခြင်းက ပိုကောင်းလိမ့်မည်ဟု အဒေါ်ချိုးက တွေးလိုက်မိသည်။
အဒေါ်ချိုးက တောထဲမှ ပြန်ထွက်လာခဲ့သော်လည်း သူမ၏သမီး အန္တရာယ်ဖြစ်မည်ကို စိုးရိမ်သောကြောင့် အဝေးကြီးကို ထွက်မသွားရဲဘဲ ချိုးယွဲ့ကို တောစပ်မှ စောင့်နေခဲ့သည်။
ရာသီခံခါးပတ်နှင့် အတွင်းခံဘောင်းဘီကို ပြန်ဝတ်ဆင်ရန် အချိန်အကြာကြီးယူရခြင်းက ပုံမှန်သာ ဖြစ်သော်လည်း သူမ လက်ဖက်ရည်တစ်ဝက်ကုန်စာလောက်အထိ စောင့်နေပြီးချိန်အထိ သူမ၏သမီးက ပြန်မထွက်သေးသောကြောင့် အဒေါ်ချိုးက စိတ်ပူလာခဲ့သည်။
"ချိုးယွဲ့.... မင်း မပြီးသေးဘူးလား?"
အဒေါ်ချိုးက တောထဲသို့ ပြန်လျှောက်သွားရင်း သူမ သမီး၏အမည်ကို အော်ခေါ်လိုက်သည်။ သူမ တောထဲသို့ ရောက်သွားချိန်တွင် သစ်ငုတ်ခြောက်တစ်ခုပေါ်တွင် ရပ်နေသော ချိုးယွဲ့ကို တွေ့လိုက်ရပြီး သူမ၏လည်ပင်းတွင် သစ်ပင်တစ်ပင်၏သစ်ကိုင်းတစ်ခုမှ တွဲလောင်းချထားသော ခါးပတ်ကြိုးကွင်းတစ်ခု ရှိနေခဲ့သည်။
"ချိုးယွဲ့... ဆင်းခဲ့။ မြန်မြန် ပြန်ဆင်းလာခဲ့၊ ငါ့ကို မခြိမ်းခြောက်နဲ့။ ယုံခန်း၊ ယုံခန်း"
အဒေါ်ချိုးက သူမ၏သမီး သတ်သေတော့မည်ကို မြင်လိုက်ရသောကြောင့် ကြောက်ရွံ့ထိတ်လန့်သွားကာ တစ်ကိုယ်လုံး တုန်တုန်ယင်ယင် ဖြစ်သွားခဲ့သည်။ သူမက သူမ၏သမီးကို ပြန်ဆွဲထားချင်သော်လည်း သူမ၏လက်နှင့် ခြေထောက်များက ပျော့ခွေနေကာ အားနည်းနေသလို ခံစားလိုက်ရသောကြောင့် သူမ၏သားကို အကူအညီတောင်းရန် အော်ခေါ်လိုက်သည်။
သူမ မအော်ခင်က အဆင်ပြေနေသေးသော်လည်း သူမ အော်လိုက်သည်နှင့် ချိုးယွဲ့က သူမ၏မျက်လုံးများကို မှိတ်ကာ သူမ၏လည်ပင်းကို ခါးပတ်ကြိုးကွင်းထဲသို့ ထည့်လိုက်သည်။ ထိုနောက် သူမက သစ်ငုတ်တိုကို ကန်ထုတ်လိုက်ပြီး လေထဲတွင် တွဲလောင်း ဖြစ်သွားခဲ့သည်။
"အား?"
သူမ၏သမီးကို ကြိုးဖြင့် တွဲလောင်းကျနေသည်ကို မြင်လိုက်ရချိန်တွင် အဒေါ်ချိုး၏နှလုံးသားက အလွန့်အလွန် နာကျင်သွားပြီး သူမ၏အမြင်အာရုံများ မည်းမှောင်လာကာ မြေပြင်ပေါ်သို့ လဲကျပြီး သတိလစ်သွားတော့သည်။
ချိုးယုံခန်းက သူ့အမေ၏အော်သံကို ကြားလိုက်ပြီး ချိုးယွဲ့တစ်ယောက် မသမာသူများနှင့် ဝင်တိုးမိသည်ဟု သူ တွေးလိုက်သောကြောင့် တောထဲသို့ ချက်ချင်း ပြေးဝင်သွားခဲ့သည်။ လီတာ့နျိုနှင့် ကျန်းလောင်ချီတို့ကလည်း သူ့နောက်မှ ပြေးလိုက်သွားကြသည်။
ချိုးယုံခန်း တောထဲသို့ ရောက်သွားချိန်တွင် ချိုးယွဲ့ ချိတ်ဆွဲထားသော သစ်ကိုင်းက သူမ၏ အလေးချိန်ကြောင့် ကျိုးကျသွားပြီး သူမလည်း လေထဲမှ ပြုတ်ကျလာသည်။ ချိုးယွဲ့၏ မျက်နှာက နီမြန်းနေပြီး သူမက သူမ၏လည်ပင်းကို အုပ်ကိုင်ကာ ချောင်းဆိုးနေခဲ့သည်။ ချိုးယုံခန်း ရောက်လာသည်ကို မြင်သောအခါ သူမက ခါးပတ်ကြိုးပြားကို ပြန်ကောက်လိုက်ပြီး နောက်တကြိမ် ကြိုးဆွဲချရန် ပြင်ဆင်လိုက်သည်။
"မင်း ဘာတွေ လုပ်နေတာလဲ?"
ချိုးယုံခန်းက ခါးပတ်ကြိုးပြားကို ဆွဲလုလိုက်ပြီး ချိုးယွဲ့၏မျက်နှာကို ဖြတ်ရိုက်လိုက်သည်။ ချိုးယွဲ့က မြေပြင်ပေါ်သို့ လဲကျသွားပြီး သူမ၏နားရွက်များထဲတွင် တဝီဝီ မြည်နေကာ သူမ၏ပါးစပ်မှ သွေးများ စီးကျလာသည်။ သူမက ဝမ်းနည်းဒေါသဖြင့် ချိုးယုံခန်းကို စိုက်ကြည့်နေပြီးမှ သူ့ကို နာနာကျည်းကျည်း မေးမြန်းလိုက်သည်။
"ရှင်က ကျွန်မကို သေတဲ့အထိ ဖိအားပေးချင်နေတာ မဟုတ်ဘူးလား? အခု ကျေနပ်ပြီလား"
"မင်းက တကယ်သေချင်နေတာလား?"
ချိုးယုံခန်းက နောင်တများပါဝင်နေသော အကြည့်ဖြင့် သူ့ညီမကို စိုက်ကြည့်နေကာ ကျိုးနေသော သစ်ကိုင်းကို ကောက်ကိုင်လိုက်ပြီး အေးစက်သော အသံဖြင့် တုံ့ပြန်လိုက်သည်။
"မင်းက တကယ် သေချင်နေတယ်ပေါ့လေ။ ကောင်းပြီ... ဒီသစ်ကိုင်းသေးသေးလေးက မင်းရဲ့ကိုယ်အလေးချိန်ကို မခံနိုင်လောက်ဘူး၊ ငါက မင်းကို ကူညီပေးရမှာပေါ့"
ချိုးယုံခန်းက ခါးပတ်ကြိုးကို သစ်ကိုင်းကြီးတစ်ခု ပစ်တင်လိုက်ပြီး ချိုးယွဲ့အတွက် ကြိုးကွင်း လုပ်ပေးလိုက်သည်။ ထို့နောက် သူက နောက်သို့ပြန်လှည့်ကာ ချိုးယွဲ့ကို အေးစက်စွာ စိုက်ကြည့်နေပြီး "ဒီလောက်ထူတဲ့သစ်ကိုင်းကမှ လူကို ဆွဲထားနိုင်တာ"
ချိုးယွဲ့က သူမ၏အစ်ကိုကို မယုံနိုင်စွာ ပြန်ကြည့်နေပြီး "ရှင်က ဘယ်လိုများ ဒီလောက်ရက်စက်နိုင်ရတာလဲ?"
"မင်း မသေရဲဘူးမှတ်လား? ဒီလို ငိုလို ဇာတ်ကွက်ဆင်ပြီး ကြိုးဆွဲချဖို့ လှည့်စားတာက ကြွက်စုတ်တစ်ကောင်ရဲ့ အပြုအမူပဲ”
ချိုးယုံခန်းက သူ့ညီမကို စိုက်ကြည့်နေရင်း ကျိုးနေသောသစ်ကိုင်းကို သူမ၏ခြေရင်းသို့ ပစ်ချလိုက်ကာ “ဒီလို လှည့်ကွက်လေးတွေနဲ့ ငါ့ရှေ့မှာ လာမကစားနဲ့”
ချိုးယွဲ့က မြေပြင်ပေါ်တွင် ထိုင်နေရင်း သူမ၏အစ်ကိုကို မော့ကြည့်လိုက်သည်။ သူမ၏ မျက်ရည်များက နွေဦးမိုးစက်များကဲ့သို့ စီးကျလာပြီး သူမ၏ နှလုံးသားထဲတွင် အမုန်းတရားများ ပြည့်နှက်လာလေသည်။
“တစ်စုံတစ်ယောက်နဲ့ အိမ်ထောင်ပြုဖို့၊ သီလရှင်ဝတ်ဖို့၊ ဒါမှမဟုတ် ကိုယ့်ကိုကိုယ် ကြိုးဆွဲချဖို့ မင်း ကြိုက်တာကို ရွေးချယ်နိုင်တယ်”
ချိုးယုံခန်းကလည်း သူ့ညီမ၏မျက်လုံးများထဲမှ မုန်းတီးရိပ်များကို မြင်နိုင်ပြီး သူမ၏အတွေးများ အားလုံးကို ဖြတ်တောက်ရန် အသက်ကို ပြင်းပြင်းရှူကာ ထပ်ပြောလိုက်သည်။
“အဘိုး၊ အဖေနဲ့ အမေက အသက်ရှင်နေသေးတယ်။ နင့်မှာ ငါ့ကို ထိန်းချုပ်ပိုင်ခွင့် မရှိဘူး"
ချိုးယွဲ့က ချိုးယုံခန်းကို စိုက်ကြည့်ရင်း ခွန်းတုံ့ပြန်လိုက်သည်။ သူက သူမရဲ့အစ်ကို မဟုတ်တော့ဘူး... သူက သူမရဲရန်သူ ဖြစ်သွားပြီ။
"သြော် အဲ့လိုလား? ဒါဆို အဖိုးက မင်းအတွက် ဆုံးဖြတ်ပေးလိမ့်မယ်"
ချိုးယုံခန်းက သူပင် မသိနိုင်တော့သော သူ့ညီမငယ်လေးကို ကြည့်နေရင်း အလွန်ဝမ်းနည်းနေမိသည်။ သို့သော် သူ့ညီမငယ်လေး၏ အပြုအမူများက လွန်လွန်းနေသောကြောင့် သူမ ရူးနေပြီဟုသာ သူ တွေးလိုက်မိသည်။
တကယ်တော့ စည်သံအကျယ်ကြီးထွက်ဖို့ တူအကြီးကြီးမလိုပါဘူး၊ အဲ့တာကြောင့် သူမကို စွန့်လွှတ်ဖို့ပဲ တွေးနိုင်တော့တယ်။
(T/N : ဆိုလိုတာက စည်ကြီးက နဂိုထဲက လုံလောက်တဲ့အတွင်းခေါင်းပါရှိပြီး အရည်အသွေးကောင်းရင် တူသေးသေးနဲ့ ထုလည်း အသံကျယ်ကြီး ထွက်နိုင်တယ်လို့ ပြောချင်တာပါ၊ နောက်ထပ် အဓိပ္ပါယ်က ဉာဏ်ကောင်းတဲ့သူတွေက ရည်ရွယ်ချက်တွေကို နားလည်နိုင်တာကြောင့် လမ်းညွှန်မှုတွေ မလိုအပ်ဘဲ အလုပ်ကို ပြီးမြောက်အောင် ဆောင်ရွက်နိုင်တယ်လို့ ပြောချင်တာပါ)
"နင်? နင်က ဘာလို့ ငါ့ကို ဒီလိုလုပ်ရတာလဲ? ဘာကြောင့်လဲ?"
ချိုးယွဲ့က ဒေါသူပုန်ထကာ သူမ၏အစ်ကိုကို ရိုက်နေပြီး သူမ၏ပုံစံက သူမ၏အစ်ကိုကို ရိုက်နှက်နေသည့်ပုံ မပေါ်ဘဲ ရန်သူတစ်ယောက်ကို ရိုက်နှက်နေသလို ဖြစ်နေခဲ့သည်။
လီတာ့နျိုနှင့် ကျန်းလောင်ချီတို့က သတိလစ်နေသော အဒေါ်ချိုးကို ကူတွဲပေးထားရင်း အကျပ်ရိုက်နေခဲ့သည်။ အရူးတစ်ယောက်ကဲ့သို့ ချိုးယုံခန်းကို တိုက်ခိုက်နေသော ချိုးယွဲ့ကို ကြည့်နေရင်း သူမက သူတို့အတွက် သူစိမ်းတစ်ယောက်လို ခံစားနေကြရသည်။
အရင်က သူမရဲ့ ရေလို နူးညံ့သိမ်မွေ့မှုတွေက အတုအယောင်တွေ ထင်ပါရဲ့။
ချိုးယုံခန်းကတော့ ဒေါသထွက်နေသည့်တိုင် သူ့ညီမကို ရိုက်နှက်ခွင့်ပေးထားခဲ့သည်။ သူလည်း စိတ်မသက်မသာ ဖြစ်နေခဲ့ပေမယ့် သူ့မှာ ရွေးချယ်စရာ မရှိတော့ဘူး။ သူ့ညီမ လိုချင်တာကို သူ မပေးနိုင်တဲ့အတွက် သူမရဲ့စိတ်ကူးယဉ်အတွေးတွေကို တားဆီးဖို့ပဲ တက်နိုင်တော့တယ်။
ဒါကပဲ သူမအတွက် အကောင်းဆုံးဖြစ်လိမ့်မယ်။
"အိုက်ယား...ချိုးယွဲ့"
ထိုအချိန်တွင် အဒေါ်ချိုးက ပြန်သတိရလာပြီး သူမသမီး၏အမည်ကို အော်ခေါ်လိုက်သည်။ ချိုးယုံခန်းကို ရိုက်နှက်နေရသောကြောင့် မောပန်းနေပြီဖြစ်သော ချိုးယွဲ့က သူမအမေရှိရာသို့ ပြေးသွားပြီး ငိုယိုကာ သူမအမေ၏ရင်ခွင်ထဲသို့ တိုးဝင်လိုက်သည်။
“အမေ၊ ကျွန်မ ဘယ်သူ့ကိုမှ လက်ထပ်မှာ မဟုတ်ဘူး။ အမေနဲ့ အဖေအနားမှာပဲ တစ်သက်လုံး နေမယ်"
"အင်း၊ မင်း လက်ထပ်ရမှာ မဟုတ်ဘူး"
အဒေါ်ချိုးက သတ်လတ်လွတ်ဖြစ်နေပြီး သမီးဖြစ်သူကို ကြည့်ကာ တင်းတင်းကျပ်ကျပ် ပွေ့ဖက်ထားလိုက်သည်။ သို့သော်လည်း ချိုးယွဲ့က မရပ်တန့်နိုင်သေးဘဲ အဒေါ်ချိုး၏ ရင်ခွင်ထဲမှ ထပ်တောင်းဆိုလိုက်သည်။
“အမေ၊ ကျွန်မ အစ်ကိုရွှေရှန့်ကို လက်ထပ်ချင်တယ်။ သူနဲ့ လက်မထပ်ရရင် ကျွန်မ သေသွားနိုင်တယ်။ အမေ ကျွန်မကို ကူညီပေးရမယ်နော်၊ အစ်ကိုရွှေရှန့်က အမေနဲ့ အဖိုး ပြောတာကို နားထောင်မှာပါ"
ချိုးယုံခန်းက ချိုးယွဲ့တောင်းဆိုနေသည့် မဖြစ်သင့်သောအရာကို သူ့အမေက သဘောတူလိုက်မည်ကို စိုးရိမ်သွားပြီး ကျိုးပဲ့နေသောသစ်ကိုင်းကို သွားကောက်ကာ သူ့အမေဆီသို့ လှမ်းပေးလိုက်သည်။
"အမေ၊ ဒီသစ်ကိုင်းက တစ်စုံတစ်ယောက်ကို ကြိုးဆွဲချနိုင်မယ်လို့ အမေ ထင်လား?"
အဒေါ်ချိုးက သူမ၏လက်ချောင်းထက်ပိုမကြီးသော သစ်ကိုင်းကို ကြည့်ကာ မျက်ရည်များ စီးကျလာသည်။ သူမက ချိုးယွဲ့ကို မယုံနိုင်စွာ စိုက်ကြည့်နေပြီး ရှိုက်ကြီးတငင် မေးမြန်းလိုက်သည်။
"ချိုးယွဲ့၊ မင်းက အမေကို သေလောက်အောင် ကြောက်လန့်စေတာကို မင်း သိလား? မင်းက အမေကို ဒီလို အသုံးချလိုက်တယ်ပေါ့၊ မင်း... မင်း အရမ်းလွန်သွားပြီ"
ချိုးယွဲ့က သူမ၏မျက်လုံးများကို အဝေးသို့ အကြည့်လွှဲလိုက်ပြီး ခဏတာမျှ ရှောင်ထွက်သွားသော်လည်း သူမက ချက်ချင်းပင် သနားစရာကောင်းသော အမူအရာကို ပြန်ပြောင်းလိုက်ကာ သူမ သေချင်ကြောင်း အခိုင်အမာ ပြောဆိုလိုက်သည်။
“အမေ၊ ကျွန်မ တကယ် မနေချင်တော့တာပါ။ ကျွန်မ သစ်ကိုင်းတစ်ခုကို ရှာပြီး ကြိုးကွင်း လုပ်ခဲ့ပေမယ့် စိတ်တွေ ထွေနေလို့ သစ်ကိုင်းရဲ့အထူကို သတိမထားမိတာပါ"
"ကောင်းပြီလေ...မင်း အဲ့လောက် သေချင်နေမှတော့ အမေ မင်းနဲ့ လိုက်ခဲ့ပေးမယ်"
အဒေါ်ချိုးက သူမ၏မျက်ရည်များကို သုတ်လိုက်ပြီး ထရပ်လိုက်သည်။ သူမက သူမ၏ခါးပတ်ကြိုးကို ဖြုတ်ပြီး လေးလံသော ခြေထောက်များဖြင့် တောအုပ်ထဲသို့ ဝင်ကာ ကြိုးဆွဲချရန် ပြင်ဆင်လိုက်သည်။
ချိုးယုံခန်းက သူမကို တားဆီးလိုက်ပြီး "အမေ၊ ဘာတွေလုပ်နေတာလဲ?"
"ငါ သူ(မ)နဲ့ လိုက်သွားပေးလိုက်မယ်"
အဒေါ်ချိုးက သူမ၏သားကို ကူကယ်ရာမဲ့ ကြည့်နေရင်း သူမ၏ဆုံးဖြတ်ချက်ကို ပြောပြလိုက်သည်။
သူမရဲ့သမီးကို အဖွဲ့ထဲမှာ ဆက်ထားရင် သူမရဲ့သမီးက အဖွဲ့ကြီးတစ်ခုလုံးကို သိပ်မကြာခင် ဒါမှမဟုတ် နောက်ပိုင်းမှာ ဘေးအန္တရာယ်တစ်ခုဆီကို ခေါ်ဆောင်သွားတော့မယဆိုတာကို သူမ နာလည်နေပြီ။ အမေဖြစ်တဲ့ သူမက သမီးကို သတ်ပစ်ဖို့ သည်းမခံနိုင်တော့တာကြောင့် သူမလည်းအတူ လိုက်သေပေးလိုက်မယ်။ နောက်ဆုံးတော့ သမီးကို ကောင်းကောင်းမွန်မွန် မသင်ပေးနိုင်ခဲ့တာက ဘယ်သူလဲ? သူမ ကိုယ်တိုင်ပဲလေ...
"အမေ၊ အမေက ဘာလို့ ကျွန်မကို ဖိအားပေးနေရတာလဲ? ကျွန်မ စူးချင်းကို အရမ်း မုန်းတယ်။ အားလုံးက သူ(မ)အပြစ်ပဲ။ သူ(မ)က ဘာလို့ မသေသေးတာလဲ? သံချပ်ကာဝတ်တပ်သားတွေက ဘာကြောင့် သူ(မ)ကို အပိုင်းပိုင်း မဖြတ်ပစ်ကြတာလဲ?”
သူမ၏အမေက သူမကို ကူညီပေးဖို့ထက် သူမကိုယ်တိုင်ပါ ကြိုးဆွဲချရန် ရွေးချယ်လိုက်သောကြောင့် ချိုးယွဲ့က ကြေကွဲသွားပြီး စူးချင်းကို အသံကျယ်ကျယ်ဖြင့် ကျိန်ဆဲလိုက်သည်။
“ကျန်းလောင်ချီ၊ လီတာ့နျို၊ ချိုးယွဲ့ကို ကြိုးဆွဲချပေးလိုက်တော့။ သူ(မ)က လူတိုင်းကို အနှေးနဲ့အမြန်ဆိုသလို ဒုက္ခပေးလိမ့်မယ်”
ချိုးယုံခန်း၏မျက်လုံးများက ဒေါသကြောင့် တောက်ပလာပြီ ဖြစ်သည်။ ဒါကို သူ မလုပ်နိုင်မှတော့ လီတာ့နျိုနဲ့ ကျန်းလောင်ချီကို လုပ်ခွင့်ပေးလိုက်မယ်။
"ယုံခန်း၊ ဒါ... ငါ ဒါကို မလုပ်နိုင်ဘူး"
လီတာ့နျိုက ချိုးယုံခန်းက ချိုးယွဲ့ကို သတ်ပစ်ရန် တောင်းဆိုလာလိမ့်မည်ဟု လုံးဝ မမျှော်လင့်ထားခဲ့ပေ။ သူက အလွန်အံ့သြထိတ်လန့်သွားပြီး သူ့လက်ကို ဝှေ့ယမ်းကာ ကမန်းကတန်း ငြင်းဆိုလိုက်သောကြောင့် စကားပင် ထစ်နေခဲ့သည်။
"ငါလည်း မလုပ်နိုင်ဘူး"
ကျန်းလောင်ချီကလည်း ပလုတ်တုတ်ကဲ့သို့ ခေါင်းယမ်းနေသည်။
ရန်သူတွေကို သတ်ရတာက အဆေင်ပြေပေမယ့် ကိုယ့်လူတွေကို ဘယ်လို သတ်နိုင်မှာတဲ့လဲ?
"ငါ လုပ်မယ်"
ကျုံးယုံ၏ကျယ်လောင်သော အသံကြီးက တောအုပ်၏အပြင်ဘက်မှ ထွက်ပေါ်လာပြီး တောင်ကြီးကဲ့သို့ မြင့်မားထွားကြိုင်းသော အသွင်အပြင်က တောထဲသို့ ဝင်လာကာ ချိုးယွဲ့ကို ချုပ်နှောင်လိုက်သည်။ သူက လုံးဝ တွန့်ဆုတ်မနေဘဲ သူမကို ဖမ်းကိုင်လိုက်ကာ သစ်ပင်၏သစ်ကိုင်းပေါ်ရှိ ခါးပတ်ကြိုးကွင်းထဲသို့ ထည့်ပေးလိုက်သည်။
ချိုးယွဲ့က သူမ တကယ်သေရမည်ကို သိသွားသောကြောင့် ကြောက်လန့်သွားကာ အစွမ်းကုန် ရုန်းကန်နေသော်လည်း သူမ၏ ခွန်အားအနည်းငယ်က ကျုံးယုံအတွက် သစ်ပင်ကို လှုပ်ခါရန် ကြိုးစားနေသည့် ပုရွက်ဆိတ်တစ်ကောင်နှင့် ဆင်တူနေသည်။ လုံးဝကို အသုံးမဝင်ပေ။
ချိုးယုံခန်းက သူ့မျက်နှာကို နောက်သို့ လှည့်ထားလိုက်သည်။ တကယ်တော့ သူတို့က မောင်နှမတွေ ဖြစ်နေတာကြောင့် သူ့ညီမလေး သူ့ရှေ့မှာ သေဆုံးသွားမှာကို သူ မကြည့်ရက်ပါဘူး။
“အမေ၊ အမေ၊ ကျွန်မကို ကယ်ပါ”
ခါးပတ်ကြိုးကွင်းက သူမ၏မျက်စိရှေ့သို့ ရောက်လာပြီး ကျုံးယုံက သူမ၏ ခန္ဓာကိုယ်ကို ချုပ်ကိုင်ကာ သူမ၏ဦးခေါင်းကို ဖိထားသောကြာင့် ချိုးယွဲ့က သေခြင်းတရားအတွက် ကြောက်ရွံ့မှုကို ခံစားနေရပြီ ဖြစ်သည်။ ထို့ကြောင့် သူမက သူမအမေကို ကယ်တင်ပေးရန် အော်ဟစ်တောင်းပန်နေခဲ့သည်။
ချိုးယွဲ့က အသက်ရှင်သန်ရန် ရုန်းကန်နေပြီး ကျုံးယုံ၏လက်မောင်းကို သူမ၏ချွန်ထက်သော လက်သည်းများဖြင့် ကုတ်ခြစ်နေခဲ့သော်လည်း ထိုအရာက အသုံးမဝင်ခဲ့ပေ။ ကျုံးယုံက နာကျင်မှုကို မကြောက်ပုံဘဲ နက်မှောင်သောအမူအရာဖြင့် သူမကို ကြိုးထဲသို့ တွန်းထည့်နေခဲ့သည်။